ဓမ္မသင်္ဂဟေ၊ ဓမ္မသင်္ဂဏီ ပါဠိတော်၌။
ဓမ္မသင်္ဂဟေ (ပေ) ဒဿေတုံ။ ။ ဤစကားသည် ပုဂ္ဂလပညတ် ပါဠိတော်အတွက် အနုသန္ဓေစကားတည်း။ အနူသန္ဓေ တက်ယင်းပင် ဓမ္မသင်္ဂဏီ စသော ဤကျမ်း ၄ ရပ်၏ ဟောတော်မူပုံ အစဉ်ဟူသော ဒေသနာက္ကမ ကိုလည်း ပြ၏။ မှန်၏ နာမည်တပ်၍ ပညတ်ရခြင်းဟူသည် ဖဿ, ဝေဒနာ, ပထဝီ, အာပေါ စသော ပရမတ္တသဘာဝတို့နှင့် ကင်း၍ မဖြစ်။ ထို သဘာဝဓမ္မတို့ကို တိုက်ရိုက်အားဖြင့်၎င်း။ ထို သဘာဝဓမ္မတို့၏ အပေါင်းသမူဟ, အစဉ်သန္တာန်, အခိုက်အတန့်တို့ကို စွဲ၍၎င်း, နာမည်ပညတ် ဖြစ်ရသည်။ ထို့ကြောင့် ရှေးဦးစွာ တိက, ဒုက တို့ဖြင့် သိမ်းယူအပ်သော ဖဿ, ပထဝီ စသော သဘာဝတို့ကို ဓမ္မသင်္ဂဏီ ပါဠိတော်၌ ပြတော်မူသည်။ ထို့နောက် ထို တရားတို့ကို ခန္ဓာ အာယတန စသည်တို့ဖြင့် ခွဲခြမ်းဝေဖန်မှုကို ဝိဘင်းပါဠိတော်၌ ပြတော်မူ၏။ ထို သိမ်းယူအပ် ဝေဖန်အပ်ပြီးသော တရားတို့၏ သင်္ဂဟ, အသင်္ဂဟ, သမ္ပယောဝ, ဝိပ္ပယောဂ အပြားတို့ကို ဓာတုကထာ ပါဠိတော်၌ ပြတော်မူ၏။ ပြသင့်ရာ အဖုံဖုံကို စုံအောင် ပြတော်မူပြီးမှ ဤ ပုဂ္ဂလပညတ် ပါဠိတော်၌ နာမည်တပ်၍ ပညတ်တော်မူသည်။
တိကဒုကဝသေန၊ တိကဒုကတို့၏ အပြားအားဖြင့်။
ဝါ၊ တို့နှင့်စပ်သဖြင့်။
သင်္ဂဟိတာနံ၊ သိမ်းယူအပ်ပြီးကုန်သော။
ဓမ္မာနံ၊ ကုသိုလ် အကုသိုလ် အစရှိသော တရားတို့၏။
(ဝိဘာဂ၌စပ်။)
ဝိဘင်္ဂေ၊ ဝိဘင်းပါဠိတော်၌။
ခန္ဓာဒိဝိဘာဂံ၊ ခန္ဓာ အစရှိသော ဝေဖန်အပ်သော အထူးအပြားကို။
ဒဿေတွာ၊ ပြတော်မူပြီး၍။
ကထာသင်္ဂဟိတဝိဘတ္တာနံ၊ ထို ဆိုအပ်ပြီးသော အခြင်းအရာအားဖြင့် သိမ်းယူအပ်ဝေဖန်အပ်ပြီးသော တရားတို့၏။
(ပဘေဒံ၊ ၌စပ်။)
ဓာတုကထာယ၊ ဓာတုကထာပါဠိတော်၌။
ဝါ၊ ဖြင့်။
သင်္ဂဟသင်္ဂဟာဒိပ္ပဘေဒံ၊ သင်္ဂဟ အသင်္ဂဟအစရှိသော အထူးအပြားကို။
ဝတွာ၊ ဟောတော်မူပြီး၍။
ယာယ ပညတ္တိယာ၊ အကြင် ခန္ဓ အစရှိသော ပညတ်ဖြင့်။
တေသံ၊ ထို ကုသိုလ်, အကုသိုလ် အစရှိသော တရားတို့ကို။
(ပညာပနံ ၌စပ်။)
သဘာဂတော (စ)၊ ဖဿ ပထဝီ အစရှိသော ပင်ကိုယ်သဘောအားဖြင့်၎င်း။
သဘာဝတော ဥပါဒါယ စ။ ။ သဘာဝတောတိ "ဖဿော ဝေဒနာ" တိ အာဒိသဘာဝတော။ ဥပါဒါယာတိ "ပုဂ္ဂလော သတ္တော ပေါသော" တိ အာဒိနာ ခန္ဓေ ဥပါဒါယ ပညာပနံ။ အနူ။ "ဖဿော" ဟူသော ပညာတ်သည် တွေ့ထိခြင်း သဘောအားဖြင့် နာမည်တပ်ရသောကြောင့် သဘာဝပညတ်တည်း။ ဝေဒနာ စသော ပရမတ္ထ သဘောတရား ဟူသမျှတို့၌ သဘာဝပညတ်ချည်းတည်း။ "ပုဂ္ဂလော" ဟသော ပညတ်ကား ရုပ်နာမ်ခန္ဓာ အပေါင်းကို စွဲ၍ နည်မည်တပ်ရသောကြောင့် ဥပါဒါယ ပညတ်တည်း။ ဥပခန္ဓာ စသည်တို့ကို ကပ်၍ ဝါ၊ စွဲ၍၊ အာဒါယ ယူအပ်သော ပညတ်။
ဖဿ ပထဝီ၊ အစရှိသော ပင်ကိုယ်သဘောအားဖြင့်၎င်း။
ဥပါဒါယ စ၊ ခန္ဓာ တို့ကို စွဲမှီ၍ ၎င်း။
ပညာပနံ၊ အပြားအားဖြင့် သိစေခြင်းသည်။
ဝါ၊ ဝေနေယျတို့ သန္တာန်၌ ထားခြင်းသည်။
ဟောတိ၊ ၏။
တံ (ပညတ္တိံ)၊ ထို ခန္ဓာ အစရှိသောပညတ်ကို။
ပဘေဒတော၊ ခန္ဓာ အစရှိသော အပြားအားဖြင့်။
ဒဿေတုံ၊ ငှါ။
ဆ ပညတ္တိယောတိအာဒိနာ၊ အစရှိသော စကားရပ်ဖြင့်။
ပုဂ္ဂလ ပညတ္တိ၊ ပုဂ္ဂလပညတ်ဒေသနာတော်ကို။
(ဘဂဝတာ) အာရဒ္ဓါ၊ ပြီ။
[ယာယ ပညတ္တိယာ သဘာဝတော ဥပါဒါယ စ ပညာပနန္တိ သင်္ခေပတော ဝုတ္တမတ္ထံ ဝိဝရန္တော "တတ္ထ ယေ ဓမ္မေ" တိအာဒိမာဟ။ အနူ။]
တတ္ထ၊ ထို သဘာဝတော ဥပါဒါယ စ ပညာပနံ ဟောတိ ဟူသော စကားရပ်၌။
[ရှေးနိဿယ၌ "ထို ပုဂ္ဂလပညတ်ကျမ်း၌ " ဟု စွဲလေ၏။]
(ဝိတ္ထာရော ဧဝံ ဝေဒိတဗ္ဗော၊ )။
ပုဗ္ဗာပရိယဘာဝေန၊ ရှေ့၌ ဖြစ်သော ခန္ဓာ နောက်၌ ဖြစ်သောခန္ဓာ စသည်တို့၏ အဖြစ်ဖြင့်။
(ရှေ့နောက်၏ အဖြစ်ဖြင့်။)
ပဝတ္တမာနေ၊ ဖြစ်ကုန်သော။
ယေ ဓမ္မေ၊ အကြင် ခန္ဓာ အစရှိသော တရားတို့ကို။
(ဥပါဒါယ၊ နာမည်တပ်သော ပုဂ္ဂိုလ်က ဉာဏ်ဖြင့် ကပ်ယူ၍။
ဝါ၊ စွဲ၍။)
အသဘာဝသမူဟဝသေန၊ သဘာဝ မဟုတ်သော ပညတ်, သမူဟပညတ်တို့၏ အဖြစ်ဖြင့်။
အသဘာဝသမူဟဝသေန။ ။ "ပုဗ္ဗာပရိယဘာဝေန ပဝတ္တမာနေ ဥပါဒါယဖြင့် ဘန္တာနပညတ်ကို ပြ၏။ [အစဉ်သန္တာန်အားဖြင့် ဖြစ်သော တရားတို့ကို စွဲ၍ ပညတ်အပ်သော နာမည်ကို "သန္တာန ပညတ်" ဟု ခေါ်၏။] "အသဘာဝသမူဟဝသေန" ဖြင့် ထို သန္တာန ပညတ်မှကြွင်းသော သမူဟညတ် အဝတ္ထာဝိသေသပညတ်တို့ကို ပြ၏။ ထိုတွင် ဖြစ်ခြင်း အခိုက် အတန့်ကို စွဲ၍ ဇာတိ ဟု ပညတ်အပ်သော ပညတ်သည်၎င်း, ရင့်ခြင်း အခိုက်အတန့် ကိုစွဲ၍ ဖရာ ဟု ပညတ်အပ်သော ပညတ်သည်၎င်း, ပျက်ခြင်း အခိုက်အတန့်ကိုစွဲ၍ မရဏ ဟု ပညတ်အပ်သော ပညတ်သည်၎င်း အဝတ္ထာဝိသေသ ပညတ်မည်၏။ ငယ်ရွယ်သော အခိုက်အတန့်ကို စွဲ၍ ဒဟရ- လူငယ်, ဇိဏ္ဏ- လူအို စသော ပညတ်များလည်း အဝတ္ထာဝိသေသ ပညတ်ပင်တည်း။ ထို အဝတ္ထာဝိသေသပညတ်ကို အသဘာဝပုဒ်ဖြင့် ပြ၏။ ရုပ်နာမ် ခန္ဓာ အပေါင်း ဖြစ်သော ပုဂ္ဂလပညတ္တိ စသော ပညတ် သည် သမူဟပညတ်တည်း။ [တိဿော ဟိ ပညတ္တိယော သန္တာနပညတ္တိ သမူဟပညတ္တိ အဝတ္ထာဝိသေသ ပညတ္တီတိ။ (ပေ) တေသု (ပေ) အသဘာသမူဟဝ သေနာတိ အသဘာဝဂ္ဂဟဏံ (အသဘာဝသဒ္ဒါသည်) ပဗန္ဓသမူဟဝိနိမုတ္တ ပညတ္တိ သန္ဒဿနတ္ထံ (ပဗန္ဓ ပညတ် သမူဟပညတ်မှ အလွတ်ဖြစ်သော အဝတ္ထာ ဝိသေသပညတ်ကို ပြရခြင်းအကျိုးရှိ၏။) ဣတိ တေန အဝတ္ထာဝိသေသ ပညတ္တိယာ ပရိဂ္ဂတော ဝုတ္တောတိ ဝေဒိတဗ္ဗော။ အနူ။]
ဥပါဒါယ၊ ၍။
ဝါ၊ ၍။
(ပညတ္တာ၊ ပညတ်အပ်သော)။
ပုဂ္ဂလော၊ ပုဂ္ဂိုလ်။
ဣတ္ထီ၊ မိန်းမ။
ပုရိသော၊ ယောင်္ကျား။
ဒေဝေါ၊ နတ်။
မနုဿော၊ လူ။
ဣတိ အာဒိကာ၊ ဤသို့ အစရှိသော ပညတ်သည်။
ပုဂ္ဂလပညတ္တိ၊ ပုဂ္ဂလပညတ်သည်။
ဟောတိ၊
တေသံ၊ ထို ဣန္ဒြိယ ဗဒ္ဓဖြစ်သော ခန္ဓာ အစရှိသည်တို့ကို၎င်း။
(ပညာပနာ၌စပ်။)
အညေသဉ္စ၊ ဣန္ဒြိယ ဗဒ္ဂဖြစ်သော ခန္ဓာ အစရှိသည်တို့မှ တပါးကုန်သော။
ဗာဟိရရူပနိဗ္ဗာနာနံ၊ ခန္ဓာကိုယ်မှ အပ၌ ဖြစ်သော အနိန္ဒြိယ ဗဒ္ဓဖြစ်သော ရုပ်တရား, နိဗ္ဗာန် တရားတို့ကို၎င်း။
သသဘာဝသမူဟသသဘာဝဘေဒဝသေန၊ သဘာဝနှင့် တကွဖြစ်သော ရူပက္ခန္ဓာ အစရှိသော အပေါင်း သာမည, သဘာဝနှင့် တကွ ဖြစ်သော စက္ခာယတန အစရှိသော အပေါင်း အထူး၏ အစွမ်းအားဖြင့်။
ပညာပနာ၊ ရူပက္ခန္ဓာ စသည်, စက္ခာယတန စသည် အားဖြင့် သိစေခြင်းသည်။
ဝါ၊ ပညတ်ခြင်းသည်။
သဘာဝပညတ္တိ၊ သဘာဝ ပညတ်မည်၏။
ဣတိ၊ ဤ သဘာဝပညတ္တိဟူသော ပါဌ်ဖြင့်။
ခန္ဓပညတ္တိအာဒိကာ၊ သော။
ပဉ္စဝိဓာ၊ ငါးပါးအပြားရှိသော ပညတ်ကို။
ဝေဒိတဗ္ဗာ၊
တာယ၊ ထို ခန္ဓပညတ် စသော ငါးပါးသော ပညတ်ဖြင့်။
ဓမ္မသင်္ဂဟာဒီသု၊ ဓမ္မသင်္ဂဧီ အစရှိသော ပါဠိတော်၌။
ဝိဘတ္တာ၊ ဝေဖန်အပ်သော။
သဗ္ဗာပိ၊ အလုံးစုံလည်းဖြစ်သော။
သဘာဝပညတ္တိ၊ ဖဿ ဝေဒနာ အစရှိသော သဘာဝ ပညတ်သည်။
ဝါ၊ ကို။
သင်္ဂဟိတာ၊ သိမ်းယူအပ်သည်။
ဟောတိ၊
ပန၊ ကား။
ပုဂ္ဂလပညတ္တိ၊ ပုဂ္ဂလ ဟူသော ပညတ်ဟူသည်။
အသဘာဝပညတ္တိ၊ ပရမတ္ထသဘာဝ မဟုတ်သော ပညတ်တည်း။
စ၊ ဆက်။
သမယဝိမုတ္တာဒိပ္ပဘေဒါယ၊ သမယဝိမုတ္တ အစရှိသော အပြားရှိသော။
(ပါဠိတော်၌ လာသော သမယဝိမုတ္တပုဂ္ဂိုလ်, အသမယ ဝိမုတ္တ ပုဂ္ဂိုလ် အစရှိသော အပြားရှိသော။)
တာယ၊ ထို အသဘာဝပညတ္တိ ဟူသော ပုဂ္ဂလ ပညတ်၏။
(ပဝတ္တိတော ၌စပ်။)
သတ္တသန္တာနဂတေ၊ သတ္တဝါတို့၏ခန္ဓာ အစဉ်၌ ဖြစ်ကုန်သော။
ပရိညေယျာဒိဘသာဝဓမ္မေ၊ ပရိညေယျ အစရှိသော သဘာဝ ဓမ္မတို့ကို။
[အာဒိဖြင့် သတ္တဝါတို့၏ သန္တာန်၌ ဖြစ်နိုင်ကုန်သော ပဟာတဗ္ဗသမုဒယ သစ္စာ, ဘာဝေတဗ္ဗ မဂ္ဂသစ္စာတို့ကို ယူ။]
ဥပါဒါယ၊ ဉာဏ်ဖြင့်ကပ်ယူ၏။
ဝါ၊ စွဲ၍။
ပဝတ္တိတော၊ ဖြစ်ခြင်းကြောင့်။
ပဓာနာယ၊ ပဓာန ဖြစ်သော။
(တာယ၊ ထို ပုဂ္ဂလပညတ်ဖြင့်။)
(သင်္ဂဟိတာ ၌စပ်။)
ဝိဟာရော၊ ကျောင်းဟူ၍ ခေါ်ဝေါ်အပ်သော ဝိဟာရ ပညတ်။
မဉ္စော၊ ညောင်စောင်းဟူ၍ ခေါ်ဝေါ်အပ်သော မဉ္စပညတ်။
ဣတိ အာဒိကာ၊ ဤသို့ အစရှိသော။
သဗ္ဗာ၊ အလုံးစုံသော ။
အသဘာဝပညတ္တိ စ၊ အသဘာဝ ပညတ်သည်လည်း။
ဝါ၊ ကိုလည်း။
သင်္ဂဟိတာ၊ သိမ်းယူအပ်သည်။
ဟောတိ၊
စ၊ ဆက်။
ဧတ္တာဝတာ၊ ဤမျှ အတိုင်း အရှည်ရှိသော ဆ ပညတ္တိယောဟူသော အစဉ်ဖြင့်။
(ဒဿိတာ ၌စ်။)
ပညတ္တိ နာမ၊ ပညတ်မည်သည်။
ဝိဇ္ဇမာနပညဘတ္တိ၊ ဝိဇ္ဇာမာနပညတ်၎င်း။
ဝါ၊ ပရတ္ထအားဖြင့် ထင်ရှားရှိသော အနက်ကို စွဲ၍ ပညတ်အပ်သေ ပညတ်၎င်း။
အဝိဇ္ဇမာနပညတ္တိ စ၊ အဝိဇ္ဇမာန ပညတ်၎င်း။
ဝါ၊ ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက်စွဲ၍ ပညတ်အပ်သော ပညတ်၎င်း။
(ဣတိ၊ သို့။
ဒုဝိဓာ၊ ၏။)
ဟိ၊ မှန်။
(တနည်း )၊
(ကသ္မာ၊ ကြောင့်။)
(ပညတ္တိနာမိဝိဇ္ဇနပညတ္တိ အဝိဇ္ဇမာနပညတ္တိ စ ဣတိ ဒုဝိဓာ ဟောတိ၊
ဣတိ ဝိညာယတိ၊ နည်း။)
ဟိ (ယသ္မာ)၊ ကြောင့်။
တာ ဧဝ၊ ထို ၂ ပါးသော ပညတ်တို့သည်ပင်။
ဝေါမိဿာ၊ ရောနှောကုန်သည်။
(ဟုတွာ) ဣတရာ၊ ဆိုအပ်ပြီးသော ၂ ပါးမှ တပါးကုန်သော။
စတဿော၊ ၄ ပါးကုန်သော ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ်, အဝိဇ္ဇမာနေန ဝိဇ္ဇမာန ပညတ်, ဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ်, အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ်တို့သည်။
(ဟောန္တိ)၊
ဣတိ၊ ကြောင့်။
(ပညတ္တိ နာမ ဝိဇ္ဇမာနပညတ္တိ အဝိဇ္ဇမာနပညတ္တိ စ ဣတိ ဒုဝိဓ ဟောတိ၊ )။
(ဣတိ၊ သို့။
ဝိညာယတိ၊ ၏။)
တသ္မာ၊ ကြောင့်။
(ထိုသို့ ပညတ်မည်သည် အကျဉ်းအားဖြင့် ၂ ပါး, အကျယ်အားဖြင့် ၄ ပါး ဤသို့ ၆ ပါး ပြားသည်၏ အဖြစ်ကြောင့်။)
တာသံ၊ ထို ခန္ဓာ ပညတ် အစရှိသော ပညတ်တို့ကို။
ဒဿနေန၊ ပြတော်မူခြင်း အားဖြင့်။
ဣမသ္မိံ ပကရဏေ၊ ဤ ပုဂ္ဂလပညတ်ကျမ်း၌။
သဗ္ဗာ၊ ကုန်သော။
ပညတ္တိယော၊ ပညတ်တို့ကို။
ဒဿိတာ၊ ပြအပ်ကုန်ပြီ။
ဣတိ ဝေဒိတဗ္ဗာ၊
ပန၊ ဆက်။
ခန္ဓာဒိပညတ္တီသု၊ ခန္ဓ ပညတ် အစရှိကုန်သော။
ဆသု၊ ၆ ပါးသော ပညတ်တို့တွင်။
အညတ္ထ၊ အခြားသော ဓမ္မသင်္ဂဏ အစရှိသော ကျမ်း၌။
အဒဿိတပ္ပဘေဒံ၊ မပြအပ်သော အထူးအပြားရှိသော။
(အထူး အပြားကို မပြခဲ့ရသော။)
ဣဓေဝ၊ ဤကျမ်း၌သာ။
ဒဿိတပ္ပဘေဒံ စ၊ ပြအပ်သော အထူးအပြားရှိသည်လည်းဖြစ်သော။
ပုဂ္ဂလပညတ္တိံ၊ သမယ ဝိမုတ္တ စသော ပုဂ္ဂလပညတ်ကို။
ဥပါဒါယ၊ ဉာဏ်ဖြင့် ကပ်ယူ၍။
ဝါ၊ စွဲ၍။
ဣမဿ ပကရဏဿ၊ ၄ ကျမ်းမြောက်ဖြစ်သော ဤကျမ်း၏။
ပုဂ္ဂလပညတ္တီတိ နာမံ၊ ပုဂ္ဂလပညတ္တိဟူသော နာမည်ကို။
ပုဂ္ဂလပညတ္တီတိ နာမံ။ ။ ခန္ဓ ပညတ် အစရှိသော ၆ ပါးသော ပညတ်တို့ ဖြင့် အလုံးစုံသော ပညတ်တို့ကို ပြတော်မူအပ်ပါလျက် အဘယ်ကြောင့် ခန္ဓာ ပညတ် စသောအားဖြင့် နာမည်ကို မဆိုအပ်ပဲ "ပုဂ္ဂလ ပညတ္တိ" ဟူသော နာမည်ကို ဆိုအပ်ပါသနည်း။ ဤသို့ မေးဖွယ် ရှိသောကြောင့် "ခန္ဓာဒိ ပညတ္တိသု ပန (ပေ) ပုဂ္ဂလပတိတ္တီတိ နာမံ ဝုတ္တန္တိ ဝေဒိတဗ္ဗံ" ဟု မိန့်သည်။ ပုဂ္ဂလပညတ်ကို ဓမ္မသင်္ဂဏီ စသော အခြားကျမ်းတို့၌ အပြားအားဖြင့် မပြအပ်ပဲ ဤကျမ်း၌ သမယ ဝိမုတ္တ, အသမယဝိမုတ္တ စသောအားဖြင့် ပညတ်ဗညတ်အခြားကို ပြတော်မူသောကြောင့် များပြားသော ပုဂ္ဂလပတညတ်ကိုစွဲ၍ တဗ္ဗာဟုလ္လနည်း အားဖြင့် ပုဂ္ဂလပညတ်ဟူသော နာမည်ကို ဆိုအပ်ပါသည် ဟူလို။
(သင်္ဂီတိကာရေဟိ) ဝုတ္တံ၊ ပြီ။
ဣတိ ဝေဒိတဗ္ဗံ၊
ယေ ဓမ္မေ ဣဓ ပညပေတုကာမောတိ (ဧတ္ထ)၊ ဟူသော ပါဌ်၌။
ယေ ဓမ္မေ (ပေ) အဓိပ္ပါယော။ ။ ဤ ယေဓမ္မေ ဣဓ ပညပေတုကာမော ပဌ်၏ အနက်အဓိပ္ပါယ်ကို တိုက်ရိုက်ယူရလျှင် "ခန္ဓာ အစရှိသော တရားတို့ကို ပညတ်တော်မူလိုရ ပညတ္တိပရိစ္ဆေဒကို ပြ၏ဟု အဓိပ္ပါယ်ရနေ၏။ စင်စစ်အားဖြင့်ကား ဤကျမ်းရောက်မှ ခန္ဓာ အစရှိသည်တို့ကို ပညတ်တော်မူသည် မဟုတ်ပါ။ ဓမ္မသင်္ဂဏီ ဝိဘင်းတုန်းကပ်င ပညတ်ခဲ့ပြီးဖြစ််ပါသည်။ ထို့ကြောင့် ယေ ဓမ္မေ ဣဓ ပညပေတုကာမော ဟူသော ပါဌ်၌ "ပညပေတုကာမော" အတွက်" ခန္ဓာ အစရှိသည်တို့ကို ပညတ်ခြင်း၏ တည်ရာ ဝတ္ထု အဖြစ်ဖြင့် ပြလို၍ ဖြစ်၍" ဟု အဓိပ္ပါယ်မှတ်ပါ ဟူလို။
ပညတ္တိယာ၊ နာမည်တပ်၍ ပညတ်ခြင်း၏။
ဝတ္ထုဘာဝေန၊ တည်ရာအနက်၏ အဖြစ်ဖြင့်။
ဒဿေတုကာမော၊ ပြခြင်းငှါ အလိုရှိသည်။
(ဟုတွာ) ("ပညတ္တိ ပရိစ္ဆေဒံ ဒဿေတိ" ဟူသော အဋ္ဌကထာ၌ စပ်။)
ဣတိ (အယံ)၊ ကား။
အဓိပ္ပါယော၊ အဋ္ဌကထာဆရာ၏ အလိုတည်း။
ဟိ၊ မှန်။
(တနည်း) (ကသ္မာ)၊ ကြောင့်။
(ယေ ဓမ္မေ ဣဓ ပညပေတုကာမောတိ ဧတ္ထ (ပေ) အဓိပ္ပါယော၊
ဣဝိ ဝိညာယတိ၊ နည်း။)
ဟိ (ယသ္မာ)၊ ကြောင့်။
ဧတသ္မိံ ပကရဏေ၊ ဤကျမ်း၌။
ပညာယနံ၊ အပြားအားဖြင့် သိစေခြင်းကို။
န ကရောတိ၊ ပြုတော်မူသည် မဟုတ်။
ပန၊ အဟုတ်ကား။
ဝတ္ထူဟိ၊ ခန္ဓာ အစရှိသော ဝတ္ထုတို့ဖြင့်။
ပညတ္တိယော၊ ပညတ်တို့ကို။
ဝါ၊ နာမည်တို့ကို။
ဒဿေတိ၊ ပြတော်မူ၏။
ဣတိ၊ ကြောင့်။
(ယေ ဓမ္မေ ဣဓ ပညပေတုကာမောတိ ဧတ္ထ (ပေ) အဓိပ္ပါယော ဣတိ ဝိညာယတိ၊ )။
ခန္ဓာတိ ပညာပနာတိ ဣဒံ၊ ဟူသော ဤပါဌ်ကို။
[ဝုတ္တံ ၌ စပ်။]
ခန္ဓာတိ၊ ခန္ဓာ ဟူ၍။
ရူပံ၊ ရုပ်။
ပထဝီ၊ ပထဝီ။
ဣတိ အာဒိကာ၊ ဤသို့ အစရှိသော ။
သဗ္ဗာပိ၊ အလုံးစုံလည်းဖြစ်သော။
(ပညာပနာ၊ အပြားအားဖြင့် သိစေတတ်သော ပညတ်သည်။)
သာမညပ္ပဘေဒပညာပနာ နာမ၊ သာမည အနက်ကို အပြားအားဖြင့် သိစေတတ်သော ပညတ်, အထူးအပြားအနက်ကို အပြားအားဖြင့် သိစေတတ်သော ပညတ် မည်သည်။
ဟောတိ၊
[ရူပံ သည် သာမညပညာပန, ပထဝီသည် ရူပ်အထူးကို ပြသော ဝိသေသ ပညာပနတည်း။]
တံ၊ ထို သာမညပညာပန ဝိသေသပညာပနကို။
သန္ဓာယ၊ ၍။
(သင်္ဂဟကာရေန) ဝုတ္တံ၊
ဣတိ၊ ဤအနက်ကို။
ဒဋ္ဌဗ္ဗံ၊
ပန၊ ဆက်။
ပညာပနာတိ ဧတဿ၊ ဟူသော ဤပုဒ်၏။
ပညာပနာ။ ။ အဋ္ဌကထာ၌ "တတ္ထ ခန္ဓာနံ ခန္ဓာတိ ပညာပနာ" ဟု ရှိရာဝယ် ပညာပနာကို ဒဿနာ ဟူ၍၎င်း, ဌပနာ ဟူ၍၎င်း ၂ နက်ဖွင့်၏။ ထိုဒဿနာ, ဌပနာ ၂ မျိုးတွင်လည်း ဒဿနာကို ပကာသနာဟူ၍၎င်း, ဌပနာကို နိက္ခိပနာ ဟု ၎င်း ၂ မျိုးဖွင့်၏။ ထိုအဖွင့်အတိုင်း ဤ၌ ပြခြင်းတည်း။ ပပုဗ္ဗ ဉာဓာတ်ဏာပေ ပစ္စည်း ဟု ပစ္စည်းဟုကြံလျှင် အပြားအားဖြင့် သိစေခြင်း၊ အပြားအားဖြင့် သိစေတတ်ဟု သဒ္ဒတ္ထဖြစ်၏။ ထိုအပြားအားဖြင့် သိစေခြင်းဟူသည် သိအောင် ပြခြင်းထင်ရှားပြခြင်းတည်း။ ထို့ကြောင့် ပညာပနာကို ဒဿနာဟု၎င်း, ဒဿနာကို ပကာ သနာဟု၎င်း အနက်ဖွင့်နိုင်သည်။" ပ ပုဗ္ဗ ဉပဓာတ်" ဟု ကြံလျှင် ချထားခြင်း အနက်ကို ဟော၏။ စုရာဒိဂိုဏ်း ဖြစ်သောကြောင့် ဉာ ဧုလည်း ရှိနိုင်၏။ ထို ဉပ ဓာတ်ဖြင့် ပြီးသော ပညာပနာကို ရည်ရွယ်၍ "ဌပနာ" ဟု၎င်း, ထို ဌပနာ ကိုပင် ဝေနေယျ တို့သန္တာန်၌ ချထားခြင်း ပြသောကြောင့် "နိက္ခိပနာ" ဟု၎င်း အဋ္ဌကထာ၌ ဖွင့်သည်။
ဒဿနာ၊ ပြခြင်း။
ဌပနာ၊ ထားခြင်း။
ဣတိ၊ သို့။
ဒွေ၊ ၂ ပါးကုန်သော။
ဧတေ အတ္ထာ၊ ဤ အနက်တို့သည်။
(ဟောန္တိ)၊
တေသံ၊ ထို ဒဿန, ဌပန ဟူကုန်သော အနက်ပြပုဒ် တို့၏။
ပကာသနာ၊ ထင်ရှားပြခြင်း။
နိက္ခိပနာ၊ ချထားခြင်း။
ဣတိ၊ သို့။
(ဒွေ ဧတေ အတ္ထော ဟောန္တိ)၊
တတ္ထ၊ ထို ပညာပနာ၏ အနက်ပြဖြစ်သော ဒဿနာ ဌပနာ ပကာသနာ နိက္ခိပနာတို့တွင်။
တတ္ထ (ပေ) နိက္ခိပနာ။ ။ [တတ္ထာတိ ပညာပနာယ အတ္ထဒဿနဘူတေသု ဒဿနာဒီသု။ အနူ။] ရုပ္ပနလက္ခဏာရှိသော တရားဟူသမျှကို ရူပက္ခန္ဓာ အဖို့အစု၌ ပါဝင်အောင် ပြုခြင်းသည် တရားနာပုဂ္ဂိုလ်တို့ကို "ဤတရားကား ရူပက္ခန္ဓာပါတကား" ဟု သိစေနိုင်၏။ ထိုသို့ သိစေခြင်းသည်ပင် ဝေနေယျသန္တာန်၌ ချထားခြင်းတည်း။ [ဗောဓနဉှိ ဗောဓနေယျသန္တာနေဗောဓေတဗ္ဗဿ အတ္ထဿ ဌပနန္တိ ကတွာ "နိက္ခိပနာ" တိ ဝုတ္တံ။ အနူ။] ညောင်စောင်းစသည်ကို ခင်းရာ၌ ခင်းရာဌာနနှင့် ညောင်စောင်းကို စပ်အောင်ပြခြင်းကို နိက္ခိပန ဟု သုံးစွဲကာ နိက္ခိပနမျိုး မဟုတ်ပါ ဟူလို။
(နိက္ခိပနာ ၌စပ်။)
ရူပက္ခန္ဓော၊ ရူပက္ခန္ဓာ။
(ပေ) အညာတာဝိန္ဒြိယံ၊ အညာတာဝိန္ဒြေ။
သမယဝိမုတ္တော၊ သမယဝိမုတ္တပုဂ္ဂိုလ်။
ဣတိ အာဒိနာ၊ ဤသို့ အစရှိသော ပါဠိရပ်ဖြင့်။
ဣဒံ၊ ဤ ရုပ္ပန, ဝေဒိယန အစရှိသော အနက်သည်။
ဧဝံ နာမကံ၊ ဤသို့ ရူပက္ခန္ဓာဝေဒနာက္ခန္ဓာ ဟူဿာ အမည်ရှိ၏။
ဣဒံ၊ ဤအရဟတ္တဖိုလ် ဟူသော အနက်သည်။
ဧဝံ နာမကံ၊ ဤသို့ အညာတာဝိန္ဒြေ စသော အမည်ရှိ၏။
ဝိ၊ သို့။
တံ တံကောဋ္ဌာသိကကရဏံ၊ ထိုသို့ အဖို့အစဉ် ပါဝင်သည်ကို ပြုခြင်း ဟူသော။
(ရုပ္ပနလက္ခဏာ ရှိသော တရား စသည်ကို ရူပက္ခန္ဓာ အဖို့အစု၌ပါဝင်အောင် ပြုခြင်း အစရှိသော။)
ဗောဓနမေဝ၊ ဗောဓနေယျ ပုဂ္ဂိုလ်တို့ကို သိစေခြင်းသည်ပင်။
နိက္ခိပနာ၊ ဝေနေယျ တို့သန္တာန်၌ ချထားခြင်း မည်၏။
ပညပေတဗ္ဗာနံ၊ ခင်းထားထိုက်ကုန်သော။
ပဉ္စာဒီနံ၊ ညောင်စောင်း အစရှိသည်တို့ကို။
(ဌာနသမ္ဗန္ဓကရဏံ၊ ခင်းထားရာဌာနနှင့် စပ်သည်ကို ပြုခြင်းသည်။
နိက္ခိပနာ၊ နိက္ခိပနာ မည်သည်။
ဟောတိ ဝိယ၊ သို့။
တထာ၊ တူ။)
ဌာနသမ္ဗန္ဓကရဏံ၊ သည်။
နိက္ခိပနာ၊ ချထားခြင်းမည်သည်။
န၊ မဟုတ်။
ပန၊ ဆက်။ယော ပနာယံ (ပေ) ကတော။ ။ အဋ္ဌကထာဝယ် ပညတ္တိ ပုဒ်ကို ပညာပနာ, ဒဿနာဟု ၎င်း ဌပနာဟု၎င်း, ဘာဝသာဓန၊ သို့မဟုတ် ကရဏ သာဓနဖြင့် ဖွင့်ပြ၏။ ထိုသို့ ဖွင့်ပြပြီးနောက် "နာမပညတ္တိ တိ တေ တေ ဓမ္မေ ဒဿေတိပိ" ဟု၎င်း, "တေန တေန ကောဋ္ဌာသေန ဌပေတိပိ" ဟု၎င်း, ဟေတုကတ္တု သာဓန၊ သို့မဟုတ် သုဒ္ဓကတ္တုသာဓနာဖြင့် ဖွင့်ပြပြန်၏။
ထိုသို့ ဖွင့်ပြခြင်းကြောင့် ပညတ္တိပုဒ်ကို ဘာဝသာဓန, ကရဏ သာဓနမှတပါး ဟေတုကတ္တုသာဓန, သို့မဟုတ် သုဒ္ဓကတ္တုသာဓန တနည်း ပြုရမည်လော ဟု တွေးတောယုံမှားဖွယ် ရှိသောကြောင့် "ယော ပနာယံ (ပေ) ကတောတိ ဝေဒိတဗ္ဗော" ဟု မိန့်သည်။
ဆိုလိုရင်းကား ပညတ္တိအတွက် ဘာဝသာဓန, ကရဏသာဓနမှ တပါး ကတ္တုသာဓနကို ပြခြင်းမဟုတ်, ထို ဒဿနာကြိယာ, ဌပန ကြိယာ တို့၏ အကြောင်းအဖြစ်ကို ရည်ရွယ်၍ ကတ္တုနိဒ္ဒေသကို ပြုအပ်သည် ဟူလို။ မှန်၏ အကြောင်းကိုပြရာ၌ ကတ္တု သာဓနဖြင့် ပြလေ့ရှိကြသည်။ ဥဒါဟ ရုဏ်ကား ဘိက္ခာ ဝါသေတိ စသည်တည်း။ ဤ ဥဒါဟရုဏ်၌ ထမင်းသည် နေရခြင်း၏ အကြောင်းသာ ဖြစ်၏။ ထမင်းမှာ နေစေတတ်သော သတ္တိမရှိ။ သို့သော် ထမင်းဟူသော အကြောင်းကြောင့် နေရသည့်အတွက် "ထမင်းက နေစေသည်" ဟု ဟေတုကတ္တာအနက်ကို ပြသကဲ့သို့၎င်း, အရိယာဖြစ်ခြင်း၏ အကြောင်းဖြစ်သောကြောင့် သစ္စာတို့ကို အရိယဘာဝကရာနိ သစ္စာနိ အရိယာ အဖြစ်ပြုတတ်ကုန်သော သစ္စာတို့ဟု "ပြဘတ်" ဟူသော ကတ္တားအနက်ဖြင့် ဖွင့်ပြသကဲ့သို့ ၎င်းတည်း။ နာမပညတ္တိ ဟိ ဒဿေတိ ဟ ဌပေတိ စာတိ၊ ဟူ၍။ [အဋ္ဌကထာ၌ ဒဿေတိပိ ဌပေတိပိ ဟု ရှိ၏။] ယော အယံ ကတ္တုနိဒ္ဒေသော၊ အကြင် ကတ္တားအနက်ကို ညွှန်ပြခြင်းကို။ (သင်္ဂဟကာရေန) ကတော၊ ပြုအပ်ပြီ။ သော၊ ထို ကတ္တားအနက်ကို ညွှန်ပြခြင်းကို။ ဘာဝဘူတာယ၊ ဘောအနက်ဖြစ်၍ ဖြစ်သော။ ဘာဝ (ပေ) နာမပညတ္တိလာ။ ။ "ဘာဝဘူတာယ နာမပညတ္တိယာ" ဖြင့် "ပညာပနံ ပညတ္တိ" ဟု ဘာဝသာဓနကို သိစေ၏။ "ကရဏဘူတာယ ဝါ နာမပညတ္တိယာ" ဖြင့် ပညပေတိ ဧတာယာတိ ပညတ္တိဟု ကရဏ သာဓနကို သိစေ၏။ ထိုဘာဝသာဓန, ကရဏသာဓနမှ တပါးပညတ်ကိုယ်တိုင် သိစေတတ်သော သုဒ္ဓ ကတ္တုသာဓနသတ္တိ, ဟေတုကတ္တုသာဓနသတ္တိကား မရှိသောကြောင့် "ပညပေတီတိ ပညတ္တိ" ဟု ကတ္တုသာဓာန မပြုရဟု မှတ်ပါ။ထို့ကြောင့် အဋ္ဌကထာ၌ "တေတေ ဓမ္မေ ဒဿေတိပိ" စသော ကတ္တားအနက်သည် ပညတ္တိပုဒ်ကို ကတ္တုသာဓနပြုစေလိုသောကြောင့် ပြသည်မဟုတ်။ ဒဿနကြိယာ, ဌပန ကြိယာ၏ အကြောင်းကိုသာ ဖွင့်ပြခြင်းဖြစ်သည် ဟူလို။ (နာမပညတ္တိယာ၊ နာမည် ပညတ်ဖြင့်။) ဝါ၊ တနည်း။ ကရဏဘူတာယ၊ ကရိုဏ်းဖြစ်၍ ဖြစ်သော။ နာမပညတ္တိယာ၊ ဖြင့်။ (ဒိဋ္ဌတာယ ဌပိတတာယ တို့၌စပ်။) တေသံ တေသံ ဓမ္မာနံ၊ ထို ထို ခန္ဓာ အစရှိသော တရားတို့၏။ ဒိဋ္ဌတာယ စ၊ ပြအပ်ကုန်သည်၏ အဖြစ်ကြောင့် ၎င်း။ [ဒဿနကို ကြည့်၍ ပြအပ်ဟု အနက်ပေးသည်။] ဌပိတတာယ စ၊ ထားအပ်ကုန်သည်၏ အဖြစ်ကြောင့်၎င်း။ တံ နိမိတ္တတံ၊ ထို ဒဿနကြိယာ ဌပနကြိယာ၏ အကြောင်း၏ အဖြစ်ကို။ သန္ဓာယ၊ ၍။ ကတော၊ ပြီ။ ဣတိ၊ သို့။ ဝေဒိတဗ္ဗော၊ ၏။
ဆိုလိုရင်းကား ပညတ္တိအတွက် ဘာဝသာဓန, ကရဏသာဓနမှ တပါး ကတ္တုသာဓနကို ပြခြင်းမဟုတ်, ထို ဒဿနာကြိယာ, ဌပန ကြိယာ တို့၏ အကြောင်းအဖြစ်ကို ရည်ရွယ်၍ ကတ္တုနိဒ္ဒေသကို ပြုအပ်သည် ဟူလို။ မှန်၏ အကြောင်းကိုပြရာ၌ ကတ္တု သာဓနဖြင့် ပြလေ့ရှိကြသည်။ ဥဒါဟ ရုဏ်ကား ဘိက္ခာ ဝါသေတိ စသည်တည်း။ ဤ ဥဒါဟရုဏ်၌ ထမင်းသည် နေရခြင်း၏ အကြောင်းသာ ဖြစ်၏။ ထမင်းမှာ နေစေတတ်သော သတ္တိမရှိ။ သို့သော် ထမင်းဟူသော အကြောင်းကြောင့် နေရသည့်အတွက် "ထမင်းက နေစေသည်" ဟု ဟေတုကတ္တာအနက်ကို ပြသကဲ့သို့၎င်း, အရိယာဖြစ်ခြင်း၏ အကြောင်းဖြစ်သောကြောင့် သစ္စာတို့ကို အရိယဘာဝကရာနိ သစ္စာနိ အရိယာ အဖြစ်ပြုတတ်ကုန်သော သစ္စာတို့ဟု "ပြဘတ်" ဟူသော ကတ္တားအနက်ဖြင့် ဖွင့်ပြသကဲ့သို့ ၎င်းတည်း။ နာမပညတ္တိ ဟိ ဒဿေတိ ဟ ဌပေတိ စာတိ၊ ဟူ၍။ [အဋ္ဌကထာ၌ ဒဿေတိပိ ဌပေတိပိ ဟု ရှိ၏။] ယော အယံ ကတ္တုနိဒ္ဒေသော၊ အကြင် ကတ္တားအနက်ကို ညွှန်ပြခြင်းကို။ (သင်္ဂဟကာရေန) ကတော၊ ပြုအပ်ပြီ။ သော၊ ထို ကတ္တားအနက်ကို ညွှန်ပြခြင်းကို။ ဘာဝဘူတာယ၊ ဘောအနက်ဖြစ်၍ ဖြစ်သော။ ဘာဝ (ပေ) နာမပညတ္တိလာ။ ။ "ဘာဝဘူတာယ နာမပညတ္တိယာ" ဖြင့် "ပညာပနံ ပညတ္တိ" ဟု ဘာဝသာဓနကို သိစေ၏။ "ကရဏဘူတာယ ဝါ နာမပညတ္တိယာ" ဖြင့် ပညပေတိ ဧတာယာတိ ပညတ္တိဟု ကရဏ သာဓနကို သိစေ၏။ ထိုဘာဝသာဓန, ကရဏသာဓနမှ တပါးပညတ်ကိုယ်တိုင် သိစေတတ်သော သုဒ္ဓ ကတ္တုသာဓနသတ္တိ, ဟေတုကတ္တုသာဓနသတ္တိကား မရှိသောကြောင့် "ပညပေတီတိ ပညတ္တိ" ဟု ကတ္တုသာဓာန မပြုရဟု မှတ်ပါ။ထို့ကြောင့် အဋ္ဌကထာ၌ "တေတေ ဓမ္မေ ဒဿေတိပိ" စသော ကတ္တားအနက်သည် ပညတ္တိပုဒ်ကို ကတ္တုသာဓနပြုစေလိုသောကြောင့် ပြသည်မဟုတ်။ ဒဿနကြိယာ, ဌပန ကြိယာ၏ အကြောင်းကိုသာ ဖွင့်ပြခြင်းဖြစ်သည် ဟူလို။ (နာမပညတ္တိယာ၊ နာမည် ပညတ်ဖြင့်။) ဝါ၊ တနည်း။ ကရဏဘူတာယ၊ ကရိုဏ်းဖြစ်၍ ဖြစ်သော။ နာမပညတ္တိယာ၊ ဖြင့်။ (ဒိဋ္ဌတာယ ဌပိတတာယ တို့၌စပ်။) တေသံ တေသံ ဓမ္မာနံ၊ ထို ထို ခန္ဓာ အစရှိသော တရားတို့၏။ ဒိဋ္ဌတာယ စ၊ ပြအပ်ကုန်သည်၏ အဖြစ်ကြောင့် ၎င်း။ [ဒဿနကို ကြည့်၍ ပြအပ်ဟု အနက်ပေးသည်။] ဌပိတတာယ စ၊ ထားအပ်ကုန်သည်၏ အဖြစ်ကြောင့်၎င်း။ တံ နိမိတ္တတံ၊ ထို ဒဿနကြိယာ ဌပနကြိယာ၏ အကြောင်း၏ အဖြစ်ကို။ သန္ဓာယ၊ ၍။ ကတော၊ ပြီ။ ဣတိ၊ သို့။ ဝေဒိတဗ္ဗော၊ ၏။
ဝိဇ္ဇမာနပညတ္တီတိ အာဒိနာ၊ အစရှိသော။
ဝစနေန၊ စကားဖြင့်။
ပါဠိယံ၊ ပါဠိတော်၌။
(ဝိဇ္ဇမာနပညတ္တိအာဒီနံ၊ ဝိဇ္ဇမာနပညတ် အစရှိကုန်သော။
ဆန္နံ၊ ခြောက်ပါးကုန်သော။
ပညတ္တီနံ၊ ပညတ်တို့၏)။
အနာဂတတံ၊ မလာ ကုန်သည်၏ အဖြစ်ကို။
(မပါကုန်သည်၏ အဖြစ်ကို။)
သန္ဓာယ၊ ၍။
ပါဠိမုတ္တကေနာတိအာဒိံ၊ ကို။
(သင်္ဂဟကာရော) အာဟ၊
ကုသလာကုသလဿေ ဝါတိ၊ ကား။
ကုသလာ ကုသလဿ၊ ကုသိုလ်, အကုသိုလ်၏။
(ဝိဇ္ဇမာနတ္တံ) ဝိယ၊ ထင်ရှားရှိသည်၏ အဖြစ်ကဲ့သို့။
ဝိဇ္ဇမာနဿာတိ ဧတဿ၊ ဟူသော သဒ္ဒါ၏။
သတောတိ၊ သတော ဟူသော။
အတ္ထော၊ အနက်တည်း။
တဿ၊ ထို သတောဟူသော သဒ္ဒါ၏။
သမ္ဘူတဿာတိ၊ သမ္ဘူတဿ ဟူသော။
အတ္ထော၊ အနက်တည်း။
[ဤအလို ဝိဇ္ဇမာနဿ၊ ဝိဇ္ဇမာန ဖြစ်သော။
သတော၊ ထင်ရှား ရှိသော။
သမ္ဘူတဿ၊ ထင်ရှားဖြစ်သော, ဤသို့ အဋ္ဌကထာ၌ ဟု အနက် ပေးရလိမ့်မည်။ ဆရာတို့ကား ဤသို့ အနက်ပေးလေ့ မရှိကြပါ။]
ဝါ၊ တနည်း။
ဝိဇ္ဇမာနဿ သတော တိ(ဧတဿ)၊ ဟူသော ဤပါဌ်၏။
ဝိဇ္ဇမာန ဘူတဿ၊ ထင်ရှားရှိသည်ဖြစ်၍ ဖြစ်သော။
အတ္ထော၊ တည်း။
ဝါ၊ တည်း။
[ဤအလို
"ဝိဇ္ဇမာနဿ၊ ထင်ရှားရှိသည် ဖြစ်၍။
သတော၊ ဖြစ်သော ဟု ပေးရမည်။ ဆရာတို့လည်း ဤအနက်ကိုသာ ပေးလေ့ရှိကြပါသည်။]
တမေဝတ္ထံ၊ ထို အနက်ကိုပင်။
ဒဿေန္တော၊ ပြလိုသည်၏ အဖြစ်ကြောင့်။
သမ္ဘူတဿာတိ၊ ဟူ၍။
(သင်္ဂဟကာရော) အာဟ၊
တေန၊ ထို ဝိဇ္ဇမာနဿ သတောသမ္ဘူတဿ ဟူသော ပါဌ်ဖြင့်။
အဝိဇ္ဇမာနဘာဝံ၊ ဖဿ, ဝေဒနာ စသည်တို့၏ ထင်ရှား မရှိသည်၏ အဖြစ်ကို။
ပဋိက္ခိပတိ၊ ပယ်၏။
တထာ အဝိဇ္ဇမာနဿာတိ၊ ဟူသော ပုဒ်၏။
(အတ္ထော ၌ စပ်။)
အကုသလာဒိသဘာဝတော၊ အကုသိုလ် အစရှိသည်တို့၏ သဘောမှ။
ဝိနိဝတ္တသဘာဝါနိ၊ ဆုတ်နစ်သော သဘောရှိကုန်သော။
ကုသလာဒီနိ၊ ကုသိုလ် အစရှိသော သဘောတို့သည်။
(ဝိဇ္ဇန္တိ) ယထာ၊ ထင်ရှား ရှိကုန်သကဲ့သို့၎င်း။
ဝေဒနာဒိသဘာဝတော၊ ဝေဒနာ အစရှိသည်တို့၏ သဘောမှ။
(ဝိနိဝတ္တသဘာဝါ၊ ဆုတ်နစ်သော သဘောရှိကုန်သော။)
ဖဿာဒယော စ၊ ဖဿ အစရှိသော တရားတို့သည်လည်း။
ဝိဇ္ဇန္တိ (ယထာ)၊ သို့၎င်း။
[ဥပမာန ဝါကျကို ထည့်၍ ဖွင့်သည်။ ထို ဥပမာလည်း ဝိသဒိသူပမာန တည်း။ "ဆုတ်နစ်" ဟူသည်လည်း မရောနှောအောင် တသီးတခြား ခွဲခြားထားခြင်း တည်း။]
တထာ၊ ထို့အတူ။
ဝါ၊ ထို သစ္စာကဋ္ဌပရမတ္ထ၏ အစွမ်းအားဖြင့်။
အဝိဇ္ဇမာနဿ၊ ထင်ရှားမရှိသော။
ယေ ဓမ္မေ၊ အကြင် ခန္ဓာ ၅ ပါး ရုပ်နာမ်တရားတို့ကို။
ဥပါဒါယ၊ ဉာဏ်ဖြင့် ကပ်ယူ၍။
ဣတ္ထီ (တိ)၊ မိန်းမဟူ၍၎င်း။
ပုရိသောတိ၊ ယောင်္ကျားဟူ၍၎င်း။
ဥပလဒ္ဓိ၊ စိတ်၌ရခြင်းသည်။
ဝါ၊ စွဲယူခြင်းသည်။
ဟောတိ၊ ဖြစ်၏။
တေ၊ ထို ခန္ဓာ ၅ ပါး ရုပ် နာမ် တရားတို့ကို။
အပနေတွာ၊ ဖယ်ရှား၍။
ဝါ၊ ဖယ်လိုက်လျှင်။
တေဟိ၊ ထို ခန္ဓာ ၅ ပါး ရုပ်နာမ်တရားတို့မှ။
ဝိနိဝတ္တဿ၊ ဆုတ်နစ်သော။
(အသီးအခြားခွဲထားအပ်သော)။
ဣတ္ထိအာဒိသဘာဝဿ၊ ဣတ္ထိ အစရှိသော သဘာဝဓမ္မ၏။
အဘာဝတော၊ ပရမတ္ထအားဖြင့် ထင်ရှားမရှိခြင်းကြောင့်။
အသမ္ဘူတဿ၊ ထင်ရှားမရှိသော။
ဝါ၊ ထင်ရှားမဖြစ်သော။
(ဣတ္ထိပုရိသာဒိကဿ ၌စပ်။)
ဣတိ အတ္ထော၊ နက်။
ပန၊ ဝါဒန္တရကား။
ဧတဿ၊ ဤ အဝိဇ္ဇာမာနဿဟူသော ပုဒ်၏။
တေနာ ကာရေန၊ ထို ရုပ်ဝေဒနာ အစရှိသော အခြင်းအရာအားဖြင့်။
အဝိဇ္ဇမာနဿ၊ ထင်ရှားမရှိသော။
အညေန၊ ထို ရုပ်, ဝေဒနာ အစရှိသော အခြင်းအရာမှ တပါးသော။
အညေန (ပေ) ဝိဇ္ဇမာနဿ။ ။ [အညေနာကာရေနာတိ တတော ရူပဝေဒနာဒိတော အညေန တဗ္ဗိနိ မုတ္တေန ပညာပေတဗ္ဗပညာပနာကာရေန ဝိဇ္ဇမာနဿ။ အနူ။] ဤ၌ ပညာပေတဗ္ဗ ဟူသည် မိန်းမဟူ၍ ပညတ်ထိုက်သော ခန္ဓာ ငါးပါးအပေါင်းဟူသော သမူဟပညတ်တည်း။ ထို ခန္ဓာငါးပါးအပေါင်းကို ပါဠိလို "ဣတ္ထိ" ဟူ၍၎င်း, မြန်မာလို "မိန်းမ" ဟူ၍၎င်း, နာမည်တပ်၍ ပညတ်ခြင်းကို ပညာပနာကာရဟု ဆိုသည်။ ပုရိသ စသော သက်ရှိ သတ္တဝါတို့၌၎င်း, သစ်ပင် တောတောင် စသော သက်မဲ့ အရာဝတ္ထုတို့၌၎င်း၊ ဤသို့ ပညာပေတဗ္ဗ, ပညာပနာကာရကိုခွဲပါ။ ဆိုလိုရင်းကား လောကသင်္ကေတ အမှတ်အသားအနေအားဖြင့် ထင်ရှားရှိသည်ကို "ဝိဇ္ဇမာန" ဟု ကေစိဆရာတို့က ဆိုလိုသည်။
အာကာရေန၊ ပညတ်ထိုက်သော အနက်ကို ပညတ်ခြင်းဟူသော အခြင်းအရာအားဖြင့်။
ဝိဇ္ဇမာနဿ၊ ထင်ရှားရှိသော။
(ဣတ္ထိပုရိသာဒိကဿ၊ ၌ စပ်။)
ဣတိ၊ သို့။
ယံ အတ္ထံ၊ အကြင် အနက်ကို။
ကေစိ၊ အချို့သောဆရာတို့သည်။
ဝဒန္တိ၊ ဖွင့်ဆိုကြကုန်၏။
တတ္ထ၊ ထို ကေစိဆရာတို့ ဖွင့်ဆိုအပ်သော အနက်၌။
ယံ၊ အကြင် အဆုံးအဖြတ်စကားကို။
ဝတ္တဗ္ဗံ၊ ဆိုသင့် ဆိုထိုက်၏။
တံ၊ ထို အဆုံးအဖြတ်စကားကို။
ပညတ္တိဒုကေ၊ ပညတ္တိဒုက်၌။
(အဋ္ဌသာလိနီ သုတ္တန္တိက ပညတ္တိဒုက်အဖွင့် သေဝတ္ထိကထာ၌။)
(မယာ) ဝုတ္တမေဝ၊ ဆိုအပ်ပြီးသည်သာ။
သဘာဝေ၊ ပရမတ္ထ သဘောသည်။
အဝိဇ္ဇမာနေပိ၊ ထင်ရှားမရှိပါသော်လည်း။
လောကနိရုတ္တိံ၊ လောက၌ ထုတ်ဖော်ပြောဆိုအပ်သော နာမည်သို့။
အနုဂန္တွာ၊ အစဉ်လိုက်၍။
အနဘိနိဝေသေန၊ မှားမှားယွင်းယွင်း နှလုံးသွင်းခြင်းမရှိသော။
(ဣတ္ထိ ဆိုတာ တကယ်ထင်ရှားရှိသည်ဟူ၍ မှားမှားယွင်းယွင်း နှလုံးသွင်းခြင်း မရှိသော။)
ဣတ္ထီ (တိ)၊ မိန်းမ ဟူ၍၎င်း။
ပုရိသောတိ၊ ယောင်္ကျား ဟူ၍၎င်း။
ဂဟဏသဗ္ဘာဝါ၊ မှတ်ယူခြင်း၏ ထင်ရှားရှိသည်၏ အဖြစ်ကြောင့်။
လောကနိရုတ္ထိ မတ္တသိဒ္ဓဿာတိ၊ ဟူ၍။
(သင်္ဂဟကာရော) အာဟ၊
ပန၊ ကား။
သာဘိနိဝေသေန၊ မှားမှားယွင်းယွင်း နှလုံးသွင်းခြင်းနှင့် တကွဖြစ်သော။
စိတ္ထေန၊ စိတ်ဖြင့်။
ဂယှမာနံ၊ ယူအပ်သော။
(သာသနာပပုဂ္ဂိုလ်တို့ ယူအပ်သော။)
ပဉ္စမသစ္စာဒိကံ၊ ငါးခုမြောက်သော သစ္စာ အစရှိသော အနက်ကို။
(ဝုတ္တံ ၌စပ်။)
ဝါ၊ သည်။
(သိဒ္ဓံ၊ ၌ စပ်။)
သဘာဝတော၊ ပရမတ္ထသဘောအားဖြင့်။
န (သိဒ္ဓံ)၊ ပြီးစီးသည်မဟုတ်။
သင်္ကေတေန အပိ၊ လောကအမှတ် သင်္ကေတ ပညတ်အားဖြင့်လည်း။
န သိဒ္ဓံ၊ ပြီးစီးသည် မဟုတ်။
ဣတိ၊ ကြောင့်။
သဗ္ဗာကာရေနပိ အနုပလဘနေယျန္တိ၊ ဟူ၍။
(သင်္ဂဟကာရေန ) ဝုတ္တံ၊
[သဘာဝတော ဖြင့် အဋ္ဌကထာ၌ လာသော သစ္စိကဋ္ဌ ပရမတ္ထဝသေန ကို ပြသည်။ သင်္ကေတေန သိဒ္ဓံ ဖြင့် အဋ္ဌကထာ၌ လာသော လောကနိရုတ္တိမတ္တသိဒ္ဓဿ ကို ပြသည်။]
တာသု ဣမသ္မိံ (ပေ) လဗ္ဘန္တီတိ၊ ဟူသော ဤစကားကို။
ဣမသ္မိံ ပကရဏေ၊ ဤ ပုဂ္ဂလပညတ်ကျမ်း၌
သရူပတော၊ သရုပ်အားဖြင့်။
တိဿန္နံ၊ ၃ ပါးကုန်သော ဝိဇ္ဇမာန ပညတ်, အဝိဇ္ဇမာန ပညတ်, ဝိဇ္ဇမာနေန အဝိဇ္ဇမနာပညတ်တို့၏။
အာဂတတံ၊ လာကုန်သည်၏ အဖြစ်ကို။
သန္ဓာယ၊ ၍။
(သင်္ဂဟကာရေန)ဝုတ္တံ၊
ပန၊ ကား။
ယထာဝုတ္တဿ၊ ဝိဇ္ဇမာနပညတ္တိ အဝိဇ္ဇမာနပညတ္ထိ အစ ရှိသည်ဖြင့် အကြင် အကြင် ဆိုအပ်ပြီးသော ၆ ပါးအပြားရှိသော။
အဋ္ဌကထာနယဿ၊ ရှေးအဋ္ဌကထာ၌ လာသော နည်းအား။
အဝိရောဓေန၊ မဆန့်ကျင်သောအားဖြင့်။
အာစရိယ ဝါဒါ၊ ဆရာတို့၏ ဝါဒဖြစ်သော ဥပါဒါပညတ်စသော ပညတ်တို့ကို။
ယောဇေတဗ္ဗာ၊ ယှဉ်စေထိုက်ကုန်၏။
[အခြားနေရာ၌ အဋ္ဌကထာကိုလည်း "အာစရိယဝါဒ" ဟုခေါ်၏။ ဤနေရာ၌ကား အတ္တနောမတိ ကိုသာ "အာစရိယ ဝါဒ" ဟု ယူပါ။]
တသ္မာ၊ ကြောင့်။
(ထိုသို့ ဆိုအပ်ပြီးသော အဋ္ဌကထာနည်းလာ ပညတ် ၆ ပါးနှင့် မဆန့်ကျင်အောင် အာစရိယ ဝါဒဖြစ်သော ဥပါဒါပညတ် အစရှိသည်တို့၏ ယှဉ်စေထိုက်ကုန်သည်၏ အဖြစ်ကြောင့်။)
ပညပေတဗ္ဗဋ္ဌေန စေသာ ပညတ္တီတိ ဧတဿ၊ ဟူသော ဤပါဌ်၏။
(အတ္ထော ၌ စပ်။)
သဘာဝတော၊ ပရမတ္ထသဘော အားဖြင့်။
အဝိဇ္ဇမာနတ္တာ၊ ထင်ရှားမရှိသည်၏ အဖြစ်ကြောင့်။
အဝိဇ္ဇမာနတ္တာ (ပေ) ပညတ္တိ။ ။ ဤပါဌ်ဖြင့် "အဝိဇ္ဇာမာနာ ပရမတ္ထအားဖြင့် ထင်ရှားမရှိသော၊ ပညတ္ထိပညတ်အပ်သော အနက်တည်း၊ အဝိဇ္ဇာမာနပညတ္တိ အနက်" ဤသို့သော ဝစနတ္ထကို ပြ၏။ မှန်၏ "အဝိဇ္ဇမာနဿ ပညတ္တိ အဝိဇ္ဇမာနပညတ္တိ" ဟု ဆဋ္ဌီ တပ္ပုရိသ်သမာသ်ပြုလျှင် ထင်ရှားမရှိသော အနက်ကို သိစေတတ်သော မည်ပညတ် ရ၏။ "အဝိဇ္ဇမာနာ ပညတ္တိ အဝိဇ္ဇမာနပညတ္တိ" ဟု ကမ္မဓာရဲပြုလျှင် ဥပါဒါ ပညတ်စသော ထင်ရှားမရှိသော အတ္ထပညတ်ရသည်။
ဝါ၊ ထင်ရှားမရှိသည်အတွက်။
ပညပေတဗ္ဗမတ္တဋ္ဌေန၊ ပညတ်ထိုက်ကုန်သည်၏ အဖြစ်မျှ ဖြစ်သော အနက်ကြောင့်။
ပညတ္တိ၊ အတ္ထပညတ် သည်။
(ဟောတိ) ဣတိ အတ္ထော၊ ကို။
(ဒဋ္ဌဗ္ဗော၊ )။
ဟိ၊ ချဲ့။
[ရှေးနိဿယ၌ တပ္ပါကဋီကရဏ အနက်စွဲ၏။]
ပညပေတဗ္ဗမ္ပိ၊ ပညတ်ထိုက်သော အနက်သဘောသည်လည်း။
(န လဘတိ, လဘတိ တို့၌ စပ်။)
သသဘာဝံ၊ ခံစားခြင်း စသော သဘောနှင့် တကွဖြစ်သော ဝေဒနာစသော အနက်သည်။
သသဘာဝံ (ပေ) လာဘတော။ ။ သသဘာဝန္တိ ဝေဒနာဒိကံ၊ တဇ္ဇပရမတ္ထနာမလာဘတောတိ တဇ္ဇဿ တဒနရူပဿ ပရမတ္ထဿ အနွတ္ထဿ နာမဿ လဘနတော (ပေ) ဧတေန ဝိသေသနိဝတ္တိ အတ္ထော မတ္တ သဒ္ဒေါ။ ပညပေတဗ္ဗ အနက်မှ တပါး အခြားထူးခြားသော အနက်မရှိဟု မတ္တ သဒ္ဒါက ပြသည်။ အနူ။
တဇ္ဇပရမတ္ထနာမလာဘတော၊ ထို ခံစားခြင်း စသော သဘောအားလျော်စွာ ဖြစ်သော မဖောက်မပြန် မှန်သော အနွတ္ထနာမည်ကို ရခြင်းကြောင့်။
ပရတော တပါးသော တရားမှ။
ပရတော လဘိတဗ္ဗံ။ ။ "ဝေဒနာ" စသော အမည်သည် ပရမတ္ထအားဖြင့် ထင်ရှားရှိသော အမည်ဖြစ်သောကြောင့် မိမိသဘောအတိုင်း ရအပ်သော အမည် ဖြစ်ရကား တပါးသော တရားမှ ရအပ်သော နာမည် မဟုတ်၊ "သတ္တ" စသော အမည်ကား ရုပ်ဝေဒနာ စသည်ကို ပေါင်း၍ (ထိုအပေါင်းကို အစွဲပြု၍) ရအပ်သော အမည် ဖြစ်သောကြောင့် "ပရတော လဘိတဗ္ဗ တပါးသော တရားအပေါင်းမှ ရထိုက်သော အမည်ဖြစ်သည်" ဟူလို။
လဘိတဗ္ဗံ၊ ရထိုက်သော။
ပညတ္တိနာမံ၊ ဝေဒနာ စသော ပညတ်နာမည်ကို။
န လဘတိ၊ မရ။
["မိမိ အနက်အတိုင်း ရသည်" ဟူလို။]
ပန၊ ကား။
နိဿဘာဝံ၊ ပရမတ္ထ သဘာဝ မဟုတ်သော နာမည်သည်။
သဘာဝါဘာဝတော၊ ပရမတ္ထ သဘော၏ မရှိခြင်းကြောင့်။
အတ္တနော၊ ၏။
သဘာဝေန၊ သဘောအားဖြင့်။
နာမံ၊ အမည်ကို။
န လဘတိ၊ ရသည်မဟုတ်။
ဣတိ၊ ကြောင့်။
သတ္တောဒိအာဒိကေန၊ သတ္တော အစရှိသော။
နာမေန၊ နာမည်အားဖြင့်။
ပညပိတဗ္ဗမတ္တဋ္ဌေန၊ ပညတ်ထိုက်သည်၏ အဖြစ်မျှ ဖြစ်သော အနက်ဖြင့်။
ဝါ၊ ကြောင့်။
ပညတ္တီတိ၊ ပညတ်ဟူ၍။
နာမံ၊ အမည်ကို။
လဘတိ၊ ရ၏။
စ၊ ဆက်။
သတ္တာဒယော၊ သတ္တ အစရှိသော အနက်တို့သည်။
နိဿဘာဝါ၊ ပရမတ္ထ သဘောမဟုတ်ကြကုန်။
ဟိ၊ မှန်။
သသဘာဝဿ၊ ပရမတ္ထ သဘောနှင့်တကွ ဖြစ်သော ရုပ် ဝေဒနာ အစရှိသော အနက်၏။
ရူပါဒီဟိ၊ ရုပ် အစရှိသည်တို့မှ။
ဝါ၊ တို့နှင့်။
ဧကတ္တေန (ဝါ)၊ တခုတည်း၏ အဖြစ်ဖြင့်၎င်း။
ဧကတ္တေန အညတ္တေန။ ။ ပရမတ္ထ သဘာဝနာမည် ဟူသမျှ၌ ပရမတ္ထ သဘောနှင့် အတ္ထပညတ်သည် တခုတည်းဟု လည်း မဆိုနိုင်၊ ပညတ်တခြား သဘောတခြား ဟုလည်း မဆိုနိုင်။ ဥပမာ ရုပ္ပန သဘောနှင့် ရူပသည် တခုတည်းလည်း မဖြစ်နိုင်၊ တခြားစီလည်း မဖြစ်နိုင်သကဲ့သို့ တည်း။ ထို့ကြောင့် "ရူပါဒိဟိ ဧကတ္တေန အညတ္တေန ဝါ အနူပလဗ္ဘသဘာဝတာ န အတ္ထိ" ဟု ဆိုသည်။
အညတ္တေန ဝါ၊ တပါးတခြား၏ အဖြစ်ဖြင့်၎င်း။
အနုပလဗ္ဘသဘာဝတာ၊ မရထိုက်သော သဘောရှိသည်၏ အဖြစ်သည်။
န အတ္ထိ၊
ဣတိ၊ အသို့ မှတ်အပ်၏။
[ကသ္မာ ပညပေတဗ္ဗဋ္ဌေန ပညတ္တီတိ အတ္ထော၊ ကို။
ဒဋ္ဌဗ္ဗော၊ နည်း။
ဟိ (ယသ္မာ) ပညပေတဗ္ဗမ္ပိ (ပေ) န အတ္ထိ၊
ဣတိ (တသ္မာ) ပညပေတဗ္ဗဋ္ဌေန ပညတ္တီတိ အတ္ထော ဒဋ္ဌဗ္ဗော၊ ဤသို့လည်း အနက်ပေးပါ။]
ကိရီဋံ၊ ကိရီဋ ဟူသည်။
မကုဋ၊ မကိုဋ်တည်း။
အဿ၊ ထို ပုဂ္ဂိုလ်၏။
တံ၊ ထို မကိုဋ်သည်။
အတ္ထိ၊
ဣတိ၊ ထို သို့ မကိုဋ်ရှိသည်၏ အဖြစ်ကြောင့်။
(သော၊ သည်။)
ကိရီဋီ၊ မည်၏။
စ၊ ဆက်။
ဧတသ္မိံ စ (ပေ) ကာတဗ္ဗော။ ။ အာစရိယနယအားဖြင့်ပြအပ်သော ဥပါဒါ ပညတ် စသော ၆ ပါးသော ပညတ်တို့၏ အဋ္ဌကထာနည်းအားဖြင့် ပြအပ်သော ဝိဇ္ဇမာန စသော ၆ ပါးသော ပညတ် တို့၌ အတွင်းဝင်ပုံကို မိမိအလိုအားဖြင့် ပြလိုသော ဋီကာဆရာသည် "ဧတသ္မိံ စ အာစရိယ ဝါဒေ" စသည်ကို မိန့်သည်။ အနူနေန လက္ခဏေန ၌ "မယုတ်လျော့သော လက္ခဏာ" ဟူသည် ဝိဇ္ဇမာနပညတ် စသည်တို့အတွက် မယုတ်လျော့သော လက္ခဏာ တည်း။ ထို့ကြောင့် ဥပါဒါ စသော ပညတ်တို့၏ ပရမတ္ထအားဖြင့် ထင်ရှားရှိခြင်းသည် ဝိဇ္ဇမာန ပညတ်၏ လက္ခဏာတည်း။ ပရမတ္ထအားဖြင့် ထင်ရှားမရှိခြင်းသည် အဝိဇ္ဇမာန ပညတ်၏ လက္ခဏာတည်း။ ပရမတ္ထအားဖြင့် ထင်ရှား မရှိခြင်းသည် အဝိဇ္ဇမာန ပညတ်၏ လက္ခဏာတည်း။ ထင်ရှား ရှိ မရှိ ၂ ပါးစုံ ရောနေခြင်းသည် ဝိဇ္ဇမာနေန အဝိဇ္ဇမာန စသော ပညတ်တို့၏ လက္ခဏာတည်း။
ဧကသ္မိံ အာစရိယ ဝါဒေ၊ ဤ အာစရိယဝါဒ၌။
(အဋ္ဌကထာမုတ္တေကေန ပန အာစရိယ နယေန အပရာပိ ဆပညတ္တိယော စသည်ဖြင့် ဆိုအပ်သော အာစရိယ ဝါဒ၌။)
အနူနေန၊ မယုတ်လျော့သော။
လက္ခဏေန၊ လက္ခဏာသည်။
ဘဝိတဗ္ဗံ၊ ဖြစ်ထိုက်၏။
ဣတိ၊ ကြောင့်။
သဗ္ဗသမောရောဓော၊ အလုံးစုံသော ဝိဇ္ဇမာနပညတ်စသော ပညတ်တို့၏ အတွင်းသို့ သွင်းခြင်းကို။
ကာတဗ္ဗော၊ ပြုထိုက်။
ဟိ၊ ချဲ့။
ဒုတိယံ၊ နှစ်ခုမြောက်သော ဝတ္ထု။
တတိယံ၊ သုံးခုမြောက်သော ဝတ္ထု။
ဣတိ ဧဝံ ပကာရာ၊ ဤသို့ အတူရှိသော။
ဥပနိဓာပညတ္တိ၊ ဥပနိဓာပညတ်သည်၎င်း။
ဥပနိက္ခိတ္ထကပညတ္တိ စ၊ ဒွေ တီဏိ စတ္တာရိ အတူရှိသော ဥပနိက္ခိတ္တကပညတ်သည်၎င်း။
သင်္ခါတဗ္ဗပ္ပဓာနတ္တာ၊ ရေတွက်ထိုက်သော အနက်ဟူသော ပဓာန ရှိကုန်သည်၏ အဖြစ်ကြောင့်။
သင်္ခါတဗ္ဗပ္ပဓာနတ္တာ (ပေ) တဇတိ။ ။ "ဒုတိယံ ၂ ခုမြောက်" ဟူရာ၌ ရေတွက်အပ်သော ၂ ခုမြောက် ဝတ္ထုသည် ပဓာန ဖြစ်၏။ ထိုဝတ္ထုသည် " ၂ ခုမြောက် ဝေဒနာ" ဖြစ်လျှင် ထို ဒုတိယ သည် ဝိဇ္ဇမာနပညတ်သို့ ဝင်၏။ ၂ ခုမြောက် ဝတ္ထုက တေဝိဇ္ဇ ဖြစ်လျှင် ဝိဇ္ဇမာနေနအဝိဇ္ဇမာန ပညတ်သို့ သက်ဝင်၏။ ဤသို့ စသည်ဖြင့် သိပါ။
ဆပိ၊ ၆ ပါးလည်းဖြစ်ကုန်သော။
ပညတ္တိယော၊ ဝိဇ္ဇမာန စသော ပညတ်တို့ကို။
ဘဇတိ၊ ကပ်ဝင်၏။
ဣတိ၊ သို့။
ဝတ္တုံ၊ ငှါ။
ယုတ္တံ၊ သင့်၏။
ဣတရာ စ၊ ဥပနိဓာပညတ်, ဥပနိက္ခိတ္တက ပညတ်မှ တပါးသော ပညတ်တို့သည်ကား။
ဣတရာ စ။ ။ "ဣတရာ" အရ ဥပါဒါ, သမောဓာန, တဇ္ဇာ ,သန္တတိ, ပညတ် တို့ကို၎င်း၊ ဒုတိယံ တတိယံ၊ ဒွေ တီဏိ စသော ဥပနိဓာ ပညတ်, ဥပနိက္ခိတ္တက ပညတ်တို့မှ ကြွင်းသော ဥပနိဓာပညတ်, ဥပနိက္ခိတ္တက ပညတ်တို့ကို၎င်း ယူရသည်။ [ဣတရာတိ ဥပါဒါ သမောဓာန တဇ္ဇာ သန္တတိပညတ္တိယော ဝုတ္တာဝသေသာ ဥပနိဓာပညတ္ထိ ဥပနိက္ခိတ္တက ပညတ္တိယော စ။ အနူ။]
(ဥပါဒါပညတ်, သမောဓာန ပညတ်, တဇ္ဇာပညတ်, သန္တတိပညတိ, ဒုတိယ တတိယ စသည်မှ ကြွင်းသော ဥပနိဓာပညတ်, ဥပနိက္ခိတ္တကပညတ်တို့သည်ကား။)
ယထာယောဂံ၊ ယှဉ်ထိုက်သည့် အားလျော်စွာ။
ယထာယောဂံ တံ တံ ပညတ္တိံ။ ။ သတ္တရထာဒိဘေဒါ ဥပါဒါပညတ္တိ, ဒီဃရဿာဒိဘေဒါ ဥပနိဓာပညတ္တိ စ အဝိဇ္ဇမာန ပညတ္တိံ (ဘဇတိ)။ ဟတ္ထဂတာဒိ ဝိသိဋ္ဌာ ဥပနိဓာပညတ္တိ, သမောဓာနပညတ္တိ စ အဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ္တိံ (ဘဇတိ)။ တဒေဝ "သုဝဏ္ဏဝဏ္ဏော ဗြဟ္မဿရော" တိ အာဒိကာ ဝိဇ္ဇမာန ဂဗ္ဘာ ဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ္တိံ ဘဇန္တီတိ အာဟ ယထာယောဂံ တံတံ ပညတ္တိန္တိ။ အနူ။
တံ တံ ပညတ္ထိံ၊ ထိုထို ဝိဇ္ဇမာန စသော ပညတ်သို့။
(ဘဇတိ)၊
ဣတိ၊ သို့။
(ဝတ္တုံ ယုတ္တံ၊ )
[ဤကား ဋီကာဆရာ၏ ဝါဒတည်း။]
ပန၊ မိမိဝါဒမှ တပါး အဋ္ဌကထာဝါဒကား။
ဒုတိယံ (ပေ) နတ္ထီတိ။ ။ ဤမှ စ၍ ဝိဇ္ဇမာနောတိ တိုင်အောင် စကားရပ် သည် အဋ္ဌကထာ၏ အလိုကို ဖွင့်ပြသော စကားတည်း။ ဒုတိယံ အရ အရေအတွက် သင်္ခါ (သင်္ချာ) ကို ပဓာန ရသောကြောင့် ထို အရေအတွက် သင်္ချာက တစုံတရာ အထည်ဝတ္ထု မဟုတ်ရကား "သင်္ခါ နာမ ကာစိ နတ္ထိ" ဟု ဆိုသည်။
ဒုတိယံ၊ ၂ ခုမြောက်။
တတိယံ၊ ၃ ခုမြောက်။
ဒွေ၊ ၂ ခုတို့။
တီဏိ၊ ၃ ခုတို့။
ဣတိ အာဒိ၊ ဤသို့ အတူရှိသော။
သင်္ခါနာမ၊ အရေအတွက်မည်သော။
ကာစိ၊ တစုံတခုသည်။
နတ္ထိ၊ ပရမတ္ထအားဖြင့် ထင်ရှားမရှိ။
ဣတိ၊ ကြောင့်။
တာသံ ဥပါဒါသန္တတိ ပညတ္တီနံ၊ ထို ဥပါဒါ ပညတ်, ဘန္တတိ ပညတ်တို့၏။တာသံ ဥပါဒါ သန္တတိ ပညတ္တီနံ။ ။ တာသံဖြင့် ညွှန်ပြအပ်သော ဒုတိယံ, တတိယံ ဟူသော ပညတ်သည် ဥပနိဓာ ပညတ်တည်း။ ဒွေ, တီဏိ ဟူသော ပညတ်သည် ဥပနိက္ခိတ္တက ပညတ်တည်း။ သို့သော် ထို ပညတ် ၂ မျိုး သည် တစ်ကိုစွဲ၍ နှစ်ဟု ဖြစ်နိုင်သော ကြောင့်၎င်း, တစ် နှင့် နှစ်သည် အစဉ်သန္တာန် ဖြစ်သောကြောင့်၎င်း ဥပါဒါ ပညတ်လည်း ဖြစ်နိုင် သန္ထတိပညတ်လည်း ဖြစ်နိုင်ပြန်၏။ ထို့ကြောင့် "တာသံ ဥပါဒါသန္တတိပညတ္တီနံ" ဟု ဆိုသည်။
မဓုဋီကာ။ ။ မဓု၌ကား "တာသန္တိ ဥပနိဓာဥပနိက္ခိတ္တက ပညတ္ထီနံ ဥပါဒါ သန္တတိ ပညတ္တိဘာဝံ မညမာနောတိ ယောဇနာ" ဟု တွေ့ရ၏။ ကောင်းမည်မထင်။ ပါဌ်ပျက်ဟန် တူသည်။ "တာသံ ဥပါဒါသန္တတိပညတ္တီနံ အဝိဇ္ဇမာန ပညတ္တိဘာဝံ မညမာနောတိ ယောဇနာ" ဟု မူလပါဌ် ရှိဟန်တူသည်။ တေန စ အယံ ပဌမ အာစရိယဝါဒေါ ဝိယ န ဝိသုံ လက္ခဏော (ဝိဇ္ဇမာန စသော အဋ္ဌကထာဝါဒသည် အသီးအသီး ကိုယ်စီကိုယ်ဝ လက္ခဏာရှိသကဲ့သို့ ဤ ပဌမ အာစရိယ ဝါဒသည် အသီးအသီး လက္ခဏာ မရှိ။) အထခေါ အညမညမ္ပိ သဒိသလက္ခဏာ (စင်စစ်ကား ဥပနိဓာ ဥပနိက္ခိတ္တက ပညတ်တို့သည် ဥပါဒါပညတ် သန္တတိပညတ်နှင့် တူသော လက္ခဏာ ရှိကုန်သကဲ့သို့ အချင်းချင်း လည်းတူသော လက္ခဏာ ရှိကြ၏။) ဣတိ ဒဿေတိ။ တေန စ စသော မဓု အဖွင့် အတိုင်း ဥပနိဓာ ပညတ်, ဥပနိက္ခိတ္တက ပညတ်တို့ကိုပင် "တာသံ ဥပါဒါသန္တတိ ပညတ္တီနံ" ဟု ဆိုထားပုံကို သိပါ။ အဝိဇ္ဇာမာနပညတ္တိဘာဝံ၊ အဝိဇ္ဇမာန ပညတ်၏ အဖြစ်ကို၎င်း။ (မညမာနော ၌စပ်။) ဣတရာသံ၊ ဆိုအပ်ပြီးသော ဒုတိယ, တတိယ, ဒွေ, တီဏိ အစရှိသည်တို့မှ တပါးကုန်သော။ ယထာနိဒဿိတာနံ၊ အကြင် အကြင် တဒညာပေက္ခူပနိဓာ, ဟတ္ထဂတူပနိဓာ စသည်ဖြင့် ထုတ်၍ ပြအပ်ကုန်သော။ ဥပနိဓာပညတ္တီနံ၊ ဥပနိဓာ ပညတ်တို့၏။ အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ္တိဘာဝံ စ၊ ပညတ်၏ အဖြစ်ကို၎င်း။ မညမာနော၊ မှတ်ထင်သည်။ (ဟုတွာ) သေသာ (ပေ) ဘဇန္တီတိ၊ ဟူ၍။ (သင်္ဂဟ ကာရော) အာဟ၊
မဓုဋီကာ။ ။ မဓု၌ကား "တာသန္တိ ဥပနိဓာဥပနိက္ခိတ္တက ပညတ္ထီနံ ဥပါဒါ သန္တတိ ပညတ္တိဘာဝံ မညမာနောတိ ယောဇနာ" ဟု တွေ့ရ၏။ ကောင်းမည်မထင်။ ပါဌ်ပျက်ဟန် တူသည်။ "တာသံ ဥပါဒါသန္တတိပညတ္တီနံ အဝိဇ္ဇမာန ပညတ္တိဘာဝံ မညမာနောတိ ယောဇနာ" ဟု မူလပါဌ် ရှိဟန်တူသည်။ တေန စ အယံ ပဌမ အာစရိယဝါဒေါ ဝိယ န ဝိသုံ လက္ခဏော (ဝိဇ္ဇမာန စသော အဋ္ဌကထာဝါဒသည် အသီးအသီး ကိုယ်စီကိုယ်ဝ လက္ခဏာရှိသကဲ့သို့ ဤ ပဌမ အာစရိယ ဝါဒသည် အသီးအသီး လက္ခဏာ မရှိ။) အထခေါ အညမညမ္ပိ သဒိသလက္ခဏာ (စင်စစ်ကား ဥပနိဓာ ဥပနိက္ခိတ္တက ပညတ်တို့သည် ဥပါဒါပညတ် သန္တတိပညတ်နှင့် တူသော လက္ခဏာ ရှိကုန်သကဲ့သို့ အချင်းချင်း လည်းတူသော လက္ခဏာ ရှိကြ၏။) ဣတိ ဒဿေတိ။ တေန စ စသော မဓု အဖွင့် အတိုင်း ဥပနိဓာ ပညတ်, ဥပနိက္ခိတ္တက ပညတ်တို့ကိုပင် "တာသံ ဥပါဒါသန္တတိ ပညတ္တီနံ" ဟု ဆိုထားပုံကို သိပါ။ အဝိဇ္ဇာမာနပညတ္တိဘာဝံ၊ အဝိဇ္ဇမာန ပညတ်၏ အဖြစ်ကို၎င်း။ (မညမာနော ၌စပ်။) ဣတရာသံ၊ ဆိုအပ်ပြီးသော ဒုတိယ, တတိယ, ဒွေ, တီဏိ အစရှိသည်တို့မှ တပါးကုန်သော။ ယထာနိဒဿိတာနံ၊ အကြင် အကြင် တဒညာပေက္ခူပနိဓာ, ဟတ္ထဂတူပနိဓာ စသည်ဖြင့် ထုတ်၍ ပြအပ်ကုန်သော။ ဥပနိဓာပညတ္တီနံ၊ ဥပနိဓာ ပညတ်တို့၏။ အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ္တိဘာဝံ စ၊ ပညတ်၏ အဖြစ်ကို၎င်း။ မညမာနော၊ မှတ်ထင်သည်။ (ဟုတွာ) သေသာ (ပေ) ဘဇန္တီတိ၊ ဟူ၍။ (သင်္ဂဟ ကာရော) အာဟ၊
ဒုတိယံ၊ နှစ်ခုမြောက်။
ဝါ၊ နှစ်ခုမြောက်သော ဝတ္ထု။
တတိယံ၊ သုံးခုမြောက်။
ဝါ၊ သုံခုမြောက်သော ဝတ္ထု။
ဒွေ၊ နှစ်ခုတို့။
တီဏိ၊ သုံးခုတို့။
ဣတိအာဒီနံ၊ ဤသို့ အတူရှိကုန်သော။
ဥပနိဓာဥပနိက္ခိတ္တကပညတ္တီနံ၊ တို့၏။
အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ္တိဘာဝမေဝ၊ ပညတ်၏ အဖြစ်ကိုသာ။
(သင်္ဂဟကာရော) မညတိ၊ ၏။
ဟိ၊ မှန်။
ယံ ပဌမာဒိကံ၊ အကြင် ပဌမ အစရှိသော အနက်ကို။
အပေက္ခိတွာ၊ ရှုငဲ့၍၎င်း။
ဝါ၊ ထောက်စာ၍၎င်း။
[ဤစကားဖြင့် ဒုတိယ, တတိယ စသော ဥပနိဓာပညတ်ကို ပြသည်။]
ယဿ ဧကာဒိကဿ၊ အကြင် တခု အစရှိသော အနက်၏။
ဥပနိက္ခိပိတွာ၊ အနီး၌ ထား၍၎င်း။
ဝါ၊ ကပ်ထား၍၎င်း။
[ဤစကားဖြင့် ဒွေ တီဏိ စသော ဥပနိက္ခိတ္တက ပညတ်ကို ပြသည်။]
ပညပီယတိ၊ အပြားအားဖြင့် သိစေအပ်၏။
ဝါ၊ ပညတ်အပ်၏။
တဉ္စ သင်္ခါနံ၊ ထို ပဌမ အစရှိသော, ဧက အစရှိသော သင်္ချာသည်လည်း။
တဉ္စ သင်္ခါနံ။ ။ သင်္ခါန သဒ္ဒါသည် သင်္ခါ သဒ္ဒါကဲ့သို့ ရေတွက်ကြောင်း သင်္ချာကို ဟော၏။ သို့သော် တဉ္စ ၌ စ သဒ္ဒါဖြင့် ရေတွက်အပ်သော သင်္ချေယျကိုလည်း ယူပါ။ ဤသို့ ပဌမ,ဧက စသည်တို့ဖြင့် သင်္ချေယျတိုင်အောင် ယူအပ်သောကြောင့် တာသံ ဥပါဒါ သန္တတိ ဗညတ္တီနံ တုန်းကကဲ့သို့ သင်္ချာသက်သက်သာမက သင်္ချေယျ ဖြစ်သော အနက် ဒြဗ်ကိုလည်း ယူရသည်။ ထိုသို့ ယူရသောကြောင့် ဤပညတ်တို့ကို ဥပနိဓာပညတ်, ဥပနိက္ခိတ္တကပညတ် ဟု နာမည်တပ်ရသည်။ [တဉ္စ သင်္ခါနန္တိ ယံ ပဌမံ ဧကန္တိအာဒိကံ သင်္ခါနံ၊ တဉ္စ သင်္ခါမုခေန ဂဟေတဗ္ဗရူပံ၊ စ သဒ္ဒေန သင်္ချေယျံ သင်္ဂဏှာတိ။ တမ္ပိ ဟိ ပညာပေတဗ္ဗံ ပညတ္တိ။ မှတ်၏ ထို အသင်္ချေယျသည်လည်း ပညတ်ထိုက်သော အရာဝတ္ထုဖြစ်၍ ပညတ္တိ မည်၏ အနူ။] ဤသို့ ပဌမ စသည် ဧက စသည်တို့က သင်္ချေယျ အနက် ပါရသောကြောင့် ဥပနိဓာပညတ်, ဥပနိက္ခိတ္တက ပညတ်ဟု နာမည်တပ်ရသည်။ ရှေ့၌ အရေအတွက် သင်္ချာသာ ရသောကြောင့် ဥပါဒါပညတ်, သန္တတိ ပညတ် ဟု နာမည် တပ်ခဲ့သည်။
ကိဉ္စိ၊ တစုံတခုလည်း။
နတ္ထိ၊ ပရမတ္ထအားဖြင့် ထင်ရှားမရှိ။
ဣတိ၊ ဤသို့ မှတ်အပ်၏။
[တဉ္စ ၌ စဖြင့် သင်္ချေယျ ကို ယူပါ။]
တထာ၊ တူ။
သန္တတိပညတ္တိယာ စ၊ ၏လည်း။
(အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ္တိ ဘာဝမေဝ သင်္ဂဟကာရော မညတိ။)
[တထာတိ ဣမိနာ အဝိဇ္ဇမာနေန အဝိဇ္ဇမာန ဘာဝန္တိ ဧတံ အာကဍ္ဎတိ။ အနူ။]
ဟိ၊ မှန်။
အသီတိ၊ ဂဝ သည်၎င်း။
(ဤကား သင်္ချာနပဓာနတည်း။)
အာသီတိကော စ၊ အသက် ၈၀ ရှိသော ပုဂ္ဂိုလ်သည်၎င်း။
(ဤကား သင်္ချေယျ ပဓာနတည်း။)
ဝိဇ္ဇမာနော၊ ပရမတ္ထအားဖြင့် ထင်ရှားရှိသည်။
န (ဟောတိ) မဟုတ်။
ဣတိ၊ ဤသို့ မှတ်အပ်၏။
[ကသ္မာ တထာ သန္တတိ ပညတ္တိယာ စ အဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ္တဘာဝမေဝ သင်္ဂဟကာရော မညတိ၊
ဣတိ ဝိညာယတိ၊
ဟိ ယသ္မာ အသီတိအာသီတိကော စ ဝိဇ္ဇမာနော န ဟောတိ၊
ဣတိ တသ္မာ တထာ (ပေ) မညတိ၊
ဣတိ ဝိညာယတိ၊
ဤသို့လည်း အနက်ပေးပါ။]
ဧကစ္စာ ဘူမိပညတ္တီတိ၊ ဟူသော စကားကို။
ကာမာဝစရာဒိ ပညတ္တိံ၊ ကာမာဝစရ အစရှိသော ပညတ်ကို။
[အာဒိဖြင့် ရူပါဝစရ, အရူပါဝစရကို ယူ။၀
သန္ဓာယ၊ ၍။
(သင်္ဂဟကာရော) အာဟ၊ ]
ဟိ၊ မှန်။
ကာမာဝစရာဒိ၊ ကာမာဝစရ အစရှိသော တရားတို့သည်။
သဘာဝဓမ္မာ၊ ပရမတ္ထ သဘောတရားတို့တည်း။
[ထို့ကြောင့် ဝိဇ္ဇမာန ပညတ်ခေါ်သည်။]
ဣတိ(အယံ)၊ ကား။
အဓိပ္ပါယော၊ အဋ္ဌကထာ ဆရာအလိုတည်း။
[ထို အဋ္ဌကထာ ဆရာ၏ အလိုကို မနှစ်သက်သောကြောင့် ကာမောတိ ပန စသည်ကို မိန့်။]
ပန၊ ထိုသို့ အလိုရှိပါသော်လည်း။
ကာမောတိ၊ ဟူသော ပါဌ်ဖြင့်။
ဩကာသေ၊ ကာမာဝစရ ၁၁ ဘုံဟူသော အရပ်ကို။
ဂဟိတေ၊ ယူအပ်သော်။
ဧသာ၊ ကာမာဝစရာ အစရှိသော အချို့သော ဘူမိ ပညတ်သည်။
အဝိဇ္ဇမာနေန ဝိဇ္ဇမာ န ပညတ္တိ၊ သည်။
ဘဝိတုံ၊ ငှါ။
အရဟတိ၊ ၏။
(ကာမောတိ၊ ပါဌ်ဖြင့်။)
ကမ္မနိဗ္ဗတ္တက္ခန္ဓေသု၊ ကံကြောင့် ဖြစ်သော ခန္ဓာဟူသော ကာမဝိပါက် နာမက္ခန္ဓာ, ကမ္မဇရုပ်တို့ကို။
ကမ္မနိဗ္ဗတ္တ (ပေ) ဝိဇ္ဇမာနပညတ္တိ။ ။ ကမ္မနိဗ္ဗတ္တက္ခန္ဓာ ဟူသည် ကာမာဝစရကုသိုလ်, အကုသိုလ်ကံကြောင့် ဖြစ်သော ကာမဝိပါက် စိတ် စေတသိက်နှင့် ကမ္မဇရုပ်များတည်း။ ဓာတုကထာ၌ လာသော ဘဝကြီး ၉ ပါးတွင် ကာမဘဝကို ဆိုလိုသည်။ ထို့ကြောင့် "ကာမဘဝ" ဟု ဆိုလိုလျက် ဘဝ ဟူသော နောက်ပုဒ် ကျေသည်ဟု ကြံပါ။ [ကမ္မနိဗ္ဗတ္တက္ခန္ဓေယူတိ ဣမိနာ ဥတ္တရပဒလောပေန ကာမဘဝံ "ကာမော" တိ ဝဒတိ။ အနူ။]
ဂဟိတေသု၊ ကုန်လသော်။
(ဧသာ၊ ဤ ကာမာဝစရာ ဟူသော ဘူမိပညတ်သည်။)
ဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ္တိ၊ သည်။
(ဘဝိတုံ အရဟတိ)၊
[ဤအဓိပ္ပါယ်ကို အဋ္ဌကထာနိဿယ၌ ပြထားပြီ။]
ပန၊ ကား။
ဝစနသင်္ခါတာယ၊ စကားသံဟု ဆိုအပ်သော။
(ကိရိယာယ၊ ဝစီကံ ဟူသော အမူအရာကြောင့်။)
(ပညတ္တိ ၌ စပ်။ ရှေးနိဿယ၌ "ဖြင့်" ဟုပေး၏။)
ဝါ၊ တနည်း။
ဝစနသမုဋ္ဌာပက စေတနာသင်္ခါတာယ၊ စကားသံကို ဖြစ်စေတတ်သော စေတနာဟု ဆိုအပ်သော။
ကိရိယာယ၊ မနောကံဟူသော အမူအရာကြောင့်။
ဘာဏကောတိ၊ ခန္ဓက စသည်ကို ရွတ်ဆိုတတ်သော ပုဂ္ဂိုလ်ဟူ၍။
ဘာဏကော။ ။ ဘဏတိ ရွတ်အံတတ်၏။ ဣတိ ဘာဏကော၊ ရွတ်ဆိုခြင်း (သဒ္ဒရုပ်အစဉ်) ဟူသော အမူအရာ ကြိယာကို စွဲ၍ (တနည်း) ရွတ်ဆိုခြင်း စကားသံကို ဖြစ်စေတတ်သော စေတနာ ဟူသော အမူအရာ ကြိယာကို စွဲ၍ ဘာဏကပုဂ္ဂိုလ်ဟု ခေါ်ဆိုရာ၌ အမူအရာကြိယာ ကို စွဲသောကြောင့် ကိစ္စပညတ္တိမည်၏။ ထို ကိစ္စ ပညတ္တိသည် အဋ္ဌကထာ၌ လ်သော ပညတ် ၆ ပါးတွင် ဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ်ဟု ဆိုသည်။
ပုဂ္ဂလဿ၊ ကို။
ပညတ္တိ၊ အပြားအားဖြင့် သိစေခြင်းသည်။
ဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ္ထိပက္ခံ၊ သို့။
ဘဇတိ ယထာ၊ ကပ်ဝင်သကဲ့သို့။
ယထာ ပန (ပေ)ဘဝိတုံ အရဟတိ။ ။ ထို အဋ္ဌကထာ အဆိုကို ဋီကာဆရာ လည်း သဘောတူသောကြောင့် "ယထာ ပန (ပေ) ဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ္တိပက္ခံ ဘဇတိ" ဟု ဥပမာ အဖြစ်ဖြင့်ပြပြီးလျှင် "သေသာ အဝိဇ္ဇမာနပညတ္တိယော နာမ" ဝယ် "ကိသော ထူလော" စသော သဏ္ဌာန ပညတ်ကို သွင်းထားသည်ကို သဘောမတူ သောကြောင့် "ဧဝံ ကိသော ထူလော တိ(ပေ) ပညာပနာ ဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ္တိ ဘဝိတုံ အရဟတိ" ဟု မိန့်သည်။ [ဤနည်း၌ ပုံသဏ္ဌာန်ဟူသည် ပရမတ္ထ ဖြစ်သော ရူပါရုံ အပေါင်းပင်တည်းဟု ယူသည်။ ရူပါရုံနှင့် ပုံသဏ္ဌာန်ကို တခုတည်း ယူသောကြောင့် အဘေဒေါ ပစာရ ဟုလည်း ကြံသည်။]
ဧဝံ၊ တူ။
ကိသော တူလောတိ၊ ဟူ၍။
[ကိသော၊ ကြုံလှီသူ။
ထူလော၊ ဝဖြိုးသူ။
ပညာပနာ ၌စပ်။]
ရူပါယတန သင်္ခါတေန၊ ရူပါယတနဟု ဆိုအပ်သော။
သဏ္ဌာနေန၊ အဆင်းသဏ္ဌာန်ဖြင့်။
ပုဂ္ဂလာဒီနံ၊ တို့ကို။
ပညာပနာ၊ အပြားအားဖြင့် သိစေတတ်သော နာမည်ပညတ်သည်။
ဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ္တိ၊ သည်။
ဘဝိတုံ အရဟတိ၊
ဝါ၊ တနည်း။
ရူပါယတနေ၊ ရူပါယတနကို။
ဝါ၊ အဆင်းကို။
သဏ္ဌာနန္တိ၊ ပုံသဏ္ဌာန်ဟူ၍။
သဏ္ဌာနန္တိ ဝါ (ပေ) အဂ္ဂဟိတေ။ ။ မဟာဝိဟာရ ဝါသီ ဂိုဏ်းမှ တပါးသော ဂိုဏ်းဆရားတို့ကား "ုံသဏ္ဌာန်ဟူသည် ရူပါရုံ မျှသာ မဟုတ်" ရုပ်ကလာပ် တို့၏ ထိုထိုပုံသဏ္ဌာန်အားဖြင့် စုဝေးတည်နေသော ရုပ်ပုံတည်း။ထို့ကြောင့် "ထိုရုပ်ပုံ သဏ္ထန်လည်း ထင်ရှားမရှိ, ကိသ ပုဂ္ဂိုလ် ထူလပုဂ္ဂိုလ်လည်း ထင်ရှား မရှိရကား သိက-ထူလ-ပရိမဏ္ဍလ စသော သဏ္ဌာနပညတ်သည် အဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ်သည် ဖြစ်ထိုက်၏" ဟု ယူကြသည်။
အဂ္ဂဟိတေ၊ မယူအပ်သော်။
အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ္တိ၊ သည်။
(ဘဝိတုံ အရဟတိ၊ )။
[အဋ္ဌကထာ၌လာသော ဝိဇ္ဇမာနပညတ်၏ အဋ္ဌကထာ မုတ္တက၌လာသော ကိစ္စပညတ်, ပစ္စတ္တပညတ် တို့၌ သွင်းပုံကို ပြလို၍ ရူပံ ဖဿောတိ အာဒိကာ ပန စသည်ကို မိန့်။]
ပန၊ ကား။
ရူပံ၊ ရုပ်။
ဖဿော၊ ဖဿ။
ဣတိ အာဒိကာ၊ ဤသို့ အတူရှိသော။
ဝိဇ္ဇမာနပညတ္တိ၊ ကို။
ရုပ္ပနာဒိကိစ္စ ဝသေန၊ ဖောက်ပြန်ခြင်း အစရှိသော ကိစ္စ၏ အစွမ်းဖြင့်။
ဝါ၊ နှင့် စပ်သဖြင့်။
ကိစ္စပညတ္တိယံ၊ ကိစ္စ ပညတ်၌၎င်း။
ပစ္စတ္တဓမ္မနာမဝသေန၊ အသီးအသီးသော ရူပ, ဖဿ စသော ဓမ္မတို့၏ နာမည်၏ အစွမ်းဖြင့်။
ဝါ၊ တို့နှင့်စပ်သဖြင့်။
ပစ္စတ္တပညတ္တိယံ ဝါ၊ ၌၎င်း။
အဝရောဓေတဗ္ဗာ၊ သက်ဝင်စေထိုက်၏။
စ၊ ဆက်။
ဝိဇ္ဇမာနဝိဇ္ဇမာနပညတ္တီသု၊ ဝိဇ္ဇမာနပညတ်, အဝိဇ္ဇမာန ပညတ်တို့ကို။
ဝုတ္တာသု၊ ဆိုအပ်ကုန်ပြီးသော်။
တာသံ၊ ထို ဝိဇ္ဇမနပညတ်, အဝိဇ္ဇမာနပညတ်တို့၏။
ဝေါမိဿတာဝသေန၊ ရောနှောကုန်သည်၏ အဖြစ်၏ အစွမ်းဖြင့်။
ပဝတ္တာ၊ ဖြစ်ကုန်သော။
ဣတရာပိ၊ ဝိဇ္ဇမာနပညတ်, အဝိဇ္ဇမာနပညတ်တို့မှ တပါးသော ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ် အစရှိသော ပညတ် ၄ ပါးတို့ကိုလည်း။
ဝုတ္တာယေဝ၊ ဆိုအပ်ပြီးကုန်သည်သာ။
ဣတိ၊ ကြောင့်။
အယမ္ပိ အာစရိယဝါဒေါ၊ ဤ အာစရိယဝါဒကိုလည်း။
(အဋ္ဌကထာ မုတ္တကေန အာစရိယနယေနေဝ အပရာပိ ဆ ပညတ္တိယော စသော ဒုတိယ အာစရိယဝါဒကိုလည်း။)
သဗ္ဗသင်္ဂါဟကောတိ၊ အလုံးစုံသော ဝိဇ္ဇမာန ပညတ်စသော ပညတ် ၆ ပါး တို့ကို သိမ်းယူနိုင်၏ ဟူ၍။
ဒဋ္ဌဗ္ဗော၊
ယာဝတော ပဉ္စက္ခန္ဓာ တိအာဒိကဿ၊ အစရှိသော ပါဠိရပ်၏။ယာဝတာ ပဉ္စက္ခန္ဓာတိ။ ။ ဤပါဌ်သည် သံဝဏ္ဏေတဗ္ဗ ပါဌ် မဟုတ်။ ပါဠိတော်၌ လာသော "ယာဝတာ ပဉ္စက္ခန္ဓာ" ပါဌ်ကို "ခန္ဓာနံ ခန္ဓာပညတ္တိ" နှင့် တွဲ၍ အနက်ယောဇနာပုံကို ပြသော ပါဌ်တည်း။ ထို့ကြောင့် "ယာဝတာ၊ ဖြင့်။ ပဉ္စ၊ ကုန်သော။ ခန္ဓာ၊ တို့သည်။ ဟောန္တိ၊ ဣတိ၊ သို့၊ ဧတ္တာဝတာ၊ ဤမျှအတိုင်းအရှည် ရှိသော အကျဉ်အားဖြင့်။ ခန္ဓာနံ ၊ တို့၏။ ဝါ၊ တို့ကို။ ခန္ဓပညတ္တိ၊ သည်။ ဟောတိ၊ ၏။" ဟု ပေးရသည်။ ယာဝါ ရူပက္ခန္ဓော စသည်၌လည်း နိဿယအတိုင်း အနက်ပေးရပုံကို သိပါ။
အနုဋီကာ။ ။ ကိတ္တာဝတာ ခန္ဓာနံ ခန္ဓပညတ္တီတိ ပုစ္ဆာယ သင်္ခေပတော ဝိသဇ္ဇန ဝသေန ယာဝတာ ပဉ္စက္ဓန္ဓာတိ ဝုတ္တန္တိ၊ တတ္ထာပိ ခန္ဓာနံ ခန္ဓပညတ္တီတိ အာနေတွာ ယောဇေတဗ္ဗန္တိ အာဟ ယာဝတာ (ပေ) ပညတ္တီတိ။ ယာဝကာ ပဉ္စက္ခန္ဓာ၊ ဧတ္တာဝတာ ခန္ဓာနံ ခန္ဓပညတ္တိ။ ယာဝတော ရူပက္ခန္ဓော (ပေ)ဝိညာဏက္ခန္ဓော၊ ဧတ္တာဝတာ ခန္ဓာနံ ခန္ဓပညတ္တီတိ ဧဝမေတ္ထ ပါဠိယောဇနာ ကာတဗ္ဗာ။ ဧဝဉှိ သင်္ခေပတော သဘေဒတော စ ခန္ဓပညတ္တိ ဝိသဇ္ဇိတာ ဟောတိ။ အတ္ထံ၊ ကို။ ဒဿေန္တော၊ ပြလိုတော်မူသည်၏ အဖြစ်ကြောင့်။ ယတ္တကေန ပညာပနေနာတိ အာဒိံ၊ အစရှိသော စကားရပ်ကို။ (သင်္ဂဟကာရော) အာဟ၊ ။
အနုဋီကာ။ ။ ကိတ္တာဝတာ ခန္ဓာနံ ခန္ဓပညတ္တီတိ ပုစ္ဆာယ သင်္ခေပတော ဝိသဇ္ဇန ဝသေန ယာဝတာ ပဉ္စက္ဓန္ဓာတိ ဝုတ္တန္တိ၊ တတ္ထာပိ ခန္ဓာနံ ခန္ဓပညတ္တီတိ အာနေတွာ ယောဇေတဗ္ဗန္တိ အာဟ ယာဝတာ (ပေ) ပညတ္တီတိ။ ယာဝကာ ပဉ္စက္ခန္ဓာ၊ ဧတ္တာဝတာ ခန္ဓာနံ ခန္ဓပညတ္တိ။ ယာဝတော ရူပက္ခန္ဓော (ပေ)ဝိညာဏက္ခန္ဓော၊ ဧတ္တာဝတာ ခန္ဓာနံ ခန္ဓပညတ္တီတိ ဧဝမေတ္ထ ပါဠိယောဇနာ ကာတဗ္ဗာ။ ဧဝဉှိ သင်္ခေပတော သဘေဒတော စ ခန္ဓပညတ္တိ ဝိသဇ္ဇိတာ ဟောတိ။ အတ္ထံ၊ ကို။ ဒဿေန္တော၊ ပြလိုတော်မူသည်၏ အဖြစ်ကြောင့်။ ယတ္တကေန ပညာပနေနာတိ အာဒိံ၊ အစရှိသော စကားရပ်ကို။ (သင်္ဂဟကာရော) အာဟ၊ ။
တတ္ထ၊ ထို ယတ္တကေန ပညာပနေန အစရှိသော စကားရပ်၌။
ယာဝတာ၊ အကြင်မျှ အတိုင်းအရှည်ရှိသော ပညာပနဖြင့်။
ပဉ္စ၊ ကုန်သော။
ခန္ဓာ၊ တို့သည်။
(ဟောန္တိ)၊
ဣတိ၊ ဤသို့။
(ဧတ္တာဝတာ၊ ဤမျှ အတိုင်းအရှည်ရှိသော အကျဉ်းအားဖြင့်။)
ခန္ဓာနံ ခန္ဓပညတ္တိ ဟောတိ၊
ယာဝတာ၊ အကြင်မျှ အတိုင်းအရှည်ရှိသော ပညာပနဖြင့်။
ရူပက္ခန္ဓော၊ န္ဓာ၎င်း။
(ပေ) ဝိညာဏက္ခန္ဓော၊ ၎င်း။
ဣတိ၊ ဤသို့။
(ဧတ္တာဝတာ၊ ဤမျှ အတိုင်းအရှည်ရှိသော အပြားအားဖြင့်။
ခန္ဓာနံ၊ တို့၏။
ခန္ဓပညတ္တိ၊ ခန္ဓာဟူ၍ ပညတ်ခြင်းသည်။
(ဟောတိ)၊
ဧတ္တာဝတာ၊ ဤမျှ အတိုင်းအရှည်ရှိသော အကျဉ်းအပြား ၂ မျိုးအားဖြင့်။
ခန္ဓာနံ၊ တို့၏။
ခန္ဓပညတ္တိ၊ ခန္ဓာဟူ၍ ပညတ်ခြင်းသည်။
(ဟောတိ)၊
[ဧတ္တာဝတာ ခန္ဓာနံ ခန္ဓပညတ္တိ ကာ နိဂုံး။]
ဧဝံ၊ သို့။
ပါဠိယောဇနံ၊ ပါဠိတော်ကို ယောဇနာခြင်းကို။
ဝါ၊ ပါဠိတော်၏ အနက်ကို ယှဉ်စေခြင်းကို။
ကတွာ၊ ၍။
သင်္ခေပပ္ပဘေဒဝသေန၊ ပဉ္စက္ခန္ဓာဟူသော အကျဉ်း, ရူပက္ခန္ဓော (ပေ) ဝိညာဏက္ခန္ဓော ဟူသော အပြားတို့၏ အစွမ်းဖြင့်။
အယံ အတ္ထော၊ ကို။
(သင်္ဂဟကာရေန) ဝုတ္တော၊
ဣတိ ဝေဒိတဗ္ဗော၊
ဟိ၊ မှန်။
ယာဝတာ ပဉ္စက္ခန္ဓာတိ၊ ဟူသည်လည်း ဖြစ်သော။
ခန္ဓာနံ ခန္ဓပညတ္တီတိ၊ ဟူသည်လည်း ဖြစ်သော။
ဣမဿ၊ ဤပါဠိတော်ပါဌ်၏။
အတ္ထော၊ အနက်ကို။
(ဒဿိတော ၌စပ်။)
ယတ္တကေန (ပေ) ပဉ္စက္ခန္ဓာတိ ဝါတိ၊ ဟူသော။
ဧတေန၊ ဤပါဌ်ဖြင့်။
(သင်္ဂဟကာရေန )ဒဿိတော၊
ပန၊ ကား။
ယာဝတာ ရူပက္ခန္ဓောတိအာဒိကဿ၊ ပါဌ်၏။
(အတ္ထော၊ ကို။)
ပဘေဒတော ရူပက္ခန္ဓောတိအာဒိကေန၊ သော။
(ဧတေန၊ ဤအပြားအားဖြင့်။
သင်္ဂဟကာရေန ဒဿိတော၊ )။
ဣတိ၊ ဤသို့ မှတ်အပ်၏။
တတ္ထ၊ ထို ဝိသဇ္ဇနာပါဌ်၌။
တတ္ထ (ပေ) မတ္တမေတံ။ ။ တတ္ထာတိ ဝိသဇ္ဇနပါဌေ ပဝတ္တံ ဧတန္တိ သမ္ပန္ဓော၊ တတ္ထာတိ ဝါ အဋ္ဌကထာယံ ဝုတ္တန္တိ သမ္ဗန္ဓော။ နိဒဿန မတ္တန္တိ ဥပလက္ခဏမတ္တံ၊ နိဒဿန သဒ္ဒေါ ဟေတ္ထ ဥပမာနောဒါဟရဏ (ဥပမာန အနက်၊ ဥဒါဟရုဏ်အနက်) ပကာသန ဥပလက္ခဏေသု (ထင်ရှားညွှန်ပြခြင်း, တစုံတခုကို မှတ်၍ ပြခင်းတို့၌) ပဝတ္တိ။ မဓု။
(ပဝတ္တံ၊ ဖြစ်သော)
ရူပက္ခန္ဓော (ပေ) ဝိညာဏက္ခန္ဓောတိ ဧတံ၊ ဤစကားသည်။
(တနည်း) တတ္ထ၊ ထို အဋ္ဌကထာ၌။
(ဝုတ္တံ၊ သော)။
ရူပက္ခန္ဓော (ပေ) ဝိညာဏက္ခန္ဓောတိ ဧတံ၊ သည်။
ပဘေဒနိဒဿနမတ္တံ၊ ခန္ဓာတို့၏ အပြားကို ညွှန်ပြကြောင်း စကားမျှတည်း။
[အနုဋီကာ၌ကား
"တတ္ထ၊ ထို ဝိသဇ္ဇန ပါဌ်၏ အနက်ကို ဆိုကြောင်းစကား၌" ဟု၎င်း, "ထို ဝိသဇ္ဇနပါဌ်၏ အနက်၌ဟု၎င်း" နှစ်နည်းခွဲသည်။]
တေန၊ ထို ပဘေဒနိဒဿနဖြစ်သော ရူပက္ခန္ဓော (ပေ) ဝိညာဏက္ခန္ဓော ဟူသော စကားရပ်ဖြင့်။
တေန (ပေ) သင်္ဂဟိတော။ ။ ပါဠိတော်၌ "ရူပက္ခန္ဓော (ပေ) ဝိညာဏက္ခန္ဓော" ဟု ခန္ဓာ ၅ ပါး ပြားကို ပြခြင်းသည် နိဒဿန နည်းမျှသာ ဖြစ်၏။ ထို့ကြောင့် "ရူပက္ခန္ဓာသည် ကာမာဝစရတရား ဖြစ်၏။ ကြွင်းနာမ် ခန္ဓာတို့သည် ဘုံ ၄ ပါး၌ဖြစ်သော စတုဘူမိကတရားများ ဖြစ်၏ " ဟု တိုက်ရိုက်မပြအပ်သော ကာမာဝစရစသော အပြားကို သိမ်းယူထိုက်သည်ဟု ဆိုသည်။
အဝုတ္တော၊ ပါဠိတော်၌ တိုက်ရိုက် ဟောတော် မမူအပ်သည်။
(သမာနော) ပိ၊ ဖြစ်ပါသော်လည်း။
ဝါ၊ ဖြစ်သည်လည်း ဖြစ်သော။
သဗ္ဗော၊ ခန္ဓာတို့၏ အလုံးစုံသော အပြားသည်။
ဝါ၊ ကို။
သင်္ဂဟိတော၊ သိမ်းယူအပ်သည်။
ဟောတိ၊ ၏။
ဣတိ၊ ကြော့်။
တတြာပိ ရူပက္ခန္ဓော ကာမာဝစရောတိအာဒိ၊ ကို။
(သင်္ဂဟကာရေန) ဝုတ္တံ၊
ဝါ၊ တနည်း။အယံ ဝါ ဧတ္ထ (ပေ) ယောဇနာ။ ။ အဋ္ဌကထာ နည်းအားဖြင့် ပါဠိတော်၏ အတ္တယောဇနာကို ပြပြီး၍ ယခုအခါ၌ အတ္တနောမတိ အားဖြင့် အခြားတနည်းကို ပြလိုသောကြောင့် "အယံ ဝါ ဧတ္ထ" စသည်ကို မိန့်သည်။ ဤနည်းဝယ် ပါဠိတော်၌ လသော ယာဝတာ ပုဒ်ကို ပဉ္စက္ခန္ဓာ ပုဒ်, ရူပက္ခန္ဓော စသော ပုဒ်တို့နှင့် ယှဉ်စေနိုင်၏။
ထို့ကြောင့် "ယာဝတာ ပဉ္စက္ခန္ဓာ၊ တာဝတာ ခန္ဓာနံ ခန္ဓပညတ္တိ" ဟု၎င်း၊ "ယာဝတာ၊ အကြင်မျှ အတိုင်းအရှည်ရှိသော၊။ ရူပက္ခန္ဓော၊ သည်၎င်း။ (ပေ) ဝိညာဏက္ခန္ဓော၊သည်၎င်း။ ဟောတိ၊ အပြားအားဖြင့် ဖြစ်၏။ တာဝတာ ခန္ဓာနံ ခန္ဓာ ပညတ္တိ။ အနက်ပေးသောအခါ ရူပက္ခန္ဓာ စသည်တို့အတွက် ဝိဘင်းပါဠိတော်၌လာသော အပြားတို့ကို ယူနိုင်သည်။ ဧတ္ထ၊ ဤခန္ဓာပညတ်ကို ပြဆိုရာ၌။ အယံ၊ ဤဆိုအပ်လတ္တံ့ကား။ ပါဠိယာ၊ ပါဠိတော်၏။ အတ္ထယောဇနာ၊ အနက်ကို ယှဉ်စေခြင်းတည်း။
ထို့ကြောင့် "ယာဝတာ ပဉ္စက္ခန္ဓာ၊ တာဝတာ ခန္ဓာနံ ခန္ဓပညတ္တိ" ဟု၎င်း၊ "ယာဝတာ၊ အကြင်မျှ အတိုင်းအရှည်ရှိသော၊။ ရူပက္ခန္ဓော၊ သည်၎င်း။ (ပေ) ဝိညာဏက္ခန္ဓော၊သည်၎င်း။ ဟောတိ၊ အပြားအားဖြင့် ဖြစ်၏။ တာဝတာ ခန္ဓာနံ ခန္ဓာ ပညတ္တိ။ အနက်ပေးသောအခါ ရူပက္ခန္ဓာ စသည်တို့အတွက် ဝိဘင်းပါဠိတော်၌လာသော အပြားတို့ကို ယူနိုင်သည်။ ဧတ္ထ၊ ဤခန္ဓာပညတ်ကို ပြဆိုရာ၌။ အယံ၊ ဤဆိုအပ်လတ္တံ့ကား။ ပါဠိယာ၊ ပါဠိတော်၏။ အတ္ထယောဇနာ၊ အနက်ကို ယှဉ်စေခြင်းတည်း။
ယာဝတာတိ ဣဒံ၊ ယာဝတာ ဟူသော ဤပုဒ်ကို။
သဗ္ဗေဟိ၊ ကုန်သော။
ပဒေဟိ၊ ပဉ္စက္ခန္ဓာ ပုဒ်, ရူပက္ခန္ဓာ စသော ပုဒ်တို့နှင့်။
ယော ဇေတွာ၊ ယှဉ်စေ၍။
ယတ္တကာ၊ အကြင်မျှ အတိုင်းအရှည်ရှိကုန်သော။
ပဉ္စ၊ ကုန်သော။
ခန္ဓာ၊ တို့သည်။
(သန္တိ)၊
[ယာဝတာ ပုဒ်က နိပါတ်ဖြစ်သော ကြောင့် ယတ္တကာ ဟု ပဌမန္တဖြင့် ဖွင့်နိုင်သည်။]
တတ္တကာ၊ ထိုမျှ အတိုင်း အရှည်ရှိသော။
ခန္ဓာနံ၊ တို့၏။
ခန္ဓပညတ္တိ၊ တည်း။
ယတ္တကော၊ သော။
(ပဘေဒေါ ၌စပ်။)
ပဉ္စန္နံ၊ ကုန်သော။
ခန္ဓာနံ၊ တို့၏။
(ပဘေဒေါ၊ အပြားသည်၎င်း။)
ကပ္ပဘေဒါနံ၊ ထို ခန္ဓာ ၅ ပါး ပြားကုန်သော။
ရူပက္ခန္ဓာဒီနံ၊ တို့၏။
ပဘေဒေါ၊ ကာမာဝစရ အစရှိသော အပြားသည်၎င်း။
(အတ္ထိ)၊
တတ္တကော၊ ထိုမျှ အတိုင်းရှည်ရှိသော အပြားသည်။
ခန္ဓာနံ၊ တို့၏။
ခန္ဓပညတ္တိယာ၊ ၏။
ပဘေဒေါ၊ အပြားတည်း။
ဣတိ၊ သို့။
(ပါဠိယာ၊ ၏။
အတ္ထယောဇနာ၊ တည်း။)
(ဣတိ၊ ဤပါဌ်ဖြင့်။
ဒဿေတိ ၏ ကရိုဏ်း ထည့်၍ ဣတိ တလံဒး အကျေကြံသည်။)
ပကရဏန္တရေ၊ ပုဂ္ဂလပညတ်ကျမ်းမှ တပါးသော ခန္ဓဝိဘင်ကျမ်း၌။
(ခန္ဓာတို့ကို အများအပြား ဟောရာခန္ဓ ဝိဘင်ကျမ်း၌။)
ဝုတ္တေန၊ ပြဆိုအပ်သော။
ဝတ္ထု ဘေဒေန၊ တည်ရာ ဝတ္ထုတို့၏ အပြားအားဖြင့်။
ခန္ဓပညတ္တိယာ၊ ၏။
ပဘေဒံ၊ ကို။
(ဘဂဝါ) ဒဿေတိ၊ ၏။
ယာဝတာ အာယတနာနန္တိအာဒီသုပိ၊ ပုဒ်တို့၌လည်း။
ဧသ နယော၊ တည်း။
ဧကဒေသေနေဝါတိ၊ ဟူသော ပါဌ်၏။
ဥဒ္ဒေသမတ္တေနေဝ၊ ဥဒ္ဒေသမျှဖြင့်သာလျှင်။ဥဒ္ဒေသ မတ္တေနေဝ။ ။ ဆ ပညတ္တိယော (ပေ) ပုဂ္ဂလပညတ္တီတိ ဣမံ အပေ က္ခိတွာ ကိတ္တာဝတာ (ပေ) ဧတ္တာဝတာ ဣန္ဒြိယာနံ ဣန္ဒြိယပညတ္တီတိ အယံ ပါဠိပဒေသော နိဒ္ဒေသောပိ သမာနော (" ဆ ပညတ္တိယော (ပေ) ပုဂ္ဂလပညတ္တိ" ဟူသော ဤဥဒ္ဒေသကို ထောက်၍ ကိတ္တာဝတာ (ပေ) ဧတ္တာဝတာ ဣန္ဒြိယာနံ ဣန္ဒြိယ ပညတ္တိ" ဟူသော ဤပါဠိရပ်သည် နိဒ္ဒေသဖြစ်ပါသော်လည်း) ပကရဏန္တရေ ဝတ္ထုဘေဒေန ဝုတ္တံ ခန္ဓာဒိပညတ္တိပ္ပဘေဒံ ဥပါဒါယ ဥဒ္ဒေသောယေဝ ဟောတိ (ဝိဘင်းကျမ်းဟူသော ကျမ်းတပါး၌ ဝတ္ထု အပြားအားဖြင့် ဟောတော်မူအပ်သော ခန္ဓာဒိပညတ္တိ အပြားကို ထောက်စာလျှင် ဥဒ္ဒေသ အကျဉ်းပ် ဖြစ်သေး၏။) ဣတိ အာဟ ဥဒ္ဒေသသမတ္တေနေဝါတိ အတ္ထောတိ။ ဤ၌လာ်သော "ဥဒ္ဒေသမတ္တေနေဝ" ဟူသည် စကားသည် အဋ္ဌကထာ၌ လာသော ဧကဒေသေနေဝ ၂ ပုဒ်တွင် ရှေ့ ဧကဒေသေနေဝ ကထေသိ၏ အဖွင့်ဟု မှတ်ပါ။
အနုဋီကာ။ ။ ဈာန်ဟူသည် "ပစ္စနီကဓမ္မေ ဈာပေတိ" ဟူသော ဝိဂြိုလ်အရ ဆန့်ကျင်ဘက် တရားတို့ကို လောင်မြိုက်တတ်မှ "ဈာန်" အမည် ရနိုင်၏။ ထိုပစ္စနီကဓမ္မတို့မှ ကောင်းစွာ လျတ်မြောက်မှလည်း "ဝိမောက္ခ" အမည်ရနိုင်၏။ ထို့ကြောင့် မုချအားဖြင့် ဈာန်အင်္ဂါတို့ချည်းသာ ဝိမောက္ခအမည်ရသည်ဟု အဋ္ဌကထာဆရာက အလိုရှိသည်။ ဤသို့ ဈာန်အသင်္ဂါတို့ကိုသာ ဈာန်ဟု၎င်း, သမာ ပတ်ဟု၎င်း, ဝိမောက္ခဟု၎င်း ဆိုလိုသောကြောင့် ဈာန်အင်္ဂါမှ တပါးသော စိတ် စေတသိက် သမ္ပယုတ်တရားတို့ကို အဋ္ဌကထာဆရာက "သဟဇာတ မာနကာယ" ဟု ယူထားသည်။ ဋီကာ ဆရာကား သမ္ပယုတ်တရားနှင့်တကွဖြစ်သော ဈာန်အသင်္ဂါများကိုပင် ဝိမောက္ခဟု အမည်ပေးလိုသည်။ အနူဋီကာ ကြည့်ပါ။ (ကထေသိ ၌ စပ်။) ဣတိ အတ္ထော၊ [စာအုပ်တို့၌ "မာတိကာ ဝဏ္ဏနာ နိဋ္ဌိတာ" ဟု ရှိသော်လည်း မာတိကာကို မဖွင့်ရသေးပါ။]
အနုဋီကာ။ ။ ဈာန်ဟူသည် "ပစ္စနီကဓမ္မေ ဈာပေတိ" ဟူသော ဝိဂြိုလ်အရ ဆန့်ကျင်ဘက် တရားတို့ကို လောင်မြိုက်တတ်မှ "ဈာန်" အမည် ရနိုင်၏။ ထိုပစ္စနီကဓမ္မတို့မှ ကောင်းစွာ လျတ်မြောက်မှလည်း "ဝိမောက္ခ" အမည်ရနိုင်၏။ ထို့ကြောင့် မုချအားဖြင့် ဈာန်အင်္ဂါတို့ချည်းသာ ဝိမောက္ခအမည်ရသည်ဟု အဋ္ဌကထာဆရာက အလိုရှိသည်။ ဤသို့ ဈာန်အသင်္ဂါတို့ကိုသာ ဈာန်ဟု၎င်း, သမာ ပတ်ဟု၎င်း, ဝိမောက္ခဟု၎င်း ဆိုလိုသောကြောင့် ဈာန်အင်္ဂါမှ တပါးသော စိတ် စေတသိက် သမ္ပယုတ်တရားတို့ကို အဋ္ဌကထာဆရာက "သဟဇာတ မာနကာယ" ဟု ယူထားသည်။ ဋီကာ ဆရာကား သမ္ပယုတ်တရားနှင့်တကွဖြစ်သော ဈာန်အသင်္ဂါများကိုပင် ဝိမောက္ခဟု အမည်ပေးလိုသည်။ အနူဋီကာ ကြည့်ပါ။ (ကထေသိ ၌ စပ်။) ဣတိ အတ္ထော၊ [စာအုပ်တို့၌ "မာတိကာ ဝဏ္ဏနာ နိဋ္ဌိတာ" ဟု ရှိသော်လည်း မာတိကာကို မဖွင့်ရသေးပါ။]