ဆဋ္ဌေ၊ ဆဋ္ဌသုတ်၌။
သီဟောတိ၊ သီဟော ဟူသည်ကား။
သီဟာ၊ ခြင်္သေ့တို့သည်။
တိဏသီဟော၊ တိဏခြင်္သေ့လည်းကောင်း။
ကာဠသီဟော၊ ကာဠခြင်္သေ့လည်းကောင်း။
ပဏ္ဍုသီဟော၊ ပဏ္ဍခြင်္သေ့လည်းကောင်း။
ကေသရ သီဟော၊ ကေသရခြင်္သေ့လည်းကောင်း။
ဣတိ၊ ဤသို့။
စတ္တာရော၊ လေးမျိုး တို့သည်။
(ဟောန္တိ၊ ဖြစ်ကုန်၏။)
တေသု၊ ထိုလေးမျိုးတို့တွင်။
တိဏသီဟော၊ မြက်စားသော ခြင်္သေ့သည်။
ကပေါတဝဏ္ဏဂါဝီသဒိသော၊ ခိုတောင်အဆင်း ရှိသော နွားမနှင့်တူသည်။
တိဏဘက္ခော စ၊ မြက်ကိုစားသည်လည်း။
ဟောတိ၊ ဖြစ်၏။
ကာဠသီဟော၊ ကာဠခြင်္သေ့သည်။
ကာဠဂါဝီသဒိသော၊ နွားနက်မနှင့် တူသည်။
တိဏဘက္ခောယေဝ၊ မြက်စားသည်ပင်လျှင်။
ဟောတိ၊ ဖြစ်၏။
ပဏ္ဍု သီဟော၊ ပဏ္ဍုခြင်္သေ့သည်။
ပဏ္ဍုပလာသဝဏ္ဏဂါဝီသဒိသော၊ ဖက်ရွက်ရော်သို့ ဖျော့တော့သော အဆင်းရှိသော နွားမနှင့်တူသည်။
မံသဘက္ခော၊ အသားစားသည်။
ဟောတိ၊ ဖြစ်၏။
ကေသရသီဟော၊ ကေသရခြင်္သေ့သည်။
လာခါရသ ပရိကမ္မကတေနေဝ၊ ချိပ်ရည်ဖြင့် ဆိုးတပ်အပ်သကဲ့သို့ တွေးတွေးနီသော။
မုခေန၊ ခံတွင်းနှင့်လည်းကောင်း။
အဂ္ဂနင်္ဂုဋ္ဌေန၊ အမြီးဖျားနှင့်လည်းကောင်း။
လာခါရသ ပရိကမ္မကတေဟိ ဝိယ၊ ချိပ်ရည်ဖြင့် ဆိုးတပ်အပ်သကဲ့သို့ တွေးတွေးနီကုန်သော။
စတူဟိ၊ လေးဖက်ကုန်သော။
ပါဒပရိယန္တေဟိ၊ ခြေဖျားတို့နှင့်လည်းကောင်း။
သမန္နာဂတော၊ ပြည့်စုံ၏။
အဿ၊ ထိုသားတို့ သေဌ်နင်း ခြင်္သေ့မင်း၏။
တောပိ၊ ဦးခေါင်းမှလည်း။
ပဋ္ဌာယ၊ စ၍။
လာခါတူလိကာယ၊ ချိပ်ရည်ဆွတ် စုတ်ဖြင့်။
ကတာ ဝိယ၊ အကြောင်းရေးသား ပြုအပ်ကုန်သကဲ့သို့။
တိဿော ရာဇိယောပိ၊ သုံးသွယ်သော အရေးတို့သည်။
ပိဋ္ဌိမဇ္ဇေန၊ ကျောက်ကုန်း အလယ်ဖြင့်။
ဂန္ဓာ၊ သွား၍။
အန္တရသတ္တိမှိ၊ ပေါင်ကြား၌။
ဒက္ခိဏဝဋ္ဋာ၊ လက်ျာရစ် လည်ကုန်သည်။
ဟုတွာ၊ ဖြစ်၍။
ဋ္ဌိတာ၊ တည်ကုန်၏။
ပန၊ ထိုမှတစ်ပါး။
အဿ၊ ထိုသားတို့ သေဌ်နင်း ခြင်္သေ့မင်း၏။
ခန္ဓေ၊ လည်ကုတ်၌။
သတသဟဿဂ္ဃနိက ကမ္ဗလပရိက္ခေပေါ ဝိယ၊ အဖိုးတစ်သိန်း ထိုက်သော ကမ္ဗလာဖြင့် ရစ်သိုင်းကဲ့သို့။
ကေသရဘာဝေါ၊ စွေးစွေးစွတ်စွတ် ချိပ်ရည်ဆွတ်သို့ လှမြတ်ရောင်လျက် ဆံအဆုပ်သည်။
ဟောတိ၊ ရှိ၏။
အဝသေသဋ္ဌာနံ၊ ကြွင်းကျန်သော အရပ် သည်။
ပရိသုဒ္ဓံ၊ စင်ကြယ်သည်။
သာလိပိဋ္ဌိသင်္ခစုဏ္ဏပိစုဝဏ္ဏ၊ သလေးနှံ, ခရုသင်းမှုန့်, ဝါဂွမ်းအဆင်းရှိသည်။
ဟောတိ၊ ဖြစ်၏။
စတူသု၊ လေးပါးကုန် သော။
ဣမေသု သီဟေသု၊ ဤခြင်္သေ့တို့တွင်။
အယံ ကေသရသီဟော၊ ဤကေသရခြင်္သေ့ကို။
ဣဓ၊ ဤသုတ်၌။
အဓိပ္ပေတော၊ အလိုရှိအပ်၏။
မိဂရာဇာတိ၊ မိဂရာဇာ ဟူသည်ကား။
(ကမ္မာနုဘာဝသိဒ္ဓအဓိပစ္စမဟေ သက္ခေဟိ၊ ကံ၏ အာနုဘော်ဖြင့်ပြီးသော အကြီးအမှူး၏အဖြစ်, မြတ်သည်၏ အဖြစ်,စိုးကွပ်နှိပ်နင်းနိုင်သည်၏အဖြစ်တို့ဖြင့်။)
မိဂဂဏဿ၊ ကုန်အောင် စုံသော သားအပေါင်း၏။
ရာဇာ၊ မင်းသည်။
အာသယာတိ၊ အာသယာ ဟူသည် ကား။
ဝသနဋ္ဌနတော၊ နေရာဋ္ဌာနဖြစ်သော။
သုဝဏ္ဏဂုဟတော ဝါ၊ ရွှေဂူမှ လည်းကောင်း။
ရဇတမဏိဖလိကမနောသိလာဂုဟတော ဝါ၊ ငွေဂူ, ပတ္တမြားဂူ, ဖလ်ဂူ, မြင်းသီလာဂူမှလည်းကောင်း။
နိက္ခမတိ၊ ထွက်၏။
ဣတိ၊ ဤသို့။
ဝုတ္တံ၊ ဆိုအပ်သည်။
ဟောတိ၊ ဖြစ်၏။
ပန၊ ထိုမှတစ်ပါး။
ဧသ (ဧသော မိဂရာဇာ)၊ ဤသားများသေဌ်နင်း ခြင်္သေ့မင်းသည်။
နိက္ခမမာနော၊ နေရာဂူမှ ထွက်လတ်သော်။
အန္ဓကာရပီဠိတော၊ အမိုက်မှောင် နှိပ်စက်အပ်သည်ဖြစ်၍။
အာလောကတ္ထာယ ဝါ၊ အလင်းအကျိုးငှာလည်းကောင်း။
ဥစ္စာရပဿာဝပီဠိတော၊ ကျင်ကြီးကျင်ငယ် နှိပ်စက်အပ်သည်ဖြစ်၍။
တေသံ၊ ထိုကျင်ကြီးကျင်ငယ်တို့ကို။
ဝိဿဇ္ဇနတ္ထာယ ဝါ၊ စွန့်ခြင်းငှာလည်းကောင်း။
ဇိဃစ္ဆာပီဠိတော၊ မွတ်သိပ်ခြင်း နှိပ်စက်အပ် သည်ဖြစ်၍။
ဂေါစရတ္ထာယ ဝါ၊ အစာရှာစားခြင်းငှာလည်းကောင်း။
သမ္ဘဝပီဠိတော၊ သုက်နှိပ်စက်အပ်သည်ဖြစ်၍။
အသဒ္ဓမ္မပဋိသေ၀နတ္ထာယ ဝါ၊ မေထုန်မှီဝဲခြင်းငှာလည်းကောင်း။
ဣတိ၊ ဤသို့။
စတူဟိ၊ လေးပါးကုန်သော။
ကာရဏေဟိ၊ အကြောင်းတို့ကြောင်း။
နိက္ခမတိ၊ ထွက်၏။
ပန၊ ထိုသို့အကြောင်း လေးပါး ရှိတုံငြားသော်လည်း။
ဣဓ၊ ဤသုတ်၌။
ဂေါစရတ္ထာယ၊ အစာစားအံ့သောငှာ။
နိက္ခန္တောတိ၊ ထွက်၏ဟူ၍။
အဓိပ္ပေတော၊ အလိုရှိအပ်၏။
ဝိဇမ္ဘတီတိ၊ ဝိဇမ္ဘတိ ဟူသည်ကား။
သုဝဏ္ဏဖလကေ ဝါ၊ ရွှေပြားအပြင်၌ လည်းကောင်း။
ရဇတမဏိဖလိကမနောသိလာနံ၊ ငွေစင်, ပတ္တမြား, ဖလ်, မြင်းသီလာတို့တွင်။
အညတရသ္မိံ ဝါ၊ တစ်ပါးပါးသော အဖြစ်၌လည်းကောင်း။
ဒွေ၊ နှစ်ဖက်ကုန်သော။
ပစ္ဆိမပါဒေ၊ နောက်ခြေတို့ကို။
သမံ တိဋ္ဌာပေတွာ၊ ထက်ဝန်းကျင်အဖို့ဖြင့် ညီညွတ်စွာသာလျှင် မြေ၌ထား၍။
ပုရိမပါဒေ၊ ရှေ့ခြေ နှစ်ဘက်တို့ကို။
ပုရတော၊ ရှေ့အဖို့သို့။
ပသာရေတွာ၊ ဆန့်တန်း၍။
သရိရဿ ကိုယ်၏။
သရီရ(ဆဋ္ဌ)
ပစ္ဆာဘာဂံ၊ နောက်ဖို့ကို။
အာကဍ္ဎိတွာ၊ ရှေ့သို့ငင်၍။
ပုရိမဘာဂံ၊ ရှေ့အဖို့ကို။
အဘိဟရိတွာ၊ ရှေ့သို့ဆောင်၍။
ပိဋ္ဌိံ၊ ကျောက်ကုန်းကို။
နာမေတွာ၊ ညွတ်စေ၍။
ဂီဝံ၊ လည်ကို။
ဥဒ္ဒိပိတွာ၊ ချီ၍။
အသနိသဒ္ဒံ ဝိယ၊ မိုးကြိုးထစ် သကဲ့သို့ အသံကို။
ကရောန္တော၊ ပြုလျက်။
သရိရလဂ္ဂရဇံ၊ ကိုယ်၌ ကပ်ငြိသော မြူကို။
သရီရလဂ္ဂံ ရဇံ(ဆဋ္ဌ)
ဝိဓူနန္တော၊ သွက်သွက်ခါလျက်။
ဝိဓုနန္တော(ဆဋ္ဌ)
ဝိဇမ္ဘတိ၊ ခုန်ပျံစမြဲ လျှပ်ခြယ်ဝဲသို့ ပြန်လှဲတုံဖယ် အလှယ်လှယ်လျှင် စမ္ပယ်ကွန့်မြူး ရွှင်ပ၏။
ပန၊ ထင်စွာ ဆိုဦးအံ့။
ဝိဇမ္ဘူနဘူမိယံ၊ ကွန့်ရာမြေအပြင်၌။
တရုဏဝစ္ဆကော ဝိယ၊ နားရွက်မြီးဖျား ထောင်လျက် တောင်မြောက်လေးပါး ရွှင်မြူးစား၍ ခုန်လွှားစမ္ပယ် နွားသငယ်သို့။
အပရာပရံ၊ ထိုမှဤမှ။
ဇဝတိ၊ ပြေးလွှားမြူးကွန့်၏။
ပန၊ အထူးကို ဆိုဦးအံ့။
ဇဝတော၊ ခုန်ပျံမြူးစား ပြေးလွှားသော။
အဿ၊ ထိုခြင်္သေ့မင်း၏။
သရီရံ၊ ကိုယ် သည်။
အန္ဓကာရေ၊ အမိုက်တိုက်၌။
ပရိဗ္ဘမန္တအလာတံ ဝိယ၊ ပတ်ပတ်လည် သော မီးစကဲ့သို့။
ပရိဗ္ဘမန္တံ အလာတံ(ဆဋ္ဌ)
ခါယတိ၊ ရဲရဲညီးညီး မီးမီးဟူဖွယ် အကယ်မီးသို့ ထင်၏။
အနုဝိလောကေတီတိ၊ အနုဝိလောကေတိ ဟူသည်ကား။
ကသ္မာ၊ အဘယ့်ကြောင့်။
အနုဝိလောကေတိ၊ လှည့်လည်၍ ကြည့်သနည်း။
ဣတိ စေ၊ ဤသို့ မေးငြားအံ့။
ပရာနုဒ္ဒိယတာယ၊ တစ်ပါးသော သတ္တဝါကို သနားသည်၏အဖြစ်ကြောင့်။
အနုဝိလောကေတိ၊ လှည့်လည်၍ကြည့်၏။
တသ္မိံ၊ ထိုသားများသေဌ်နင်း ခြင်္သေ့မင်းသည်။
သီဟနာဒံ၊ ခြင်္သေ့သံကို။
နဒန္တေ၊ ဟောက်သည် ရှိသော်။
ပပါတာဝါဋာဒီသု၊ ကမ်းပါးပြတ်, တွင်းနားအစရှိကုန်သော။
ဝိသမဋ္ဌာနေသု၊ မညီညွတ်သော အရပ်တို့၌။
စရန္တာ၊ ကျက်စားကုန်သော။
ဟတ္ထိဂေါကဏ္ဏမဟိံသာဒယော၊ ဆင်, စိုင်, ကျွဲအစရှိကုန်သော။
ပါဏာ၊ သတ္တဝါတို့သည်။
ပပါတေပိ၊ ကမ်းပါးပြတ်၌လည်းကောင်း။
အာဝါဋေပိ၊ တွင်း၌လည်း ကောင်း။
ပတန္တိ ကိရ၊ လန့်ကျ ကျကုန်သတတ်။
တေသံ၊ ထိုလန့်ကျ ကျသော သတ္တဝါတို့ကို။
အနုဒ္ဒယတာယ၊ သနားခြင်းကြောင့်။
အနုဝိလောကေတိ၊ လှည့်လည်၍ ကြည့်၏။
လုဒ္ဒကမ္မဿ၊ ကြမ်းကြုတ်ရက်စက်သော အမှုရှိသော။
ပရမံသခါဒိနော၊ သားစားကြူးသော။
အဿ၊ ထိုခြင်္သေ့မင်းအား။
အနုဒ္ဒယာ နာမ၊ သနားကျင်နာခြင်းမည်သည်။
အတ္ထိ ကိံ ပန၊ ရှိအံ့လော။
ဣတိစေ၊ ဤသို့မေးငြားအံ့။
အာမ အတ္ထိ၊ ဪ ရှိ၏။
တထာ (တံ ဝစနံ)၊ ထိုစကားသည်။
ဟိ (သစ္စံ)၊ မှန်၏။
ဧသ (ဧသော)၊ စိုင်, ပြောင်, ကြံ့ ဆင်ကြီးတောင်စဉ်လည်း ကြောက်ညင်သူရှေ့ မျက်မွေ့သနင်း ခြင်္သေ့မင်းသည်။
မေ၊ ငါ့အား။
ဃာတိတေဟိ၊ သတ်အပ်ကုန်သော။
ဗဟူဟိ၊ ငယ်ငယ်ပေါင်းပေါင်း မဖြစ်လောက်သား များစွာ သော သတ္တဝါတို့ဖြင့်။
ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။
ဣတိ (မနသိ ကရိတွာ)၊ ဤသို့နှလုံးသွင်း၍။
အတ္တနော၊ မိမိ၏။
ဂေါစရတ္ထာယ၊ အစာအဟာရအကျိုးငှာ။
ခုဒ္ဒကေ ခုဒ္ဒကေ၊ ငယ်ကုန်ငယ်ကုန်သော။
ပါဏေ၊ သတ္တဝါတို့ကို။
န ဂဏှာတိ၊ မဖမ်းစား။
ဧဝံ၊ ဤသို့။
အနုဒ္ဒယံ၊ သနားခြင်းကို။
ကရောတိ၊ ပြုပေ၏ တကား။
ပန၊ ယုတ္တိမှတစ်ပါး အာဂုံကို ဆိုဦးအံ့။
စ(ဆဋ္ဌ)
ဝိသမဂတေ၊ မညီညွတ်သော အရပ်၌ ကျက်စားကုန်သော။
"ခုဒ္ဒကေ ပါဏေ၊ ငယ်ငေါင်းသော သတ္တဝါတို့ကို။
သင်္ဃာတံ၊ ညှင်းပန်းနှိပ်စက် ဖျက်ဆီးခြင်းသို့။
မာ ဟေဝ ခေါ အာပါဒေသိ၊ မရောက်စေလင့်။"
မာဟံ(ဆဋ္ဌ)
ဣတိ ဧတမ္ပိ၊ ဤစကားကို လည်း။
ဝုတ္တံ၊ ဟောအပ်၏။
သီဟနာဒံ နဒတီတိ၊ သီဟနာဒံ နဒတိ ဟူသည်ကား။
ဒွတ္တိက္ခတ္တုံ၊ နှစ်ခွန်း သုံးခွန်း။
တိက္ခတ္တုံ(ဆဋ္ဌ)
တာဝ၊ ရှေးဦးစွာ။
အဘီတနာဒံ၊ မကြောက်မရွံ့ ကြိမ်းပသော အသံကို။
နဒတိ၊ သုံးယူဇနာ ရပ်ရွာကြားလောက် ခြိမ်းမျှဟောက်၏။
ပန၊ ဆက်၍ ဆိုဦးအံ့။
ဧဝဉ္စ၊ ဤသို့လျှင်။
ဝိဇမ္ဘနဘူမိယံ၊ ကွန့်မြူးစမ္ပာယ်ရာ မြေအဖို့၌။
ဌတွာ၊ တည်၍။
နဒန္တဿ၊ သံဆင့် သုံးခွန်း တောင်လွန်ပွန်းမျှ ဟောက်ထကျင်းသော။
အဿ၊ ထိုတောမင်းခြင်္သေ့၏။
သဒ္ဓေါ၊ အသံသည်။
သမန္တာ၊ ထက်ဝန်းကျင်မှ။
တိယောဇနပဒေသံ၊ သုံးယူဇနာအရပ်ကို။
ဧကနိန္နာဒံ၊ တစ်ခဲနက် ပဲ့တင်ထပ် သည်ကို။
ကရောတိ၊ ပြု၏။
အဿ၊ ထိုတောမင်းခြင်္သေ့၏။
တံ နိန္နာဒံ၊ ထိုသို့ရှစ်ရပ် ပဲ့တင်ထပ်သား လန့်ဖျပ်ကြောက်ကြီး နီးဝေးဆွေ့ခုံ ဖိန့်ဖိန့်တုံမျှ အဟုန်နှင့်နှင့် နားအုံပွင့်အောင် ဆင့်ကာ ခြိမ်းဟောက်သော အသံကို။
သုတွာ၊ ကြား၍။
တိယောဇနန္တရဂတာ၊ သုံးယူဇနာ ရပ်ရွာအတွင်း၌ တည်ကုန်သော။
ဒွိပဒစတုပဒဂဏာ၊ အခြေနှစ်ချောင်းအခြေလေးချောင်းရှိသော သတ္တဝါ တို့သည်။
ယထာဌာနေ၊ တည်မြဲတိုင်း၌။
ဌာတုံ၊ တည်းခြင်းငှာ။
န သက္ကောန္တိ၊ မတတ်နိုင်ကုန်။
ဂေါစရာယ ပက္ကမတီတိ၊ ဂေါစရာယ ပက္ကမတိ ဟူသည်ကား။
အာဟာရတ္ထာယ၊ အာဟာရအကျိုးငှာ။
ဂစ္ဆတိ၊ သွား၏။
တထာ(တံ ၀စနံ)၊ ထိုစကားကို။
ဟိ(ပါကဋံ ကရောမိ)၊ ထင်ရှားအောင်ပြုဦးအံ့။
ဧသ(ဧသော)၊ ဤတောမင်းခြင်္သေ့သည်။
ဝိဇမ္ဘနဘူမိယံ၊ ကွန့်မြူးရာမြေ၌။
ဌတွာ၊ တည်၍။
ဒက္ခိဏတော ဝါ၊ လက်ျာသို့လည်းကောင်း။
ဝါမတော ဝါ၊ လက်ဝဲသို့လည်းကောင်း။
(ပစ္ဆတော ဝါ၊ နောက်သို့လည်းကောင်း။)
ဥပ္ပတန္တော၊ ခုန်လွှားလတ်သော်။
ဥသဘ မတ္တဋ္ဌာနံ၊ တစ်ဥသဘမျှသော အရပ်ကို။
ဂဏှာတိ၊ ယူနိုင်၏။
ဥဒ္ဓံ၊ အထက်သို့။
ဥပ္ပတန္တော၊ ခုန်လွှားလတ်သော်။
စတ္တာရိ အဋ္ဌပိ ဥသဘာနိ၊ လေးဥသဘ, ရှစ်ဥသဘတို့တိုင်တိုင်။
ဥပ္ပတတိ၊ အမြောက်ခုန်နိုင်၏။
သမဋ္ဌာနေ၊ ညီညွတ်သော မြေအဖို့၌။
ဥဇုကံ၊ ဖြောင့်ဖြောင့်။
ပက္ခန္ဒန္တော၊ ခွန်အားစုတ်စုတ် အားထုတ်မူ။
သောဠသ ဥသဘမတ္တမ္ပိ ဝီသတိ ဥသဘမတ္တမ္ပိ ဌာနံ၊ ဆယ့်ခြောက် ဥသဘ, ဥသဘနှစ်ဆယ်မျှသော အရပ်တိုင်အောင်လည်း။
ပက္ခန္ဒတိ၊ လုံ့လ အားသွန် လျင်မြန်သောတွေ လေနှင့်တူနှိုင်း မဆိုင်းမဆုတ် စုတ်စုတ်ခုန်လွှား နိုင်၏။
ထလာ ဝါ၊ ကုန်းမြင့် ထက်မှလည်းကောင်း။
ပဗ္ဗတာ ဝါ၊ တောင်ထက်မှ လည်းကောင်း။
ပက္ခန္ဒန္တော၊ ဆင်းသက်စုတ်စုတ် ခုန်အားထုတ်မူ။
သဋ္ဌိဥသဘ မတ္တမ္ပိ အသီတိဥသဘမတ္တမ္ပိ ဌာနံ၊ ခြောက်ဆယ်, ရှစ်ဆယ်မျှသော ဥသဘ အရပ်သို့လည်း။
ပက္ခန္ဒတိ၊ လုံ့လ အားသွန် လျင်မြန်သောတွေ လေနှင့်တူနှိုင်း မဆိုင်းမဆုတ် စုတ်စုတ်ခုန်လွှားနိုင်၏။
အန္တရာမဂ္ဂေ၊ ခရီးအကြား၌။
ရုက္ခံ ဝါ၊ သစ်ပင်ကိုလည်းကောင်း။
ပဗ္ဗတံ ဝါ၊ တောင်ကိုလည်းကောင်း။
ဒိသွာ၊ မြင်၍။
တံ၊ ထိုသစ်ပင်တောင်ကို။
ပရိဟရန္တော၊ ရှောင်သည်ဖြစ်၍။
ဝါမတော ဝါ၊ လက်ဝဲဘက်မှလည်းကောင်း။
ဒက္ခိဏတော ဝါ၊ လက်ျာဘက်မှလည်းကောင်း။
ဥသဘမတ္တံ၊ တစ်ဥသဘမျှ။
အပက္ကမတိ၊ ဖဲ၏။
တတိယံ ပန သီဟနာဒံ၊ သုံးခွန်းသော ခြင်္သေ့သံကိုကား။
နဒိတွာ၊ ဟောက်၍။
တေနေဝ၊ ထိုမိမိဟောက်သော အသံနှင့်လျှင်။
သဒ္ဓိ၊ တကွ။
တိယောဇနေ ဌာနေ၊ သုံးယူဇနာ အရပ်၌။
ပညာယတိ၊ ထင်ရှား၏။
တိယောဇန၊ သုံးယူဇနာအရပ်တိုင်အောင်။
ဂန္တွာ၊ မဆိုင်းလျှင်လျား သွားလတ်ပြီး၍။
(ပိပိတွာ၊ စိုင်, ပြောင်, ကြံ့ သုံးချင်ရာရာ သတ္တဝါအလှေး၏ ဆီ,သွေးဦးနှောက် လှည့်ကာဖောက်လျက် သောက်ခဲ့ပြီး၍။)
နိဝတ္တိတွာ၊ ပဲ့တင်မစဲ နေမြဲကျအောင် ဆွဲကြွလျင်မြန် ပြန်လာ ပြီး၍။
ဌိတော၊ နေမြဲအရပ်၌ နေလတ်ပြီ။
အတ္တနော၊ မိမိ၏။
အတ္တနောဝ(ဆဋ္ဌ)
နာဒဿ၊ ကြိမ်းဟောက်သံ၏။
အနုနာဒဉ္စ၊ ပဲတင်သံကိုလည်း။
အနုနာဒံ(ဆဋ္ဌ)
သုဏာတိ၊ ကြားသေး၏။
ဧဝံ၊ ဤသို့။
သီဃေန၊ လျင်သော။
ဇဝေန၊ အဟုန်ဖြင့်။
ပက္ကမတိ၊ ပြေးသွား၏။
ဣတိ၊ ဤမျှစကားတစ်ရပ်တည်း။
ယေဘုယျေနာတိ၊ ယေဘုယျေန ဟူသည်ကား။
ပါယေန၊ များသော အားဖြင့်။
ဘယံ သန္တာသံ သံဝေဂန္တိ၊ ဘယံ သန္တာသံ သံဝေဂံ ဟူသော။
ဘယံ သံဝေဂံ သန္တာသန္တိ(ဆဋ္ဌ)
သဗ္ဗ၊ သုံးပုဒ်လုံးသည်။
စိတ္တုတြာသဿေဝ၊ စိတ္တုတြာသဘေး၏သာလျှင်။
နာမံ၊ အမည်တည်း။
ဟိ (သစ္စံ)၊ မှန်၏။
သီဟဿ၊ ခြင်္သေ့၏။
သဒ္ဒံ၊ အသံကို။
သုတွာ၊ ကြား၍။
ဗဟူ၊ များစွာကုန်သော။
သတ္တာ၊ သတ္တဝါတို့သည်။
ဘာယန္တိ၊ ကြောက် ကုန်၏။
အပ္ပကာ၊ အနည်းငယ်သာဖြစ်သော သတ္တဝါတို့သည်။
န ဘာယန္တိ၊ မကြောက်ကုန်။
တေ၊ ထိုခြင်္သေ့သံကြားလျက် မကြောက်သော သတ္တဝါတို့သည်။
ကေ ပန၊ အဘယ်တို့ပေနည်း။
ဣတိ စေ၊ ဤသို့မေးငြားအံ့။
သမသီဟော၊ တူသောဇာတ်, တူသောအာနုဘော်ရှိသော ခြင်္သေ့လည်းကောင်း။
ဟတ္ထာ ဇာနိယော၊ ဆင်အာဇာနည်လည်းကောင်း။
အဿာဇာနိယော၊ မြင်းအာဇာနည် လည်းကောင်း။
ဥသဘာဇာနိယော၊ ဥသဘအာဇာနည်လည်းကောင်း။
ပုရိသာ ဇာနိယော၊ ယောက်ျားအာဇာနည်လည်းကောင်း။
ခီဏာသဝေါ၊ ရဟန္တာပုဂ္ဂိုလ် လည်းကောင်း။
ဣတိ (ဣမေ)၊ ဤခြောက်ဦးတို့ပေတည်း။
ဧတေ၊ ဤသည် အထူးခြောက်ဦးတို့သည်။
ကသ္မာ ပန၊ အဘယ်ကြောင့်ကား။
န ဘာယန္တိ၊ မကြောက်ကုန်သနည်း။
ဣတိ(စေ)၊ ဤသို့ မေးငြားအံ့။
သမသီဟော နာမ၊ ဇာတ်အာနုဘော်တူသော ခြင်္သေ့မည်သည်ကား။
"ဇာတိဂေါတ္တသူရဘာဝေဟိ၊ အမျိုး, အနွယ်, ရဲရင့်သည်၏ အဖြစ်တို့ဖြင့်။
သမာနော၊ ဂုဏ်ရည်တူသည်။
(အဟံ)၊ ငါသည်။
အသ္မီတိ၊ ဖြစ်၏ဟူ၍။"
န ဘာယတိ၊ မကြောက်သတည်း။
ဟတ္ထာဇာနိယာဒယော၊ ဆင်အာဇာနည်အစရှိကုန်သော။
(တေ၊ ထိုလေးဦးသောအာဇာနည်တို့သည်။)
အတ္တနော၊ မိမိ၏။
သက္ကာယဒိဋ္ဌိ ဗလဝတာယ၊ သက္ကာယဒိဋ္ဌိအားကြီးသည်၏ အဖြစ်ကြောင့်။
န ဘာယန္တိ၊ မကြောက်ကုန်။
ခီဏာသဝေါ၊ အာသဝေါကုန်ပြီးသော ရဟန္တာသည်။
သက္ကာယ ဒိဋ္ဌိပဟီနတ္တာ၊ သက္ကာယဒိဋ္ဌိကို ပယ်အပ်ပြီးသည်၏ အဖြစ်ကြောင့်။
န ဘာယတိ၊ မကြောက်။
ဗိလာသယာတိ၊ ဗိလာသယာ ဟူသည်ကား။
ဗိလေ၊ တွင်း၌။
သယန္တာ၊ ကိန်းကုန်သော။
ဗိလဝါသိနော၊ တွင်း၌နေကုန်သော။
အဟိနကုလဂေါဓာ ဒယော၊ မြွေ,မြွေပါ, ဖွတ် အစရှိကုန်သော သတ္တဝါတို့သည်။
ဒကာသယာတိ၊ ဒကာသယာ ဟူသည်ကား။
ဥဒကဝါသိနော၊ ရေ၌ နေကုန်သော။
မစ္ဆကစ္ဆပါ ဒယော၊ ငါး, လိပ်အစရှိကုန်သော သတ္တဝါတို့တည်း။
ဝနာသယာတိ၊ ဝနာသယာ ဟူသည်ကား။
ဝနဝါသိနော၊ တော၌ နေကုန်သော။
ဟတ္ထိအဿဂေါကဏ္ဏမိဂါ ဒယော၊ ဆင်, မြင်း, စိုင်, သမင်အစရှိကုန်သော သတ္တဝါတို့သည်။
ပဝိသန္တီတိ၊ ပဝိသန္တိ ဟူသည်ကား။
"ဣဒါနိ၊ ယခုအခါ၌။
အာဂန္တာ၊ လာ၍။
ဂဏှိဿတိ ဖမ်းစားလတ္တံ။"
ဣတိ၊ ဤသို့။
မဂ္ဂံ၊ လာမည့်လမ်းကို။
ဩလောကေန္တောဝ၊ ကြည့်လျက်လျှင်။
ပဝိသန္တိ၊ ပြန်ကြည့်ဝင်ကုန်၏။
ဒဠေဟီတိ၊ ဒဠေဟိ ဟူသည်ကား။
ထိရေဟိ၊ မြဲမြံကုန်သော။
ဝရတ္တေဟီတိ၊ ဝရတ္တေဟိ ဟူသည်ကား။
စမ္မရဇ္ဇူဟိ၊ သားရေလွန်တို့ဖြင့်။
မဟိဒ္ဓိကောတိအာဒီသု၊ မဟိဒ္ဓိကော ဤသို့ အစရှိသော ပါဠိတို့၌။
ဝိဇမ္ဘနဘူမိယံ၊ စမ္ပယ်ကွန့်မြူးရာမြေ၌။
ဌတွာ၊ တည်၍။
ဒက္ခိဏပဿာဒီဟိ၊ လက်ျာနံပါးအစရှိသည်တို့ဖြင့်။
ဥသဘမတ္တံ၊ တစ်ဥသဘမျှ။
ဥဇုကံ၊ ဖြောင့်ဖြောင့်။
ဝီသတိဥသဘမတ္တာဒိလယ်နဝသေန၊ နှစ်ဆယ်ဥသဘမျှ အစရှိသည် ခုန်ခြင်းတို့၏အစွမ်းဖြင့်။
မဟိဒ္ဓိကတာ၊ ကြီးသော တန်ခိုးရှိသည်၏ အဖြစ်ကို။
သေသမိဂါနံ၊ ကြွင်းသော သားတို့၏။
အဓိပတိဘာဝေန၊ အကြီးအမှူး၏အဖြစ်ဖြင့်။
မဟေသက္ခတာ၊ များစွာသော သတ္တဝါတို့ကို နှိပ်နင်းပေ၏ဟု ချီးပမြှောက်စားအပ်သည်၏အဖြစ်ကို။
သမန္တာ၊ ထက်ဝန်းကျင်မှ။
တိယောဇနံ၊ သုံးယူဇနာအတွင်း၌။
သဒ္ဒံ၊ ကြိမ်းပဟောက်သံကို။
သုတွာ၊ ကြား၍။
ပလာယန္တာနံ၊ ကျင်ကြီး, ကျင်ငယ်တစ်လျက် ထစ်ထစ်ပြေးကုန်သော သတ္တဝါတို့၏။
ဝသေန၊ အလိုအားဖြင့်။
မဟာနုဘာဝတာ၊ ကြီးမားသော အာနုဘော် အရှိန်အစော် ရှိသည်၏ အဖြစ်ကို။
ဝေဒိတဗ္ဗော၊ သိအပ်၏။
ဝေဒိတဗ္ဗော(ဆဋ္ဌ)
ဧဝမေဝ ခေါတိ၊ ဧဝမေဝ ခေါ ဟူသည်ကား။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
တေသုတေသု သုတ္တေသု၊ ထိုထိုသုတ်တို့၌။
တထာ တထာ(တေန တေနပကာရေန)၊ ခြင်္သေ့နှင့်တူသည် အစရှိသော ထိုထိုအပြားဖြင့်။
အတ္တာနံ၊ ကိုယ်တော်ကို။
ကထေသိ၊ ဟောတော်မူ၏။
(တာဝ၊ ရှေးဦးစွာ။)
"ဘိက္ခဝေ၊ ရဟန်းတို့။
ခေါ၊ စင်စစ်။
သီဟောတိ ဧတံ၊ သီဟဟူသော ဤအမည်သည်။
အရဟတော၊ တစ်ထောင့်ငါးရာ ကိလေသာမှ ဝေးကွာတော်မူပြီးသော။
သမ္မာသမ္ဗုဒ္ဓဿ၊ မဖေါက်မပြန် ကိုယ်တိုင်သာလျှင် သစ္စာဉေယျဓမ္မတို့ကို သိတော်မူပြီးသော။
တထာဂတဿ၊ ဝိပဿီစသော ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းသော ဘုရား၏။
အဓိဝစနံ၊ အမည်တည်း။"
ဣတိ ဣမသ္မိံ သုတ္တေ၊ ဤသုတ်၌။
အတ္တာနံ၊ ကိုယ်တော်ကို။
သီဟသဒိသံ၊ ခြင်္သေ့နှင့် တူသည်ကို။
(ကတွာ၊ ပြု၍။)
ကထေသိ၊ ဟောတော်မူ၏။
"သုနက္ခတ္တ၊ ရှင်သုနက္ခတ်။
ခေါ၊ စင်စစ်။
သလ္လကတ္တော၊ မြှားငြောင့်ကို ပယ်ဖြတ်နုတ်ပစ်တတ်သော။
ဘိသက္ကောတိ ဧတံ၊ သမားကျော်ဟူသော အမည်သည်။
တထာဂတဿ၊ ဝိပဿီစသော ရှေးဘုရား တို့ကဲ့သို့ လာခြင်းကောင်းသော ဘုရား၏။
အဓိဝစနံ၊ အမည်တော်တည်း။"
ဣတိ ဣမသ္မိံ၊ ဤသုတ်၌။
ဝေဇ္ဇသဒိသံ၊ ဆေးသမားနှင့် တူသည်ကို။
(ကတွာ၊ ပြု၍။)
ကထေသိ၊ ဟောတော်မူ၏။
"ဘိက္ခဝေ၊ ရဟန်းတို့။
ဗြာဟ္မဏောတိ ခေါ ဧတံ၊ ဗြာဟ္မဏောဟူသော ဤအမည်သည်။
တထာဂတဿ၊ မြတ်စွာဘုရား၏။
အဓိဝစနံ၊ အမည်တည်း။"
ဣတိ ဣမသ္မိံ၊ ဤသုတ်၌။
ဗြာဟ္မဏ သဒိသံ၊ ပုဏ္ဏားနှင့် တူသည်ကို။
(ကတွာ၊ ပြု၍။)
ကထေသိ၊ ဟောတော်မူ၏။
"ပုရိသော မဂ္ဂကုသလောတိ ခေါ တထာဂတဿ အဓိဝစနန္တိ၊ ပုရိသော မဂ္ဂကုသလောတိ ခေါ တထာဂတဿ အဓိဝစနံ"ဟူသော။
ပုရိသော မဂ္ဂကုသလောတိဿ ခေါ တထာဂတဿေတံ အဓိဝစနန္တိ(ဆဋ္ဌ)
ဣမသ္မိံ၊ ဤသုတ်၌။
မဂ္ဂဒေသကပုရိသသဒိသံ၊ ခရီးညွှန်ယောက်ျားနှင့် တူသည်ကို။
(ကတွာ၊ ပြု၍။)
ကထေသိ၊ ဟောတော်မူ၏။
"သေလ၊ သေလပုဏ္ဏား။
(အဟံ၊ ငါဘုရား သည်။)
ရာဇာ အသ္မိ၊ တရားမင်းဖြစ်တော်မူ၏။"
ဣတိ ဣမသ္မိံ၊ ဤသုတ်၌။
ရာဇသဒိသံ၊ မင်းနှင့်တူသည်ကို။
(ကတွာ၊ ပြု၍။)
ကထေသိ၊ ဟောတော်မူ၏။
"သီဟောတိ ခေါ တထာဂတဿေတံ အဓိဝစနန္တိ ဣမသ္မိံ ပန သုတ္တေ၊ သီဟောတိ ခေါ တထာဂတဿေတံ အဓိဝစနံ"ဟူသော ဤသုတ်၌ကား။
အတ္တာနံ၊ ကိုယ်တော်ကို။
သီဟသဒိသမေဝ၊ ခြင်္သေ့နှင့် တူသည်ကိုသာလျှင်။
ကတွာ၊ ပြု၍။
ကထေန္တော၊ ဟောတော်မူလိုရကား။
ဧဝံ၊ ဤသို့ဧဝမေဝ ခေါ အစရှိသော စကားတော်ကို။
အာဟ၊ ဟောတော်မူ၏။
တတြ၊ ထိုဧဝမေဝ ခေါ အစရှိသော ပါဠိတော်၌။
အယံ၊ ဤဆိုလတ္တံ့ သည်ကား။
သဒိသတာ၊ ခြင်္သေ့မင်းနှင့် တူလျော်သည်၏အဖြစ်တည်း။
ဟိ(ဝိတ္ထာရေမိ)၊ အကျယ်ချဲ့ဦးအံ့။
သီဟဿ၊ တောမင်းခြင်္သေ့၏။
ကဉ္စနဂုဟာဒီသု၊ ရွှေဂူအစရှိသည်တို့၌။
ဝသနကာလော ဝိယ၊ နေရာကာလကဲ့သို့။
တထာ ဂတဿ၊ မြတ်စွာဘုရား၏။
ဒီပင်္ကရပါဒမူလေ၊ ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌။
ကတာဘိနီဟာရဿ၊ အသက်စွန့်စား တံတားကျောက်ဆစ် ပစ်တော်မူလျက် ပြုအပ်ပြီးသော ဆုတောင်းရှိသည်ဖြစ်၍။
အပရိမိတကာလံ၊ ကမ္ဘာကြီး ကုဋေတို့ဖြင့် နှိုင်းယှဉ်ခြင်းငှာ မတတ်ကောင်းသော သိန်းနှင့်သင်္ချေ လေးထွေကာလပတ်လုံး။
ပါရမိယော၊ ဆယ်ထွေသော ပါရမီတို့ကို။
ပူရေတွာ၊ ဖြည့်ကျင့်တော်မူပြီး၍။
ပစ္ဆိမဘဝေ၊ အဆုံးဘဝ၌။
ပဋိသန္ဓိဂဟဏေန စေဝ၊ နတ်မှစုတေ့ မမေ့သတိ ပဋိသန္ဓေစွဲ နေတော်မူသဖြင့်လည်းကောင်း။
မာတုကုစ္ဆိတော၊ မယ်တော်ဝမ်းမှ။
နိက္ခမနေန စ၊ ရွှေကြုပ်တွင်းမှ သက်ဆင်းတောက်လျှံ အမျက်ပျံသို့ မဆံရိမြှေး ညစ်ကြေးကင်းငြား ဖွားတော်မူသဖြင့်။
ဒသသဟဿိလောက ဓာတုံ၊ တစ်သောင်းသော လောကဓာတ်ကို။
ကမ္ပေတွာ၊ တုန်လှုပ်စေ၍။
ဗုဒ္ဓိ၊ လှထူးဆင်းပြင် ကြီးပြောင်စင်မြောက် ထီးလျောက်ပတ်သော အရွယ်တော်သို့။
ဝုဒ္ဓိံ(ဆဋ္ဌ)
အနွာယ၊ အစဉ်ရောက်၍။
ဒိဗ္ဗသမ္ပတ္တိသဒိသံ၊ သိကြားနတ်စည်းစိမ်နှင့်တူသော။
သမ္ပတ္တိံ၊ ထီးဖြူရိပ်ငြိမ် မင်းစည်းစိမ်ကို။
အနုဘဝမာနဿ၊ ခံစားတော်မူစဉ်။
တီသု ပါသာဒေသု၊ သုဘ, ရမ္မ, သုရမ္မ ပြာသာဒ်သုံးဆောင်တို့၌။
နိဝါသ ကာလော၊ စံတော်မူရာကာလကို။
ဒဋ္ဌဗ္ဗော၊ မှတ်အပ်၏။
သီဟဿ၊ တောမင်းခြင်္သေ့၏။
ကဉ္စနဂုဟာဒိတော၊ ရွှေဂူအစရှိသည်မှ။
နိက္ခန္တကာလော ဝိယ၊ ထွက်ရာကာလကဲ့သို့။
တထာဂတဿ၊ မြတ်စွာဘုရား၏။
ဧကူနတိံသေ သံဝစ္ဆရေ၊ နှစ်ဆယ့်ကိုးနှစ် စေ့သည်နှစ်၌။
ဝိဝဋန ဒွါရေန၊ နတ်တို့ဖွင့်သော တံခါးဖြင့်။
ကဏ္ဋကံ၊ ကဏ္ဋကမြင်းကို။
ကဏ္ဍကံ(ဆဋ္ဌ)
အာရုယှ၊ စီးတော်မူ၍။
ဆန္နသဟာယဿ၊ ဆန္ဒမတ်တော်လျှင် အဖော်ရှိသည်ဖြစ်၍။
နိက္ခမိတွာ၊ တောကြီးထွက်တော်မူ၍။
တီဏိ ရဇ္ဇာနိ၊ ဒေဝဒဟ, ကောလိယ,မည်ရှောင်း သုံးပြည်ပေါင်းတို့ကို။
သာကိယ,ကောလိယ,မလ္လ(မဟာဗုဒ္ဓဝင်)
အတိက္ကမိတွာ၊ ညဉ့်တွင်လွန်တော်မူ၍။
အနောမနဒိတီရေ၊ အနော်မာ မြစ်ကမ်းနား၌။
အနောမာနဒီတီရေ(ဆဋ္ဌ)
ဗြဟ္မုနာ၊ ဃဋိကာရဗြဟ္မာမင်းသည်။
ဒိန္နာနိ၊ ကပ်လှူအပ် ကုန်သော။
ကာသာဝါနိ၊ ကြာသင်္ကန်းတို့ကို။
ကာသာယာနိ(ဆဋ္ဌ)
ပရိဒဟိတွာ၊ ဝတ်ရုံတော်မူပြီး၍။
ပဗ္ဗဇိတဿ၊ ရဟန်းပြုတော်မူပြီး၍။
သတ္တမေ ဒိဝသေ၊ ခုနစ်ရက်မြောက်သောနေ့၌။
ရာဇဂဟံ၊ ရာဇဂြိုဟ်သို့။
ဂန္တွာ၊ သွား၍။
တတ္ထ၊ ထိုရာဇဂြိုဟ်ပြည်၌။
ပိဏ္ဍာယ၊ ဆွမ်းအလို့ငှာ။
စရိတွာ၊ လှည့်တော်မူ၍။
ပဏ္ဍဝဂိရိပဗ္ဘာရေ၊ ပဏ္ဍဝတောင်ဝှမ်း၌။
ကတဘတ္တကိစ္စဿ၊ ပြုအပ်ပြီးသော ဆွမ်းဘုဉ်းပေးခြင်း ကိစ္စ ရှိသည်ဖြစ်၍။
သမ္မာသမ္ဗောဓိံ၊ အရဟတ္တမဂ်ဉာဏ်,သဗ္ဗညုတဉာဏ်သို့။
ပတွာ၊ ရောက်လတ်ပြီး၍။
ပဌမမေဝ၊ လက်မွန်မဆွကလျှင်။
မဂဓရဋ္ဌံ၊ မဂဓတိုင်းသို့။
အာဂမနတ္ထာယ၊ ကြွလာခြင်းငှာ။
ရညာ၊ ဗိမ္ပိသာရမင်းသည်။
ရညော(ဆဋ္ဌ)
ယာဝ ပဋိညာဒါနကာလော၊ ပဋိညာဉ် ယူသည်တိုင်အောင်သော ကာလကို။
(ဒဋ္ဌဗ္ဗော၊ မှတ်အပ်၏။)
သီဟဿ၊ ခြင်္သေ့၏။
ဝိဇမ္ဘနကာလော ဝိယ၊ စမ္ပယ်ကွန့်မြူးရာ ကာလကဲ့သို့။
တထာဂတဿ၊ မြတ်စွာဘုရား၏။
ဒိန္နပဋိညဿ၊ ပဋိညာဉ်ပေးတော်မူလတ်ပြီး၍။
အာဠာရကာလာမဥပသင်္ကမနံ၊ ကာလမအမျိုးဖြစ်သော အာဠရ ရသေ့သို့ ကပ်တော်မူသည်ကို။
အာဒိံ ကတွာ၊ အစပြု၍။
ယာဝ၊ အကြင်မျှလောက်။
သုဇာတာယ၊ သူဌေးသမီး သုဇာတာသည်။
ဒိန္နပါယာသဿ၊ လှူအပ်သော နို့သစ်ဆွမ်းကို။
ဧကူနပဏ္ဏာသာယ ပိဏ္ဍေပိ၊ လေးဆယ့်ကိုးလုတ်တို့ဖြင့်။
ပရိဘုတ္တကာလော၊ ပရိဘုတ်တော်မူရာ ကာလကို။
ဝေဒိတဗ္ဗော၊ သိအပ်၏။
သီဟဿ၊ ခြင်္သေ့၏။
ကေသရဝိဓူနနံ ဝိယ၊ အလေးအမွှား သန့်စင်အောင် အမွှေးမှင်ဆံခါခြင်းကဲ့သို့။
ကေသရဝိဓုနနံ(ဆဋ္ဌ)
သာယနှသမယေ၊ ညချမ်းအခါ၌။
သောတ္ထိယေန၊ သောတ္ထိယမည်သော မြက်ရိပ်ယောကျ်ားသည်။
ဒိန္နာ၊ လှူအပ်ကုန်သော။
အဋ္ဌတိဏမုဋ္ဌိယော၊ ရှစ်ခုသော မြက်ဆုပ်တို့ကို။
ဂဟေတွာ၊ ခံတော်မူ၍။
ဒသသဟဿစက္ကဝါဠဒေဝတာဟိ၊ တစ်သောင်းသော စကြာဝဠာမှ စည်းဝေးလညကုန်သော ဗြဟ္မာနတ်မင်းတို့သည်။
ထောမိယမာနဿ၊ ချီးမွမ်းအပ်သည်ဖြစ်၍။
ဂန္ဓာဒီဟိ၊ နံ့သာအစရှိသည်တို့ဖြင့်။
ပူဇိယမာနဿ၊ ပူဇော်အပ်သည်ဖြစ်၍။
တိက္ခတ္တုံ၊ သုံးပတ်။
ဗောဓိံ၊ ဗောဓိပင်ကို။
ပဒက္ခိဏံ၊ လက်ျာရစ်လှည့်သည်ကို။
ကတွာ၊ ပြု၍။
ဗောဓိမဏ္ဍံ၊ ဗောဓိမဏ္ဍိုင်သို့။
အာရုယှ၊ တက်တော်မူ၍။
စုဒ္ဒသ ဟတ္ထုဗ္ဗေဓေ ဌာနေ၊ တစ်ဆယ့်လေးတောင် အပြန့်ကျယ်သောအရပ်၌။
တိဏသန္ထရံ၊ မြက်အခင်းကို။
သန္ထရိတွာ၊ ခင်း၍။
စတုရင်္ဂံ၊ အရေသာကြွင်းစေ, အရိုးသာကြွင်းစေ, အသားအသွေး ခန်းခြောက်ပစေဟု အင်္ဂါလေးပါးနှင့် ပြည့်စုံသော။
ဝီရိယံ၊ လုံ့လကို။
အဓိဋ္ဌာယ၊ ဆောက်တည်၍။
နိသိန္နဿ၊ ထိုင်နေတော်မူစဉ်။
တံ ခဏံယေဝ၊ ထိုခဏ၌သာလျှင်။
မာရဗလံ၊ မာရ်မင်းဗိုလ်ပုံကို။
ဝိဓမိတွာ၊ နေမဝင်မီ ဖျက်ဆီးတော်မူ၍။
တီသု ယာမေသု၊ ညဉ့် သုံးယာမ်တို့၌။
တိဿောဝိဇ္ဇာ၊ ပု,ဒိ,အာဟု ဝိဇ္ဇာသုံးပါးတို့ကို။
ဝိသောဓေတွာ၊ သုတ်သင်ပြီး၍။
အနုလောမပဋိလောမပဋိစ္စသမုပ္ပါဒမဟာသမုဒ္ဒံ၊ အနုလုံ,ပဋိလုံဖြစ်သော ပဋိစ္စသမုပ္ပါဒ်တည်းဟူသော နို့ရည်သမုဒ္ဒရာကို။
ယမကဉာဏမန္ထနေန၊ အနုလုံအားဖြင့်သုံးသပ်သော ဉာဏ်, ပဋိလုံအားဖြင့် သုံးသပ်သော ဉာဏ်တည်းဟူသော အစုံသော ဝိပဿနာဉာဏ်မွှေ တပွတ်ကျည်ကြီးဖြင့်။
မန္ထေန္တဿ၊ မွှေတော်မူစဉ်။
သဗ္ဗညုတဉာဏေ၊ သဗ္ဗညုတဉာဏ်တည်းဟူသော ဆီကြည်ထောပတ်ကို။
ပဋိဝိဒ္ဓေ၊ ထိုးထွင်းအပ်သည်ရှိသော်။
တဒနုဘာဝေန၊ ထိုသဗ္ဗညုတဉာဏ်၏ အာနုဘော်ဖြင့်။
ဒသ သဟဿိလောကဓာတုကမ္မနံ၊ လောကဓာတ်ပေါင်းတစ်သောင်းရပ်ရွာ ဆင်ကုန်းခါသို့ ပြင်းစွာတုန်လှုပ်ခြင်းကို။
ဝေဒိတဗ္ဗံ၊ သိအပ်၏။
သီဟဿ၊ ခြင်္သေ့၏။
စတုဒိသာဝိလောကနံ ဝိယ၊ အရပ်လေးမျက်နှာကို ကြည့်ခြင်းကဲ့သို့။
ပဋိဝိဒ္ဓသဗ္ဗညုတဉာဏဿ၊ ထိုးထွင်းအပ်ပြီးသော သဗ္ဗညုတဉာဏ်ရှိလတ်ပြီး၍။
သတ္တသတ္တာဟံ၊ ခုနစ်ရက်ခုနစ်လီပတ်လုံး။
ဗောဓိမဏ္ဍေ၊ ဗောဓိမဏ္ဍိုင်၌။
ဝိဟရိတွာ၊ နေတော်မူပြီး၍။
ပရိဘုတ္တမဓုပိဏ္ဍိကာဟာရဿ၊ ပရိဘုတ်အပ်ပြီးသော ပျားဆုပ်မုန့်အာဟာရရှိလတ်၍။
အဇာပါလနိဂြောဓမူလေ၊ ဆိတ်ကျောင်းညောင်ပင် အောက်၌။
မဟာဗြဟ္မုနော၊ သဟမ္ပတိ မဟာဗြဟ္မာမင်း၏။
ဓမ္မဒေသနာယာစနံ၊ တရားဟောတော်မူပါဟု တောင်းပန်ခြင်းကို။
ပဋိဂ္ဂဟေတွာ၊ ဝန်ခံတော်မူ၍။
တတ္ထ၊ ထိုဆိတ်ကျောင်းညောင်ပင် အောက်၌။
ဝိဟရန္တဿ၊ နေတော်မူသော သဗ္ဗညုတမြတ်စွာဘုရား၏။
ဧကာဒသမေဒိဝသေ၊ သတ္တသတ္တာဟမှနောက် တစ်ဆယ့်တစ်ရက်နေ့မြောက်သော နေ့၌။
"သွေ၊ နက်ဖြန်။
အာသဠှီပုဏ္ဏမာ၊ ဝါဆိုလပြည့်သည်။
အာသဠှိပုဏ္ဏမာ(ဆဋ္ဌ)
ဘဝိဿတိ၊ ဖြစ်လတ္တံ့။"
ဣတိ၊ ဤသို့။
ပစ္စူသသမယေ၊ မိုးသောက်သော အခါ၌။
"ကဿ နု ခေါ၊ အဘယ်သူအားလျှင်။
အဟံ၊ ငါသည်။
ပဌမံ၊ ရှေးဦးစွာ။
ဓမ္မံ၊ တရားကို။
ဒေသေယျံ၊ ဟောရအံ့နည်း။"
ဣတိ၊ ဤသို့။
အာဠာရုဒကာနံ၊ အဠာရရသေ့,ဥဒကရသေ့တို့၏။
ကာလင်္ကတဘာဝံ၊ စုတေသည်၏ အဖြစ်ကို။
ဉတွာ၊ သိ၍။
ဓမ္မဒေသနတ္ထာယ၊ တရားဟောတော်မူခြင်းငှာ။
ပဉ္စဝဂ္ဂိယာနံ၊ ပဉ္စဝဂ္ဂီရဟန်းတို့အား။
ဩလောကနံ၊ ကြည့်ခြင်းကို။
ဒဋ္ဌဗ္ဗံ၊ မှတ်အပ်၏။
သီဟဿ၊ ခြင်္သေ့၏။
ဂေါစရတ္ထာယ၊ အစာရှာစားခြင်းငှာ။
တိယောဇနံ၊ သုံးယူဇနာခရီးသို့။
ဂမနကာလော ဝိယ၊ သွားသော အခါကဲ့သို့။
အတ္တနော၊ ကိုယ်တော်၏။
ပတ္တစီဝရံ၊ သပိတ်သင်္ကန်းတော်ကို။
အာဒါယ၊ ယူတော်မူ၍။
"ပဉ္စဝဂ္ဂိယာနံ၊ ပဉ္စဝဂ္ဂီရဟန်းတို့အား။
ဓမ္မစက္ကံ၊ ဓမ္မစကြာတရားတော်ကို။
ပဝတ္တေဿာမိ၊ ဟောတော်မူအံ့။"
ဣတိ၊ ဤသို့။
ပစ္ဆာဘတ္တေ၊ ဆွမ်းဘုဉ်းပေးပြီးသည်မှနောက်၌။
အဇပါလနိဂြောဓတော၊ ဆိတ်ကျောင်းညောင်ပင်မှ။
ဝုဋ္ဌိတဿ၊ ထတော်မူလတ်၍။
အဋ္ဌာရသယောဇနံ မဂ္ဂံ၊ တစ်ဆယ့်ရှစ်ယူဇနာခရီးသို့။
ဂမနကာလော၊ ကြွတော်မူရာ ဝါဆိုလပြည့်နေ့ဟူသော ကာလကို။
(ဝေဒိတဗ္ဗော၊ သိအပ်၏။)
သီဟနာဒကာလော ဝိယ၊ မကြောက်မရွံ့ ခြင်္သေ့သံပေးရာ ကာလကဲ့သို့။
တထာဂတဿ၊ မြတ်စွာဘုရား၏။
အဋ္ဌာရသယောဇနမဂ္ဂံ၊ တစ်ဆယ့်ရှစ်ယူဇနာခရီးသို့။
ဂန္တွာ၊ သွား၍။
ပဉ္စဝဂ္ဂိယေ၊ ပဉ္စဝဂ္ဂီ ရဟန်းတို့ကို။
သညာပေတွာ၊ သဗ္ဗညုတဉာဏ်သို့ ရောက်လတ်ပြီးသည်ကို ယုံကြည်သိမှတ်စေ၍။
အစလပလ္လင်္ကေ၊ ဝဇီရာသနဝယ် ပယ်ဖျက်ပြီးငှာ မတတ်ရာသား တရားဓမ္မစက်ကိုသံမြွက်ထုတ်ဖေါ် ဟောတော်မူရာဌာန အစလပလ္လင်၌။
နိသိန္နဿ၊ ထိုင်နေတော်မူသော မြတ်စွာဘုရား၏။
ဒသဟိ စက္ကဝါဠသဟဿေဟိ၊ တစ်သောင်းသော စကြဝဠာလေးမျက်နှာတို့မှ။
သန္နိပတိတေန၊ စည်းဝေးလာသော။
ဒေဝဂဏေန၊ နတ်အပေါင်းသည်။
ပရိဝုတဿ၊ ထက်ဝန်းကျင်မှ ခြံရံအပ်သည်ဖြစ်၍။
"ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝတဗ္ဗာတိအာဒိနာ၊ ဒွေမေဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ ဤသို့အစရှိသော။
နယေန၊ နည်းဖြင့်။
ဓမ္မစက္ကပ္ပဝတ္တနကာလော၊ ဝဂ္ဂီငါးယောက်ရှင်တို့မှောက်ဝယ်ကြားခြောက်ဘဝဓမ္မစက်သံမြွက်ထုတ်ဖေါ် ဟောတော်မူရာကာလကို။
ဝေဒိတဗ္ဗော၊ သိအပ်၏။
ပန၊ အထူးကို ဆိုဦးအံ့။
ဣမသ္မိံ စ ပဒေ၊ ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ ဤသို့အစရှိသော နည်းဖြင့်ဖြစ်သော ဤသူတော်ကောင်းတရားအဖို့ကို။
ဒေသိယမာနေ၊ ဗြဟ္မာအသံ မနှိုင်းစံသား ချေငံနာပျော် ဟောတော်မူအပ်သည်ရှိသော်။
တထာဂတသီဟဿ၊ နရသီဟတထာဂတ၏။
ဓမ္မဃောသော၊ သန့်ရှင်းသာယာ သိသာနာချို ဖရိုဖရဲ မရှိဘဲလျက် လုံးနက်ပဲ့တင် အင်္ဂါရှစ်လီစုံညီချေငံ တရားတော်သံကို။
ဟေဋ္ဌာ၊ အောက်၌။
အဝီစိံ၊ အဝီစိကို။
ဥပရိ၊ အထက်၌။
ဘဝဂ္ဂံ၊ ဘဝဂ်ကို။
ဂဟေတွာ၊ ယူ၍။
ဒသသဟဿိလောကဓာတုံ၊ တစ်သောင်းသော လောကဓာတ်ကို။
(သဗ္ဗတ္ထ၊ သောင်းလောကဓာတ် တွင်းရပ်ခပင်း၌။
ဌိတာ၊ တည်နေသူ ကုန်အောင်စုံတို့သည်။
သုဏန္တု၊ အနှံ့အပြားကြားပစေကုန်။
ဣတိ အဓိဋ္ဌာနေန၊ ဤသို့ သဗ္ဗညုဘုရား သနားရှေးရှုဓိဋ္ဌာန်တော်မူသဖြင့်။)
ပဋိစ္ဆာဒေသိ၊ ဖုံးလွှမ်းစေ၏။
သီဟဿ၊ ခြင်္သေ့၏။
သဒ္ဒေန၊ အသံဖြင့်။
ခုဒ္ဒကပါဏာနံ၊ အာနုဘော် သေးငယ်သော သတ္တဝါတို့၏။
သန္တာနံ၊ လန့်ဖြတ် ကြောက်တုန် ဆွေ့ခုန်ခြင်းသို့။
အာပဇ္ဇနကာလော ဝိယ၊ ရောက်သောကာလကဲ့သို့။
တထာဂတဿ၊ မြတ်စွာဘုရား၏။
တီဏိ လက္ခဏာနိ၊ သုံးပါးသော လက္ခဏာတို့ကို။
ဒီပေတွာ၊ ဖေါ်ပြတော်မူလတ်၍။
စတ္တာရိ၊ လေးပါးကုန်သော။
သစ္စာနိ၊ ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာတို့ကို။
သောဠသဟာကာရေဟိ၊ ပရိညာပဟာန သစ္ဆိကိရိယာဘာဝနာဟု ခြင်းရာလေးပါး မဂ်လေးပါးဖြင့် မြှောက်ပွားရေးတစ်ဆယ့်ခြောက်ရသော အကာရတို့ဖြင့်လည်းကောင်း။
သဋ္ဌိယာ စ နယသဟဿေဟိ၊ ခြောက်သောင်းပေါင်းစည်း အကျယ်နည်းတို့ဖြင့်လည်းကောင်း။
ဝိဘဇိတွာ၊ ဝေဖန်တော်မူ၍။
ဓမ္မံ၊ တရားတော်ကို။
ကထေန္တဿ၊ ဟောတော်မူစဉ်။
ဒီဃာယုကဒေဝတာနံ၊ အသက်ရှည်သော နတ်,ဗြဟ္မာတို့အား။
ဉာဏသန္တာသဿ၊ ဩတ္တပ္ပနှင့် တကွသောဉာဏ်ဟူသော ဝဋ်ဒုက္ခ၌ ထိတ်လန့်ခြင်း၏။
ဥပ္ပတ္တိကာလော၊ ဖြစ်ရာကာလကို။
ဝေဒိတဗ္ဗော၊ သိအပ်၏။
ယဒါတိ၊ ယဒါ ဟူသည်ကား။
ယသ္မိံ ကာလေ၊ အကြင်အခါ၌။
တထာဂတောတိ၊ တထာဂတော ဟူသည်ကား။
တထာ၊ ထိုဝိပဿီအစရှိသောရှေးဘုရားတို့ လာတော်မူသည်အတူ။
အာဂတော၊ လာတော်မူတတ်၏။
(ဣတိတသ္မာ၊ ထို့ကြောင့်။)
တထာဂတော၊ တထာဂတမည်တော်မူ၏။
တထာ၊ ထိုဝိပဿီအစရှိသော ရှေးဘုရားတို့ ကြွသွားတော်မူသည့်အတူ။
ဂတော၊ ကြွသွားတော်မူတတ်၏။
(ဣတိ တသ္မာ၊ ထို့ကြောင့်။)
တထာဂတော၊ တထာဂတမည်တော်မူ၏။
တထလက္ခဏံ၊ တထလက္ခဏာကို။
အာဂတော၊ သိတော်မူ၏။
(ဣတိ တသ္မာ၊ ထို့ကြောင့်။)
တထာဂတော၊ တထာဂတမည်တော်မူ၏။
တထဓမ္မေ၊ မဖောက်မပြန်မှန်သော တရားတို့ကို။
ယာထာဝတော၊ သဘောအားဖြင့်။
အဘိသမ္ဗုဒ္ဓေါ၊ ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်သိတော်မူပြီ။
(ဣတိ တသ္မာ၊ ထို့ကြောင့်။)
တထာဂတော၊ တထာဂတမည်တော်မူ၏။
တထဒဿိတာယ၊ မဖောက်မပြန် မြင်တော်မူသည်၏ အဖြစ်ကြောင့်လည်း။
တထာဂတော၊ တထာဂတမည်တော်မူ၏။
တထာဝါဒိတာယ၊ ကိုယ်တော်ဖြင့်ပြုတော်မူသည်အတူ နှုတ်တော်မြွက်တော်မူသည်၏ အဖြစ်ကြောင့်လည်း။
တထာဂတော၊ တထာဂမည်တော်မူ၏။
တထာကာရိတာယ၊ နှုတ်တော်မြွက်သည်အတူ ကိုယ်တော်အမှု ရှိတော်မူသည်၏ အဖြစ်ကြောင့်လည်း။
တထာဂတော၊ တထာဂတမည်၏။
အဘိဘဝနဋ္ဌေန၊ လွှမ်းမိုးနှိပ်နင်းတော်မူနိုင်သော အနက်ကြောင့်လည်း။
တထာဂတော၊ တထာဂတမည်တော်မူ၏။
ဣတိ၊ ဤသို့။
အဋ္ဌဟိ၊ ရှစ်ပါးကုန်သော။
ကာရဏေဟိ၊ အကြောင်းတို့ကြောင့်။
ဘဂဝါ၊ မြတ်စွာဘုရားကို။
တထာဂတောတိ၊ တထာဂတဟူ၍။
ဝေဒိတဗ္ဗော၊ သိအပ်၏။
တေသံ၊ ထိုရှစ်ပဒတို့၏။
ဝိတ္ထာရော၊ အကျယ်ဖြစ်သော ဝဏ္ဏနာကို။
ဗြဟ္မဇာလဝဏ္ဏနာယမ္ပိ၊ ဗြဟ္မဇာလသုတ်အဖွင့်၌လည်းကောင်း။
မူလပရိယာယဝဏ္ဏနာယမ္ပိ၊ မူလပရိယာယသုတ်အဖွင့်၌လည်းကောင်း။
ဝုတ္တောယေဝ၊ ဆိုအပ်ပြီးသည်သာတည်း။
(ဣဓ၊ ဤသုတ်အဖွင့်၌။
န ဝတ္တဗ္ဗော၊ မဆိုသင့်ပြီ။)
လောကေတိ၊ လောကဟူသည်ကား။
သတ္တလောကေ၊ သတ္တလောက၌။
ဥပ္ပဇ္ဇတီတိ၊ ဥပ္ပဇ္ဇတိ ဟူသည်ကား။
အဘိနီဟာရတော၊ ဒီပင်္ကရာ မြတ်စွာဘုရား ခြေတော်ဦးဝယ် လျှောက်ကူးနင်းသား ပြုစိမ့်အားဖြင့် တံတားကျောက်ဆစ်ခင်းပစ်ပေးလှူ ဆုကြီးယူသည်မှ။
ပဋ္ဌာယ၊ စ၍။
ယာဝ ဗောဓိပလ္လင်္ကာ ဝါ၊ အောင်မြေရွှေပလ္လင်တိုင်အောင်လည်းကောင်း။
ယာဝ အရဟတ္တမဂ္ဂဉာဏာ ဝါ၊ အရဟတ္တမဂ်ဉာဏ်တိုင်အောင်လည်းကောင်း။
ဥပ္ပဇ္ဇတိ နာမ၊ ဖြစ်ဆဲမည်၏။
အရဟတ္တဖလေ၊ အရဟတ္တဖိုလ်သို့။
ပတ္တေ ပန၊ ရောက်အပ်သော်ကား။
ဥပ္ပန္နော နာမ၊ ဘုရားဖြစ်ပြီးမည်၏။
အရဟံ သမ္မာသမ္ဗုဒ္ဓေါတိအာဒီနိ၊ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဤသို့အစရှိသော ပုဒ်တို့ကို။
ဝိသုဒ္ဓိမဂ္ဂေ၊ ဝိသုဒ္ဓိမဂ် ကျမ်း၌။
ဗုဒ္ဓါနုဿတိနိဒ္ဒေသေ၊ ဗုဒ္ဓါနုဿတိနိဒ္ဒေသ၌။
ဝိတ္ထာရိတာနိ၊ ချဲ့အပ်ကုန်ပြီ။
ဣတိ ရူပန္တိ၊ ဣတိ ရူပံ ဟူသည်ကား။
ဣဒံ၊ ဤဘူတရုပ်, ဥပါဒါရုပ်သည်။
ရူပံ၊ ရုပ်မည်၏။
ရူပံ၊ ရုပ်သည်။
ဧတ္ထကံ၊ ဤဘူတရုပ်, ဥပါဒါရုပ်မျှသာလည်း။
ဣတော၊ ဤဘူတရုပ်,ဥပါဒါရုပ်နှစ်ဖြာထက်။
ဘိယျော၊ အပိုအလွန်ဖြစ်သော။
ရူပံ၊ ရုပ်သည်။
န အတ္ထိ၊ မရှိ။
ဣတိ၊ ဤသို့။
ဧတ္တာဝတာ၊ ဤမျှတည်းသော ဣတိ ရူပံဟူသောပါဌ်ဖြင့်။
သဘာဝတော၊ မိမိလက္ခဏာအားဖြင့်လည်းကောင်း။
သရူပတော၊ မိမိကိစ္စအားဖြင့်လည်းကောင်း။
သရသတော(ဆဋ္ဌ)
ပရိယန္တတော၊ ပရိမာဏအစွမ်းအားဖြင့် လည်းကောင်း။
ပရိစ္ဆေဒတော၊ အကြင်မျှသော အရပ်၌ ထိုရုပ်ဖြစ်ခြင်း ထင်ရှား၏ ထိုမျှသော အရပ်ကို ပိုင်းခြားသော အားဖြင့်လည်းကောင်း။
ပရိစ္ဆိန္ဒနတော၊ အဆုံးသို့ ရောက်သောအားဖြင့်လည်းကောင်း။
ယာဝတာ၊ အကြင်မျှ လောက်ကုန်သော။
စတ္တာရော၊ လေးပါးကုန်သော။
မဟာဘူတာ၊ မဟာဘုတ်တို့ သည်လည်းကောင်း။
စတုန္နံ၊ လေးပါးကုန်သော။
မဟာဘူတာနံ၊ မဟာဘုတ် တို့ကို။
ဥပါဒါယရူပံ၊ စွဲ၍ဖြစ်သော ရုပ်သည်လည်းကောင်း။
(အတ္ထိ၊ ရှိ၏။)
တံ သဗ္ဗံ၊ ထိုကုန်အောင်စုံသော ဘူတရုပ်, ဥပါဒါရုပ်သည်။
(ယထာဝုတ္တေန၊ အကြင်ဆိုအပ်ပြီးသော။
ဝိဘာဂေန၊ ဝေဖန်ခြင်းဖြင့်။)
ဒဿိတံ၊ ပြအပ်ပြီးသည်။
ဟောတိ၊ ထင်ရှားဖြစ်၏။
ဣတိ ရူပဿ သမုဒယောတိ၊ ဣတိ ရူပဿ သမုဒယော ဟူသည်ကား။
(အယံ အာဟာရာဒိ၊ ဤအာဟာရစသည်သည်။)
ရူပဿ၊ ရုပ်၏။
သမုဒယော နာမ၊ ဖြစ်ကြောင်းမည်၏။
ဟိ (တံ ပါကဋ ကရောမိ)၊ မပေါ်ထင်ငြား ထိုစကားကို ထင်ရှားအောင် ပြုဦးအံ့။
ဧတ္တာဝတာ၊ ဤမျှတည်းသော ဣတိ ရူပဿ သမုဒယော ဟူသောပါဌ်ဖြင့်။
"အာဟာရ သမုဒယာ ရူပသမုဒယောတိအာဒိ၊ အာဟာရသမုဒယာ ရူပသမုဒယော"ဤသို့ အစရှိသော။
သဗ္ဗေ၊ အလုံးစုံသည်။
ဒဿိတံ၊ ပြအပ်သည်။
ဟောတိ၊ ဖြစ်၏။
ဣတိ ရူပဿ အတ္ထင်္ဂမောတိ၊ ဣတိ ရူပဿ အတ္ထင်္ဂမော ဟူသည်ကား။
အယံ၊ ဤအသင်္ခတဖြစ်သော နိဗ္ဗာန်သည်။
ရူပဿ၊ ရုပ်၏။
အတ္ထင်္ဂမော၊ ချုပ်ခြင်းသို့ ရောက်ရာသည်။
(ဟောတိ၊ ဖြစ်၏။)
ဣမိနာပိ၊ ဤဣတိ ရူပဿ အတ္ထင်္ဂမော ဟူသော ပါဌ်ဖြင့်လည်း။
အာဟာရနိရောဓာ ရူပနိရောဓောတိအာဒိ၊ အာဟာရ နိရောဓာ ရူပနိရောဓော ဤသို့အစရှိသော။
သဗ္ဗံ၊ အလုံးစုံသည်။
ဒဿိတံ၊ ပြအပ်သည်။
ဟောတိ၊ ဖြစ်၏။
ဣတိ ဝေဒနာတိအာဒီသုပိ၊ ဣတိ ဝေဒနာ ဤသို့အစရှိသည်တို့၌လည်း။
ဧသေဝ နယော၊ ဤရူပက္ခန္ဓာ၌ ဆိုအပ်သော နည်းကိုသာလျှင်။
(ဒဋ္ဌဗ္ဗာ၊ မှတ်အပ်၏။)
ဝဏ္ဏဝန္တောတိ၊ ဝဏ္ဏဝန္တော ဟူသည်ကား။
သရိရဝဏ္ဏေန၊ ကိုယ်အဆင်းဖြင့်။
သရီရဝဏ္ဏေန(ဆဋ္ဌ)
ဝဏ္ဏဝန္တော၊ အဆင်းနှင့် ပြည့်စုံကုန်၏။
ဓမ္မဒေသနံ သုတွာတိ၊ ဓမ္မဒေသနံ သုတွာ ဟူသည်ကား။
ပဉ္စသု၊ ငါးပါးကုန်သော။
ခန္ဓေသု၊ ခန္ဓာတို့၌။
ပဏ္ဏာသ လက္ခဏပဋိမဏ္ဍိတံ၊ ငါးဆယ်သော ဥဒယဗ္ဗယလက္ခဏာဖြင့် တန်ဆာ ဆင်အပ်သော။
တထာဂတဿ၊ မြတ်စွာဘုရား၏။
ဣမံ ဓမ္မဒေသနံ၊ ဤတရား ဒေသနာကို။
သုတွာ၊ ကြား၍။
ယေဘုယျေနာတိ၊ ယေဘုယျေန ဟူသည်ကား။
ဣဓ လောကေ၊ ဤသတ္တလောက၌။
အရိယသာဝကဒေဝေ၊ အနာဂါမ်, ရဟန္တာ အရိယာသာဝကဖြစ်သော နတ်ဗြဟ္မာတို့ကို။
အရိယသာဝက ဒေဝေ(ဆဋ္ဌ)
ဌပေတွာ၊ ထား၍။
ဟိ (သစ္စံ)၊ မှန်၏။
တေသံ၊ ထိုအရိယာအနာဂါမ်, အရဟန္တာတို့အား။
ခီဏာ သဝတ္တာ၊ အနာဝသေသ သာဝသေသ အာသဝကုန်သည်၏ အဖြစ်ကြောင့်။
စိတ္တုတြာသဘယမ္ပိ၊ စိတ္တုတြာသဘေးသည်လည်း။
န ဥပ္ပဇ္ဇတိ၊ မဖြစ်။
သံဝိဂ္ဂဿ၊ ထိတ်လန့်သောသူသည်။
ယောနိသော၊ သင့်လျော်သော အကြောင်းအားဖြင့်။
ပဓာနေန၊ အားထုတ်ခြင်းဖြင့်။
ဝတ္တဗ္ဗပတ္တတာယ၊ ရောက်စကောင်းသော အနာဂါမိဖိုလ်, အရဟတ္တဖိုလ်သို့ ရောက်ပြီးသည်၏အဖြစ်ကြောင့်။
ပတ္တဗ္ဗံ ပတ္တတာယ(ဆဋ္ဌ)
ဉာဏ သံဝေဂေါပိ၊ တေဘုမ္မကခန္ဓာတို့ကို ဘေးဘျမ်းအားဖြင့် ရှေးရှုထင်သော ဉာဏသံဝေဂသည်လည်း။
န ဥပ္ပဇ္ဇတိ၊ မဖြစ်။
ဣတရေသံ ပန ဒေဝါနံ၊ ဤမှတစ်ပါး အခီဏာသဝဒေဝတို့အားမူကား။
"တာသော ဟေသာ ဘိက္ခူတိ၊ တာသော ဟသာ ဘိက္ခု"ဟူ၍။
ဟေသော(ဆဋ္ဌ)
(ဝုတ္တံ၊ ဟောတော်မူအပ်သော။)
အနိစ္စတာ၊ အနိစ္စ အဖြစ်ကို။
မနသိ ကရောန္တာနံ၊ နှလုံးသွင်းကုန်သည်ရှိသော်။
စိတ္တုတြာသဘယမ္ပိ၊ စိတ္တုတြာသ ဘေးသည်လည်းကောင်း။
ဗလဝဝိပဿနာကာရေန၊ အားကြီးသော ဝိပဿနာဟူသော အခြင်းအရာဖြင့်။
ဉာဏဘယမ္ပိ၊ ဩတ္တပ္ပနှင့် တကွသော ဉာဏ်ဟု ဟောအပ်သော သံသရာဝဋ်ကို ကြောက်တတ်သော တရားသည်လည်းကောင်း။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
ဘောတိ ဧတံ၊ ဘော ဟူသော ဤပုဒ်သည်။
ဓမ္မာလပနမတ္တံ၊ ခေါ်အပ်သော ပုဂ္ဂိုလ်မရှိ ဆိုမိဆိုမှားတရားတော်ကို အာရုံမူ လျက် နှုတ်ထွက် ဆန်းသာ ဖြစ်သော စကားတည်း။
သက္ကာယပရိယာပန္နာတိ၊ သက္ကာယပရိယာပန္နာ ဟူသည်ကား။
ပဉ္စက္ခန္ဓပရိယာပန္နော၊ ငါးပါးသော ခန္ဓာ၌ အကျုံးဝင်ကုန်၏။
ဣတိ၊ ဤသို့။
တေသံ၊ ထိုဒီဃာယုကနတ်ဗြဟ္မာတို့အား။
သမ္မာသမ္ဗုဒ္ဓေ၊ မြတ်စွာဘုရားသည်။
ဝဋ္ဋဒေါသံ၊ ဝဋ်အပြစ်ကို။
ဒဿေတွာ၊ ပြ၍။
တိလက္ခဏံ၊ လက္ခဏာသုံးပါးကို ဆောင်ယူအပ်သည်ကို။
ကတွာ၊ ပြု၍။
ဓမ္မံ၊ တရားကို။
ဒေသေန္တေ၊ ဟောတော်မူသည်ရှိသော်။
ဉာဏဘယံ နာမ၊ ဉာဏဘယမည်သည်။
ဩက္ကမတိ၊ သက်၏။
အဘိညာယာတိ၊ အဘိညာယ ဟူသည်ကား။
ဇာနိတွာ၊ သိတော်မူ၍။
ဓမ္မစက္ကန္တိ (ဧတ္ထ)၊ ဓမ္မစက္ကံ ဟူသော ဤပါဌိ၌။
ပဋိဝေဓဉာဏမ္ပိ၊ ပဋိဝေဓဉာဏ် ကိုလည်းကောင်း။
ဒေသနာဉာဏမ္ပိ၊ ဒေသနာဉာဏ်ကိုလည်းကောင်း။
(လဗ္ဘတိ၊ ရသင့်၏။)
ယေန ဉာဏေန၊ အကြင်မဂ်ဉာဏ်ဖြင့်။
ဗောဓိပလ္လင်္ကေ၊ ဗောဓိ ပလ္လင်၌။
နိသိန္နော၊ ထိုင်နေတော်မူလျက်။
စတ္တာရိ၊ လေးပါးကုန်သော။
သစ္စာနိ၊ သစ္စာတို့ကို။
သောဠသဟာကာရေဟိ၊ တစ်ဆယ့်ခြောက်ပါးသော အခြင်းအရာတို့ဖြင့်လည်းကောင်း။
သဋ္ဌိယာ စ နယသဟဿေဟိ၊ ခြောက်သောင်း ပေါင်းစည်း အကျယ်နည်းတို့ဖြင့်လည်းကောင်း။
ပဋိဝိဇ္ဈိ၊ ထိုးထွင်း၍ သိတော်မူ၏။
တံ ဉာဏံ၊ ထိုမဂ်ဉာဏ်သည်။
ပဋိဝေဓဉာဏံ နာမ၊ ပဋိဝေဓဉာဏ် မည်၏။
ယေန ဉာဏေန၊ အကြင်ဉာဏ်ဖြင့်။
တိပရိဝဋံ၊ ဣဒံ ဒုက္ခံ ဟူ၍လည်း ကောင်း, ပရိညေယျံ ဟူ၍လည်းကောင်း, ပရိညာတံဟူ၍လည်းကောင်း ဤသို့ အသီးအသီး တစ်ခုတစ်ခုသော သစ္စာ၌ သုံးပါးသုံးပါးစီ အပြန်ရှိသော။
ဒွါဒသာ ကာရံ၊ တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော။
ဓမ္မစက္ကံ၊ ဓမ္မမှကင်းသော အာဏာ တော်စက်ကို။
ပဝတ္တေသိ၊ ဟောတော်မူ၏။
တံ ဉာဏံ၊ ထိုဉာဏ်သည်။
ဒေသနာဉာဏံ နာမ၊ ဒေသနာဉာဏ်မည်၏။
ဥဘယမ္ပိ၊ နှစ်ပါးလည်းဖြစ်သော။
တံ ဉာဏံ၊ ထိုပဋိဝေဓဉာဏ်, ဒေသနာဉာဏ်သည်။
ဒသဗလဿ၊ သဗ္ဗညု ဘုရား၏။
ဥရေ၊ ရွှေရင်တော်၌။
ဇာတဉာဏမေဝ၊ ဖြစ်သော ဉာဏ်ချည်း နှင်နှင်တည်း။
တေသု၊ ထိုဉာဏ်နှစ်ပါးတို့တွင်။
ဣဓ၊ ဤဓမ္မစက္ကံ ပဝတ္တယိ ဟူသောပါဌ်၌။
ဒေသနာဉာဏံ၊ ဒေသနာဉာဏ်ကို။
ဂဟေတဗ္ဗံ၊ ယူအပ်၏။
တံ ပနေတံ (တံ ပန ဧတံ)၊ ထိုဒေသနာဉာဏ်ကို။
ဧသ(ဧသော ဘဂဝါ)၊ ဤမြတ်စွာဘုရားသည်။
ယာဝ၊ အကြင်မျှလောက်။
အဋ္ဌာရသဟိ ဗြဟ္မကောဋီဟိ၊ တစ်ဆယ့်ရှစ်ကုဋေသော ဗြဟ္မာတို့နှင့်။
သဒ္ဓိ၊ တကွ။
အညာတကောဏ္ဍည တ္ထေရဿ၊ အညာတကောဏ္ဍညထေရ်အား။
အညာသိကောဏ္ဍညတ္ထေရဿ(ဆဋ္ဌ)
သောတာပတ္တိဖလံ၊ သောတာပတ္တိ ဖိုလ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
တာဝ၊ ထိုမျှလောက်။
ပဝတ္တေတိ နာမ၊ လည်စေဆဲ ဖြစ်ဆဲမည်၏။
တသ္မိံ၊ ထိုသောတာပတ္တိဖိုလ်သည်။
ဥပ္ပန္နေ၊ ဖြစ်သည်ရှိသော်။
ပဝတ္တိတံ နာမ၊ လည်စေပြီး ဖြစ်စေပြီးမည်သည်။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
ဝေဒိတဗ္ဗံ၊ သိအပ်၏။
အပ္ပဋိပုဂ္ဂလောတိ၊ အပ္ပဋိပုဂ္ဂလော ဟူသည်ကား။
သဒိသပုဂ္ဂလရတော၊ ဂုဏ်ရည်တူပုဂ္ဂိုလ်မှ ကင်းတော်မူသော။
ယသဿိနောတိ၊ ယသဿိနော ဟူသည်ကား။
ပရိဝါရသမ္ပန္နာ၊ အခြံအရံနှင့် ပြည့်စုံကုန်သော။
တာဒိနောတိ၊ တာဒိနောဟူသည်ကား။
လာဘာလာဘာဒီဟိ၊ လာဘအလာဘစသော လောကဓံရှစ်ပါးတို့ကြောင့်။
ဧကသဒိသဿ၊ နှလုံးတော်အနေမပျက် တစ်ချက်တည်း တူတော်မူသော။
ဆဋ္ဌံ၊ ဆဋ္ဌသုတ်သည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။