Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
(SN) Khandhavagga-aṭṭhakathā
(SN) Khandhavagga-aṭṭhakathā

1. Vātasuttavaṇṇanā

Author: miuthi-မိုးထိ @ IAPT

ဒိဋ္ဌိသံယုတ္တေ၊ ဒိဋ္ဌိသံယုတ်၌။ န ဝါတာ ဝါယန္တီတိအာဒီသု၊ န ဝါတာ ဝါယန္တိ ဤသို့အစရှိသော ပါဠိတို့၌။ ဧဝံ၊ ဤသို့သော အခြင်းအရာဖြင့်။ တေသံ၊ ထိုဒိဋ္ဌိဂတိက ပုဂ္ဂိုလ်တို့၏။ ဒိဋ္ဌိ၊ မိစ္ဆာအယူသည်။ (အဟောသိ)ကိရ၊ ဖြစ်သတတ်။
"ရုက္ခသာခါဒီနိ၊ သစ်ပင်သစ်ခက်စသည်တို့ကို။ ဘဉ္ဇန္တော၊ ချိုးဖဲ့ကုန်လျက်။ ဘဉ္ဇန္တော(ဆဋ္ဌ) ယေပိ ဧတေ ဝါတာ၊ အကြင်သို့သော လေတို့သည်လည်းစီးခြင်းစသည်ကို ပြုလျက် ပြင်းစွာလာသော ထိုလေတို့သည်။ န ဝါတာ၊ လေမဟုတ်ကုန်။ (ယော ဝါတော၊ အကြင်လေသည်။ ရုက္ခသာခါဒိဘဉ္ဇကော၊ သစ်ပင်သစ်ခက်စသည်တို့ကို ပရမ်းပတာချိုးဖဲ့ ‌ဖျက်ဆီးတတ်သောလေဆိုးသည်။) ဝါတလေသော နာမ၊ သတ္တကာယ၌အတွင်းဝင်သော နိစ္စမုဝလေ၏ အတူတူမည်၏။ ပန၊ ထိုသို့မဟုတ်။ ဝါတော၊ သတ္တကာယအန္တောဂဓနိစ္စဓုဝသဿတဖြစ်သော လေသည်။ ဧသိကတ္ထမ္ဘောဝိယ စ၊ တံခါးတိုင်ကဲ့သို့လည်းကောင်း။ ပဗ္ဗတကူဋံဝိယ စ၊ တောင်ထွဋ်ကဲ့သို့လည်းကောင်း။ ဌိတော၊ မလှုပ်မရှားတည်၏။
တထာ၊ ထိုမှတစ်ပါး။ တိဏကဋ္ဌာဒီနိ၊ မြက်ထင်း အစရှိသည်တို့ကို။ ဝဟန္တိယော၊ မျှောဆောင်တတ်ကုန်သော။ ယာပိ ဧတာ နဒိယော၊ အကြင်မြစ်တို့သည်လည်း။ သန္ဒန္တိ၊ စီးကုန်၏။ ဧတ္ထ၊ ဤမြစ်၌။ ဥဒကံ၊ ပထဝီကာယ စသော သတ္တကာယ အန္တောဂဓရေသည်။ န သန္ဒတိ၊ စီးသည်မဟုတ်။ ဧသ(ဧသော)၊ ဤတိဏကဋ္ဌစသည်ကို မျှောတတ်သောရေသည်ကား။ ဥဒကလေသောနာမ၊ သတ္တကာယအန္တောဂဓနိစ္စဓုဝရေ အတူတူမည်၏။ ပန၊ ထိုသို့မဟုတ်။ ဥဒကံ၊ သတ္တကာယအန္တောဂဓနိစ္စဓုဝသတ္တဖြစ်သော ရေသည်။ ဧသိကတ္ထမ္ဘောဝိယ စ၊ တံခါးတိုင်ကဲသို့လည်းကောင်း။ ပဗ္ဗတကူဋံဝိယ စ၊ တောင်ထွဋ်ကဲ့သို့လည်းကောင်း။ ဌိတံ၊ တည်၏။
ဂဗ္ဘိနိယော၊ ကိုယ်ဝန်ဆောင်ကုန်သော။ ယာပိဣမာ(ဣတ္ထိယော)၊ အကြင်မိန်းမတို့ကိုလည်း။ ဝိဇာယန္တီတိ၊ သားဖွားကုန်၏ဟူ၍။ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။ တာ၊ ထိုမိန်းမတို့သည်။ မိလာတုဒရာ၊ ညှိုးနွမ်းသော ဝမ်းရှိကုန်သည်။ ကိဉ္စာပိ ဟောန္တိ၊ အကယ်၍ ဖြစ်ကုန်၏။ ပန၊ ထိုသို့ဖြစ်ကုန်သော်လည်း။ ဂဗ္ဘော၊ ဝမ်း၌ တည်သော ကိုယ်ဝန်သည်။ န နိက္ခမတိ၊ မထွက်။ ဧသော၊ ဤသို့ဖွားသည်ကား။ ဂဗ္ဘလေသော နာမ၊ ကိုယ်ဝန်တုမည်၏။ ဂဗ္ဘော ပန၊ ကိုယ်ဝန်အစစ်မည်ကား။ ဧသိကတ္ထမ္ဘောဝိယ စ၊ တံခါးတိုင်ကဲ့သို့လည်းကောင်း။ ပဗ္ဗတကူဋံ ဝိယ စ၊ တောင်ထွဋ်ကဲ့သို့လည်းကောင်း။ ဌိတော၊ တည်၏။
ယေပိ စ တေ စန္ဒိမသူရိယာ၊ အကြင်လနေတို့ကိုလည်း။ ဥဒေန္တိ ဝါ၊ တက်ကုန်၏ဟူ၍လည်းကောင်း။ အပေန္တိ ဝါ၊ ဝင်ကုန်၏ဟူ၍လည်းကောင်း။ (ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။) ဧတေ၊ ထိုအစစ်ဖြစ်သော လနေတို့သည်။ နေဝဥဒေန္တိ၊ မတက်ကုန်။ န အပေန္တိ၊ မဝင်ကုန်။ ဧသ(ဧသော)၊ ဤလောကမတိအားဖြင့် တက်၏ ဝင်၏ဟု ဆိုအပ်သော လနေသည်။ စန္ဒိမသူရိယလေသောနာမ၊ လစစ်နေစစ၏ အတူတူမည်၏။ စန္ဒိမသူရိယာ ပန၊ လစစ်နေစစ်တို့မူကား။ ဧသိကတ္ထမ္ဘော ဝိယ၊ တံခါးတိုင်တို့ကဲ့သို့လည်းကောင်း။ ပဗ္ဗတကူဋာဝိယ စ၊ တောင်ထွဋ်တို့ကဲ့သို့လည်းကောင်း။ ဌိတာ၊ အမြဲမရွေ့တည်ကုန်၏။"