၇ဝ၃။
**ပတိဋ္ဌာနဋ္ဌေနာတိ**၊ ကား။
သမ္ပယောဂဝသေန၊ သမ္ပယောဂ၏ အဖြစ်ဖြင့်၎င်း။
ဥပနိဿယဝသေနစ၊ ပကတူပနိဿယ၏အဖြစ်ဖြင့်၎င်း။
ဩကာသဘာဝေန၊ တည်ရာ၏အဖြစ်ကြောင့်။
(“ပဒံ၊ မည်၏” ၌စပ်။)
[အချို့ အကုသိုလ်တရားတို့သည် ပါဏာတိပါတ စသော စေတနာနှင့် သမ္ပယုတ် ဖြစ်ကြ၏။ သမ္ပယုတ်ဖြစ်လျှင် သဟဇာတနိဿယ ပစ္စယသတ္တိဖြင့် တည်ရာဖြစ်နိုင်၏။ အချို့ အကုသိုလ်တရားတို့ကား ပါဏာတိပါတ စသည်တို့၏ ဥပနိဿယ ဖြစ်၏။ ဥပမာ- အပျိုတယောက်ကို အတူလှည့်ရာဝယ် ပြိုင်ဘက်ကိုသတ်ခြင်း စသည်မျိုးတည်း။ ထိုသို့ ပကတူပနိဿယဖြစ်လျှင်လည်း စေတနာ၏တည်ရာအကြောင်းပင်တည်း။]
**ပိဋ္ဌ။ ပေ။ နာနာသမ္ဘာရေ**၊ မုန့်မှုန့်, မုန့်, ထမင်း, တစေးအမျိုးမျိုးသော အဆောက်အဦတို့ကို။
ပက္ခိပိတွာ၊ ထည့်၍။
မဒ္ဒိတွာ၊ ရေဖြင့်နယ်၍။
ကတာ၊ ပြုအပ်သော သေရည်သည်။
**သုရာ** နာမ၊ မည်၏။
**မဓုကာဒိပုပ္ဖ။ ပေ။ နာနာသမ္ဘာရာနံ**၊ သစ်မည်စည် အစရှိသောအပွင့်, ပိန္နဲသီး အစရှိသော အသီး, ကြံ, သပျစ် အစရှိသော အရည် အမျိုးမျိုးသော အဆောက်အဦတို့၏။
ရသာ၊ အရည်တို့သည်။
စိရပရိဝါသိတာ၊ ကြာမြင့်စွာ ထုံအပ်ကုန်သည်။
(သမာနာ၊ ကုန်လသော်။)
**မေရယံ** နာမ၊ မည်၏။
အာသဝေါ၊ အရက်တည်း။
ဣတိအတ္ထော။