Issues
Select Version
နိဿယ
မြန်မာဘာသာ
Vimānavatthupāḷi
Vimānavatthupāḷi

4. Latāvimānavatthu

Author: နိဿယ @ IAPT

သိရီမတော၊ ဘုန်းပညာရှိသော။ ရာဇဝရဿ၊ စတုမဟာရာဇ်နတ်မင်းကြီးလေးယောက်တို့ထက်မြတ်သော။ သက္ကဿ၊ သိကြားမင်း၏။ ပရိစာရိကာ၊ အခြွေအရံလည်းဖြစ်ကုန်သော။ တတာ၊ တတာအမည်ရှိသော။ ဒေဝတာစ၊ နတ်သမီး၎င်း။ သဇ္ဇာ၊ သဇ္ဇာအမည်ရှိသော။ ဒေဝထာစ၊ နတ်သမီးလည်းကောင်း။ ပဝရာ၊ ပဝရာအမည်ရှိသော။ ဒေဝတာစ၊ နတ်သမီးလည်းကောင်း။ အစ္ဆိမတိ၊ အစ္ဆိမတိအမည်ရှိသော။ ဒေဝတာစ၊ နတ်သမီးလည်းကောင်း။ ဒေဝတာစ၊ နတ်သမီးလည်းကောင်း။ ဣဝိ၊ ဤသို့။ ရာဇိ၊ ထွန်းပသောအာနုဘော်ရှိကုန်သော။ ပဉ္စ၊ ငါးယောက်ကုန်သော။ ဒေဝတာစ၊ နတ်သမီးတို့သည်။
(၃၂) ဘန္တေ၊ ဘုန်းတော်ကြီးသောမြတ်စွာဘုရား။ ဝေဿဝဏဿ၊ ဝေဿဝဏ်အမည်ရှိသော။ ရညော၊ စတုမဟာရာဇ်နတ်မင်းကြီး၏။ ဓိတာ၊ သမီးဖြစ်ကုန်သော။ သုတာ၊ သုတာအမည်ရှိသော။ ဓမ္မဂုဏေဟိ၊ တရားနှင့်လျော်ကုန်သောကျေးဇူးတို့ဖြင့်။ သောတထ၊ တင့်တယ်ကုန်၏။
ဘန္တေ၊ ဘုန်းတော်ကြီးသောမြတ်စွာဘုရား။ ပဉ္စ၊ ငါးယောက်ကုန်သော။ နာရိယော၊ နတ်သမီးတို့သည်။ ဧတ္ထ၊ ဤဟိမဝန္တာတောအရပ်၌။ သီတောဒကံ၊ ချမ်းအေးသောရေရှိသော။ ဥပ္ပလိနိံ၊ ကြာညိုကြာဖြူစသောရေပန်းရှိသော။ သိဝံ၊ ဘေးဥပဒ္ဒဝေါမရှိသော။ နှဒိံ၊ အနောတတ္ထအိုင်မှထွက်သောမြစ်သို့။ နာယိတုံ၊ ရေချိုးခြင်းငှာ။ အာဂမံသု၊ လာရောက်ကုန်၏။ တာဒေဝတာ၊ ထိုနတ်မိန်းမတို့သည်သီချင်းကိုလည်းသီဆို။
တတ္ထ၊ ထိုမြစ်၌။ နှာယိတွာ၊ ရေချိုးကုန်၏။ ရမိတွာ၊ မွေ့လျော်ပေါ်ပါးကုန်၍။ နစ္စိတွာ၊ ကမြူးကုန်၏။ ဂါယိတွာ၊ သီချင်းကိုလည်းသီကြကုန်၏။ ဝိဟရိံသု၊ နေကြကုန်၏။ တာသု၊ ထိုငါးယောက်ကုန်သော မိန်းမတို့တွင်။ သုတာ၊ သုတာအမည်ရှိသောနတ်သမီးသည်။ ကတံ၊ မိမိအစ်မဖြစ်သော။ လတာ၊ အမည်ရှိသောနတ်သမီးကို။ အဗြဝိံ၊ ဆို၏။
ဥပ္ပလမာထဓာရနီ၊ ကြာပန်းကိုပန်ဆင်ခြင်းရှိသော။ အာဝေဠိနီ၊ နားသွယ်ပန်းလည်းရှိသော။ ကဉ္စနသန္နိဘတ္တစေ၊ သိင်္ဂိရွှေစင်အဆင်းကဲ့သို့ပြောင်ပြောင်ဝင်းသော အရွှေအဆင်းလည်းရှိသော။ တံ၊ သင်ကို။ ပုစ္ဆာမိ၊ ကျွန်တော်မ မေးပါ၏။
တိမိရအမ္ဗက္ခိ၊ ပိတုန်းရောင်နှင့်တူသော မျက်လုံးအဆင်းနီသောမျက်ရေးတို့နှင့်ပြည့်စုံသောမျက်စိလည်းရှိသော။ နဘေဝသောဘဏေ၊ တိမ်တိုက်ဆည်းနှင်းစသော အညစ်အကြေးတို့မှ ကင်းသော ကောင်းကင်သို့ စင်ကြယ်သန့်ရှင်းအင်္ဂါကြီးငယ်တို့ဖြင့် တင့်တယ်ထွန်းပခြင်းရှိသော။ ဒီဃာယုကာ၊ ရှည်သော အသက်ရှိသော။ ဘဂိနိ၊ အစ်မလတာ။ ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်။ တဝ၊ သင့်အား။ ယသော၊ ကျေးဇူးသတင်းကျော်စောခြင်းအခြံအရံ များခြင်းသည်။ ကတော၊ ဖြစ်လေသနည်း။
ဘဒ္ဒေ၊ ဆိုအပ်ခဲ့ပြီးသော ကျေးဇူးတို့ဖြင့် ကောင်းမြတ်ခြင်း ရှိသော။ ဘဂိနိ၊ အစ်မလတာ။ ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်။ တွံ၊ သင်သည်။ ပတိနော၊ ထင်၏။ ပိယတရာ၊ အထူးသဖြင့်ချစ်မြတ်နိုးအပ်သော မိန်းမသည်။ အသိ၊ ဖြစ်သနည်း။ ရူပထော၊ အဆင်းသဏ္ဌာန်၏ပြည့်စုံခြင်းဖြင့်။ ဝိသိဋ္ဌကလျာဏီတရာ၊ အထူးသဖြင့်မြတ်သောတင့်တယ်ခြင်းရှိသည်လည်း။ အသိ၊ ဖြစ်သနည်း။
နစ္စနစ္စေ၊ ကမြူးခြင်း၌ လည်းကောင်း။ ဂီတဝါဒိထေ၊ သီဆိုခြင်းတိီးမှုတ်ခြင်း၌လည်းကောင်း။ ပဒက္ခိဏာ၊ အပြားအားဖြင့် တတ်လိမ္မာသည်။ အသိ၊ ဖြစ်သနည်း။ နရနာရီပုစ္ဆိတာ၊ နတ်သားနတ်သမီးတို့သည် လတာအဘယ်မှာနည်းစသည်ဖြင့်မေးအပ်သော။
တွံ၊ သင်သည်။ အဟံ၊ အကျွန်ုပ်သည်။ မနုဿေသု၊ လူတို့၌။ မနုဿဘူတာ၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်။ ဥဠာရထောဂေ၊ များမြတ်သောပစ္စည်းဥစ္စာရှိသော။ ကုလေ၊ အမျိုး၌။ သုဏိသာ၊ ချွေးမသည်။ အဟောသိံ၊ ဖြစ်ခဲ့ဖူး၏။
အကောဓနာ၊ အမျက်မာန်နည်းသည်။ သတ္တုဝသာနုဝတ္တိနီ၊ လင်၏အလိုအားလျော်စွာကျင့်လေ့ရှိသည်။ ဥပေါသထေ၊ ဥပုသ်သီတင်းကို စောင့်ရှောက်ခြင်း၌။ အပ္ပမတ္တာ၊ မမေ့မလျော့သော နှလုံးရှိသည်။ အဟောသိံ၊ ဖြစ်ခဲ့ဖူး၏။
ဘဂိနိ၊ ညီမသုတာ။ မနုဿဘူတာ၊ လူ၏အဖြစ်သို့ရောက်သော။ အဟံ၊ အကျွန်ုပ်သည်။ ဒဟရာ၊ ပျိုငယ်သည်။ အပ္ပါယုကာ၊ နည်းသောအသက်အပိုင်းအခြားရှိသည်။ အဟောသိံ၊ ဖြစ်၏။ အဟံ၊ အကျွန်ုပ်သည်။ ပသန္နစိတ္တာ၊ ကြည်လင်သောစိတ်ရှိသည်ဖြစ်၍။
သဒေဝရံ၊ မတ်နှင့်တကွသော။ သသဿုသသုရံ၊ ယောက္ခမမိန်မးသူယောကျ်ားသူတို့နှင့်တကွသော။ သဒါသကံ၊ ကျွန်ယောကျ်ားမိန်းမတို့နှင့်တကွသော။ ပတိံ၊ လင်ကို။ အဘိရာဓယိံ၊ နှစ်သက်စေ၍။ တမှိ၊ ထိုချွေးမဖြစ်သောကာလ၌။ မမ၊ ငါသည်။ ယသော၊ ကျေးဇူးသတင်းကျော်စောခြင်းခြွေရံပရိသတ်၏ ပြည့်စုံခြင်းကို။ ကတော၊ ပြုအပ်၏။
တဂိနိ၊ ညီမသုတာ။ အဟံ၊ အကျွန်ုပ်သည်။ ကုသလေန၊ အပြစ်မရှိကောင်းကျိုးကိုပေးသောလက္ခဏာရှိသော။ တေနကမ္မုနာ၊ ထိုကုသိုလ်ကံကြောင့်။ စတုဗ္ဘိဋ္ဌာနေသုစတူဟိကာရဏေဟိ၊ လေးပါးကုန်သောအကြောင်းတို့ဖြင့်။ အညာဟိ၊ တပါးကုန်သောနတ်သ္မီးနတ်မိန်းမတို့ထက်။ ဝိသေသံ၊ ထူးကဲသာလွန်သော။ အဇ္ဈဂါ၊ ရ၏။
အာယုဉ္စ၊ အသက်ရှည်ခြင်းကို လည်းကောင်း။ ဝဏ္ဏဉ္စ၊ အဆင်းလှခြင်းကိုလည်းကောင်း။ သုခဉ္စ၊ ချမ်းသာခြင်းကိုလည်းကောင်း။ ဗလဉ္စ၊ ခွန်အားကြီးခြင်းကိုလည်းကောင်း။ အနပ္ပကံ၊ များစွာသော။ ခိဋ္ဋဉ္စ၊ မြူးတူးခြင်းကိုလည်းကောင်း။ ရတိဉ္စ၊ မွေ့လျော်ခြင်းကိုလည်းကောင်း။ အနုဘောမိ၊ သုံးဆောင်ခံစားရ၏။ ဘဂိနိယော၊ အစ်မတို့။ အမှာကံ၊ ကျွန်တော်မတို့၏။ ဇေဋ္ဌဘဂိနိ၊ အမကြီးဖြစ်သော။
အယံလထာ၊ ဤလတာသည်။ ယံဝစနံ၊ အကြင်မနုဿေသုမနုဿဘူတာ= စသောစကားကို။ ဘာသတိ၊ ဆို၏။ တံ၊ ထိုစကားကို။ တုမှေဟိ၊ သင်တို့သည်။ သုတံနု၊ ကြားဖူးပြီလော့။ နော၊ ကျွန်တော်မတို့သည်။ ယံပဉှံ၊ အကြင်သိခြင်းငှာ အလိုရှိအပ်သော အနက်ကို။ အပုစ္ဆိမှ၊ မေးကုန်၏။ တံ၊ ထိုသိခြင်းငှာ အလိုရှိအပ်သော အနက်ကို။ နော၊ ကျွန်တော်မတို့အား။ အကိတ္တယီ၊ ဖြေကြားပြီ။
နော၊ ကျွန်တော်မတို့အား။ ပတိကိရ၊ ထင်မည်သည်ကား။ နာရီနံ၊ မိန်းမဖြစ်ကုန်သော။ အမှာကံ၊ ကျွန်တော်မတို့၏။ ဝိသိဋ္ဌာ၊ ဟူသော။ ဂတိဉ္စ၊ ကိုးကွယ်လည်းလျောင်းရာသည်လည်း။ ဟောတိ၊ ဖြစ်၏။ နေသံ၊ ထိုကျွန်တော်မတို့၏။ ပဝရာ၊ မြတ်သော။ ဒေဝတာစ၊ နတ်သ္မီးသည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏။
ဘဂိနိယော၊ အစ်မတို့။ ယတ္ထ၊ အကြင်လင်တို့၌ကျင့်ရာသောဝတ်နှင့်ပြည့်စုံခြင်းကြောင့်။ စရိယမာနေ၊ ကျင့်သည်ရှိသော်။ ဣတ္ထိယော၊ မိန်းမတို့သည်။ ပကိဗ္ဗတာ၊ ပတိဗ္ဗတာအမည်ရှိကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ သဗ္ဗာ၊ ခပ်သိမ်းကုန်သော။ မယံ၊ ကျွန်တော်မတို့သည်။ ပတီသု၊ လင်တို့၌။ ဓမ္မံ၊ ရှေးဦးစွာထခြင်းအစရှိသော ကျင့်အပ်သောတရားကို။ ပစာရာမ၊ ကျင့်ကုန်အံ့။ ပတီသု၊ သင်တို့၌။
စရိတွာန၊ ကျင့်ခြင်းကြောင့်။ အယံလတာ၊ ဤကျွန်တော်မတို့၏ အစ်မဖြစ်သောလတာသည်။ ဧတရဟိ၊ ယခုအခါ၌။ သမ္ပတ္တိံ၊ စည်းစိမ်ချမ်းသာကို။ လတာမီတိ၊ ရ၏။ ယံဝစနံ၊ အကြင်စကားကို။ ဘာသတိ၊ ဆို၏။ တံ၊ ထိုလတာသည်ဆိုအပ်သော စကားကို။ သဗ္ဗာ၊ ခပ်သိမ်းကုန်သော။ မယံ၊ ကျွန်တော်မတို့သည်။ လစ္ဆာမသေ၊ ရကုန်လတ္တံ့။
ဘဂိနိယော၊ အစ်မတို့။ ပဗ္ဗတသာနုဂေါစရော၊ ထောင်ချုံ တောအုပ်တို့၌ ကျက်စားလေ့ရှိသော။ မံသဘောဇနော၊ သားဟင်းမျိုးလျှင် အစာရှိသော။ သီဟော၊ ကေသရာအမည်ရှိသောခြင်္သေ့သည်။ မဟိန္ဓရံ၊ မြေကိုဆောင်တတ်သော။ ပဗ္ဗတံ၊ တောင်၌။
အာဝသိတွာအာဝသန္တော၊ နေလျက်။ ဣတရေ၊ မိမိမှတပါးကုန်သော။ စတုပ္ပဒေ၊ အခြေလေးချောင်းရှိကုန်သော။ ခုဒ္ဒကေ၊ ငယ်ကုန်သော။ မိဂေ၊ သားတို့ကို။ ပသယှဟန္တွာ၊ နှိပ်နှင်းကလူပြုသောသူ၏ အဖြစ်သို့ရောက်၍။ ခါဒတိယထာ၊ စားသကဲ့သို့။
တထေဝ၊ ထိုအတူသာလျှင်။ ဣဓ၊ ဤလောက၌။ သဒ္ဓါ၊ ရတနာသုံးပါးတို့၏ဂုဏ်ကံကံ၏ အကျိုးကိုယုံကြည်ခြင်းရှိသော။ အရိယသာဝိကာ၊ ဘုရားစသောအရိယာတို့၏အဆုံးအမကိုနာခံ၍ကျင့်လေ့ရှိသောနာရီမိန်းမသည်။ ဘတ္တာရံ၊ အစားအဝတ်စသည်တို့ဖြင့် မွေးကျွေးတတ်သော။ သာမိကံ၊ သင်ကို။ နိဿာယ၊ မှီ၍။ ဝသန္တီ၊ နေလျက်။ ပတိအနုဗ္ဗတာ၊ သင်အားလျော်သောအကျင့်ရှိသည်။ ဟုတွာ၊ ဖြစ်၍။
ကောဓံ၊ အခြွေအရံစသည်တို့၌ဖြစ်ထိုက်သော အမျက်ကို။ ဝဒိတွာ၊ ဖျက်စီးစွန့်ပစ်၍။ မစ္ဆေရံ၊ သိမ်းဆည်းအပ်သောဝတ္ထုတို့၌ ဖြစ်ထိုက်သောမစ္ဆေရကို။ အဘိဘုယျ၊ နိုပ်နှင်း၍။ ဓမ္မစာရိနိ၊ တရားကိုကျင့်လေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။ သာ၊ ထိုမိန်းမသည်။ သဂ္ဂမှိ၊ နတ်ပြည်၌။ ပမောဒတိ၊ မွေ့လျော်စံပျောရ၏။
စတုတ္ထံ၊ လေးခုမြောက်သော။ လတာဝိမာနဝတ္ထု၊ လတာနတ်သ္မီး၏စည်းစိမ်လျှင်အကြောင်းရှိသောဝတ္ထုသည်။ နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။