ဥက္ကောဋနာဒီသု၊ ဥက္ကောဋနစသည်တို့၌။
သာမိကေ၊ အမှန်ဥစ္စာရှင်တို့ကို။
အဿာမိကေ ကာတုံ၊ ဥစ္စာရှင်မဟုတ်သည်ကို ပြုခြင်းငှာ။
လဉ္ဇဂဟဏံ၊ တံစိုးစားခြင်းသည်။
ဥက္ကောဋနန္တိ၊ ဥက္ကောဋန မည်၏။
ဝဉ္စနန္တိ၊ ဝဉ္စနံဟူသည်ကား။
တေဟိ တေဟိ ဥပါယေဟိ၊ ထိုထိုဥပါယ်တမည်တို့ဖြင့်။
ပရေသံ၊ သူတစ်ပါးတို့ကို။
ဝဉ္စနံ၊ လှည့်ပတ်ခြင်းပင်တည်း။
တတြ၊ ထိုသို့ဥပါယ်တမည်ဖြင့်လှည့်ပတ်ခြင်း၌။
ဣဒံ၊ ဤဆိုလတ္တံ့သည်ကား။
ဧကံ ဝတ္ထု၊ အခြားမဟုတ်နှုတ်တတ်မှတ်စလွယ်ဝတ္ထုတစ်ခုတည်း။
ကိရ၊ ကြားရသည်ကား။
ဧကော၊ တစ်ဦးသော။
လုဒ္ဒကော၊ မုဆိုးသည်။
မိဂဉ္စ၊ သမင်ကြီးကိုလည်းကောင်း။
မိဂပေါတကဉ္စ၊ သမင်ငယ်တစ်စီးကိုလည်းကောင်း။
ဂဟေတွာ၊ ထမ်း၍။
အာဂစ္ဆတိ၊ လာ၏။
တံ၊ ထိုမုဆိုးကို။
ဧကော၊ တစ်ယောက်သော။
ဓုတ္တော၊ သောက်စားကြူးသော သူသည်။
"ဘော၊ အနောင်။
မိဂေါ၊ အစ်ကို သမင်ကြီးသည်။
ကိံ အဂ္ဃတိ၊ အဖိုးဘယ်မျှထိုက်သနည်း။"
ဣတိ၊ ဤသို့။
အာဟ၊ မေး၏။
မိဂေါ၊ အစ်ကိုသမင်ကြီးသည်။
ဒွေ ကဟာပဏေ၊ နှစ်သပြာတို့ကို။
အဂ္ဃတိ၊ ထိုက်၏။
မိဂပေါတကော၊ သမင်ငယ်သည်။
ဧကံ၊ တစ်သပြာကို။
အဂ္ဃတိ၊ ထိုက်၏။
ဣတိ၊ ဤသို့သော စကားကို။
ဝုတ္တေ စ၊ မုဆိုးက ဆိုသော်ကား။
ကဟာပဏံ၊ တစ်သပြာကို။
ဒတွာ၊ ပေး၍။
မိဂပေါတကံ၊ သမင်ငယ်ကို။
ဂဟေတွာ၊ ယူ၍။
ထောကံ၊ အတန်ငယ်။
ဂန္တွာ၊ သွား၍။
နိဝတ္တော၊ ပြန်လည်ပြန်၍။
"ဘော၊ အနောင်။
မေ၊ ငါ့အား။
မိဂပေါတကေန၊ အစ်ကို့သမင်ငယ်ဖြင့်။
န အတ္ထော၊ အလိုမရှိ။
မေ၊ ငါ့အား။
မိဂံ၊ သမင်ကြီးကို။
ဒေဟီတိ၊ ပေးလော"ဟု။
အာဟ၊ ဆို၏။
တေနဟိ၊ အမောင် ထိုသို့သမင်ကြီးကို လိုချင်မူကား။
ဒွေ ကဟာပဏေ၊ နှစ်သပြာတို့ကို။
ဒေဟီတိ၊ ငါ့အား ပေးလောဟု။
အာဟ၊ မုဆိုးက ဆို၏။
ဘော၊ အနောင်။
မဟာ၊ ငါသည်။
ပဌမံ၊ လက်ဦးစွာ။
ဧကော ကဟာပဏော၊ တစ်သပြာကို။
ဒိန္နော နနု၊ သင့်အား ပေးပြီး မဟုတ်လော။
ဧဝံ၊ ဤသို့ဝယ်သူက ဆိုလတ်သော်။
အာမ ဒိန္နောတိ၊ ဪ ပေးပြီဟု။
အာဟ၊ မုဆိုးကဆို၏။
ဣဒမ္မိ မိဂပေါတကံ၊ ဤသမင်ငယ်ကိုလည်း။
ဂဏှ၊ ယူလော။
ဧဝံ၊ ဤသို့ယူသည်ရှိသော်။
သော စ ကဟာပဏော၊ ထိုလက်ဦးပေးသော တစ်သပြာကိုလည်းကောင်း။
အယဉ္စကဟာပဏဂ္ဃနကော၊ ဤတစ်သပြာထိုက်သော သမင်ငယ်လည်းကောင်း။
ဣတိ၊ ဤသို့နှစ်ခုပေါင်းလတ်သော်။
ဒွေကဟာပဏာ၊ နှစ်သပြာတို့သည်။
ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
ဣတိ၊ ဤသို့။
အာဟ၊ သမင်ဝယ်သူကဆို၏။
သော၊ ထိုမုဆိုးသည်။
"ကာရဏံ၊ သင့်သော အကြောင်းကို။
ဝဒတီတိ၊ ဤသူဆိုပေသည်"ဟု။
သလ္လက္ခေတွာ၊ မှတ်၍။
မိဂပေါတကံ၊ သမင်ငယ်ကို။
ဂဟေတွာ၊ ယူ၍။
မိဂံ၊ သမင်ကြီးကို။
အဒါသိ၊ ပေး၏။
ဣတိ ဣဒံ၊ ဤသည်ကား။
ဧကံ ဝတ္ထု၊ အခြားမဟုတ် နှုတ်တက်မှတ်စလွယ် ဝတ္ထုတစ်ခုတည်း။
နိကတီတိ၊ နိကတိဟူသည်ကား။
ယောဂဝသေန ဝိဇ္ဇာဇပ္ပနာဒိပယောဂဝသေန၊ မန္တာန်စိပ်ခြင်း, ဆေးစိပ်ခြင်းစသော ပယောဂ၏အစွမ်းဖြင့်လည်းကောင်း။
မာယာဝသေန ဝါ၊ မန္တဇပ္ပနကို ကြဉ်၍ မဟုတ်သည်ကိုလျက် ဟုတ်သော အခြင်းအရာကဲ့သို့ ထင်မှတ်စေတတ်သော မျက်စိကို မှိတ်တတ်မှောက်မှားစေတတ်သော လှည့်ပတ်ခြင်းမာယာဖြင့်လည်းကောင်း။
အပါမင်္ဂံ၊ စလွယ်သွယ်ပျောင်းစသည်တန်ဆာမဟုတ်သည်ကို။
ပါမင်္ဂန္တိ၊ စလွယ်သွယ်ပျောင်းတန်ဆာဟု။
အမဏိံ၊ အမျက်ရတနာ မဟုတ်သည်ကို။
မဏိန္တိ၊ အမျက်ရတနာဟု။
အသုဝဏ္ဏံ၊ ရွှေမဟုတ်သည်ကို။
သုဝဏ္ဏန္တိ၊ ရွှေဟု။
ကတွာ၊ ပြုလုပ်၍။
ပဋိရူပကေန၊ အတုဖြင့်။
ဝဉ္စနံ၊ လှည့်ပတ်ခြင်းတည်း။
သာစိယောဂေါတိ၊ သာစိယောဂေါ ဟူသည်ကား။
ကုဋိလယောဂေါ၊ ကောက်ကျစ်သော ပယောဂဗျာပါရတည်း။
ဧတံ၊ ဤသာစိယောဂသည်။
ဧတေသံယေဝ ဥက္ကောဋနာဒီနံ၊ ထိုဥက္ကောဋနစသည်တို့၏သာလျှင်။
နာမံ၊ အမည်တည်း။
တသ္မာ၊ ထို့ကြောင့်။
ဥက္ကောဋနသာစိယောဂါ၊ တံစိုးပဏ္ဏားစားခြင်းဟူသော ကောက်ကျစ်စဉ်းလဲခြင်း ပယောဂမှလည်းကောင်း။
ဝဉ္စနသာစိယောဂါ၊ ထိုထိုဥပါယ်တမည်ဖြင့် လှည့်ပတ်ခြင်းဟူသော ကောက်ကျစ်စဉ်းလဲခြင်း ပယောဂမှလည်းကောင်း။
နိကတိသာစိယောဂါ၊ အတုဖြင့် လှည့်ပတ်ခြင်းဟူသော ကောက်ကျစ်စဉ်းလဲခြင်း ပယောဂမှလည်းကောင်း။
ဣတိ ဧဝံအတ္ထော၊ ဤအနက်ကို။
ဧတ္ထ၊ ဤဝါကျ၌။
ဒဋ္ဌဗ္ဗော၊ မှတ်အပ်၏။
ကေစိ၊ မြောက်ကျောင်းနေ ကေစိတို့သည်။
အညံ၊ တစ်ပါးကို။
ဒဿေတွာ၊ ပြ၍။
အညဿ၊ တစ်ပါးကို။
ပရိဝတ္တနံ၊ လဲလှယ်ခြင်းသည်။
သာစိယောဂေါ၊ သာစိယောဂမည်၏။
ဣတိ၊ ဤသို့။
ဝဒန္တိ၊ ဆိုကုန်၏။
ပန၊ ထိုသို့ကေစိတို့ ဆိုသော်လည်း။
တံ၊ ထိုတစ်ပါးကို ပြန်၍တစ်ပါးကိုလဲလှယ်ခြင်းကို။
ဝဉ္စနေန၊ ဝဉ္စနဖြင့်။
သင်္ဂဟိတံ၊ သင်္ဂြိုဟ်အပ်၏။