အဇေဠကာဒီသု ခေတ္တဝတ္ထုပရိယောသာနေသုပိ၊ အဇေဠကအစရှိကုန်သော လယ်ယာအဆုံးရှိကုန်သော ဝတ္ထုတို့၌လည်း။
ကပ္ပိယာကပ္ပိယနယော၊ အပ်, မအပ်သော နည်းကို။
ဝိနယဝသေန၊ ဝိနည်း၏အစွမ်းဖြင့်။
ဥပပရိက္ခိတဗ္ဗော၊ စူးစမ်းဆင်ခြင်အပ်၏။
တတ္ထ၊ ထိုခေတ္တဝတ္ထုဟူသော စကား၌။
ယသ္မိံ၊ အကြင်မြေ အရပ်၌။
ပုဗ္ဗဏ္ဏံ၊ ကောက်သည်။
ရုဟတိ၊ ရောက်၏။
တံ ဌာနံ၊ ထိုမြေအရပ်သည်။
ခေတ္တံ နာမ၊ လယ်မည်၏။
ယသ္မိံ၊ အကြင်မြေအရပ်၌။
အပရဏ္ဏံ၊ ပဲသည်။
ရုဟတိ၊ ရောက်၏။
တံ ဌာနံ၊ ထိုမြေအရပ်သည်။
ဝတ္ထု နာမ၊ ယာမည်၏။
ဝါ၊ တစ်နည်းကား။
ယတ္ထ၊ အကြင်မြေ အရပ်၌။
ဥဘယံ၊ ကောက်ပဲနှစ်ပါးသည်။
ရုဟတိ၊ ရောက်၏။
တံ ဌာနံ၊ ထိုကောက်ပဲရောက်ရာအရပ်သည်။
ခေတ္တံ၊ လယ်မည်၏။
တဒတ္ထာယ၊ ထိုကောက်ပဲနှစ်ပါးစိုက်ပျိုးရာခေတ္တပြုလုပ်ခြင်းအကျိုးငှာ။
အကတဘူမိဘာဂေါ၊ စိုက်ကြဲခြင်းကို မပြုအပ်သေးသော မြေအဖို့သည်။
ဝတ္ထု၊ ယာမည်၏။
စ၊ ဆက်၍ ဆိုအံ့။
ဧတ္ထ၊ ဤဝါကျ၌။
ခေတ္တဝတ္ထုသီသေန၊ လယ်ယာဟူသော ပဓာနဖြင့်။
ဝါပိတဠာကာဒီနိပိ၊ အိုင်အင်းတစ်ဖက်ဆည်ကန်စသည်တို့ကိုလည်း။
သင်္ဂဟိတာနေဝ၊ သင်္ဂြိုဟ်အပ်ကုန်သည်သာတည်း။