Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
(SN) Mahāvagga-aṭṭhakathā
(SN) Mahāvagga-aṭṭhakathā

6-11. Chedanasuttādivaṇṇanā

Author: miuthi-မိုးထိ @ IAPT

ဆေဒနာဒီသု၊ ဆေဒနစသည်တို့၌။ ဆေဒနန္တိ၊ ဆေဒနံဟူသည်ကား။ ဟတ္ထစ္ဆေဒါဒီ၊ လက်ခြေဖြတ်ခြင်းစသည်တည်း။
ဝဓောတိ၊ ဝဓောဟူသည်ကား။ မာရဏံ၊ တတောင်လက်ဆုပ်ဖြင့် ပုတ်ခတ်ခြင်း ကြိမ်လှံတံဖြင့်ရိုက်နှက်ခြင်းစသည်တို့ဖြင့် ညှဉ်းဆဲခြင်းတည်း။
ဗန္ဓောတိ၊ ဗန္ဓောဟူသည်ကား။ ရဇ္ဇုဗန္ဓနာဒီဟိ၊ ကြိုးအနှောင်စသည်တို့ဖြင့်။ ဗန္ဓနံ၊ နှောင်ဖွဲ့ခြင်းတည်း။
ဝိပရာမောသောတိ၊ ဝိပရာမောသော ဟူသည်ကား။ ဟိမဝိပရာမောသော၊ ဆီးနှင်းဖြင့် ဖုံးကွယ်၍ လုယူခြင်း။ ဂုမ္ဗဝိပရာမောသော၊ တောချုံဖြင့် ဖုံးကွယ်၍လုယူခြင်း။ ဣတိ၊ ဤသို့သောဘေဒဖြင့်။ ဒုဝိဓော၊ နှစ်ပါးအပြားရှိသည်။ ဟောတိ၊ ဖြစ်၏။
ဟိမပါတသမယေ၊ ဆီးနှင်းထန်သောအခါ၌။ ဟိမေန၊ ဆီးနှင်းဖြင့်။ ပဋိစ္ဆန္နာ၊ ဖုံးကွယ်ကုန်သည်။ ဟုတွာ၊ ဖြစ်၍။ မဂ္ဂပဋိပန္နံ၊ ခရီးသွားကို။ ယံ မုသန္တိ၊ အကြင်လုယူကုန်၏။ အယံ၊ ဤဆီးနှင်းဖြင့် ဖုံး၍လုယူခြင်းသည်။ ဟိမဝိပရာမောသော၊ ဟိမဝိပရာမောသမည်၏။
ဂုမ္ဗာဒိပဋိစ္ဆန္နာ၊ ချုံစေးပျစ်စသည်ဖြင့်ဖုံးကွယ်၍။ မဂ္ဂပဋိပန္နံ၊ ခရီးသွားကို။ ယံ မုသန္တိ၊ အကြင်လုယူကုန်၏။ အယံ၊ ဤချုံစေးပျစ်စသည်ဖြင့် ဖုံးကွယ်၍ လုယူခြင်းသည်။ ဂုမ္ဗဝိပရာမောသော၊ ဂုမ္ဗဝိပရာမောသမည်၏။
ဂါမနိဂမာဒီနံ၊ ရွာနိဂုံးစသည်တို့ကို။ ဝိလောပကရဏံ၊ လုယက်တိုက်ဖျက်ခြင်းကို။ အာလောပေါ၊ အာလောပဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
သာသသာကာရောတိ၊ သာသသာကာရော ဟူသည်ကား။ သာသသိကကိရိယာ၊ အနိုင်အထက်နှိပ်စက်သဖြင့် ဖြစ်စေအပ်သော လုယက်ဖျက်ဆီးခြင်း ကိရိယာတည်း။ ဂေဟံ၊ လူကုံထံအိမ်သို့။ ပဝိသိတွာ၊ ဝင်၍။ မနုဿာနံ၊ လူတို့၏။ ဥရေ၊ ရင်၌။ သတ္ထံ ဌပေတွာ၊ ဓားလက်နက်တင်၍။ ဣစ္ဈိတဘဏ္ဍဂဟဏံ၊ အလိုရှိတိုင်းသော ဥစ္စာကိုယူခြင်းတည်း။
ဧဝံ၊ ဤသို့သောနည်းဖြင့်။ ဧတသ္မာ၊ ထိုဆိုအပ်ပြီးသော။ ဆေဒနဝဂဗန္ဓဝိပရာမောသအာလောပသာဟသာကာရာ၊ လက်ခြေစသည်ကိုဖြတ်ခြင်းဖြင့် တတောင်လက်ဆုပ်အုတ်ကျောက်လှံတံဖြင့် ညှဉ်းဆဲရိုက်ပုတ်ခြင်းနှိပ်နင်းလွှမ်းမိုးကြိုးတုပ် မျက်မှောင် နှောင်ဖွဲ့ခြင်း ဆီးနှင်း တောချုံ စုံဂနီုင် မြိုင်စေးပျစ်ပုံကွယ်၍ ခရီးဝယ်လုယူခြင်း ရွာတွင်း မြို့တွင်းအတင်းတိုက်ခိုက် ရိုက်နှက် လုယူခြင်း အိမ်တွင်းစီးဝင် ရင်ထက်ဓားထားလျက် နှစ်သက်သည် ဥစ္စာစုကိုအနုကြမ်းစီးယူခြင်းမှ။ ပဋိဝိရတာ၊ ကြဉ်ကုန်၏။
သေသံ၊ ကြွင်းသော စကားရပ်သည်။ သဗ္ဗတ္ထ၊ အလုံးစုံတို့၌။ ဥတ္တာနမေဝ၊ ပေါ်သည်သာလျှင်တည်း။ ဣတိ၊ ဤသည်လျှင် အပြီးတည်း။
အာမကဓညပေယျာလဝဏ္ဏနာ၊ အာမကဓညပေယျာလအဖွင့်သည်။ နိဋ္ဌိတာ၊ ဥဿုံမကြွင်း ပြီးဆုံးခြင်းသို့ ရောက်လတ်ပြီ။
သာရတ္ထပကာသနိယာ၊ အခွန်ပယ်ပစ် အကာခြစ်၍ အနှစ်အတိဖြစ်သောအနက်ကို ပြရာဖြစ်၍ သာရတ္ထပကာသနီအမည်ရှိသော။ သံယုတ္တနိကာဌဋ္ဌကထာယံ ၁။ သံယုတ္တနိကာယဋ္ဌကထာယ (ဆဋ္ဌ) ၊ သံယုတ္တနိကာယ်အဋ္ဌကထာ၌။
မဟာဝဝဂ္ဂဝဏ္ဏနာ၊ မဟာဝဂ်သံဝဏ္ဏနာသည်။ နိဋ္ဌိတာ စ၊ ဥဿုံမညို အလိုအလျောက် အပြီးရောက်သည်သာလျှင်တည်း။ ဣတိ၊ ဤရွေ့လျှင် အပြီးကပတ်တည်း။