Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
(SN) Khandhavagga-aṭṭhakathā
(SN) Khandhavagga-aṭṭhakathā

1. Nadīsuttavaṇṇanā

Author: miuthi-မိုးထိ @ IAPT

ဗုဒ္ဓဝဂ္ဂဿ၊ ဗုဒ္ဓဝဂ်၏။ ပုပ္ဖဝဂ္ဂဿ(ဆဋ္ဌ) ပဌမေ၊ ပဌမသုတ်၌။ ပဗ္ဗတေယျာတိ၊ ပဗ္ဗတယျာ ဟူသည်ကား။ ပဗ္ဗတေ၊ တောင်၌။ ပဝတ္တာ၊ ဖြစ်သော။
ဩဟာရိနီတိ၊ ဩဟာရိနီ ဟူသည်ကား။ သောတေ၊ အလျဉ်၌။ ပတိတပတိတာနိ၊ ကျကုန်ကျကုန်သော။ တိဏပဏ္ဏကဋ္ဌာဒီနိ၊ မြက်, သစ်ရွက်, ထင်းရောင်းစသည်တို့ကို။ ဟေဋ္ဌာဟာရာနိ၊ အောက်အကြေသို့ ဆောင်ယူ မျောသွားတတ်သော။ ဟေဋ္ဌာဟာရိနီ(ဆဋ္ဌ)
ဒုရင်္ဂမာတိ၊ ဒုရင်္ဂမာ ဟူသည်ကား။ ဒူရင်္ဂမာတိ(ဆဋ္ဌ) နိက္ခန္တဋ္ဌာနတော၊ ထွက်သော အရပ်မှ။ ပဋ္ဌာယ၊ စ၍။ စတုပဉ္စယောဇနသတဂါမီနိ၊ ယူဇနာလေးရာ, ငါးရာ ဆိုက်သော။
သီဃသောတာတိ၊ သီဃသောတာ ဟူသည်ကား။ စဏ္ဍသောတာ၊ ကြမ်းသောရေအလျဉ်ရှိသော။
ကာသာတိအာဒီနိ၊ ကာသာအစရှိကုန်သော။ သဗ္ဗာနိ၊ အလုံးစုံတို့သည်။ တိဏဇာတာနိ၊ မြက်မျိုးတို့သည်။
ရုက္ခာတိ၊ ရုက္ခာဟူသည်ကား။ ဧရဏ္ဍာဒယော၊ ကြက်ဆူပင်အစရှိကုန်သော။ ဒုဗ္ဗလရုက္ခာ၊ အားနည်းသော သစ်ပင်တို့သည်။
တေ နံ အဇ္ဈောလမ္ဗေယျုန္တိ၊ တေ နံ အဇ္ဈောလမ္ဗေယျုံဟူသည်ကား။ ‌တေ၊ ထိုပေါင်းကားမြက်တို့သည်။ တီရေ၊ ကမ်းထိပ်၌။ ဇာတာပိ၊ ဖြစ်ကုန်သော်လည်း။ ဩဏမိတွာ၊ ညွတ်၍။ ဥဒကံ၊ ရေသည်။ ဖုသန္တေဟိ၊ ထိကုန်သော။ အဂ္ဂေဟိ၊ အဖျားတို့ဖြင့်။ အဓိဩလမ္ဗေယျုံ၊ ‌အပေါ်၌ လွှမ်းလျက်ဆွဲကုန်ရာ၏။ ဥပရိ လမ္ဗေယျုံ၊ အပေါ်၌ လွှမ်းလျက်တည်ကုန်ရာ၏။ ဣတိ အတ္ထော၊ ဤကားနက်။
ပလုဇ္ဇေယျုန္တိ၊ ပလုဇ္ဇေယျုံ ဟူသည်ကား။ သမူလမတ္တိကာယ၊ အမြစ်နှင့်တကွသော မြေစိုင်နှင့်။ သဒ္ဓိံ၊ တကွ။ သီသေ၊ ဦးခေါင်း၌။ ပတေယျုံ၊ မိုးကြိုးပစ်သို့ ‌ကျကုန်ရာ၏။
သော၊ ထိုရေမွန်းယောက်ျားသည်။ တေဟိ၊ ထိုအမြစ်မြေစိုင်နှင့်တကွ မိုးကြိးပစ်သော ဦးခေါင်းပေါ် သို့ကျလာသောမြက်ချုံတို့သည်။ အဇ္ဈောတ္ထတော၊ ဖိစီးလွှမ်းမိုးအပ်သည်ဖြစ်၍။ အဇ္ဈောတ္ထဋော(ဆဋ္ဌ) ဝါလုကမတ္တိကောဒကေဟိ၊ သဲမြေစိုင်ရေတို့ဖြင့်။ မုခံ၊ ခံတွင်းသို့။ ပဝိသန္တေဟိ၊ ဝင်လတ်ကုန်သောကြောင့်။ မဟာဝိနာသံ၊ ကြီးစွာသော ပျက်စီးခြင်းသို့။ ပါပုဏေယျ၊ ရောက်ရာ၏။
ဧဝမေဝ ခေါတိ ဧတ္ထ၊ ဧဝမေဝ ခေါ ဟူသော ဤပါဌ်၌။ ဟိ(ပါကဋံကရောမိ)၊ မပေါ်ထင်ငြား ထိုစကားကို ထင်ရှားအောင် ပြဦး‌အံ့။ သောတေ၊ မြစ်ရေအလျဉ်၌။ ပတိတပုရိသော ဝိယ၊ ကျသော ယောကျ်ားကဲ့သို့။ ဝဋ္ဋသော‌‌တေ၊ ဝဋ်ဟူသော ရေအလျဉ်၌။ ပတိတော၊ ကျသော။ ဝဋ္ဋဇလသန္နိဿိတော၊ ဝဋ်ဟူသော ရေ၌မှီသော။ ဗာလပုထုဇ္ဇနော၊ ပုထုဇဉ်မိုက်ကို။ ဒဋ္ဌဗ္ဗော၊ မှတ်အပ်၏။ ဥဘတော တီရေ၊ ကမ်းနှစ်ဘက်၌။ ကာသာဒယော ဝိယ၊ ပေါင်းကားမြက်စသည်တို့ကဲ့သို့။ ဒုဗ္ဗလပဉ္စက္ခန္ဓာ၊ အားနည်းသော ခန္ဓာငါးပါးတို့ကို။ (ဒဋ္ဌဗ္ဗာ၊ မှတ်အပ်ကုန်၏။) "ဣမေ၊ ကမ်းနားမြက်သစ်ပင်တို့သည်။ ဂဟိတာပိ၊ ဆွဲကိုင်အပ်သော်လည်း။ ပတာရေတုံ၊ ငါ့ကို ကယ်ဆယ်ခြင်းငှာ။ မံ တာရေတုံ(ဆဋ္ဌ) နာသက္ခိဿန္တိ၊ မတတ်နိုင်ကုန်လတ္တံ့။" န သက္ခိဿန္တိ(ဆဋ္ဌ) ဣတိ၊ ဤသို့။ တဿ ပုရိသဿ၊ ထိုရေမွန်းသမား ယောကျ်ား၏။ အဇာနိတွာ၊ မသိမူ၍။ ဂဟဏံ ဝိယ၊ ဆွဲကိုင်သကဲ့သို့။ ဣမေ ခန္ဓာ၊ ဤခန္ဓာငါးပါးတို့သည်။ "မယှံ၊ ငါ၏။ န သဟာယာ၊ အဖော်မဟုတ်ကုန်။" ဣတိ၊ ဤသို့။ ဗာလပုထုဇ္ဇနဿ၊ ပုထုဇဉ်မိုက်၏။ အဇာနိတွာ၊ မသိမူ၍။ စတူဟိဂါဟေဟိ၊ ရူပံ အတ္တတော သမနုပဿတိ ရူပဝန္တံ ဝါ အတ္တာနံ ဤသို့အစရှိသောနည်းဖြင့်ဖြစ်သော လေးပါးသော စွဲလမ်းခြင်းတို့ဖြင့်။ ဂဟဏံ၊ စွဲလမ်းခြင်းကို။ (ဒဋ္ဌဗ္ဗံ၊ မှတ်အပ်၏။) ဂဟိတဂဟိတာနံ၊ ကိုင်တိုင်းကိုင်တိုင်းကုန်သော ကမ်းနားမြက်သစ်ပင်တို့၏။ ပလုဇ္ဇနတ္တာ၊ သဲကမ်းမြေစိုင်နှင့် တကွ ပြိုကျလာသည်၏အဖြစ်ကြောင့်။ ပုရိသဿ၊ ရေမွန်းသမား ယောက်ျားကျွန်လျော်၏။ ဗျသနပတ္တိဝိယ၊ ပျက်စီးခြင်းသို့ ရောက်ခြင်းကဲ့သို့။ စတူဟိ ဂါဟေဟိ၊ ရူပံ အတ္တတောသမနုပဿတိ ရူပဝန္တံ ဝါ အတ္တာနံ ဤသို့အစရှိသော နည်းဖြင့်ဖြစ်သော လေးပါးသော စွဲလမ်းခြင်းတို့ဖြင့်။ ဂဟိတာနံ၊ စွဲလမ်းအပ်ကုန်သော။ ခန္ဓာနံ၊ ဒုဗ္ဗလဖြစ်သော ခန္ဓာငါးပါးတို့၏။ ဝိပရိဏာမေ၊ ဖောက်ပြန်ပျက်စီးခြင်းကြောင့်။ ဗာလပုထုဇ္ဇနဿ၊ ပုထုဇဉ်မိုက်၏။ သောကာဒိဗျသနပ္ပတ္တိ၊ သောက အစရှိသော ပျက်စီးခြင်းသို့ ရောက်ခြင်းကို။ ဝေဒိတဗ္ဗော၊ သိအပ်၏။ ဝေဒိတဗ္ဗာ(ဆဋ္ဌ)
ပဌမံ၊ ပဌမသုတ်သည်။ နိဋ္ဌိတံ၊ ပြီးခြင်းသို့‌ရောက်ပြီ။