Issues
Select Version
Vibhaṅga-aṭṭhakathā
Vibhaṅga-aṭṭhakathā

Vibhaṅga-aṭṭhakathā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

စတုသစ္စဒသော၊ လေးပါးသောသစ္စာကိုသိမြင်တော်မူပြီးထသော။ နာထော၊ သတ္တလောက၏ ကိုးကွယ်ရာဖြစ်တော်မူထသော။ သမ္ဗုဒ္ဓေါ၊ ကြွင်းမဲ့ဥဿုံအလုံးစုံကို ကိုယ်တော်တိုင် သိတော်မူပြီးထသော။ အဋ္ဌာရသဟိ၊ တဆယ့်ရှစ်ပါးကုန်သော။ ဗုဒ္ဓဓမ္မေဟိ၊ ဘုရားဂုဏ်တော်တို့နှင့်။ ဥပေတော၊ ပြည့်စုံတော်မူထသော။ နာယကော၊ ဝေနေယျတို့၏ ရှေ့ဆောင်လမ်းပြနာယက ဖြစ်တော်မူထသော။ သတ္ထာ၊ မြတ်စွာဘုရားသည်။ စတုဓာ၊ လေးပါး အပြားအားဖြင့်။ ဓမ္မသင်္ဂဏိံ၊ ဓမ္မသင်္ဂဏီ ပါဠိတော်ကို။ ပကာသယိတွာ၊ ထင်ရှားစေတော်မူပြီး၍။ ဝါ၊ ထင်ရှားပြတော်မူပြီး၍။ [ပပုဗ္ဗ ကာသ-ဓာတ်သည် ပကာသ(ထင်ရှားခြင်း)အနက်ကိုဟော၏။စတုသစ္စဒသော ။ ။ ဓမ္မသင်္ဂဏီပါဠိတော်ကို စိတ္ထဝိဘတ္တိ, ရူပဝိဘတ္တိ, နိက္ခေပရာသိ, အတ္ထုဒါရ (စိတ္တုပ္ပါဒကဏ္ဍ, ရူပကဏ္ဍ, နိက္ခေပကဏ္ဍ, အဋ္ဌကထာကဏ္ဍ) ဟု ၄-ပါးအပြားအားဖြင့် ဝေဘန်တော်မူခဲ့၏။ ထို့ကြောင့် စတုဓာ ဓမ္မသင်္ဂဏိံ နှင့် လိုက်လျောအောင် ၄-ဂဏန်းချင်း တူသောဂုဏ်ဖြင့် “စတုသစ္စဒသော”ဟု ဘုရားရှင်ကို ချီးမွမ်းတော်မူသည်။ နောက်၌လည်း ဝိဘင်း ၁၈-ရပ်ကို ဟောတော်မူသည့်အတွက် ဂဏန်းချင်းတူသောဂုဏ်ဖြင့် “ ဥပေတော ဗုဒ္ဓဓမ္မေဟိ အဋ္ဌာရသဟိ နာယကော” ဟု ချီးမွမ်းလိမ့်မည်။ [ပကတိဟေသာ အာစရိယာနံ ယဒိဒံ အာရမ္ဘာနုရူပ ထောမနာ။]
သစ္စ,အရိယသစ္စ ။ ။ သစ္စာဟု ဆိုလျှင် အရိယာအဖြစ်ကို ပြုတတ်, မပြုတတ် အရပ်ရပ်သော သစ္စာ ၂-မျိုးလုံးရ၏။ ဥပမာ-သမုဒယသစ္စာ ဟူရာ၌ တဏှာလောဘအပြင်ဒုက္ခ၏ အကြောင်းဖြစ်သော ကိလေသာအားလုံးနှင့်တကွ လောကီကုသိုလ်, အကုသိုလ်ကို ရသကဲ့သို့တည်း။ အရိယသစ္စာ ဟူရာ၌ကား အရိယာအဖြစ်ကိုပြုတတ်သော သစ္စာသာရ၏။ ဥပမာ-သမုဒယ အရိယ သစ္စာ ဟူရာ၌ တဏှာ လောဘသာ ရသကဲ့သို့တည်း။ ထို့ကြောင့် သစ္စာ ၂-မျိုးလုံးနှင့်ဆိုင်အောင် “စတုသစ္စဒသော”ဟု သာမညသစ္စသဒ္ဒါဖြင့် ချီးမွမ်းတော်မူသည်။ ဗုဒ္ဓမြတ်စ္စာသည် သစ္စ, အရိယသစ္စ အားလုံးကိုပင် သိမြင်တော်မူပြီ ဖြစ်၏။ ထို သစ္စ, အရိယသစ္စအခွဲကို သစ္စဝိဘင်းပါဠိတော်ကျမှ သိရပါလိမ့်မည်။
အနုဋီကာ ။ ။ စတုသစ္စန္တောဂဓတ္တာ စတုန္နံ အရိယသစ္စာနံ ဂါထာယံ စတုသစ္စဒသောတိ နိပ္ပဒေသတော သစ္စ, အရိယသစ္စအားလုံး အကြွင်းမရှိသော အားဖြင့်) သစ္စာနိ ဂဟိတာနိ (အဋ္ဌကထာဆရာ ယူအပ်ကုန်ပြီ)။ ဣတိ၊ ထို့ကြောင့်။ နိပ္ပဒေသတော ဧဝ တဒတ္ထံ ဝိဘာဝေန္တော စတ္တာရိ သစ္စာနီတိ အာဒိမာဟ။
ဏယ၊ ပစ္စည်းကြောင့် “ထင်ရှားစေ”ဟု သဒ္ဒတ္ထ, “ထင်ရှားပြ”ဟု အဓိပ္ပါယတ္ထ ပေးရသည်။] တဿေဝ (တဿာ+ဧဝ)၊ ထို ဓမ္မသင်္ဂဏီပါဠိတော်၏ပင်။ သမနန္တရံ၊ ကောင်းစွာ အခြားမဲ့ ကာလ၌။ အဋ္ဌာရသန္နံ၊ တဆယ့်ရှစ်ပါးကုန်သော။ ခန္ဓာဒိဝိဘင်္ဂါနံ၊ ခန္ဓဝိဘင်း အစရှိသော ဝိဘင်းတို့၏။ ဝသေန၊ အပြားအားဖြင့်။ [ဝသသဒ္ဒါ ဘေဒအနက်ဟော။] ယံ ဝိဘင်္ဂံ၊ အကြင်ဝိဘင်းပါဠိတော်ကို။ ဒေသယီ၊ ဟောတော်မူပြီ။ တဿ (ဝိဘင်္ဂဿ)၊ ထို ဝိဘင်းပါဠိတော်၏။ သံဝဏ္ဏနာက္ကမော၊ ဖွင့်ကြောင်းဖွင့်ရာ အဋ္ဌကထာအစဉ်သည်။ ဣဒါနိ၊ ယခုအခါ၌။ [ဓမ္မသင်္ဂဏီ ပါဠိတော်ကိုဖွင့်ပြပြီးရာ ယခုအခါ၌။] ယသ္မာ၊ အကြင့်ကြောင့်။ သမ္ပတ္တော၊ ကောင်းစွာရောက်လာပြီ။ တသ္မာ၊ ထို့ကြောင့်။ ဝါ၊ ထိုသို့ ဝိဘင်းပါဠိတော်၏ ဖွင့်ကြောင်းဖွင့်ရာ အဋ္ဌကထာအစဉ်၏ ကောင်းစွာရောက်လာသည်၏ အဖြစ်ကြောင့်။ ( အဟံ၊ ငါသည်။) ပေါရာဏဋ္ဌကထာနယံ၊ ရှေး၌ဖြစ်သော မဟာအဋ္ဌကထာနည်းကို။ ဝိဂါဟိတွာ၊ ဉာဏ်ဖြင့်သက်ရောက်မွှေနှောက်ပြီး၍။ [ဝိပုဗ္ဗ ဂါဟူ၊ ဓာတ်သည် ဝိလောလန (မွှေနှောက်ခြင်း) အနက်ကိုဟော၏။] သဒ္ဓမ္မေ၊ သူတော်ကောင်းတရားတည်းဟူသော ဝိဘင်းပါဠိတော်၌။ ဂါရဝံ၊ ရိုသေလေးစားသူ၏အဖြစ်ကို။ ဝါ၊ ရိုသေလေးစားခြင်းကို။ [ဂရုနော ဘာဝေါ ဂါရဝံ။] ကတွာ၊ ပြု၍။ တဿ၊ ထိုဝိဘင်းပါဠိတော်၏။ အတ္ထဝဏ္ဏနံ၊ အနက်အဖွင့်ကို။ ဝါ၊ အနက်အဓိပ္ပါယ်ကိုဖွင့်ကြောင်းဖွင့်ရာ အဋ္ဌကထာသစ်ကို။ ကရိဿာမိ၊ ပြုပေအံ့။ တံ၊ ထိုအနက်အဖွင့်ကို။ ဝါ၊ အနက်အဓိပ္ပါယ်ကိုဖွင့်ကြောင်းဖွင့်ရာ ထိုအဋ္ဌကထာသစ်ကို။ (တုမှေ၊ သောတုအပေါင်း အသင်သူတော်ကောင်းတို့သည်။) သမာဟိတာ၊ ကောင်းစွာ အာရုံ၌ ထားအပ်သော စိတ်ရှိကြကုန်သည်။ ဝါ၊ တည်ကြည်ကြကုန်သည်။ [သမ္မာ အာဓီယတေ(အာရုံ၌ထားအပ်၏။) ဣတိသမာဟိတံ(စိတ္တံ)၊ သမာဟိတံ ယေသံ အတ္တီတိ သမာဟိတာ။]စဉ်းစားဘွယ် ။ ။ဤသို့ အနုဋီကာ၌ သစ္စ, အရိယသစ္စ ဟု ၂-မျိုး ခွဲထားခြင်းသည်သစ္စဝိဘင်းပါဠိတော်နှင့် ညီပါပေ၏။ မဓုဋီကာ၌ကား သစ္စ, အရိယသစ္စ ဟု မခွဲဘဲ အရိယသစ္စ, အနရိယသစ္စ ဟုခွဲလေ၏။ ထို၌ အနရိယသစ္စာ ဟူသည် သာမညသစ္စာပင်တည်း။ သာမညသစ္စာ၌ တဏှာလောဘ စသည်တို့လည်း ပါဝင်ရကား အနရိယသစ္စာ (အရိယာအဖြစ်ကိုမပြုတတ်သောသစ္စာ) ဟု မခေါ်နိုင်။ ထို့ကြောင့် အနရိယသစ္စာ ဟူသော မဓုဋီကာအသုံးကိုစဉ်းစားပါလေ။
နာထော ။ ။ဤပုဒ်၏ အဖွင့်ကိုဤ မူလဋီကာနှင့်တကွ ဝိနည်းဋီကာတို့ ဖွင့်ပြသည့်အတိုင်း ပါရာဇိကဏ် ဘာသာဋီကာ ဗုဒ္ဓပ္ပဏာမအဖွင့်၌ ပြခဲ့ပြီ။ “သတ္တလောက၏ ကိုးကွယ်ရာဖြစ်တော်မူသော” ဟု ဤ၌ ပေးအပ်သော အနက်မှာ ဓာတ်နက် သဒ္ဒတ္ထမဟုတ်။ “နာထောတိ လောကပ္ပဋိဿရဏော” ဟူသော သာရတ္ထဋီကာအတိုင်း ပေးအပ်သော ဝေါဟာရတ္ထတည်း။ သဒ္ဒတ္ထအားကား မူလဋီကာဖွင့်သည့်အတိုင်း “ဝေနေယျ တို့၏ စီးပွါးချမ်းသာကိုတောင့်တတော်မူထသော” စသည်ဖြင့် ပေးပါ။
(ဟုတွာ၊ ဖြစ်၍။) သုဏာထ၊ နာယူလေ့ကျက် ဆောင်ရွက်မှတ်သားကြကုန်လော့။ [သု၊ ဓာတ်၏သဒ္ဒတ္ထမှာ နာယူခြင်းအနက်သာတည်း။ “လေ့ကျက်ခြင်း, မှတ်သားခြင်း,ဆောင်ရွက်ခြင်း”အနက်တို့မှာ ကောဋိပ္ပတ္တဖြစ်သော (အထွဋ်အထိပ်သို့ ရောက်သော) အတ္ထာတိသယဖြစ်သည်။ အကြောင်းနာခြင်းကိုယူသဖြင့် ထို အတ္ထာတိသယကိုလည်း ယူနိုင်ခြင်းသည် ကာရဏူပစာရတ္ထ အနက်တည်း။] (တနည်း) တသ္မာ၊ ထို့ကြောင့်။ ဝါ၊ ထိုသို့ ဝိဘင်းပါဠိတော်၏ ဖွင့်ကြောင်းဖွင့်ရာ အဋ္ဌကထာအစဉ်၏ ကောင်းစွာ ရောက်လာသည်၏အဖြစ်ကြောင့်။ ပေါရာဏဋ္ဌကထာနယံ၊ ရှေး၌ဖြစ်သော မဟာအဋ္ဌကထာနည်းကို။ ဝိဝါဟိတွာ၊ ဉာဏ်ဖြင့်သက်ရောက် မွှေနှောက်ပြီး၍။ တဿ၊ ထိုဝိဘင်းပါဠိတော်၏။ အတ္ထဝဏ္ဏနံ၊ ထိုအနက်အဖွင့်ကို။ ဝါ၊ အနက်အဓိပ္ပါယ်ကိုဖွင့်ကြောင်းဖွင့်ရာ အဋ္ဌကထာသစ်ကို။ ကရိဿာမိ၊ ပြုပေအံ့။ တံ၊ ထိုအနက်အဖွင့်ကို။ ဝါ၊ အနက်အဓိပ္ပါယ်ကိုဖွင့်ကြောင်းဖွင့်ရာ ထိုအဋ္ဌကထာသစ်ကို။ (တုမှေ၊ သောတုအပေါင်း အသင်သူတော်ကောင်းတို့သည်။) သဒ္ဓမ္မေ၊ သူတော်ကောင်းတရားတည်းဟူသော ဝိဘင်းပါဠိတော်၌။ ဂါရဝံ၊ ရိုသေလေးစားသူ၏အဖြစ်ကို။ ဝါ၊ ရိုသေလေးစားခြင်းကို။ ကတွာ၊ ပြု၍။ သမာဟိတာ၊ ကောင်းစွာ အာရုံ၌ထားအပ်သော စိတ်ရှိကြကုန်သည်။ ဝါ၊ တည်ကြည်ကြကုန်သည်။ (ဟုတွာ)။ သုဏာထ၊ ကုန်လော့။ ဣတိ၊ ဥယျောဇဉ်,ပဋိညာဉ်စသည်ကိုဆိုရာစကားရပ်အပြီးသတ်သတည်း။
[“တဿ(ဝိဘင်္ဂဿ)အတ္တဝဏ္ဏနံ ကရိဿာမိ”ဟု ပဋိညာဉ်ကိုပြပြီး၍ ယခုအခါ၌ ပဋိညာတပကရဏကိုပြလိုသောကြောင့် ပဉ္စက္ခန္ဓာ ရူပက္ခန္ဓော စသည်ကိုမိန့်။] ပဉ္စက္ခန္ဓာ ရူပက္ခန္ဓော။ ပေ။ ဝိညာဏက္ခန္ဓောတိ၊ ပဉ္စက္ခန္ဓာ ရူပက္ခန္ဓော။ ပေ။ ဝိညာဏက္ခန္ဓော အစရှိသော။ တနည်း၊ ပဉ္စက္ခန္ဓာ ရူပက္ခန္ဓော ။ ပေ။ ဝိညာဏက္ခန္ဓော အတူရှိသော။ တနည်း၊ ပဉ္စက္ခန္ဓာ ရူပက္ခန္ဓော ။ ပေ။ ဝိညာဏက္ခန္ဓောဟူသော။ပဉ္စက္ခန္ဓာ။ ပေ။ သုတ္တန္တဘာဇနိယံ နာမ ။ ။ဝိညာဏက္ခန္ဓောတိ၌ ဣတိသည် အာဒိအနက်ကိုထွန်းပြ၏။ ထို့ကြောင့် နိဿယ၌ “အစရှိသော”ဟု ပဌမနည်းပေးသည်။ (တနည်း) ဣတိသဒ္ဒါသည် ပကာရ (အတူ) အနက်ကိုထွန်းပြ၏။ ပဉ္စက္ခန္ဓာ။ ပေ။ ဝိညာဏက္ခန္ဓာနှင့် အလားတူဖြစ်သော “ခန္ဓဝိဘင်းပါဠိတော်၏ သုတ္တန္တဘာဇနီယနည်းဆိုင်ရာ စကားရပ်အားလုံး”ဟူလို။ ထို့ကြောင့် နိဿယ၌ “အတူရှိသော”ဟု ဒုတိယ တစ်နည်းပေးသည်။ ဣဒံ၊ ဤစကားရပ်သည်။ ဝိဘင်္ဂပ္ပကရဏဿ၊ ဝိဘင်းကျမ်း၏။ အာဒိဘူတေ၊ အစဖြစ်၍ဖြစ်သော။ ခန္ဓဝိဘင်္ဂေ၊ ခန္ဓဝိဘင်း၌။ သုတ္တန္တဘာဇနီယံနာမ၊ သုတ္တန္တဘာဇနီယမည်၏။တစ်နည်း ။ ။တောင်၏ အနီးအပါးကနေ၍ "ဤတောင်သည် စစ်ကိုင်းတောင်"ဟု ညွှန်ပြရာ၌ တစိတ်တပိုင်းဖြင့် စစ်ကိုင်းတောင် တစ်တန်းလုံးကိုညွှန်ပြသကဲ့သို့။ ဤ၌လည်း“ပဉ္စက္ခန္ဓာ။ ပေ။ ဝိညာဏက္ခန္ဓော”ဟူသော တစ်စိတ်ကိုညွှန်ပြခြင်းအားဖြင့် သုတ္တန္တဘာဇနီယတနည်းလုံးကိုညွှန်ပြသောကြောင့် ဝိညာဏက္ခန္ဓာတိ ၌ ဣတိသဒ္ဒါသည်နိဒဿနအနက်ဟောတည်း။ သမုဒ္ဒရာ ၄-စင်းကိုကမ်းနားကနေ၍ ဤနေရာသည် သမုဒ္ဒရာတည်းဟု ညွှန်ပြရာ၌လည်း နည်းတူ။
မှတ်ချက် ။ ။ပြအပ်ခဲ့သောအဖွင့် ၃-မျိုးကိုမူလဋီကာ၌ ဖွင့်ထား၏။ ထို ၃-မျိုးလုံး၌ပင် ဝိညာဏက္ခန္ဓောတိ ၌ ပဒတ္ထဝိပလ္လာသ ဣတိ တစ်လုံး အကျေကြံရဦးမည်။ ထိုသို့အကျေကြံမှ "ခန္ဓာ၊ ခန္ဓာတို့သည်။ ပဉ္စ- ငါးပါးတို့တည်း"ဟု ပုဒ်နက်မပေးဘဲ "ပဉ္စက္ခန္ဓာ။ ပေ။ ဝိညာဏက္ခန္ဓော"ဟု သဒ္ဒပဒတ္ထအနက် ပေးနိုင်သည်။ အနုဋီကာ၌ ထိုနည်း ၃-မျိုး အပြင် ဣတိသဒ္ဒါကိုပရိသမာပနတ္ထ ဟု တစ်နည်းပြသေး၏။
ပဒတ္ထဝိပလ္လာသ ။ ။အဘိဓာန် (၁၁၁၅) ၌ ဣတိသဒ္ဒါ၏ အနက်တို့တွင် ပဒတ္ထဝိပလ္လာသအနက်လည်း ပါ၏။ [ပဒတ္ထ၊ ပုဒ်အနက်၏+ဝိပလ္လာသ၊ ဖောက်ပြန် ပြောင်းလွှဲ၍ ဖြစ်ကြောင်းအနက်။] မူလပုဒ်အနက်အတိုင်း မပေးရဘဲ “ဗုဒ္ဓေါတိ၊ ဗုဒ္ဓေါ ဟူသည်ကား” စသည်ဖြင့် သဒ္ဒါအတိုင်းပေးရသော အနက်တည်း။
သုတ္တန္တိဘာဇနီယံ ။ ။ ဘာဇီယန္တိ ဧတ္ထ ဧတေနာတိ ဘာဇနီယံ၊ [စုရာဒိ ဘဇ-ဓာတ်အနီယ-ပစ္စည်း။] ခန္ဓာတို့ကိုအကျယ်ဝေဖန်ရာ ဝေဖန်ကြောင်းဖြစ်သော စကားရပ်။ သုတ္တန္တေန + ဘာဇနီယံ သုတ္တန္တဘာဇနီယံ- သုတ္တန်နည်းအားဖြင့် အကျယ်ဝေဖန်ရာ ဝေဖန်ကြောင်းဖြစ်သော စကားရပ်။ [ယောဇနာ၌ကား “သုတ္တန္တေ ဝုတ္တနယေန ခန္ဓာ ဘာဇီယန္တိ ဧတ္ထာတိ သုတ္တန္တဘာဇနီယံ- သုတ္တန်၌ ဟောတော်မူအပ်သောနည်းဖြင့် ခန္ဓာတို့ကိုအကျယ်ဝေဖန်ရာ ပါဠိရပ်”ဟု ဆိုထား၏။ “ဝုတ္တနယေန” အလယ်ပုဒ် အကျေကြံဟန်တူသည်။ သုတ္တန်၌ ဥဒ္ဒေသ နိဒ္ဒေသအားဖြင့်သာ ဝေဖန်သည်။ ပဋိနိဒ္ဒေသအားဖြင့် အကျယ်မဝေဖန်ပါ။ ရှေး၌လည်း တတ္ထ (သုတ္တန္တေ)သင်္ခေပေန ဝုတ္တာနံ ခန္ဓာဒီနံ ဝိဘဇနံ” စသည်ဖြင့် သုတ္တန်၌ ပဋိနိဒ္ဒေသမပါဟု ဖွင့်ပြခဲ့သည်။]
နည်း, ဥပစာ ။ ။ ဋီကာ၌ ဣတိသဒ္ဒါ၏ နိဒဿနတ္ထကိုပြရာဝယ် နိဒဿနနည်းဟု၎င်း, ပဉ္စက္ခန္ဓာ။ ပေ။ ဝိညာဏက္ခန္ဓောဟူသော တစ်စိတ်တစ်ပိုင်း၏အမည်ကိုသုတ္တန္တဘာဇနီ တရပ်လုံး၌ တင်စားထားသောကြောင့် ဧကဒေသူပစာရဟု၎င်း ယူပါ။ ဤကား ပဉ္စက္ခန္ဓာ။ ပေ။ ဝိညာဏက္ခန္ဓောတိကိုပဓာနထား၍ ယူအပ်သောနည်းတည်း။ သုတ္တန္တဘာဇနီယတစ်ရပ်လုံးကိုပဉ္စက္ခန္ဓာ။ ပေ။ ဝိညာဏက္ခန္ဓာ၌ တင်စားသောကြောင့် ဧကဒေသျူပစာရ ဟုလည်း ယူကြသည်။
တတ္ထ၊ ထိုပဉ္စက္ခန္ဓာ ရူပက္ခန္ဓော။ ပေ။ ဝိညာဏက္ခန္ဓော အစရှိသောစကားရပ်၌။ **ပဉ္စာ**တိ၊ ပဉ္စဟူသော သဒ္ဒါသည်။ ဂဏနပရိစ္ဆေဒေါ၊ အရေအတွက်အားဖြင့် ခန္ဓာတို့ကိုပိုင်းခြားကြောင်းသဒ္ဒါတည်း။
တေန၊ ထိုပဉ္စဟူသောပါဌ်ဖြင့်။ တတော၊ ထို ၅-ပါးမှ။ ဟေဋ္ဌာ၊ အောက်၌။ (ခန္ဓာ၊ ခန္ဓာတို့သည်။) န (ဟောန္တိ)၊ မရှိကုန်။ (တတော၊ မှ။) ဥဒ္ဓံ၊ အထက်၌။ (ခန္ဓာ၊ တို့သည်။) န(ဟောန္တိ)၊ ကုန်။ ဣတိ၊ ဤအနက်အဓိပ္ပါယ်ကို။ (ဘဂဝါ)။ ဒဿေတိ၊ ပြတော်မူ၏။
**ခန္ဓာ**တိ၊ ခန္ဓာဟူသောသဒ္ဒါသည်။ ပရိစ္ဆိန္နဓမ္မ နိဒဿနံ၊ ပဉ္စသဒ္ဒါဖြင့် ပိုင်းခြားအပ်ပြီးသောတရားတို့ကိုညွှန်ပြကြောင်း သဒ္ဒါတည်း။
တတြ၊ ထိုပဉ္စက္ခန္ဓာ ဟူသောပုဒ်၌။ အယံ ခန္ဓသဒ္ဒေါ၊ ဤခန္ဓသဒ္ဒါကို။ [ဤသို့ပေးလျှင် တကြနှင့် ခန္ဓသဒ္ဒေါကိုအပေါင်းအာဓာရ အစိတ်အာဓေယ်စပ်ပါ။] (တစ်နည်း) တတြ၊ ထို ပဉ္စက္ခန္ဓာ ဟူသောပုဒ်၌။ (သမဘိနိဝိဋ္ဌော၊ ကောင်းစွာအကျုံးဝင်သော။) အယံ ခန္ဓသဒ္ဒေါ၊ ကို။ ရာသိမှိ၊ အစု ဟူသောအနက်၎င်း။ (ဣတိ ၌စပ်။) ဂုဏေ၊ ဂုဏ် ဟူသောအနက်၎င်း။ ပဏ္ဏတ္တိယံ၊ နာမည်ပညတ်ဟူသော အနက်၎င်း။ ရုဠှိယံ၊ ရုဠှီအနက်၎င်း။ ဣတိ၊ ဤသို့။ သမ္ဗဟုလေသု၊ များစွာကုန်သော။ ဌာနေသု၊ ဟောရာဌာနတို့၌။ ဒိဿတိ၊ တွေ့မြင်အပ်၏။ဂဏနပရိစ္ဆေဒေါ ။ ။"ခန္ဓာတို့၏ အရေအတွက်ကိုပိုင်းခြားကြောင်း" ဟု ရှေးနိဿယ၌ ပေးလေ၏။ အရေအတွက်ကိုပိုင်းခြားသည်မဟုတ်။ ခန္ဓာတို့ကိုသာ အရေအတွက်အားဖြင့် ပိုင်းခြားခြင်း ဖြစ်သည်။ ထို့ကြောင့် နောက်၌ "ခန္ဓာတိ ပရိစ္ဆန္နဓမ္မနိဒဿနံ "ဟု ပိုင်းခြားအပ်သော ခန္ဓာတို့ကိုပြလိမ့်မည်။ "ပဉ္စသည် ခန္ဓာတို့ကိုပိုင်းခြားကြောင်းသဒ္ဒါဖြစ်၍ ခန္ဓာသည် ပိုင်းခြားအပ်သောအနက်ကိုပြသောသဒ္ဒါဖြစ်သည်" ဟုခွဲပါ။ [ခန္ဓာနံ ဂဏနေန ပရိစ္ဆေဒေါ ဂဏနပရိစ္ဆေဒေါ၊-ယောဇနာ။]
တေန။ ပေ။ ဒဿေတိ။"သဗ္ဗပဒံ သာဝဓာရဏံ" ဟူသော ပရိဘာသာနှင့်အညီ "ပဉ္စ" ဟု ဆိုလျှင် ၅-ပါးသာဟု ဧဝအနက်ကိုယူနိုင်၏။ ထို့ကြောင့် ပဉ္စသဒ္ဒါဖြင့် "ခန္ဓာ" တို့သည် ၅-ပါးအောက်လည်း မလျော့။ ၅-ပါးထက်လည်းမပို" ဟု ပြနိုင်သည်။ (တစ်နည်း) "၅-ပါး" ဟု ဆိုလျှင် "၄-ပါး,၆-ပါးမဟုတ်" ဟူသောအနက်ကိုအညတ္ထာပေါဟနနည်းအားဖြင့် ပယ်နိုင်၏။ ထို့ကြောင့် "တေန။ပေ။ဒဿေတိ"ဟု မိန့်သည်။ [အညတ္ထ- တပါးသောအနက်ကို+အပဦဟန- ပယ်ရှားကြောင်းနည်း။ သဒ္ဒတ္ထဘေဒစိန္တာ ၁ဝ၂-ဂါထာကိုကြည့်ပါ။ (တစ်နည်း) ၅-ပါးဟု တိုက်ရိုက်ဆိုသဖြင့် ပဉ္စ၌ ၄-ပါးမဟုတ် ၆-ပါးမဟုတ်သော စသောအနက်ကိုပြစွမ်းနိုင်သော သာမတ္တိယရှိ၏။ ထို သာမတ္ထိယတ္ထအားဖြင့် ၄-ပါး, ၆-ပါးမဟုတ်ဟူသောအနက်ကိုပဉ္စသဒ္ဒါက ပြစွမ်းနိုင်သည်။
ရုဠှိယန္တိ။ ။ဣတိ၌စပ်လျှင် "၌၎င်း" စသည်ဖြင့် ဝိဘတ်နက်မပေးရ။– "၌ "ဟု ပေးဖို့ရန် စပ်ပုဒ်အာဓေယ်မရှိ။ ထို့ကြောင့် ဝိဘတ်တို့ကိုလိင်္ဂတ္ထအနက်ဟောဟု ကြံ၍ "ရာသိမှိ၊ အစုဟူသောအနက်၎င်း" ဟုသာ သရုပ်ပေါ်ရုံပေးရသည်။ "၌"ဟု ပေးလိုလျှင် "သမ္ဗဟုလေသု၊ ကုန်သော။ ဣတိ(ဣမေသု ဌာနေသု)" ဟု တွဲ၍ပေးရသည်။
ဟိ၊ ချဲ့။ သေယျထာပိ ဘိက္ခဝေ။ ပေ။ သင်္ချံ ဂစ္ဆတီတိ အာဒီသု၊ သေယျထာပိ ဘိက္ခဝေ။ ပေ။ သင်္ချံ ဂစ္ဆတိ အစရှိသော ပါဠိရပ်တို့၌။ ရာသိတော၊ အစု ဟူသောအနက်ကြောင့်။ (တစ်နည်း) ရာသိတော၊ အစုဟူသော အနက်၌။ ခန္ဓောနာမ၊ ခန္ဓမည်၏။ [ဘိက္ခဝေ၊ ဘိက္ခုတို့။ သေယျထာပိ၊ ဥပမာမည်သည်ကား။ မဟာသမုဒ္ဓေ၊ မဟာသမုဒ္ဒရာ၌။ ဧတ္တကာနိ၊ ဤမျှအတိုင်းအရှည်ရှိကုန်သော။ ဥဒကာဠှကာနိ၊ ရေပြည်တို့သည်။ ["အာဠှက၊ ကွမ်းစား" ဟုလည်း အနက်ပေးကြ၏။] (တစ်နည်း) ဧတ္တကာနိ ဥဒကာဠှကာနိ၊ ရေပြည်ပေါင်း ဤရွေ့ဤမျှတို့သည်။ (ဟောန္တိ၊ ရှိကုန်၏။) ဣတိဝါ၊ ဤသို့သော်၎င်း။ ဧတ္တကာနိ၊ န်သော။ ဥဒကာဠှကသတာနိ၊ ရေပြည်ပေါင်းအရာတို့သည်။ (တစ်နည်း) ဧတ္တကာနိ ဥဒကာဠှကသတာနိ၊ ရေပြည်အရာပေါင်း ဤရွေ့ဤမျှတို့သည်။ (ဟောန္တိ)။ ဣတိဝါ၊ ဤသို့သော်၎င်း။ ဧတ္တကာနိ၊ န်သော။ ဥဒကာဠှကသဟဿာနိ၊ ရေပြည်ပေါင်း အထောင်တို့သည်။ (တစ်နည်း) ဧတ္တကာနိ ဥဒကာဠှကသဟဿာနိ၊ ရေပြည်အထောင်ပေါင်း ဤရွှေ့ဤမျှတို့သည်။ (ဟောန္တိ)။ ဣတိဝါ၊ ၎င်း။ ဧတ္တကာနိ၊ ကုန်သော။ ဥဒကာဠှကသတသဟဿာနိ၊ ရေပြည်ပေါင်းအသိန်း တို့သည်။ (တစ်နည်း) ဧတ္တကာနိ ဥဒကာဠှက သတသဟဿာနိ၊ ရေပြည်အသိန်းပေါင်း ဤရွေ့ဤမျှတို့သည်။ (ဟောန္တိ)။ ဣတိဝါ၊ ၎င်း။ ဥဒကဿ၊ ရေ၏။ ပမာဏံ၊ အတိုင်းအရှည်ကို။ ဂဟေတုံ၊ ယူခြင်းငှါ။ န သုကရံ၊ လွယ်ကူစွာမပြုအပ်။ ဝါ၊ မလွယ်ကူ။ အထခေါ၊ စင်စစ်ကား။ အသင်္ချေယျော၊ မရေတွက်အပ် မရေတွက်နိုင်သော။ အပ္ပမေယျော၊ မချင့်အပ် မချင့်နိုင်သော။ မဟာဥဒကက္ခန္ဓောတွေဝ၊ ကြီးစွာသော ရေအစုဟူ၍သာ။ သင်္ချံ၊ ခေါ်ဝေါ်အပ်သည်၏ အဖြစ်သို့။ ဂစ္ဆတိ၊ ရောက်၏။]
ဟိ၊ မှန်၏။ ပရိတ္တကံ၊ အနည်းငယ်သော။ ဥဒကံ၊ ရေကို။ ဥဒကက္ခန္ဓောတိ၊ ရေအစု ဟူ၍။ န ဝုစ္စတိ၊ မဆိုအပ်။ ဗဟုကမေဝ၊ များစွာသာလျှင် ဖြစ်သော။ (ဥဒကံ၊ ကို။ ဥဒကက္ခန္ဓောတိ၊ ဟူ၍။) ဝုစ္စတိ၊ ဆိုအပ်၏။
တထာ၊ ထို့အတူ။ ပရိတ္တကော၊ သော။ ရဇော၊ မြူမှုန်ကို။ ရဇက္ခန္ဓော(တိ)၊ မြူမှုန်အစုဟူ၍။ န (ဝုစ္စတိ)၊ အပ်။ အပ္ပမတ္တကာ၊ နည်းသောအတိုင်းအရှည်ရှိကုန်သော။ ဂါဝေါ၊ နွားတို့ကို။ ဂဝက္ခန္ဓော(တိ)၊ နွားအစု ဟူ၍။ န(ဝုစ္စတိ)၊ အပ်။ အပ္ပမတ္တကံ၊ သော။ ဗလံ၊ ဗိုလ်ပါကို။ ဗလက္ခန္ဓော(တိ)၊ ဗိုလ်ပါအစုဟူ၍။ န(ဝုစ္စတိ)၊ အပ်။ အပမတ္တကံ၊ သော။ရာသိတော ခန္ဓာနာမ ။ ။ရာသိတောသည် ခန္ဓသဒ္ဒါ၏ သဒ္ဒပဝတ္တိနိမိတ် အနက်ဖြစ်သောကြောင့် ပဉ္စမီ တော-ပစ္စည်းကိုဟိတ်အနက်ဟောဟု ကြံပါ။ [ရာသိတော ဂုဏတောတိ သဗ္ဗတ္ထ နိသက္ကဝစနံ ဝိသယဿေဝ ခန္ဓသဒ္ဒပဝတ္တိယာ ကာရဏဘာဝံ သန္ဓာယကတံတိ ဝေဒိတဗ္ဗံ၊-နောက်၌ဖွင့်လတ္တံ့သော မူလဋီကာ။] အနုဋီကာ၌ကား "ရာသိတောဂုဏတောတိ သဗ္ဗတ္ထ ဘုမ္မတ္ထေ ဝါ နိသက္ကဝစနံ ဒဋ္ဌဗ္ဗံ"ဟု မူလဋီကာမှတစ်နည်းဖွင့်သေး၏။ ထိုအလို တော-ပစ္စည်းကိုဝိသယာဓာရ အနက်၌ သက်ပါစေ။ ပုညံ၊ ကောင်းမှုကို။ ပုညက္ခန္ဓောတိ၊ ကောင်းမှုအစုဟူ၍။ န ဝုစ္စတိ၊ အပ်။
[ဗဟုကမေဝ ဟိ"၌ ဟိ ပိုဟန်တူသည်။ ရှေးနိဿယ၌ "ဟိ၊ မှန်၏" ဟု ပေး၏။] ဗဟုကမေဝ၊ များစွာသာလျှင်ဖြစ်သော။ [ရဇောသဒ္ဒါသည် မနောဂဏာဒိဂိုဏ်း ပုံလိန် နပုံလိန်ရှိသောကြောင့် "ဗဟုကမေဝ" လည်းသင့်သည်။] ရဇော၊ မြူမှုန်ကို။ ရဇက္ခန္ဓော(တိ)၊ မြူမှုန်အစု ဟူ၍။ (ဝုစ္စတိ၊ ၏။) ဗဟုကာဝ၊ န်သော။ ဂဝါဒယော၊ နွား အစရှိသည်တို့ကို။ ဂဝက္ခန္ဓော(တိ)၊ နွားအစု ဟူ၍၎င်း။ ဗလက္ခန္ဓော(တိ)၊ ဗိုလ်ပါအစု ဟူ၍၎င်း။ ပုညက္ခန္ဓောတိ၊ ကောင်းမှုအစု ဟူ၍၎င်း။ ဝုစ္စန္တိ၊ န်၏။
ပန၊ အဖို့တစ်ပါးကား။ [ရာသိအနက်ဟော ပြယုဂ်မှတစ်ပါး ဂုဏအနက်ဟော ပြယုဂ်ကား။] သီလက္ခန္ဓော သမာဓိက္ခန္ဓောတိ အာဒီသု၊ သီလက္ခန္ဓော သမာဓိက္ခန္ဓော အစရှိသောပါဠိရပ်တို့၌။ ဂုဏတော၊ ဂုဏ်ဟူသော အနက်ကြောင့်။ (တစ်နည်း) ဂုဏတော၊ ဂုဏ်ဟူသောအနက်၌။ ခန္ဓော နာမ၊ ခန္ဓမည်၏။ [သီလက္ခန္ဓော၊ သီလဂုဏ်။ သမာဓိက္ခန္ဓော၊ သမာဓိဂုဏ်။]
အဒ္ဒသာ ခေါ ဘဂဝါ။ ပေ။ သောတေန ဝုယှမာနံတိ ဧတ္ထ၊ အဒ္ဒသာ ခေါ ဘဂဝါ။ ပေ။ သောတေန ဝုယှမာနံ ဟူသော ဤပါဠိရပ်၌။ ပဏ္ဏတ္တိတော၊ သစ်တုံးဟူသော ပညတ်အနက်ကြောင့်။ (တစ်နည်း) ပဏ္ဏတ္တိတော၊ သစ်တုံး ဟူသော ပညတ်အနက်၌။ ခန္ဓော နာမ၊ ခန္ဓမည်၏။ [ဘဂဝါ၊ မြတ်စွာဘုရားသည်။ မဟန္တံ၊ ကြီးစွာသော။ ဒါရုက္ခန္ဓံ၊ သစ်တုံးကို။ ဂင်္ဂါယ၊ ဂင်္ဂါမည်သော။ နဒိယာ၊ မြစ်၌။ ဝါ၊ ၏။ သောတေန၊ ရေအယဉ်သည်။ ဝုယှမာနံ၊ ဆောင်ယူအပ်သည်ကို။ ဝါ၊ မျှောအပ်သည်ကို။ [ဝဟ-ဓာတ် ယ-ပစ္စည်း မာန-ပစ္စည်း။] (တစ်နည်း) သောတေန၊ ကြောင့်။ ဝုယှမာနံ၊ မျောလာသည်ကို။ အဒ္ဒသာ၊ မြင်တော်မူရပြီ။]သီလက္ခန္ဓော ။ ။"ဂုဏတော"ဟု ဆိုသောကြောင့် "ဂုဏ်" ဟူသော အနက်ကိုသာပေးလိုက်ရသည်။ မူလဋီကာ၌ကား "သီလာဒိဂုဏဝိသိဋ္ဌံ ရာသဋ္ဌံ ဒီပေတိ"ဟု ဆိုသောကြောင့် "သီလက္ခန္ဓော၊ သီလဂုဏ်အစု"ဟု ပေးရလိမ့်မည်။ ထို အစုဟူသည် လောကီသီလဂုဏ်, လောကုတ္တရာသီလဂုဏ်ဟူသော ဂုဏ် ၂-မျိုးအစုတည်း။ သမာဓိက္ခန္ဓ, ပညာက္ခန္ဓတို့၌လည်း နည်းတူ။
မှတ်ချက် ။ ။ဂုဏ အနက်ပေးရာ၌ ရှေးဆရာတို့က "ဂုဏ်ကျေးဇူး"ဟု ကျေးဇူး အနက်ပါ ထည့်၍ ပေးကြ၏။ "သီလက္ခန္ဓ စသည့်ကျေးဇူးဂုဏ်အထူး" ဟုလည်း စပ်ဆိုကြ၏။ "ကျေးဇူး"ဟူသောအနက်ကိုဂုဏသဒ္ဒါက မဟော၊ ဥပကာရ သဒ္ဒါကသာ ဟော၏။ ထို့ကြောင့် "ဂုဏ်နှင့် ကျေးဇူးကိုသဘောတူထား၍ မသုံးစွဲသင့်"ဟု မှတ်ပါ။ ဥပမာ-သီလလည်း မရှိ လောကီဂုဏ်လည်း မရှိသော မိဘအချို့သည် သားသမီးတို့အပေါ်၌ မွေး,ကျွေးဘူးသော ကျေးဇူးသာ ရှိရကား "မာတာပိတုဂုဏော အနန္တော" ဟု မပြောနိုင်သကဲ့သို့တည်း။ ထိုကျေးဇူးတို့ကိုကား "ဗဟူပကာရာ ဘိက္ခဝေ မာတာပိတရော ပုတ္တာနံ"ဟု ဥပကာရ သဒ္ဒါဖြင့် သုံးစွဲပါသည်။
ယံ စိတ္တံ မနော မာနသံ။ ပေ။ ဝိညာဏံ ဝိညာဏက္ခန္ဓောတိ အာဒီသု၊ ယံ စိတ္တံ မနော မာနသံ။ ပေ။ ဝိညာဏံ ဝိညာဏက္ခန္ဓော အစရှိသော ပါဠိရပ်တို့၌။ ရုဠှိတော၊ ရုဠှိဟူသော အနက်ကြောင့်။ (တစ်နည်း) ရုဠှိတော၊ ရုဠှီဟူသော အနက်၌။ ခန္ဓောနာမ၊ ခန္ဓမည်၏။
[ယံ၊ အကြင်သဘောတရားသည်။ စိတ္တံ၊ အာရုံကိုသိတတ်သောကြောင့် စိတ်မည်၏။ မနော၊ အာရုံကိုနှိုင်းချင့်လျက် သိတတ်သောကြောင့် မနမည်၏။ မာနသံ၊ အာရုံကိုနှိုင်းချင့်လျက် သိတတ်သောကြောင့် မာနသမည်၏။ ပေ။ ဝိညာဏံ၊ သညာ ပညာတို့သိပ္ပံမှ တစ်မျိုးတစ်ဖုံ သိတတ်သောကြောင့် ဝိညာဏမည်၏။ ဝိညာဏက္ခန္ဓော၊ ဝိညာဏက္ခန္ဓာ မည်၏။]
သွာယံ (သော+အယံ)၊ ထိုကဲ့သို့ အနက်အမျိုးမျိုးရှိသော ဤခန္ဓသဒ္ဒါကို။ [သောဖြင့် အနက်အမျိုးမျိုးဟောပုံကိုညွှန်ပြသည်။] ဣဓ၊ ဤပဉ္စက္ခန္ဓာဟူသောပါဌ်၌။ ရာသိတော၊ အစုဟူသော အနက်၌။ အဓိပ္ပေတော၊ အပ်၏။
ဟိ၊ မှန်၏။ (တစ်နည်း) ဟိ (ယသ္မာ)၊ အကြင့်ကြောင့်။ အယံ ခန္ဓဋ္ဌော နာမ၊ ဤခန္ဓသဒ္ဒါ၏ အနက်မည်သည်။ ပိဏ္ဍဋ္ဌော၊ အပေါင်းဟူသောအနက်တည်း။ ပူဂဋ္ဌော၊ အသင်းအပင်းဟူသော အနက်တည်း။ [အသင်းအပင်း ဟူသည်လည်း ပေါင်းထားအပ်သော လူစုပင်တည်း။]ဝိညာဏက္ခန္ဓော ။ ။ဤ "ယံ စိတ္တံ။ပေ။ ဝိညာဏံ ဝိညာဏက္ခန္ဓော" ဟူသော ပါဠိ သည် "ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ"စသည်ဖြင့် ပဌမ မဟာကုသိုလ်စိတ် ဥပါဒ်သောအခါဖြစ်ကြသော စိတ်,စေတသိက်တို့ကိုပြရာတွင် ပါဝင်သော ပါဠိတည်း။ ထို့ကြောင့် ဤဝိညာဏ်သည် ဥပါဒ်ဆဲ ပစ္စုပ္ပန်ဝိညာဏ် ၁-ပါးသာတည်း။ အတိတ် အနာဂတ် ပစ္စုပ္ပန်တို့ကိုပေါင်း၍ထားသော ဝိညာဏက္ခန္ဓာ မဟုတ်။ သို့သော် အတိတ် အနာဂတ် ပစ္စုပ္ပန်တို့ကိုပေါင်းသောအခါတုန်းက ရအပ်သော ခန္ဓအမည်ကိုအစိတ်ဖြစ်သော ပစ္စုပ္ပန် ဝိညာဏ်တပါး၌ တင်စား၍ ဧကဒေသျူပစာရအားဖြင့် "ဝိညာဏက္ခန္ဓ"ဟု ဟောတော်မူသည်။ ဤသို့ ဥပစာရတင်စား၍ ရအပ်သော အတင်ရုဠှီကိုပင် "ရဠှိယံ"ဟု အဋ္ဌကထာဆိုသည်။ [သမုဒါယေ ပန ပဝတ္တော နိရုဠှော ခန္ဓသဒ္ဒေါတဒေကဒေသေ ပဝတ္တမာနော တာယ ဧဝ ရုဠှိယာ ပဝတ္တတိ၊-မူလဋီကာ။]
အနုဋီကာ ။ ။ဂစ္ဆန္တိတိ ဂါဝေါ၊ သွားခြင်းကြိယာကိုအကြောင်း သဒ္ဒပဝတ္တိနိမိတ် ပြု၍ "ဂေါ"ဟု အမည်ရသော နွားအုပ်တစ်စုသည် မသွားဘဲ အိပ်နေ (ဝပ်နေ)ခိုက်၌ "ဂေါ" ဟူသော သဒ္ဒါ၏ ပဝတ္တိနိမိတ်ဖြစ်သော သွားခြင်းကြိယာ မရှိပါသော်လည်း "ဂေါ"ဟူသော နာမည် မပျက်။ အတွင်းရဠှီအားဖြင့် ဂေါနာမည် ရမြဲ ရသကဲ့သို့ အပေါင်းအစုဖြစ်တုန်းက "ဝိညာဏက္ခန္ဓ"ဟု ရအပ်ပြီးသော နာမည်သည် အပေါင်းအစုမဟုတ်သော အခါ၌လည်း ရမြဲရနေသော အတွင်ရဠှီသဒ္ဒါဖြစ်သည်။ ဤသို့ တစ်နည်းဆိုသေး၏။ နည်းအားဖြင့် ဘူတပုဗ္ဗဂတိက နည်းတည်း။ ပစ္စုပ္ပန် ဝေဒနာတခု သညာတခု စသည်ကို"ဝေဒနာက္ခန္ဓ သညာက္ခန္ဓ"ဟု ဟောတော်မူရာ၌လည်း နည်းတူ။
ဝေဒနာဒီသုပေကသ္မိံ၊ ခန္ဓသဒ္ဒေါ တု ရုဠှိယာ။ သမုဒ္ဒါဒေကဒေသေသု၊ သမုဒ္ဒါဒိ ရဝေါ ယထာ။ (သစ္စသံခိပ်)။
ဃဋဋ္ဌော၊ အဆက်အစပ် ဟူသော အနက်တည်း။ [အဆက်အစပ် ဟူသည်လည်း ပေါင်းထားအပ်သော အစုပင်တည်း။] ရာသဋ္ဌော၊ အစုဟူသောအနက်တည်း။
တသ္မာ၊ ကြောင့်။ ခန္ဓာ၊ ခန္ဓာတို့သည်။ ရာသိလက္ခဏာ၊ အစု၏အဖြစ် ဟူသော မှတ်ကြောင်းလက္ခဏာရှိကုန်၏။ ဣတိ၊ ဤသို့။ ဝေဒိတဗ္ဗာ၊ သိထိုက်ကုန်၏။ (အယံ ခန္ဓဋ္ဌော နာမ၊ မည်သည်။)
ကောဋ္ဌာသဋ္ဌော၊ အဖို့ဟူသော အနက်တည်း။ ဣတိပိ၊ ဤသို့လည်း။ ဝတ္တုံ၊ ဆိုခြင်းငှါ။ ဝဋ္ဋတိ၊ သင့်၏။ ဟိ၊ မှန်၏။ (တစ်နည်း) (ကသ္မာ၊ ကြောင့်။ အယံ ခန္ဓဋ္ဌောနာမ၊ မည်သည်။ ကောဋ္ဌာသဋ္ဌော၊ အနက်။ ဣတိပိ၊ လည်း။ ဝတ္တုံ၊ ငှါ။ ဝဋ္ဋတိ၊ ၏။ ဣတိ၊ သို့။ ဝိညာယတိ၊ နည်း။) ဟိ(ယသ္မာ)၊ အကြင့်ကြောင့်။ လောကသ္မိံ၊ လောက၌။ ဣဏံ၊ ကြွေးမြီကို။ ဂဟေတွာ၊ ယူပြီး၍။ စောဒိယမာနာ၊ စောဒနာအပ်ကုန်လသော်။ ဝါ၊ တောင်းအပ်ကုန်လသော်။ ဒွီဟိ ခန္ဓေဟိ၊ ၂ဖို့တို့ဖြင့်။ ဒဿာမ၊ ပေးပါကုန်အံ့။ တီဟိ ခန္ဓေဟိ၊ ၃ ဖို့တို့ဖြင့်။ ဒဿာမ၊ န်အံ့။ ["ယခုဆိုင်းပါဦး" ဟူလို။] ဣတိ၊ သို့။ ဝဒန္တိ၊ ဆိုကြကုန်၏။
(တသ္မာ၊ ထို့ကြောင့်။ အယံ ခန္ဓဋ္ဌော နာမ၊ မည်သည်။ ကောဋ္ဌာသဋ္ဌော၊ တည်း။ ဣတိပိ၊ လည်း။ ဝတ္တုံ၊ ငှါ။ ဝဋ္ဋတိ၊ ၏။ ဣတိ၊ သို့။ ဝိညာယတိ၊ သိအပ်၏။) [ဤသို့ အနက်ပေးရာ၌ "လောကသ္မိဉှိစသော ဝါကျကိုဉာပကဟေတုဝါကျ, ရှေးဝါကျကိုဉာပေတဗ္ဗဖလဝါကျ" ဟု ခွဲရသည်။] ဣတိ၊ ထို့ကြောင့်။ (ထိုသို့ ခန္ဓသဒ္ဒါ၏ အနက်၏ ကောဋ္ဌာသ အနက်လည်းဖြစ်သင့်၏ဟု သိနိုင်သည်၏အဖြစ်ကြောင့်။) ခန္ဓာ၊ တို့သည်။ ကောဋ္ဌာသလက္ခဏာ၊ အဖို့၏အဖြစ်ဟူသောမှတ်ကြောင်းလက္ခဏာ ရှိကုန်၏။ ဣတိပိ၊ လည်း။ ဝတ္တုံ၊ ငှါ။ ဝဋ္ဋတိ၊ ၏။
ဧဝံ၊ ဤသို့လျှင်။ ဧတ္ထ၊ ဤပဉ္စက္ခန္ဓာ ရူပက္ခန္ဓော။ ပေ။ ဝိညာဏက္ခန္ဓောဟူသော ပါဌ်၌။ **ရူပက္ခန္ဓော**တိ၊ ရူပက္ခန္ဓောဟူသည်။ ရူပရာသိ၊ အတိတ် အနာဂတ် အစရှိသော ရုပ်တို့၏အစု။ ရူပကောဋ္ဌာသော၊ အတိတ် အနာဂတ်အစရှိသောရုပ်တို့၏အဖို့။ကောဋ္ဌာသဋ္ဌော ။ ။"အံသော ခန္ဓေ စ ကောဋ္ဌာသေ"ဟု အဘိဓာန် (၁၁ဝ၂) နံပါတ်၌ ဆိုသောကြောင့် ကောဋ္ဌာသ သဒ္ဒါသည် အံသ သဒ္ဒါ၏ ပရိယာယ်တည်း။ (တစ်နည်း) ကောဋ္ဌ သဒ္ဒါသည် သရီရဝါစက တည်း။ ထိုကိုယ်၏ အစိတ်အပိုင်းကို"ကောဋ္ဌ+အံသ(ကောဋ္ဌာသ)"ဟု ခေါ်၏။ ထို့ကြောင့် ဆံပင်, မွေးညှင်း စသည်ကို"၃၂-ကောဋ္ဌာသ"ဟု ပြောရိုးပြုကြသည်။ ကိုယ်၏ အစိတ်အပိုင်းကဲ့သို့ အစိတ်အပိုင်းဟူသမျှကိုလည်း သဒိသူပစာရ၊ တစ်နည်း ဥပမာတဒ္ဓိတ်ဆင့်၍ "ကောဋ္ဌာသ"ဟုပင်ခေါ်နိုင်သည်။ ဤအလို "ကောဋ္ဌာသဋ္ဌော၊ အစိတ်အပိုင်း ဟူသောအနက်"ဟု ပေးပါ။ သာဓကကိုအဋ္ဌသာလိနီ ရူပကဏ္ဍ မူလဋီကာ၌ ကြည့်ပါ။ ဝါ၊ ခန္ဓာ ၅-ပါးတွင် တစ်စိတ်တစ်ပိုင်းဖြစ်သောရုပ်။ **ဝေဒနာက္ခန္ဓော**တိ၊ ကား။ ဝေဒနာရာသိ၊ အတိတ် အနာဂတ် အစရှိသော ဝေဒနာတို့၏အစု။ ဝေဒနာကောဋ္ဌာသော၊ အတိတ် အနာဂတ် အစရှိသော ဝေဒနာတို့၏အဖို့။ ဝါ၊ ခန္ဓာ ၅-ပါးတွင် တစ်စိတ်တစ်ပိုင်းဖြစ်သော ဂဝဒနာ။ ဣတိ ဣမိနာ နယေန၊ ဤနည်းဖြင့်။ သညာက္ခန္ဓာဒီနံ၊ သညာက္ခန္ဓ အစရှိသည်တို့၏။ အတ္ထော၊ အနက်ကို။ (သောတူဟိ၊ နာယူလေ့ကျက် ဆောင်ရွက်မှတ်သားစာသင်သားတို့သည်။) ဝေဒိတဗ္ဗော၊ သိထိုက်၏။
ဧတ္တာဝတာ၊ ဤမျှအတိုင်းအရှည်ရှိသော ဥဒ္ဒေသမျှဖြင့်။ (ပဉ္စက္ခန္ဓာ ရူပက္ခန္ဓော။ ပေ။ ဝိညာဏက္ခန္ဓော ဟူသော ဥဒ္ဒေသမျှဖြင့်။ ဒဿေသိ ကြိယာပုဒ်တို့၌စပ်။) သမ္မာသမ္ဗုဒ္ဓေါ၊ မဖောက်မပြန် အမှန်ကိုယ်တိုင် အလုံးစုံသောတရားတို့ကိုသိတော်မူပြီးသော မြတ်စွာဘုရားသည်။ စတ္တာရော စ မဟာဘူတာ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပန္တိ၊ စတ္တာရော စ မဟာဘူတာ စတုန္နဉ္စ မဟာ ဘူတာနံ ဥပါဒါယရူပံ ဟူ၍။ (ဣတိသဒ္ဒါ နိဒဿနတ္တ၊ ဝိဘတ္တော ၌ စပ်ပါ။) အတီတာ နာဂတ ပစ္စုပ္ပန္နာဒီသု၊ အတိတ် အနာဂတ် ပစ္စုပ္ပန် အစရှိကုန်သော။ ဧကာဒသသု၊ ၁၁-ပါးကုန်သော။ ဩကာသေသု၊ ဝေဖန်ခြင်း၏ တည်ရာဌာနတို့၌။ ဝိဘတ္တော၊ ဝေဖန်တော်မူအပ်သော။ (ဧဝံ, ပဘေဒေါ, ရူပရာသိ ၌စပ်။) ပဉ္စဝီသတိ၊ ၂၅-ပါးသော။ ရူပကောဋ္ဌာသာ၊ ရုပ်တို့၏ အဖို့တို့သည်။ (ဟောန္တိ၊ ရှိကုန်၏။) ဣတိစ၊ သို့၎င်း။ ဆန္နဝုတိ၊ ၉၆-ပါးသော။ ရူပကောဋ္ဌာသာ၊ တို့သည်။ (ဟောန္တိ)။ ဣတိစ၊ ၎င်း။ ဧဝံ ပဘေဒေါ၊ ဤသို့ အပြားရှိသော။ ယွာယံ (ယော+အယံ)ရူပရာသိ၊ အကြင်သို့သော ဤရုပ်အစုသည်။ (အတ္ထိ၊ ရှိ၏။) တံသဗ္ဗံ၊ ထိုအလုံးစုံသောရုပ်အစုကို။ ပရိပိဏ္ဍေတွာ၊ ထက်ဝန်းကျင် ပေါင်းတော်မူ၍။ ရူပက္ခန္ဓော နာမာတိ၊ ရူပက္ခန္ဓမည်၏ဟူ၍။ ဒဿေသိ၊ ပြတော်မူပြီ။ [ပဉ္စဝီသတိ ရူပကောဋ္ဌာသ, ဆန္နဝုတိ ရူပကောဋ္ဌာသတို့ကိုအဋ္ဌသာလိနီ ရူပကဏ္ဍ မူလဋီကာ၌ ပြခဲ့ပြီ။]
ပန၊ ကား။ သုခါဝေဒနာ ဒုက္ခာဝေဒနာ အဒုက္ခမသုခါဝေဒနာတိ၊ သုခါ ။ ပေ။ ဝေဒနာဟူ၍။ ဧကာဒသသု၊ ကုန်သော။ တေသုယေဝ ဩကာသေသု၊ ထိုဝေဖန်ခြင်း၏ တည်ရာဌာနတို့၌ပင်။ ဝိဘတ္တော၊ သော။ ယော အယံ စတုဘူမိက ဝေဒနာရာသိ၊ အကြင်သို့သော ဤစတုဘူမိက ဝေဒနာအစုသည်။ (အတ္ထိ၊ ၏။) တံသဗ္ဗံ၊ ထိုအလုံးစုံသော စတုဘူမိကဝေဒနာအစုကို။ ပရိပိဏ္ဍေတွာ၊ ၍။ ဝေဒနာက္ခန္ဓော နာမာတိ၊ ဟူ၍။ ဒဿေသိ၊ ပြီ။
ပန၊ အဖို့တစ်ပါးကား။ စက္ခုသမ္ဖဿဇာသညာ။ ပေ။ မနောသမ္ဖဿဇာသညာတိ၊ ဟူ၍။ ဧကာဒသသု၊ န်သော။ တေသုယေဝ ဩကာသေသု၊ တို့၌ပင်။ ဝိဘတ္တော၊ သော။ ယော အယံ စတုဘူမိက သညာရာသိ၊ သည်။ (အတ္ထိ)။ တံသဗ္ဗံ၊ ကို။ ပရိပိဏ္ဍေတွာ၊ ၍။ သညာက္ခန္ဓောနာမာတိ၊ ဟူ၍။ ဒဿေသိ၊ ပြီ။
ပန၊ ကား။ စက္ခုသမ္ဖဿဇာ စေတနာ။ ပေ။ မနောသမ္ဖဿဇာ စေတနာတိ၊ ဟူ၍။ ဧကာဒသသု၊ န်သော။ တေသုယေဝဩကာသေသု၊ တို့၌ပင်။ ဝိဘတ္တော၊ သော။ ယော အယံ စတုဘူမိက စေတနာရာသိ၊ သည်။ (အတ္ထိ)။ တံ သဗ္ဗံ၊ ကို။ ပရိပိဏ္ဍေတွာ၊ ၍။ သင်္ခါရက္ခန္ဓောနာမာတိ၊ ဟူ၍။ ဒဿေသိ၊ ပြီ။ [စေတနာကိုသင်္ခါရက္ခန္ဓာအမည်ဖြင့် ခေါ်ရပုံကိုသင်္ဂြိုဟ်ဘာသာဋီကာ သဗ္ဗသင်္ဂဟအဖွင့်၌ ပြထားပြီ။]
ပန၊ ကား။ စက္ခုဝိညာဏံ, သောတ, ဃာန, ဇိဝှါ, ကာယဝိညာဏံ, မနောဓာတု, မနောဝိညာဏဓာတူတိ၊ ဟူ၍။ ဧကာဒသသု၊ န်သော။ တေသုယေဝ ဩကာသေသု၊ တို့၌ပင်။ ဝိဘတ္တော၊ သော။ ယော အယံ စတုဘူမိကစိတ္တရာသိ၊ သည်။ (အတ္ထိ)။ တံသဗ္ဗံ၊ ကို။ ပရိပိဏ္ဍေတွာ၊ ၍။ ဝိညာဏက္ခန္ဓောနာမာတိ၊ ဟူ၍။ ဒဿေသိ၊ ပြီ။ [ဤ၌ "မနောဓာတု မနောဝိညာဏဓာတုဟု ၂-ပါးခွဲ၍ ဆိုထားသော်လည်း ထို ၂-ပါးကိုပါဠိတော်၌ " မနောဝိညာဏံဟု တစ်ပါးတည်း ဟောတော်မူထား၏။ ထို့ကြောင့် ဤနေရာ၌ အဋ္ဌကထာဆိုပုံ၏ပါဠိတော်နှင့် မတူခြင်း၏အကြောင်းကိုမူလဋီကာ၌ ပြလိမ့်မည်။]
အပိစ၊ သည်သာမကသေး။ ဧတ္ထ၊ ဤ ခန္ဓနိဒ္ဒေသ၌။ သဗ္ဗမ္ပိ၊ အလုံးစုံလည်းဖြစ်သော။ စတုသမုဋ္ဌာနိကံ၊ ၄-ပါးသော ဖြစ်ကြောင်းရှိသော။ ရူပံ၊ ရုပ်သည်။ ရူပက္ခန္ဓော၊ ရူပက္ခန္ဓာမည်၏။ ကာမာဝစရ အဋ္ဌကုသလစိတ္တာဒီဟိ၊ ကာမာဝစရဖြစ်သော ရှစ်ပါးသော ကုသိုလ်စိတ် အစရှိကုန်သော။ [ဓမ္မသင်္ဂဏီပါဠိတော်၌ " ကတမေ ဓမ္မာ ကုသလာ" စသည်ဖြင့် ကာမာဝစရကုသိုလ်စိတ်မှ စသောကြောင့် "ကာမာဝစရ အဋ္ဌ ကုသလစိတ္တာဒီဟိ" ဟု မိန့်သည်။] ဧကူန နဝုတိ စိတ္တေဟိ၊ တစ်ခုယုတ် ကိုးဆယ်သော စိတ်တို့နှင့်။ သဟဇာတာ၊ န်သော။ ဝေဒနာ၊ ဝေဒနာတို့သည်။ ဝေဒနာက္ခန္ဓော၊ မည်၏။ (ကာမာဝစရအဋ္ဌ ကုသလစိတ္တာဒီဟိ၊ န်သော။ ဧကူန နဝုတိ စိတ္တေဟိ၊ တို့နှင့်။ သဟဇာတာ၊ န်သော။) သညာ၊ တို့သည်။ သညာက္ခန္ဓော၊ မည်၏။ (ကာမာဝစရ အဋ္ဌကုသလစိတ္တာဒီဟိ၊ န်သော။ ဧကူန နဝုတိ စိတ္တေဟိ၊ တို့နှင့်။ သဟဇာတာ၊ န်သော။) ဖဿာဒယော၊ ဖဿအစရှိကုန်သော။ ဓမ္မာ၊ ၅ဝ-သော စေတသိက်တရားတို့သည်။ သင်္ခါရက္ခန္ဓော၊ မည်၏။ [စေတသိက် ၅ဝ-တို့တွင် ဝေဒနာ သညာကိုသီးခြား ခန္ဓာဖွဲ့ရခြင်း၏ အကြောင်းကိုအနုဋီကာ၌ ပြထား၏။ သင်္ဂြိုဟ်ဘာသာဋီကာ၌လည်း နာမရူပပရိစ္ဆေဒ ဂါထာကိုယူ၍ ပြထားပြီ။] ဧကူန နဝုတိ စိတ္တာနိ၊ တစ်ခုယုတ် ကိုးဆယ်သော စိတ်တို့သည်။ ဝိညာဏက္ခန္ဓော၊ မည်၏။
ဣတိဧဝမ္ပိ၊ ဤသို့လည်း။ [ပိဖြင့် ရှေးနည်းကိုပေါင်း။] ပဉ္စသု ခန္ဓေသု၊ တို့၌။ ဓမ္မပရိစ္ဆေဒေါ၊ တရားအပိုင်းအခြားကို။ ဝေဒိတဗ္ဗော၊ ၏။