ပဌမပဉ္စကေ၊ ၌။
ဥဒ္ဒေသေနေဝ၊ ဥဒ္ဒေသဖြင့်ပင်။
(အကျဉ်းတုန်းကပင်)။
ပုဂ္ဂလဝိဘာဂေါ၊ ခွဲခြားဝေဖန်အပ်သော ပုဂ္ဂိုလ်အပြားကို။
ဝိညာယတိ၊ သိအပ်၏။
(သိနိုင်၏)။
ဣတိ၊ ထို့ကြောင့်။
ယထာ၊ အကြင် အကျင့်ဖြင့်။
တေသု၊ ထို ပုဂ္ဂိုလ်တို့၌။
ပဋိပဇ္ဇိတဗ္ဗံ၊ ကျင့်ထိုက်၏။
တာယပဋိပတ္တိယာ၊ ထိုအကျင့်ဖြင့်။
တေ၊ ထို ပုဂ္ဂိုလ်တို့ကို။
ဝိဘဇန္တော၊ ခွဲခြမ်းဝေဖန်တော်မူလိုသည်။
(ဟုတွာ) တတြ ယွာယန္တိအာဒိံ၊ ကို။
(ဘဂဝါ) အာဟ၊
အာရမ္ဘသဒ္ဒေါတိ၊ ဟူသော ပုဒ်၏။
အာရမ္ဘကိရိယာဝါစကော၊ အာရမ္ဘကြိယာကို ဟောသော။
သဒ္ဓေါ၊ သည်။
(ဝတ္တတိ ၌စပ်။)
ဣတိ အတ္ထော၊
ဖလုပ္ပတ္တိယာ၊ အရဟတ္ထဖိုလ် ဖြစ်ခြင်းကြောင့်။
(အရဟတ္တဖိုလ် ဖြစ်မှ။)
မဂ္ဂကိစ္စံ၊ မဂ်၏ ကိစ္စသည်။
နိဋ္ဌိတံ၊ ပြီးဆုံးသည်။
ဟောတိ၊
ဣတိ၊ ထို့ကြောင့်။
မဂ္ဂကိစ္စ ဝသေန ဖလမေဝ ဝုတ္တန္တိ၊ ဟူ၍။
(သင်္ဂဟကာရော) အာဟ၊
[ပစ္စုပ္ပန်ကြိယာဖြင့် "နိရုဇ္ဈန္တိ" ဟု ဟောတော်မူသောကြောင့် "မဂ္ဂကိစ္စဝသေန" ဟု ဆိုသည်။]
အာယာစနသာဓူတိ၊ ဟူသော ပုဒ်၏။
ပသံသနာဒိသာဓု၊ ချီးမွမ်းခြင်း အစရှိသော အနက်ကို ဟောသော သာဓုသည်။
န၊ မဟုတ်။
ဣတိ အတ္ထော၊
အာဒိတော၊ အစ၌။
ဓေယျံ ဌပေတဗ္ဗံ၊ ထားထိုက်သည်တည်း။
အာဓေယျံ၊ အစ၌ထားထိုက်သည်။
ဒဿနသဝနပဋိဝစနဒါနဝသေန၊ မြင်ခြင်း, ကြားခြင်း, စကားတုံ့ပေးခြင်း၏ အစွမ်းအားဖြင့်။
ဒဿန (ပေ) မုခန္တိ။ ။ ဂဟဏံကို "ဧဝမေတန္တိ သမ္ပဋိစ္ဆနံ" ဟု အနူဖွင့်၏။ တိုက်ရိုက်မြင်ရာ ,ကြားရာ မေးအပ်သူက စကားတုံ့ပေးရာတို့၌ "အင်း, ဟုတ်၏" ဟု ဝန်ခံနိုင်သကဲ့သို့ ထို့အတူ နှုတ်ဖြင့် ဖြစ်သော ဝန်ခံခြင်းကို "မုခံ" ဟု မှတ်ပါ။ ဤစကား မုခံအရ နှုတ် (ပါးစပ်) ကို အကြောင်းပြု၍ ဖြစ်သော ဝန်ခံမှုကို ဌာနူပစာရအားဖြင့် မုခံ ဟု ယူစေလိုသည်ဟု မှတ်ပါ။
မုခေန၊ နှုတ်ဖြင့်။
ဂဟဏံ ဝိယ၊ ယူခြင်း လက်ခံခြင်း ကဲ့သို့။
ပဝတ္တံ၊ ဖြစ်သော။
ဂဟဏံ၊ ယူခြင်း လက်ခံခြင်းကို။
မုခန္တိ၊ မုခဟူ၍။
ဒဋ္ဌဗ္ဗံ၊
[ပကတိမုခ၏ မုခ အမည်ကို လက်ခံခြင်း စကားတိုင်အောင် ကာရဏူပစာရအားဖြင့် ယူပါ ဟူလို။]
ယဿ၊ အကြင် ပုဂ္ဂိုလ်၏။
အာဓေယျံ၊ ရှေးဦးစွာ ထားထိုက်သော။
တံမုခံ၊ ထို နှုတ်ဖြင့် ယူခြင်း လက်ခံခြင်းသည်။
တံ မုခံ အာဓေယျံ။ ။ ဤဝါကျ၌ "ယဿ သော အာဓေယျမုခေါ" ပုဒ်တို့နှင့် တွဲ၍ "မုခံ အာဓေယျံ ယဿာတိ သော အာဓေယျ မုခေါ" ဟု ဝိဂ္ဂဟ ပြုပါ။
အတ္ထိ၊
ဣတိ၊ ကြောင့်။
(ထိုသို့ ရှေးဦးစွာ ထားထိုက်သော နှုတ်ဖြင့် ယူခြင်း လက်ခံခြင်းရှိသည်၏ အဖြစ်ကြောင့်။)
သော၊ ထို ပုဂ္ဂိုလ်သည်။
အာဓေယျမုခေါ၊ မည်၏။
ဝါ၊ တနည်း။
ယဿ၊ အကြင် ပုဂ္ဂိုလ်၏။
ဂဟဏတ္ထံ၊ ယူခြင်း လက်ခံခြင်း အကျိုးငှါ။
ဂဟဏတ္ထံ ပကတိမုခမေဝ ဝါ။ ။ ဤနည်းသည် အဋ္ဌကထာနည်း မဟုတ်၊ ဋီကာသစ် တမျိုးတည်း။ ထို့ကြောင့် မုခအရ အဋ္ဌကထာဖွင့်သကဲ့သို့ ဂဟဏတိုင်အောင် မယူပဲ ပကတိ နှုတ် (ပါးစပ်) ကို ယူစေလို၍ "ပတတိမုခမေဝ" ဟု မိန့်သည်။ မှတ်ယူဝန်ခံခြင်း အကျိုးငှါ "အစ၌ ထားအပ်သော နှုတ်ထွက်စကားရှိသော ပုဂ္ဂိုလ်" ဟူလို။ ဤအဓိပ္ပါယ်အရ "ပကတိမုခ" ဟူရာ၌လည်း နှုတ်သာမက။ နှုတ်ထွက်စကားတိုင်အောင် ယူသင့်သည်။
အာဓေယျံ၊ ရှေးဦးစွာ ထားထိုက်သော။
ပကတိမုခမေဝ၊ ပကတိ နှုတ်အပြောသည်သာ။
အတ္ထိ၊
ဣတိ၊
သော၊ ထို ပုဂ္ဂိုလ်သည်။
အာဓေယျမုခေါ၊ မည်၏။
အဝိစာရေတွာ၊ မှန် မမှန်ကို မစိစစ်မူ၍။
အာဒိကထာယဧဝ၊ အစစွာ ပြောဆိုအပ်သော စကား၌သာ။
ဌပိတဂဟဏော၊ ထားအပ်သော ယူခြင်း လက်ခံခြင်း ရှိသော ပုဂ္ဂိုလ်တည်း။
ဣတိ ဝုတ္တံ ဟောတိ၊ ။
ရဇဂ္ဂသ္မိန္တိ၊ ကား။
ရဇဂ္ဂဘာဝေ၊ မြူအစု၏ ဖြစ်ကြောင်းဖြစ်ရာဟူသည်။
(ကိံ၊ အဘယ်နည်း။)
[ဥပမေယျ ဘက်၌ မြူအစုကို မယူရ၊ မြူအစုနှင့်တူသော မာတုဂါမ၏ အကြောင်းအရာကို ကြားရခြင်း စသည်ကို ယူရသည်။ ထိုသို့ ကြားရသောအခါ ကိလေသာမြူ ထကြွလာသောကြောင့် ထို ကြားရခြင်းကို "ရဇဂ္ဂဘာဝ" ဟု ခေါ်ရသည်။]
ဂဝါ၊ နွားမထက်။
ခီရံ၊ နို့ရည်ကို။
အဂ္ဂံ၊ အမြတ်ဆုံးဟူ၍။
အက္ခာယတိ၊ ခေါ်ဆိုအပ်၏။
ဣတိ ဧဝံ၊ ဤသို့။
သမ္ဗန္ဓော၊ ပုဒ်တို့၏ စပ်ခြင်းကို။
န ကာတဗ္ဗော၊ မပြုထိုက်။
ပန၊ အဟုတ်ကား။
ဥပ္ပတ္တိတော၊ ဖြစ်စဉ်အားဖြင့်။
ပဉ္စ၊ ကုန်သော။
ဂေါရသေ၊ နွားမမှ ဖြစ်သော အရသာ တို့ကို။
ဒဿေတွာ၊ ပြတော်မူပြီး၍။
တေသု၊ ထို ၅ မျိုးတို့တွင်။
သပ္ပိမဏ္ဍဿ၊ ထောပတ်ကြည့်၏။
အဂ္ဂဘာဝဒဿနတ္ထံ၊ အသာဆုံး၏ အဖြစ်ကို ပြတော်မူခြင်း အကျိုးငှါ။
ဂဝါ ခီရန္တိ အာဒိ၊ အစရှိသော စကားကို။
(ဘဂဝတာ) ဝုတ္တံ၊
တေန၊ ထို့ကြောင့်။
ဂါဝိတော ခီရံ နာမ ဟောတီ တိအာဒိ၊ အစရှိသော စကားကို။
(သင်္ဂဟကာရော) အာဟ၊
ပဉ္စကနိဒ္ဒေသဝဏ္ဏနာ၊ သည်။
နိဋ္ဌိတာ၊ ။