Issues
Select Version
钱玮
中文
miuthi-မိုးထိ
မြန်မာဘာသာ
(SN) Khandhavagga-aṭṭhakathā
(SN) Khandhavagga-aṭṭhakathā

3. Pheṇapiṇḍūpamasuttavaṇṇanā

Author: miuthi-မိုးထိ @ IAPT

တတိယေ၊ တတိယသုတ်၌။ ဂင်္ဂါယ နဒိယော တီရေတိ၊ ဂင်္ဂါယ နဒိယာ တီရေ ဟူသည်ကား။ အယုဇ္ဈပုရဝါသိနော၊ အယုဇ္ဈမြို့သားတို့သည်။ အပရိမာနဘိက္ခူပရိဝါရံ စာရိကံ၊ အတိုင်းအရှည်မရှိ များစွာသော ရဟန်းအ‌ပေါင်း ခြံရံလျက် ဒေသစာရီလှည့်လည်ခြင်းကို။ အပရိမာဏဘိက္ခုပရိဝါရံ(ဆဋ္ဌ) စရမာနံ၊ လှည့်တော်မူသော။ တထာဂတံ၊ မြတ်စွာဘုရားကို။ အတ္တနော၊ မိမိ၏။ နဂရံ၊ အယုဇ္ဈပုရမြို့သို့။ သမ္ပတ္တံ၊ မခေါ်ပင့်ချေ ရောက်လာပေသည်ကို။ ဒိသွာ၊ မြင်၍။ ဧကသ္မိံ၊ တစ်ခုသော။ ဂင်္ဂါယ၊ ဂင်္ဂါမြစ်၏။ နိဝတ္တနဋ္ဌာနေ၊ ရေအလျဉ် လည်ရာဖြစ်သောကွေ့တောင်၌။ မဟာဝနသဏ္ဍေ၊ ကြီးစွာသော တောအုပ်၌။ မဏ္ဍိတပဒေသေ၊ ပန်းသစ်သီးတို့ဖြင့် မငြီးပျော်ရာ တန်ဆာဆင်အပ်သော အရပ်၌။ သတ္ထု၊ မြတ်စွာဘုရားအား။ ဝိဟာရံ၊ ကျောင်းတော်ကို။ ကတွာ၊ ပြု၍။ အဒံသု၊ လှူကုန်၏။
ဘဂဝါ၊ မြတ်စွာဘုရားသည်။ တတ္ထ၊ ထိုမြစ်ကွေ့ ကမ်းထိပ်အရိပ်ရေနှင့် ပြည့်စုံသော ‌ထိုကျောင်းတော်၌။ ဝိဟရတိ၊ နေတော်မူ၏။
တံ၊ ထိုရပ်တင်ရေလျဉ်မြေကြီးသည်၌ ဥယျာဉ်ရဂုံစုံ၏အကြား ဆောက်ထားသော ထိုကျောင်းတော်ကို။ သန္ဓာယ၊ ရည်၍။ "ဂင်္ဂါယ နဒိယာ တီရေတိ၊ ဂင်္ဂါယနဒိယာ တီရေ" ဟူ၍။ ဝုတ္တံ၊ မိန့်အပ်၏။
တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသီတိ၊ တတြ ခေါ ဘဂဝါဘိက္ခူ အာမန္တေသိ ဟူသည်ကား။ တသ္မိံ ဝိဟာရေ၊ ထိုဆိုပြီးသော ‌ကျောင်းတော်၌။ ဝသန္တော၊ ‌ နေတော်မူသော။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ သာယနှသမယံ၊ ညချမ်းအခါ၌။ ဂန္ဓကုဋိတော၊ ဂန္ဓကုဋိမှ။ နိက္ခမိတွာ၊ ထွက်တော်မူ၍။ ဂင်္ဂါတီရေ၊ ဂင်္ဂါမြစ်ကွေ့ ကမ်းထိပ်ဘေး၌။ ပညတ္တဝရဗုဒ္ဓါသနေ၊ ခင်းထားအပ်သော မြတ်စွာဘုရားနေရာတော်၌။ နိသိန္နော၊ သီတင်းသုံးတော်မူလျက်။ ဂင်္ဂါယ နဒိယာ၊ ဂင်္ဂါမြစ်၌။ အာဂစ္ဆန္တံ၊ ပြေးလာသော။ မဟန္တံ၊ ကြီးစွာသော။ ဖေဏပိဏ္ဍံ၊ ရေမြှုပ်စိုင်ကို။ ဒိသွာ၊ မြင်တော်မူ၍။ "မမ၊ ငါဘုရား၏။ သာသနေ၊ သာသနာတော်၌။ ပစ္စက္ခနိဿိတံ၊ မျက်မှောက်မြင်အပ်သော ရေမြှုပ်စိုင်ကိုမှီသော။ ပဉ္စက္ခန္ဓနိဿိတံ(ဆဋ္ဌ) ဧကံ ဓမ္မံ၊ တရားတစ်ပုဒ်ကို။ ကထေဿာမိ၊ ဟောပေအံ့။" ဣတိ၊ ဤသို့။ စိန္တေတွာ၊ ကြံတော်မူလတ်၍။ ပရိဝါရေတွာ၊ ခြံရံ၍။ နိသိန္နေ၊ လေတိတ်သော အရပ်၌ ဆီမီးတောက်ကဲ့သို့ ငြိမ်သက်စွာ နေကုန်သော။ ဘိက္ခူ၊ ရဟန်းတို့ကို။ အာမန္တေသိ၊ ခေါ်တော်မူ၏။
မဟန္တံ ဖေဏပိဏ္ဍန္တိ၊ မဟန္တံ ဖေဏပိဏ္ဍံ ဟူသည်ကား။ ဥဋ္ဌာနုဋ္ဌာနေ၊ ထရာထရာဌာန၌။ ဗဒရပက္ကပမာဏတော၊ ဆီးသီးမှည့်ပမာဏမှ။ ပဋ္ဌာယ၊ စ၍။ အနုသောတောဂမနေန၊ အကြေသို့ စုံခြင်းဟူသော အကြောင်းကြောင့်။ အနုသောတာဂမနေန(ဆဋ္ဌ) အနုပုဗ္ဗေန၊ အစဉ်သဖြင့်။ သံဝဍ္ဎိတွာ၊ ထိုထိုအရပ်၌ ထကုန်သော အငယ်အကြီးဖြစ်ကုန်သော ရေမြှုပ်စိုင်တို့၏ ငြိခြင်းကြောင့် အပြားအားဖြင့် ကြီးပွားလတ်၍။ ပဝဍ္ဎိတွာ(ဆဋ္ဌ) ပဗ္ဗတကူဋမတ္တံ၊ တောင်ထွဋ်ပမာဏရှိသည်။ ဇာတံ၊ ဖြစ်လတ်၏။ ယတ္ထ၊ အကြင်ရေမြှုပ်စိုင်၌။ ဥဒကသပ္ပါဒယော၊ ရေမြွေအစရှိကုန်သော။ အနေကပါဏယောနီ၊ များစွာသော ပိုးမျိုးတို့သည်။ အနေကပါဏယော(ဆဋ္ဌ) ဝသန္တိ၊ နေကုန်၏။ နိဝသန္တိ(ဆဋ္ဌ) ဧဝရူပံ၊ ဤသို့ သဘောရှိသော။ မဟန္တံ၊ ကြီးစွာသော။ ဖေဏပိဏ္ဍံ၊ ရေမြှုပ်စိုင်ကို။
အာဝဟေယျာတိ၊ အာဝဟေယျဟူသည်ကား။ အာဟရေယျ၊ ဆောင်သွားရာ၏။
ပန၊ ဆက်၍ဆိုဦးအံ့။ သော(အယံ ဖေဏပိဏ္ဍော)၊ ထိုရေမြှုပ်စိုင်သည်။ ဥဋ္ဌိတဋ္ဌာနေပိ၊ ထသော အရပ်၌လည်း။ ဘိဇ္ဇတိ၊ ပျက်၏။ ထောကံ၊ အနည်းငယ်။ ဂန္တွာပိ၊ သွား၍လည်း။ ဘိဇ္ဇတိ၊ ပျက်၏။ ဧကဒွိယောဇနာဒိဝသေန၊ တစ်ယူဇနာ နှစ်ယူဇနာ စသည်တို့၏ အစွမ်းဖြင့်။ ဒူရံ၊ အဝေးသို့။ ဂန္တွာပိ၊ သွား၍လည်း။ ဘိဇ္ဇတိ၊ ပျက်၏။ ပန၊ စင်စစ်သော်ကား။ အန္တရာ၊ အကြား၌။ အဘိဇ္ဇန္တောပိ၊ မပျက်သော်လည်း။ မဟာသမုဒ္ဒံ၊ မြစ်ပေါင်းဆုံရာ မဟာသမုဒ္ဒရာသို့။ ပတွာ၊ ရောက်၍။ အဝဿမေဝ၊ မချွတ်သာလျှင်။ ဘိဇ္ဇတိ၊ ပျက်၏။
နိဇ္ဈာပေယျာတိ၊ နိဇ္ဈာပေယျဟူသည်ကား။ နိဇ္ဈာယေယျာတိ(ဆဋ္ဌ) ဩလောကေယျ၊ ကြည့်ရာ၏။
ယောနိသော ဥပပရိက္ခေယျာတိ၊ ယောနိသော ဥပပရိက္ခေယျ ဟူသည်ကား။ ကာ‌ရဏေန၊ အသင့်အားဖြင့်။ ဥပပရိက္ခေယျ၊ စုံစမ်းရာ၏။
ကိဉှိ သိယာ ဘိက္ခဝေ ဖေဏပိဏ္ဍေ သာရောတိ၊ ကိဉှိ သိယာ ဘိက္ခဝေ ဖေဏပိဏ္ဍေ သာရော ဟူသည်ကား။ ကိံ ဟိ(ဆဋ္ဌ) ဘိက္ခဝေ၊ ရဟန်းတို့။ ဖေဏပိဏ္ဍမှိ၊ ရေမြှုပ်စိုင်၌။ သာရော နာမ၊ အနှစ်မည်သည်။ ကိံ ဘဝေယျ၊ အဘယ်ကြောင့်ရှိလိမ့်မည်နည်း။ (န ဘဝေယျဝ၊ မရှိသည်သာလျှင်တည်း။)
ဝိလီယိတွာ၊ မြည့်မြည့်ကြေ၍။ ဝိဓံသေယျေဝ၊ ပျောက်ပျောက်သည်သာတည်း။
ဧဝမေဝ ခေါတိ ဧတ္ထ၊ ဧဝမေဝ ခေါ ဟူသည်ကား။ ဖေဏပိဏ္ဍော၊ ရေမြှုပ်စိုင်သည်။ နိဿာရော ယထာ၊ အနှစ်မရှိသကဲ့သို့။ ဧဝံ၊ ဤအတူ။ ရူပမ္ပိ၊ ရုပ်သည်လည်း။ နိစ္စသာရဓုဝသာရအတ္တသာရဝိရဟေန၊ နိစ္စအဖြစ်ဟူသောအနှစ်, ခိုင်ခံ့သည်၏အဖြစ်ဟူသော အနှစ်, အတ္ထဟူသော အနှစ်မှကင်းသည်၏အဖြစ်ကြောင့်။ နိသာရမေဝ၊ အနှစ်မဲ့သည်သာတည်း။
သော ဖေဏပိဏ္ဍော၊ ထိုရေမြှုပ်စိုင်သည်။ "ဣမိနာ၊ ဤရေမြှုပ်စိုင်ဖြင့်။ ပတ္တံဝါ၊ သပိတ်ကိုလည်းကောင်း။ ထာလကံ ဝါ၊ ခွက်ယောက်ကိုလည်းကောင်း။ ကရိဿာမီတိ၊ ပြုအံ့ဟူ၍။" ဂဟေတုံ၊ ယူခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်း။ (ဥပါယေန၊ ဥပါယ်ဖြင့်။) ဂဟိတောပိ၊ မပါ ပါအောင်ကြံ၍ ယူအပ်သော်လည်း။ တမတ္ထံ၊ ထိုသပိတ်ခွက်ယောက် ပြုခြင်းကိစ္စကို။ (အသာရတ္တာ၊ အနှစ်မဲ့သောကြောင့်။) န သာဓေတိ၊ မပြီးစေနိုင်။ ဘိဇ္ဇတေဝ ယထာ၊ ပျက်သည်သာဖြစ်သကဲ့သို့။ ဘိဇ္ဇတိ ဧဝ(ဆဋ္ဌ) ဧဝံ၊ ဤအတူ။ ရူပမ္ပိ၊ ရုပ်သည်လည်း။ နိစ္စန္တိ ဝါ၊ မြဲ၏ဟူ၍လည်းကောင်း။ ဓုဝန္တိ ဝါ၊ ခိုင်ခံ့၏ဟူ၍လည်းကောင်း။ အဟန္တိ ဝါ၊ ငါ၏ဟူ၍လည်းကောင်း။ မမန္တိ ဝါ၊ ငါဥစ္စာဟူ၍လည်းကောင်း။ ဂဟေတုံ၊ ယူခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်း။ ဂဟိတမ္ပိ၊ မိစ္ဆာဘိနိဝေသဖြင့် ယူအပ်သော်လည်း။ တထာ၊ ထိုနိစ္စဓုဝစသော အခြင်းအရာဖြင့်။ န တိဋ္ဌတိ၊ မတည်။ အနိစ္စံ၊ အနိစ္စသည်။ ဒုက္ခံ၊ ဒုက္ခသည်။ အနတ္တာ၊ အနတ္တသည်။ အသုဘညေဝ၊ အသုဘသည်သာလျှင်။ ဟောတိ၊ ဖြစ်၏။ ဣတိ ဧဝံ၊ ဤသို့။ ဖေဏပိဏ္ဍသဒိသမေဝ၊ ရေမြှုပ်စိုင်နှင့် တူသည်သာလျှင်။ ဟောတိ၊ ဖြစ်၏။
ဝါ ပန၊ တစ်နည်းသော်ကား။ ဖေဏပိဏ္ဍော၊ ရေမြှုပ်စိုင်သ်။ ဆိဒ္ဒါဝဆိဒ္ဒေါ၊ အပေါက်အပေါက် အထွင်းထွင်းရှိသည်။ အနေကသန္ဓိဃဋ္ဋိတော၊ တစ်ပါးမဟုတ် များစွာသော အစပ်တို့ဖြင့် ဆက်စပ်သည်။ အနေကသန္ဓိဃဋိ‌တော(ဆဋ္ဌ) ဟုတွာ၊ ဖြစ်၍။ ဗဟူနံ၊ များစွာကုန်သော။ ဥဒကသပ္ပါဒီနံ၊ ရေမြွေအစရှိကုန်သော။ ပါဏာနံ၊ တိရစ္ဆာန်တို့၏။ အာဝါသော၊ နေရာသည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ရူပံ၊ ရုပ်သည်လည်း။ ဆိဒ္ဒါဝဆိဒ္ဒံ၊ အပေါက်အပေါက် အထွင်းထွင်းသည်။ အနေကသန္ဓိဃဋ္ဋိတံ၊ တစ်ပါးမဟုတ် များစွာသော အစပ်တို့ဖြင့် ဆက်စပ်သည်။ (ဟုတွာ၊ ဖြစ်၍။) ကုလဝသေနေဝ၊ အမျိုးအရေအတွက်၏ အစွမ်းဖြင့်သာလျှင်။ ဧတ္ထ၊ ဤရုပ်အစု၌။ အသီတိကိမိကုလာနတိ၊ ပိုမျိုးရှစ်ဆယ်တို့သည်။ ဝသန္တိ၊ အောင်းကုန်၏။ တဒေဝ၊ ထိုရုပ်အစုသည်သာလျှင်။ တေသံ၊ ထိုပိုးမျိုးရှစ်ဆယ်တို့၏။ သူတိဃရမ္ပိ၊ မီးနေအိမ်သည်လည်းကောင်း။ ဝစ္စကုဋိပိ၊ ကျင်ကြီးအိမ်သည်လည်းကောင်း။ ဂိလာနသာလာပိ၊ သူနာစရပ်သည်လည်းကောင်း။ သုသာနမ္ပိ၊ သုသာန်သည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏။ (ဟိ၊ သင့်စွ။) တေ၊ ထိုပိုးမျိုးရှစ်ဆယ်တို့သည်။ အညတ္ထ၊ ခန္ဓာအိမ်မှ တစ်ပါးသို့။ ဂန္တွာ၊ သွား၍။ ဂဗ္ဘဝုဋ္ဌာနာဒီနိ၊ ကိုယ်ဝန်ဖွားခြင်းစသည်တို့ကို။ န ကရောန္တိ၊ မပြုကုန်။ ဧဝံ၊ ဤသို့။ ဖေဏပိဏ္ဍသဒိသမေဝ၊ ရေမြှုပ်စိုင်နှင့် တူသည်သာလျှင်။ ဟောတိ၊ ဖြစ်၏။
စ၊ တစ်နည်းကား။ ဖေဏပိဏ္ဍော၊ ရေမြှုပ်စိုင်သည်။ အာဒိတော၊ အစ၌။ ဗဒရပက္ကမတ္တော၊ ဆီးသီးမှည့်ပမာဏရှိသည်။ ဟုတွာ၊ ဖြစ်၍။ အနုပုဗ္ဗေန၊ အစဉ်သဖြင့်။ ပဗ္ဗတကူဋမတ္တောပိ၊ ‌တောင်ထွတ်ပမာရှိသည်လည်း။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ရူပမ္ပိ၊ ရုပ်သည်လည်း။ အာဒိတော၊ လက်မွန်အစ၌။ ကလလမတ္တံ၊ ဇာတိဥဏ္ဏမည်သော သား၏ အမွေးဖျား၌ပါသော ဆီပေါက်ပမာဏရှိသော ရေကြည်မျှသည်။ ဟုတွာ၊ ဖြစ်၍။ အနုပုဗ္ဗေန၊ အစဉ်သဖြင့်။ (ဧတရဟိ၊ ယခုအခါ၌။ မနုဿာနံ၊ လူတို့၏။ ဝသေန၊ အစွမ်းဖြင့်။ ဗျာမမတ္တမ္ပိ၊ တစ်လံမျှသည်လည်း။) ဟောတိ၊ ဖြစ်၏။ ဂေါမဟိံသဟတ္ထိအာဒီနံ၊ နွား, ကျွဲ, ဆင်အစရှိသည်၏။ ဝသေန၊ အစွမ်းဖြင့်။ ပဗ္ဗတကူဋမတ္တမ္ပိ၊ တောင်ထွတ်အတိုင်းအရှည်ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ မစ္ဆကစ္ဆပါဒီနံ၊ ငါးလိပ်အစရှိသည်တို့၏။ ဝသေန၊ အစွမ်းဖြင့်။ အနေကယောဇနသတပ္ပမာဏမ္ပိ၊ ယူဇနာအရာမကသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဧဝမ္ပိ၊ ဤသို့လည်း။ ဖေဏပိဏ္ဍသဒိသံ၊ ရေမြှုပ်စိုင်နှင့် တူသည်။ ဟောတိ၊ ဖြစ်၏။
စ၊ တစ်ထွေတုံလည်း။ ဖေဏပိဏ္ဍော၊ ရေမြှုပ်စိုင်သည်။ ဥဋ္ဌိတမတ္တောပိ၊ ထကာမျှဖြစ်၍လည်း။ ဘိဇ္ဇတိ၊ ပျက်၏။ ထောကံ၊ အနည်းငယ်သည်။ ဂန္တွာပိ၊ သွား၍လည်း။ ဘိဇ္ဇတိ၊ ပျက်၏။ သမုဒ္ဒံ၊ သမုဒ္ဒရာသို့။ ပတွာန၊ ရောက်၍မူကား။ ပတွာ ပန(ဆဋ္ဌ) (တရင်္ဂပ္ပဟတံ၊ လှိုင်းပုတ်အပ်သည်။ ဟုတွာ၊ ဖြစ်၍။) အဝဿမေဝ၊ မချွတ်သာလျှင်။ ဘိဇ္ဇတိ ယထာ၊ ပျက်သကဲ့သို့။ ဧဝမေဝံ၊ ဤအတူ။ ရူပမ္ပိ၊ ရုပ်သည်လည်း။ ကလလဘာဝေပိ၊ ကလလအဖြစ်၌လည်း။ ဘိဇ္ဇတိ၊ ပျက်၏။ အဗ္ဗုဒါဒိဘာဝေပိ၊ အဗ္ဗုဒစသည်တို့၏ အဖြစ်၌လည်း။ ဘိဇ္ဇတိ၊ ပျက်၏။ ပန၊ စင်စစ်မူကား။ အန္တရာ၊ အကြား၌။ အဘိဇ္ဇမာနမ္ပိ၊ မပျက်သော်လည်း။ ဝဿသတာယုကာနံ၊ အနှစ်တစ်ရာ အသက်ရှည်သောသူတို့အား။ ဝဿသတံ၊ အနှစ်တစ်ရာသို့။ ပတွာ၊ ရောက်လတ်သော်။ အဝဿမေဝ၊ မချွတ်သာလျှင်။ ဘိဇ္ဇတိ၊ ပျက်၏။ မရဏမုခေ၊ သေမင်း၏ ခံတွင်း၌။ စုဏ္ဏဝိစုဏ္ဏံ၊ မှုန့်မှုန့်ညက်ညက် ပျက်ကြေသည်။ ဟောတိ၊ ဖြစ်၏။ ဧဝမ္ပိ၊ ဤသို့လည်း။ ဖေဏပိဏ္ဍသဒိသံ၊ ရေမြှုပ်စိုင်နှင့် တူသည်။ ဟောတိ၊ ဖြစ်၏။
ကိဉှိ သိယာ ဘိက္ခဝေ ဝေဒနာယ သာရောတိအာဒီသု၊ ကိဉှိ သိယာ ဘိက္ခဝေ ဝေဒနာယ သာရော ဤသို့အစရှိသော ပါဌ်တို့၌။ ကိံ ဟိ(ဆဋ္ဌ) ဝေဒနာဒီနံ၊ ဝေဒနာအစရှိသည်တို့၏။ ပုဗ္ဗုဠာဒီဟိ၊ ရေပွက်အစရှိသည်တို့နှင့်။ သဒိသတာ၊ တူသည်၏အဖြစ်ကို။ ဧဝံ၊ ဤဆိုလတ္တံ့သော နည်းဖြင့်။ ဝေဒိတဗ္ဗာ၊ သိအပ်၏။
ဟိ၊ ထင်စွာပြအံ့။ ပုဗ္ဗုဠော၊ ရေပွက်သည်။ အသာရော ယထာ၊ အနှစ်မဲ့သကဲ့သို့။ ဧဝံ၊ ဤအတူ။ ဝေဒနာပိ၊ ဝေဒနာသည်လည်း။ အသာရော၊ အနှစ်မဲ့၏။
စ၊ ထိုမြို့လည်း။ သော၊ ထိုရေပွက်သည်။ အဗလော၊ အားမရှိသည်။ အဂယှူပဂေါ၊ ကိုင်ခြင်းငှာမခံ့သည်။ ဟုတွာ၊ ဖြစ်၍။ တံ၊ ထိုရေပွက်ကို။ ဂဟေတွာ၊ ကောက်ယူ၍။ ဖလကံ ဝါ၊ ပျဉ်ချပ်ကိုလည်းကောင်း။ အာသနံ ဝါ၊ နေရာကိုလည်းကောင်း။ ကာတုံ၊ ပြုခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်း။ ဂဟိတဂဟိတော၊ ကိုင်တိုင်းကိုင်တိုင်း။ ဘိဇ္ဇတေဝ ‌ယထာ၊ ပျက်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ဝေဒနာပိ၊ ဝေဒနာသည်လည်း။ အဗလာ၊ အားမသန်သည်။ အဂယှူပဂါ၊ ကိုင်ခြင်းငှာ မခံ့သည်။ (ဟုတွာ၊ ဖြစ်၍။) နိစ္စာတိ ဝါ၊ နိစ္စ ဟူ၍လည်းကောင်း။ ဓုဝါတိ ဝါ၊ ခိုင်းခံ့၏ဟူ၍ လည်းကောင်း။ ဂဟေတုံ၊ ယူခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်း။ ဂဟိတာပိ၊ ယူအပ်သော်လည်း။ တထာ၊ ထိုနိစ္စဓုဝ အခြင်းအရာဖြင့်။ (ကာရီ၊ ပြုလေ့ရှိသည်။ ဟုတွာ၊ ဖြစ်၍။) န တိဋ္ဌတိ၊ မတည်။ ဧဝံ၊ ဤသို့။ အဂယှူပဂတာယပိ၊ ကိုင်ယူခြင်းငှာ မခံ့သည်၏ အဖြစ်ကြောင့်လည်း‌။ ဝေဒနာ၊ ဝေဒနာသည်။ ပုဗ္ဗုဠသဒိသာ၊ ရေပွက်နှင့်တူ၏။
ပန၊ ထိုမှတစ်ပါး။ တသ္မိံ တသ္မိံ ဥဒကဗိန္ဒုမှိ၊ ထိုထိုရေပေါက်သည်။ (ပတိတေ၊ ကျလတ်သော်။) ပုဗ္ဗုဠော၊ ရေပွက်သည်။ ဥပ္ပဇ္ဇတိ စေဝ၊ ဖြစ်လည်းဖြစ်၏။ ဘိဇ္ဇတိ စ၊ ပျက်လည်းပျက်၏။ စိရဌိတိကော၊ ကာလမြင့်ရှည် တည်ခြင်းရှိသည်။ စိရဋ္ဌိတိကော(ဆဋ္ဌ) န ဟောတိ ယထာ၊ မတည်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ဝေဒနာပိ၊ ဝေဒနာသည်လည်း။ ဥပ္ပဇ္ဇတိ စေဝ၊ ဖြစ်လည်းဖြစ်၏။ ဘိဇ္ဇတိ ‌စ၊ ပျက်လည်း ပျက်၏။ စိရဌိတိကာ၊ ကာလမြင့်ရှည်တည်ခြင်းရှိသည်။ စိရဋ္ဌိတိကာ(ဆဋ္ဌ) န ဟောတိ၊ မဖြစ်။
ဧကစ္ဆရက္ခဏေ၊ လက်ဖျစ်တစ်ချက်ခဏ၌။ ကောဋိသတသဟဿသင်္ခါ၊ ကုဋေတစ်သိမ်း အရေအတွက်မျှလောက်။ ဥပ္ပဇ္ဇိတွာ၊ ဖြစ်၍။ နိရုဇ္ဈတိ၊ ချုပ်၏။
စ၊ ထိုမှတစ်ပါး။ ပုဗ္ဗုဠော၊ ရေပွက်သည်။ ဥဒကတလံ၊ အောက်ခံရေအပြင်ကိုလည်းကောင်း။ (အညတော၊ တစ်ပါးမှ။ ပတန္တံ၊ ကျလာသော။) ဥဒကဗိန္ဒုံ၊ ရေပေါက်ကိုလည်းကောင်း။ ဥဒကဇလ္လံ၊ ရေမြှေးဖြစ်၍တည်သောရေ, အညစ်အကြေးအစေး အညှိကိုလည်းကောင်း။ (တံ၊ ထိုအမြှေးဖြစ်၍ တည်သောရေ, အညစ်အကြေးအစေးအညှိကို။) ကဍ္ဎိတွာ၊ ရုံး၍။ သင်္ကဍ္ဎိတွာ(ဆဋ္ဌ) ဖုဋံ၊ အဖုကို။ ပုဋံ(ဆဋ္ဌ) ကတွာ၊ ပြု၍။ ဂဟဏဝါတဉ္စ၊ ယူသောလေကိုလည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရိ၊ လေးပါးကုန်သော။ ကာရဏာနိ၊ အကြောင်းတို့ကို။ ပဋိစ္စ၊ စွဲ၍။ ဥပ္ပဇ္ဇတိ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ဝေဒနာပိ၊ ဝေဒနာသည်လည်း။ ဝတ္ထုံ၊ စက္ခုစသော ဝတ္ထုကိုလည်းကောင်း။ အာရမ္မဏံ၊ ရူပါရုံ စသောအာရုံကိုလည်းကောင်း။ ကိလေသဇလ္လံ၊ ရှေး၌ပြီးသော မူလကာရဏဖြစ်သောကိလသာအာရုံ သာယာတတ်သည်ဖြစ်သော သဟဇာတ် ကိလေသာဟူသောအစေးအညှိကိုလည်းကောင်း။ ဖဿသံဃဋ္ဋနဉ္စ၊ ဖဿဟူသော တွေ့ထိခတ်မိသော တရားကိုလည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရိ၊ လေးပါးကုန်သော။ ကာရဏာနိ၊ အကြောင်းတို့ကို။ ပဋိစ္စ၊ စွဲ၍။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
ဧဝမ္ပိ၊ ဤသို့လည်း။ ဝေဒနာ၊ ဝေဒနာသည်။ ပုဗ္ဗုဠသဒိသာ၊ ရေပွက်နှင့်တူ၏။
သညာပိ၊ သညာသည်လည်း။ အသာရကဋ္ဌေန၊ အနှစ်မဲ့သည်၏ အဖြစ်ကြောင့်။ မရီစိသဒိသာ၊ တံလျှပ်နှင့် တူ၏။
အဂယှူပဂဋ္ဌေန၊ ကိုင်ယူခြင်းငှာ မခံ့သည်သော အနက်ကြောင့်။ တထာ မရီစိသဒိသာ၊ ထိုတံလျှပ်နှင့် တူ၏။
ဟိ၊ သင့်စွ။ တံ၊ ထိုတံလျှပ်ကို။ ဂဟေတွာ၊ ယူ၍။ ပိဝိတုံ ဝါ၊ ‌ သောက်ခြင်းငှာလည်းကောင်း။ နှာယိတုံ ဝါ၊ ‌ ရေချိုးခြင်းငှာလည်းကောင်း။ ဘာဇနံ၊ အိုးခွက်ကို။ ပူရေတုံဝါ၊ ပြည့်စေခြင်းငှာလည်းကောင်း။ နသက္ကာ၊ မတတ်ကောင်း။
အပိစ၊ ဆိုဖွယ်တစ်ပါး မရှားသေးဘူး။ မရီစိ၊ တံလျှပ်သည်။ ဝိပ္ဖန္ဒတိ ယထာ၊ တုန်လှုပ်သကဲ့သို့။ သဉ္ဇာတူမိဝေဂါ ဝိယ၊ ပြင်းစွာဖြစ်သော လှိုင်းထမ်းပိုး အဟုန်ကဲ့သို့။ ခါယတိ ယထာ၊ ထင်သကဲ့သို့။ ဧဝံ၊ ဤအတူ။ နီလသညာဒိဘေဒါ၊ ညိုသောအဆင်းကို အာရုံပြုသော သညာစသည်အပြားရှိသော။ သညာပိ၊ သညာသည်လည်း။ နီလာဒိအနုဘဝနတ္ထာယ၊ အညိုအစရှိသော အာရုံကို ခံစားခြင်းငှာ။ (အပဟီနတဏှဿ၊ မပယ်အပ်သော တဏှာရှိသော။ အပ္ပဟီနတဏှာဿ(ဆဋ္ဌ) ပုဂ္ဂလဿ၊ ပုဂ္ဂိုလ်အား။) ဖန္ဒတိ ယထာ၊ တုန်လှုပ်သောအခြင်းအရာသို့ ရောက်သကဲ့သို့ဖြစ်၏။
မရီစိ၊ တံလျှပ်သည်။ မဟာဇနံ၊ လူများကို။ ဝိပ္ပလမ္ဘေတိ ယထာ၊ ယောင်ယမ်းချွတ်မှားစကား ဆိုစေသကဲ့သို့။ "ပရိပုဏ္ဏဝါပိ ဝိယ၊ ပြည့်သော အင်းအိုင်ကဲ့သို့။ ပုဏ္ဏဝါပိ ဝိယ(ဆဋ္ဌ) ပရိပုဏ္ဏနဒီဝိယ၊ ပြည့်သော မြစ်ကဲ့သို့။ ပုဏ္ဏနဒီ ဝိယ(ဆဋ္ဌ) ဒိဿတီတိ၊ ထင်၏ဟူ၍။" ဝဒါပေတိ ယထာ၊ အချွတ်ချွတ်အမှားမှား စကားဆိုစေ၏။ ဧဝံ၊ ဤအတူ။ သညာပိ၊ သညာသည်လည်း။ ဝိပ္ပလမ္ဘေတိ ယထာ၊ ယောင်ယမ်း‌ချွတ်မှား ‌စကားဆိုစေ၏။ "ဣဒံ၊ ဤအာရုံသည်။ နီလကံ၊ ညိုသော အဆင်းရှိ၏။ သုဘံ၊ တင့်တယ်၏။ သုခံ၊ ချမ်းသာ၏။ နိစ္စံ၊ မြဲ၏။" ဣတိ၊ ဤသို့။ ဝဒါပေတိ၊ ဆိုစေ၏။
ပီတကာဒီသုပိ၊ ရွှေသော အဆင်းရှိသော အာရုံစသည်တို့၌လည်း။ ဧသေဝ နယော၊ ဤဆိုအပ်ပြီးသော နည်းကိုသာလျှင်။ (ဝေဒိတဗ္ဗော၊ သိအပ်၏။)
ဧဝံ၊ ဤသို့။ ဝိပ္ပလမ္ဘနေနာပိ၊ ယောင်ယမ်း‌ချွတ်မှား စကားဆိုသဖြင့်လည်း။ မရီစိသဒိသာ၊ တံလျှပ်နှင့်တူ၏။
အကုက္ကုဇကဇာတန္တိ၊ အကုက္ကုဇကဇာတံ ဟူသည်ကား။ အကုက္ကုကဇာတန္တိ(ဆဋ္ဌ) အန္တော၊ အတွင်း၌။ အသဉ္ဇာတဃာနဒဏ္ဍကံ၊ ဆင်ငယ်နှာမောင်းကဲ့သို့ တစ်ခဲနက်အချောင်းဖြစ်သော သီးခိုင်မတံ မရောက်သေးသော။
သင်္ခါရာပိ၊ သင်္ခါရတို့သည်လည်း။ အသာရကဋ္ဌေန၊ အနှစ်မဲ့သည်၏ အဖြစ်ကြောင့်။ ကဒလိက္ခန္ဓသဒိသာ၊ ငှက်ပျောတုံးနှင့် တူကုန်၏။ အဂယှူပဂဋ္ဌေန၊ အသုံးယူခြင်းငှာ မခံ့သော အကြောင်းကြောင့်။ တထာ ကဒလိက္ခန္ဓသဒိသာ၊ ထိုငှက်ပျောတုံးနှင့်တူကုန်၏။
ဟိ၊ ထင်ရှားပြအံ့။ ကဒလိက္ခန္ဓတော၊ ငှက်ပျောတုံးမှ။ ကိဉ္စိ၊ တစ်စုံတစ်ခုကို။ ဂဟေတွာ၊ ယူ၍။ ဂေါပါနသိအာဒီနံ၊ အခြင်ရနယ်စသည်တို့၏။ အတ္ထာယ၊ အကျိုးငှာ။ ဥပနေတုံ၊ ဆောင်ခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်း။ (ယဒတ္ထာယ၊ အကြင်အကျိုးငှာ။) ဥပနီတံ၊ မှား၍ ဆောင်အပ်၏။ တထာ(တဒတ္ထာယ)၊ ထိုအကျိုးငှာ။ န ဟောတိ ယထာ၊ မဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ သင်္ခါရာပိ၊ သင်္ခါရာတို့သည်လည်း။ နိစ္စာဒိဝသေန၊ နိစ္စအစရှိသည်တို့၏အစွမ်းဖြင့်။ ဂဟေတုံ၊ ယူခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်း။ ဂဟိတာပိ၊ ယူအပ်ကုန်သော်လည်း။ တထာ(ဂဟိတာကာရာ)၊ ထိုထိုယူအပ်သော အခြင်းအရာရှိကုန်သည်။ န ဟောန္တိ၊ မဖြစ်ကုန်။
စ၊ တစ်နည်းသော်ကား။ ကဒလိက္ခန္ဓော၊ ငှက်ပျောတုံးသည်။ ဗဟုပတ္တဝဋ္ဋိသမောဓာနော၊ အထပ်ထပ်တည်သော များစွာသော အဖတ်အပေါင်းသည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ သင်္ခါရက္ခန္ဓော၊ သင်္ခါရက္ခန္ဓာသည်။ ဗဟုဓမ္မသမောဓာနော၊ ဖဿ, စေတနာစသော များစွာသောတရားအပေါင်းသည်။ ဟောတိ၊ ဖြစ်၏။
စ၊ တထေဝကား။ ကဒလိက္ခန္ဓော၊ ငှက်ပျောတုံးသည်။ နာနာလက္ခဏော၊ ဝဏ္ဏ, ဂန္ဓ, ရသ, ဖဿ စသည်ဖြင့် အထူးထူးသော သဘောရှိသည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။
ဟိ၊ ထင်ရှားဆိုအံ့။ ဗာဟိရာယ၊ အပဖြစ်သော။ ပတ္တဝဋ္ဋိယာ၊ ရစ်ပတ်၍ တည်သော အဖတ်၏။ ဝဏ္ဏော၊ အဆင်းသည်။ အညောယေဝ၊ တစ်ပါး‌သာတည်း။ တတော၊ ထိုအပဖြစ်သော မဖတ်မှ။ အဗ္ဘန္တရအဗ္ဘန္တရာနံ၊ အတွင်းအတွင်း ကျကုန်သောအဖတ်တို့၏။ ဝဏ္ဏော၊ အဆင်းသည်။ အညော၊ တစ်ပါးသာတည်း။ ဧဝမေဝ၊ ဤအတူသာလျှင်။ သင်္ခါရက္ခန္ဓောပိ၊ သင်္ခါရက္ခန္ဓာသည်လည်း။ သင်္ခါရက္ခန္ဓေပိ(ဆဋ္ဌ) နာနာလက္ခဏော၊ အထူးထူးသော လက္ခဏာရှိ၏။ ဟိ၊ ထင်ရှားဆိုအံ့။ ဖဿဿ၊ ဖဿ၏။ လက္ခဏံ၊ လက္ခဏာသည်။ အညဒေဝ၊ တစ်ပါးသာတည်း။ စေတနာဒီနံ၊ စေတနာ အစရှိသည်တို့၏။ လက္ခဏာ၊ လက္ခဏာတို့သည်။ အညာ၊ တစ်ပါးတို့တည်း။ ပန၊ ထိုသို့ အသီးသီး လက္ခဏာရှိလျက်။ သမောဓာနေတွာ၊ ပေါင်း၍။ ဧကော၊ တစ်ခုသော။ သင်္ခါရက္ခန္ဓောဝ၊ သင်္ခါရက္ခန္ဓာ ဟူ၍သာလျှင်။ ဝုစ္စတိ၊ ဆိုအပ်၏။ ဧဝမ္ပိ၊ ဤသို့လည်း။ သင်္ခါရက္ခန္ဓော၊ သင်္ခါရက္ခန္ဓာသည်။ ကဒလိက္ခန္ဓသဒိသော၊ ငှက်ပျောတုံးနှင့် တူသည်။ ဟောတိ၊ ဖြစ်၏။
စက္ခုမာ ပုရိသောတိ၊ စက္ခုမာ ပုရိသော ဟူသည်ကား။ မံသစက္ခုနာစေဝ၊ မံသစက္ခုဖြင့်လည်းကောင်း။ ပညာစက္ခုနာ စ၊ ပညာစက္ခုဖြင့်လည်းကောင်း။ ဣတိ၊ ဤသို့။ ဒွီဟိ၊ နှစ်ပါးကုန်သော။ စက္ခူဟိ၊ စက္ခုတို့ဖြင့်။ စက္ခုမာ၊ မံသစက္ခုပညာစက္ခုနှင့် ပြည့်စုံသော။
ဟိ၊ သင့်စွ။ အဿ၊ ထိုယောက်ျားအား။ အပဂတပဋလပီဠကံ၊ တိမ်လွှာသူလာဟူသော အပြစ်ကင်း‌သည်လည်းဖြစ်သော ထွတ်မြည်း အမာဟူသော အပြစ်ကင်းသည်လည်းဖြစ်သော။ ပရိသုဒ္ဓံ၊ ဝေးသောရူပါရုံသိမ်မွေ့သော ရူပါရုံကို မြင်နိုင်စွမ်းသည်ဖြစ်၍ ထက်ဝန်းကျင်စင်ကြယ်သော။ မံသစက္ခုမ္ပိ၊ မံသစက္ခုသည်လည်း။ ဝဋ္ဋတိ၊ သင့်၏။ အသာရဘာဝဒဿနသမတ္ထံ၊ အနှစ်မဲ့သော ဝတ္ထု၏ အနှစ်မဲ့သည်၏ အဖြစ်ကို စင်စစ် မြင်စွမ်းနိုင်သော။ ပညာစက္ခုမ္ပိ၊ ပညာစက္ခုသည်လည်း။ ဝဋ္ဋတိ၊ သင့်၏။
ဝိညာဏမ္ပိ၊ ဝိညာဉ်သည်လည်း။ အသာရကဋ္ဌေန၊ အနှစ်မဲ့သော သဘောကြောင့်။ မာယာသဒိသံ၊ မျက်လှည့်သည် အတတ်ဖြင့်ပြအပ်သော ဝတ္ထုနှင့်တူ၏။ အဂယှူပဂဋ္ဌေန၊ အသုံးယူခြင်းငှာ မခန့်သော အနက်ကြောင့်။ တထာ(မာယာသဒိသံ)၊ ထိုမျက်လှည့်သည်နှင့်တူ၏။
စ၊ တစ်နည်းသော်ကား။ မာယာ၊ မျက်လှည့်အတတ်ဖြင့် ပြအပ်သော ဝတ္ထုသည်။ ဣတ္တရာ၊ အနည်းငယ် ကာလမျှတည်း။ လဟုပစ္စုပဋ္ဌာနာ၊ လျှင်စွာ ရှေးရှုထင်သည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ဝိညာဏံ၊ ဝိညာဉ်သည်။ ဣတ္တရံ၊ အနည်းငယ်သော ကာလမျှတည်သည်။ လဟုပစ္စုပဋ္ဌာနံ၊ လျှင်စွာ ရှေးရှုထင်သည်။ (ဟောတိ၊ ဖြစ်၏။)
ဟိ၊ အထူးကိုဆိုအံ့။ တံ ဝိညာဏံ၊ ထိုဝိညာဉ်သည်။ တတောပိ၊ ထိုမျက်လှည့်ပြအပ်သောဝတ္ထုထက်လည်း။ ဣတ္တရတရဉ္စ၊ ထူးသော ဣတ္တရ အဖြစ်သည်လည်းကောင်း။ လဟုပစ္စုပဋ္ဌာနတရဉ္စ၊ ထူးသော လဟုပစ္စုပဋ္ဌာန အဖြစ်သည်လည်းကောင်း။ ဟောတိ၊ ထင်ရှား၏။
ဟိ၊ သမတ္တနကို ဆိုဦးအံ့။ တေနေဝ စိတ္တေန၊ ထိုစိတ်တစ်ခုတည်းဖြင့်သာလျှင်။ ပုရိသော၊ ယောကျ်ားသည်။ အာဂတော ဝိယ၊ လာသကဲ့သို့။ ဂတော ဝိယ၊ သွားသကဲ့သို့။ ဌိတော ဝိယ၊ ရပ်သကဲ့သို့။ နိသိန္နော ဝိယ၊ ထိုင်သကဲ့သို့။ ဟောတိ၊ ထင်ရှား၏။
စ၊ ထိုသို့ပင် ထင်ရှားသော်လည်း။ အာဂမနကာလေ၊ လာသောအခါ၌။ စိတ္တံ၊ စိတ်သည်။ အညဒေဝ၊ တစ်ပါးသာတည်း။ ဂမနကာလာဒီသု၊ သွားသော ကာလစသည်တို့၌။ စိတ္တံ၊ စိတ်သည်။ အညံ၊ တစ်ပါးပင်တည်း။
ဧဝမ္ပိ၊ ဤသို့လည်း။ ဝိညာဏံ၊ ဝိညာဉ်သည်။ မာယာသဒိသံ၊ မျက်လှည့်နှင့်တူ၏။
စ၊ တစ်နည်းသော်ကား။ မာယာ၊ မျက်လှည့်အတတ်သည်။ မဟာဇနံ၊ များစွာသော မျက်လှည့်ပွဲကြည့်သောသူကို။ ဝဉ္စေတိ၊ အသုဝဏ္ဏကို သုဝဏ္ဏ, အမုတ္တကို မုတ္တ ဤသို့စသဖြင့် လှည့်ပတ်တတ်၏။ ယံကိဉ္စိဒေဝ၊ အမှတ်မရှိသော အိုးခြမ်းအုတ်ကျောက်သဲစသည်ကိုလျှင်။ "ဣဒံ၊ ဤဝတ္ထုသည်။ သုဝဏ္ဏရဇတမုတ္တာတိ၊ ရွှေ, ငွေ, ပုလဲ စသည်"ဟူ၍။ ဂါဟာပေတိ၊ ယူစေ၏။ ဝိညာဏမ္ပိ၊ ဝိညာဉ်သည်လည်း။ မဟာဇနံ၊ များစွာသောလူအ‌ပေါင်းကို။ ဝဉ္စေတိ၊ လှည့်ပတ်တတ်၏။
တေနေဝ စိတ္တေန၊ ထိုစိတ်ဖြင့်သာလျှင်။ အာဂစ္ဆန္တံ ဝိယ၊ လာသောသူကဲ့သို့။ ဂစ္ဆန္တံ ဝိယ၊ သွားသောသူကဲ့သို့။ ဌိတံ ဝိယ၊ ရပ်သော သူကဲ့သို့။ နိသိန္နံ၊ ထိုင်သော သူကဲ့သို့။ ကတွာ၊ ပြု၍။ ဂါဟာပေတိ၊ ယူစေတတ်၏။
စ၊ ထိုသို့ပင် ယုံမှားသော်လည်း။ အာဂမနေ၊ လာရာ၌။ စိတ္တံ၊ စိတ်သည်။ အညဒေဝ၊ တစ်ပါးပင်တည်း။ ဂမနာဒီသု၊ သွားရာကာလစသည်တို့၌။ အညံ၊ တစ်ပါးပင်တည်း။
ဧဝမ္ပိ၊ ဤသို့ အလွန်လျှင်လျင်သော အပြန်ရှိသော အဖြစ်ဖြင့်လည်း။ ဝိညာဏံ၊ ဝိညာဉ်သည်။ မာယာသဒိသံ၊ မျက်လှည့်သည်နှင့်တူသည်။ ဟောတိ၊ ဖြစ်၏။
ဘူရိပညေနာတိ၊ ဘူရိပညေန ဟူသည်ကား။ သဏှာပညေန စေဝ၊ သိမ်မွေ့သော ပညာရှိသည်လည်းဖြစ်သော။ ဝိပုလဝိတ္ထတပညေန စ၊ ပြန့်ပြောကျယ်ဝန်းသော ပညာရှိသည်လည်းဖြစ်သော။ (သမ္ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်။)
အာယူတိ၊ အာယုဟူသည်ကား။ ဇီဝိတိန္ဒြိယံ၊ ဇီဝိတိန္ဒြေသည်။ (ဟုတွာ၊ ဖြစ်၍။)
ဥသ္မာတိ၊ ဥသ္မာ ဟူသည်ကား။ ကမ္မဇတေဇောဓာတု၊ ကမ္မဇတေဇောဓာတ်တည်း။
ပရဘတ္တန္တိ၊ ပရဘတ္တံ ဟူသည်ကား။ နာနာဝိဓာနံ၊ အထူးထူး အပြားပြားရှိကုန်သော။ ကိမိဂဏာဒီနံ၊ ပိုးအပေါင်း အစရှိသည်တို့၏။ ဘတ္တံ၊ အစာသည်။ ဟုတွာ၊ ဖြစ်၍။
ဧတာဒိသာယံ သန္တာနောတိ၊ ဧတာဒိသာယံ သန္တာနောဟူသည်ကား။ မတကဿ၊ သူသေ၏။ ယာဝ သုသာနာ၊ သုသာန်တိုင်အောင်။ ဃဋ္ဋီယတိ၊ စပ်အပ်၏။ အယံ ပဝေဏိ(ဓမ္မပဗန္ဓော)၊ ဤဓမ္မအစဉ် အဆက်သည်။ ဧတာဒိသီ၊ ဤသို့သဘောရှိ၏။ ဣတိ(အယံ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။)
မာယာယံ ဗာလလာပနီတိ၊ မာယာယံ ဗာလလာပနီ ဟူသည်ကား။ ဗာလလာပိနီတိ(ဆဋ္ဌ) ယွာယံ(ယော အယံ) ဝိညာဏက္ခန္ဓော နာမ၊ အကြင်ဝိညာဏက္ခန္ဓာမည်သည်။ (အတ္ထိ၊ ရှိ၏။) အယံ၊ ဤဝိညာဏက္ခန္ဓာသည်။ ဗာလမဟာဇနံ၊ များစွာသော ပုထုဇဉ်မိုက်အပေါင်းကို။ လပါပနိကမာယာ နာမ၊ အဟံ ‌မမဤသို့စသည်ဖြင့် မြည်တမ်းစေတတ်သော မာယာအတတ်မည်၏။
ဝဓကောတိ၊ ဝဓကော ဟူသည်ကား။ ဒွီဟိ၊ နှစ်ပါးကုန်သော။ ကာရဏေဟိ၊ အကြောင်းတို့ဖြင့်။ ခန္ဓသင်္ခါတော၊ ခန္ဓာဟု ဆိုအပ်သော။ အယံ(ဘာဝေါ)၊ ဤအဖြစ်သည်။ ဝဓကော၊ သတ်တတ်၏။ အညမညဃာတနေနပိ၊ အချင်းချင်းသတ်ခြင်းကြောင့်လည်းကောင်း။ ခန္ဓေသု၊ ခန္ဓာတို့သည်။ သတိ(သန္တေသု)၊ ရှိကုန်လတ်သော်။ ဝဓကော၊ သတ်တတ်သောသူသည်။ ဝဓော(ဆဋ္ဌ) ပညာယတိ၊ ထင်၏။ ဣတိပိ၊ ဤသို့ ခန္ဓာရှိလတ်သော် သေခြင်းထင်၍ ဘာဝေဘာဝ, အဘာဝေအဘာဝ အကြောင်းကြောင့်လည်းကောင်း။ ဒွီဟိ၊ နှစ်ပါးကုန်သော။ ဣမေဟိကာ‌ရဏေဟိ၊ ဤအကြောင်းတို့ကြောင့်။ ဝဓကော၊ သတ်တတ်သောသူမည်၏။
ဟိ၊ အကြောင်းနှစ်ပါးကို ချဲ့ဆိုအံ့။ ဧကာ၊ တစ်ခုသော။ ပထဝီဓာတု၊ ပထဝီဓာတ်သည်။ ဘိဇ္ဇမာနာ၊ ပျက်သည်ရှိသော်။ သေသဓာတုယော၊ ကြွင်းသောဓာတ်တို့ကို။ ဂဟေတွာဝ၊ ယူ၍သာလျှင်။ ဘိဇ္ဇတိ၊ ပျက်၏။ ကသ္မာ၊ အဘယ့်ကြောင့်နည်းဟူမူကား။ (ဧကုပ္ပါဒေကနိရောဓတ္တာ၊ တူသောဖြစ်ခြင်း, တူသောချုပ်ခြင်းရှိသည်၏ အဖြစ်ကြောင့်တည်း။) အာပေါဓါတုအာဒယော၊ အာ‌ပေါဓာတ်အစရှိသည်တို့သည်။ တထာ(သေသဓာတုယော)၊ ထိုကြွင်းသော ဓာတ်တို့ကို။ ဂဟေတွာ၊ ယူ၍။ ဘိဇ္ဇန္တိ၊ ပျက်ကုန်၏။
ရူပက္ခန္ဓောဝ၊ ရူပက္ခန္ဓာသည်သာလျှင်။ ဘိဇ္ဇမာနော၊ ပျက်သည်ရှိသော်။ အရူပက္ခန္ဓေ၊ နာမ်ခန္ဓာတို့ကို။ ဂဟေတွာ၊ ယူ၍။ ဘိဇ္ဇတိ၊ ပျက်၏။ အရူပက္ခန္ဓေသု၊ နာမ်ခန္ဓာတို့တွင်။ ဝေဒနာဒယော၊ ဝေဒနာ အစရှိသည်တို့သည်။ သညာဒိကေ၊ သညာအစရှိသည်တို့ကို။ တထာဂဟေတွာ၊ ထိုသို့ယူ၍။ (ဘိဇ္ဇန္တိ၊ ပျက်ကုန်၏။)
စ၊ ထိုမှတစ်ပါး။ စတ္တာရောပိ၊ လေးပါး လုံးလည်းဖြစ်ကုန်သော။ ဧတေ၊ ထိုနာမက္ခန္ဓာတို့သည်။ ဝတ္ထုရူပံ၊ ဝတ္ထုရုပ်ကို။ (ဂဟေတွာ၊ ယူ၍။) ဘိဇ္ဇန္တိ၊ ပျက်ကုန်၏။ ဣတိ ဧဝံ၊ ဤသို့။ အညမညဝဓနေန၊ အချင်းချင်းသတ်ခြင်းကြောင့်။ ဧတ္ထ၊ ဤခန္ဓာတို့၌။ ဝဓကတာ၊ သတ်တတ်သည်၏အဖြစ်ကို။ ဝေဒိတဗ္ဗာ၊ သိအပ်၏။
ပန၊ ထိုမှတစ်ပါး။ ခန္ဓေသု၊ ခန္ဓာတို့သည်။ သတိ(သန္တေသု)၊ ရှိကုန်လတ်သော်။ ဝဓဗန္ဓနစ္ဆေဒါဒီနိ၊ သတ်ခြင်း, နှောင်ဖွဲ့ခြင်း, ‌‌ခြေလတ်ဖြတ်ခြင်းစသည်တို့သည်။ သမ္ဘဝန္တိ၊ ဖြစ်ကုန်၏။ ဣတိ ဧဝံ၊ ဤသို့။ ဧတေသု၊ ထိုခန္ဓာတို့သည်။ သတိ(သန္တေသု)၊ ရှိကုန်လတ်သော်။ ဝဓဘာဝတောပိ၊ သတ်တတ်သည်၏အဖြစ်ကြောင့်လည်း။ ဝဓကတာ၊ သတ်တတ်သည်၏အဖြစ်ကို။ ဝေဒိတဗ္ဗာ၊ သိအပ်၏။
သဗ္ဗသံယေဦဂန္တိ၊ သဗ္ဗသံယောဂံ ဟူသည်ကား။ သဗ္ဗံ၊ ကုန်အောင်စုံသော။ ဒသဝိဓမ္ပိ၊ ဆယ်ပါးအပြားရှိသည်လည်း ဖြစ်သော။ သံယောဇနံ၊ သံယောဇဉ်ကို။
အစ္စုတံ ပဒန္တိ၊ အစ္စုတံ ပဒံ ဟူသည်ကား။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ (ပတ္ထယံ ပတ္ထယန္တော၊ တောင့်တလျက်။ စရေယျ၊ အသေအလဲကျင့်ရာ၏။)
တတိယံ၊ တတိယ သုတ်သည်။ နိဋ္ဌိတံ၊ ပြီးခြင်းသို့‌ ရောက်ပြီ။