(၃၅) ယသာသိနီ၊ များသောအခြံအရံရှိသော။
ဒေဝီ၊ နတ်သ္မီး။
အဟံ၊ ငါသည်။
ဖလိကရဇထဟေမဇာသစ္ဆန္နံ၊ ဖတ်ကျောက်တို့ဖြင့် ပြုအပ်သောနံရံရွှေငွေ တို့ဖြင့်ပြီးသော ကွန်ယက်ရှိသော။
ဝိဝိဓဝိစိတြံတလံ၊ အထူးထူးသောအဆင်ဆန်းကြယ်သောနေရာရှိသောအပြင်တလင်းနှင့်ပြည့်စုံသော။
သုရမ္မံ၊ အလွန်နှလုံးမွေ့လျော်ပျော်ဖွယ်ရှိသော။
ဗျမှိ၊ နတ်တို့၏နေရာဖြစ်သော။
နိမ္မိတံ၊ ကုသိုလ်ကံသည်ဖန်ဆင်းအပ်သော။
တောရဏုပန္နံ၊ ရတနာခုနစ်ပါးတို့ဖြင့်ပြီးသော ဆန်းကြယ်သော တုရိုင်းတိုင်နှင့်ပြည့်စုံသော။
ရုစကုပကိဏ္ဏံ၊ ရွှေသဲတို့ဖြင့်ပြွမ်းသော။
သုတံ၊ တင့်တယ်သော။
တဝ၊ သင်၏။
ဣဒံဝိမာနံ၊ ဤဗိမာန်ကို။
အဒ္ဒသံ၊ မြည်၏။
ယဿဿိနီ၊ များမြတ်သောအခြံအရံရှိသော။
ဒေဝီ၊ နတ်သ္မီး။
တဝ၊ သင်၏။
ဣဒံဝိမာနံ၊ ဤဗိမာန်သည်။
နဘေ၊ ကောင်းကင်၌။
သူရိယောဣဝ၊ နေလုလင်ကဲ့သို့။
ဒသဒိသာ၊ အရပ်ဆယ်မျက်နှာတို့ကို။
ဘာသတိစ၊ ထွန်းလင်းခြင်းကိုလည်းဖြစ်စေ၏။
သရဒေ၊ သရဒဥတုကာလ၌။
တမောနုဒေါ၊ အမိုက်အမှောင်ကိုပယ်ဖျောက်တတ်သော။
သဟဿရံသိဣဝ၊ ရောင်ခြည်တထောင်ဆောင်သော နေမင်းကဲ့သို့သို့။
တထာ၊ ထိုအတူ။
ကပတိစ၊ ထွန်းပသည်လည်းဖြစ်၏။
ဇလံဇလန္တော၊ ပြောင်ပြောင်တောက်သော။
ဓူမသိခေါဣဝ၊ မီးပုံကဲ့သို့။
နဘပ္ပေ၊ ကောင်းကင်ပြင်၌တည်းဟူသောအဖို့၌။
နိသေနိသတိစ၊ ပြိုးပြိုးပြက်ထွက်သည်လည်းဖြစ်၏။
သထေရိတာဣဝ၊ လျှပ်စစ်နွယ်ကဲ့သို့။
နယနံ၊ မျက်စိကို။
မုသတိဣဝ၊ မေ့စေသကဲ့သို့လည်းဖြစ်၏။
ယသဿိနီ၊ များမြတ်သောအခြံအရံရှိသော။
ဒေဝီ၊ နတ်သ္မီး။
အာကာသေ၊ ကောင်ကင်ပြင်၌။
ဌိတံ၊ တည်သော။
တဝ၊ သင်နတ်သ္မီး၏။
ဣဒံဝိမာနံ၊ ဤဗိမာန်သည်။
မနုညံ၊ နှစ်သက်မြတ်နိုးဖွယ်ရှိသော။
ဝီဏာမုရဇသမ္မတာဠသံသုဋ္ဌံ၊ စောင်းမုရိုးစည်ခွက်ကွင်းထက်ခုတ်ကြေးနင်းတို့၏အသံတို့ဖြင့်မဆိတ်မညံသောအသံရှိ၏။
တဝ၊ သင်နတ်သ္မီး၏။
ဣဒံဝိမာနံ၊ ဤဗိမာန်သည်။
ဣန္ဒပုရံယထာ၊ သိကြားမင်း၏။
သုဒဿန၊ မြို့ကဲ့သို့။
ဣဒ္ဓံ၊ နတ်သားနတ်သ္မီးစည်းစိမ်ချမ်းသာတို့နှင့်ပြည့်စုံ၏။
ဧတ္ထ၊ ဤသင်၏ဗိမာန်၌။
ပဒုမကုမုဒဥပ္ပလကုဝလံ၊ ကြာပဒုမာကြာပုဏ္ဍရိက်။
ကုရဒြာ၊ ကြာနီ ကြာညိုစသောကြာမျိုးသည်လည်းကောင်း။
ယောမိကဂဏ္ဍိကာနောဇကာစ၊
ကြက်တက်ခေါင်းရန်းအနောဇာပန်းတို့သည်လည်းကောင်း။
ကုသုမိတာ၊ ပွင့်သောပန်းရှိကုန်သော။
သာလာစ၊ အင်ကြင်းပန်းတို့သည်လည်းကောင်း။
ပုပ္ဖိတာ၊ ပွင့်ကုန်သော။
အသောကာစ၊ ပန်းသုံးပွင့်တို့သည်လည်းကောင်း။
သန္တိ၊ ရှိကုန်၏။
တဝ၊ သင်၏။
ဣဒံဝိမာနံ၊ ဤဗိမာန်သည်။
သဠလထဗုဇဘုဇကသံယုတ္တာ၊ ထင်းရှူးပင်ထောင်ဝိန္နဲပင်ဘုဇကမည်သောသစ်ပင်တို့နှင့်ယှဉ်သော။
ကုသလသုဖုလ္လိတလတာဝလမ္ဗိနီဟိ၊ ထန်းအိုးအစရှိကုန်သော မြက်မျိုးတွဲရရွဲဆွဲကုန်သော သန္တာနကနွယ်အစရှိကုန်သောကောင်းစွာပွင့်ကုန်သောနွယ်မျိုးတို့နှင့်။
သံယုတ္တာ၊ ယှဉ်သော။
မဏိဇာလသဒိသာ၊ မြညောင်နှင့်တူသောစိမ်းညိုသောအရောင်ရှိသော။
ရမ္မာ၊ နှလုံးမွေ့လျော်ပျော်ဖွယ်ရှိသော။
ပေါက္ခရဏီ၊ ရေကန်သည်။
တေ၊ သင်၏။
ဥပဋ္ဌိတာ၊ ဗိမာန်၏အနီး၌တည်၏။
ပုပ္ဖဇာတာ၊ ပွင့်တတ်သောအမျိုးဖြစ်ကုန်သော။
ဥဒရုတာ၊ ရေ၌ရောက်ကုန်သော။
ယေရုက္ခာစ၊ အကြင်ပဒုမာကြာအစရှိကုန်သောပန်းတို့သည်လည်းကောင်း။၏
ထလဇာ၊ ကြည်းကုန်း၌ရောက်ကုန်သော။
ယေရုက္ခာစ၊ အကြင်ကြက်ဟင်းအစရှိကုန်သော သစ်ပင်တို့သည်လည်းကောင်း။
သန္တိ၊ ရှိကုန်၏။
အညေပိ၊ ဆိုအပ်ခဲ့ပြီးသည်မှတပါးလည်းဖြစ်ကုန်သော။
ပုပ္ဖုပဂဖလုပဂါ၊ ပွင့်ခြင်းသီးခြင်းသို့ရောက်ကုန်သော။
ယေရုက္ခဇာတာစ၊ အကြင်သစ်ပင်မျိုးတို့သည်လည်း။
သန္တိ၊ ရှိကုန်၏။
မာနုဿကာစ၊ လူပြည်၌ရောက်တတ်သည်လည်းဖြစ်ကုန်သော။
အမာနုဘာကာစ၊ နတ်ပြည်၌သာရောက်တတ်သည်လည်းဖြစ်ကုန်သော။
ဒိဗ္ဗာ၊ ထွန်းပသောအာနုဘော်ရှိကုန်သော။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
တေရုက္ခာ၊ ထိုသစ်ပင်တို့သည်လည်းကောင်း။
တုယှံ၊ သင်၏။
နိဝေသနမှိ၊ နေရာဗိမာန်၏အနီး၌။
ဇာတာ၊ ဖြစ်ကုန်၏။
အာဠာရပခုမေ၊ နွားမျက်တောင်ကဲ့သို့ထူထပ်လျောက်ပတ်သော မျက်တောင်ရှိသော။
ဒေဝီ၊ နတ်သ္မီး။
အယံဝိပါကော၊ ဤအကျိုးသည်။
ကိဿ၊ အဘယ်သို့သဘောရှိသော။
သံယမဒမဿ၊ ကိုယ်နှုတ်နှလုံးကိုစောင့်သုံးခြင်ဣန္ဒြေကိုဆုံးမခြင်း၏။
ဝိပါကော၊ အကျိုးနည်း။
ဝိပစ္စိတုံ၊ အကျိုးပေးခြင်းငှာ။
အာရဒ္ဓေန၊ အားထုတ်အပ်သော။
ကေနကမ္မဗထေန၊ အဘယ်သို့သောကံ၏အစွမ်းဖြင့်။
တွံ၊ သင်သည်။
ဣဓ၊ ဤတာဝတိံသာနတ်ပြည်၌။
ဥပပန္နာ၊ ပဋိသန္ဓေအားဖြင့်ဖြစ်သည်။
အသိ၊ ဖြစ်သနည်း။
ယထာ၊ အကြင်သို့သောကံကြောင့်လည်း။
တေ၊ သင်သည်။
ဣဒံဗိမာနံ၊ ဤဗိမာန်ကို။
အမိဂတံ၊ ရအပ်၏။
တံကမ္မံ၊ ထိုကံကို။
အနုရူပံ၊ ငါမေးအပ်သောပုစ္ဆာအားလျော်စွာ။
အဝစာသိ၊ ဖြေဆိုလော့။
ဣတိ၊ ဤသို့။
အာဟ၊ ဆို၏။
ဘန္တေ၊ အရှင်ဘုရား။
ယတာစ၊ အကြင်သို့သောသဘောကုသိုလ်ကံကြောင့်လည်း။
ကုဉ္ဇမယူရစင်္ကောရသံဃစရိတံ၊ ကြိုးကြာဥဒေါင်းဇင်ယော်စသော ငှက်အပေါင်းတို့၏သွားလာရာဖြစ်သော။
နာနာသန္တာနကပုပ္ဖရုက္ခဝိဝိဓာ၊ အထူးထူးသော သန္တနကနွယ်ပန်းပင်တို့ဖြင့်ဆန်းကြယ်သောအခြင်းအရာအစုအဝေးရှိသော။
ပါဋလိဇမ္ဗုအသောကရုက္ခဝန္တံ၊ သခွတ်သပြေပန်းသုန် စသောသစ်ပင်လည်းရှိသော။
ဣဒံဝိမာနံ၊ ဤဗိမာန်ကို။
မေ၊ အကျွန်ုပ်သည်။
အဓိဂတံ၊ ရအပ်၏။
တံကမ္မံ၊ ထိုကံကို။
တေ၊ အရှင်ဘုရားအား။
ပဝေဒယာမိ၊ ကြားပါအံ့။
တွံ၊ အရှင်ဘုရားသည်။
သုဏောဟိ၊ နာတော်မူလော့။
ဘန္တေ၊ အရှင်ဘုရား။
မဂဓဝရပုရတ္ထိမေန၊ မြတ်သောမဂဓတိုင်း၌အရှေ့အရပ်မျက်နှာအဖို့ဖြင့်။
နာဠကဂါမောနာမ၊ နာဠကအမည်ရှိသောရွာသည်။
အတ္ထိ၊ ရှိ၏။
တတ္ထ၊ ထိုရွာ၌။
အဟံံ၊ အကျွန်ုပ်သည်။
ပုရေ၊ ရှေးဘဝ၌။
သုဏိသာ၊ ချွေးမသည်။
အဟောသိံ၊ ဖြစ်ခဲ့ဖူး၏။
တတ္ထ၊ ထိုနာဠကအမည်ရှိသောရွာ၌။
ပေသပတီတိ၊ ပေသဝတီဟူ၍။
မမံ၊ အကျွန်ုပ်ကို။
မနုဿာ၊ လူတို့သည်။
ဇာနိံသု၊ သိကြကုန်၏။
ဘန္တေ၊ အရှင်ဘုရား။
သာအဟံ၊ ထိုအကျွန်ုပ်သည်။
အပစိကတ္တဓမ္မကုသလံ၊ အကျိုးအကြောင်း၌လိမ္မာတော်မူသောမြတ်စွာဘုရားကိုအရိုအသေပြုတတ်သော။
ဒေဝမနုဿပူဇိတံ၊ နတ်လူအပေါင်းသည် ပူဇော်အပ်သော။
မဟန္တံ၊ သီလအစရှိသောများမြတ်သောကျေးဇူးရှိသော။
နိဗ္ဗုတံ၊ ကိလေသာတို့မှ ငြိမ်းပြီးးသော။
အပ္ပမေယျံ၊ မနှိုင်းယှဉ်အပ်သော ဂုဏ်ရှိသော။
ဥပတိဿံ၊ ဥပတိဿအမည်ရှိသော မထောရ်မြတ်ကို။
မုဒိဘမနာ၊ ဝမ်းမြောက်သောစိတ်ရှိသည်ဖြစ်၍။
ကုသုမေဟိ၊ ရတနာဖြင့်ပြီးသော ပန်းတို့မှ တပါးကုန်သော ပန်းနံ့တို့ဖြင့်။
အဗ္ဘောကိရိံ၊ ကြဲဖြန့်ဖူး၏။
ဘန္တေ၊ အရှင်ဘုရား။
ပရမဂတိဂတံ၊ ဝိပါက်ကမ္မဇရုပ် အကြွင်းမရှိသောနိဗ္ဗာန်သို့ရောက်သော။
အန္တိမဒေဟဓရံ၊ အဆုံးဖြစ်သောကိုယ်ခန္ဓာကို ဆောင်သော။
ဥဠာရံ၊ ပြန့်ပြောကောင်းမြတ်သောကျေးဇူးဂုဏ်နှင့်ပြည့်စုံသော။
ဣသိံ၊ ရဟန်းကို။
အပူဇယိတွာ၊ ပူဇော်၍။
အဟံ၊ အကျွန်ုပ်သည်။
မာနုသကံ၊ လူ၌ဖြစ်သော။
သမုဿယံ၊ ကိုယ်ကို။
ပဟာယ၊ စွန့်ရသည်ရှိသော်။
တိဒသာဂတာ၊ တာဝတိံသာနတ်၏အဖြစ်သို့ရောက်သည်ဖြစ်၍။
ဣဓ၊ ဤနတ်ပြည်၌။
ဌာနံ၊ ဗိမာန်ဟူသောအရပ်ကို။
အဝသာမိ၊ လွှမ်းမိုး၍နေရ၏။
ဣတိ၊ ဤသည်လျှင် အပြီးတည်း။
သတ္တမံ၊ ခုနှစ်ခုမြောက်သော။
ပေသဝဟီဝိမာနဝတ္ထု၊ ပေသဝတီအမည်ရှိသောနတ်သ္မီး၏ဗိမာန်လျှင်အကြောင်းရှိသောဝတ္ထုသည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။