(၈၄) ဘန္တေ၊ အရှင်ဘုရား။
ဣဒါနိ၊ ယခုအခါ၌။
မယံ၊ အကျွန်ုပ်တို့သည်။
ယံဝစနံ၊ အကြင်စကားကို။
ဘဏာမ၊ ဆိုကုန်အံ့။
တံ၊ ထိုဆိုလတ္တံ့သောစကားကို။
သုဏာလ၊ နာလင့်ကုန်။
ယတ္ထ၊ အကြင်သဲခရီး၌။
တဒါ၊ ထိုခရီးမှား၍ သွားရာကာလ၌။
ယက္ခဿစ၊ သေရိသကနတ်သား၏လည်းကောင်း။
ဝါဏိဇာနံဝါဏိဇာနဉ္စ၊ အင်္ဂတိုင်းသား မဂဓတိုင်းသား ကုန်သည်များ၏ လည်းကောင်း။
သမာဂမော၊ ပေါင်းမိခြင်းသည်။
ဟောတိ၊ ဖြစ်၏။
တဉ္စ၊ ထိုပေါင်းမိခြင်းကိုလည်း။
တုမှေ၊ သင်တို့သည်။
သုဏာထ၊ နာလင့်ကုန်။
တေဟိ၊ ထိုနတ်သား ကုန်သည်တို့သည်။
အညမညံ၊ တယောက်သည်တယောက်အား။
သုဘာသိတံ၊ ကောင်းစွာဆိုအပ်သော။
ကတံပဝတ္ထိတံ၊ ဖြစ်စေအပ်သော။
ယထာဣတရီကရေန ယံဣတရီတရဉ္စပိဝစနံ၊ အကြင်ထိုစကား ဤစကားသည်လည်း။
အတ္ထိ၊ ရှိ၏။
တဉ္စ၊ ထိုစကားသည်လည်း။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
ဟုမှေ၊ သင်တို့သည်။
သုဏာထ၊ နာလင့်ကုန်။
ဘန္တေ၊ အရှင်ဘုရားတို့။
ယောသောရာဇာ၊ အကြင်မင်းသည်။
ပါယာသိနာမ၊ ပါယာသိအမည်ရှိသည်။
အဟု၊ ဖြစ်၏။
သောရာဇာ၊ ထိုပါယာသိအမည်ရှိသောမင်းသည်။
ဘုမ္မာနံ၊ ဘုမ္မာစိုးဖြစ်ကုန်သောစတုမဟာရာဇ်နတ်တို့၏။
သဟဗျဂတော၊ အပေါင်းအဖေါ်၏အပြစ်သို့ရောက်သည်ဖြစ်၍။
ယသဿီ၊ များမြတ်သော စည်းစိမ်ချမ်းသာ ခြွေရံပရိသတ်နှင့်ပြည့်စုံသည်။
အဟု၊ ဖြစ်၏။
အမာနုဿော၊ နတ်ဖြစ်သော။
သောပါယာသိ၊ ထိုပါယာသိအမည်ရှိသောနတ်သားသည်။
သကေဝိမာနေ၊ မိမိဥစ္စာဖြစ်သောဗိမာန်၌။
မောဒမာနော၊ မွေ့လျော်ပျော်မြူးလျက်။
မာနုသေ၊ လူတို့ကို။
အဇ္ဈဘာသိ၊ ဆိုလေ၏။
ဝင်္ကေ၊ တောသို့ဝင်ကုန်သောလူတို့၏အသက်ရှည်ပါကုန်အံ့သော သေရကုန်အံ့လောဟုတွေးတော ရာဖြစ်သော။
အမနုဿဋ္ဌာနေ၊ မြေဘုတ်ဘီလူးအစရှိသည်တို့၏ သွားလာရာလည်းဖြစ်သော။
အရညေ၊ တော၌။
ကန္တာရေ၊ ရေကိုဆောင်၍သွားလာရာဖြစ်သော။
အပ္ပေါဒကေ၊ ရေမရှိသော။
အပ္ပဘက္ခေ၊ အစာလည်းမရှိသော။
သုဒုဂ္ဂမော၊ အလွန်လျှင်ကူးခပ်ပေါက်မြောက်ခြင်းငှါခက်ခဲသော။
ဝဏ္ဏပထဿ၊ သဲခရီး၏။
မဇ္ဈေ၊ အလယ်၌။
ဝင်္ကဘယာ၊ ကန္တာရသို့မဝင်မှီရှေးအဖို့၌ကျီးတို့ကြောင့်ဖြစ်သောကြောက်လန့်ခြင်းရှိကုန်သော။
နဋ္ဌမနာယာ၊ ခရီးကိုအောက်မေ့နိုင်သောသတိ၏ကင်းခြင်းပျက်သောနှလုံးရှိကုန်သော။
မနုဿာ၊ အိုလူများတို့။
ဟိယသ္မာ၊ အကြင့်ကြောင့်။
ဣဓ၊ ဤသဲကန္တာရ၌။
ဖလာစ၊ သရက်သပြေထန်းအုန်း အစရှိကုန်သော သစ်သီးတို့သည်လည်းကောင်း။
မူလမယာစ၊ အုမ်မွန်သထွေးကြွေးသင်အုမ်းအစရှိကုန်သောအဖုးအမြစ်တို့သည်လည်း။
နသန္တိ၊ မရှိကုန်။
ဥပါဒါနံ၊ မီး၏လောင်စာသည်မျှလည်း။
နတ္ထိ၊ မရှိ။
ဣဓ၊ ဤကန္တာရ၌။
တတ္တာဟိ၊ လောင်ကုန်သော။
ဥဏှာဟိစ၊ ပူလည်းပူကုန်သော။
ဒါရုဏာဟိစ၊ ကြမ်းလည်းကြမ်းကုန်သော။
ပံသူဟိစ၊ မြေမှုန့်ဖို့ကိလည်းကောင်း။
ဝါလိကာဟိစ၊ သဲတို့ကိုလည်းကောင်း။
အညတြ၊ ထား၍။
ဘက္ခေါ၊ လူသတ္တဝါတို့၏အစာသည်။
ကုတောသိယာ၊ အဘယ်မှာရှိရာအံ့နည်း။
မနုဿ၊ အိုလူများတို့။
ဥဇ္ဇင်္ဂလံ၊ အလွန်ခေါင်းပါးသော။
တတ္တမိဝကပါလံ၊ ပူပြင်းသောသံအိုးကင်းနှင့်တူသော။
အနာရသံ၊ ချမ်းသာ၏မရှိခြင်းကြောင့် ဇိဝိတိန္ဒြေကိုဖျက်တတ်သော။
ပရလောကေန၊ ငရဲနှင့်။
တုလျံ၊ တူသော။
ဣဒံဋ္ဌာနံ၊ ဤကန္တာရအရပ်သည်။
ပုရာဏံ၊ ကြာမြင့်စွာ။
လုဒ္ဒါနံ၊ ကြမ်းကြုတ်ကုန်သောမြေဘုတ်ဘီလူးအစရှိသည်တို့၏။
အာဝါသံအာဝါသဘူထံ၊ နေရာဖြစ်၍ဖြစ်၏။
အသံဘုမ္မိပဒေသော၊ ဤမြေအရပ်သည်။
ဧဝံ၊ ဤသို့။
လူခေါ၊ ခေါင်းပါးသည်။
ဃောရာကာရော၊ ကြောက်လန့်ဖွယ်သောအခြင်းအရာရှိသည်။
ဟောတို၊ ဖြစ်စေ။
ဣတိ၊ ဤသို့။
ပေါရာဏေဟိ၊ ရှေးသူတော်ကောင်းတို့သည်။
အဘိသတ္ထရုပေါ၊ ကြိမ်ဆဲအပ်သည်နှင့်တူ၏။
မနုဿာ၊ အိုလူများတို့။
အထ၊ ထိုသို့ဖြစ်လျက်။
တုမှေ၊ သင်တို့သည်။
ကေနဝဏ္ဏေန၊ အဘယ်အကြောင်းကြောင့်။
ကိမာသမာနာ၊ အဘယ်ကို တောင်းတကုန်သည်ဖြစ်၍။
ဣမံဒေသံဟိ၊ ဤသဲကန္တာရအရပ်သို့သာလျှင်။
ပဝိဋ္ဌာ၊ ဝင်လာကုန်သနည်း။
သဟသာ၊ အပြစ်အကျိုးကိုမဆင်ခြင်အဆောတလျှင်။
သမေစ္စသမဝါယေန၊ ဝင်ခြင်း၏အကြောင်းညီညွတ်သဖြင့်။
အနုပဝိဋ္ဌာ၊ ဝင်လာကုန်သလော။
လောဘာယာ၊ လောဘကြောင့် အကျိုးမဲ့ကို အလိုရှိသောတစုံတယောက်သောသူ၏ လိုက်ခြင်း အစရှိသော ဘေးရန်ရှိကုန်သည်ဖြစ်၍။
အနုပဝိဋ္ဌာ၊ ဝင်လာကုန်သလော။
အထဝါ၊ ထိုမှတပါး၊
သံပမုဋ္ဌာ၊ ခရီးမှားကုန်သည်ဖြစ်၍။
အနုပဝိဋ္ဌာ၊ ဝင်လာကုန်သလော။
ယက္ခ၊ နတ်သား။
မဂဓေသုစ၊ မဂဓတိုင်တို့၌ လည်းကောင်း။
အင်္ဂေသုစ၊ အင်္ဂတိုင်းတို့၌လည်းကောင်း။
နိဝါသိနော၊ နေကုန်လော။
သတ္တဝါဟာ၊ လှည်းကုန်သည် ဖြစ်ကုန်သော။
တေမယံ၊ ထိုအကျွန်ုပ်တို့သည်။
ပုထျတ္တံ၊ များသော။
ပဏိယံ၊ ဘဏ္ဍာကို။
အာရောပယိဿံ၊ လှည်းထက်၌တင်ကုန်၍။
သိန္ဓုသောဝီရဘူမိံ၊ သိန္ဓုအရပ်သောဝီရမည်သောအရပ်သို့။
ယာမသေ၊ သွားကြကုန်၏။
ယက္ခ၊ နတ်သား။
ဓနတ္ထိိကာ၊ အမြတ်ဥစ္စာဖြင့် အလိုရှိကုန်သည်ဖြစ်၍။
ဥဒယံ၊ အမြတ်ဖြစ်သော ဥစ္စာကို။
ပတ္ထယာနာ၊ တောင့်တကုန်လျက်။
ဒိဝါ၊ နေ့၌။
ဝိပါသံ၊ ရေမွတ်ခြင်းကို။
အနာမိဝါသယန္တာ၊ သည်းမခံနိုင်ကုန်သည်ဖြစ်၍။
ယောဂ္ဂါနုကမ္မဉ္စ၊ နွားအစရှိကုန်သောသတ္တဝါတို့အား ချီးမြှောက်ခြင်းကိုလည်း။
သမေက္ခမနာ၊ ကောင်းစွာဆင်ခြင်ကုန်သည်ဖြစ်၍။
ဝိကာလေ၊ အခါမဟုတ်သော။
ရတ္တိံ၊ ညဉ့်၌။
မဂ္ဂံ၊ ခရီးကို။
ပဋိပန္နာ၊ သွားကုန်သော။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော အကျွန်ုပ်တို့သည်။
ဧတေနဂေဂေန၊ ဤသို့သောလျှင်မြန်ခြင်းဖြင့်။
တံ၊ သင်ကို။
ဒဿနတော၊ မြင်သည်အခါမှ။
ပုဗ္ဗေ၊ ရှေးအဖို့ဖြစ်သောကာလ၌။
အာယာမ၊ သွားကြကုန်၏။
ယက္ခ၊ နတ်သား။
ဒုပ္ပယာသာ၊ မကောင်းသောသွားခြင်းရှိကုန်သည်ဖြစ်၍။
အပရဒ္ဓမဂ္ဂါ၊ ချွတ်လွဲသောခရီးရှိကုန်သော။
အန္ဓာကုလာ၊ သူတန်းကဲ့သို့နှောင့်ယှက်ကုန်သည်ဖြစ်၍။
ဝိမနဋ္ဌာ၊ ခရီးမှားသဖြင့်ပျက်သောနှလုံးရှိကုန်သော။
တေမယံ၊ ထိုအကျွန်ုပ်တို့သည်။
အရညေ၊ တော၌။
သုဒုဂ္ဂမေ၊ အလွန်ကူးခပ်ခြင်းငှါခဲသော။
ဝဏ္ဏပထဿ၊ သဲခရီး၏။
မဇ္ဈေ၊ အလယ်၌။
သံမုဠစိတ္တာ၊ ပြင်းစွာတွေဝေသောစိတ်ရှိကုန်သည်ဖြစ်၍။
ဒိသံ၊ သိန္ဓုသောဝိရဒေသရှိရာအရပ်မျက်နှာကို။
နဇာနာမ၊ မသိနိုင်ကုန်။
ယက္ခ၊ နတ်သား။
ဣဒါနိ၊ ယခုအခါ၌။
အဒိဋ္ဌပုဗ္ဗံ၊ မမြင်ဖူးသော။
ဣဒဉ္စဝိမာနသေဋ္ဌံ၊ ဤမြတ်သောဗိမာန်ကိုလည်းကောင်း။
တဝဉ္စ၊ သင်နတ်သားကိုလည်းကောင်း။
ဒိသွာန၊ မြင်ခြင်းကြောင့်။
တတော၊ ထိုသင်တို့မမြင်မှီရှေးးအဖို့ဖြစ်သောကာလထက်။
ဥတ္တရိ၊ လွန်စွာ။
ဇီဝိတံ၊ အသက်ကို။
အာသမာနာ၊ တောင့်တကုန်သည်။
အဟုမှာ၊ ဖြစ်ကုန်၏။
ဒိသွာန၊ မြင်ခြင်းကြောင့်။
ပတိတာ၊ ရွှင်လန်းကုန်သည်။
သုမနာ၊ ဝမ်းမြောက်ခြင်းသို့ရောက်ကုန်သည်။
ဥဒဂ္ဂါ၊ ပီတိဖြင့်ကပ်သောစိတ်ရှိကုန်သည်လည်း။
အဟုမှာ၊ ဖြစ်ကုန်၏။
ဣတိ၊ ဤသို့။
အာဟံသု၊ ဆိုကုန်၏။
တာတာ၊ အိုကုန်သည်ဖို့။
တုမှေ၊ သင်တို့သည်။
ဘောဂဟေတု၊ ဥစ္စာတည်းဟူသောအကြောင်းကြောင့်။
သမုဒ္ဒဿ၊ သမုဒ္ဒရာ၏။
ပါရဉ္စ၊ ကမ်းတဖက်သို့လည်းကောင်း။
ဣမဉ္စဝဏ္ဏံ၊ ဤခရီးခဲသို့လည်းကောင်း။
ဝတ္တာစရံ၊ ကြိမ်နွယ်တို့ဖြင့်ဖွဲ့၍ သွားအပ်သော။
မဂ္ဂဉ္စ၊ ခရီးသို့လည်းကောင်း။
ပန၊ ထိုမှတပါး။
နဒိယောစ၊ စန္ဒဘာဂအစရှိကုန်သောမြစ်တို့သို့လည်းကောင်း။
ပဗ္ဗဘာနံ၊ တောင်တို့၏။
ဝိသမပဒေသာစ၊ မညီမညွတ်ကုန်သောအရပ်တို့သို့လည်းကောင်း။
ဣတိ၊ ဤသို့။
ဒုဂ္ဂါ၊ ကူးခတ်ပေါက်မြောက်ခြင်းငှါခဲခက်ကုန်သော။
ပုထုဒိသာ၊ များစွာကုန်သောအရပ်မျက်နှာတို့သို့။
ဂစ္ဆထ၊ သွားကြကုန်၏။
တာတာ၊ အိုကုန်သည်တို့။
ဧဝံ၊ ဤသို့သောနည်းဖြင့်။
ဂစ္ဆန္တာ၊ သွားကုန်သော။
တုမှေ၊ သင်တို့သည်။
ပက္ခန္ဒိယာန၊ ဝင်ကုန်၍။
ပရေသံ၊ တပါးကုန်သောမင်းတို့၏။
ဝိဇိတံ၊ နိုင်ငံသို့။
တတ္ထ၊ ထိုတံပါးကုန်သောမင်းတို့၏တိုင်းနိုင်ငံ၌။
ဝေရဇ္ဇကေ၊ အထူးထူးသောအရပ်၌နေကုန်သော။
မနုဿေ၊ လူတို့ကို။
ပေက္ခမာနာ၊ ရှုကြည့်ကုန်လျက်။
ဂစ္ဆထံ၊ သွားကုန်၏။
ဧဝံ၊ ဤသို့သောနည်းဖြင့်။
ဘူတေဟိ၊ ရောက်ပေါက်ကုန်သော။
ဝေါ၊ သင်တို့သည်။
သုတံဝါ၊ ကြားအပ်ဖူးသည်လည်းဖြစ်ထသော။
အထ၊ ထိုမှတပါး။
ဒိဋ္ဌံဝါပိ၊ မြင်အပ်ဖူးသည်လည်းဖြစ်ထသော။
ယဉ္စအစ္ဆေရကံ၊ အကြင်အံ့ဩချီးမြှောက်ဖွယ်သည်။
အတ္ထိ၊ ရှိ၏။
တံ၊ ထိုအံ့ဩချီးမြှောက်ဖွယ်ကို။
ဝေါ၊ သင်တို့၏။
သန္တိကေ၊ အထံ၌။
သုဏောမ၊ နာပါကုန်အံ့။
ဣတိ၊ ဤသို့။
ပုစ္ဆိ၊ မေး၏။
ကုမာရ၊ ငယပျိုသောအရွယ်ရှိသောနတ်သား။
ဣတော၊ ဤသင်ဗိမာန်နှင့်သင်နတ်သားထက်။
အစ္ဆေရတရံ၊ အထူးသဖြင့်အံ့ဩချီးမွမ်းဖွယ်ကို။
နော၊ အကျွန်ုပ်တို့သည်။
နသုတံဝါ၊ ကြားလည်းမကြားအပ်စဖူး။
အထ၊ ထိုမြို့။
နဒိဋ္ဌံဝါပိ၊ မြင်လည်းမမြင်အပ်စဖူး။
အတီတမနုဿကမေဝ၊ လူတို့၌ဖြစ်သောအဆင်းသဏ္ဌာန်ကိုလွန်သည်သာလျှင်ဖြစ်သော။
အနောမဝဏ္ဏံ၊ မယုတ်မကြုံပြည့်စုံသောအဆင်းသဏ္ဌာန်ရှိသော။
သဗ္ဗံ၊ သင်နတ်သားနှင့်တကွသောဗိမာန်စသေသာအလုံးစုံသောစည်းစိမ်ကို။
ဒိသွာ၊ မြင်ကုန်၍။
မယံ၊ အကျွန်ုပ်တို့သည်။
နတပ္ပါမ၊ မရောင်ရဲနိုင်ကုန်။
ဝေဟာယသံ၊ ကောင်းကင်၌။
ဗဟုတ္တမလျာ၊ များသောရေပန်းရှိကုန်သော။
ဗဟုပုဏ္ဍရီကာ၊ များမြတ်သောကြာညိုဖြူပုဏ္ဍရိက်ရှိကုန်သော။
ပေါက္ခရညော၊ ရေကန်တို့သည်။
သဝန္တိ၊ စီးကုန်၏။
တေ၊ သင်၏။
ဒုမာစ၊ သစ်ပင်တို့သည်လည်း။
နိစ္စံ၊ အခါခပ်သိမ်း။
ဖလူပပန္နာ၊ အသီနှင့်ပြည့်စုံကုန်၏။
တေဟိ၊ ထိုသစ်ပင်တို့မှ။
သုရတိ၊ တင့်တယ်သော။
ဂန္ဓော၊ အနံ့သည်။
အတိဝ၊ အလွန်လျှင်။
ပဝါယတိ၊ ပျံ့လှိုင်၏။
ကုမာရ၊ နတ်လုလင်။
တဝ၊ သင်၏။
ဝိမာနေ၊ ဗိမာန်၌။
သတမုဿိတာသေ၊ အတောင်တရာမြင့်ကုန်သော။
ဝေဠုရိယထမ္ဘာ၊ ကျောက်မျက်ရွဲဖြင့်ပြီးကုန်းသောသီတိုင်တို့သည်လည်း။
သိလာပဝါဠဿ၊ ကျောက်သန္တာဖြင့်။
နိဗ္ဗတ္တာ၊ ပြီးကုန်သော။
အာယထံသာ၊ ရှည်သောအမျှောင့်ရှိကုန်သော။
ထမ္ဘာစ၊ သီတိုင်တို့သည်လည်းကောင်း။
မသာရဂလ္လာမသာရဂလ္လေန၊ ပတ္တမြားပြောက်နှင့်၏။
သဟ၊ တကွ။
လောဟိတင်္ဂါ၊ ပတ္တမြားနီဖြင့်ပြီးကုန်သော။
ထမ္ဘာစ၊ သီတိုင်တို့သည်လည်းကောင်း။
သန္တိ၊ ရှိကုန်၏။
ဣမေထမ္ဘာ၊ ဤသီတိုင်တို့သည်။
ဇောတိရသာမယာသေ၊ ထွန်းပသောအရောင်ရှိကုန်၏။
တေသံ၊ ထိုဆိုအပ်ခဲ့ပြီးသောသီတိုင်တို့၏။
ဥပရိ၊ အထက်၌။
ဌိတံ၊ တည်သော။
သဟဿလမ္ဘံ၊ တထောင်သောသီတိုင်ရှိသော။
အတုလာနုဘာဝံ၊ မနှိုင်းယှဉ်အပ်သောအာနုဘော်လည်းရှိသော။
တဝ၊ သင်၏။
ဣဒံဝိမာနံ၊ ဤဗိမာန်သည်။
သာဓု၊ ကောင်းမြတ်၏။
ရတနတရံ၊ နံရံသီတိုင်စောင်းတန်းအစရှိကုန်သောစိတ်တို့၌ အထူးထူးကုန်သောတပါးကုန်သောရတနာတု့နှင့်ယှဉ်သော။
တဉ္စနဝေဒိမိဿံ၊ ရွှေဖြင့်ပြီးသောပွတ်တိုင်တို့ဖြင့်ခြံရံအပ်သော။
တပနိယပဋ္ဋေဟိစ၊ ရွှေပြားငွေပြားအစရှိကုန်သောတပါးမကများကုန်သောရတနာအများတို့ဖြင့်လည်း။
သာဓု၊ ကောင်းစွာ။
ဆန္နံ၊ မိုးအပ်သော။
တဝ၊ သင်၏။
ဣဒံဝိမာနံ၊ ဤဗိမာန်သည်။
ဇမ္ဗောနဒုတ္တတ္ထံ၊ ဦးသစ်သောဇမ္ဗုနဲဒရွှေစင်ကဲ့သို့ထွက်သောအရောင်အလျှိံရှိ၏။
တဿ၊ ထိုဗိမာန်၏။
လောသောပဒေသော၊ ထိုထိုသို့သောအရပ်သည်။
သုမဋ္ဌော၊ အလွန်ပြေပြစ်ချောမောသည်။
ပါသာဒသောပါနဖလူပပန္နော၊ အကြားအကြား၌ ဖြစ်ကုန်သောပြာဿဒ်စောင်းတန်း လှေခါးပျဉ်တို့နှင့်ပြည့်စုံသည်လည်း။
ဟောတိ၊ ဖြစ်၏။
အတိဝနိဇ္ဈနခမော၊ ပြိုးပြိုးပြက်ထွက်သောအရာရှိသည်၏အဖြစ်ဖြင့်အလွန်လျှင်ရှုခြင်းငှါခံ့သည်။
မနုညော၊ နှစ်သက်မြတ်နိုးဖွယ်ရှိသည်လည်း။
ဟောတိ၊ ဖြစ်၏။
ကုမာရ၊ နတ်သား။
ရတနန္တရသ္မိံ၊ ရတနာဖြင့်ပြီးသော ဗိမာန်၏အတွင်း၌။
ဗဟုအန္နပါနံ၊ များစွာသောထမင်းအပျော်ကို။
ဥပလဗ္ဘတိ၊ ရအပ်၏။
အစ္ဆရာသင်္ဂဏေန၊ နတ်သမီးအပေါင်းသည်။
ပရိဝါရိတော၊ ခြံရံအပ်သော။
မုရဇအလမ္ဗရဘူရိယသံဃုဋ္ဌော၊ မရိုးစည်အာရမ္ဗရစည်ကြွင်းသောတူရိယာမျိုးတို့၏အသံတို့ဖြင့် မဆိတ်မညံကြွေးကြော်အပ်သော။
ထုတိဝန္ဒနာယ၊ ချီမွမ်းခြင်းရှိခိုးခြင်းဖြင့်။
အဘိဂန္ဒတော၊ ချီးမွမ်းအပ်ရှိခိုးအပ်သည်။
အသိ၊ ဖြစ်၏။
သောတွံ၊ ထိုသင်သည်။
နာရိဂဏပ္ပဗောဓနော၊ နတ်သမီးအပေါင်းသည်နိုးအပ်သောပီတိသောမနဿရှိသည်။
ဟုတွာ၊ ဖြစ်၍။
မနောရမ္မေ၊ နှလုံးမွေ့လျော်စံပျော်ရ၏။
ကာမာရ၊ နတ်သားလုလင်။
ဝေဿဝဏ္ဏော၊ ဝေဿဝဏ်အမည်ရှိသော။
ရာဇာ၊ စတုမဟာရာဇ်နတ်မင်းကြီးသည်။
နာဠိန္ဒေ၊ နာဠိန္ဒအမည်ရှိသောနတ်တို့၏ ပျော်မြူးရာ၌။
မောဒတိသထာ၊ မွေ့လျော်ပျော်မြူးသကဲ့သို့။
တထာ၊ ထိုအတူ။
အစိန္တိယော၊ ကြံခြင်းငှါ မတတ်နိုင်သောအာနုဘော်ရှိသော။
သဗ္ဗဂုဏောပပန္နော၊ ခပ်သိမ်းသောဂုဏ်ကျေးဇူးတို့နှင့်ပြည့်စုံသော။
တွံ၊ သင်သည်။
ဒေဝေါ၊ ထင်ရှားသောစတုမဟာရာဇ်နတ်သည်။
အသိနု၊ ဖြစ်သလော။
ဥဒဝါ၊ ထိုမှတပါးလည်း။
ယက္ခေါ၊ ပူဇော်အပ်သောနတ်တမန်သည်။
အသိ၊ ဖြစ်သလော။
ကဒါဟု၊ ထိုသို့မဟုတ်မူ။
ဒေဝိန္ဒေါ၊ နတ်တို့၏အရှင်ဖြစ်သောသိကြားသည်။
အသိ၊ ဖြစ်သလော။
မနုဿဘူတော၊ လူဇာတ်သည်မူလည်း။
အသိ၊ ဖြစ်သလော။
သတ္ထဝါဟ၊ လှည်းကိုဆောင်ကုန်သော။
ဝါဏိဇာ၊ ကုန်သည်တို့သည်။
တံ၊ သင်ကို။
ပုစ္ဆန္တိ၊ မေးပါကုန်၏။
နော၊ အကျွန်ုပ်တို့အား။
အာစိက္ခ၊ ဖြေကြားလော့။
တုဝံ၊ သင်သည်။
ကောနာမယက္ခေါ၊ အဘယ်မည်သောနတ်သည်။
အသိ၊ ဖြစ်သနည်း။
တာတာ၊ အိုကုန်သည်တို့။
အဟံ၊ ငါသည်။
ကန္တာရိယော၊ ကန္တာရ၌ဖြစ်သော။
ဝဏ္ဏပထသ္မိံ၊ သဲခရီး၌။
ဝုတ္တော၊ စောင့်ရှောက်အပ်သော။
သေရိသကောနာမ၊ သေရိသကအမည်ရသော။
ယက္ခေါ၊ နတ်သားသည်။
အမှိ၊ ဖြစ်၏။
အဟံ၊ ငါသည်။
ဝေဿဝဏ္ဏဿ၊ ဝေဿဝဏ်အမည်ရှိသော။
ရညော၊ စတုမဟာရာဇ်နတ်မင်းကြီး၏။
ဝစနကရော၊ စကားကိုလိုက်နာသည်ဖြစ်၍။
ဣမံပဒေသံ၊ ဤသဲစုရှီရာကန္တာရအရပ်ကို။
တတိပါထယာမိ၊ အလွန်စောင့်ရှောက်ရ၏။
ကုမာရ၊ နတ်သား။
တေ၊ သင်သည်။
ဣဒံဝိမာနံ၊ ဤဗိမာန်ကို။
အမိစ္စလဒ္ဓံ၊ အကြောင်းမရှိဘဲအလိုလိုဖြစ်၍ရအပ်သလော။
တေ၊ သင်အား။
ပရိဏာမဇံ၊ မိမိ၏မှတ်ခြင်းထိုသို့သောအဘိဇ္ဈာထိုသို့ပြောင်းခြင်းသဘောတို့ဖြင့်ညွတ်ခြင်းကြောင့်ဖြစ်သလော။
တေ၊ သင်သည်။
သယံ၊ မိမိအလိုလို။
ကထံ၊ ပြုအပ်သလော။
ဥဒါဟု၊ ထိုသို့မဟုတ်မူ။
တေ၊ သင်သည်။
အာရာမိတေဟိ၊ နှစ်သက်စေအပ်ကုန်သော။
ဒေဝေဟိ၊ နတ်တို့သည်။
ဒိန္နံ၊ ပေးအပ်သလော။
သတ္ထဝါဟာ၊ လှည်းကိုဆောင်ကုန်သော။
ဝါဏိဇာ၊ ကုန်သည်တို့သည်။
တံ၊ သင့်ကို။
ပုစ္ဆန္တိ၊ မေးကုန်၏။
မနုညံ့၊ နှစ်သက်ဖွယ်သော။
ဣဒံဝိမာနံ၊ ဤဗိမာန်ကို။
တယာ၊ သင်သည်။
ကထံကေနကာရဏေန၊ အဘယ်အကြောင်းကြောင့်။
လဒ္ဓံ၊ ရအပ်သနည်း။
တာတာ၊ အိုကုန်သည်တို့။
မေ၊ ငါသည်။
ဣဒံဝိမာနံ၊ ဤဗိမာန်ကို။
အမိစ္စလဒ္ဓံ၊ အကြောင်းမရှိဘဲအလိုလိုဖြစ်၍ရအပ်သည်လည်း။
န၊ မဟုတ်။
မေ၊ ငါ့အား။
ပရိဏာမဇံ၊ မိမိ၏မှတ်ခြင်း ထိုသို့သောအဘိဇ္ဈထိုသို့သောပြောင်းခြင်း သဘောဖြင့်ညွတ်ခြင်းကြောင့်ဖြစ်သည်လည်း။
န၊ မဟုတ်။
မေ၊ ငါသည်။
သယံ၊ မိမိအလိုလို။
ကထံ၊ ပြုအပ်သည်လည်း။
န၊ မဟုတ်။
မေ၊ ငါသည်။
အာရာဓိတေဟိ၊ နှစ်သက်စေအပ်ကုန်သော။
ဒေဝေဟိ၊ နတ်တို့သည်။
ဒိန္နံ၊ ပေးအပ်သည်လည်း။
န၊ မဟုတ်။
အပါပကေဟိ၊ မယုတ်မာကုန်သော။
ပုညေဟိ၊ မိမိတို့၏ ဖြစ်ရာစိတ်ကိုဖြူစင်စေတတ်ကုန်သော။
သကေဟိကမ္မေဟိ၊ ကိုယ်ဥစ္စာ ဖြစ်ကုန်သောကံတို့ဖြင့်။
မနုညံ့၊ နှစ်သက်ဖွယ်ရှိသော။
ဣဒံဝိမာနံ၊ ဤဗိမာန်ကို။
လဒ္ဓံ၊ ရအပ်၏။
ကုမာရ၊ နတ်သား။
တေ၊ သင်၏။
ဝတံ၊ ဆောက်တည်၍ကျင့်အပ်သောအကျင့်သည်။
ကိံ၊ အဘယ်နည်း။
ဗြဟ္မစရိယံ၊ မြတ်သောအကျင့်သည်။
ကိံပန၊ အဘယ်နည်း။
ကုမာရ၊ နတ်သား။
အယံဝိပါကော၊ ဤအကျိုးသည်။
ကိဿသုစိဏ္ဏဿ၊ အဘယ်သို့သောကောင်း သောအကျင့်၏။
ဝိပါကော၊ အကျိုးနည်း။
သတ္ထဝါဟာ၊ လှည်းကိုဆောင်ကုန်သော။
ဝါဏိဇာ၊ ကုန်သည်တို့သည်။
တံ၊ သင့်ကို။
ပုစ္ဆန္တိ၊ မေးကုန်၏။
တယာ၊ သင်သည်။
ဣဒံဝိမာနံ၊ ဤဗိမာန်ကို။
ကထံကေနကာရဏေန၊ အဘယ်အကြောင်းကြောင့်။
လဒ္ဓံ၊ ရအပ်သနည်း။
ဣတိ၊ ဤသို့။
ပုစ္ဆိ၊ မေး၏။
တာတာ၊ အိုကုန်သည်တို့။
ယဒါ၊ အကြင်အခါ၌။
အဟံ၊ ငါသည်။
ကောသလာနံ၊ ကောသလတိုင်းသူတို့၏။
ရဇ္ဇံ၊ မင်း၏အဖြစ်ကို။
အကရေယိံ၊ ပြုခဲ့ဖူး၏။
တဒါ၊ ထိုအခါ၌။
မမံ၊ ငါအား။
ပါယာသိသမညာ၊ ပါယာသိဟူသော အမည်သည်။
အဟု၊ ဖြစ်၏။
နတ္ထိဒိဋ္ဌိ၊ ပေးအပ်သော အလှူ၏အကျိုး မရှိသောနည်းဖြင့် ဖြစ်သောနတ္ထီကမိစ္ဆာအယူရှိသည်။
ကဒရယော၊ သူတပါးတို့၏ ပေးလှူခြင်းကိုတားမြစ်ဆိုမြည်ခြင်း၏အစွမ်းဖြင့်ဖြစ်သောမစ္ဆေရလည်းရှိသည်။
ပါပဓမ္မော၊ လောဘအစရှိသောအကုသိုလ်တရားတို့၏အစွမ်းဖြင့်ယုတ်မာသော အကျင့်လည်းရှိသည်။
အဟောသိံ၊ ဖြစ်ခဲ့ဖူး၏။
ဥစ္ဆေဒဝါဒီစ၊ သတ္တဝါသည်ခန္ဓာပျက်သည်မှအခြားမဲ့၌ဖြစ်လတ္တံ့စုတိမှနောက်တမလွန်လောက၌မဖြစ်ဟုယူခြင်း၏အစွမ်းဖြင့်ဖြစ်သော ဥစ္ဆေဒဝါဒရှိသည်။
အဟောသိံ၊ ဖြစ်ခဲ့ဖူး၏။
တဒါ၊ ထိုကာလ၌။
ဗဟုဿုတော၊ များသော အကြားအမြင်ရှိသော။
စိတ္တကထီ၊ ဆန်းကြယ်စွာတရားစကားကိုပြောဟောတတ်သော။
ဥဠာရော၊ ပြန့်ပြောကောင်းမြတ်သောကျေးဇူးဂုဏ်နှင့် ပြည့်စုံသော။
ကုမာရကဿပေါ၊ ကုမာရကဿပ အမည်ရှိသော။
သမဏောစခေါ၊ ရဟန်းသည်လည်း။
အာသိ၊ ရှိသည်ဖြစ်၏။
သော၊ ထိုကုမာရကဿပ အမည်ရှိသော ရဟန်းသည်။
မံ၊ ငါ့ကို။
ဓမ္မကထံ၊ တရားစကားကို။
အကာသိ၊ ပြောဟော၏။
မေ၊ ငါ၏။
ဒိဋ္ဌိဝိသုကာနိ၊ မှားသောအယူတည်းဟူသော ငြောင့်တံသင်းတို့ကို။
ဝိနောဒယိ၊ ပယ်နှုတ်၏။
တာတာ၊ အိုကုန်သည်တို့။
အဟံ၊ ငါသည်။
တံ၊ ထိုတရားစကားကို။
သုဏိတွာ၊ ကြားနာရ၏။
ဥပါသကတ္တွံ၊ ဥပေါသကာ၏အဖြစ်သို့။
ပဋိဝေဒယိဿံ၊ ကြားခဲ့ဖူး၏။
ပါဏာတိပါတာ၊ သူ၏အသက်ကိုသတ်ခြင်းမှ။
ပဋိဝိရတော၊ ကြဉ်ရှောင်သည်။
အဟောသိံ၊ ဖြစ်ခဲ့ဖူး၏။
လောကေ၊ လောက၌။
အဒိန္နံ၊ အရှင်သည်ကိုယ်နှုတ်တို့ဖြင့် မပေးအပ်သောသူတပါး၏ဥစ္စာကို။
ပရိဝိဇ္ဇယိဿံ၊ ခိုးယူခြင်းမှကြဉ်ရှောင်ခဲ့ဖူး၏။
အမဇ္ဇပေါ၊ သေအရက်စသောယစ်မျိုးကို မသောက်စားသည်။
အဟောသိံ၊ ဖြစ်ခဲ့ဖူး၏။
မုသာ၊ မဟုတ်မမှန်သောစကားကို။
နောစအဘဏိံ၊ မဆို။
သကေနဒါရေန၊ မိမိမယားဖြင့်။
တုဋ္ဌော၊ ရောင့်ရဲသည်။
အဟောသိံ၊ ဖြစ်ခဲ့ဖူး၏။
တာတာ၊ အိုကုန်သည်တို့။
မေ၊ ငါ၏။
တံ၊ ထိုဆောက်တည်၍ကျင့်အပ်သောအကျင့်သည်။
တံ၊ ထိုဆိုအပ်ခဲ့ပြီးသောအကျင့်ပင်တည်း။
ဗြဟ္မစရိယံ၊ မြတ်သောအကျင့်သည်။
တံပန၊ ထိုဆိုအပ်ခဲ့ပြီးသော အကျင့်ပင်တည်း။
အယံဝိပါကော၊ ဤအကျိုးသည်။
တဿသုစိဏ္ဏဿ၊ ထိုဆိုအပ်ခဲ့ပြီးသောကောင်းသောအကျင့်၏။
ဝိပါကော၊ အကျိုးပင်တည်း။
မေ၊ ငါသည်။
အပါပကေဟိ၊ မယုတ်မာကုန်သော။
ပုညေဟိ၊ မိမိတို့၏ဖြစ်ရာ စိတ်ကိုဖြူစင်စေတတ်ကုန်သော။
တေဟေဝကမ္မေဟိ၊ ထိုကုသိုလ်ကံတို့ကြောင့်လျှင်။
ဣဒံဝိမာနံ၊ ဤဗိမာန်ကို။
လဒ္ဓံ၊ ရအပ်၏။
ဣတိ၊ ဤသို့။
အာဟ၊ ဆို၏။
ဘော၊ အိုအချင်းတို့။
သပညာ၊ ပညာရှိကုန်သော။
နရာ၊ လူတို့သည်။
သစ္စံ၊ မှန်သော စကားကို။
အာဟံသုကိရ၊ ဆိုကုန်သတတ်။
ပဏ္ဍိတာနံ၊ ပညာရှိကုန်သောသူတို့၏။
ဝစနံ၊ စကားသည်။
အနုညထာ၊ ဖောက်ပြန်ခြင်းမရှိ။
ပုညကမ္မော၊ ကောင်းမှုရှိသောသူသည်။
တဟိံတဟိံ၊ အကြင်အကြင်သို့သောအရပ်သို့။
ဂစ္ဆတိ၊ ရောက်အံ့။
တဟိတဟိံ၊ ထိုထိုသို့သောအရပ်၌။
ကာမကာမီ၊ အလိုရှိအပ်သောစည်းစိမ်ချမ်းသာကိုအလိုအတိုင်း ရခြင်းရှိသည်ဖြစ်၍။
မောဒတိ၊ မွေ့လျော်စံပျော်ရ၏။
ယဟိံယဟိံ၊ အကြင်အကြင်သို့သောအရပ်သို့။
သောပရိဒ္ဒဝေါစ၊ စိုးရိမ်ခြင်းငိုမြည်တမ်းရခြင်းသည် လည်းကောင်း။
ဝဓောစ၊ သတ်ညှဉ်းဆဲခြင်းသည်လည်းကောင်း။
ဗန္ဓောစ၊ နှောင်ဖွဲ့ခြင်းသည် လည်းကောင်း။
ပရိက္ကထေသောစ၊ ဆိုအပ်ခဲ့ပြီးသောဆင်းရဲ၏ ဖြစ်ကြောာင်းဖြစ်သောဘေးရန်သည်လည်းကောင်း။
အတ္ထိ၊ ရှိ၏။
ပါပကမ္မော၊ မကောင်းမှုကံရှိသောသူသည်။
တဟိတဟိံ၊ ထိုထိုသို့သောအရပ်၌။
ဂစ္ဆတိ၊ ရောက်တတ်၏။
ကဒါစိ၊ တရံတခါ၌။
ဒုဂ္ဂတိယာ၊ မကောင်းမှုရှိသော သူ၏ဖြစ်ရာဂတိမှ။
နမုစ္စတိ၊ မလွတ်။
ဣတိ၊ ဤသို့။
အဝေါစုံ၊ ဆိုကုန်၏။
ကုမာရ၊ နတ်သား။
ဇနော၊ နတ်အပေါင်းသည်။
သံမုဠရူပေါဝ၊ အချင်းခပ်သိမ်းမိုင်တွေဝေသောသဘောရှိသကဲ့သို့။
အဟောသိ၊ ဖြစ်၏။
အသ္မိံမုဟုတ္တေ၊ ဤယခုကျွန်ုပ်တို့၏ပြောဆိုရာခဏ၌။
ကသလီကထောစ၊ ညွန်၌မှီသော ရေသည်နှိပ်စက်အပ်သကဲ့သို့နောက်ကျူညိုးနွမ်းသည်။
အဟောသိ၊ ဖြစ်၏။
ကုမာရ၊ နတ်သား။
ကေန၊ အဘယ်အကြောင်းကြောင့်။
ဣမဿဇနဿ၊ ဤသင်၏ခြွေရံပရိသတ်ဖြစ်သောနတ်အပေါင်းအားလည်းကောင်း။
တုယှဉ္စ၊ သင်နတ်သားအားလည်းကောင်း။
အပစ္စယော၊ နှလုံးမသာယာခြင်းသည်။
အဟောသိနုခေါ၊ ဖြစ်လေသနည်း။
ဣတိ၊ ဤသို့။
အာဟံသု၊ ဆိုကုန်၏။
တာတာ၊ အိုကုန်သည်တို့။
သိရီသာနာ၊ ကုက္ကိုတောမှ။
ဒိဗ္ဗာ၊ နတ်၌ဖြစ်ကုန်သော။
သုရတိံ၊ တင့်တယ်ကောင်းမြတ်လျောက်ပတ်ကုန်သော။
ဣမေဂန္ဓာ၊ ဤအနံ့တို့သည်။
သမ္ပဝါယန္တိ၊ ထက်ဝန်းကျင်မှ ပျံ့လှိုင်ကုန်၏။
ဧဝံ၊ ဤသို့ဆိုအပ်ခဲ့ပြီးသောနည်းဖြင့်။
ဝါသန္တာ၊ ပျံ့လှိုင်ကုန်သော။
တေဂန္ဓာ၊ ထိုအနံ့တို့သည်။
ဒိပါစ၊ နေ့၌လည်းကောင်း။
ရတ္တောစ၊ ညဉ့်၌လည်းကောင်း။
တမံ၊ အမိုက်မှောင်ကို။
နိဟန္တာ၊ ပယ်ဖျောက်ကုန်လျက်။
ဣဒံဝိမာနံ၊ ဤဗိမာန်ကို။
သမ္ပဝါယန္တိ၊ ထက်ဝန်းကျင်မှပျံ့လှိုင်ကုန်၏။
တာတာ၊ အိုကုန်သည်တို့။
ဣမေသေဉ္စခေါ၊ ဤကုက္ကိုပင်တို့၏လည်း။
သိပါဋိကာ၊ အသီးစိမ်းသည်။
ဝဿသတစ္စယေန၊ အနှစ်တရာတို့၏လွန်သဖြင့်။
ဧကမေကာ၊ တလုံးတလုံးစီ။
ဖလတိ၊ ကြွေကျ၏။
မာနုဿတံ၊ လူ၌ဖြစ်သော။
ဝဿသထံ၊ အနှစ်တရာသည်။
အတီတံ၊ လွန်ပြီ။
တာတာ၊ အိုကုန်သည်တို့။
ယဒဂ္ဂေယတောပဋ္ဌာယ၊ အကြင်အခါမှစ၍။
အဟံ၊ ငါသည်။
ဣဓကာယမှိ၊ ဤစတုမဟာရာဇ် နတ်ပြည်၌။
ဥပပန္နော၊ ပဋိသန္ဓေအားဖြင့်ဖြစ်သည်။
အမှိ၊ ဖြစ်၏။
တတော၊ ထိုအခါမှ။
ပတုတိ၊ စ၍။
အဟံ၊ ငါသည်။
ဒိဗ္ဗာနိ၊ နတ်၌ဖြစ်ကုန်သော။
ပဉ္စဝဿသတာနိ၊ အနှစ်ငါးရာတို့ပတ်လုံး။
အသ္မိံဝိမာနေ၊ ဤဗိမာန်၌။
ဌတွာ၊ တည်ပြီး၍။
အာယုက္ခယာ၊ အသက်အပိုင်းအခြား၏ ကုန်ခြင်းကြောင့်လည်း။
ပုညက္ခယာစ၊ ကုသိုလ်ကံ၏ကုန်ခြင်းလည်းကောင်း။
စပိဿံ၊ စုတေရလတ္တံ့။
တေနဘောဂေန၊ ထိုသို့စုတေရသည်ကို အကြောင်းပြု၍ဖြစ်သောစိုးရိမ်ခြင်းကြောင့်။
အဟံ၊ ငါသည်။
မုစ္ဆိတော၊ မိန်းမောတွေဝေသည်။
အသ္မိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
အာဟ၊ ဆို၏။
ကုမာရ၊ နတ်သား။
ယော၊ အကြင်သတ္တဝါသည်။
အတုလံ၊ မနှိုင်းယှဉ်အပ်သောကျေးဇူးရှိသော။
ဝိမာနံ၊ ဗိမာန်ကို။
လဒ္ဓါ၊ ရ၍။
စိရာယစိရံ၊ ကြာမြင့်စွာသောကာလပတ်လုံး။
ဒိဗ္ဗသမ္ပတ္တိံ၊ နတ်၌ဖြစ်သောစည်းစိမ်ကို။
အနုဘဝန္တော၊ ခံစာလျက်။
တိဋ္ဌေယျ၊ တည်ရာ၏။
တထာဝိခေါ၊ သင်ကဲ့သို့နတ်၌ဖြစ်သော အာနုဘော်ကြီးခြင်းနှင့်ပြည့်စုံသော။
သော၊ ထိုသတ္တဝါသည်။
ကထံကေနကာရဏေန၊ အဘယ်သို့သောအကြောင်းကြောင့်။
မရဏံ၊ သေခြင်းကို။
ပဋိစ္စ၊ စွဲ၍။
သောစေယျန၊ စိုးရိမ်ရာသနည်း။
ဣတိ၊ ဤသို့။
အာဟံသု၊ ဆိုကုန်၏။
ကုမာရ၊ နတ်သား။
ယေစခေါ၊ အကြင်သူတို့သည်လည်း။
ဣတ္တရံ၊ မကြာမမြင့်။
ဥပပန္နာ၊ ဖြစ်ကုန်၍။
စဝေယျုံ၊ စုတေကုန်ရာ၏။
ပရိတ္တပုညာ၊ နည်းသောဘုန်းတန်ခိုးရှိကုန်သော။
တေ၊ ထိုသူတို့သည်သာလျှင်။
မရဏံ၊ သေခြင်းကို။
ပဋိစ္စ၊ အကြောင်းပြု၍။
သောစေယျုံန္ဒန၊ စိုးရိမ်ကုန်ရာသည်မဟုတ်လော့။
အမနုဿပရိဂ္ဂဟိတေ၊ ဘီလူးတို့သည်သိမ်းဆည်းအပ်သော။
ဣမသ္မိံ မရုကန္တာရေ၊ ဤမရုကန္တာရ၌။
ယာဝကန္တရာတိက္ကမာ၊ ကန္တာရကိုလွန်သည်တိုင်အောင်။
တာတာ၊ အိုကုန်သည်တို့။
တုမှေ၊ သင်တို့သည်။
မံ၊ ငါ့ကို။
ယံပေယျဝါစံ၊ အကြင်ကထံနုသောစေယျအစရှိသောနည်းဖြင့်ချစ်မြတ်နိုးဖွယ်ရှိသောစကားကို။
ဝဒေထ၊ ဆိုကုန်၏။
တုမှေဟိ၊ သင်တို့သည်။
မေ၊ ငါအား။
ဩဝါဒိယံ၊ ဆုံးမသည်၏ အစွမ်းအားဖြင့်ဆိုအပ်သော။
တဉ္စ၊ ထိုစကားသည်လည်း။
တုမှာကံ၊ သင်တို့အား။
ဩဝါဒိယဉ္စ၊ ဩဝါဒအားလျော်စွာပြုအပ်သောအမှုကိုလည်း။
ကတံ၊ ပြုအပ်၏။
တုမှေစ၊ သင်တို့ကိုလည်း။
မယာ၊ ငါသည်။
အနုဂုတ္တာ၊ စောင့်ရှောက်အပ်ကုန်၏။
တုမှေ၊ သင်တို့သည်။
ယေနိစ္ဆကံယထာရုစိ၊ အလိုရှိရာအရပ်သို့။
တေန၊ ထိုငါ၏စောင့်ရှောက်ခြင်းဖြင့်။
သောတ္ထိံ၊ ချမ်းသာစွာ။
ပထေထဂစ္ဆထ၊ သွားကြကုန်လော။
ကုမာရ၊ နတ်သား။
ဓနတ္ထိကာ၊ အမြတ်ဥစ္စာဖြင့်အလိုရှိကုန်သော။
ဥဒယံ၊ အမြတ်ဥစ္စာကို။
ပတ္ထယာနာ၊ တောင့်တကုန်သော။
မယံ၊ အကျွန်ုပ်တို့သည်။
သိန္ဓုသောဝိရာဘူမိံ၊ သိန္ဓုရအရပ်သောဝိရအရပ်သို့။
ဂန္တွာ၊ သွားကုန်၍။
ယထာပယောဝါ၊ ယခုသင်၏မျက်မှောက်၌ပြုအပ်သောဝန်ခံခြင်းအားလျော်သော လုံ့လရှိကုန်သည်ဖြစ်၍။
ပရိပုဏ္ဏစာဂါ၊ ပြည့်စုံသောစွန့်ကြဲခြင်းရှိကုန်သည်ဖြစ်၍။
ဥဠာရံ၊ ပြန့်ပြောကောင်းမြတ်သော။
သေရိသကမသံ၊ သေရိသကနတ်ပွဲသဘင်ပူဇော်ခြင်းကို။
ကာဟာမ၊ ပြုကုန်အံ့။
ဣတိ၊ ဤသို့။
အာဟ၊ ဆို၏။
တာတာ၊ အိုကုန်သည်တို့။
တုမှေ၊ သင်ကုန်သည်တို့သည်။
သေရိသကမဟံ၊ သေရိသကနတ်သားအားသဘင်ဖြင့်ပူဇောခြင်းကို။
မာစေဝအကတ္ထ၊ မပြုလင့်ကုန်။
တုမှေ၊ သင်တို့သည်။
ပစ္စာသိယန္တာ၊ ဘေးမရှိသဖြင့်သိန္ဓုအရပ်သုစိရအရပ်သို့ ရောက်ခြင်းအမြတ်ဥစ္စာ၏ရခြင်းကိုတောင့်တကုန်သည်ဖြစ်၍။
ယံဝစနံ၊ အကြင်ဂန္တွာမယံအစရှိသောစကားကို။
ဝဒေထ၊ ဆိုကုန်၏။
သဗ္ဗံ၊ အလုံးစုံသော။
တဉ္စ၊ ထိုစကားသည်လည်း။
ဝေါ၊ သင်တို့အား။
တထေဝ၊ ထိုတောင့်တိုင်းပင်လျှင်။
ဘဝိဿတိ၊ ဖြစ်လတ္တံ့။
တုမှေ၊ သင်တို့သည်။
ပါပါနိ၊ ယုတ်မာကုန်သော။
ကမ္မာနိ၊ အကုသိုလ်ကံတို့ကို။
ပရိဝဇ္ဇာယာထ၊ ကြဉ်ရှောင်ကုန်သော။
ဓမ္မာနုယောဂဉ္စ၊ အလှူပေးခြင်းစသောကုသိုလ်တရားကိုအားခြင်းထုတ်ကိုလည်း။
အဓိဋ္ဌာဟထ၊ ဆောက်တည်ကုန်လော။
ဣဒံ၊ ဤအကုသိုလ်ကကံမှကြဉ်ရှောင်ခြင်းကုသိုလ်တရား၌လုံ့လအားထုတ်ခြင်းသည်။
သေရိသကမဟံ၊ သေရိသက နတ်သားအားပူဇော်ခြင်းပင်တည်း။
ဝါဏိဇသေ၊ အိုကုန်သည်တို့။
ဣမသ္မိံသံဃေ၊ ဤလူ့ပြည်အပေါင်း၌။
ဗဟုဿုတော၊ များသောအကြားအမြင်ရှိသော။
သီလဝတုပပန္နော၊ ပကတိသီလဆောက်တည်၍ ကျင့်အပ်သောသီလတို့နှင့်လည်းပြည့်စုံသော။
သဒ္ဓေါစ၊ ရတနာသုံးပါးတို့၏ဂုဏ်ကိုယုံကြည်ခြင်း ကံကံ၏အကျိုးကိုလည်းယုံကြည်ခြင်းရှိသော။
စာဂီစ၊ ပေးကမ်းလှူဒါန်းခြင်းလည်းရှိသော။
သုပေသလောစ၊ သီလကိုအလွန်ချစ်မြတ်နိုးခြင်းရှိသော။
ဝိစက္ခဏောစ၊ ထိုထိုသို့သောကိစ္စကိုပြုအပ်သည်၏အဖြစ်၌လည်းလိမ္မာသော။
သန္တုဿိတောစ၊ ရောင့်ရဲလွယ်ခြင်းလည်းရှိသော။
မုတိမာစ၊ ကမ္မဿကတာဥာဏ်အစရှိသဖြင့်ပစ္စုပ္ပန်လောကတမလွန်လောက၌ဖြစ်ကုန်သောအစီးအပွားတို့ကိုလည်းသိတတ်သော။
ဥပါသကော၊ ဥပါသကာသည်။
အတ္ထိ၊ ရှိ၏။
ဝါဏိဇာ၊ အိုကုန်သည်တို့။
သောဥပါသကာ၊ ထိုဥပါသကာသည်။
သဉ္ဇနမာန၊ မဆိုမှီရှေးအဖို့၌သိစဆိုစဉ်ဆိုဆဲ၌လည်းသိလျက်။
မုသာ၊ မဟုတ်မမှန်သောစကားကို။
နဘဏေယျ၊ မဆိုရာ။
ပရူပဃာတာယ၊ သူတပါးကိုသတ်ခြင်းငှါ။
နစေတယေယျ၊ မကြံရာ။
ဝေဘူတိကံ၊ ညီညွတ်ကုန်သောသူနှစ်ဦးတို့၏ ကွဲပြားသည်၏အဖြစ်ကိုပြုတတ်သော။
ပိသုဏံ၊ ကုံးတိုက်သောစကားကို။
နောကရေယျ၊ မဆိုရာ။
သဏှံဉ္စ၊ သိမ်မွေ့နူးညံ့သည်လည်းဖြစ်ထသော။
သခိသဉ္စ၊ ပြေပြစ်ချောမွေ့သည်လည်းဖြစ်ထသော။
ဝါစံ၊ စကားကို။
ဘဏေယျ၊ ဆိုရာ၏။
ဝါဏိဇာ၊ အိုကုန်သည်တို့။
သဂါရဝေါ၊ ရိုသေအပ်ကုန်သောသူတို့ကိုရိုသေခြင်းရှိသော။
သပ္ပတိဿော၊ အလေးပြုအပ်ကုန်သောအရာတို့၌တုပ်ဝပ်ခြင်းနှင့်တကွလည်းဖြစ်သော။
ဝိနီတော၊ ဆုံးမအပ်ပြီးသောကိုယ်နှုတ်နှလုံးလည်းရှိသော။
အပါပကော၊ ယုတ်မာသောအကျင့်လည်းမရှိသော။
အဓိသီလေ၊ ဥပါသကာဖြစ်သူသည်ကျင့်အပ်စောင့်အပ်သော အဓိသီလသိက္ခာ၌။
ဝိသုဒ္ဓေါ၊ အထူးသဖြင့် စင်ကြယ်ခြင်းလည်းရှိသော။
သောဇန္တု၊ ထိုသတ္တဝါသည်။
မာတရဉ္စ၊ အမိကိုလည်းကောင်း။
ပိတရဉ္စ၊ အဘကိုလည်းကောင်း။
ဓမ္မေန၊ တရားသဖြင့်။
ပေါသေတိ၊ ကျွေးမွေး၏။
အရိယဝုတ္ထိမညေ၊ စင်ကြယ်သောအသက်မွေးခြင်းရှိ၏ဟု ငါထင်မှတ်၏။
ဝါဏိဇာ၊ အိုကုန်သည်တို့။
သော၊ ထိုဥပါသကာသည်။
မာတာပိတုနံ၊ အမိအဘတို့၏။
ကာရဏာ၊ အကြောင်းကြောင့်။
ဘောဂါနိ၊ ဥစ္စာတို့ကို။
ပရိယေသတိ၊ ရှာမှီး၏။
အတ္တဟေတု၊ မိမိဟူသော အကြောင်းကြောင့်။
နပရိယေသတိ၊ မရှာမှီး။
နေက္ခမပေါဏော၊ နိဗ္ဗာန်သို့ ညွတ်သောစိတ်ရှိသော။
သော၊ ထိုဥပါသကာသည်။
မာတာပိတုနဉ္စ၊ အမိအဘတို့၏လည်း။
အစ္စယေန၊ သေလွန်သဖြင့်။
ဗြဟ္မစရိယံ၊ သာသနာတော်တည်းဟူသော မြတ်သော အကျင့်ကို။
စရိဿတိ၊ အကျင့်လတ္တံ့။
ဝါဏိဇာ၊ အိုကုန်သည်တို့။
ဥဇု၊ ဖြောင့်မတ်သောအဖြစ်သို့ရောက်သော။
အဝကော၊ မကောက်ကျစ်သော။
အသထော၊ မစဉ်းလဲသော။
အမာယော၊ မလှည့်ပတ်သော။
သော၊ ထိုဥပါသကာသည်။
လေသကပ္ပေန၊ အမြွက်မျှကိုကြံဆသဖြင့်။
နဝေါဟရေယျ၊ မဆိုရာ။
တာဒိသော၊ ထိုသို့သဘောရှိသော။
သုကတကမ္မကာရီ၊ ကောင်းစွာပြုအပ်သောကုသိုလ်ကံကိုပြုလေ့ရှိသော။
ကိန္တိ၊ အဘယ်ကြောင့်။
ဒုက္ခံ၊ ဆင်းရဲကို။
တထေဝ၊ ရအံ့နည်း။
ဝါဏိဇာ၊ အိုကုန်သည်တို့။
တံကာရဏာ၊ ထိုဥပါသကာဟူသော အကြောင်းကြောင့်။
အဟံ၊ ငါသည်။
အတ္တနာ၊ ကိုယ်တိုင်ပင်လျှင်။
တုမှာကံ၊ သင်တို့အား။
ပါတုကတော၊ ထင်စွာပြုအပ်သည်။
အမှိ၊ ဖြစ်၏။
အဟံ၊ ငါသည်။
အတ္တာနံ၊ ကိုယ်ကို။
တုမှာကံ၊ သင်တို့အား။
ပါတုကတော၊ ထင်စွာပြုအပ်သည်။
အမှိ၊ ဖြစ်၏။
တသ္မာ၊ ထိုကြောင့်။
တုမှေ၊ သင်တို့သည်။
စရိတဗ္ဗံ၊ ကျင့်အပ်သည်၏အဖြစ်ကို။
ကတွာ၊ ပြုကုန်၍။
ပဿထ၊ ရှုကြကုန်သော။
တုမှေ၊ သင်တို့သည်။
တေန၊ ထိုဥပါသကာကို။
အညတြ၊ ကြဉ်၍။
စေအာဂတာ၊ အကယ်၍လာကုန်သည်ဖြစ်အံ့။
အရညေ၊ တော၌။
အန္ဓကုထာ၊ သူကန်းကဲ့သို့နှောက်ယှက်သောစိတ်ရှိကုန်သည်ဖြစ်၍။
ဝိပ္ပနဋ္ဌာ၊ ခရီးမှားသဖြင့် ပျက်သောနှလုံးရှိကုန်သော။
တုမှေ၊ သင်တို့သည်။
ဣဟ၊ ဤသဲကန္တာရ၌။
ထံခိပ္ပမာနေန၊ ထိုကန္တာရ၌ဖြစ်သော ဘေးရန်၏နှိပ်စက်ခြင်းဖြင့်လည်းကောင်း။
သဟုံ၊ လျှင်မြန်စွာ။
တသ္မိံတသ္မဘာဝံ၊ ပြာ၏အဖြစ်သို့။
ဘဝေတဂစ္ဆေယျာထ၊ ရောက်ကုန်ရာ၏။
ဝါဏိဇာ၊ အိုကုန်သည်တို့။
သပ္ပုရိသေန၊ သူတော်ကောင်းနှင့်။
သင်္ဂမော၊ ပေါင်းဖော်ခြင်းသည်။
ဟဝေ၊ စင်စစ်။
သုခေါ၊ ချမ်းသာ၏။
ဣတိ၊ ဤသို့။
အာဟ၊ ဆို၏။
သောဥပါသကော၊ ထိုဥပါသကာသည်။
နာမသော၊ အမည်အားဖြင့်။
ကိံကောနာမ၊ အယ်အမည်ရှိသနည်း။
သော၊ ထိုဥပါသကာသည်။
ကိဉ္စိကမ္မံ၊ ကုန်သွယ်ခြင်းအစရှိကုန်သော အမှုတို့တွင်အဘယ်မည်သောအမှုကို။
ကရောတိ၊ ပြုသနည်း။
တဿ၊ ထိုဥပါသကာအား။
ကိံနာမဓေယျံ၊ တိဿဖုဿအစရှိကုန်သောအမည်တို့တွင် အဘယ်အမည်နှင့်စပ်ယှဉ်သနည်း။
တဿ၊ ထိုဥပါသကာအား။
ကိမ္ပနဂေါတ္တံ၊ ဘဂ္ဂဝဘာရဒွါဇ= အစရှိကုန်သောအနွယ်တို့တွင်အဘယ်အနွယ်ရှိသနည်း။
ယက္ခ၊ နတ်သား။
ယဿ၊ အကြင်ဥပါသကာကို။
အနုကမ္ပာယ၊ ချီးမြှောက်ခြင်းငှါ။
တွံ၊ သင်သည်။
ဣဓ၊ ဤသဲကန္တာရရှိရာတောသို့။
အာဂတော၊ လာရောက်သည်။
အသိ၊ ဖြစ်၏။
မယမ္ပိ၊ အကျွန်ုပ်တို့သည်လည်း။
နံ၊ ထိုဥပါသကာကို။
ဒဋ္ဌုကာမာ၊ ဖူးမြင်ခြင်းငှါ အလိုရှိကုန်သည်။
အမှ၊ ဖြစ်ကုန်၏။
ယက္ခ၊ နတ်သား။
ယဿ၊ အကြင်ဥပါသကာကို။
တုဝံ၊ သင်သည်။
ဝိဟေသိ၊ ချစ်၏။
မယံ၊ အကျွန်ုပ်တို့သည်။
တဿ၊ ထိုဥပါသကာကို။
လာဘာယိတာဘာဧဝ၊ ရကုန်သည်သာလျှင်တည်း။
သန္တဝနာမဓေယျော၊ သန္တဝဟူသောအမည်နှင့်စပ်ယှဉ်သော။
ကပ္ပကော၊ ဆတ္တာသည်ဖြစ်သော။
ယောဥပါသကော၊ အကြင်ဥပါသကာသည်။
အတ္ထိ၊ ရှိ၏။
ဝါဏီဇာ၊ အိုကုန်သည်တို့။
ကောစ္ဆဖလူပဇီဝိ၊ ပြည်တင်းအစရှိသည်တို့ကိုထားခြင်းငှါ ကျီအစရှိသည်တို့၏အတိုင်းအရှည်ကိုပြီးစေတတ်သော အတတ်ကုန်သွယ်ခြင်းအတတ်တို့ဖြင့် အသက်မွေးသော။
နံ၊ ထိုဥပါသကာကို။
တုမှေ၊ သင်တို့သည်။
ဇာနာထ၊ သိကုန်လော။
သော၊ ထိုဥပါသကာသည်။
တုမှာကံ၊ သူင်တို့၏။
ပေသိယော၊ စေခိုင်းအပ်သည်ဖြစ်၍အမှု ကြီးငယ်ကိုပြုသောသူတည်း။
တုမှေ၊ သင်တို့သည်။
နံ၊ ထိုဥပါသကာကို။
မာစခေါနဟီဠိတ္ထ၊ မနှိပ်စက်လင့်ကုန်။
သော၊ ထိုဥပါသကာသည်။
သုပေသထော၊ သီလကိုအလွန်ချစ်မြတ်နိုး၏။
ယက္ခ၊ နတ်သား။
ယံ၊ အကြင်ဥပါသကာကို။
တွံ၊ သင်သည်။
ဝဒေသိ၊ ဆို၏။
တံ၊ ထိုဥပါသကာကို။
မယံ၊ အကျွန်ုပ်တို့သည်။
သရူပတော၊ သရုပ်အားဖြင့်။
ဇာနာမသေ၊ သိပါကုန်၏။
ဂုဏတောပန၊ ဂုဏ်အားဖြင့်ကား။
ဧဒိသောတိ၊ ဤသို့သဘောရှိ၏ဟူ၍။
နခေါနဇာနာမသေ၊ မသိကုန်။
ယက္ခ၊ နတ်သား။
မယမ္ပိ၊ အကျွန်ုပ်တို့သည်လည်း။
နံ၊ ထိုဥပါသကာကို။
ပူဇာယိဿမ၊ ပူဇော်ကုန်အံ့။
ယက္ခ၊ နတ်သား။
တုယှံ၊ သင်၏။
ဥဋ္ဌာရံ၊ ကောင်းမြတ်သော။
ဝစနံ၊ စကားကို။
သုတွာ၊ ကြားကုန်၍။
ဝါဏိဇာ၊ အိုကုန်သည်တို့။
ဣမသ္မိံသတ္ထော၊ ဤလှည်းအပေါင်း၌။
ယေကေစိ၊ အလုံးစုံကုန်သော။
မနုဿာ၊ လူတို့သည်။
သန္တိ၊ ရှိကုန်၏။
နဝါ၊ ပျိုငယ်ကုန်သော သူတို့သည်လည်းကောင်း။
မဟန္တာ၊ ကြီးရင့်ကုန်သော သူတို့သည်လည်းကောင်း။
အထဝါ၊ ထိုမှတပါး။
မဇ္ဈိမာ၊ အရွယ်အားဖြင့် အလတ်ဖြစ်ကုန်သောသူတို့သည် လည်းကောင်း။
သဗ္ဗေဝ၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော။
တေမနုဿာ၊ ထိုလူတို့သည်။
ဝိမာနံ၊ ငါ၏ဗိမာန်သို့။
အာလန္တု၊ တက်ကုန်လော။
ကဒရိယာ၊ ဝံတို့ဆို့ပိတ် မစ္ဆေရစိတ်ရှိကုန်သော သူတို့သည်။
ပုညာနံ၊ ကောင်းမှုတို့၏။
ဖလံ၊ အကျိုးကို။
ပဿန္တု၊ ရှုလှည့်ကုန်။
တတ္ထ၊ ထိုအရပ်၌။
သဗ္ဗေဝ၊ အလုံးစုံသာလျှင်ဖြစ်ကုန်သော။
တေ၊ ထိုလှည်းကုန်သည်တို့သည်။
အဟံပူရေတိ၊ ငါရှေ့ငါရှေ့ဟု။
တတ္ထ၊ ထိုအရပ်၌။
တံကပ္ပကံ၊ ထိုဆတ္တာသည်ဥပါသကာကို။
ပုရက္ခိတ္တာ၊ ရှေ့သွားပြုကုန်၍။
သဗ္ဗေဝ၊ အလုံးစုံသာလျှင်ဖြစ်ကုန်သော။
တေ၊ ထိုလှည်းကုန်သည်တို့သည်။
ဝိမာနံ၊ သေရိသကနတ်သားဗိမာန်ကို။
အာလတိံသုအာရောဟိံသု၊ တက်ကုန်၏။
ဝါသဝဿ၊ သိကြားမင်း၏။
မသက္ကသာရံဝိယ၊ ဗိမာန်ကဲ့သို့သော။
ဝိမာနံ၊ သေရိသကနတ်သားဗိမာန်ကို။
တတ္ထ၊ ထိုအရပ်၌။
သဗ္ဗေဝ၊ အလုံးစုံသာလျှင်ဖြစ်ကုန်သော။
ထေ၊ ထိုလှည်းကုန်သည်တို့သည်။
အဟံပူရေတိ၊ ငါရှေ့ငါရှေ့ဟု။
ဥပါသကတ္တံ၊ ဥပါသကာ၏အဖြစ်ကို။
ပဋိဝေဒယိံသု၊ ကြားကုန်၏။
ပါဏာတိပါတာ၊ သူ၏အသက်ကိုသတ်ခြင်းမှ။
ဝိရတာ၊ ကြဉ်ရှောင်ကုန်သည်။
အဟေသုံ၊ ဖြစ်ကုန်၏။
လောကေ၊ လူ၌။
အဒိန္နံ၊ သူတပါးသည်သိမ်းဆည်းအပ်သောဥစ္စာကို။
ပရိဝဇ္ဇယိံသု၊ ခိုးယူခြင်းမှကြဉ်ရှောင်ကုန်၏။
အမဇ္ဇပေါ၊ သေအရက်စသော ယစ်မျိုးကိုမသောက်စားသည်။
အပေါသိ၊ ဖြစ်၏။
မုသာစ၊ မဟုတ်မမှန်သောစကားကိုလည်း။
နောဘဏိံသု၊ မဆိုကုန်။
သကေနဒါရေန၊ မိမိမယားဖြင့်။
တုဋ္ဌာ၊ ရောင့်ရဲကုန်သည်လည်း။
အဟေသုံ၊ ဖြစ်ကုန်၏။
တတ္ထ၊ ထိုဗိမာန်၌။
သဗ္ဗေဝ၊ အလုံးစုံသာလျှင်ဖြစ်ကုန်သော။
တေ၊ ထိုလှည်းကုန်သည်တို့သည်။
အဟံပုရေတိ၊ ငါ့ရှေ့ငါရှေ့ဟု။
ဝတွာ၊ ဆိုကုန်၏။
ဥပါသကတ္တံ၊ ဥပါသကာ၏အဖြစ်ကို။
ပဋိဝေဒယိတွာ၊ ကြားကုန်ပြီး၍။
ယက္ခေန၊ သေရိသကနတ်သားသည်။
အနုမောဒမာနော၊ ဝမ်းမြောက်စေအပ်သော။
သတ္ထော၊ လှည်းကုန်သည်အပေါင်းသည်။
ယက္ခိဒ္ဓိယာ၊ သေရိသကနတ်သား၏တန်ခိုးဖြင့်။
ပုနပ္ပုနံ၊ အဖန်တလဲလဲ။
အနုမောဒယမာနော၊ ဝမ်းမြောက်စေအပ်သော။
ပက္ကမိ၊ သွားလေ၏။
ဓနတ္ထိယာ၊ အမြတ်ဥစ္စာဖြင့်အလိုရှိကုန်သော။
ဥဒယံ၊ အမြတ်ဥစ္စာကို။
ပတ္ထယာနာ၊ တောင့်တကုန်သော။
တေ၊ ထိုကုန်သည်တို့သည်။
သိန္ဓုသောဝိရဘူမိံ၊ သိန္ဓုအရပ်သောဝိရအရပ်သို့။
ဂန္တွာန၊ ရောက်ကုန်၍။
ယထာပယောဂါ၊ မိမိ၏အဇ္ဈာသယာအားလျော်စွာပြုအပ်သောလုံးလရှိကုန်သည်ဖြစ်၍။
ပရိလာဘာ၊ ပြည့်စုံသောလာဒ်ရှိကုန်သည်ဖြစ်၍။
အက္ခတံအနုပဒ္ဒုတံ၊ ဘေးရန်တို့သည်မနှိပ်စက်သည်ဖြစ်၍။
ပါဋလိပုတ္တံ၊ ပါဋလိပုတ်ပြည်သို့။
ပစ္စာဂမိံသု၊ ပြန်သွားလေကုန်၏။
သောတ္ထိဝန္တော၊ ချမ်းသာခြင်းရှိကုန်သော။
တေ၊ ထိုကုန်သည်တို့သည်။
သဃရံ၊ မိမိ၏အိမ်သို့။
ဂန္တွာန၊ ရောက်ကုန်၍။
ပုတ္တေဟိ၊ သားသ္မီးတို့နှင့်လည်းကောင်း။
ဒါရေဟိ၊ မယားတို့နှင့်လည်းကောင်း။
သမင်္ဂီဘူတာ၊ တကွဖြစ်ကုန်လျက်။
အာနန္ဒိတာ၊ အလွန်ဝမ်းမြောက်အပ်ကုန်သည်။
ဝိတ္တာ၊ နှစ်သက်အပ်ကုန်သည်။
သုမနာ၊ ပီတိသောမနဿတို့နှင့်စပ်ရှက်သောစိတ်ရှိကုန်သည်။
ပတီတာ၊ ရွှင်လန်းကုန်သည်။
ဟုတွာ၊ ဖြစ်ကုန်၍။
ဥဠာရံ၊ ပြန့်သောကောင်းမြတ်သော။
သေရိသကမဟံ၊ သေရိသကနတ်သားအားသဘင်ပူဇော်ခြင်းကို။
အကံသု၊ ပြုကုန်၏။
တေသီရိသကံ၊ ထိုသီရိသကအမည်ရှိသော။
ပါသာဒကုဋာဂါရရတ္ထိဋ္ဌာနာဒိသမ္ပန္နာ၊ ပြာသာဒ်စုလစ်မွန်းချွန်ညဉ့်နေရာအစရှိသည်တို့နှင့်ပြည့်စုံသော။
ပရိဝဏံ၊ တံတိုင်းဖြင့်ခြံရံအပ်သောတံခါးမုတ်နှင့်ယှဉ်သောနေရာကိုလည်း။
မာပယိံသု၊ ဖန်ဆင်းကုန်၏။
သပ္ပုရိသာနံ၊ သူတော်ကောင်းတို့ကို။
သဝနာ၊ မှီဝဲပေါင်းဖေါ်ရခြင်းသည်။
ဧတာဒိသာ၊ ဤသို့အကျိုးမဲ့ကိုမဖြစ်စေခြင်းအကျိုးကိုပြီးစေခြင်းသဘောရှိသည်။
ဟောတိ၊ ဖြစ်၏။
ဓမ္မဂုဏာနံ၊ မဖေါက်မပြန်သောတရား၏ကျေးဇူးတိုကို။
သောဝနာ၊ မှီဝဲခြင်းသည်။
မဟိဒ္ဓိသာ၊ များမြတ်သောအကျိုးအာနိသင်ရှိသည်။
ဟောတိ၊ ဖြစ်၏။
ဧကဿ၊ တယောက်သော။
ဥပါသကဿ၊ ဥပါသသကာ၏။
အတ္ထောယ၊ အကျိုးငှါ။
ကတာနုဂ္ဂဟေန၊ ပြုအပ်ချီးမြှောက်ခြင်းဖြင့်။
သဗ္ဗေဝ၊ အလုံးစုံသာလျှင်ဖြစ်ကုန်သော။
သတ္တာ၊ လှည်း၌အကျုံးဝင်ကုန်သောသတ္တဝါတို့သည်။
သုခိတာ၊ ချမ်းသာခြင်းသို့ရောက်ကုန်သည်။
အဟေသုံ၊ ဖြစ်ကုန်၏။
ဒသမံ၊ ဆယ်ခုမြောက်သော။
သေရိသကဝိမာနဝတ္ထု၊ သေရိသကနတ်သားလျှင်အကြောင်းရှိသောဝတ္ထုသည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။