အခြေပြုသဒ္ဒါ
၁၃၆၆-ခုနှစ် နယူးဘားမားအော့ဖ်ဆက်ပိဋကပုံနှိပ်တိုက်ဝါဆိုလ အမရပူရမြို့
နိဒါန်းအချီ
ဥုံ နမော တေ ဝိဇေတုံ မေ, ဇယတော ဒဒတော ဇယံ၊
နဋ္ဌထမ္ဘံ သဗ္ဗသန္တံ, ကရ မေ ဇယမင်္ဂလံ။
သဒ္ဒါကျမ်း။ ။ ပါဠိစကားသံဖြစ်စေ, မြန်မာစကားသံဖြစ်စေ, အင်္ဂလိပ်စကားသံဖြစ်စေ ထိုထိုစကားသံဟူသမျှကို “သဒ္ဒ”ဟု ခေါ်၏၊ (ရုပ် ၂၈-ပါးတွင် ပါဝင်သော သဒ္ဒရုပ်ပင်တည်း၊) ထိုသဒ္ဒရုပ်အပေါင်း ဖြစ်သော “ဗုဒ္ဓ-ဘဂဝါ”စသော ပညတ္တိသဒ္ဒကို ယခုအခါ “သဒ္ဒါ”ဟု ခေါ်ကြသည်၊ ထိုသဒ္ဒကို အလွန်ဝေးသော ရှေးကာလကပင် လူကြီးသူမတို့ စထွင်ပြောဆိုခဲ့ကြသောကြောင့် နောင်လာနောက်သားတို့မှာ “မည်သည့် သဒ္ဒက မည်သည့်အနက်အဓိပ္ပာယ်ကို ပြသည်”ဟု ကျနစွာ မသိနိုင်ကြ ချေ၊ ထို့ကြောင့် ဆင်အစစ်ကို မမြင်ဖူးသူအား ဆင်အစစ်၏ အချိုးအစား ကို နားလည်ဖို့ရာ ဆင်အရုပ်ကို ပြရသကဲ့သို့, ထို့အတူ သဒ္ဒအရင်းအမြစ် ၏ အနက်အဓိပ္ပာယ်ကို နားလည်ဖို့ရာ သဒ္ဒကျမ်း အစောင်စောင်ဖြင့် သဒ္ဒအတု-သဒ္ဒအရုပ်ကို စီရင်ပြုလုပ်၍ ပြရပေသည်၊ ဤစကားအရ “သဒ္ဒကျမ်းများသည် သဒ္ဒအစစ်ကို နားလည်ဖို့ရာ အတု အရုပ် ပြုလုပ် အပ်သောကျမ်းများ ဖြစ်သည်”ဟု မှတ်ပါ။ [ထိုသဒ္ဒကို ရေးချထည့်၍ သဒ္ဒါဟု ခေါ်ဝေါ်ကြ၏။]
သဒ္ဒါကြီး, သဒ္ဒါငယ်။ ။ ထိုသဒ္ဒါကျမ်းများသည်“သင်သကြိုက်”ဟု ခေါ်အပ်သော သက္ကတသဒ္ဒါကျမ်း-ယခု မြန်မာနိုင်ငံ၌ အများအပြား သုံးစွဲအပ်သော ပါဠိသဒ္ဒါကျမ်း စသည်ဖြင့် အမျိုးမျိုး ရှိ၏၊ ပါဠိသဒ္ဒါ ကျမ်းများတွင်လည်း အရှင်မဟာကစ္စည်း စီရင်အပ်သော “အတ္ထော အက္ခရသညာတော” စသော ကျမ်းကို “ကစ္စည်းသဒ္ဒါကျမ်း”ဟု ခေါ်၏၊ ကစ္စည်းကျမ်း၏ နောက်၌ သဒ္ဒတ္ထဘေဒစိန္တာ - ကစ္စာယနသာရ စသော သဒ္ဒါကျမ်းများ ပေါ်ပေါက်လာသည့်အခါ ကစ္စည်းကျမ်းက စာ အနေ များ၍ ဘေဒစိန္တာ စသည်တို့က စာနေနည်းသောကြောင့် ကစ္စည်းကျမ်းကို သဒ္ဒါကြီး-ဘေဒစိန္တာ စသည်ကို သဒ္ဒါငယ်ဟု ခေါ်ဆိုကြသည်။
ကစ္စည်းကျမ်းဆရာ။ ။ ထိုကစ္စည်းကျမ်း၌ သုတ်, ဝုတ္တိ, ဥဒါဟရုဏ် ဟု ၃-မျိုး ခွဲပြီးလျှင်…
“ကစ္စာယနေန ကတော ယောဂေါ, ဝုတ္တိ စ သံဃနန္ဒိနာ၊ ပယောဂေါ ဗြဟ္မဒတ္တေန, နျာသော ဝိမလဗုဒ္ဓိနာ”
ဟူသည်နှင့်အညီ သုတ်ကိုသာ အရှင်ကစ္စည်းစီရင်၍ ဝုတ္တိကို အရှင် သံဃနန္ဒီ, ဥဒါဟရုဏ်ကို အရှင်ဗြဟ္မဒတ္တ စီရင်သည်ဟု ပြောစမှတ်ပြု ကြ၏၊ သို့သော် ဝုတ္တိဟူသော နာမည်သည် သုတ်ကို ဖွင့်ပြသော စကား အားလုံး (ပြယုဂ် စ-ပိ-ဝါသဒ္ဒါ ယောဂဝိဘာဂများ)၏ နာမည်ဖြစ်သင့်၏၊ (ရူပသိဒ္ဓိ ၁၈၈-သုတ်ကို ကြည့်ပါ၊) ထို့ကြောင့် ဝုတ္တိနှင့်ဥဒါဟရုဏ်ကို ဆရာတစ်ပါးစီ စီရင်သည်ဟူသော အယူဝါဒကို စဉ်းစားရာ၏၊ ဤကျမ်း ကား… သုတ်ကို အရှင်ကစ္စည်းစီရင်၍ “ကြွင်းသမျှအားလုံးကို အခြား ဆရာတစ်ပါးတည်းသာ စီရင်သည်”ဟု ယူလိုပေသည်၊ [ထိုဝုတ္တိဆရာ ကိုကား မည်သည့်ပုဂ္ဂိုလ်ဟု မဆုံးဖြတ်နိုင်။]
ကစ္စည်းကျမ်းပေါ်ထွက်ချိန်။ ။ သုတ်ကိုစီရင်သော အရှင်ကစ္စည်း ကိုလည်း ဘုရားလက်ထက်တော်က ဧတဒဂ်ရ မဟာသာဝကဖြစ်သော အရှင်မဟာကစ္စည်းဟု ပြောစမှတ်ပြုကြ၏၊ အပဒါန်အဋ္ဌကထာကပင် ဖွင့်ပြလေသတဲ့၊ ထိုအပဒါန်အဋ္ဌကထာ၏ အချိုးအစားကို ဤကျမ်း ကလေးက မစဉ်းစားလိုပါ၊ အကယ်၍ ဧတဒဂ်ရ အရှင်ကစ္စည်းထေရ် စီရင်ရိုးမှန်ပါလျှင် သက္ကတကျမ်းက သုတ်များနှင့် များစွာမထပ်မိလေရာ, ယခု ကစ္စည်းသုတ်တွေကား သက္ကတကျမ်းက (အထူးအားဖြင့် ကလာပ် ကျမ်းက)သုတ်တွေသာလျှင် များလေသည်၊ ထို့ကြောင့် မောဂ္ဂလ္လာန် နိဿယ သျာဒိကဏ္ဍ ၁၆၅-နံပါတ်သုတ်၌ ကစ္စည်းကျမ်းကို ခရစ်သက္ကရာဇ် ၁၀၀-ကျော် (သာသနာသက္ကရာဇ် ၆၀၀-ကျော်)မှ ပေါ်ထွန်းလာသော ကျမ်းဟု ဆုံးဖြတ်ထား၏၊ ထိုအဆုံးအဖြတ်အတိုင်း အရှင်ကစ္စည်းသည် ဘုရားလက်ထက်တော်က မဟာသာဝကနှင့် နာမည်ချင်းတူသော ဆရာတော်တစ်ပါးသာ ဖြစ်သည်ဟု မှတ်ယူသင့်ပေသည်။
ကစ္စည်းကျမ်းကို မှီရပုံ။ ။ ထိုအရှင်ကစ္စည်း၏ ကစ္စည်းကျမ်းသည် ယခုအခါ စာမေးပွဲတိုင်းမှာပင် အသုံးဝင်လျက် ရှိသောကြောင့် စာသင် သားတိုင်း လက်မလွှတ်နိုင်ကြသဖြင့် ဤမြန်မာနိုင်ငံတွင် ဂုဏ်အင်ကြီးမား သော သတို့သားကဲ့သို့ အများ၏ စက္ခုဖြင့် အကြည့်ရှု အခံရဆုံး ဖြစ်ပေ သည်၊ သို့ဖြစ်၍ ခေတ်နှင့်တန်အောင် အခြေပြုသဒ္ဒါကျမ်းကို တည်ထောင် လိုလျှင် ကစ္စည်းကျမ်းကိုပင် မူတည်ရလိမ့်မည် ဖြစ်၍ ယခုကာလ စာပြန်ပွဲ၏ အငယ်တန်း, အလတ်တန်းကို လက်မလွတ်စေရအောင် ကစ္စည်းသုတ်စဉ်ကို သုတ်နက် အဓိပ္ပာယ် ရုပ်တွက်ပုံတို့ဖြင့် တန်ဆာ ဆင်လျက် အခြေပြုသဒ္ဒါကို စီရင်ရပေသည်။
သောတူနံ ပါဒဘာဝါယ, ကစ္စာယနသုတ္တက္ကမံ၊ မဏ္ဍေဿံ သာဓိပ္ပာယေန, နိဿယေန သဒါသုဘံ။
သောတူနံ- နာယူလေ့ကျက်, ဆောင်ရွက်ကြလို, စာသင်ပျိုတို့၏၊ ပါဒဘာဝါယ- အရှေကျစ်လစ်, အခြေဖြစ်ဖို့အကျိုးငှာ၊ ကစ္စာယန သုတ္တက္ကမံ- ကစ္စည်းအရှင်, စတည်ထွင်သည့်, သုတ်စဉ်ခေါ်ဆို, လုလင်ပျို ကို၊ သာဓိပ္ပာယေန- သုတ်နှင့်တန်ရာ, မချန်ပါဘဲ, တန်ဆာဥဿုံ, ရုပ်တွက်ပုံနှင့်တကွဖြစ်သော၊ နိဿယေန- သဒ္ဒါမပျက်, မြန်မာနက်ဟု, ညက်ညက်ညောညော, ချောမောသော နိဿယဖြင့်၊ သဒါသုဘံ- သူ့အပိုင်းဖြင့်, ရှုတိုင်းတင့်အောင်၊ မဏ္ဍေဿံ- တစ်သန့်တစ်သန့်, အကန့် ကန့်လျက်, ခံ့ခံ့ယဉ်ယဉ်, ဆင်ပြင်ပေအံ့သတည်း။
အစီအစဉ်နှင့်မှတ်သားဖွယ်
ဤအခြေပြုသဒ္ဒါကျမ်း တတိယနှိပ်စာအုပ်၌ ၁-သုတ်နက်, ၂-ဥဒါဟရုဏ်, ၃-သုတ်အဓိပ္ပာယ်, ၄-ရုပ်တွက်ပုံ, ၅-လေ့ကျင့်ရန်ရုပ်များ ပါရှိ၏။ [သုတ်စဉ်ကိုကား ကလေးများအတွက် ပစ်စလက်ခ ကိုင်နိုင်ဖို့ရာ နာမ်ဂိုဏ်း အာချာတ်ဂိုဏ်းများနှင့် တွဲဖက်၍ စာအုပ်ငယ်တစ်အုပ် ပြုလုပ် ထားသည်။]
သုတ်နက်။ ။ သုတ်ကို မြန်မာလိုအနက်ပြန်ခြင်းကို “သုတ်နက်”ဟု ခေါ်ရသည်၊ ထိုသုတ်နက်ကို သဒ္ဒါနည်းမပျက် ကျက်လို့လည်းလွယ် အဓိပ္ပာယ်လည်း ထင်ရှားအောင် ရေးသားထားသဖြင့် အဖွင့်ဝုတ္တိနှင့် မညီမှုကြောင့် အပြစ်မရှုထိုက်ပါ။
**ဥဒါဟရုဏ်**။ ။ ဆိုင်ရာသုတ်၏အဆိုနှင့်လျော်အောင် ပါဠိတော် အဋ္ဌကထာတို့မှ ထုတ်ဆောင်အပ်သော ပါဠိအတိုစားကလေးကို ပါဠိလိုဥဒါဟရဏ, မြန်မာလို-ဥဒါဟရုဏ်ဟု ခေါ်၏။ [ဥ၊ ပါဠိတော်စသည်မှ ထုတ်ဖော်၍ + အာဟရဏ = ဆောင်ပြအပ်သောပါဠိ၊] ထိုဥဒါဟရုဏ် ကိုပင် ဆိုင်ရာသုတ်၌ ယှဉ်စပ်သုံးစွဲအပ်သောကြောင့် ပါဠိလို ပယောဂ, သက္ကတလို ပြယောဂ, မြန်မာလို ပြယုဂ် (ပရယုဂ်)ဟု ခေါ်ဝေါ်ကြ၏၊ ထိုပြယုဂ်ကိုပင် သုတ်အဆိုနှင့်သက်ဆိုင်သော နမူနာပုံစံဖြစ်သောကြောင့် ဆရာမြတ်တို့က “ပုံစံ”ဟု ခေါ်ဝေါ်ကြပေသည်၊ ထိုဥဒါဟရုဏ်ပြယုဂ် ပုံစံကို ထိုထို သုတ်အဆိုနှင့်လျော်ကန်ရုံသာ တစ်ရုပ်, နှစ်ရုပ်စသည်မျှ ထုတ်ပြထားသဖြင့် အကျက်ရလွယ်ကူသည်မှာ ယုံမှားဖွယ်ရာမရှိတော့ပါ။
သုတ်အဓိပ္ပာယ်။ ။ “အနက်ကို အက္ခရာတို့ဖြင့် ကောင်းစွာသိအပ်၏” စသည်ဖြင့် သုတ်နက်ကို မြန်မာလိုသက်သက်ပြောခြင်း, ခက်ဆစ်ခက်ရာ ကို နားလည်အောင် ခွဲခြား၍ ပြောပြခြင်းကို သုတ်အဓိပ္ပာယ်ဟု ယခုအခါ ခေါ်ဝေါ်ကြသည်၊ ထိုသုတ်အဓိပ္ပာယ်ကိုလည်း ဆိုင်ရာသုတ်များ၌ အခွင့် ရှိသလောက် ရေးသားထားသည်။ [ မြန်မာလိုသက်သက် ပြောပြခြင်းမှာ လွယ်ကူသောအရာဖြစ်၍ နောက်နောက် အချို့သုတ်များ၌ ရေးသား လိမ့်မည် မဟုတ်ပါ။]
ရုပ်တွက်ပုံ။ ။ သဒ္ဒါကျမ်းတွင် တွေ့မြင်ရသော ပြယုဂ်များသည် သဒ္ဒါအစစ်၏ အရုပ်အတုများဖြစ်၏၊ သင်ပုန်းပေါ်(သို့မဟုတ် စက္ကူပေါ်) ၌ တချောက်ချောက် တချက်ချက် ရေးသားခြင်းကို “ဂဏန်းတွက်သည်, စာရင်း တွက်သည်, ဗေဒင်တွက်သည်”ဟု ခေါ်ဝေါ်ရိုးပြုသကဲ့သို့, ထို့အတူ ထိုထိုအရုပ်ဖြစ်သော ပြယုဂ်များကို “မူလက ဤကဲ့သို့ တည်ရ၏၊ နောက်မှ မည်သည့်သုတ်ဖြင့် စီရင်၍ ဤသို့ဖြစ်လာသည်”ဟု တွက်ချက်ရေးသား မှုကို “ရုပ်တွက် (ရုပ်ဖြစ်အောင် တွက်ချက်)သည်”ဟု ခေါ်စမှတ်ပြုကြ၏၊ ထိုရုပ်တွက်ပုံကိုလည်း ရှေးနိဿယများကဲ့သို့ ကျယ်ဝန်းစွာ မဆိုဘဲ အခြေပြုသူတို့ ဉာဏ်ရှင်းဖို့ရာ အလွယ်ဆုံးနည်းကိုသာ ပြထားသည်။ [အခြေရပြီးသည့်အခါ နျာသ စသည်ကို ကြည့်ရုံမျှဖြင့် အလိုလို သိကြ ပါလတ္တံ့၊၊]
လေ့ကျင့်ရန်ရုပ်။ ။ “သက္ကတ-အင်္ဂလိပ် စသော သင်္ခန်းစာများ၌ လေ့ကျင့်ခန်းများကို တရိုတသေ တခမ်းတနား ပြကြလေသည်၊ ထို လေ့ကျင့်ခန်းများသည် လေးစားလောက်အောင်ပင် အကျိုးများစေနိုင်၏၊ ထို့ကြောင့် ဤကျမ်း၌ ကျက်မှတ်ဖို့နေရာဝယ် ပြယုဂ်များကို အနည်းငယ် သာ ပြထားသော်လည်း အဓိပ္ပာယ်အတွင်း၌ အလားတူရုပ်များကို ထည့်သွင်းထားသောကြောင့် သဒ္ဒါကြီးက ပြယုဂ်များအောက် ယုတ်လျော့ နည်းပါးလှမည် မဟုတ်ပါ၊ ထိုရုပ်များကို ကြည့်ရှုလေ့ကျင့်ခြင်းသည် အမှန်ပင် အသိဉာဏ်ကို ရင့်သန်စေနိုင်သည်ဖြစ်၍ ကြိုးကြိုးစားစား လေ့ကျင့်ဖို့ရာ အချို့သုတ်များ၌ ထုတ်ပြထားသည်။
ကိံရုပ်။ ။ “ကွစီတိ ကသ္မာ, ဝါတိ ကိမတ္ထံ”စသည်ဖြင့် ကိံဟူသော ပုစ္ဆာထုတ်၍ ပြအပ်သောရုပ်များကို “ကိံရုပ်”ဟု ခေါ်၏၊ ထိုသုတ်ဖြင့် စီရင်သင့်လျက် ဘာ့ကြောင့် မစီရင်သနည်းဟု မေးဖွယ်ရှိ၏၊ “ကွစိသဒ္ဒါက တားမြစ်သောကြောင့်, ဝါသဒ္ဒါက တားမြစ်သောကြောင့် မစီရင်ရ”ဟု ကွစိသဒ္ဒါ ဝါသဒ္ဒါစသည်တို့၏ အကျိုးကို ပြလိုသည့်အတွက် အပို ထည့်စွက် ရသော ရုပ်များဖြစ်သည်၊ ထိုရုပ်များတွက်ရပုံမှာ ပါဠိ အဋ္ဌကထာ ဋီကာတို့၌ အသုံးဝင်သောအရာ မဟုတ်, ကွစိသဒ္ဒါ ဝါသဒ္ဒါ ပါသည့် တစ်သုတ်အတွက်သာ အကျိုးရှိသည်၊ ထို့ကြောင့် ဤအခြေပြု၌ ကိံရုပ်များကို မပြသော်လည်း အခြရပြီးသည့်အခါ နျာသစသည်ကို ကြည့်ရှုရုံမျှဖြင့် နားလည်ကြပါလိမ့်မည်။
ဤကျမ်းအကျိုး။ ။ ဤအခြပြုသဒ္ဒါကျမ်း၌ သုတ်ကို အနက်ပေးခြင်း သည် ကစ္စည်းကျမ်းက သုတ်ကို ဖွင့်ပြသော (ဝုတ္တိခေါ်သော)စကားနှင့် တန်းတူညီမျှ၏၊ ပြယုဂ်များကိုလည်း ကစ္စည်းကျမ်းကဲ့သို့ ကျက်ဖွယ် မများဘဲ သုတ်နှင့်ဆိုင်ရုံမျှ ထုတ်ပြပြီးလျှင် အဓိပ္ပာယ်၌ အပိုပြယုဂ်များကို ထည့်သွင်းထားသဖြင့် ကစ္စည်းကျမ်းက ပြယုဂ်များ အတော်စုံလင်စွာ ပါရှိ၏၊ သုတ်အဓိပ္ပာယ်ကိုကား ရူပသိဒ္ဓိကို ဂရုစိုက်လျက် ရေးသား ထား၏၊ ထို့ကြောင့် ဤအခြေပြုသဒ္ဒါကို လေ့လာသူတို့သည် ကစ္စည်း ကျမ်းလာ များစွာသောအဆိုကို အလိုလို နားလည်ရုံသာမက ရူပသိဒ္ဓိ အခြေရနိုင်လောက်သည့်အပြင် ပါဠိတော် အဋ္ဌကထာတို့၌ သက်ဝင်နိုင် သော ဉာဏ်ကို ဧကန် ရရှိကြပါလိမ့်မည်။
၁၂၉၇ အရှင်ဇနကာဘိဝံသ ဝါဆိုလ
အမှာ။ ။ ဤစာအုပ်၌ စာစပ်အခန်းကိုလည်း ထည့်ထား၏၊ ထို စာစပ်သည် ပိဋကတ်၌ အသုံးဝင်လှသောကြောင့် မလေ့လာဘဲ ချန်လှပ်၍ မထားသင့်ပါ၊ (သုတ်စဉ်, နာမ်ဂိုဏ်း, အာချာတ်ဂိုဏ်းများကိုကား စာအုပ်ငယ် တစ်ခု သီခြားပြုထားပါသည်။)
သန္ဓိသုတ်နက်အချီ
သန္ဓိပိုင်း။ ။ “ဒွိန္နံ ပဒါနံ-နှစ်ပုဒ်တို့၏၊ အန္တရံ-အကြားကို၊ အဒဿေ တွာ-မပြမူ၍၊ သမ္မာဓီယတိ-ကောင်းစွာ ထားအပ်၏၊ ဝါ-စပ်အပ်၏၊ ဣတိ-ထို့ကြောင့်၊ သန္ဓိ-သန္ဓိမည်၏”ဟူသည်နှင့်အညီ, တစ်ဝိဘတ်ဆုံး လျှင် တစ်ပုဒ်ခေါ်၏၊ ဥပမာ-ယဿ+ဣန္ဒြိယာနိ၌ ယဿက တစ်ပုဒ်, ဣန္ဒြိယာနိက တစ်ပုဒ်တည်း၊ ထိုကဲ့သို့ နှစ်ပုဒ်အလယ်မှာ အကြားမရှိ အောင် “ယဿိန္ဒြိယာနိ”ဟု စပ်ထားမှုကို “သန္ဓိ”ဟု ခေါ်၏၊ နှစ်ပုဒ် မစပ်ဘဲ တစ်ပုဒ်တည်း၌ အက္ခရာပြောင်းလွဲှ၍ ချောမောအောင် ပြုမှုကို လည်း သန္ဓိဟု ခေါ်သေး၏၊ ထိုတွင် နှစ်ပုဒ်စပ်မှုကို ပဒသန္ဓိ, တစ်ပုဒ် တည်း၌ ချောမောအောင် ပြုမှုကို ဝဏ္ဏသန္ဓိဟု ခေါ်၏၊ ထိုသန္ဓိနှစ်မျိုးကို ပြရာအပိုင်းသည် သန္ဓိပိုင်းမည်၏။
သန္ဓိရုပ်၌မှတ်ဖွယ်။ ။ ဤသန္ဓိပိုင်း၌ ရုပ်တွက်သည့်အခါ စပ်ထား သော ပုဒ်များကို မူလအတိုင်း ထင်ရှားအောင် ပုဒ်ဖြတ် ပုဒ်ခွဲ၍ ရုပ်တွက်ရ လိမ့်မည်၊ ထိုသို့ ပုဒ်ဖြတ်သည့်အခါ ရှေ့ပုဒ်အဆုံးနှင့် နောက်ပုဒ်အစ ကိုသာ ဂရုစိုက်ရမည်၊ ရှေ့ပုဒ်အဆုံးကိုသာ ဆိုင်ရာသုတ်ဖြင့် စီရင်မှ ပင်ကိုစပ်ထားတိုင်း ဖြစ်မည်ဆိုလျှင် ရှေ့ပုဒ်အဆုံးကို စီရင်လိမ့်မည်၊ နောက်ပုဒ်အစကို စီရင်မှ ပင်ကိုစပ်ထားတိုင်း ဖြစ်မည်ဆိုလျှင် နောက်ပုဒ် အစကို စီရင်ရလိမ့်မည်၊ ရှေ့ပုဒ်အဆုံး နောက်ပုဒ်အစ နှစ်ဌာနလုံးကို စီရင်မှ မူလအတိုင်း ပြီးမည်ဖြစ်လျှင် နှစ်ဌာနလုံးကိုပင် စီရင်ရလိမ့်မည်၊ နှစ်ပုဒ်အလယ်၌ သန္ဓိစပ်ထားကြောင်း သိဖို့ရာ “.”အစက်ကလေးကိုပြ၍ ပုဒ်ခွဲထားကြောင်း သိဖို့ရာ “+”ကြက်ခြေကို ပြထားသည်။
သုတ် ၄-မျိုး။ ။ “အတ္ထေ သူစေတီတိ သုတ္တံ၊ အတ္ထေ-အနက် အဓိပ္ပာယ်တို့ကို သူစေတိ-ထင်ရှားပြတတ်၏၊ ဣတိ-ထို့ကြောင့်၊ သုတ္တံ-သုတ်မည်၏”နှင့်အညီဆိုလိုရာအနက်အဓိပ္ပာယ်ကို ပြသောစကားတစ်ရပ် (ဝါကျတစ်ခု)ကို “သုတ်”ဟု ခေါ်၏၊ ထိုသုတ်များကို အချုပ်အားဖြင့် ခွဲခြားလျှင် သညာသုတ် အဓိကာရသုတ် ပရိဘာသာသုတ် ဝိဓိသုတ်ဟု ၄-မျိုးရှိ၏၊ ထိုတွင် နာမည်မှည့်သောသုတ်သည် သညာသုတ်မည်၏၊ ရှေ့သုတ်သို့ဖြစ်စေ, နောက်သုတ်သို့ဖြစ်စေ လိုက်သောသုတ်သည် အဓိကာရသုတ်မည်၏၊ တစ်နေရာ၌ ဆိုထားရုံမျှဖြင့် ထက်ဝန်းကျင် ပျံ့နှံ့ အောင် ဆိုအပ်သောသုတ်သည် ပရိဘာသာသုတ်မည်၏၊ “ချေရမည်, ရဿပြုရမည်, ဒီဃပြုရမည်”စသည်ဖြင့် စီရင်သောသုတ်သည် ဝိဓိသုတ် မည်၏၊ ဤဝိဓိသုတ်ကား လောပဝိဓိစသည်ဖြင့် ၈-မျိုးပြား၏။ [ထိုသုတ် များ၏ သဘောမှာ ဆိုင်ရာသုတ်၌ ထင်ရှားလတ္တံ့၊ အတိဒေသသုတ်, နိယမသုတ်များလည်း အနည်းငယ် ရှိသေး၏။]
[ဆောင်]
- ၁။ သညာ အဓိကာ, ပရိဘာ, တစ်ဖြာ ဝိဓိသုတ်။
- ၂။ နာမည်မှည့်သော်, သညာခေါ်, လိုက်သော် အဓိကာ။
- ၃။ တစ်နေရာ၌, ဆိုလိုက်ရုံဖြင့်, လုံးစုံနှံ့စေ, ဆိုအပ်ပေ, ခေါ်လေ ပရိဘာ။
- ၄။ စီရင်သည်ပင်, ဝိဓိတွင်, လေးအင် သုတ်အလာ။
- ၅။ လောပါ.ဒေသ, အာဂမနှင့်, ဒီဃ-ရဿေ, ပတိသေဓ, ပစ္စယထည့်, ဝိဘတ္တိ, ဝိဓိ သုတ်ရှဒ်ဖြာ။
မှာထားချက်။ ။ မျဉ်းကြောင်းအထက်က စာလုံးအကြီးဖြင့် ပြထား အပ်သော သုတ်နက်နှင့် ပြယုဂ်ပုံစံများသည် အရကျက်ဖို့ရန် ဖြစ်၏၊ စာလုံးအငယ်ဖြင့် ပြထားသော အဓိပ္ပာယ်ကား ဆောင်ပုဒ်နှင့်ရုပ်တွက်ပုံ ကိုသာ ကျက်၍ ကျန်သမျှအားလုံးမှာ ကြည့်ရှုမှတ်သားဖွယ်ချည်းသာ ဖြစ်သည်၊ ပြယုဂ်ထုတ်ရာ၌ အလားတူပြယုဂ်များ ရှိသေးလျှင် “စသည် တည်း”ဟု ဆို၍ အလားတူပြယုဂ် မရှိလျှင် “ဟူသည်တည်း”ဟု ဆိုထား သည်။
အခြေပြုသဒ္ဒါ
၁၃၆၆-ခုနှစ် နယူးဘားမားအော့ဖ်ဆက်ပိဋကပုံနှိပ်တိုက်ဝါဆိုလ အမရပူရမြို့
နိဒါန်းအချီ
ဥုံ နမော တေ ဝိဇေတုံ မေ, ဇယတော ဒဒတော ဇယံ၊ နဋ္ဌထမ္ဘံ သဗ္ဗသန္တံ, ကရ မေ ဇယမင်္ဂလံ။

အတ္ထော၊ အနက်ကို။ အက္ခရသညာတော၊ အက္ခရာတို့ဖြင့်သာ ကောင်းစွာသိအပ်၏။
သုတ်အဓိပ္ပာယ်နှင့်ရုပ်တွက်
၁။ “အနက်”ဆိုတာ ဘာလဲ။ ။ “အတ္ထော - အနက်”ဟု ဆိုရာ၌ လက်ဆုပ်လက်ကိုင်ပြ၍ ရကောင်းသည်ဖြစ်စေ, မရကောင်းသည်ဖြစ်စေ စိတ်၌ သိအပ်သော အရာဝတ္ထုဟူသမျှကို ပါဠိလို-အတ္ထ, မြန်မာလိုအနက်ဟု ခေါ်၏၊ ပါဠိကို မြန်မာလို နိဿယအနက်ပေးခြင်းကား အနက် မဟုတ်သေး, ပါဠိဘာသာကို မြန်မာဘာသာလိုပြန်ပြောခြင်းသာ ဖြစ်သည်၊ ဥပမာ - “ပုရိသော-ယောက်ျား”ဟု ဆိုရာ၌ ပုရိသောကား ပါဠိသဒ္ဒါ, ယောက်ျားကား ထိုပါဠိကို မြန်မာလို ပြန်ပြောအပ်သော မြန်မာသဒ္ဒါ တည်း၊ ယောက်ျားအထည်ကိုယ်ဒြဗ် (လူကောင်ကြီး)သာ အနက်ဖြစ်သည်၊ “အာကာသော-ကောင်းကင်”ဟု ဆိုရာ၌ အာကာသောကား ပါဠိသဒ္ဒါ, ကောင်းကင်ဟူသည်ကား မြန်မာသဒ္ဒါ, ဟာလာဟင်းလင်းအရပ်သည်သာ အနက်တည်း။
အက္ခရာဖြင့် သိရပုံ။ ။ အက္ခရာဟူသည် ယခုပြတော့မည့် အ အာ က ခ စသည်တို့တည်း၊ စကားပြောနေသည်ကို နားထောင်ရာ၌ဖြစ်စေ, စာပေကို ကြည့်ရာ၌ဖြစ်စေ ထိုအက္ခရာတို့ဖြင့်သာ ဆိုလိုရင်း အနက် အဓိပ္ပာယ်ကိုသိကြရပေသည်၊ ပါဠိအက္ခရာဖြစ်စေ, မြန်မာအက္ခရာဖြစ်စေ (အခြားဘာသာအက္ခရာဖြစ်စေ) တစ်လုံးတလေ မှားယွင်းပြောဆိုလျှင် သို့မဟုတ် မှားယွင်းရေးသားထားလျှင် ကြားရ ကြည့်ရသူတို့မှာ အနက် အဓိပ္ပာယ် အယူအဆလွဲလေတော့၏၊ ထို့ကြောင့်“အတ္ထော အက္ခရသညာ တော အနက်အဓိပ္ပာယ်အမှန်ကို မမှားယွင်းသော အက္ခရာတို့ဖြင့်သာ သိနိုင်တယ်”ဟု အရှင်ကစ္စည်းဆရာ မိန့်ခဲ့ပေသည်၊ ဤစကားဖြင့် ပါဠိ ဘာသာ၏ အနက်အဓိပ္ပာယ်ကို နားလည်လိုလျှင် ပါဠိအက္ခရာ မှန် မမှန်ကို သိတတ်သောဉာဏ် အရေးကြီး၏၊ ထိုဉာဏ်ကို “အက္ခရ ကောသလ္လဉာဏ်”ဟု ခေါ်၏၊ ထိုဉာဏ်ကို ရဖို့ရာ ဤသဒ္ဒါကျမ်းကို သင်ကြပါဟု အရှင်ကစ္စည်းဆရာ တိုက်တွန်းလိုရင်း ဖြစ်ပါသည်။
အက္ခရာအပိ၊ အက္ခရာတို့မည်သည်လည်း။ အာဒယော၊ အ အစရှိကုန်သော။ ဧကစတ္တာလီသံ၊ လေးဆယ့်တစ်လုံးတည်း။ အ အာ ဣ ဤ ဥ ဥု ဧသြ, က ခ ဂ ဃ င, စ ဆ ဇ ဈ ဉ, ဋ ဌ ဍ ဎ ဏ, တ ထ ဒ ဓ န, ပ ဖ ဗ ဘ မ, ယ ရ လ ဝ သ ဟ ဠ အံ ဟူသည်တည်း။
၂။ အက္ခရာ.ပါဒယော ဧကစတ္တာလီသံသုတ်သည် “အ အစရှိသော ၄၁-လုံးသည် အက္ခရာမည်၏”ဟု နာမည်မှည့်သော သညာသုတ်တည်းဟု ဆိုကြ၏၊ ၄၁-လုံးကို အ-အာ စသည်ဖြင့် ရေတွက်လေ၊ ဤ ၄၁-လုံး ကို “ဝဏ္ဏ”ဟုလည်း ခေါ်နိုင်သေး၏၊ အက္ခရာ.ပါဒယောကို အက္ခရာ+ အပိ+အာဒယော”ဟု ပုဒ်ဖြတ်၊ ထိုအပိသဒ္ဒါ၏ ပြန်၍ငဲ့ခြင်း အပေက္ခာ အနက်ကိုကစ္စည်းဘာသာဋီကာမှာ ရှု၊ ဧကစတ္တာလီသံပုဒ်က “ဝီသတျာဒိ, နဝုတိ, ဣတ္ထိဧကဝုစ်”နှင့်အညီ ဧကဝုစ်ဖြစ်သောကြောင့် “၄၁-လုံးတည်း” ဟု ဧကဝုစ်နက် ပေးရသည်။
နာမည်မှည့်ရခြင်းအကျိုး။ ။ နာမည်ဟူသည် တစ်ပါးသော နေရာ၌ ခေါ်ဝေါ်ဖို့ဖြစ်၏၊ ထို့ကြောင့် အက္ခရာ.ပါဒယော ဧကစတ္တာလီသံသုတ်ဖြင့် အက္ခရာ ဟု နာမည်မှည့်ခြင်းသည် အတ္ထော အက္ခရာသညာတော, အက္ခရေဟိ ကာရ စသောသုတ်တို့၌ အ အာ စသည်တို့ကို အက္ခရာဟု ခေါ်ဝေါ်သုံးစွဲရခြင်းအကျိုးရှိ၏-ဟု ဆိုကြသည်။
တတ္ထ၊ ထို ၄၁- လုံးသော အက္ခရာတို့တွင်။ သြဒန္တာ၊ သြအဆုံးရှိကုန်သော။ အဋ္ဌ ၈- လုံး သော အက္ခရာတို့သည်။ သရာ၊ သရတို့မည်၏ အအာ ဣ ဤ ဥ ဥု ဧသြ ဟူသည်တည်း။
၃။ တတ္ထော.ဒန္တာကို “တတ္ထ+သြဒန္တာ”ဟု ပုဒ်ဖြတ်၊ ဤသုတ်ကား အ အာ စသော ၈-လုံးကို “သရမည်၏”ဟု နာမည်မှည့်သောသုတ် တည်း၊ “သရ”ဟု နာမည်မှည့်ခြင်းသည် သရာ သရေ လောပံ စသော သုတ်၌ အ-စသည်ကို “သရ”ဟု ခေါ်ရခြင်းအကျိုးရှိ၏။
တတ္ထ၊ ထို ၈- လုံးသော သရတို့တွင်။ လဟုမတ္တာ၊ လျင်မြန်သော ရွတ်ရာကာလရှိကုန် သော။ တယော၊ ၃- လုံးသော သရတို့သည်။ ရဿာ၊ ရဿတို့ မည်၏ အ ဣ ဥ ဟူသည်တည်း။
၄။ ဤသုတ်ကား အ ဣ ဥ ၃-လုံးကို “ရဿ”ဟု နာမည်မှည့်သော သုတ်တည်း၊ ရဿသဒ္ဒါသည် အတိုဟူသော အနက်ကို ဟော၏၊ အစသည်ကို ရွတ်ဆိုသည့်အခါ အချိန်နည်းနည်း တိုတိုဖြင့် ပြီး၏၊ မျက်စိ တစ်မှိတ်ခန့်သာ ကာလကြာ၏၊ ထိုမျက်စိတစ်မှိတ်ခန့်ကာလကို “၁ မတြာ”ဟု ကျမ်းဂန်တို့၌ သုံးစွဲ၏၊ ဤသုတ်ဖြင့် ရဿမှည့်ခြင်းသည် ရဿံ စသောသုတ်၌ အ ဣ ဥတို့ကို ရဿဟု ခေါ်ဝေါ်ရခြင်းအကျိုးရှိ၏။
သုတ်တို့၏သဘော။ ။ သုတ်တို့၏သဘောမှာ အက္ခရာနည်းပါးလျက် အနက်ကို ပေါ်လွင်ထင်ရှားစေရမည်၊ သို့အတွက် သုတ်၌ အက္ခရာ မများ စေဘဲ ရှေးရှေးသုတ်မှ လိုက်သင့်သောပုဒ်များကို နောက်နောက်သုတ် များသို့ လိုက်စေရသည်၊ ဤလဟုမတ္တာသုတ်၌ “တတ္ထ”သဒ္ဒါ မပါဘဲလျက် ရှေ့သုတ်မှ တတ္ထပုဒ်ကို လိုက်စေ၍ အနက်ပေးသည်၊ “ဟောတိ, ဟောန္တိ” စသည်တို့မှာ ဖြစ်သင့်သလို အပိုထည့်ရသောပုဒ်တည်း။
အညေ၊ ရဿမှတစ်ပါး ၅- လုံးသော သရတို့သည်။ ဒီဃာ၊ ဒီဃတို့မည်၏။ အာ ဤ ဥု ဧသြ ဟူသည် တည်း။
၅။ ဤသုတ်ကား အာစသော သရ ၅ လုံးကို ဒီဃဟု နာမည်မှည့်သော သုတ်တည်း၊ ဒီဃသဒ္ဒါသည် အရှည်ဟူသော အနက်ကို ဟော၏၊ အာ စသည်ကို ရွတ်ဆိုသည့်အခါ မျက်စိ နှစ်မှိတ်ခန့်ကာလ (၂ မတြာ)ကြာမှ ပြီး၏၊ ဤသုတ်ဖြင့် ဒီဃမှည့်ခြင်းသည် ဒီဃံစသောသုတ်၌ အာ-စသည်ကို ဒီဃဟု ခေါ်ဝေါ်သုံးစွဲရခြင်းအကျိုးရှိ၏။
သေသာ-သရမှ ကြွင်းကုန်သော ၃၃-လုံးသော အက္ခရာတို့သည်။ ဗျဉ္ဇနာ- ဗျဉ်းတို့မည်၏။ က ခ ဂ ဃ င, စ ဆ ဇ ဈ ဉ, ဋ ဌ ဍ ဎ ဏ, တ ထ ဒ ဓ န, ပ ဖ ဗ ဘ မ, ယ ရ လ ဝ သ ဟ ဠ အံ ဟူသည်တည်း။
၆။ ဤသုတ်ကား က စသော ၃၃-လုံးကို ဗျဉ်းဟု နာမည်မှည့်သော သုတ်တည်း၊ ဤသုတ်ဖြင့် ဗျဉ်းဟု မှည့်ခြင်းသည် အံ ဗျဉ္ဇနေ နိဂ္ဂဟီတံ စသော သုတ်၌ က ခ စသည်ကို ဗျဉ်းဟု ခေါ်ဝေါ်ရခြင်းအကျိုးရှိ၏။
အထူးမှတ်သားဖွယ်။ ။ အ အာ စသော သရ ၈-လုံးသည် ဗျဉ်းနှင့် မတွဲဘဲ သူတို့ချည်းသက်သက် အသံပီသစွာ ရွတ်ဖြစ်၏၊ က ခ စသော ဗျဉ်းတို့ကား သူတို့ချည်းနေတဲ့အခါ အသံပီသစွာ ရွတ်မဖြစ်၊ က်-ခ်-ဂ် စသည်ဖြင့်လေသံလောက်သာ အသံထွက်သည်၊ အ-စသော သရများနှင့် တွဲမှ က ခ ဂ စသည်ဖြင့် ပီသစွာ အသံထွက်နိုင်သည်၊ အံဟု ရွတ်ဆိုရ သော နိဂ္ဂဟိတ်ဗျဉ်းကိုကား အ ဣ ဥဟူသော ရဿသရများနှင့်သာ တွဲရသည်၊ ထိုသို့ သရကို မှီ၍ ဖြစ်ကြရာ၌ က အစ ဠ အဆုံး ၃၂-လုံးသည် ဗျဉ်းက ရှေ့, သရက နောက်နေရ၏၊ နိဂ္ဂဟိတ်မှာ သရက ရှေ့, ဗျဉ်းက နောက်နေသည်၊ ဇယားပုံကို ကြည့်ပါ။
မန္တာ၊ မ အဆုံးရှိသော ၂၅ လုံးသော ဗျဉ်းတို့သည်။ ပဉ္စပဉ္စသော၊ ၅ လုံးတစ်စု ၅ လုံးတစ်စု အားဖြင့်။ ဝဂ္ဂါ၊ က ဝဂ်, စ ဝဂ်, ဋ ဝဂ်, တ ဝဂ် ပဝဂ်တို့မည်၏။ က ခ ဂ ဃ င, စ ဆ ဇ ဈ ဉ, ဋ ဌ ဍ ဎ ဏ, တ ထ ဒ ဓ န, ပ ဖ ဗ ဘ မ ဟူသည်တည်း။
၇။၊ ဤသုတ်ကား က အစ မ အဆုံး ၂၅ လုံးသောဗျဉ်းကို “ဝဂ်”ဟူ၍ နာမည်မှည့်သောသုတ်တည်း၊ ဤသုတ်ဖြင့် “ဝဂ်”ဟု နာမည်မှည့်ခြင်း သည် **“ဝဂ္ဂေ ဃောသာ.ဃောသာနံ တတိယပဌမာ”**သုတ်၌ “ဝဂ်”ဟု ခေါ်ဝေါ်သုံးစွဲရခြင်းအကျိုးရှိ၏။ ဝဂ္ဂသဒ္ဒါသည် “အစု”ဟူသောအနက်ကို ဟော၏၊ ထို့ကြောင့် “က ခ ဂ ဃ င” ၅ လုံးအစုကို “ဌာန်ချင်းတူသော ကြောင့်) အစဆုံး ကအက္ခရာဖြင့် နာမည်တပ်၍ “ကဝဂ်”ခေါ်သည်ဟု မှတ်၊ နောက်ဝဂ်များ၌လည်း ဤနည်းပင်၊ ယ ရ လ ဝ သ ဟ ဠ အံတို့မှာ (ဌာန်ချင်းမတူရကား) စု၍ မဖြစ်သောကြောင့် “အဝဂ်”ဟု ခေါ်ရသည်။ [အဝဂ်=အစုမဟုတ်။]
အံဣတိ၊ အံဟူသော ဤဗိန္ဒုပြောက် သည်။ နိဂ္ဂဟီတံ၊ နိဂ္ဂဟိတ်မည်၏။ အံဟု ရွတ်ဆိုရာ၌ အ သရ မဖက် ဗိန္ဒုပြောက်သက်သက်သာ နိဂ္ဂဟိတ်မည်၏။
၈။ နိဂ္ဂဟိတ်ကို ရေးသားရာ၌ နိဂ္ဂဟိတ်ချည်းသက်သက် ရေးလျှင် ရွတ်၍ မဖြစ်သောကြောင့် အသရနှင့်တွဲဖက်၍ -ံ (အံ)ဟု ရေးသားရသည်၊ ဤသုတ်ဖြင့် “နိဂ္ဂဟိတ်”ဟု နာမည်မှည့်ရခြင်းသည် အံဗျဉ္ဇနေ နိဂ္ဂဟီတံ သုတ်၌ ခေါ်ဝေါ်ရခြင်းအကျိုးရှိ၏။ [ဤပြခဲ့သော သရ ဗျဉ်းတို့ကို ရေးနည်းနှင့်တကွ သိဖို့ရာ နောက်ဘက်က ဇယားကွက်ကို ပြ၍ ဆရာက ပြောပြပါလေ။]
ပယောဂေ၊ သုံးစွဲသင့်သည်။ (သတိ၊ ရှိလတ်သော်။) ပရသမညာ၊ တစ်ပါးသော သက္ကတကျမ်း တို့၏ အမည်တို့ကိုလည်း။ ယုဇ္ဇန္တေ၊ သုံးစွဲအပ်ကုန်၏။ က ခ, စဆ, ဋ ဌ, တ ထ, ပ ဖ, သ ဤ ၂၁- လုံးတို့၏ အဃောသအမည်,… ဂ ဃ င, ဇ ဈ ဉ, ဍ ဎ ဏ, ဒ ဓ န, ဗ ဘ မ, ယ ရ လ ဝ ဟ ဠ ဤ ၂၁- လုံးတို့၏ ဃောသအမည် စသည်များတည်း။
၉။ ဤ “ပရသမညာ ပယောဂေ”သုတ်ကား နာမည်ကို တိုက်ရိုက် မမှည့်ဘဲ ဤကစ္စည်းကျမ်းမှ တစ်ပါးသော သက္ကတသဒ္ဒါကျမ်းတို့၌ အမည် များစွာ ရှိလေသေး၏၊ “ထိုအမည်များကိုလည်း သုံးစွဲသင့်က ဤကျမ်း၌ ယူ၍ သုံးစွဲပါလေ”ဟု ဆိုလိုသည်၊ သုတ် ၄-မျိုးတွင် နာမည်ကို သိစေတတ် သော ပရိဘာသာသုတ်တစ်မျိုးတည်း၊ [အိန္ဒိယတိုင်းသားတို့ အသုံးများ သော သဒ္ဒါကျမ်းကို သက္ကတသဒ္ဒါကျမ်းဟု ခေါ်သည်၊] ဤဃောသ အဃောသအမည်ကို “ဝဂ္ဂေ ဃောသာ.ဃောသာနံ တတိယပဌမာ” သုတ်၌ သုံးစွဲသင့်၏၊ ဝဏ္ဏ-သံယောဂ-လိင်္ဂစသော အမည်များလည်း ပရသမညာပင်တည်း၊ ထိုအမည်များမှာ နောက်၌ ထင်ရှားပါလိမ့်မည်။
ပုဗ္ဗံ၊ ရှေ့ဗျဉ်းကို။ အဓောဌိတံ၊ ရှေ့ဟူသောအောက်၌ အစဉ်မပျက် တည်သည်ကိုလည်းကောင်း။ အဿရံ၊ သရ မရှိသည်ကိုလည်း ကောင်း။ (ကတွာ၊ ပြု၍။) သရေန၊ သရမှ။ ဝိယောဇယေ၊ ခွဲရာ၏။
၁၀။ [“ပုဗ္ဗံ+အဓောဌိတံ+အဿရံ”ဟု ပုဒ်ဖြတ်။] ပုဗ္ဗ.မဓောဌိတ. မဿရံ သရေန ဝိယောဇယေသုတ်ကား “ရှေ့ဗျဉ်းကို နောက်သရမှ ခွဲထားရမည်”ဟု ပြ၏၊ ဤသုတ်ကို နေရာတိုင်းမှာ အသုံးပြုရမည် ဖြစ်သောကြောင့် သုတ် ၄-မျိုးတွင် ပရိဘာသာသုတ်တည်း။
- မေး။ ။ ဗျဉ်းကို ဘာပြုလို့ သရမှ ခွဲထားရမည်နည်း။
- ဖြေ။ ။ မခွဲလို့ရှိလျှင် ဗျဉ်းက အုပ်ထားသောကြောင့် အချို့နေရာ၌ သရရှိမှန်း မသိနိုင်၊ က ခ စသည်၌ “၊”သရ မြုပ်နေသည်ကို ကြည့်ပါ၊ သရရှိမှန်းမသိရလျှင် ထိုသရကို ချေခြင်း, ဒီဃပြုခြင်း စသော အစီအရင်များပြုဖို့ရန် ခဲယဉ်းသည်၊ ထို့ကြောင့် သရ ရှိမှန်း သိစေခြင်းအကျိုးငှာ ဗျဉ်းကို သရမှ ခွဲ၍ ပြရလေသည်၊ ဤစကားအရ “သရကို တစ်စုံတစ်ခု ပြုစီရင်လိုမှ ခွင်းရမည်၊ တစ်စုံတစ်ခု မပြုလိုလျှင် ခွင်းဖွယ်မလို”ဟု မှတ်။
[ဆောင်]ဗျဉ်းက အုပ်ထား, သရများ, မှတ်သား မထင်ရှား၊ သရ-အရှိကို, သိစေလို, မိန့်ဆို ခွဲ၍ထား။
- မေး။ ။ ဗျဉ်းသည် နောက်သရကို မှီသော က ခ စသော ဗျဉ်း, ရှေ့သရကို မှီသော နိဂ္ဂဟိတ်ဗျဉ်းဟု ၂-မျိုးရှိသည်တွင် အဘယ် ဗျဉ်းကို သရမှ ခွဲရမည်နည်း။
- ဖြေ။ ။ ပုဗ္ဗံ ဟု ဆိုသောကြောင့် သရနှင့်တွဲသည့်အခါ ရှေ့ကနေသော က ခ စသော ဗျဉ်း ၃၂-လုံးကိုသာ ခွဲရမည်၊ နိဂ္ဂဟိတ်ကား မခွဲနိုင်။
- မေး။ ။ ရှေ့ဗျဉ်းကို သရမှ ခွဲသည်ရှိသော် နောက်ထပ် သရအသစ်မှီရာ ထည့်၍ခွဲရမည်လော, သရမပါဘဲ ဗျဉ်းချည်းသာ ခွဲရမည်လော။
- ဖြေ။ ။ အသရံ ဟု ဆိုသောကြောင့် နောက်ထပ် သရအသစ် မပါစေရ, ဗျဉ်းချည်းသက်သက် ခွဲထားရမည်။မေး။ ။ ခွဲပြီးလျှင် သင်ပုန်း၌ ရေး၍ ရုပ်တွက်သည့်အခါ ထိုဗျဉ်းကို ဘယ်နေရာ၌ ထားရမည်နည်း။
- ဖြေ။ ။ အဓောဌိတံ ဟု ဆိုသောကြောင့် အောက်၌ ထားရမည်။ “အောက်”ဟု ဆိုသော်လည်း မြန်မာများခေါ်သလို စာကြောင်းအောက်၌ ချထားရမည်မဟုတ်၊ ရှေ့တည့်တည့်ကိုပင် ပါဠိအသုံးအားဖြင့် “အောက်” ဟု ခေါ်သည်၊ ထို့ကြောင့် “ပင်ကိုက ကပ်နေသော သရ၏ရှေ့တည့်တည့် မှာ အနည်းငယ် ရှေ့ထားရမည်”ဟု မှတ်ပါ၊ “ရှေ့ ဟု ဆိုအပ်သော အောက်တည်း, စာကြောင်းအောက် မဟုတ်”ဟူလို။
အမှာ။ ။ ဆရာများက သင်ပုန်း၌ ချ၍ သေသေချာချာ ပြောပြပါ၊ ရုပ်တွက်သည့်အခါ၌လည်း ဗျဉ်းကို သရမရှိမှန်း သိဖို့ရာ က် ခ် စသည်ဖြင့် တံခွန်ကလေးပြပါ၊ ခွဲသည်ကိုပင် ရှေးက “ခွင်း”ဟု အသုံးပြုသည်။
ယုတ္တေ၊ သန္ဓိစပ်သင့်ရာဌာန၌။ ပုဗ္ဗံ၊ သရမရှိသော ရှေ့ဗျဉ်းကို။ ပရံ၊ နောက်အက္ခရာသို့။ နယေ၊ ဆောင်ကပ်ရာ၏။
၁၁။ ဤ နယေ ပရံ ယုတ္တေသုတ်လည်း “သန္ဓိစပ်သင့်ရာဌာန၌ သရ မရှိသော ရှေ့ဗျဉ်းကို နောက်အက္ခရာသို့ ဆောင်ကပ်လေ”ဟု ပြောသော ပရိဘာသာသုတ်ပင်တည်း၊ ဤ ၁၀-၁၁ နံပါတ်သုတ်များ၌ ရုပ်တွက်ဖွယ် မလိုသေး၊ ခွင်းစရာရှိလျှင် ရှေ့ပုဗ္ဗမဓောဌိတ စသော သုတ်ဖြင့် ခွင်း၍ ကပ်စရာရှိလျှင် ဤနယေ ပရံ ယုတ္တေသုတ်ဖြင့် ကပ်ရမည်ကို အမြဲသတိပြု။
သန္ဓိကပ္ပေ၊ သန္ဓိ ကျမ်း၌။ ပဌမော၊ ရှေးဦးစွာသော။ ကဏ္ဍော၊ အခန်းသည်။ ဣတိ၊ ပြီးပြီ။
ဣတိ သန္ဓိကပ္ပေ-စသည်ကား ပဌမအခန်းကို အုပ်ဖုံးသော နိဂုံး စကားတည်း၊ အပိုင်းကြီးတစ်ပိုင်းဝယ် သဘောတူ အနက်အဓိပ္ပာယ် တစ်ကန့်ကို ပြရာ အခန်းငယ်တစ်ခန်းကို “ကဏ္ဍ”ဟု ခေါ်၏၊ ဤပဌမ ကဏ္ဍသည် အမည်သညာနှင့် ပရိဘာသာကို ပြရာအခန်းတည်း။
၁။ လေ့ကျင့်ခန်းမေးခွန်းများ
[ကျက်ပြီး သုတ်နက်များကို ကြေ-မကြေ အပြန်ခိုင်း၍ အောက်ပါ မေးခွန်းများကို မေးပါ။]
- က။ အက္ခရာ ဘယ့်လောက်ရှိသနည်း, ရေတွက်ပြပါ။
- ခ။ ထိုအက္ခရာများကို နာမည်တစ်မျိုး ဘယ်လို ခေါ်သေး သနည်း။
- ဂ။ သရ-ရဿ-ဒီဃတို့ မည်မျှစီ ရှိကြသနည်း, အသီးသီး ရေတွက်ပြပါ။
- ဃ။ ဗျဉ်း-ဝဂ်-အဝဂ်တို့ မည်မျှစီ ရှိကြသနည်း, ရေတွက်ပြပါ။ င။ အံ-ဣံ-ဥံဟု ရွတ်ဆိုရာဝယ် ဘယ်ဟာကို နိဂ္ဂဟိတ်ဟု ခေါ်သနည်း။
- စ။ ဃောသမည်မျှ-အဃောသမည်မျှရှိသနည်း, ရေတွက်ပြပါ။ ဆ။ ပရသမညာ ပယောဂေသုတ်သည် ဘာကို ပြသောသုတ် နည်း။
- ဇ။ ဗျဉ်းကို သရမှ ခွင်းစရာရှိလျှင် အဘယ်သုတ်ဖြင့် ခွင်းရ မည်နည်း။
- ဈ။ ဗျဉ်းကို သရသို့ ကပ်စရာရှိလျှင် အဘယ်သုတ်ဖြင့် ကပ်ရ မည်နည်း။
- ဉ။ ဤသန္ဓိပဌမခန်း၌ ဘာကို ပြသနည်း။
သရာ၊ ရှေ့သရတို့သည်။ လောပံ၊ ကျေပျောက်ခြင်းသို့။ ပပ္ပောန္တိ၊ ရောက်ကုန်၏ ယဿိ.န္ဒြိယာနိ စသည်တည်း။
၁၂၊ ဤ သရာ သရေ လောပံသုတ်သည် “နောက်သရကြောင့် ရှေ့ သရတို့ကို ချေ”ဟု စီရင်သော ဝိဓိသုတ်တည်း၊ ဤအစီအရင်အရ နောက် သရနှောင်းလျှင် ရှေ့သရကို ချေသင့်က ချေရသည်။ [ယဿိ.န္ဒြိယာနိ= ယဿ+ဣန္ဒြိယာနိ။ ယဿ=အကြင်သူ၏+ဣန္ဒြိယာနိ=ဣန္ဒြေတို့။]
နှုတ်တက်ဆောင်ရန်
ရုပ်အကျဉ်းတွက်ပုံ။ ။ ယဿိန္ဒြိယာနိကို “ယဿ ဣန္ဒြိယာနိ”ဟု ပုဒ်ဖြတ်, ပုဗ္ဗမဓောဌိတမဿရံ သရေန ဝိယောဇယေသုတ်ဖြင့် အ သရမှ ဿ်ဗျဉ်းကို ခွင်း၍ ရှေ့ဟူသောအောက်၌ အစဉ်မပျက်ထား, သရာ သရေ လောပံသုတ်ဖြင့် ရှေ့ အ သရကို ချေ, နယေ ပရံ ယုတ္တေ သုတ်ဖြင့် သရကင်းသော ဿ် ဗျဉ်းကို နောက် ဣ သို့ ကပ်, ယဿိန္ဒြိယာနိ ပြီး၏။
အမှာ။ ။ ဂဏန်းမှန်အောင် တွက်ပြသကဲ့သို့ ပင်ကို အရုပ်အတိုင်း မှန်အောင်တွက်ခြင်းကိုလည်း “ရုပ်တွက်”ဟု ခေါ်၏၊ သင်ပုန်း၌ ကလေးများကိုယ်တိုင် ရေးသား၍ ရုပ်တွက်စေခြင်းသည် လက်တွေ့ သင်ပြခြင်းတစ်မျိုးဖြစ်၏၊ ထို့ကြောင့် ကလေးများကို သင်ပုန်း၌ ချ၍ရုပ်တွက်ပြသည့်အခါ အောက်ပါပုံအတိုင်း ဖြစ်နေပါလိမ့်မည်။
ယဿ -ိန္ဒြိယာနိ … (ပုဒ်ဖြတ်ထားပုံ)
ယဿ် ၊ -ိန္ဒြိယာနိ … (၊ သရမှ ဿ်ဗျဉ်းကို ခွင်းထားပုံ)
ယဿ် -ိန္ဒြိယာနိ … (၊ သရ ကျေပုံ)
ယဿိန္ဒြိယာနိ … (ပင်ကိုအတိုင်း ပြီးနေပုံ)
အသရူပါ- တူသောရုပ်သွင် ရှိသည် မဟုတ်သော ရှေ့သရမှ။ ပရော- နောက်သရသည်။ ဝါ- ဝိကပ်အားဖြင့်။ လောပံ- ကျေပျောက်ခြင်းသို့။ ပပ္ပောတိ- ရောက်၏ စတ္တာရော.မေ စသည်တည်း။
၁၃။ ဤ ဝါ ပရော အသရူပါသုတ်သည် “ရုပ်သွင်သဏ္ဌာန် မတူသော ရှေ့သရမှ နောက်ဖြစ်သော သရကို ချေ”ဟု စီရင်သော ဝိဓိသုတ်တည်း။ [ဣမေ-ဤတရားတို့သည်၊ စတ္တာရော-၄ ပါးတို့တည်း။]
**သရူပ**- [သ၊ တူသော+ရူပ=ရုပ်, အသွင် သဏ္ဌာန်။] ရုပ်တွက်ရာ၌ ရှေ့နောက်ယှဉ်နေသော သရ ၂-လုံးသည် ရုပ်သွင်တူနေလျှင် သရူပသရ ဖြစ်၍ ဤသုတ်ဖြင့် မချေနိုင်၊ အနှင့်အာသည် ရုပ်သွင်တူ၏, ရွတ်ဆိုသံ လည်း တူ၏၊ အနည်းငယ် အရှည်အတိုကွဲသည်မှာ မပြောပလောက်ချေ၊ အ-အချင်းချင်းတူနေပုံမှာ ပြောဖွယ်မရှိပြီ၊ ဣနှင့်ဤ, ဥနှင့်ဥုတို့လည်း ရုပ်သွင်တူ၏၊ ဧ-အချင်းချင်း, သြ-အချင်းချင်းလည်း သရူပသရပင်ဖြစ်၏။ [အသရူပဟု အချို့က ပြောကြ၏၊ စဉ်းစားပါ။]
အချုပ်ကား “အ အာတို့နောင် ဣ ဤ ဥ ဥု ဧ သြ ၆-လုံးသည် အသရူပတည်း၊ ဣ ဤနောင် အ အာ ဥ ဥု ဧ သြ ၆-လုံးသည် အသရူပ တည်း၊ ဥ ဥုနောင် အ အာ ဣ ဤ ဧ သြ ၆-လုံးသည် အသရူပတည်း၊ ဧ နောင် အ အာ ဣ ဤ ဥ ဥု သြ ၇-လုံးသည် အသရူပတည်း၊ သြနောင် အ အာ ဣ ဤ ဥ ဥု ဧ ၇-လုံးသည် အသရူပတည်း”ဟု သိပါလေ။
ရုပ်တွက်။ ။ စတ္တာရော.မေကို “စတ္တာရော -ိမေ”ဟု ပုဒ်ဖြတ်, ပုဗ္ဗ. မဓောဌိတ.မဿရံ သရေန ဝိယောဇယေသုတ်ဖြင့် ေ-ါသရမှ ရ်ဗျဉ်းကို ခွင်း၍ ရှေ့ဟူသောအောက်၌ အစဉ်မပျက်ထား၊ “ဝါ ပရော အသရူပါ” သုတ်ဖြင့် နောက် -ိသရကို ချေ, နယေ ပရံ ယုတ္တေသုတ်ဖြင့် သရကင်း သော ရ်ဗျဉ်းကို နောက် ေ-ါသို့ ကပ်, စတ္တာရော.မေ ပြီး၏။
ဌာန်အကြောင်း။ ။ ဌာန်ကို နားလည်ပြီးမှ ဆိုလတ္တံ့သုတ်၌ သဝဏ္ဏ, အသဝဏ္ဏကို နားလည်နိုင်မည်၊ ထို့ကြောင့် ဤနေရာ၌ တစ်ရက်တက်စာ ဟု သဘောထား၍ ဌာန်တို့ကို လေ့လာပါဦး၊ လည်ချောင်းမှ အထက်၌ အက္ခရာသံပေါ်ထွက်ရာ ဌာနရှိ၏၊ ထိုဌာနကိုပင် “ဌာန်”ဟု ခေါ်၏၊ ထိုဌာန်သည် ကဏ္ဌဌာန်, တာလုဌာန်, မုဒ္ဓဌာန်, ဒန္တဌာန်, သြဋ္ဌဌာန်, နာသိကာဌာန်ဟု ၆-ပါး ရှိ၏။
ကဏ္ဌဇ။ ။ ထိုတွင် … အဝဏ် ၂-လုံး, ကဝဂ် ၅-လုံး, ဟ အက္ခရာ ဤ ၈-လုံးသည် လည်ချောင်းအရပ်၌ ဖြစ်သောကြောင့် ကဏ္ဌဇမည်၏။
တာလုဇ။ ။ ဣဝဏ် ၂-လုံး, စဝဂ် ၅-လုံး, ယ အက္ခရာ … ဤ ၈-လုံးသည် အာစောက်အရပ်၌ ဖြစ်သောကြောင့် တာလုဇ မည်၏။
မုဒ္ဓဇ။ ။ ဋဝဂ် ၅-လုံး, ရ - ဠကြီး အက္ခရာ …ဤ ၇ - လုံးသည် အာထိပ်အရပ်၌ ဖြစ်သောကြောင့် မုဒ္ဓဇ မည်၏။
ဒန္တဇ။ ။ တဝဂ် ၅-လုံး, လ - သ အက္ခရာ …ဤ ၇ - လုံးသည် သွားအရပ်၌ ဖြစ်သောကြောင့် ဒန္တဇ မည်၏။
သြဋ္ဌဇ။ ။ ဥဝဏ် ၂-လုံး, ပဝဂ် ၅-လုံး …ဤ ၇ - လုံးသည် နှုတ်ခမ်းအရပ်၌ ဖြစ်သောကြောင့် သြဋ္ဌဇ မည်၏။
ဒွိဇအက္ခရာများ။ ။ [ဌာန် ၂-ခု၌ ဖြစ်သော အက္ခရာကို “ဒွိဇ”ဟု ခေါ်၏။] ဧ သည် လည်ချောင်း အာစောက် ၂-ဌာန်၌ ဖြစ်သောကြောင့် ကဏ္ဌတာလုဇ မည်၏၊ သြ သည် ကဏ္ဌ သြဋ္ဌ ၂-ဌာန်၌ ဖြစ်သောကြောင့် ကဏ္ဌောဋ္ဌဇ မည်၏၊ ဝ သည် ဒန္တ သြဋ္ဌ ၂-ဌာန်၌ ဖြစ်သောကြောင့် ဒန္တောဋ္ဌဇ မည်၏၊ နိဂ္ဂဟိတ်သည် နှာခေါင်းအရပ်၌ ဖြစ်သောကြောင့် နာသိကဇ မည်၏။
အမှာ။ ။ ကဏ္ဌ - လည်ချောင်း၊ တာလု - အာစောက် (အာခေါင်)၊ မုဒ္ဓ - အာထိပ်၊ ဒန္တ - သွား၊ သြဋ္ဌ - နှုတ်ခမ်း၊ နာသိကာ - နှာခေါင်း၊ ဇ-ဖြစ်သော အက္ခရာ။
[ဆောင်]
- ၁။ ကဝဂ် ပဉ္စ, အ အာ ဟ,ကဝဂ် ပဉ္စ, အ အာ ဟ, အဋ္ဌ ကဏ္ဌဇာ။
- ၂။ စဝဂ် ပဉ္စ, ဣ ဤ ယ,စဝဂ် ပဉ္စ, ဣ ဤ ယ, အဋ္ဌ တာလုဇာ။
- ၃။ ဋဝဂ် ပဉ္စ, ရဋဝဂ် ပဉ္စ, ရ နှင့်နှင့် ဠ, သတ္တ မုဒ္ဓဇာ။
- ၄။ တဝဂ် ပဉ္စ, လ နှင့် သ,တဝဂ် ပဉ္စ, လ နှင့် သ, သတ္တ ဒန္တဇာ။သတ္တ ဒန္တဇာ။
- ၅။ ပဝဂ် ပဉ္စ, ဥ ဥု မျှ, သတ္တ သြဋ္ဌဇာ။
- ၆။ ကဏ္ဌ တာလု, ဧ ကို ရှုလျက်, သြ အတွက်ပြ, ကဏ္ဌောဋ္ဌတည်း၊ ဝ ကား ဒန္တောဌ်, မှန်အောင် ရွတ်စိတ်, နိဂ္ဂဟိတ်, ကြိတ်လိပ် နာသိကာ။
လုတ္တေ၊ ရှေ့သရ ကျေပြီး သော်။ ပရော၊ နောက် ဣဝဏ် ဥဝဏ် သရ ၄- လုံးသည်။ ကွစိ၊ အချို့အရာ၌။ အသဝဏ္ဏံ၊ ဧ သြဟူသော အသဝဏ်အဖြစ်သို့။ ပပ္ပောတိ၊ ရောက်၏ ဗန္ဓုဿေ.ဝ, နော.ပေတိ စသည်တည်း။
**၁၄**။ ဤ ကွစာ.သဝဏ္ဏံ လုတ္တေသုတ်သည် “ရှေ့သရ ကျေပြီးသော် နောက် ဣဝဏ်ကို ဧ, ဥ ဝဏ်ကို သြ အသဝဏ်ပြု”ဟု စီရင်သောသုတ် တည်း၊ ထို့ကြောင့် ဤသုတ်က မစီရင်ခင် သရာ သရေ လောပံ သုတ်ဖြင့် ရှေ့သရကို ချေရမည်။ [ဗန္ဓုဿေ.ဝ၊ ဗန္ဓုဿ+ဣဝ-ဆွေမျိုး၏+ကဲ့သို့၊ နော.ပေတိ = န+ဥပေတိ- မကပ်ရောက်။]
**သဝဏ္ဏ** - [သ၊ တူသော+ဝဏ္ဏ = ပုံသဏ္ဌာန် (ဝါ) ဌာန်။] ပုံသဏ္ဌာန် အားဖြင့်လည်းကောင်း, ကဏ္ဌစသော ဌာန်အားဖြင့်လည်းကောင်း အတူရှိ သော သရများသည် သဝဏ္ဏ မည်၏၊ အနှင့်အာသည် သဝဏ္ဏ, ဣနှင့်ဤ သည် သဝဏ္ဏ, ဥနှင့်ဥုသည် သဝဏ္ဏ မည်၏၊ ဤစကားအရ သဝဏ္ဏသရ ၆-လုံးဟု မှတ်၊ ဧ မှာ ပုံသဏ္ဌာန်တူသော တွဲဖက်မရှိ, သြမှာလည်း မရှိ၊ သို့အတွက် ဧ သြတို့သည် သဝဏ္ဏသရ မဟုတ်-အသဝဏ္ဏသရများတည်း၊ ထို့ကြောင့် “အသဝဏ္ဏံ-ဧ သြဟူသော အသဝဏ်အဖြစ်သို့”ဟု ဆိုသည်။
ဧ သြ-အသဝဏ်ပြုရာ၌ ဌာန်တစ်စိတ်တူသည်ကိုသတိပြု၍ ဣဝဏ် ကို ဧ, ဥဝဏ်ကို သြ ပြုရမည်၊ မှန်၏- ဣဝဏ် ၂-လုံးသည် တာလုဌာန်၌ ဖြစ်၍ ဧ သည် ကဏ္ဌတာလုဌာန်၌ ဖြစ်သောကြောင့် ဌာန်တစ်စိတ် တစ်ပိုင်းအားဖြင့် တူ၏၊ ဥဝဏ်သည် သြဋ္ဌဌာန်ဖြစ်၍ သြသည် ကဏ္ဌ သြဋ္ဌဌာန်၌ ဖြစ်သောကြောင့် ဌာန်တစ်စိတ် တစ်ပိုင်းအားဖြင့် တူသည်။
[ဆောင်]
- ၁။ အဆင်းပုံဟန်, ဌာန်တူသမှု, အစွဲပြု၍, နှစ်ခုတွဲကာ, အနှင့်အာ ယူ, ဣ ဤ ဟူ, ဥ ဥု သဝဏ္ဏ။
- ၂။ အဆင်းပုံဟန်, ဌာန်တူမနှော, ဧနှင့်သြ, မှတ်လော အသဝဏ္ဏ။
- ၃။ ဌာန်တစ်စိတ်ချင်း, တူသည့်ခင်းကြောင့်, မယွင်းစွဲဆို, ဣဝဏ်ကို ဧ, ဥဝဏ် ဒွေး, မှတ်ရေး သြ ပြုရ။
ရုပ်တွက်ပုံ။ ။ ဗန္ဓုဿေ.ဝကို “ဗန္ဓုဿ -ိဝ”ဟု ပုဒ်ဖြတ်, ဿ်ခွင်း (ဗန္ဓုဿ် ၊ -ိဝ) သရာ သရေ လောပံသုတ်ဖြင့် ရှေ့ ၊ ကို ချေ, ကွစာ သဝဏ္ဏံ လုတ္တေသုတ်ဖြင့် နောက် -ိ သရကို ဧ အသဝဏ် ပြု, ဿ်ကို ဧ သို့ ကပ်, ပြီး၏။ “နောပေတိကို န+ဥပေတိ ဟု ပုဒ်ဖြတ်, န် ခွင်း, ၊ သရ ချေ, ဥ သရကို ဤသုတ်ဖြင့် သြအသဝဏ်ပြု”ဟု ဆိုလေ။]
လုတ္တေ၊ ရှေ့သရ ကျေပြီးသော်။ ပရော၊ နောက် ရဿသရသည်။ ကွစိ၊ အချို့အရာ၌။ ဒီဃံ၊ ဒီဃအဖြစ်သို့။ ပပ္ပောတိ၊ ရောက်၏ သဒ္ဓီ.ဓ စသည်တည်း။
**၁၅**။ ဤဒီဃံသုတ်သည် “ရှေ့သရကျေပြီးလျှင် နောက်ရဿသရကို ဒီဃပြု”ဟု စီရင်သော ဝိဓိသုတ်တည်း၊ ဒီဃပြုတဲ့အခါလည်း ဌာန်တူကို သတိပြု၍ အ ကို အာ, ဣ ကို ဤ, ဥ ကို ဥု ဒီဃပြုရမည်။ [သဒ္ဓီဓ၊ သဒ္ဓါ + ဣဓ၊ ဣဓ - ဤလောက၌၊ သဒ္ဓါ - သဒ္ဓါသည်။]
ရုပ်တွက်။ ။ သဒ္ဓီ.ဓကို “သဒ္ဓါ -ိဓ”ဟု ပုဒ်ဖြတ်၊ ဒ္ဓ်ခွင်း, သရာ သရေ လောပံသုတ်ဖြင့် ရှေ့ -ါ သရကို ချေ, ဒီဃံသုတ်ဖြင့် နောက်-ိကို -ီဒီဃပြု, ဒ္ဓ် ကို -ီ သို့ ကပ်, သဒ္ဓီဓ ပြီး၏။
လုတ္တေ၊ နောက်သရ ကျေပြီးသော်။ ပုဗ္ဗော စ၊ ရှေ့ရဿသရသည်လည်း။ ကွစိ၊ အချို့အရာ၌။ ဒီဃံ၊ ဒီဃ အဖြစ်သို့။ ပပ္ပောတိ၊ ရောက်၏ ကိံသူ.ဓ စသည်တည်း။
**၁၆**။ ဤပုဗ္ဗော စသုတ်သည် “နောက်သရကျေပြီးလျှင် ရှေ့သရကို ဒီဃပြု”ဟု စီရင်သော ဝိဓိသုတ်တည်း။ [ကိံသူ.ဓ၊ ကိံသု+ဣဓ - ဤ လောက၌ + အဘယ်တရားနည်း။]
ရုပ်တွက်။ ။ ကိံသူ.ဓကို “ကိံသု -ိဓ”ဟု ပုဒ်ဖြတ်၊ သ်ခွင်း (ကိံသ် -ိဓ), ဝါ ပရော အသရူပါသုတ်ဖြင့် နောက် -ိ သရကို ချေ, (ကိံသ်ဓ) ပုဗ္ဗော စသုတ်ဖြင့် ရှေ့ ု ကို ူ ဒီဃပြု, သ် ကို ူ သို့ ကပ်, ကိံသူဓ ပြီး၏။
သရေ၊ နောက် သရ ကြောင့်။ ဧအန္တဿ၊ ပုဒ်အဆုံးဖြစ်သော ဧ ၏။ ယံ၊ ယဟူသော။ အာဒေသော၊ အာဒေသသည်။ ဟောတိ၊ ဖြစ်၏ မျာ.ယံ စသည် တည်း။
**၁၇**။ [ယမေဒန္တဿာဒေသောကို “ယံ+ဧအန္တဿ+အာဒေသော”ဟု ပုဒ်ဖြတ်၊] “နောက်သရကြောင့် မေ တေ ပုဒ်တို့၏ အဆုံးဖြစ်သော ဧ ကို ယ ပြု”ဟု စီရင်သောသုတ်တည်း။ [မျာ.ယံ၊ မေ + အယံ = ငါသည်+ ဤတရားကို။]
ပုဒ်အဆုံးဖြစ်သော ဧ။ ။ မျာ.ယံကို “မေ+အယံ”ဟု ပုဒ်ဖြတ်သည့် အခါ မေက တစ်ပုဒ်, အယံက တစ်ပုဒ်တည်း၊ မေကို သဒ္ဒါစည်းကမ်း ကျအောင် ရေးလျှင် “မေ”ဟု မ ကို ရှေ့, ေ- သရကို နောက်ထား၍ ရေးသားရသည်။ [ရေးနည်းဇယားကို ပြန်ကြည့်၊] ထို့ကြောင့် မေ၌ ဧသရသည် ပုဒ်အဆုံးပင် ဖြစ်၏၊ “ဧဒန္တဿ - တေ မေ၏ အစိတ် ဧ ၏” ဟု အနက်ဆိုခြင်းမှာ ရူပသိဒ္ဓိက ကိံရုပ်နှင့် မညီ။
ယဟူသော အာဒေသ။ ။ ဧကို ယပြုခြင်းသည် အာဒေသဝိဓိ တစ်မျိုးတည်းဟု သိစေလို၍ “ယံ-ယဟူသော၊ အာဒေသော-အာဒေသ သည်”ဟု အာဒေသသဒ္ဒါထည့်သည်၊ ဧကို ယပြုရာ၌ ယပင့်ပြုပါ။
ရုပ်တွက်။ ။ မျာ.ယံကို “မေ ၊ ယံ”ဟု ပုဒ်ဖြတ်၊ မ်ခွင်း (မ်ေ- ၊ ယံ) ယမေဒန္တဿာဒေသောသုတ်ဖြင့် ပုဒ်အဆုံးဖြစ်သော ဧ-သရကို “ယ်”ပြု, တတိယပိုင်း ဒီဃံသုတ်ဖြင့် ၊ ကို -ါ ဒီဃပြု, နယေ ပရံ ယုတ္တေသုတ်ဖြင့် သရကင်းသော ယ်ဗျဉ်းကို နောက် -ါ သို့ ကပ်, မ်ကိုလည်း ယာသို့ ကပ် မျာယံ ပြီး၏။
သရေ၊ နောက်သရကြောင့်။ သြ ဥ အန္တာနံ၊ ပုဒ်အဆုံးဖြစ်သော သြ ဥ တို့၏။ ဝံ၊ ဝ ဟူသော။ အာဒေသော၊ အာဒေသသည်။ ဟောတိ၊ ဖြစ်၏ အထခွ.ဿ, ဝတ္ထွေတ္ထ စသည်တည်း။
၁၈။ [“ဝံ + သြ ဥ အန္တာနံ”ဟု သုတ်ကို ပုဒ်ဖြတ်၊] ဤသုတ်ကား “နောက်သရကြောင့် ပုဒ်အဆုံးဖြစ်သော ဥ သြတို့ကို ဝ ပြု”ဟု စီရင်သော ဝိဓိသုတ်တည်း။ [အထခေါ+အဿ-ထိုအခါ၌+ထိုသူအား၊ ဝတ္ထု+ဧတ္ထတည်နေရာကို + ဤအရပ်၌။]
ရုပ်တွက်။ ။ အထခွဿကို “အထခေါ ၊ ဿ”ဟု ပုဒ်ဖြတ်၊ ခ် ခွင်း (အထခ်-ေ-ါ ၊ ဿ) ဝမောဒုဒန္တာနံသုတ်ဖြင့် ပုဒ်အဆုံးဖြစ်သော ေ-ါ ကို ဝ် ပြု, နယေ ပရံ ယုတ္တေသုတ်ဖြင့် ဝ် ကို ၊ သို့ ကပ်, ခ် ကိုလည်း ဝ သို့ ကပ်, ပြီး၏။ [ဝတ္ထွေတ္ထကို ဝတ္ထု ေ- တ္ထ”ဟု ပုဒ်ဖြတ်, တ္ထ် ခွင်း, ဤသုတ်ဖြင့် ပုဒ်အဆုံးဖြစ်သော ု ကို ဝ ပြုဟု ဆို။]
၁၉။ သဗ္ဗော စံတိ၊ သရေ- နောက်သရကြောင့်၊ သဗ္ဗော- အလုံးစုံသော၊ တိ- အတိ ပတိ ဣတိသဒ္ဒါတို့၏ အဆုံးတိသည်၊ စံ- စအဖြစ်သို့၊ ပပ္ပောတိ- ရောက်၏။ အစ္စ.န္တံ, ပစ္စာ.ဟရတိ, ဣစ္စေတံ စသည်တည်း။
၁၉။ ဤသုတ်ကား “နောက်သရကြောင့် အတိ ပတိ ဣတိသဒ္ဒါတို့၏ အဆုံးဖြစ်သော တိ ကို စ ပြု”ဟု စီရင်သည်၊ “အလုံးစုံသော တိ”ဟု ဆိုသဖြင့် တ နှင့် -ိ ကို ခွဲ၍မပြုရ, တိ တစ်ခုလုံးကိုသာ စပြုရမည်ဟုမှတ်။ [အစ္စန္တံ၊ အတိ+အန္တံ=စင်စစ်၊ ပစ္စာဟရတိ=ပတိ+အာဟရတိ-တစ်ဖန် ဆောင်၏၊ ဣစ္စေတံ=ဣတိ+ဧတံ၊ ဣတိ-ဤသို့၊ ဧတံ-ဤစကားကို။]
ရုပ်တွက်။ ။ အစ္စန္တံ ကို “အတိ ၊ န္တံ”ဟု ပုဒ်ဖြတ်, သဗ္ဗော စံတိ သုတ်ဖြင့် အတိသဒ္ဒါ၏ အဆုံးတိကို စ် ပြု, နယေ ပရံ ယုတ္တေသုတ်ဖြင့် သရကင်းသော စ်ဗျဉ်းကို နောက် ၊ သို့ကပ်, ပရဒွေဘာဝေါ ဌာနေ သုတ်ဖြင့် စ ၏ သဒိသဒွေဘော် စ် လာ, အစ္စန္တံ ပြီး၏။
[ “သဒိသဒွေးဘော်”ဟူသောစကား၏ အဓိပ္ပာယ်ကို ပရဒွေဘာဝေါ ဌာနေသုတ်၌ သိရလတ္တံ့၊ ပစ္စာဟရတိ၌ ပတိသဒ္ဒါ၏အဆုံး တိကိုဟု လည်းကောင်း, ဣစ္စေတံ၌ ဣတိသဒ္ဒါ၏အဆုံး တိကိုဟုလည်းကောင်း ဆိုရုံသာ ထူးသည်။]
၂၀။ ဒေါ ဓဿ စ၊ သရေ- နောက်သရကြောင့်၊ ဓဿ စ- ဓအောက်ခြိုက်၏လည်း၊ ဒေါ စ- ဒထွေးအပြုသည်လည်း၊ ဟောတိ- ဖြစ်၏။ ဧက.မိဒါဟံ သည်တည်း။
၂၀။ [ဧကံ+ဣဓ+အဟံ၊ ဧကံ-တစ်ခုသောအခါ၌၊ ဣဓ-ဤအရပ်၌၊ အဟံ-ငါသည်။] ဤသုတ်ကား “သရနှောင်းရာ၌ ဓအောက်ခြိုက်ကို ဒထွေးပြု”ဟု စီရင်သော ဝိဓိသုတ်တည်း၊ ဧကနောက်၌ ရှိသော ဣဓ သဒ္ဒါ၏ ဓ ကိုသာ ဒထွေးပြုရမည်ဟု ရူပသိဒ္ဓိဆို၏။
[ဆောင်] ဧက နောက်ရှိ, ဣဓ သဒ္ဒါ, ဓ ကိုသာ, ရံခါ ဒထွေးပြု။
ရုပ်တွက်။ ။ ဧက.မိဒါ.ဟံကို “ဧကမိဓ ၊ ဟံ”ဟု ပုဒ်ဖြတ်၊ ဒေါ ဓဿ စသုတ်ဖြင့် ဓ ကို ဒ ပြု, ဒ်ဗျဉ်းကို ခွင်း (ဧကမိဒ် ၊ ဟံ) သရာ သရေ လောပံသုတ်ဖြင့် ရှေ့ ၊ သရကို ချေ, ဒီဃံသုတ်ဖြင့် နောက် ၊ သရ ကို -ါ ဒီဃပြု, ဒ်ကို နောက် -ါ သို့ကပ်, ဧကမိဒါဟံပြီး၏။ [ဧကနှင့်မိဒကို လည်း သန္ဓိစပ်ထားသည်၊ “မဒါ သရေ”သုတ်၌ တွက်တတ်လတ္တံ့။]
စသဒ္ဒါ၏အကျိုး။ ။ စ ဝါ ပိ အပိ သဒ္ဒါတို့သည် ကျမ်းဆရာတို့ အလိုအားဖြင့် အဓိပ္ပာယ်များစွာကို ပြနိုင်ကုန်၏၊ သုတ်နက်ပေးသည့်အခါ ကျမ်းဆရာ၏ အလိုကျအောင် ထို စ ပိ ဝါသဒ္ဒါစုကို သင့်ရာပုဒ်နှင့် တွဲစပ်၍ သင့်သလို အနက်ပေးကြရ၏၊ ထို့ကြောင့် ဓဿ စ၌ စသဒ္ဒါကို “ဒေါ စ”ဟု နေရာရွှေ့၍ အနက်ပေးထားသည်၊ မြန်မာစကား၌ “သူလဲ သွားသည်”ဟု ဆိုသဖြင့် “ငါလဲ သွားသည်”ဟူသောစကားသည် မပြောဘဲ ပြီးတော့သကဲ့သို့ “ဒေါ စ-ဒထွေးလည်း ပြု”ဟု ဆိုသဖြင့် အခြားပြုလို သော အချက်တစ်ခု ရှိသင့်၏၊ ထိုအချက်ကား “သာဟု ဒဿနံ”၌ ဓ ကို ဟ ပြုလိုခြင်းတည်း။ [ဒဿနံ-မြင်ရခြင်းသည်၊ သာဟု (သာဓု)ကောင်း၏။]
ကစ္စည်းဝုတ္တိ၌ ဒေါ ဓဿ စနှင့် အလားတူ “ဋော တဿ” စသော သုတ်ကလေးများကို ပြထား၏၊ ထိုသုတ်ကလေးများကို “ယောဂဝိဘာဂ” ဟု ခေါ်၏၊ [ယောဂ၊ သုတ်ကို+ဝိဘာဂ = ခွဲခြားဝေဖန်ခြင်း။]
အနုပဒိဋ္ဌာနံသုတ်၌ ပြလတ္တံ့သော ယောဂဝိဘာဂ ၃-မျိုးတွင် ဝိသုံ ကရဏယောဂဝိဘာဂတည်း၊ ထိုယောဂဝိဘာဂသုတ်ကလေးများကို အသုံးမပြုဘဲ ဒေါ ဓဿ စ၌ စသဒ္ဒါဖြင့်လည်း “တ ကို ဋ ပြု, က ကို ခ ပြု, ပ ကို ဖ ပြု, ၀၂-လုံး ဗ၂-လုံးပြု”စသော အစီအရင်များကို ရူပသိဒ္ဓိပြသည်။
[ဆောင်]ဒေါ ဓဿ စ, သုတ်၌ စဖြင့်, တကိုလည်း ဋ, ကကို ခနှင့်, ပစောက် ဖရေး, ဝ နှစ်ထွေး, ဗ ဒွေး စသည်ပြု။
ရုပ်တွက်။ ။ သာဟုကို “သာဓု”ဟုတည်၊ ဒေါ ဓဿ စ၌ စသဒ္ဒါဖြင့် ဓအောက်ခြိုက်ကို “ဟ” ပြု, သာဟု ပြီး၏။
သရေ- အသရူပသရကြောင့်၊ ဣဝဏ္ဏော- ဣဝဏ်သည်၊ နဝါ- အချို့အရာ၌၊ ယံ- ယအဖြစ်သို့၊ ပပ္ပောတိ- ရောက်၏။ ပတိသန္ထာရဝုတျ.ဿ, နဒျာ.သန္နော စသည်တည်း။
၂၁။ [ပတိသန္ထာရဝုတ္တိ-ပတိသန္ထာရဖြင့် အသက်မွေးခြင်း ရှိသည်၊ အဿ- ဖြစ်ရာ၏၊ နဒီ အာသန္နော - မြစ်၏အနီး၊] ဤသုတ်ကား… “အသရူပသရနှောင်းရာ၌ ဣဝဏ်ကို ယပင့်ခေါ်သော ယပြု”ဟု စီရင် သော ဝိဓိသုတ်တည်း။ [ဣဝဏ်အရ ဣ ဤ ၂-လုံးကို ယူရမည်၊] နဝါ သဒ္ဒါနှင့် ကွစိသဒ္ဒါသည် အနက်တူ၏၊ “အချို့အရာ၌”ဟုဆိုသဖြင့် တချို့ တလေ၌သာ စီရင်နိုင်၍ မစီရင်နိုင်သောအရာက များသည်ဟု မှတ်။
ရုပ်တွက်။ ။ ပတိသန္ထာရဝုတျဿကို “ပဋိသန္ထာရဝုတ္တိ ၊ ဿ”ဟု ပုဒ်ဖြတ်၊ တ္တ်ခွင်း, ဣဝဏ္ဏော ယံ နဝါသုတ်ဖြင့် တ္တိ၏အဆုံး -ိ ကို “ယ်”ပြု, နယေ ပရံ ယုတ္တေသုတ်ဖြင့် ယ် ကို ၊ သို့ကပ်, တ္တ်ကိုလည်း ယ်သို့ ကပ်, ဗျဉ္ဇနော စ ဝိသညောဂေါသုတ်၌ စသဒ္ဒါဖြင့် တ္တဗျဉ်း ၂ လုံးတွင် ၁ လုံးကို ချေ, ပြီး၏။ [ဝုတ်တျ ဟု ဖတ်ရသော ရှေ့က “တ်”ကို (အထက်က “တ်”ကို) ချေရမည်၊] နဒျာသန္နောကို နဒီ + အာသန္နော ဟု ပုဒ်ဖြတ်, ဤသုတ်ဖြင့် ဒီ ၏ ဤ ကို (ယ်) ပြု, စသည် စီရင်။
ဧဝါ.ဒိဿ- ဧဝ သဒ္ဒါ၏အစ ဧ၏၊ ရိ- ရိ အပြုသည်၊ ဟောတိ- ဖြစ်၏။ ပုဗ္ဗော စ- ရှေ့သရသည်လည်း၊ ရဿော- ရဿအပြုသည်၊ ဟောတိ- ဖြစ်၏။ ယထရိဝ, တထရိ၀ ဟူသည်တည်း။
၂၂။ [ယထာ + ဧဝ၊ အကြင်ကဲ့သို့၊ တထာ + ဧဝ = ထိုကဲ့သို့။] “ဧဝသဒ္ဒါ၏ ဧ ကို ရိ ပြု, ရှေ့ ဒီဃသရကိုလည်း ရဿပြု”ဟု စီရင်သော ဝိဓိသုတ်တည်း။
ရုပ်တွက်။ ။ ယထရိ၀ ကို “ယထာ ဧဝ”ဟု ပုဒ်ဖြတ်, ဧဝါဒိဿ ရိ ပုဗ္ဗော စ ရဿောသုတ်ဖြင့် ဧဝသဒ္ဒါ၏ ဧကို ရိ ပြု၍ ရှေ့ထာ၏ -ါ ကိုလည်း ရဿပြု, ယထရိ၀ ပြီး၏၊ “တထရိဝ၊ တထာ+ဧဝ”ကိုလည်း တွက်ပါ။
သန္ဓိကပ္ပေ- သန္ဓိ ကျမ်း၌၊ ဒုတိယော- နှစ်ခန်းမြောက်သော၊ ကဏ္ဍော- အခန်း သည်၊ ဣတိ- ပြီးပြီ။
ဤဒုတိယအခန်းသည် သရနှင့်ဆိုင်ရာကို စီရင်သောကြောင့် သဘော တူသည့်အတွက် တစ်ခန်းဖွဲ့ရသော သရသန္ဓိခန်းတည်းဟု မှတ်ပါ။
၂။ လေ့ကျင့်ခန်း ၁၇။ (က) တျာ.ဟံ၊ တေ + ၊ ဟံ။ (ခ) တျ.ဿ၊ တေ + ၊ ဿ။ ၁၈။ (က) သွ.ဿ၊ သော + ၊ ဿ။ (ခ) ကွ.တ္ထော၊ ကော + ၊ တ္ထော။ ( ဂ ) ပါတွာ.ကာသိ၊ ပါတု + ၊ ကာသိ။
[ကွတ္ထော၌ “ကွ + ၊ တ္ထော”ဟု ပုဒ်ဖြတ်၍ ၁၂ နံပါတ်သုတ်ဖြင့် ရှေ့သရချေရသော နည်းလည်း ရှိ၏။]
၁၉။ (က) အစ္စော.ဒါတာ၊ အတိ + ေ -ါ ဒါတာ။ ( ခ ) ပစ္စု.တ္တရိတွာ၊ ပတိ + ု တ္တရိတွာ။ ( ဂ ) ဣစ္စ.ဿ၊ ဣတိ + ၊ ဿ။
၂၀။ ဝိတျာ.နုဘူယတေ၊ ဝိတ္တိ + ၊ နုဘူယတေ။ [တ္တိ ၌ -ိ ကို “ယ်” ပြုပြီးနောက် တတိယခန်း ဒီဃံသုတ်ဖြင့် ၊ ကို -ါ ဒီဃပြုရသေးသည်၊ ၂၀-၂၂ သုတ်တို့၌ လေ့ကျင့်ရန်ရုပ် မလို။]
သန္ဓိဒုတိယခန်းပြီး၏။
ဗျဉ္ဇနေ- နောက်ဗျဉ်းကြောင့်၊ သရာ- ရှေ့သရတို့သည်၊ ပကတိ- ပင်ကိုအတိုင်းသည်၊ ဟောန္တိ- ဖြစ်ကုန်၏။ မနောပုဗ္ဗင်္ဂမာ စသည်တည်း။
၂၃။ [မနောပုဗ္ဗင်္ဂမာ-စိတ်သာလျှင် ရှေ့သွားရှိကုန်၏။] ဤသုတ်ကား “နောက်ဗျဉ်းကြောင့် ရှေ့သရကို ပင်ကိုအတိုင်းနေပေစေ”ဟု စီရင်သော ဝိဓိသုတ်တစ်မျိုးတည်း၊ “ပင်ကိုအတိုင်းနေပေစေ”ဟု ဆိုသဖြင့် နောက် လာလတ္တံ့သော ဒီဃံ, ရဿံ, လောပဉ္စ တတြာကာရောသုတ်တို့ဖြင့် နေရာတိုင်းမှာ ဒီဃပြုခြင်း, ရဿပြုခြင်း, ချေခြင်းများကို မစီရင်ပါနှင့် ဟု ထိုသုတ်များကို တားမြစ်ရာ ရောက်သည်၊ ထို့ကြောင့် ဤသုတ်ကို “ပတိသေဓဝိဓိသုတ်”ဟု မှတ်။
ရုပ်တွက်။ ။ မနောပုဗ္ဗင်္ဂမာကို “မနောပုဗ္ဗင်္ဂမာ”ဟုပင် တည်၊ န် ဗျဉ်းကို ခွင်း (မ န် ေ-ါ ပုဗ္ဗင်္ဂမာ) သရာ ပကတိ ဗျဉ္ဇနေသုတ်ဖြင့် ရှေ့ ေ-ါ ကို ပင်ကိုအတိုင်းထား, န် ေ-ါ သို့ ကပ်, ပြီး၏။ [ပုဒ်ချင်း ခွဲဖြတ်ရမည့် ရုပ် မဟုတ်သောကြောင့် “ပုဒ်ဖြတ်”ဟု မဆိုရ။]
သရေ- နောက်သရကြောင့်၊ သရာ- ရှေ့သရတို့သည်၊ ကွစိ- အချို့အရာ၌၊ ပကတိ- ပင်ကိုအတိုင်း သည်၊ ဟောန္တိ- ဖြစ်ကုန်၏။ ကော.ဣမံ စသည်တည်း။
၂၄။ [ကော-အဘယ်သူသည်၊ ဣမံ-ဤဟာကို။] ဤသုတ်ကား “နောက်သရကြောင့် ရှေ့သရကို အချို့အရာ၌ ပင်ကိုအတိုင်းနေပါစေ”ဟု စီရင်သော ပတိသေဓဝိဓိသုတ်တစ်မျိုးပင်တည်း၊ ထို့ကြောင့် ဤ သရေ ကွစိသုတ်သည် ဒုတိယအခန်း၌ ပြခဲ့သော နောက်သရ နှောင်းရာ၌ ရှေ့သရကို စီရင်သည့် သရာ သရေ လောပံ, ပုဗ္ဗော စ, ယမေ-ဝမောဣဝဏ္ဏောသုတ်များကို တားမြစ်သည်ဟု မှတ်။
ရုပ်တွက်။ ။ ကော.ဣမံကို “ကောဣမံ”ဟုပင် တည်၊ က်ခွင်း, သရေ ကွစိသုတ်ဖြင့် ရှေ့ ေ-ါ ကို ပင်ကိုအတိုင်းထား, က် ကို ေ-ါ သို့ ကပ်, ပြီး၏။ [ဤအရာ၌ ပကတိပြုရခြင်း၏ အကြောင်းဖြစ်သော ပကတိပြုရာ ဌာနများကို ရူပသိဒ္ဓိမှာ ရှု။]
ဗျဉ္ဇနေ- နောက်ဗျဉ်းကြောင့်၊ သရာ- ရှေ့သရ တို့သည်၊ ကွစိ- အချို့အရာ၌၊ ဒီဃံ- ဒီဃအဖြစ်သို့၊ ပပ္ပောန္တိ- ရောက်ကုန်၏။ မုနီ.စရေ စသည်တည်း။
၂၅။ [မုနိ-ရဟန်းသည် + စရေ-ကျင့်ရာ၏။] ဤသုတ်ကား “ဗျဉ်း နှောင်းရာ၌ ရဿ ဖြစ်နေသော သရကို ဒီဃ ပြု”ဟု စီရင်သော ဝိဓိ သုတ်တည်း။
ရုပ်တွက်။ ။ မုနီ.စရေကို “မုနိစရေ”ဟု တည်၊ န် ခွင်း, ဒီဃံ သုတ်ဖြင့် ရှေ့ -ိ သရကို -ီ ဒီဃပြု, န် ကို -ီ သို့ ကပ်, ပြီး၏။
ဗျဉ္ဇနေ- နောက်ဗျဉ်းကြောင့်၊ သရာ- ရှေ့သရ တို့သည်၊ ကွစိ- အချို့အရာ၌၊ ရဿံ- ရဿအဖြစ်သို့၊ ပပ္ပောန္တိ- ရောက်ကုန်၏။ ဘောဝါဒိ.နာမ စသည်တည်း။
၂၆။ [ဘောဝါဒီ + နာမ - ဘော ဘောဟု ဆိုလေ့ရှိသူ မည်၏။] ဤသုတ်ကား “ဗျဉ်းနှောင်းရာ၌ ဒီဃသရတို့ကို ရဿ ပြု”ဟု စီရင်သော ဝိဓိသုတ်တည်း။
ရုပ်တွက်။ ။ ဘောဝါဒိ.နာမကို “ဘောဝါဒီနာမ”ဟု တည်၊ ဒ် ခွင်း, ရဿံသုတ်ဖြင့် ရှေ့ -ီ သရကို -ိ ရဿပြု, ဒ် -ိ သို့ ကပ်, ပြီး၏။
ဗျဉ္ဇနေ စ- နောက်ဗျဉ်း ကြောင့်လည်း၊ သရာ- ရှေ့သရတို့သည်၊ ကွစိ- အချို့အရာ၌၊ လောပံ- ကျေပျောက်ခြင်းသို့၊ ပပ္ပောန္တိ- ရောက်ကုန်၏။ တတြထို ကျေရာ၌၊ အကာရော စ- အ အက္ခရာလာသည်လည်း၊ ဟောတိ- ဖြစ်၏။ သ.သီလဝါ စသည်တည်း။
၂၇။ [သော - ထိုသူသည် + သီလဝါ - သီလရှိ၏။] ဤသုတ်ကား “ဗျဉ်းနှောင်းရာ၌ ရှေ့သရကို ချေ, ထိုကျေရာ၌ အ အက္ခရာလာ”ဟု ချေခြင်း လာခြင်း ၂-မျိုးကို စီရင်သော လောပဝိဓိ, အာဂမဝိဓိသုတ်တည်း။
ရုပ်တွက်။ ။ သ.သီလဝါကို “သော သီလဝါ”ဟု ပုဒ်ဖြတ်၊ သ် ခွင်း, လောပဉ္စ တတြာကာရောသုတ်ဖြင့် သော၏အဆုံး ေ-ါ ကို ချေ, ထို ကျေရာ၌ ၊ လာ, သ် ကို ၊ သို့ ကပ်, သသီလဝါ ပြီး၏။
ဌာနေ- သင့်လျော်ရာဌာန၌၊ သရမှာ- သရမှ၊ ပရ- နောက်ဗျဉ်း၏၊ ဒွေဘာဝေါ- ဒွေးဘော်သည်၊ ဟောတိ- ဖြစ်၏။ ဣဓ.ပ္ပမာဒေါ စသည်တည်း။
၂၈။ [ဣဓ-ဤလောက၌+ပမာဒေါ-မေ့လျော့ခြင်း။] ဤသုတ်ကား “သင့်လျော်ရာဌာန၌ သရမှ နောက်ဖြစ်သော ဗျဉ်းသည် ဒွေးဘော်ဖြစ်၏” ဟု စီရင်သောသုတ်တည်း၊ ဒွေဘာဝ၊ ဒွေ-နှစ်လုံး + ဘာဝ-ဖြစ်ကြောင်း၊ “၂-လုံး ဖြစ်ကြောင်း” ဆိုလျှင် နောက်ထပ် ၁-လုံး လာဖို့ပင် ဖြစ်၏၊ ထို့ကြောင့် “နောက်ထပ် ၁-လုံး လာခြင်းကို “ဒွေဘာဝ”ဟု မှတ်။
ရုပ်တွက်။ ။ ဣဓပ္ပမာဒေါ ကို “ဣဓ ပမာဒေါ” ဟု တည်, ပရ ဒွေဘာဝေါ ဌာနေသုတ်ဖြင့် ပ် ဗျဉ်း၏ သဒိသဒွေးဘော် ပ် လာ, ပြီး၏။ [ပ် ကို နောက် ပ သို့ ကပ်ဟု ဆိုဖွယ်မလို, လာတုန်းကပင် ကပ်ပြီးသား အဖြစ်ဖြင့် လာသည်။]
ဌာနေ- သင့်လျော်ရာဌာန၌၊ ဝဂ္ဂေ- ဝဂ်၌၊ တတိယပဌမာ- တတိယက္ခရာ, ပဌမက္ခရာတို့သည်၊ ဃောသာ.ဃောသာနံ- ဃောသ အဃောသ ဖြစ်ကုန်သော စတုတ္ထ ဒုတိယ အက္ခရာတို့၏၊ ဒွေဘာဝံ- အသဒိသဒွေးဘော်အဖြစ်သို့၊ ဂစ္ဆ န္တိ- ရောက်ကုန်၏။ ဧသေဝ စဇ္ဈာနပ္ဖလော, ယတြဋ္ဌိတံ စသည်တည်း။
၂၉။ [ဧသော ဧဝ စ-ဤတရားသည်ပင်+ဈာနပ္ဖလော-ဈာန်ဟူသော အကျိုးရှိ၏၊ ယတြ+ဌိတံ - အကြင်အရပ်၌+တည်သူကို၊] ဤသုတ်ကား အသဒိသဒွေးဘော် လာဖို့ရန် စီရင်သော ဝိဓိသုတ်တည်း၊ တစ်ဝဂ် တစ်ဝဂ်၌ “ပဌမ ဒုတိယ တတိယ စတုတ္ထအက္ခရာ”ဟု စဉ်၍ ထား၊ ပဉ္စမအက္ခရာမှာ ဤသုတ်နှင့် မဆိုင်၊ ထိုတွင် တတိယနှင့် စတုတ္ထသည် ဃောသ, ပဌမနှင့် ဒုတိယသည် အဃောသတည်း၊ သို့သော် လာမည့် အက္ခရာများက တတိယ ပဌမ ဖြစ်သောကြောင့် “ဃောသာ.ဃောသာနံ” အရ စတုတ္ထနှင့် ဒုတိယအက္ခရာများကိုသာ ယူ။
“ဃောသာ.ဃောသာနံ+တတိယပဌမာ”ဟု အစဉ်ကို ရှု၍ လာမည့် အက္ခရာသည် တတိယအက္ခရာဖြစ်လျှင် လာရာဌာနက ဃောသဖြစ်သော စတုတ္ထအက္ခရာတည်း၊ လာမည့်အက္ခရာက ပဌမအက္ခရာဖြစ်လျှင် လာရာ ဌာနက အဃောသဖြစ်သော ဒုတိယအက္ခရာတည်း၊ ဤသို့ လာမည့် အက္ခရာနှင့် လာရာဌာနတို့ အက္ခရာချင်း မတူသောကြောင့် ဤဒွေဘော် ကို “အသဒိသဒွေးဘော်”ဟု ခေါ်၏၊ ရှေ့သုတ်လာ ဒွေးဘော်ကိုကား လာရာဌာနနှင့် တူသောကြောင့် “သဒိသဒွေးဘော်”ဟု ခေါ်သည်။
ရုပ်တွက်။ ။ စဇ္ဈာနကို “စ ဈာန”ဟု တည်, ဝဂ္ဂေ ဃောသာဃော သာနံ တတိယပဌမာသုတ်ဖြင့် စတုတ္ထအက္ခရာ ဈ ၏အသဒိသဒွေးဘော် ဇ် လာ, စဇ္ဈာန ပြီး၏။ [ယတြဋ္ဌိတံကို “ယတြ+ဌိတံ”ဟု တည်၊ ဝဂ္ဂေ ဃောသာဃောသာနံ စသော သုတ်ဖြင့် ဒုတိယက္ခရာ ဌ ၏ အသဒိသ ဒွေးဘော် ဋ် လာ, ပြီး၏။]
သန္ဓိက- ပ္ပေသန္ဓိကျမ်း၌၊ တတိယော- သုံးခန်းမြောက်သော၊ ကဏ္ဍော- အခန်း သည်၊ ဣတိ- ပြီးပြီ။
ဝိသုဒ္ဓါရုံ ဒွေးဘော်လင်္ကာကြီး သောတုနုနယ်, မှတ်သားလွယ်အောင်, ဓိပ္ပာယ်ရွှင်ပျ, ဒွေးဘာဝ၏, ဌာနသဘော, အမြွက်ဟောပိမ့်, နစ်နောကြည်စွ, ကျက်မှတ်ကြလေ၊ ရဿသရာ, အာဒီဃာ၏, နောက်မှာရောက်ရှိ, ပ-ပတိနှင့်, ပဋိကမ, ဂဟ-ဒု-ကီ, တစ်လီ ကုသ, ဉာ-ဇုတ-ဟု, ကုဓ-သိ-သု, သမ္ဘု-သရ, သသ-စဇာ, ကိလေသာ-ပီတိ, တိကာဒိ တို့, အာဒိ ဗျဉ်းမှာ, ဒွေးဘော်သာတည်း၊ ပုနာ-ဝတု, နိ-ဥ-ဒု-တ, စတု-ဆ နှင့်, သန္တကို ပြု-သဗျဉ်းစုနောက်, ဒွေးဘော်ရောက်၏၊ မဖောက် တဿ-စဝဂ္ဂနှင့်, ယဝတံ-ဧဟေ, သယေ-တစ်တန်, သဗ္ဗော စံဟု, ငါးတန်သော သုတ်, ပြီးပြယုဂ်လည်း, ဆင့်ထုတ် ဒွေးချည်း၊ စဖြင့် ဆည်းသည့်, ဖြင့်ပည်းများကို, ဝ ကို ဗ ပြု, ဆန္ဒာ.နုရက်, အချက်ချက်မှာ, ဒွေးဘော်သာတည်း၊ ဝဂ္ဂါ ဒုတိယ, စတုတ္ထလည်း, ဌာနချင့်ထောက်, ဒွေးဘော်ရောက်၏၊ ရွေးကောက်မမှား, အကျဉ်း ထားသည်,… မှတ်သားလွယ်ဖို့ ကဗျာတည်း။
[အဓိပ္ပာယ်ကို ရူပသိဒ္ဓိမှာ ရှု။]
သန္ဓိတတိယခန်းပြီး၏။
ဗျဉ္ဇနေ- နောက်ဗျဉ်းကြောင့်၊ နိဂ္ဂဟီတံ- နိဂ္ဂဟိတ်သည်၊ အံ- အံ အပြုသည်၊ ဟောတိ- ဖြစ်၏။ ဧဝံဝုတ္တေ စသည်တည်း။
၃၀။ [ဧဝံ-ဤသို့+ဝုတ္တေ-ဆိုအပ်သော်။] ဤသုတ်ကား “ဗျဉ်းနှောင်းရာ၌ နိဂ္ဂဟိတ်ကို အံ ပြု”ဟု စီရင်သောသုတ်တည်း၊ “အံ ပြု”ဟု ဆိုရာ၌ အ သရ မပါဘဲ ဗန္ဓုပြောက်ချည်း ပြုရမည်၊ “ -ံ”၌ အ သရကို ရွတ်၍ ဖြစ်ရုံသာ ထည့်ထားသည်၊ “နိဂ္ဂဟိတ်ကို နိဂ္ဂဟိတ်ပြု”ဟု ဆိုခြင်းနှင့် မထူးပြီ၊ ၂၃, ၂၄ သုတ်များ၌ ပကတိပြုခြင်းမျိုးပင်တည်း။
ရုပ်တွက်။ ။ ဧဝံဝုတ္တေကို “ဧဝံဝုတ္တေ”ဟု တည်၊ ဝ ခွင်း (ဧဝ် -ံ ဝုတ္တေ) အံ ဗျဉ္ဇနေ နိဂ္ဂဟီတံသုတ်ဖြင့် နိဂ္ဂဟိတ်ကို -ံ ပြု, ဝ် ကို -ံ သို့ ကပ်, ပြီး၏။ [အခြားတွက်နည်းတစ်နည်းကို ရူပသိဒ္ဓိမှာ ရှု၊ နိဂ္ဂဟိတ်ကို အံ ပြုရခြင်း၏ အကျိုးကို ကစ္စည်းဘာသာဋီကာမှာ ရှုပါ။]
ဝဂ္ဂေ- ဝဂ်ဗျဉ်းကြောင့်၊ နိဂ္ဂဟီတံ- နိဂ္ဂဟိတ်သည်၊ ဝဂ္ဂ န္တံ- နှောင်းသောဝဂ်၏ အဆုံးဖြစ်သော င ဉ ဏ န မ အဖြစ်သို့လည်း၊ ဝါ- ဝိကပ်အားဖြင့်၊ ပပ္ပောတိ- ရောက်၏။ ဧဝင်္ခေါ စသည်တည်း။ ဝါသဒ္ဒါဖြင့် နိဂ္ဂဟိတ်ကို လပြု၍ ပုလ္လိင်္ဂံ စသည် ဖြစ်သေး၏။
၃၁။ [ဧဝံ+ခေါ - ဤသို့+လျှင်၊ ပုလ္လိင်္ဂံ-ပုလ္လိန်ကို။] ဤသုတ်ကား “ဝဂ်ဗျဉ်းနှောင်းရာ၌ နိဂ္ဂဟိတ်ကို ဝဂ္ဂ.န္တ ပြု”ဟု စီရင်သည်၊ [ဝဂ္ဂ+အန္တ၊ ဝဂ္ဂ၊ ဝဂ်၏+အန္တ=အဆုံး။] ကဝဂ်၏ အဆုံးသည် င တည်း၊ စဝဂ်၏ အဆုံးသည် ဉတည်း၊ ဤသို့ စသည်ဖြင့် ထိုထိုဝဂ်၏ အဆုံးဖြစ်သော င ဉ ဏ န မ ကို “ဝဂ္ဂန္တ” ခေါ်သည်ဟု မှတ်၊ ကြွင်းသော မှတ်ဖွယ်ကို ကစ္စည်း-ရူပသိဒ္ဓိဘာသာဋီကာမှာ ရှု။
ရုပ်တွက်။ ။ ဧဝင်္ခေါကို “ဧဝံ ခေါ”ဟု ပုဒ်ဖြတ်၊ ဝဂ္ဂန္တံ ဝါ ဝဂ္ဂေ သုတ်ဖြင့် ဝနောက်၌ ရှိသော နိဂ္ဂဟိတ်ကို ကဝဂ္ဂန္တ “င်”ပြု, နယေ ပရံ ယုတ္တေသုတ်ဖြင့် သရကင်းသော “င်”ဗျဉ်းကို နောက် ခ သို့ကပ်, ဧဝင်္ခေါ ပြီး၏။ [ဝ နှင့် နိဂ္ဂဟိတ်ကို အမှန်အတိုင်းရေးလျှင် “ဝ.”ဤသို့ ဝ ကို ရှေ့, နိဂ္ဂဟိတ်ကို နောက်ထား၍ ရေးရသည်။]
ပုလ္လိင်္ဂံ ကို “ပုံလိင်္ဂံ”ဟုတည်, ဝဂ္ဂန္တံ ဝါ ဝဂ္ဂေသုတ်၌ ဝါသဒ္ဒါဖြင့် ပုံ၌ နိဂ္ဂဟိတ်ကို လ ပြု, လ ကို နောက် လိသို့ ကပ်, ပြီး၏။
ဧဟေ- ဧ အက္ခရာ ဟ အက္ခရာကြောင့်၊ နိဂ္ဂဟီတံ- နိဂ္ဂဟိတ်သည်၊ ဝါ- ဝိကပ်အားဖြင့်၊ဉံ- ဉအဖြစ်သို့၊ ပပ္ပောတိ- ရောက်၏။ တ.ညေဝ, ဧဝဥှိ စသည်တည်း။
၃၂။ [တံ+ဧဝ၊ သင့်ကို+သာ၊ ဧဝံ+ဟိ = ဤသို့+လျှင်။] “ဧ, ဟ နှောင်းရာ၌ နိဂ္ဂဟိတ်ကို ဉပြု”ဟု စီရင်သည်။
ရုပ်တွက်။ ။ တညေဝကို တံ ေ-ဝ”ဟု ပုဒ်ဖြတ်, ဧဟေ ံဉသုတ်ဖြင့် တ နောက်၌ ရှိသော နိဂ္ဂဟိတ်ကို ဉပြု, ်ဉကို ေ-သို့ကပ်, ပရဒွေဘာဝေါ ဌာနေသုတ်ဖြင့် ဉ၏ သဒိသဒွေးဘော် ်ဉ လာ, တညေဝ ပြီး၏။
ဧဝဥှိကို “ဧဝံ ဟိ”ဟု ပုဒ်ဖြတ်၊ ဧဟေ ံ ဉသုတ်ဖြင့် ဝနောက်၌ရှိသော နိဂ္ဂဟိတ်ကို ်ဉပြု, ်ဉကို ဟိသို့ကပ်, ပြီး၏။ [သင်ပုန်း၌ ရုပ်တွက်ပြ သည့်အခါ ဟိကို ဟထိုးဖြင့် ရေးလေ။]
ယေစ- ယကြောင့်လည်း၊ သ- နှောင်းသော ယနှင့်တကွ၊ နိဂ္ဂဟီတံ- နိဂ္ဂဟိတ်သည်၊ ဝါ- ဝိကပ်အားဖြင့်၊ ဉံ- ဉအဖြစ်သို့၊ ပပ္ပောတိ- ရောက်၏။ သ.ညောဂေါ စသည်တည်း။
၃၃။ [သံ+ယောဂေါ-ယှဉ်စပ်ခြင်း။] “နောက် ယ ဗျဉ်းကြောင့် ထို နှောင်းသော ယနှင့်တကွ နိဂ္ဂဟိတ်ကို “ဉပြု”ဟု စီရင်သည်။
ရုပ်တွက်။ ။ သညောဂေါကို “သံယောဂေါ”ဟု ပုဒ်ဖြတ်၊ သ ယေစ သုတ်ဖြင့် ယနှင့်တကွ သနောက်၌ရှိသော နိဂ္ဂဟိတ်ကို ်ဉပြု, ်ဉကို ေဦါ သို့ကပ်, ပရ ဒွေဘာဝေါ ဌာနေသုတ်ဖြင့် ဉ၏ သဒိသဒွေးဘော် ်ဉလာ, ပြီး၏။
၃။ လေ့ကျင့်ခန်း ၃၀။ (က) တံ.သာဓု၊ တံ + သာဓု။
( ခ ) ဧကံ.သမယံ၊ ဧကံ + သမယံ။
၃၁။ (က) တင်္ကာရုဏိကံ၊ တံ + ကာရုဏိကံ။
( ခ ) ဓမ္မ.ဉ္စရေ၊ ဓမ္မံ + စရေ။
(ဂ) တ.ဏ္ဌာနံ၊ တံ + ဌာနံ။
(ဃ) တ.န္နိစ္စုတံ၊ တံ + နိစ္စုတံ။
( င ) စိရ.ပ္ပဝါသိံ၊ စိရံ + ပဝါသိံ။
[နိဂ္ဂဟိတ်ကို “မ” ပြုပြီးနောက် ယဝမဒနသုတ်၌ စသဒ္ဒါဖြင့် “မ်”ကို ပ ပြုရသေးသည်။]
၃၂။ (က) ပစ္စတ္တ.ညေဝ၊ ပစ္စတ္တံ + ေ-ဝ။
( ခ ) တဥှိ၊ တံ + ဟိ။
၃၃။ (က) သညုတ္တံ၊ သံ + ယုတ္တံ။
( ခ ) ယညဒေဝ၊ ယံ + ယဒေဝ။
သရေ- နောက်သရကြောင့်၊ နိဂ္ဂဟီတံ- နိဂ္ဂဟိတ်သည်၊ ဝါ- ဝိကပ်အားဖြင့်၊ မဒါ- မ အဖြစ်, ဒ အဖြစ်တို့ သည်၊ ဟောန္တိ- ကုန်၏။ တ.မဟံ, ဧတ.ဒဝေါစ စသည်တည်း။
၃၄။ [တံ-ထိုသူ့ကို + အဟံ-ငါသည်၊ ဧတံ-ဤစကားကို၊ အဝေါစပြောဆိုပြီ။] “နောက်သရကြောင့် ရှေ့နိဂ္ဂဟိတ်ကို (မ)ပြု, (ဒ)ပြု”ဟု စီရင်သည်။
ရုပ်တွက်။ ။ တမဟံကို “တံ ၊ ဟံ”ဟု ပုဒ်ဖြတ်၊ မဒါ သရေသုတ်ဖြင့် တ နောက်၌ ရှိသော နိဂ္ဂဟိတ်ကို မ်ပြု, မ်ကို ၊ သို့ ကပ်, တမဟံပြီး၏၊ ဧတဒဝေါစကို “ဧတံ ၊ ဝေါစ”ဟု ပုဒ်ဖြတ်၊ မဒါ သရေသုတ်ဖြင့် တ နောက်၌ရှိသော နိဂ္ဂဟိတ်ကို ဒ် ပြု, ဒ် ကို ၊ သို့ ကပ်, ပြီး၏။
သရေ- နောက်သရ ကြောင့်၊ ယဝမဒနတရလာ စ- ယဝမဒနတရလ အက္ခရာ တို့သည်လည်း၊ အာဂမာ- လာကုန်၏။ ယထယိဒံ စသည်တည်း။
၃၅။ [ဣဒံ+ယထာ-ဤစိတ်+ကဲ့သို့။] “သရနှောင်းရာ၌ ယ စသည် လာ”ဟု စီရင်သော အာဂမဝိဓိသုတ်တည်း၊ လာ စ၌ စသဒ္ဒါပိုဖြင့် ဂ စသော အက္ခရာများ လာဖို့ရန် ဆည်းယူသည်။
ရုပ်တွက်။ ။ ယထယိဒံကို “ယထာ -ိ ဒံ”ဟု ပုဒ်ဖြတ်၊ ယ ဝ မ ဒ န တ ရ လာ စာဂမာသုတ်ဖြင့် နောက် ဣသရကြောင့် ယ် လာ, ထ် ခွင်း, ရဿံသုတ်ဖြင့် -ါ ကို ၊ ပြု, ထ် ကို ၊ သို့ ကပ်, ယထယိဒံ ပြီး၏။ [ကြွင်း ပုံစံများကို ကစ္စည်းစသည်မှာ ရှု။]
ဗျဉ္ဇနေ- နောက်ဗျဉ်းကြောင့်၊ ကွစိ- အချို့အရာ၌၊ သြ- သြသည်၊ အာဂမော- လာ၏။ အတိပ္ပဂေါခေါ စသည်တည်း။
၃၆။ [အတိပ္ပ + ခေါ - အလွန် စောသေး၏။] “ဗျဉ်းနှောင်းရာ၌ အတိပ္ပသဒ္ဒါ ပရသဒ္ဒါတို့၏ နောက်ဖြစ်သော အချို့အရာဝယ် သြလာ”ဟု စီရင်သည်။
ရုပ်တွက်။ ။ အတိပ္ပဂေါခေါကို “အတိပ္ပခေါ”ဟု ပုဒ်ဖြတ်၊ ကွစိ သြ ဗျဉ္ဇနေသုတ်ဖြင့် နောက် ခ ဗျဉ်းကြောင့် ရှေ့၌ ေ-ါ လာ, ယဝမဒနတရ လာ စာဂမာ သုတ်၌ စသဒ္ဒါဖြင့် နောက်ေ-ါ သရကြောင့် ဂ် လာ, ပြီး၏။
၄။ လေ့ကျင့်ခန်း ၃၄။ (က) ယ.မာဟု၊ ယံ + -ါဟု။
( ခ ) ယဒနိစ္စံ၊ ယံ + အနိစ္စံံ။
၃၅။ (က) န.ယိမဿ၊ န + -ိ မဿ။
(ခ) ဝု.ဒိက္ခတိ၊ ု + ဒိက္ခတိ။
( ဂ ) လဟုမေ.ဿတိ၊ လဟု ေ-ဿတိ။
(ဃ) သမ္မဒ.ညာ၊ သမ္မာ ၊ ညာ။
( င ) စိရံ.နာယတိ၊ စိရံ -ါ ယတိ။
( စ ) ယသ္မာတိဟ၊ ယသ္မာ -ိဟ။
(ဆ) သဗ္ဘိရေ.၀၊ သဗ္ဘိ ေ-ဝ။
( ဇ ) ဆဠဘိညာ၊ ဆ ၊ ဘိညာ။
[လနှင့် ဠ မထူးသောကြောင့် ဠလာ။]
၃၆။ (က) ပရောသတံ၊ ပရ + သတံ။
သရေဝါ- သရကြောင့်လည်းကောင်း၊ ဗျဉ္ဇနေဝါ- ဗျဉ်းကြောင့်လည်းကောင်း၊ နိဂ္ဂဟီတဉ္စ- နိဂ္ဂဟိတ်သည် လည်း၊ အာဂမော- လာ၏။ စက္ခုံဥဒပါဒိ, အဝံသိရော စသည် တည်း။
၃၇။ [စက္ခု - စက္ခုသည် + ဥဒပါဒိ - ထင်ရှားဖြစ်ပြီ၊ အဝသိရောဦးစောက်ပြောင်းပြန်။] “သရနှောင်းရာ၌ဖြစ်စေ, ဗျဉ်းနှောင်းရာ၌ဖြစ်စေ နိဂ္ဂဟိတ်လာ”ဟု စီရင်သောသုတ်တည်း။
ရုပ်တွက်။ ။ စက္ခုံဥဒပါဒိကို “စက္ခု ဥဒပါဒိ”ဟု ပုဒ်ဖြတ်၊ နိဂ္ဂဟီတဉ္စ သုတ်ဖြင့် နောက်ဥသရကြောင့် က္ခု နောက်၌ နိဂ္ဂဟိတ်လာ, ပြီး၏။
အဝံသိရောကို “အဝ သိရော”ဟု ပုဒ်ဖြတ်၊ နိဂ္ဂဟီတဉ္စသုတ်ဖြင့် နောက်သဗျဉ်းကြောင့် ဝ နောက်၌ နိဂ္ဂဟိတ်လာ, အဝံသိရော ပြီး၏။
သရေ- နောက်သရကြောင့်၊ နိဂ္ဂဟီတံ- နိဂ္ဂဟိတ်သည်၊ ကွစိ- အချို့အရာ၌၊ လောပံ- ကျေပျောက်ခြင်းသို့၊ ပပ္ပောတိ- ၏။ တာသာ.ဟံ စသည်တည်း။
၃၈။ [အဟံ-ငါသည် + တာသံ-ထိုသူမတို့၏။] “သရနှောင်းရာ၌ နိဂ္ဂဟိတ်ကို အချို့နေရာဝယ် ချေ”ဟု စီရင်သည်။
ရုပ်တွက်။ ။ တာသာဟံကို “တာသံ ၊ ဟံ”ဟု ပုဒ်ဖြတ်၊ ကွစိ လောပံ သုတ်ဖြင့် နောက် အသရကြောင့် သ နောက်၌ရှိသော နိဂ္ဂဟိီတ်ကို ချေ, သ် ခွင်း (တာသ် ၊ ဟံ) သရာ သရေ လောပံသုတ်ဖြင့် ရှေ့ ၊ သရကို ချေ, ဒီဃံသုတ်ဖြင့် နောက် ၊ ကို -ါ ဒီဃပြု, သ် ကို -ါ သို့ ကပ်, ပြီး၏။
မှတ်ချက်။ ။ ၃၇, ၃၈, ၃၉ သုတ်တို့ဖြင့် နိဂ္ဂဟိတ်ကို လာစေခြင်း, ချေခြင်းသည် ရွတ်၍ ချောမောခြင်း, ဂါထာစီရာ၌ ဆန်းဂိုဏ်းကောင်းခြင်းအကျိုး ရှိ၏။
ဗျဉ္ဇနေ စ- ဗျဉ်းကြောင့်လည်း၊ နိဂ္ဂဟီတံ- နိဂ္ဂဟိတ်သည်၊ ကွစိ- အချို့နေရာ၌၊ လောပံ- ကျေပျောက်ခြင်းသို့၊ ပပ္ပောတိ- ၏။ အရိယသစ္စာန.ဒဿနံ စသည်တည်း။
၃၉။ [အရိယသစ္စာနံ - အရိယသစ္စာတို့ကို + ဒဿနံ - မြင်ခြင်း။] “ဗျဉ်းနှောင်းရာ၌ နိဂ္ဂဟိတ်ကို အချို့အရာဝယ် ချေ”ဟု စီရင်သည်။
ရုပ်တွက်။ ။ အရိယသစ္စာနဒဿနံကို “အရိယသစ္စာနံဒဿနံ”ဟု တည်၊ ဗျဉ္ဇနေ စသုတ်ဖြင့် န နောက်၌ရှိသော နိဂ္ဂဟိတ်ကို ချေ, ပြီး၏။
နိဂ္ဂဟီတမှာ- နိဂ္ဂဟိတ်မှ၊ ပရော- နောက်ဖြစ်သော၊ သရော- သရသည်၊ ဝါ- ဝိကပ်အားဖြင့်၊ လောပံ- သို့၊ ပပ္ပောတိ- ၏။ အဘိနန္ဒုံ.တိ စသည်တည်း။
၄၀။ [အဘိနန္ဒုံ - အလွန်နှစ်သက်ကြကုန်ပြီ + ဣတိ - ပြီး၏။] “နိဂ္ဂဟိတ်မှ နောက်ဖြစ်သော သရကို ချေ”ဟု စီရင်သည်။
ရုပ်တွက်။ ။ အဘိနန္ဒုံတိကို “အဘိနန္ဒုံ ဣတိ”ဟု ပုဒ်ဖြတ်၊ ပရော ဝါ သရောသုတ်ဖြင့် နိဂ္ဂဟိတ်မှ နောက်ဖြစ်သော ဣသရကို ချေ, ပြီး၏။
နိဂ္ဂဟီတမှာ- နိဂ္ဂဟိတ်မှ၊ ပရသ္မိံ- နောက်ဖြစ်သော၊ သရေ- သရသည်၊ လုတ္တေ- ကျေပြီး သော်၊ ဗျဉ္ဇနော- သံယုဂ်ဗျဉ်းသည်၊ ဝိသညောဂေါ- ကင်းသော သံယုဂ်ရှိသည်၊ ဟောတိ- ဖြစ်၏။ ဧဝံ.သ တေ စသည်တည်း။
၄၁။ [ဧဝံ-ဤသို့ + အဿ-ထိုသူ၏။] “ပရော ဝါ သရောသုတ်ဖြင့် နိဂ္ဂဟိတ်မှ နောက်ဖြစ်သော သရကို ချေပြီးလျှင် ထိုနိဂ္ဂဟိတ်နောက်၌ သံယုဂ်ဗျဉ်းရှိက သံယုဂ် မဟုတ်အောင် ပြုလေ”ဟု စီရင်သည်။
ဗျဉ္ဇနော စ၌ စသဒ္ဒါဖြင့် အဂျာဂါရံ စသော ရုပ်များ၌ ဗျဉ်း ၃ လုံး တွဲနေရာဝယ် သဘောတူ ဗျဉ်း ၂ လုံး၏ အစ ၁ လုံးကို ချေဖို့ရန် ဆည်းယူသည်။
သန္ဓိကပ္ပေ- ၌၊ စတုတ္ထော- လေးခန်းမြောက်သော၊ ကဏ္ဍော- သည်၊ ဣတိ- ပြီးပြီ။
ဝိသံယောဂ။ ။ အဿ, အဂ္ဂ စသည်၌ ဿ ဂ္ဂတို့ကဲ့သို့ သရ တစ်လုံး တည်း၌ ဗျဉ်း ၂ လုံး ၃ လုံး ပူးတွဲနေခြင်းကို “သံယောဂ၊ သံယုဂ်=ယှဉ်စပ် နေခြင်း”ဟု ခေါ်၏၊ ထိုသို့ ယှဉ်စပ်ပူးတွဲနေရာတွင် ရှေ့အက္ခရာနှင့်တွဲ၍ “အသ်-အဂ်”ဟု ရွတ်ဖတ်ရသော ရှေ့က သ် ဂ် ကို ချေဖျက်ခြင်းကို ပါဠိလို ဝိသညောဂ ပြုသည်, မြန်မာလို သံယုဂ်ကင်းအောင်ပြုသည်ဟု သုံးစွဲထားသည်။ [ချေဖျက်ရမည်ကိုပင် “ချေဖျက်”ဟု မဆိုဘဲ စကားသုံး ယဉ်ကျေးအောင် “ဝိသံယောဂ ပြု”ဟု ဆိုခြင်းဖြစ်သည်။]
ရုပ်တွက်။ ။ ဧဝံသ ကို “ဧဝံ ၊ ဿ”ဟု ပုဒ်ဖြတ်၊ ပရော ဝါ သရော သုတ်ဖြင့် ၊ သရကို ချေ, ဗျဉ္ဇနော စ ဝိသညောဂေါသုတ်ဖြင့် သံယုဂ် ဖြစ်သော ဿ ကို သံယုဂ်ကင်းသော သ ပြု, ဧဝံသ ပြီး၏။
အဂျာဂါရံ ကို “အဂ္ဂိ -ါ ဂါရံ”ဟု ပုဒ်ဖြတ်၊ ဂ္ဂ် ခွင်း, ဣဝဏ္ဏော ယံ နဝါသုတ်ဖြင့် -ိ ကို “ယ်”ပြု, ယ် ကို -ါ သို့ ကပ်, ဂ္ဂ ကိုလည်း ယာ သို့ ကပ် (အဂ္ဂျာဂါရံ) ဗျဉ္ဇနော စ ဝိသညောဂေါသုတ်၌ စသဒ္ဒါဖြင့် ဂ္ဂ ဗျဉ်း ၂ လုံးတွင် ၁ လုံးကို ချေ, အဂျာဂါရံ ပြီး၏။
ဤ စတုတ္ထအခန်းကား နိဂ္ဂဟိတ်ဆိုင်ရာကို စီရင်သော နိဂ္ဂဟီတသန္ဓိ ခန်းတည်း၊ အနည်းငယ် အာဂမ ပါသည်မှာ မပြောပလောက်ချေ။
သန္ဓိစတုတ္ထခန်းပြီး၏။
သရေ- နောက် သရကြောင့်၊ ပုထဿ- ပုထနိပါတ်၏အဆုံး၌၊ ကွစိ- အချို့အရာ၌၊ ဂေါ- ဂ သည်၊ အာဂမော- လာ၏။ ပုထဂေဝ စသည်တည်း။
၄၂။ [ပုထ+ဧဝ၊ တသီတခြားသာလျှင်။] “သရနှောင်းရာ၌ ပုထ နိပါတ်၏အဆုံးဝယ် ဂ အက္ခရာ လာ”ဟု စီရင်သည်။ [နိပါတ်ခေါ်သော ပုဒ်တစ်မျိုးရှိ၏, နောင်ခါ သိရလိမ့်မည်။]
ရုပ်တွက်။ ။ ပုထဂေဝ ကို “ပုထ-ဧဝ”ဟု ပုဒ်ဖြတ်၊ ဂေါ သရေ ပုထဿာဂမော ကွစိသုတ်ဖြင့် နောက် ဧ သရကြောင့် ပုထနိပါတ်၏ အဆုံး၌ ဂ် လာ ပြီး၏။ [စည်းကမ်းကျအောင်ရေးလျှင် “ပုထဂေ-ဝ”ဟု ရေးရ၏၊ သို့အတွက် ပုထ၏အဆုံး၌ ဂ် လာလျှင် ေ-သရကို ကပ်ပြီး ဖြစ်တော့ရကား နယေ ပရံ ယုတ္တေသုတ်ဖြင့် ကပ်ဖွယ် မလိုတော့ပါ။]
သရေ- နောက်သရကြောင့်၊ ပါဿ စ- ပါနိပါတ်၏ အဆုံး၌လည်း၊ ဂေါ- ဂ သည်၊ အာဂမော- လာ၏၊ အန္တော စ- ပါ ၏အဆုံး အာ သည်လည်း၊ ရဿော- ရဿအပြုသည်၊ ဟောတိ- ဖြစ်၏။ ပဂေဝ စသည်တည်း။
၄၃။ [ပါ ဧဝ-ရှေးဦးမစွ အစကပင်လျှင်။] “ပါနိပါတ်ပုဒ်၏ အဆုံး၌ ဂ လာပြီးလျှင် ပါ ၏ အဆုံး -ါ ကိုလည်း ၊ ရဿပြု”ဟု စီရင်သည်။ [ဤသုတ်၌ (ဂ)လာမှု, ရဿပြုမှု”ဟု အစီအရင် ၂ ခု ပါသည်။]
ရုပ်တွက်။ ။ ပဂေဝ ကို “ပါေ-ဝ”ဟု ပုဒ်ဖြတ်၊ ပါဿ စန္တော ရဿော သုတ်ဖြင့် နောက် ဧ သရကြောင့် ပါ နိပါတ်၏ အဆုံး၌ ဂ် လာ, ပါ ၏ အဆုံး -ါ ကိုလည်း ၊ ရဿ ပြု, ပဂေဝ ပြီး၏။
သရေ- နောက်သရကြောင့်၊ အဘိ- အဘိ ဥပသာရပုဒ်သည်၊ အဗ္ဘော- အဗ္ဘ အပြုသည်၊ ဟောတိ- ဖြစ်၏။ အဗ္ဘုဒီရိတံ စသည်တည်း။
၄၄။ [အဘိ + ဥဒီရိတံ၊ လွှမ်းမိုး၍ + ပြောဆိုအပ်၏။]
ရုပ်တွက်။ ။ အဗ္ဘုဒီရိတံ ကို “အဘိ ု ဒီရိတံ”ဟု ပုဒ်ဖြတ်၊ အဗ္ဘော အဘိသုတ်ဖြင့် နောက်ဥသရကြောင့် အဘိဥပသာရပုဒ်ကို အဗ္ဘပြု, ဗ္ဘခွင်း, သရာ သရေ လောပံသုတ်ဖြင့် ရှေ့ ၊ သရကို ချေ, ဗ္ဘ်ကို ု သို့ကပ်, ပြီး၏။
သရေ- နောက်သရကြောင့်၊ အဓိ- အဓိ ဥပသာရပုဒ်သည်၊ အဇ္ဈော- အဇ္ဈ အပြုသည်၊ ဟောတိ- ဖြစ်၏။ အဇ္ဈောကာသော စသည်တည်း။
၄၅။ [အဓိ+သြကာသော၊ လွင်တီးခေါင် (အမိုးမရှိသောအရပ်)။]
ရုပ်တွက်။ ။ အဇ္ဈောကာသောကို အဓိေ-ါ ကာသော”ဟု ပုဒ်ဖြတ်၊ အဇ္ဈော အဓိသုတ်ဖြင့် နောက်သရကြောင့် အဓိဥပသာရပုဒ်ကို အဇ္ဈပြု, ဇ္ဈ ခွင်း, ချေ, ကပ်, ပြီး၏။
တေ န ဝါ ဣဝဏ္ဏေ။ ။ ဣဝဏ္ဏေ- ဣဝဏ်ကြောင့်၊ တေ- ထိုအဘိ အဓိပုဒ်တို့၏ အဗ္ဘ အဇ္ဈ အပြုတို့သည်၊ ဝါ- ဝိကပ် အားဖြင့်၊ န- မဖြစ်ကုန်။ အဘိ.စ္ဆိတံ, အဓီရိတံ စသည်တည်း။
၄၆။ [အဘိ+ -ိစ္ဆိတံ၊ အလွန်+လိုချင်အပ်၏၊ အဓိ+ -ီရိတံ=လွှမ်းမိုး၍+ ဆိုအပ်၏။] ဤသုတ်ကား “၄၄, ၄၅ သုတ်တို့၏ အစီအရင်ကို ဣဝဏ် နှောင်းရာ၌ မပြုပါနှင့်”ဟု တားမြစ်သော ပတိသေဓဝိဓိသုတ်တည်း၊ တားမြစ်ပုံမှာ ရုပ်တွက်ရာ၌ ထင်ရှားလတ္တံ့။
ရုပ်တွက်။ ။ အဘိစ္ဆိတံကို “အဘိ -ိ စ္ဆိတံ”ဟု ပုဒ်ဖြတ်, အဗ္ဘော အဘိသုတ်ဖြင့် နောက် ဣသရကြောင့် အဘိကို အဗ္ဘပြုသင့်သော်လည်း တေ န ဝါ ဣဝဏ္ဏေသုတ်က တားမြစ်သောကြောင့် မပြုရ, ဘ် ခွင်း, ရှေ့ -ိ ကို ချေ, ဘ် နောက် -ိ သို့ ကပ်, ပြီး၏။
အဓီရိတံကို “အဓိ -ီရိတံ”ဟု ပုဒ်ဖြတ်၊ အဇ္ဈော အဓိ သုတ်ဖြင့် နောက် ဤသရကြောင့် အဓိကို အဇ္ဈ ပြုသင့်သော်လည်း တေ န ဝါ ဣဝဏ္ဏေသုတ်က တားမြစ်သောကြောင့် မပြုရဟု ဆို။
အတိဿ စ.န္တဿ။ ။ ဣဝဏ္ဏေ- ဣဝဏ်ကြောင့်၊ အတိဿ စ- အတိဥပသာရပုဒ်၏လည်း၊ အန္တဿ- အဆုံးတိသဒ္ဒါ ၏၊ တံ- ထို သဗ္ဗော စံ တိသုတ်၌ ဆိုအပ်ပြီးသော စ အပြုသည်၊ န ဟောတိ- မဖြစ်။ အတိ.သိဂဏော စသည်တည်း။
၄၇။ [အတိ+ဣသိဂဏော-လွန်သော(များသော) ရသေ့အပေါင်း။] ဒုတိယပိုင်း သဗ္ဗော စံ တိသုတ်က “သရနှောင်းရာဝယ် အတိ ပတိ ဣတိ သဒ္ဒါတို့၏ အဆုံး တိကို စပြုရမည်”ဟု ဆိုခဲ့၏၊ ဤသုတ်ကား ထို“စအပြု ကို ဣဝဏ်သရနှောင်းရာဝယ် မပြုရ”ဟု သဗ္ဗော စံ တိသုတ်၏ အစီအရင် ကို တားမြစ်သော ပတိသေဓဝိဓိသုတ်တည်း၊ အတိဿ စ၌ စသဒ္ဒါဖြင့် ပတိသဒ္ဒါကို ဆည်းယူသည်ဟု ရူပသိဒ္ဓိဆို၏။
ရုပ်တွက်။ ။ အတိသိဂဏောကို “အတိ -ိ သိဂဏော”ဟု ပုဒ်ဖြတ်၊ သဗ္ဗော စံ တိသုတ်ဖြင့် နောက်ဣသရကြောင့် အတိသဒ္ဒါ၏အဆုံးတိကို စပြုသင့်သော်လည်း အတိဿ စန္တဿသုတ်က တားမြစ်သောကြောင့် မပြုရ, တ်ခွင်း, ချေ, ကပ်, ပြီး၏။
သရေ ဝါ- သရကြောင့်လည်း ကောင်း၊ ဗျဉ္ဇနေ ဝါ- ဗျဉ်းကြောင့်လည်းကောင်း၊ ပတိဿ- ပတိ ဥပသာရပုဒ်၏၊ ကွစိ- အချို့အရာ၌၊ ပဋိ- ပဋိ အပြုသည်၊ ဟောတိ- ဖြစ်၏။ ပဋ.ဂ္ဂိ, ပဋိဟညတိ စသည်တည်း။
၄၈။ [ပဋိ+အဂ္ဂိ-မီးကြို(ကြိုတင်၍ ရှို့အပ်သောမီး)၊ ပတိဟညတိထိခိုက်အပ်၏။] ဥပသာရပုဒ်တို့တွင် “ပတိ”ဟူသော ပုဒ်သည် ရှိ၏၊ ထိုပတိကို ဋသန်လျင်းချိတ်ဖြင့် “ပဋိ”ပြုဟု စီရင်သည်၊ သို့သော် ကွစိဟု ဆိုသောကြောင့် မပြုသော အရာက များ၏၊ ပဋဂ္ဂိကား သရနှောင်းရာ၌ ပုံစံ, ပဋိဟညတိကား ဗျဉ်းနှောင်းရာ၌ ပုံစံတည်း။
ရုပ်တွက်။ ။ ပဋဂ္ဂိကို “ပတိ ၊ ဂ္ဂိ”ဟု ပုဒ်ဖြတ်၊ ကွစိ ပဋိ ပတိဿ သုတ်ဖြင့် နောက် အ သရကြောင့် ပတိကို ပဋိပြု, ဋ်ခွင်း, -ိ ချေ, နောက် အ သို့ ကပ်, ပြီး၏။ [ပတိဟညတိကိုလည်း “ပတိ+ဟညတိ”ဟု တည်, ဆို၍ နောက် ဟ ဗျဉ်းကြောင့်ဟုလည်း ဆို။]
ဗျဉ္ဇနေ- နောက်ဗျဉ်းကြောင့်၊ ပုထဿ- ပုထသဒ္ဒါ၏၊ အန္တော- အဆုံးအသရသည်၊ ဥ- ဥအပြု သည်၊ ဟောတိ- ဖြစ်၏။ ပုထု.ဇ္ဇနော စသည်တည်း။
၄၉။ [ပုထ+ဇနော၊ အရိယာတို့မှ တသီးတခြားဖြစ်သော+လူ၊ ဝါပုထုဇဉ်။] ဗျဉ်းနှောင်းရာ၌ ပုထသဒ္ဒါ၏ အဆုံးဖြစ်သော အ သရကို ဥ ပြုဟု စီရင်သည်။ [“အန္တော-အစိတ်”ဟု မဆိုဘဲ “အဆုံး”ဟု အနက်ဆိုမှ သာ၍ ရှင်းသောကြောင့် “အဆုံး”ဟုချည်း ဆိုသည်။]
ရုပ်တွက်။ ။ ပုထုဇ္ဇနောကို “ပုထ ဇနော”ဟု ပုဒ်ဖြတ်၊ ထ် ခွင်း, ပုထဿု ဗျဉ္ဇနေသုတ်ဖြင့် ပုထသဒ္ဒါ၏ အဆုံးဖြစ်သော ၊ ကို ု ပြု, ပရ ဒွေဘာဝေါ ဌာနေသုတ်ဖြင့် ဇ ၏ သဒိသဒွေးဘော် ဇ် လာ, ထ် ု သို့ကပ်, ပြီး၏။ [အန္တသဒ္ဒါပို၏အကျိုးကို ကစ္စည်းဘာသာဋီကာမှာ ရှု။]
ဗျဉ္ဇနေ- နောက်ဗျဉ်းကြောင့်၊ အဝဿ- အဝ ဥပသာရပုဒ်၏၊ သြ- သြအပြုသည်၊ ဟောတိ- ၏။ သြနဒ္ဓေါ စသည်တည်း။
၅၀။ [အဝ + နဒ္ဓေါ၊ မြှေးယှက်အပ်၏။] “အဝ”ဟု ခေါ်အပ်သော ဥပသာရပုဒ်တစ်မျိုး ရှိ၏၊ ထို အဝ ကို သြ ပြုသော သုတ်တည်း။… သြနဒ္ဓေါကို “အဝ နဒ္ဓေါ”ဟု တည်၊ သြ အဝဿသုတ်ဖြင့် အဝ ကို သြ ပြု, ပြီး၏။
အနုပဒိဋ္ဌာနံ- မပြအပ်ခဲ့သော ရုပ်တို့၏၊ သိဒ္ဓိ- ပြီးခြင်းကို၊ ဝုတ္တယောဂတော- ဆိုအပ်ပြီးသောနည်းဖြင့်၊ ဝေဒိတဗ္ဗာ- သိအပ်၏။ အရိယော, တဒမိနာပိ စသည်တည်း။
၅၁။ [အရိယော၊ အယိရော - အရိယာပုဂ္ဂိုလ်၊ တံ+ဣမိနာပိ၊ တံထိုအကြောင်းကို၊ ဣမိနာပိ-ဤစကားဖြင့်လည်း။] ဤသုတ်ကား … အချို့သော သန္ဓိရုပ်အထူးအဆန်းများ ရှိသေး၏၊ ထိုရုပ်များကို ဆိုခဲ့ပြီး သော သုတ်များဖြင့် သင့်လျော်သလို ပြီးစေနိုင်ပါသည်၊ “ပြီးအောင် စီရင် ပါလေ”ဟု ဆိုခဲ့ပြီး သုတ်များကို ညွှန်ပြသော အတိဒေသသုတ်တစ်မျိုး တည်း၊ ဤသုတ်၏ ညွှန်ပြချက်အရ သန္ဓိဆိုင်ရာရုပ်များကို ဆိုခဲ့ပြီးသော သုတ်များဖြင့် မပြီးပြီးအောင် စီရင်ရပေလိမ့်မည်၊ ထို့ကြောင့် အချို့ရုပ် များကို သုတ်အဆိုအတိုင်းဖြင့် စီရင်၍ မဖြစ်လျှင် သုတ်၌ ပါသော စသဒ္ဒါ ဝါသဒ္ဒါ ယောဂဝိဘာဂ စသည်ဖြင့် စီရင်ရလေသည်။
ယောဂဝိဘာဂ။ ။ [ယောဂ၊ သုတ်ကို+ဝိဘာဂ=ခွဲစိတ်ဝေဖန်ခြင်း။] သုတ်ကို ပင်ကိုရှိရင်းအစီအရင်မှ တစ်မျိုးပြောင်းပြီး စီရင်နိုင်အောင် ခွဲစိတ် ဝေဖန်ခြင်းကို ယောဂဝိဘာဂဟုလည်းကောင်း, သုတ္တဝိဘာဂဟုလည်း ကောင်း ခေါ်ဆိုရလေသည်၊ ထိုယောဂဝိဘာဂသည်“ဝိနာ-ဝိသုံ, ဒွိဓာခြုံ, သုံးပုံ သုတ်ယောဂ” ဟူသည်နှင့် အညီ … ဝိနာဓိကာရယောဂဝိဘာဂ, ဝိသုံကရဏယောဂဝိဘာဂ, ဒွိဓာကရဏယောဂဝိဘာဂ ဟု ၃-မျိုး ရှိ၏၊ ထို ၃-မျိုးတွင် အလိုက်ကို ကြဉ်၍ သုတ်ကို ဝေဖန်ခြင်းသည် ဝိနာဓိကာရ ယောဂဝိဘာဂ မည်၏၊ မူလသုတ်နားကို မြှောင်၍ အလားတူသုတ်များကို ပြုခြင်းသည် ဝိသုံကရဏယောဂဝိဘာဂ မည်၏၊ မူလသုတ်ကို ၂-မျိုး ခွဲလိုက်ခြင်းသည် ဒွိဓာကရဏယောဂဝိဘာဂ မည်၏၊ ဤ ယောဂဝိဘာဂ များကိုလည်း ရုပ်ထူးရုပ်ဆန်းကို စီရင်ရာ၌ များစွာ အသုံးပြုရပေသည်။
ရုပ်တွက်။ ။ အရိယောကို “အယိရော”ဟု တည်, ဒေါ ဓဿ စသုတ်၌ စသဒ္ဒါဖြင့် ယ် နှင့် ရ် ကို ရှေ့နောက်ပြန်, အရိယော ပြီး၏။
တဒမိနာပိကို “တံ -ိ မိနာပိ”ဟု ပုဒ်ဖြတ်၊ ပရော ဝါ သရောသုတ်ဖြင့် နိဂ္ဂဟိတ်မှ နောက်ဖြစ်သော -ိ သရကို ချေ, လောပဉ္စ တတြာကာရော သုတ်၌ “တကြာကာရော”ဟူသော ဒွိဓာကရဏယောဂဝိဘာဂဖြင့် ထို -ိ ကျေရာ၌ ၊ လာ, မ ဒါ သရေသုတ်ဖြင့် နိဂ္ဂဟိတ်ကို ဒ် ပြု, ဒ် ကို ၊ သို့ ကပ်, ပြီး၏။
သန္ဓိကပ္ပေ- ၌၊ ပဉ္စမော- ငါးခန်းမြောက်သော၊ ကဏ္ဍော- သည်၊ ဣတိ- ပြီးပြီ။
ဤ ပဉ္စမအခန်းကား သရဆိုင်ရာ၌ ဖြစ်စေ, ဗျဉ်းဆိုင်ရာ၌ ဖြစ်စေ ဥပသာရ နိပါတ်ပုဒ်တွေကို စီရင်ရာအခန်းတည်း။
သန္ဓိပဉ္စမခန်းပြီး၏။
စသဒ္ဒါ၏ အနက်များ။ ။ “အနုကဍ္ဎန, သမ္ပိဏ္ဍနှင့်, သမုစ္စယတစ်ဖြာ, အဝဓာ, ဝါစာသိလိဋ္ဌ” ဟူသည်နှင့်အညီ ကစ္စည်းကျမ်း၌ အသုံးပြုသော စသဒ္ဒါ၏အနက်သည် ၅-မျိုး ရှိသတတ်၊ ထိုတွင် ရှေးရှေးသုတ်၌ ရှိသော ပုဒ်ကို မိမိသုတ်သို့ လိုက်ပါလာအောင် ဆွဲငင်ဆောင်ယူနိုင်သော စသဒ္ဒါ သည် အနုကဍ္ဎနအနက်ရှိသော စသဒ္ဒါ မည်၏၊ တစ်သုတ်တည်း၌ စကား ၂-ရပ် (၂-ဝါကျ) ရှိလျှင် နောက်ဝါကျ၌ စသဒ္ဒါ ပါရှိအံ့၊ ထို စသဒ္ဒါသည် ရှေ့ဝါကျ၏ အနက်အပေါ်မှာ ထပ်လောင်း၍ အနက်တစ်မျိုးကို ပေါင်းပေးသောကြောင့် သမ္ပိဏ္ဍနအနက်ရှိသော စသဒ္ဒါ မည်၏။
သုတ်၌ တိုက်ရိုက်မပါ, ရှေ့သုတ်ကလည်း ဆွဲယူစရာ မရှိ, သို့သော် ရသင့်ရာ အပိုအနက်ကို စုစည်းနိုင်သော စသဒ္ဒါသည် သမုစ္စည်းအနက် ရှိသော စသဒ္ဒါတည်း၊ ဧဝသဒ္ဒါ၏ (သာလျှင် ဟူသော) အနက်မျိုးကို ဟောလျက် မလိုရာ အနက်ကို ကန့်ကွက်သော စသဒ္ဒါသည်လည်းကောင်း, “ပင်လျှင်”ဟူသော အနက်ကို ဟောလျက် မိမိအနက်ကို ခိုင်မြဲစေသော စသဒ္ဒါသည်လည်းကောင်း အဝဓာရဏ စသဒ္ဒါတည်း၊ အနက်အထူးမရ, စကား ပြေပြစ်ရုံမျှဖြစ်သော စသဒ္ဒါသည် ဝါစာသိလိဋ္ဌ မည်၏၊ ထို အားလုံး၏ အကျယ်ကို ကစ္စည်း, ရူပသိဒ္ဓိတို့၌ တွေ့ရလတ္တံ့။
[ဆောင်] ၁။ ရှေ့နောက်ဆက်ပြ, နှစ်ဝါကျတွင်, နောက်က ဝါကျေ, စ ထိုင်လေခဲ့, ရှေ့ကို ငဲ့က, ဤသည့် စ, မှတ်ကြ သမ္ပိဏ်တည်း။ ၂။ အသစ် စ ကား, ဆည်းတုံငြား, မှတ်သား သမုစ္စည်း။ ၃။ အနုကဍ္ဎန ဟူ, သူ့အမူ, ခေါ်ယူ ရှေ့ပါဌ်တည်း။ သန္ဓိသုတ်နက်နှင့် ရုပ်တွက်အဓိပ္ပာယ်ပြီး၏။