Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
(SN) Khandhavagga-aṭṭhakathā
(SN) Khandhavagga-aṭṭhakathā

7-8. Soṇasuttādivaṇṇanā

Author: miuthi-မိုးထိ @ IAPT

သတ္တမေ၊ သတ္တမသုတ်၌။ သေယျောဟမသ္မီတိ၊ သေယျောဟမသ္မိ ဟူသည်ကား။ အဟံ၊ ငါသည်။ ဝိသိဋ္ဌော၊ လူထူးသည်။ ဥတ္တမော၊ မြတ်သည်။ အသ္မိ၊ ဖြစ်၏။
ကိမညတြ ယထာဘူတဿ အဒဿနာတိ၊ ကိမညတြယထာဘူတဿ အဒဿနာ ဟူသည်ကား။ ယထာဘူတဿ၊ ဟုတ်မှန်‌သော သဘောတရားကို။ အဒဿနတော၊ မမြင်သည်မှ။ အညံ၊ တစ်ပါးသော။ (တထာသမနုပဿနာယ၊ ထိုထိုရှုခြင်း၏။) ကိံ(ကာရဏံ)၊ အဘယ်သို့သော အကြောင်းသည်။ ဘဝေယျ၊ ဖြစ်ရာအံ့နည်း။
အဒဿနံ၊ မမြင်ခြင်းသည်။ အညာဏမေဝ၊ မသိခြင်းသည်သာလျှင်။ (တထာသမနုပဿနာယ၊ ထိုထိုရှုခြင်း၏။) ကာရဏံ၊ အကြောင်းသည်။ ဘဝေယျ၊ ဖြစ်ရာ၏။ ဣတိ(အယံ)၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
ဣဒါနိ၊ ယခုအခါ၌။ အဿ၊ ထိုသူကြွယ်သား သောဏအား။ တေပရိဝဋ္ဋံ၊ သုံးပါးအပြန်ရှိသော။ ဝဇီရဘေဒဒေသနံ၊ နတ်စက်ပစ်ချ မြင့်မိုရ်ချသို့ အညာဏအဝိဇ္ဇာ မိစ္ဆာဒိဋ္ဌိဟူသော မြို့လက်နက် ချက်တိုင်းမှန်သော ဒေသနာတော်ကို။ အာရဗ္ဘန္တော၊ အားထုတ်တော်မူလိုသော မြတ်စွာဘုရားသည်။ အာရဘန္တော(ဆဋ္ဌ) တံကိံမညသိ သောဏာတိအာဒိံ၊ တံ ကိံ မညသိ သောဏ ဤသို့အစရှိသောဒေသနာကို။ အာဟ၊ ဟောတော်မူ၏။
အဋ္ဌမံ၊ အဋ္ဌမသုတ်သည်။ ဥတ္တာနမေဝ၊ ပေါ်သည်သာတည်း။
သတ္တမံ၊ သတ္တမသုတ်သည်။ နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။ အဋ္ဌမံ၊ အဋ္ဌမသုတ်သည်။ နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။