ကောဉ္စာ မယူရာ ဒိဝိယာ စ ဟံသာတိဣဒံ ကောဉ္စာ မယူရာ ဒိဝိယာ စ ဟံသာဟူသော ဤဝိမာနဝတ္ထုသည်။
ပတိဗ္ဗတာဝိမာနံ ပတိဗ္ဗတာဝိမာနဝတ္ထုတည်း။
ဥပ္ပတ္တိ ဖြစ်ကြောင်းအဋ္ဌုပ္ပတ္တိသည်။
ကာ အဘယ်နည်း။
ဘဂဝါ မြတ်စွာဘုရားသည်။
သာဝတ္ထိယံ သာဝတ္ထိပြည်၌။
ဝိဟရတိ နေတော်မူ၏။
တတ္ထ ထိုသာဝတ္ထိပြည်၌။
အညတရာ တစ်ယောက်သော။
ဣတ္ထီ မိန်းမသည်။
ပတိဗ္ဗတာ လင်၏ဝတ်နှင့်ပြည့်စုံသည်။
အဟောသိ ဖြစ်၏။
သာ ထိုမိန်းမသည်။
ဘတ္တု အနုကူလဝတ္တိနီ လင်၏အလိုသို့လိုက်၍ ကျင့်တတ်၏။
ခမာ သည်းခံတတ်သော သဘောရှိ၏။
ပဒက္ခိဏဂ္ဂါဟိနီ လင်ဆိုသော စကာကို အလေးအမြတ်ယူတတ်၏။
တဿ ထိုမိန်းမသည်။
နပတိပ္ဖရတိ လင်၏စကားကို မပစ်ပယ်တတ်။
အဖရုသဝါစာ မကြမ်းကြုတ်သော စကားရှိ၏။
သစ္စဝါဒိနီ မှန်သော စကားကိုသာ ဆိုလေ့ရှိ၏။
သဒ္ဓါ ပသန္နာ သဒ္ဓါကြည်ညိုခြင်းနှင့်ပြည့်စုံ၏။
ယထာဝိဘဝံ စည်းစိမ်အားလျော်စွာ။
ဒါနာနိ စ အလှူဒါနတို့ကိုလည်း။
အဒါသိ ပေးလှူ၏။
သာ ထိုမိန်းမသည်။
ကေနစိဒေဝ တစ်စုံတစ်ခုသာလျှင်ဖြစ်သော။
ရောဂေန အနာသည်။
ဖုဋ္ဌာ နှိပ်စက်အပ်သည်ဖြစ်၍။
ကာလံ ကတွာ စုတေ၍။
တာဝတိံသေသု တာဝတိံသာနတ်ပြည်တို့၌။
နိဗ္ဗတ္တိ ဖြစ်လေ၏။
သေသံ ကြွင်းသောစကားရပ်သည်။
ဝုတ္တနယမေဝ ဆိုအပ်ပြီးသော နည်းရှိသည်သာလျှင်တည်း။
မဟာနုဘာဝေ ကြီးသော တန်ခိုးအာနုဘော်ရှိသော။
ဒေဝိ နတ်သမိး။
ဒိဝိယာ နတ်၌ဖြစ်သော အာနုဘော်ရှိကုန်သော။
ကောဉ္စာ စ ကြိုးကြာတို့သည်လည်းကောင်း။
ဒိဝိယာ နတ်၌ဖြစ်သော အာနုဘော်ရှိကုန်သော။
မယူရာ စ ရွှေဥဒေါင်းတို့သည်လည်းကောင်း။
ဒိဝိယာ နတ်၌ဖြစ်သော အာနုဘော်ရှိကုန်သော။
ဟံသာစ ရွှေဟင်္သာတို့သည်လည်းကောင်း။
ဒိဝိယာ နတ်၌ဖြစ်သော အာနုဘော်ရှိကုန်သော။
ကောကိလာ စ ဥဩမည်းဥဩဖြူတို့သည်လည်းကောင်း။
ဝဂ္ဂုဿရာ သာယာနာပျော်ဘွယ်သော အသံကို နည်တွံကုန်လျက်။
ဒေဝတာယ နတ်သမီး၏။
အဘိရမနတ္ထံ အလွန်မွေ့လျော်စေခြင်းငှါ။
သမ္ပတန္တိ ထက်ဝန်းကျင်မှပျံသွားကြကုန်၏။
ပုပ္ဖာဘိကိဏ္ဏံ အထူးထူးသော ရတနာပန်းတို့ဖြင့် ပြွမ်းထသော။
အနေကစိတ္တံ တစ်ပါးမကများကုန်သော ပဒေသာပင်ရေကန်စသည်တို့ဖြင့် ဆန်းကြယ်သော။
နရနာရိသေဝိတံ နတ်သားနတ်သမီးတို့သည် မှီဝဲအပ်ထသော။
တေ သင်နတ်သမီး၏။
ဣဒံ ဝိမာနံ ဤဗိမာန်သည်။
ရမ္မံ နှလုံးမွေ့လျော်ပျော်ဘွယ်ရာ၏။
မဟာနုဘာဝေ ကြီးသော တန်ခိုးအာနုဘော်ရှိသော။
ဒေဝိ နတ်သမီး။
တွံ သင်သည်။
အနေကရူပါ တစ်ပါးမကများသော ရုပ်အသွင်ကို ပြတတ်သော။
ဣဒ္ဓီ တန်ခိုးကို။
ဝိကုပ္ပန္တိ ဖန်ဆင်းလျက်။
တတ္ထ ထိုဗိမာန်၌။
အစ္ဆသိ နေ၏။
တေ သင်နတ်သမီး၏။
ဣမာ စ အစ္ဆရာယော ဤနတ်သမီးတို့သည်လည်း။
သမန္တတော ထက်ဝန်းကျင်မှ။
နစ္စန္တိ စ ကလည်းကကုန်၏။
ဂါယန္တိ စ သီလည်းသီကုန်၏။
ပမောဒယန္တိ စ ဝမ်းမြောက်ရွှင်လမ်းခြင်းကိုလည်း ဖြစ်စေတတ်ကုန်၏။
မဟာနုဘာဝေ ကြီးသောတန်ခိုးအာနုဘော်ရှိသော။
ဒေဝိ နတ်သမီး။
တွံ သင်သည်။
ဒေဝိဒ္ဓိပတ္တာ နတ်၌ဖြစ်သော ပြည့်စုံခြင်းအထူးသို့ရောက်သည်။
အသိ ဖြစ်၏။
manussabhūtā tvaṃ kiṃpuññaṃ akāsi
ကေန အဘယ်သို့သဘောရှိသောကုသိုလ်ကံကြောင့်။
တွံ သင်သည်။
ဧဝံ ဇလိတာနုဘာဝါ ဤသို့ထွန်းတောက်ပသော တန်ခိုးအာနုဘော်ရှိသည်။
အသိ ဖြစ်သနည်း။
ကေန အဘယ်ကုသိုလ်ကံကြောင့်။
တေ သင်၏။
ဝဏ္ဏော စ အရောင်အဆင်းသည်လည်း။
သဗ္ဗဒိသာ ခပ်သိမ်းသော အရပ်မျက်နှာတို့ကို။
ပဘာသတိ ထွန်းလင်းတောက်ပစေနိုင်သနည်း။
ဣတိ ဤသို့။
ပုစ္ဆိ မေးတော်မူ၏။
အာဟ ဆို၏။
မောဂ္ဂလ္လာနေန အရှင်မောဂ္ဂလာန်သည်။
ပုစ္ဆိတာ မေးအပ်သည်ဖြစ်၍။
အတ္တမနာ နှစ်သက်ဝမ်းမြောက်ခြင်းရှိသော။
သာ ဒေဝတာ ထိုနတ်သမီးသည်။
ဣဒံ ဖလံ ဤအကျိုးသည်။
ယဿ ကမ္မဿ အကြင်ကုသိုလ်ကံ၏။
ဖလံ အကျိုးသည်။
ဟောတိ ဖြစ်၏။
ပဉှံ သိခြင်းငှါ အလိုရှိ၍မေးအပ်သော။
တံကမ္မံ ထိုကံကို။
ပုဋ္ဌာပုဋ္ဌာကာရေနေဝ မေးအပ်သော အခြင်းအရာအားဖြင့်သာလျှင်။
ဝိယာကာသိ ဖြေကြားပြီ။
မဟာနုဘာဝ ကြီးသော တန်ခိုးအာနုဘော်ရှိသော။
ဘိက္ခု ရှင်ရဟန်း။
အဟံ အကျွန်ုပ်သည်။
မနုဿေသု လူတို့၌။
မနုဿဘူတာ လူ၏အဖြစ်သို့ရောက်သည်ရှိသော်။
ပတိဗ္ဗတာ လင်းအားပြုရာသော ကျင့်ဝတ်တရားနှင့်ပြည့်စုံသည်။
အနညမနာ မိမိလင်၌ ချစ်ကြိုက်သော စိတ်မှတပါး အခြားသူ၌ ချစ်ကြိုက်သော စိတ်မရှိသည်။
အဟောသိံ ဖြစ်ပြီ။
မာတာ အမိသည်။
ပုတ္တံ သားကို။
အနုရက္ခမာနာဣဝ အစဉ်သနားစောင့်ရှောက်သကဲ့သို့။
သာမိကံဝါ လင်ကိုလည်းကောင်း။
သဗ္ဗေပိ အလုံးစုံလည်းဖြစ်ကုန်သော။
သတ္တေဝါ သတ္တဝါတို့ကိုလည်းကောင်း။
အနုရက္ခမာနာ အစဉ်သနားစောင့်ရှောက်လေ့ရှိသည်။
အဟောသိ ဖြစ်၏။
ကုဒ္ဓါပိ အမျက်ထွက်ငြားသော်လည်း။
အဟံ အကျွန်ုပ်သည်။
ဖရုသံ ကြမ်းကြုတ်သော စကားကို။
နအဝေါစံ မပြောမဆို။
မောသဝဇ္ဇံ မဟုတ်မမှန် ပြောဆိုခြင်းကို။
ပဟာယ ပယ်စွန့်၍။
သစ္စေ မှန်သော စကား၌။
ဌိတာ တည်သည်။
အဟောသိ ဖြစ်၏။
ဒါနေ အလှူပေးခြင်း၌။
ရတာ မွေ့လျော်သော နှလုံးရှိသည်။
အဟောသိ ဖြစ်၏။
သင်္ဂဟိတတ္တဘာဝါ ကိုယ့်ကိုယ်ကဲ့သို့ သင်္ဂဟဝတ္ထုတို့ဖြင့် ခြီးမြှောက် တတ်သော အလေ့ရှိသည်။
အဟောသိ ဖြစ်၏။
ပသန္နစိတ္တာ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍။
အန္နဉ္စ ဆွမ်းကိုလည်းကောင်း။
ပါနဉ္စ အဖျော်ကိုလည်းကောင်း။
သက္ကစ္စ အရိုအသေပြ၍။
အဒါသိ ပေးလှူခဲ့ဘူး၏။
ဝိပုလံ ပြန့်ပြောကောင်းမြတ်သော။
ဒါနဉ္စ လှူဘွယ်ဝတ္ထုကိုလည်း။
အဒါသိံ ပေးလှူခဲ့ဘူး၏။
မဟာနုဘာဝ ကြီးသော တန်ခိုးအာနုဘော်ရှိသော။
ဘိက္ခု ရှင်ရဟန်း။
တေန ထိုကုသိုလ်ကံကြောင့်။
မေ အကျွန်ုပ်အား။
ဧတာဒိသော ဤသို့သဘောရှိသော။
ဝဏ္ဏောစ အရောင်အဆင်းသည်လည်း။
ဇာတော ဖြစ်၏။
တေန ထိုကုသိုလ်ကံကြောင့်။
မေ အကျွန်ုပ်အား။
ဣဓ ဤအရပ်၌။
လဗ္ဘာမာနံ ရအပ်သော။
သုစရိတဖလံ သုစရိုက်ကုသိုလ်ကံ၏အကျိုးသည်။
ဣဇ္ဈတိ ပြည့်စုံ၏။
တေန ထိုကုသိုလ်ကံကြောင့်။
မေ အကျွန်ုပ်အား။
မနသော ပိယာ စိတ်ဖြင့်နှစ်သက်မြတ်နိုးအပ်ကုန်သော။
ယေ ကေစိ အလုံးစုံကုန်သော။
ဘောဂါစ အသုံးအဆောင်တို့သည်လည်း။
ဥပ္ပဇ္ဇန္တိ ဖြစ်ကုန်၏။
မဟာနုဘာဝ ကြီးသော တန်ခိုးအာနုဘော်ရှိသော။
ဘိက္ခု ရှင်ရဟန်း။
တေန ထိုကုသိုလ်ကံကြောင့်။
အဟံ အကျွန်ုပ်သည်။
ဧဝံဇလိတာနုဘာဝါ ဤသို့ထွန်းတောက်ပသော တန်ခိုးအာနုဘော်ရှိသည်။
အမှိ ဖြစ်၏။
တေန ထိုကုသိုလ်ကံကြောင့်။
မေ အကျွန်ုပ်၏။
ဝဏ္ဏောစ အရောင်အဆင်းသည်လည်း။
သဗ္ဗဒိသာ ခပ်သိမ်းသော အရပ်မျက်နှာတို့ကို။
ပဘာသတိ ထွန်းပစေနိုင်၏။
ဣတိ ဤသို့။
ဒေဝတာ နတ်သမီးသည်။
ဝိဿဇ္ဇေသိ ဖြေကြား၏။
တတ္ထ ထိုဂါထာတို့၌။
ကောဉ္စာတိ ကောဉ္စာဟူသည်ကား။
ကောဉ္စသကုဏာ ကြိုးကြာငှက်တို့သည်။
ယေ အကြင်ကြိုးကြာငှက်တို့ကို.
သာရသာ တိပိ သာရသာဟူ၍လည်း။
ဝုစ္စန္တိ ဆိုကုန်၏။
မယူရာတိ မယူရာဟူသည်ကား။
မောရာ ဥဒေါင်းတို့သည်။
ဒိဝိယာတိ ဒိဝိယာဟူသည်ကား။
ဒိဗ္ဗာနုဘာဝါ နတ်၌ဖြစ်သော တန်ခိုးအာနုဘော်ရှိကုန်သော။
ဟိ ထိုစကားကိုဆက်၍ဆိုဉီးအံ့။
ဣဒံ ပဒံ ဤဒိဝိယာဟူသော ပုဒ်ကို။
ဒိဝိယာ နတ်၌ဖြစ်သော တန်ခိုးအာနုဘော်ရှိကုန်သော။
ကောဉ္စာစ ကြိုးကြာငှက်တို့သည်လည်းကောင်း။
ဒိဝိယာ နတ်၌ဖြစ်သော တန်ခိုးအာနုဘော်ရှိကုန်သော။
မယူရာ ဥဒေါင်းတို့သည်လည်းကောင်း။
ဣတိအာဒိနာ ဤသို့အစရှိသည်ဖြင့်။
စတူဟိပိ ပဒေဟိ လေးပုဒ်တို့ဖြင့်လည်း။
ယောဇေတဗ္ဗံ ယှဉ်အပ်၏။
ဟံသာတိ ဟံသာဟူသည်ကား။
သုဝဏ္ဏဟံသာ ရွှေဟင်္သာတို့သည်။
ဝဂ္ဂုဿရာတိ ဝဂ္ဂုဿရာဟူသည်ကား။
မဓုရဿရာ သာယာနာပျော်ဘွယ်သော အသံရှိကုန်သော။
ကောကိလာတိ ကောကိလာဟူသည်ကား။
ကာဠကောကိလာ စေဝ မည်းသော ဥဩတို့သည်လည်းကောင်း။
သုက္ကကောကိလာ စ ဖြူသော ဥဩတို့သည်လည်းကောင်း။
သမ္ပတန္တီတိ သမ္ပတန္တိဟူသည်ကား။
ဒေဝတာယ နတ်သမီးအား။
အဘိရမဏတ္ထံ အလွန်မွေ့လျော်စေခြင်းငှါ။
ကီဠန္တာ မြူးထူးပျော်ပါးကုန်လျက်။
လဠန္တာ တင့်တယ်စမ္ပာယ်ကုန်လျက်။
သမန္တတော ထက်ဝန်းကျင်မှ။
ပတန္တိ ဝိစရန္တိ ပျံသွားကုန်၏။
ဟိယုတ္တံ ထိုစကားသင့်၏။
ကောဉ္စာဒိရူပေန ကြိုးကြာ စသည်တို့၏အသွင်ဖြင့်။
ဒေဝတာယ နတ်သမိးအား။
ရတိဇနနတ္ထံ မွေ့လျော်ပျော်ပါးခြင်းကိုဖြစ်စိမ့်သောငှါ။
ကီဠန္တာ ကစားမြူးထူးကုန်သော။
လိဠန္တာ စမ္ပယ်ကုန်သော။
ပရိဝါရဘူတာ အခြံအရံဖြစ်၍ဖြစ်ကုန်သော။
ဒေဝတာ နတ်တို့ကို။
ကောဉ္စာ တိအာဒိနာ ကောဉ္စာ ဤသို့အစရှိသည်ဖြင့်။
ဝုတ္တာ ဆိုအပ်ကုန်၏။
ပုပ္ဖာဘိကိဏ္ဏန္တိ ပုပ္ဖါဘိကိဏ္ဏံဟူသည်ကား။
ဂန္ထိတာဂန္ထိတေဟိ ကုံးသီပြီးသော ပန်း မကုံးသီသေးသော ပန်းဟု ဆိုအပ်ကုန်သော။
နာနာတနကုသုမေဟိ အထူးထူးသော ရတနာရှိကုန်သော ပန်းတို့ဖြင့်။
ဩကိဏ္ဏံ ပြွမ်းသော။
ရမ္မန္တိ ရမ္မံဟူသည်ကား။
ရမဏီယံ နှလုံးမွေ့လျော်ဘွယ်ရာရှိ၏။
မနောရမံ နှလုံးမွေ့လျော်ဘွယ်ရာရှိ၏။
ဣတိ အယံ ဤသည်ကား။
အတ္ထော အနက်တည်း။
အနေကစိတ္တန္တိ အနေကစိတ္တံဟူသည်ကား။
အနေကေဟိ တစ်ပါးမကများစွာကုန်သော။
ဥယျာနကပ္ပရုက္ခပေါက္ခရဏိအာဒီဟိ စ ဥယျာဉ်ပဒေသာပင် ရေကန် စသည်တို့ဖြင့်လည်းကောင်း။
ဝိမာနေသု စ ဗိမာန်တို့၌လည်း။
အနေကေဟိ တစ်ပါးမကများစွာကုန်သော။
ဘိတ္တိဝိသေသာဒီဟိ စ ထူးဆန်းသော နံရံစသည်တို့ဖြင့်လည်းကောင်း။
စိတ္တံ ဆန်းကြယ်သော။
နရနာရိသေဝိတန္တိ နရနာရီဘိသေဝိတံ ဟူသည်ကား။
ပရိဝါရဘူတေဟိ အခြံအရံဖြစ်၍ဖြစ်ကုန်သော။
ဒေဝပုတ္တေဟိ စ နတ်သားတို့ဖြင့်လည်းကောင်း။
ဒေဝဓီတာဟိ စ နတ်သမီးတို့ဖြင့်လည်းကောင်း။
ဥပသေဝိတံ တင့်တယ်သော။
ဣဒ္ဓီ ဝိကုဗ္ဗန္တိ အနေကရူပါတိ ဣဒ္ဓီ ဝိကုဗ္ဗန္တိ အနေကရူပါဟူသည်ကား။
နာနာရူပါနံ အထူးထူးသော ရုပ်အသွင်တို့ကို။
ဝိဒံသနေန ဖျက်ဆီးသဖြင့်။
အနေကရူပါ တစ်ပါးမကများစွာသော ရုပ်ရှိကုန်သော။
ကမ္မာနုဘာဝေန ရှေးဘဝ၌ ပြုခဲ့ဘူးသော ကုသိုလ်ကံ၏ အာနုဘော်ကြောင့်။
သိဒ္ဓါ ပြီးကုန်သော။
ဣဒ္ဓီ တန်ခိုးကို။
ဝိကုဗ္ဗန္တီ ပြုပြင်သည်ဖြစ်၍။
ဝိကုဗ္ဗနိဒ္ဓိယော အထူးထူးအပြားပြားများသော တန်ခိုးဖန်ဆင်းခြင်းတို့ကို။
ဝဠဉ္ဇန္တ သုံးဆောင်လျက်။
အစ္ဆသိ နေ၏။
ဣတိအယံ ဤသည်ကား။
ယောဇနာ ယောဇနာခြင်းတည်း။
အနညမနာတိ အနညမနာဟူသည်ကား။
ဧတိဿာဣတ္ထိယာ ထိုမိန်းမအား။
ပတိဗ္ဗတာမနတော မိမိလင်၌ချစ်ကြိုက်သော စိတ်မှ။
အညံ တစ်ပါးသော။
မနော သူတစ်ပါး၌ချစ်ကြိုက်စုံမက်သော စိတ်သည်။
အတ္ထိ ရှိ၏။
ဣတိတသ္မာ ထိုကြောင့်။
သာဣတ္ထီ ထိုမိန်းမသည်။
အညမနာ အညမနမည်၏။
ယာဣတ္ထီ အကြင်မိန်းမသည်။
အညမနာ မိမိလင်၌ ချစ်ကြိုက်သော စိတ်မှတပါး အခြားသူ၌ ချစ်ကြိုက်သော စိတ်သည်။
န မဟုတ်။
ဣတိတသ္မာ ထိုကြောင့်။
သာဣတ္ထီ ထိုမိန်းမသည်။
အနညမနာ အနညမနမည်၏။
မယှံ အကျွန်ုပ်၏။
သာမိကတော လင်မှ။
အညေ တစ်ပါးသော။
ပုရိသေ ယောက်ျား၌။
ပါပကံ ယုတ်မာသော။
စိတ္တံ ပြစ်မှားကျူးလွန်လိုသော စိတ်ကို။
န ဥပ္ပါဒေမိ မဖြစ်စေတတ်။
ဣတိအယံ ဤသည်ကား။
အတ္ထော အနက်တည်း။
မာတာဝ ပုတ္တံ အနုရက္ခမာနာတိ မာတာဝ ပုတ္တံ အနုရက္ခမာနာဟူသည်ကား။
မာတာ မိခင်သည်။
ပုတ္တံ သားကို။
အနုဒ္ဒယာယထာ အစဉ်သနားသကဲ့သို့။
ဧဝံ ဤအတူ။
မယှံ အကျွန်ုပ်၏။
သာမိကံဝါ ခင်ပွန်းကိုလည်းကောင်း။
သဗ္ဗေပိ ဝါ သတ္တေ အလုံးစုံသော သတ္တဝါတို့ကိုလည်းကောင်း။
ဟိတေသိတာယစ အစီးအပွားကို အလိုရှိသည်၏အဖြစ်ကြောင့်လည်းကောင်း။
အဟိသာပနယကာမတာယ စ အစီးအပွားမရှိသည်ကို ပယ်ခြင်းငှါ အလိုရှိသည်၏အဖြစ်ကြောင့်လည်းကောင်း။
အနုဒ္ဒယမာနာ အစဉ်သနားစောင့်ရှောက်လေ့ရှိသည်။
အဟောသိ ဖြစ်ပြီ။
ကုဒ္ဓါပိဟံ နပ္ဖရုသံ အဝေါစန္တိ ကုဒ္ဓါပိဟံ နပ္ဖရုသံ အဝေါစံဟူသည်ကား။
ပရေန သူတစ်ပါးသည်။
ကတံ ပြုအပ်သော ။
အဖာသုကံ ကိုယ်စိတ်နှစ်ဖြာ မချမ်းသာစေတတ်သော အမှုကို။
ပဋိစ္စ စွဲ၍။
ကုဒ္ဓါ အမျက်ထွက်သည်။
သမာနာပိ ဖြစ်သော်လည်း။
အဟံ အကျွန်ုပ်သည်။
ဖရုသဝစနံ ကြမ်းကြုတ်သော စကားကို။
န ကထေသိံ မဆိုပါ။
အညဒတ္ထု စင်စစ်သဖြင့်။
ပိယဝစနမေဝ ချစ်နှစ်လိုဘွယ်ရှိသောစကားကိုသာလျှင်။
အဘာသိ ဆိုပြီ။
ဣတိအယံ ဤသည်ကား။
အဓိပ္ပါယော အလိုတည်း။
သစ္စေ ဌိတာတိ သစ္စေဌိတာဟူသည်ကား။
သစ္စေ မှန်သော စကား၌။
ပတိဋ္ဌိတာ တည်၏။
ယသ္မာ အကြင်ကြောင့်။
မုသာဝါဒါ ဝေရမဏိယာ မဟုတ်မမှန်သော စကားကို ဆိုခြင်းမှကြဉ်ရှောင်သဖြင့်။
သစ္စေ မှန်သော စကားကို ဆိုခြင်း၌။
ပတိဋ္ဌိတာ နာမ တည်သည်မည်သည်။
ဟောတိ ဖြစ်၏။
ကဒါစိ တစ်ရံတစ်ခါ၌။
သစ္စဝစနမတ္တေန မှန်သောစကားကို ဆိုမိကာမျှဖြင့်။
သစ္စေ မှန်သော စကား၌။
ပတိဋ္ဌိတာ နာမ တည်သည်မည်သည်။
နဟောတိ မဖြစ်။
ဣတိအဓိပ္ပါယေန ဤသို့သော အလိုဖြင့်။
အာဟ ဆိုပြီ။
မောသဝဇ္ဇံ ပဟာယာတိ မောသဝဇ္ဇံပဟာယဟူသည်ကား။
မုသာဝါဒံ မဟုတ်မမှန်သော စကားကို။
ပဟာယ ပယ်၍။
ဒါနေ ရတာတိ ဒါနေရတာဟူသည်ကား။
ဒါနေ အလှူဒါန၌။
အဘိရတာ အလွန်မွေ့လျော်၏။
ယုတ္တပ္ပယုတ္တာ လွန်စွာအားထုတ်ခြင်းရှိသည်။
ဣတိအယံ ဤသည်ကား။
အတ္ထော အနက်တည်း။
သင်္ဂဟိတတ္တဘာဝါတိ သင်္ဂဟိတတ္တဘာဝါဟူသည်ကား။
သင်္ဂဟဝတ္ထူဟိ သင်္ဂဟဝတ္ထုတို့ဖြင့်။
အတ္တာနံ ဝိယ မိမိကိုယ်ကိုကဲ့သို့။
သဘာဝေနေဝ သဘောအားဖြင့်သာလျှင်။
ပရေသံ သူတစ်ပါးတို့အား။
သင်္ဂဏှနသီလာ သင်္ဂြိုဟ်ခြီးမြှောက်ထောက်ပံ့တတ်သော အလေ့ရှိ၏။
အန္နဉ္စ ဆွမ်းကိုလည်းကောင်း။
ပါနဉ္စ အဖျော်ကိုလည်းကောင်း။
ကမ္မဖလံ ကံကံ၏အကျိုးကို။
သဒ္ဓါယ ယုံကြည်၍။
ပသန္နစိတ္တာ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍။
သက္ကစ္စံ စိတ္တိကာရေန အရိုအသေပြုသဖြင့်။
အဒါသိံ ပေးလှူပြီ။
အညဉ္စ တစ်ပါးလည်းဖြစ်သော။
ဝိပုလံ ပြန့်ပြောသော။
ဥဠာရံ မြတ်သော။
ဝတ္ထာဒိဒါနံ အဝတ်သင်္ကန်း အစရှိသော အလှူကို။
အဒါသိံ ပေးလှူပြီ။
ဣတိအယံ ဤသည်ကား။
ယောဇနာ ယောဇနာခြင်းတည်း။
သေသံ ကြွင်းသောစကားရပ်သည်။
ဝုတ္တနယမေဝ ဆိုအပ်ပြီးသော နည်းသည်သာလျှင်တည်း။
ပတိဗ္ဗတာဝိမာနဝဏ္ဏနာ ပတိဗ္ဗတာဝိမာနဝတ္ထုအဖွင့်သည်။
နိဋ္ဌိတာ ပြီးခြင်းသို့ရောက်ပြီ။