နတုမှာကဝဂ္ဂဿ၊ နတုမှာကဝဂ်၏။
ပဌမေ၊ ပဌမသုတ်၌။
ပဇဟထာတိ၊ ပဇဟထ ဟူသည်ကား။
ဆန္ဒရာဂပ္ပဟာနေန၊ တပ္ပဋိဗဒ္ဓဆန္ဒရာဂကို ပယ်သဖြင့်။
ပဇဟထ၊ ပယ်စွန့်ကြကုန်လော့။
တိဏာဒီသု၊ တိဏအစရှိသည်တို့တွင်။
အန္တောဖေဂ္ဂုဗဟိသာရံ တာလနာဠိကေရာဒိ၊ အတွင်း၌အကာ၊ အပ၌အနှစ်ရှိသောထန်း၊ အုန်း အစရှိသည်သည်။
တိဏံ နာမ၊ မြက်မျိုးမည်၏။
အန္တောသာရံ ဗဟိဖေဂ္ဂုခဒိရသာလကပနသာဒိ၊ အတွင်း၌အနှစ်၊ အပ၌အကာရှိသော ရှား၊ အင်းကြင်း၊ ကျွန်းပိန္နဲ အစရှိသည်ကား။
ကဋ္ဌံနာမ၊ ထင်းမည်၏။
ရုက္ခဿ၊ သစ်ပင်၏။
ဗာဟာ ဝိယ၊ မောင်းကဲ့သို့။
နိက္ခန္တာ၊ ပင်စည်မှ ထွက်သော အခက်သည်။
သာခါ နာမ၊ သစ်ခက်မည်၏။
တာလနာဠိကေရပဏ္ဏာဒိ၊ ထန်း၊ အုန်းအရွက်အစရှိသည်ကား။
ပလာသံ နာမ၊ သစ်ရွက်မည်၏။
ပဌမံ၊ ပဌမသုတ်သည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။