သုပဏ္ဏသံယုတ္တေ၊ သုပဏ္ဏသံယုတ်၌။
ပတ္တာနံ၊ တောင်ပံနှစ်ဘက်၌ ရောက်ကုန်သော အတောင်တို့၏။
ဝဏ္ဏဝန္တတာယ၊ အလွန်ဆန်းကြယ်လှပသော အဆင်းရှိသည်၏ အဖြစ်ကြောင့်။
ဂရုဠာ၊ ဂဠုန်တို့ကို။
သုပဏ္ဏာတိ၊ သုပဏ္ဏဟူ၍။
ဝုတ္တာ၊ ဆိုအပ်ကုန်၏။
ဣဓာပိ၊ ဤသုပဏ္ဏသံယုတ်၌လည်း။
ပဌမသုတ္တံ၊ ပဌမသုတ်ကို။
ပုရိမနယေနေဝ၊ နာဂသံယုတ် ပဌမသုတ်၌ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင်။
အဋ္ဌုပ္ပတ္တိယာ၊ အဋ္ဌုပ္ပတ်ကြောင့်။
ဝုတ္တံ၊ ဆိုအပ်၏။
ဟရန္တီတိ၊ ဟရန္တိဟူသည်ကား။
ဥဒ္ဓရန္တိ၊ သမုဒ္ဒရာမှ သုတ်ဆောင်ကုန်၏။
ပန၊ ဆက်၍ဆိုဦးအံ့။
ဥဒ္ဓရမာနာ စ၊ သုတ်ဆောင်ကုန်သော်လည်း။
တေ၊ ထိုဂဠုန်တို့သည်။
အတ္တနာ၊ မိမိအောက်။
ဟီနေ ဝါ၊ ယုတ်သော နဂါးတို့ကိုလည်းကောင်း။
သမေဝါ၊ မျှသော နဂါတို့ကိုလည်းကောင်း။
ဥဒ္ဓရိတံ၊ သုတ်ဆောင်ယူချီခြင်းငှာ။
သက္ကောန္တိ၊ တတ်နိုင်ကုန်၏။
အတ္တနာ၊ မိမိတို့ထက်။
ပဏီတတရေ၊ ဗလစွမ်းအင်ဖြင့် ကြီးသော နဂါးတို့ကို။
ဥဒ္ဓရိတုံ၊ သုတ်ဆောင်ယူချီခြင်းငှာ။
န သက္ကောန္တိ၊ မတတ်နိုင်ကုန်။
ဟိ၊ အသင့်ကို ဆိုဦးအံ့။
ပဏီတတရာ၊ မိမိတို့ထက် ပဋိသန္ဓေဇာတိ အားဖြင့်ကြီးမားမြင့်မြတ်သော နဂါးတို့လည်းကောင်း။
ကမ္ပလဿတရာ၊ ကမ္ပလဿတရ နဂါးမျိုးတို့လည်းကောင်း။
ဓတရဋ္ဌာ၊ ဓတရဋ္ဌနဂါးမျိုးတို့လည်းကောင်း။
သတ္တသီဒန္တရဝါသိနော၊ ခုနစ်စင်းသော သီတာသမုဒ္ဒရာအတွင်း၌ နေသော နဂါးတို့လည်းကောင်း။
ပထဝိဋ္ဌကာ၊ မြေကြီးအတွင်း နဂါးပြည်၌ နေသော နဂါးတို့လည်းကောင်း။
ပဗ္ဗတဋ္ဌကာ၊ တောင်ကြီးအတွင်းနဂါးပြည်၌ နေကုန်သော နဂါးတို့လည်းကောင်း။
ဝိမာနဋ္ဌကာ၊ ဗိမာန် နေသော နဂါးတို့လည်းကောင်း။
ဣတိ၊ ဤသို့။
သတ္တဝိဓာ၊ ခုနစ်ပါးအပြားရှိကုန်သော နဂါးတို့သည်။
(အာနုဘာဝမဟန္တတာယ စ၊ အာနုဘော် ကြီးသည်၏ အဖြစ်ကြောင့်လည်းကောင်း။
ဝသနဋ္ဌာနဝိဒုဂ္ဂတာယ စ၊ နေရာအရပ် ခဲယဉ်းသည်၏ အဖြစ်ကြောင့်လည်းကောင်း။)
အနုဒ္ဓရဏီယနာဂါနာမ၊ သုတ်ယူ ချီဆောင်ခြင်းငှာ မတတ်ကောင်းသော နဂါးတို့မည်ကုန်၏။
တတြ၊ ထိုနဂါး ခုနစ်မျိုးတို့တွင်။
အဏ္ဍဇာဒီနံ၊ အဏ္ဍဇစသော နဂါးတို့တွင်။
ဇလာဗုဇာဒယော၊ ဇလာဗုဇစသောနဂါးတို့သည်။
ပဏီတတရာ၊ ပဋိသန္ဓေအားဖြင့် မြတ်သော နဂါးတို့မည်ကုန်၏။
တေ၊ ထိုဇလာဗုဇစသော နဂါးတို့ကို။
တေဟိ၊ ထိုအဏ္ဍဇ စသော ဂဠုန်တို့သည်။
အနုဒ္ဓရဏီယာ၊ သုတ်ယူချီဆောင်ခြင်းငှာ မတတ်ကောင်းကုန်။
ပန၊ ထိုမှတစ်ပါး။
ကမ္ပလဿတရာ၊ ကမ္ပလဿတရနဂါးတို့သည်။
နာဂသေနာပတိနော၊ မြင့်မိုရ်ပဌမအာလိန်၌ သိကြားစစ်မှုထမ်းနဂါးစစ်သူကြီးတို့တည်း။
တေ၊ ထိုကမ္ပလဿတရ နဂါးတို့ကို။
ယတ္ထကတ္ထစိ၊ အမှတ်မရှိသော အရပ်၌။
ဒိသွာ၊ တွေ့မြင်၍။
ယော ကောစိ၊ အမှတ်မရှိသော။
သုပဏ္ဏော၊ ဂဠုန်သည်။
ဥဒ္ဓရိတုံ၊ သုတ်ယူချီဆောင်ခြင်းငှာ။
န သက္ကောတိ၊ မတတ်နိုင်။
ဓတရဋ္ဌာ ပန၊ ဓတရဋ္ဌာနဂါးတို့သည်ကား။
နာဂရာဇာနော၊ နဂါးမင်းမျိုးတို့တည်း။
တေပိ၊ ထိုဓတရဋ္ဌနဂါးမျိုးတို့ကိုလည်း။
ကောစိ၊ တစ်စုံတစ်ခုသော ဂဠုန်သည်။
ဥဒ္ဓရိတုံ၊ သုတ်ယူချီဆောင်ခြင်းငှာ။
န သက္ကောတိ၊ မတတ်နိုင်။
ပန၊ ထိုမှတစ်ပါး။
ယေ၊ အကြင်နဂါးတို့သည်။
သီဒန္တရေ၊ သီတာမည်သောတောင်စဉ်ခုနှစ်ထပ်အကြားဖြစ်သော။
မဟာသမုဒ္ဒေ၊ မဟာသမုဒ္ဒရာ၌။
ဝသန္တိ၊ နေကုန်။
တေ၊ ထိုသီတာသမုဒ္ဒရာ၌ နေသောနဂါးတို့ကို။
ယသ္မာ၊ အကြင်ကြောင့်။
ကတ္ထစိ၊ တစ်စုံတစ်ခုသော အရပ်၌။
ဝိကမ္ပနံ၊ တုန်လှုပ်ခြင်းကို။
ကာတုံ၊ ပြုခြင်းငှာ။
န သက္ကာ၊ မတတ်ကောင်း။
တသ္မာ၊ ထို့ကြောင့်။
ကောစိ၊ တစ်စုံတစ်ခုသော ဂဠုန်သည်။
ဥဒ္ဓရိတုံ၊ သုတ်ယူချီဆောင်ခြင်းငှာ။
န သက္ကောတိ၊ မတတ်နိုင်။
ပထဝိဋ္ဌကာဒီနံ၊ မြေ၌ နေသော နဂါးစသည်တို့၏။
နိလိယနောကာသော၊ ပုန်းအောင်းရာသည်။
ယသ္မာ၊ အကြင့်ကြောင့်။
(အတ္ထိ၊ ရှိ၏။)
တသ္မာ၊ ထို့ကြောင့်။
တေပိ နာဂေ၊ ထိုနဂါးတို့ကိုလည်း။
ကောစိ၊ တစ်စုံတစ်ခုသော။
သုပဏ္ဏော၊ ဂဠုန်သည်။
ဥဒ္ဓရိတုံ၊ သုတ်ယူချီဆောင်ခြင်းငှာ။
န သက္ကောတိ၊ မတတ်နိုင်။
ပန၊ တတ်ကောင်းသည်ကို ဆိုဦးအံ့။
ယေ၊ အကြင်နဂါးတို့သည်။
မဟာသမုဒ္ဒေ၊ ဆားငန်သမုဒ္ဒရာ၌။
ဦမိပိဋ္ဌေ၊ လှိုင်းတပိုးအပြင်၌။
ဝသန္တိ၊ ရေမျောထင်းတုံး စင်းလျက် နေကုန်၏။
တေ နာဂေ၊ ထိုနဂါးတို့ကို။
ယောကောစိ၊ အမှတ်မရှိသော။
သမော ဝါ၊ ပဋိသန္ဓေ တူသည်လည်းဖြစ်သော။
ပဏီတတရော ဝါ၊ ပဋိသန္ဓေ မြတ်သည်လည်းဖြစ်သော။
သုပဏ္ဏော၊ ဂဠုန်သည်။
ဥဒ္ဓရိတုံ၊ သုတ်ယူချီဆောင်ခြင်းငှာ။
သက္ကောတိ၊ တတ်နိုင်၏။
သေသံ၊ ကာယေန ဒွယကာရိနော ဟောတိ အစရှိသော သုပဏ္ဏသံယုတ်၌လာသောအလုံးစုံသော စကားရပ်သည်။
နာဂသံယုတ္တေ၊ နာဂသံယုတ်၌။
ဝုတ္တနယမေဝ၊ ဖွင့်ဆိုအပ်ပြီးသော နည်းရှိသော သာတည်း။
ဣတိ၊ ဤသည်လျှင် အပြီးတည်း။
သုပဏ္ဏသံယုတ္တံ၊ သုပဏ္ဏသံယုတ်သည်။
သုပဏ္ဏသံယုတ္တဝဏ္ဏနာ(ဆဋ္ဌ)
နိဋ္ဌိတာ၊ ပြီးခြင်းသို့ရောက်ပြီ။
နိဋ္ဌိတာ(ဆဋ္ဌ)