ဒုက္ခဒုက္ခတာ တံ နိမိတ္တ တာဟိ၊ ဒုက္ခဒုက္ခ၏ အဖြစ်, ထိုဒုက္ခ၏ အကြောင်း၏ အဖြစ်တို့ဖြင့်။ အနိဋ္ဌတာ၊ အလိုမရှိထိုက်သည်၏ အဖြစ်သည်။ (လိုချင်စရာ မကောင်းခြင်းသည်)။ ပီဠနဋ္ဌော၊ နှိပ်စက်ခြင်းအနက်သဘောတည်း။ [ဒုက္ခမေဝ ဒုက္ခံ ဒုက္ခံ ဒုက္ခံ၊ ဒုက္ခဒုက္ခဿ+ ဘာဝေါ ဒုက္ခ ဒုက္ခတာ။ မဓု၌ "ဒုက္ခံ စ ဒုက္ခံ စ ဒုက္ခ ဒုက္ခံ" ဟု ဝိဂြိုလ်ပြု၏။ အရမကွဲသောကြောင့် ဒွန်မတွဲရ။]
ဒွိဓာပိ၊ ဒုက္ခဒုက္ခတာ, တံနိမိတ္တတာဟူသော ၂ ပါး အပြားအားဖြင့်လည်း။ ပရိဒဟနံ၊ ထက်ဝန်းကျင် လောင်ခြင်းသည်။ (သန္တာပဋ္ဌော၊ ပြင်းစွာပူလောင်ခြင်းအနက်သဘောတည်း။ ဝါ၊ တနည်း။ ကိလေသဒါဟ သမာယောဂေါ၊ ကိလေသာတည်း ဟူသော ပူလောင်ခြင်းနှင့်ယှဉ်ခြင်းသညး်။ သန္တာပဋ္ဌော၊ တည်း။ ဣတိ အယံ၊ သည်ကား။ ဟတေသံ၊ ဤပီဠနဋ္ဌ, သန္တာပဋ္ဌတို့၏။ ဝိသေသော၊ ထူးသော သဘောတည်း.
အတ္တနော စေ တိခိဏဘာဝေါ။ ။ဒုက္ခသစ္စာဖြစ်သော သင်္ခတ တရားသည် မိမိ၏ ပင်ကိုယ်သဘောအားဖြင့် နာကျင်ခြင်းကို ဆောင်နိုင်သော ထက်မြက်သော သဘောရှိ၏။ ဤသို့ မိမိ၏ သဘောအားဖြင့်ပင် ထက်မြက်သည်၏အဖြစ်သည် . သန္တာပ(ပြင်းစွာ ပူလောင်ခြင်းပင်) ဖြစ်သည်။ [အတ္တနော ဝေတိခီဏဘာဝေါတိ သင်္ခတဓမ္မဿ အတ္တနော သဘာဝေနေဝ ရုဇာဝဟတိက္ခဘာဝေါ။ အနု။]
ဧတ္ထ စ။ ပေ ။ ဝိသေသော။ ဒုက္ခသစ္စာအတွက် သဘောအနက် ၄-ချက်ရှိရာဝယ် ပီဠနဋ္ဌအနက်သည် အခြားသစ္စာတို့ကို မထောက်ရဘဲ မိမိသဘောအတိုင်း ထင်ရှားသော အနက်တည်း။ သင်္ခတဋ္ဌသည် ဒုက္ခကို ပြုစီမံတတ်သော သမုဒယသစ္စာကို ထောက်၍ “ဒုက္ခဟူသမျှသည် တဏှာက ပြုစီမံအပ်သော သင်္ခတချည်းပါတကား ” ဟု ထင်ရှားသော အနက်ဖြစ်၏။ သန္တာပဋ္ဌသည် အေးမြသော မဂ္ဂသစ္စာ (မဂ်ရေစင်) ကို ထောက်၍ “မဂ်ကဲ့သို့ မအေးမြဘဲ အမှန်ပူသော ဒုက္ခပါတကား” ဟု ထင်ရှားသောအနက် ဖြစ်၏။ ဝိပရိဏာမဋ္ဌ သည် မဖောက်ပြန်သော နိရောဓ (နိဗ္ဗာန်) ကို ထောက်၍ “ နိဗ္ဗာန်ကဲ့သို့ မဖောက်မပြန် မဟုတ်ဘဲ ဇရာအားဖြင့်၎င်း မရဏအားဖြင့်၎င်း ဖောက်ပြန်တတ်သော ဒုက္ခတွေပါတကား” ဟု ထင်ရှားသောအနက်ဖြစ်သည်။ ဤ အဓိပ္ပါယ်ကို ရည်ရွယ်၍ သင်္ဂြိုဟ်ဘာသာဋီကာ သဗ္ဗသင်္ဂဟ၌ ပိဠနဋ္ဌစသည်တို့၏ အနက်ကို ဂါထာဖြင့် ပြခဲ့သည်။]
ဝိဝေကာသင်္ခတာမတဋ္ဌာ။ ။နိရောဓသစ္စာသည် တဏှာ၏ကုန်ကြောင်း ဖြစ်ရကား သမုဒယတဏှာမှ ကင်းဆိတ်၏။ ထို့ကြောင့် ဝိဝေကဋ္ဌသည် ဝိဝေကမဟုတ်သော သမုဒယကို မြင်ရခြင်းကြောင့် ထင်ရှားသောနိရောမ၏ အနက်တပါးဖြစ်သည်။ နိဗ္ဗာန်ကို သိရကြောင်း ဖြစ်သော မဂ်တရားသော်မှ သပစ္စယ သင်္ခတသဘော မကင်းသေး၊ ထိုသို့ မဂ်တရား၏ သင်္ခတဖြစ်ပုံကို မြင်ရခြင်းကြောင့် နိရောဓသစ္စာ၏ အသင်္ခတ အနက်သည် ထင်ရှားသော အနက်တပါး ဖြစ်ပြန်၏၊ မရဏသဘော ရှိသည့်အတွက် ပျက်၍ပျက်၍ နေရသော ဒုက္ခ သစ္စာကို မြင်ရခြင်းကြောင့် မရဏသဘော မရှိသော နိရောဓသစ္စာ၏ အမတဋ္ဌလည်း ထင်ရှားပြန်တော့သည်။
သမုဒယက္ခယ။ပေ။ဝါ။ ။နိဗ္ဗာန်သည် သမုဒယတဏှာ၏ ကုန်ရာဖြစ်သောကြောင့် သမုဒယတဏှာမှ ကင်းဆိတ်ခြင်းသဘောလည်း `ဟုတ်၏၊ အဝိဇ္ဇာ တဏှာ ကံစသော အကြောင်းမရှိသော အပ္ပစ္စယလည်း ဟုတ်၏၊ မပျက်မစီးသော အမတလည်း ဟုတ်၏။ ထို့ကြောင့် “သမုဒယက္ခယ။ပေ။ဝါ”ဟု တနည်း ဖွင့်သည်။ ဤ အဓိပ္ပါယ်များကို ရည် ရှယ်၍ သင်္ဂြိုဟ်ဘာသာဋီကာ သဗ္ဗသင်္ဂဟ၌ နိဿရဏံ ဝိဝေကဋ္ဌာ”စသော ဂါထ အနက်ကို ရေးခဲ့ပါသည်။
တသ္မိံ၊ ထိုနိဗ္ဗာန်ကို။ သမဓိဂတေ၊ ကောင်းစွာ သိအပ် ရအပ်ပြီးသော်။ (အရိယာ ပုဂ္ဂိုလ်က သိအပ်, ရအပ်ပြီးသော်)။ တဒဓိဂမဝတော၊ ထိုနိဗ္ဗာန်ကို သိခြင်းရှိသော။ ပုဂ္ဂလဿ၊ အရိယာ ပုဂ္ဂိုလ်၏။ ရောဓာဘာဝေါ၊ ဒုက္ခဟူသော ရောဓ၏ မရှိခြင်းသည်။ (ဟောတိ၊ ကသ္မာ၊ နည်း)။ ပဝတ္တိသင်္ခါတဿ၊ အမြဲမပြတ်ဖြစ်သော ခန္ဓာငါးပါး ဟု ဆိုအပ်သော။ ရောဓဿ၊ ရောဓ၏။ ပဋိပက္ခဘူတာယ၊ ဆန့်ကျင်ဘက်ဖြစ်၍ ဖြစ်သော။ နိဝတ္တိယာ၊ ခန္ဓာငါးပါးမှ ဆုတ်နစ်သော နိဗ္ဗာန်၏။ ဝါ၊ ကို။ အဓိဂတတ္တာ၊ သိအပ် ရအပ်သည်၏ အဖြစ်ကြောင့်တည်း။ ဣတိ၊ ဤသို့ မှတ်အပ်၏။
ဧတသ္မိံ စ အတ္ထေ၊ ဤ ဒုတိယဝိကပ်၏ အနက်၌လည်း။ အဘာဝေါ ဧတသ္မိံ ရောဓဿာတိ နိရောဓော ဣစ္စေဝ၊ ဟူ၍သာ။ ပဒသမာသော၊ နိ ဟူသော ပုဒ်, ရောဓ ဟူသော ပုဒ်တို့၏ သမာသ်သည်။ ဟောတိ၊ [ရှေ့နည်း၌ သတ္တမီ ဗဟုဗ္ဗီဟိ တွဲပုံချင်းတူသောကြောင့် "ဣစ္စေဝ" ၌ ဧဝသဒ္ဒါဖြင့် ဆိုသည်။]
နနု သာ ဝေ။ပေ။ န ယုဇ္ဇတိ။ ။ “ပုဂ္ဂိုလ်၏ ဒုက္ခနိရောဓသို့ရောက်ခြင်းငှါ အကျင့် လည်း ဟုတ်၏” ဟု ဆရာဆို၏။ ထိုစကားအရ ဒုက္ခနိရောဓပ္ပတ္တိနှင့် အကျင့်သည် အကြောင်းအကျိုးကွဲပြားနေ၏။ အမှန်အားဖြင့်ကား ဒုက္ခနိရောဓနိဗ္ဗာန်သို့ အာရုံပြုသော အားဖြင့် ရောက်ခြင်းမှာ ထိုပဋိပဒါပင်ဖြစ်၍ အရမကွဲသည် မဟုတ်ပါလော။ ထို ့ကြောင့် “ထိုအကျင့်သည် ဒုက္ခနိရောဓမ္မတ္တိ၏အကျင့် ဖြစ်၏”ဟူသော စကားသည် မသင့်သည် မဟုတ်ပါလော။ ဤကား စောဒနာတည်း။
သစ္ဆိကိရိယာ။ပေ။ ကတော။ ။ထိုစကားကိုချွဲလို၍ “သစ္ဆိကိရိယာ။ပေ။ ကတော” ဟု မိန့်သည်။ နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းဟူသော သစ္ဆိကိရိယဓမ္မ မျက်မှောက်ပြုတတ် သော သစ္ဆိကရဏဓမ္မတို့သည် မဂ္ဂင်ရှစ်ပါးချည်းဖြစ်၍ အရမကွဲ။ ထိုသို့ အရမကွဲသော် လည်း မျက်မှောက်ပြုခြင်းကို ပုဂ္ဂိုလ်အဖြစ်ဖြင့်၎င်း မျက်မှောက်ပြုကြောင်း တရားကို သစ္ဆိကရဏဓမ္မအဖြစ်ဖြင့်၎င်း ကွဲပြားသကဲ့သို့ ညွှန်ပြထားသည်၊ အဘေဒဘေပူပစာရ ဟု ဆိုလိုဟန်တူသည်။ [စာအုပ်တို့၌ “ပုဂ္ဂလသစ္ဆိကိရိယဓမ္မဘာဝေဟိ” ဟု တွေ့ရ၏။ အနု၌ “ပုဂ္ဂလဓမ္မဘာဝေန သစ္ဆိကရဏဓမ္မဘာဝေန စ ဟု ဖွင့်သောကြောင့်၎င်း ရွှေ၌လည်း “သစ္ဆိကရဏဓမ္မာနံ” ဟု ဤပဋိပဒါတို့ကို ဆိုခဲ့သောကြောင့်၎င်း “ပုဂ္ဂလ- သစ္ဆိကရဏဓမ္မဘာဝေဟိ” ဟု ရှိမှသင့်မည်။ ]
အထဝါ။ ။ဤနည်း၌ကား ဒုက္ခနိရောဓနိဗ္ဗာန်သို့ အာရုံပြုသောအားဖြင့် ရောက်ခြင်း ကိစ္စသည် ဖိုလ်အခိုက်ရောက်မှ ပြီးစီး၏။ ထိုဖိုလ်ဟူသော နိရောဓပ္ပတ္တိသို့ရောက်ကြောင်း အကျင့်ဖြစ်သောကြောင့် မဂ်၌ယှဉ်သော မဂ္ဂင်ရှစ်ပါးကို ပဋိပဒါဟု ခေါ်ရသည်။
ဝိပရိတတာ။ ။ရွှေမဟုတ်ဘဲရွှေကဲ့သို့လှည့်ပတ်အပ်သော ကျောက်ခဲသည် မျက်လှည့် ဖြေလိုက်သောအခါ ရွှေမဟုတ်တော့ဘဲ ဖောက်လွဲဖောက်ပြန် ဖြစ်သွား၏၊ ဤသို့ ထင်တိုင်း မဟုတ်ဘဲ ဖောက်ပြန်သွားခြင်းကို “ဝိပရီတ”ဟု ခေါ်သည်။
ဝိသံဝါဒိတာ။ ။တံလျှပ်ကား အရာဝတ္ထု ဘာမျှမရှိသောကြောင့် “ဝိပရီတ”ဟု မဆို နိုင်၊ “မှားမှားယွင်းယွင်း ပြောဆိုစေတတ်၏”ဟုသာ ဆိုနိုင်သည်။ [“ပိသံဝါဒိကာ”ဟု စာ အုပ်တို့၌ ရှိသော်လည်း တဿာကိုငဲ့၍ “ဝိပရိတတာ”ဟု ထားသကဲ့သို့ ဤ၌လည်း တဿာကို ငဲ့၍ “ဝိသံဝါဒိတာ”ဟု ရှိသင့်သည်။ ]
အာကာရပရိဝိတက္က။ ။ထိုအနုဿဝသို့ အစဉ်လိုက်၍ဖြစ်စေ အလောင်းအလျာတို့ အတွက် အနုဿဝမရှိဘဲ အခြားအကြောင်းအားဖြင့်ဖြစ်စေ ပထဝီခာတ်စသည် ဖဿစသည် တို့၏ ကက္ခဠ ဖုသနသော အခြင်းအရာသဘောကို၎င်း, အနိစ္စတာ ၈သော အခြင်းအရာ သဘောကို၎င်း အဖန်ဖန်ကြံစည်ခြင်းကို “အာကာရပရိဝိတက္က”ဟု ခေါ်၏။ [သုတာနုသာ- ရေအညထာ ဝါ ကက္ခဠ ဖုသနာဒိ အနိစ္စာဒိသဘာဝ သာမညာကာရ ပရိဂ္ဂဏှနံ အာကာရ- ́ ပရိဝိတက္ကော- အနု။] ထိုအာကာရပရိဝိတက္ကသို့ အစဉ်လိုက်သော သိခြင်းသည် (သိတတ် သောဉာဏ်သည်) “အာကာရ ပရိဝိတက္ကာဂတ+ဗောဓ”မည်၏။
**ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ**။ ။ထိုသို့ ကြံစည်အပ်ပြီးသော အခြင်းအရာကို သိမြင်တတ်သောဉာဏ် ပညာဖြင့် အကြွင်းမဲ့ရှုလျက် နှစ်သက်ခြင်းသည် ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ မည်၏။ နိဗ္ဗာနာ၊ အကြွင်းမဲ့ ရှုတတ်သော+ခန္တီ= နှစ်သက်ခြင်းတည်း။ နိဗ္ဗာနက္ခန္တိ=ခြင်း၊ ဒိဋ္ဌိယာ+နိဇ္ဈာနက္ခန္တိ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ။ ယထာ ဝိတက္ကိတာကာရဿ ဒိဋ္ဌိသင်္ခါတာယ,ဒဿနဘူတာယ ပညာယ+ နိဗ္ဗာနံ+ မနံ( စနံ) ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ။-အနု။]ထို ဒိဋ္ဌိနိဇ္ဈာနက္ခရှိသို့ အစဉ်လိုက်သော သိခြင်းသည် (ဘဏ်သည်) ဒိဋ္ဌိနိဇ္ဈာနက္ခ အနုဗာမမည်၏။
ဟိ၊ ချဲ့။ ဝိဝဋ္ဋာနုပဿနာယ၊ ဝဋ်မှကင်းသော နိဗ္ဗာန်ကို အဖန်ဖန်ရှုတတ်သော ဝိပဿနာဖြင့်။ သင်္ခါရေဟိ၊ တေဘူမကသင်္ခါရတို့မှ။ ပတိလီယမာနမာနသဿ၊ တွန့်ဆုတ်သော စိတ်ရှိသော ယောဂီ ပုဂ္ဂိုလ်၏ (သန္တာန်၌)။ ဥပ္ပဇ္ဇမာနံ၊ သော။ မဂ္ဂဉာဏံ၊ မဂ်ဉာဏ်သည်။ ဝိသင်္ခါရံ၊ သင်္ခါရတို့မှ ကင်းသော။ ဒုက္ခနိဿရဏံ၊ ဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်သော နိဗ္ဗာန်ကို. အာရမ္မဏံ၊ ကို။ ကတွာ၊ ၍။ ဒုက္ခံ၊ ဒုက္ခသစ္စာကို။ ပရိစ္ဆိန္ဒတိ၊ ပိုင်းခြား၍ သိ၏။ ["ဒုက္ခသစ္စာဟူသည် လောကီစိတ်, စေတသိက်နှင့် ရုပ်တရားသာတည်း။ ထို့ထက် အပိုမရှိ" ဟု ပိုင်းခြား၍ သိနိုင်၏။] ဒုက္ခဂတံ၊ ဒုက္ခ၌ အာရုံပြုသော အားဖြင့်ဖြစ်သော။ တဏှံ စ၊ ကိုလည်း။ ပဇဟတိ၊ ၏။ နိရောဓဉ္စ၊ နိဗ္ဗာန်ကိုလည်း။ ဖုသတိ၊ အာရုံပြုသော အားဖြင့် ရောက်၏။
(ကော ဝိယ၊ အဘယ်ကဲ့သို့နည်း)။
အာဒိစ္စော၊ နေမင်းသည်။
ပဘာယ၊ အရောင်ဖြင့်။
(အန္ဓကာရံ၊ အမိုက်မှောင်ကို။
ပဇဟတိ ဝိယ၊ ပယ်စွန့်သကဲ့သို့၎င်း။
အာလောကံ၊ အရောင်အလင်းကို။
ပကာသေတိ ဝိယ၊ ထင်ရှားပြသကဲ့သို့၎င်းတည်း။)
သမ္မာသင်္ကပ္ပါဒီဟိ၊ သမ္မာသင်္ကပ္ပ အစရှိသော မဂ္ဂင်ခုနစ်ပါးတို့နှင့်။
သဟ၊ တကွ။
ဥပ္ပန္နံ၊ သော။
တံ မဂ္ဂံ၊ ထို သမ္မာဒိဋ္ဌိ မဂ္ဂင်ကို။
ဘာဝေတိ၊ ထင်စွာ ဖြစ်စေ၏။
(ကောဝိယ၊ နည်း။
အာဒိစ္စော၊ သည်။
ပဘာယ၊ နှင့်။
သဟ၊ တကွ။
ဥပ္ပန္နံ၊ သော။
အတ္တာနံ၊ ကို။
ဘာဝေတိ ဝိယ၊ ထင်စွာ ဖြစ်စေသကဲ့သို့တည်း။)အာဒိစ္စော ၀ိယ ပဘာယ။ ။အာဒိစ္စော ဝိယ ပဘာယ နိရောဓံ ဖုသတိ ကိလေသန္ဓ- ကာရံပိဒ္ဓံသေတိ။-အနု။ ဤအလို “အာဒိစ္စော ဝိယ ပဘာယ”ကို ရွှေ့လှည့်၍ စပ်ရမည်၊ “နေသည် မိမိ၏အရောင်အလင်းဖြင့် အမှောင်ကို ပယ်သကဲ့သို့ ကိလေသာအမှောင်ကိုလည်း ပယ်နိုင်၏၊ အလင်းကို ထင်ရှားပြသကဲ့သို့ နိရောဓ(နိဗ္ဗာန်)အလင်းကိုလည်း ထင်ရှားပြနိုင် ၏”ဟု အဓိပ္ပါယ်မှတ်ပါ။
မဓု။ ။မဓုဋီကာ၌ကား “ပဘာယ သဟ ဥပ္ပန္နော အာဒိစ္စော ပဘ ဘာဝေတိ ဝရေတိ ယထာ။ဧဝံ သမ္မာသင်္ကပ္ပါဒီဟိ သတ္တဟိ သဟ ဥပ္ပ မဂ္ဂဉာဏံ(သည်။) တံမဂ္ဂီ သမ္မာ- သင်္ကပ္ပါဒိက သတ္တိဝိဓံ(ကို)ဘာဝေတီတိ အတ္တော။ ဤအလို အာဒိစ္စော ဝိယ ပဘာယကို နောက်ဝါကျနှင့်အဓိပ္ပါယ်တဲ့ရလိမ့်မည်။ ဤနည်း၌ မဂ်ဉာဏ်သည် နေနှင့်တူ၏၊ နေသည်မိမိကို ၎င်း အရောင်ကို၎င်း ထင်ရှားပြသကဲ့သို့ မဂ်ဉာဏ်ဟူသော သမ္မာဒိဋ္ဌိသည်လည်း မိမိကို ၎င်း သမ္မာသင်္ကပ္ပစသော ၇-ပါးကို၎င်း ထင်ရှားပြသည်”ဟူလို။ [ဥပမာန ဥပမေယျတွဲစပ် ပုံမှာ ဤဟု အဓိပ္ပါယ်က သာ၍ ထင်ရှားပေသည်။ ထို့ကြောင့် နိဿယ၌ “အာဒိစ္စောဝိယ ပဘာယ”ကို ရှေ့သို့၎င်း နောက်သို့၎င်း ကာကောလောကန နည်းအားဖြင့် ၂-ဘက်ကြည့်၍ အနက်ပေးလိုက်ပါသည်။] စ၊ ဆက်။
သင်္ခါရေ၊ သင်္ခါရတို့ကို။
အမုဉ္စိတွာ၊ မလွှတ်မူ၍။
ပဝတ္တမာနေန၊ ဖြစ်သော။
ဉာဏေန၊ လောကီဉာဏ်ဖြင့်။
ဧတံ သဗ္ဗံ၊ ဤအလုံးစုံသော ပရိစ္ဆိန္ဒန စသော အမှုကို။
ကာတုံ၊ ငှာ။
န သက္ကာ၊ မတတ်နိုင်။
(ကသ္မာ၊ နည်း)။
(သင်္ခါရေအမုဉ္စိတွာ ပဝတ္တမာနဿ ဉာဏဿ၊ ၏)။
နိမိတ္တပဝတ္တေဟိ၊ သင်္ခါရနိမိတ် အဆက်မပြတ်ဖြစ်သော ဝဋ်ခန္ဓာတို့မှ။
အဝုဋ္ဌိတတ္တာ၊ မထမြောက်သေးသည်၏ အဖြစ်ကြောင့်တည်း။
တသ္မာ၊ ကြောင့်။
ဧတာနိ ကိစ္စာနိ၊ ဤလေးပါးသော ကိစ္စ တို့ကို။
ကရောန္တံ၊ ပြုနိုင်သော။
တံ ဉာဏံ၊ ထို မဂ်ဉာဏ်သည်။
ဒုက္ခာဒီနိ၊ ဒုက္ခ သစ္စာ အစရှိသည်တို့ကို။
တတ္ထ၊ ထိုလေးပါးသော ဆုတ်နစ်စေခြင်းအားဖြင့်။
ဝိဘာဝေတိ၊ ထင်စွာဖြစ်စေနိုင်၏။
ဣတိ၊ ကြောင့်။
စတ္တာရိပိ သစ္စာနိ ပဿတီတိ၊ ဟူ၍။
ဝုတ္တံ၊ ။
သမုဒယဒဿနံ။ ။ “အတ္တသည် တဘ၀ဆုံးလျှင် ပြတ်စဲ၏” ဟု သိမြင်တတ်သော မိစ္ဆာအယူသည် ဥစ္ဆေဒဒိဋ္ဌိ မည်၏၊ သမုဒယသစ္စာဟူသော အကြောင်းကို မြင်သော ဉာဏ်ကား အကြောင်းတဏှာ ရှိနေသမျှ အကျိုးရုပ်နာမ်သင်္ခါရတို့ မပြတ်စဲကြောင်းကို ဉာဏ်ဖြင့်ထင်ထင် သိမြင်နေသောကြောင့်၎င်း ဤဘဝ ဆုံးခါနီးသော် ထိုဘဏှာသည် ဘ၀အသစ်ကို ညွတ်နေသည့်အတွက် တဏှာရှိနေသမျှ ဘဝအဆက်မပြတ်ခြင်းကို သိနေ ရကား ထို ဥစ္ဆေဒဒိဋ္ဌိ ပရိယုဋ္ဌာနကို တားမြစ်နိုင်သည်။
ဣဿရော၊ ပရမီသွာ, ဗြဟ္မာ, ဗိဿဏိုး အစိုးရသော ပုဂ္ဂိုလ်သည်။
လောကံ၊ ကို။
ပဝတ္တေတိ စ၊ ဖြစ်လည်းဖြစ်စေနိုင်၏။
(စီမံလည်း စီမံ ဆန်ဆင်းနိင်၏)။
နိဝတ္တေတိ စ၊ ဆုတ်နစ်လည်း ဆုတ်နစ်စေနိုင်၏။မဂ္ဂဒဿနေန ။ ။မည်သည့်ကောင်းမှု မကောင်းမှုကိုပြုပြု ထိုအမှု၏အကျိုးမရှိ ပြုကာ မတ္တပြုရုံမျှသာဖြစ်၏ အကျိုးမရှိသောကြောင့် ပြုရာမရောက် ”ဟု ဖြစ်သော မိစ္ဆာအယူသည် အကိရိယဒိဋ္ဌိ မည်၏။မဂ္ဂသစ္စာကို သိသောဉာဏ်ဖြင့် အကြောင်း၏အကျိုးကို ကိုယ်တိုင်သိမြင် ရကား ထိုအကိရိယဒိဋ္ဌိကို ပယ်စွန့်နိုင်သည်။
ပဝတ္တေတိနိဝတ္တေတိ စ။ ။ပဝတ္တေတီတိ သတိ(စီမံ၏)။ ပဝတ္တိယာ ဝါ ဟေတု ဟောတိ။ နိဝတ္တေတီတိ သံဟရတိ (ရုပ်သိမ်း၏)။ ပလယံ(ချုပ်ခြင်းသို့)ဂမေတိ။ ပလောဏ တာဒိဝသေန ဝါ မောက္ခဟေတု ဟောတိ(ပျက်စီးသည်၏အဖြစ် အစရှိသည်တို့၏အစွမ်းဖြင့် လွတ်မြောက်ခြင်း၏ အကြောင်းဖြစ်၏။)—-အနု။ (အဖြစ်ကိုလည်း ဆုတ်နစ်ရုပ်သိမ်းစေနိုင်၏)။
ဣတိ၊ ဤသို့။
ဣဿရကာရဏိနော၊ ဣဿရသည် လောက၏ အကြောင်းဟု အယူရှိသော ပုဂ္ဂိုလ်တို့သည်။
ဝဒန္တိ၊ ပြောဆိုကြကုန်၏။
ပဓာနတော၊ ပဓာနကြောင့်။ (ပကတိကြောင့်)။ (လောကော၊ သည်)။ အာဝိဘဝတိ၊ ထင်စွာဖြစ်၏။ တတ္ထေဝ၊ ထို ပဓာန၌ပင်။ ပတိလီယတိ စ၊ တွန့်ဆုတ်လည်း တွန့်ဆုတ်၏။ ပဓာနကာရဏိနော၊ ပဓာနသည် လောက၏ အကြောင်းဟု အယူရှိသော ပုဂ္ဂိုလ်တို့သည်။ (ဝဒန္တိ)၊
တတ္ထ၊ ထို န ဟေတု သမဝေတံ ဟေတုဖလံ အစရှိသော စကားရပ်၌။
ဣဓ၊ ဤလောက၌။
တန္တူသု၊ ချည်မျှင် အပေါင်းတို့သည်။
(သမဝေတေသု၊ အညီအမျှ တကွဖြစ်ကုန်လသော်)။
ပဋော၊ အဝတ်ပုဆိုးတည်း။
(ဣတိ အာဒိနာ ဗုဒ္ဓိဝေါဟာရဇနကော ၌စပ်)။
ကပါလေသု၊ အိုး၏ အစိတ်အပိုင်းဖြစ်သော အိုးလုပ်ဘို့ရန် မြေညက်တို့သည်။
(သမဝေတေသု)၊
ဃဋော၊ အိုးတည်း။
ဗိရဏေသု၊ သင်မြက်တို့သည်။
(သမဝေတေသု)၊
ကဋော၊ သင်ဖြူးတည်း။
ဒွိအဏူသု၊ ပရမာဏုမြူ ၂ ခုတို့သည်။
(သမဝေတေသု)၊
ဒွိအဏုကံ၊ ပရမာဏုမြူ ၂ ခုအပေါင်းတည်း။မဟန္တာ။ ပေ။ ဝိသေသေဟိ။ ။အဝိဘတ္တေဟိ ဝိကာရေ၌ ဝိကာရေဟိကိုပင် “မဟန္တာ။ပေ။ ဝိသေသေဟိ” ဟု သရုပ်ဖော်သည်။ ထိုတွင် “မန္တ” ဟူသည် ဗုဒ္ဓိကြီးစွာသောဉာဏ်တည်း၊ ထိုဉာဏ်ကို ကာပိလဆရာတို့က “မဟဇ္ဈာသယ” ဟုလည်း ခေါ်ကြသတတ်။
“အဝိသေသ” ဟူသည် ရူပဘမ္မတ္တစသော ၅-ပါးနှင့် အဟံကာရ (ငါဟု ပြုတတ်သော မာန်) ဟူသော ၆-ပါးတည်း၊ ရူပတမ္မတ္တစသော၌ အာဒိဖြင့် သဒ္ဓ ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗ တို့ကိုယူ၊ ထိုဘမ္မတ္တ ၅-မျိုးကို ဆရာတော်၏ အဘိဓာန်နိဿယ ၉၂-ဂါထာ၌ သူ ဖ, ရူ ရ, ဂန္ဓ ဟု သရုပ်ဖော်၏၊ ထို၌ “ဖာ” ဟူသည် ဖောဋ္ဌဗ္ဗာရုံတည်း။
“ဣန္ဒြိယ” ဟူသည် စက္ခုစသော ၅ပါး ဝါစာ ပါ ပါ ပါ (ဝစ္စမဂ်) ဥပတ္ထ(ဆရာတော်၏နိဿယဉ်– အင်္ဂဇာတ” ဟု ပါ၏၊ ထိုအင်္ဂါဇာတ်ကို ဤ၌“ ဥပတ္ထ” ဟု ဆိုထားဟန်တူသည်။)
“ဘူတဝိသေသ”ဟူသည် ဓာတ်ကြီး ၄-ပါးနှင့် အာကာသ, ၅-ပါးတည်း”ဟု အနုဋီကာ၌ ဖွင့်သည်။ “ဤအားလုံးသည် ပကတိ၏ အကျိုးဖြစ်ကြသော်လည်း ပကဘိမှ စခွဲခါမီ ပကတိအတွင်း၌ ကိုယ်ဝန်ကလေးကဲ့သို့ တည်နေကြသည်” ဟု ယူကြသတတ်။ ဣတိ အာဒိနာ၊ ဤသို့ အစရှိသည်ဖြင့်။
ဣဓ၊ ဤလောက၌။
ဗုဒ္ဓိဝေါဟာရဇနကော၊ ဉာဏ်, အခေါ်အဝေါ်ကို ဖြစ်စေတတ်သော။
(သမ္ဗန္ဓော ၌စပ်)။
အဝိသုံ၊ သီးခြား မဟုတ်ဘဲ။
(တခုစီ မဟုတ်ဘဲ)။
သိဒ္ဓါနံ၊ ထင်ရှားကုန်သော ချည်မျှင် အစရှိသည်တို့၏။
သမ္ဗန္ဓော၊ ပေါင်းစပ်ခြင်းသည်။
သမဝါယော၊ သမဝါယတည်း။
တေန သမယေန၊ ထို သမဝါယအားဖြင့်။ ကာရဏေသု၊ အကြောင်းဖြစ်ကုန်သော။ ဒွီသု၊ ကုန်သော။ အဏူသု၊ ပရမာဏုမြူခုတို့သည်။ (သမဝေတေသု) ဒွိအဏုကံ၊ ပရမာဏုမြူ ၂ ခုအပေါင်းဖြစ်သော။ ဖလံ၊ အကျိုသည်း။ သမဝေတံ၊ အညီအမျှ တကွဖြစ်သည်။ ဧကီဘူတမိဝ၊ တခုတည်းမဟုတ်သာ်လည်း တခုတည်းဖြစ်၍ ဖြစ်သကဲ့သို့။ သမ္ဗန္ဓံ၊ ပေါင်းစပ်မိသည်။ (ဟောတိ)၊ တီသု အဏူသု၊ တို့သည်။ (သမဝေတေသု) တိအဏုကံ ဖလံ သမဝေတံ ဧကီဘူတမိဝ သမ္ဗန္ဓံ ဟောတိ၊ ဣတိ ဧဝံ၊ ဤသို့။ ဝါ၊ ဤနည်းအားဖြင့်။ မဟာပထဝီ မဟာဥဒက မဟာအဂ္ဂိ မဟာဝါတက္ခန္ဓပရိယန္တံ၊ ကြီးစွာသော မြေအစု, ကြီးစွာသော ရေအစု, ကြီးစွာသော မီးအစု, ကြီးစွာသော လေအစု အပိုင်းခြားရှိသော။ ဖလံ၊ သည်။ အတ္တနော၊ မိမိ၏။ ကာရဏေသု၊ အကြောင်းတို့၌။ သမဝေတံ၊ အညီအမျှ တကွဖြစ်၏။ ဣတိ၊ သို့။ သမဝါယဝါဒိနော၊ သမဝါယကို ပြောဆိုလေ့ရှိသော ဆရာတို့သည်။ ဝဒန္တိ၊ ၏။ [ဤဝါဒ၌ မဟာပထဝီ မြေကြီး စသည်တို့လည်း အဏုမြူများစွာတို့၏အပေါင်းပင် ဖြစ်သတတ်။ အဘိဓမ္မာနည်အားဖြင့်ကား အဋ္ဌကလာပ်ရုပ် အပေါင်းဟု မှတ်ပါ။]
ဟိ၊ မှန်။ တိရစ္ဆာ နဂတာနမ္ပိ၊ တိရစ္ဆာန်တို့၏ စိတ်၌သော်မှလည်း။ ဒုက္ခံ၊ ဒုက္ခသည်၎င်း။ အာဟာရာဒီသု၊ အာဟရ အစရှိသည်တို့၌။ အဘိလာသော စ၊ လွန်စွာ အလိုရှိခြင်း ဟူသော တဏှာသည်ပင်။ ပါကဋော၊ ထင်ရှား၏။ ပန၊ ထိုသို့ပင် ထင်ရှားပါသော်လည်း။ ပိဠနာဒိ အာယူဟနာဒိဝသေန၊ ပီဠန အစရှိသော အနက်, အာယူဟန အစရှိသော အနက်တို့ဖြင့် အပြားအားဖြင့်။ ဣဒံ၊ ဤတရားသည်။ ဒုက္ခံ၊ တည်း။ ဣဒံ၊ ဤတရားသည်။ အဿ၊ ထို ဒုက္ခ၏။ ကာရဏံ၊ တည်း။ ဣတိ၊ သို့။ ယာထာဝတော၊ မဖောက် မပြန် ဟုတ်မှန်သော အားဖြင့်။ ဩဂါဟိတုံ၊ ဉာဏ်ဖြင့် သက်ဝင်ခြင်းငှာ။ အသက္ကုဏေယျတ္တာ၊ မတတ်ကောင်းကုန်သည်၏ အဖြစ်ကြောင့်။ ဂမ္ဘီရာ၊ ကုန်၏။
သဏှသုခုမဓမ္မတ္တာ၊ သိမ်မွေ့နူးညံ့သော တရားတို့၏ အဖြစ်ကြောင့်။ နိရောဓ မဂ္ဂါ၊ နိရောဓ သစ္စာ မဂ္ဂသစ္စာတို့သည်။ သဘာဝတော ဧဝ၊ မိမိ၏ သဘောအားဖြင့်ပင်။ ဂမ္ဘီရတ္တာ၊ နက်နဲကုန်သည်၏ အဖြစ်ကြောင့်။ ဒုရဝဂါဟာ၊ ဉာဏ်ဖြင့် ခဲယဉ်းစွာ သက်ဝင်အပ်ကုန်၏။ တေနေဝ၊ ထို့ကြောင့်ပင်။ မဂ္ဂေ၊ မဂ်သည်။ ဥပ္ပန္နေ၊ သော်။ နိရောဓမဂ္ဂါနံ၊ တို့၏။ ယာထာဝတော၊ အားဖြင့်။ အနဝဂါဟော၊ ဉာဏ်ဖြင့် မသက်ဝင်နိုင်ခြင်းသည်။ နတ္ထိ၊ မရှိတော့။ ဣတိ၊ ဤသို့ မှတ်အပ်၏။