ပဉ္စမေ၊ ပဉ္စမသုတ်၌။
အတီရဒဿီတိ(ဧတ္ထ)၊ အတီရဒဿီဟူသော ဤပါဌ်၌။
ဝဋ္ဋံ၊ ဝဋ်တရားကို။
တီရံ၊ ဤမှာဘက်ကမ်းဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
တံ၊ ထိုဝဋ်တရားဟူသော ဤမှာဘက်ကမ်းကို။
န ပဿတိ၊ မမြင်။
အပါရဒဿီတိ(ဧတ္ထ)၊ အပါရဒဿီဟူသော ဤပါဌ်၌။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
ပါရံ၊ ထိုမှာဘက်ကမ်းဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
တံ၊ ထိုနိဗ္ဗာန်တည်းထိုမှာဘက်ကမ်းကို။
န ပဿတိ၊ မမြင်။
ဗန္ဓောတိ၊ ဗန္ဓော ဟူသည်ကား။
ဗဒ္ဓေါတိ(ဆဋ္ဌ)
ကိလေသဗန္ဓနေန၊ ကိလေသာတည်းဟူသော အနှောင်အဖွဲ့ဖြင့်။
ဗန္ဓော၊ ဖွဲ့အပ်သည်။
ဟုတွာ၊ ဖြစ်၍။
ဇိယျတိ စ၊ အိုလည်း အိုမင်း၏။
မိယျတိ စ၊ သေလည်းသေ၏။
အသ္မာ လောကာ၊ ဤပစ္စုပ္ပန်လောကမှ။
ပရလောကံ၊ တမလွန်လောကသို့။
ပရံ လောကံ(ဆဋ္ဌ)
ဂစ္ဆတိ၊ လားရာ၏။
ဣတိ၊ ဤသို့။
ဣမသ္မိံ သုတ္တေ၊ ဤသုတ်၌။
ဝဋ္ဋဒုက္ခံ၊ ဝဋ်ဆင်းရဲကို။
ကထိတံ၊ ဟောတော်မူအပ်၏။
ဆဋ္ဌာဒီနိ၊ ဆဋ္ဌအစ နဝမအဆုံးရှိသော သုတ်တို့သည်။
ဥတ္တာနတ္ထာနေဝ၊ ပေါ်သော အနက်ရှိသည်သာတည်း။
ပဉ္စမံ၊ ပဉ္စမသုတ်သည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ ရောက်ပြီ။
ဆဋ္ဌာဒီနိ၊ ဆဋ္ဌအစရှိသောသုတ်တို့သည်။
နိဋ္ဌိတာနိ၊ ပြီးခြင်းသို့ ရောက်ပြီ။