Issues
Select Version
နိဿယ
မြန်မာဘာသာ
Vimānavatthupāḷi
Vimānavatthupāḷi

9. Maṭṭhakuṇḍalīvimānavatthu

Author: နိဿယ @ IAPT

(၈၃) မာဏဝ၊ လုလင်။ တွံ၊ သင်သည်။ အလင်္ကတော၊ တန်ဆာဆင်အပ်သောကိုယ်ရှိ၏။ မဋ္ဌကုဏ္ဍသီ၊ ချူးပန်းချူးနွယ်စသည်တို့နှင့်မပြောပြေပြစ်ချောမွေ့သောနားဍောင်းလည်းရှိ၏။ မာလဓာရီ၊ ပန်ဆင်အပ်သောပန်းလည်းရှိ၏။ ဟရိစန္ဒန္နဿဒေါ၊ စန္ဒကူးနီဖြင့်အချင်းခပ်သိမ်းလိမ်းကျံအပ်သောကိုယ်လည်းရှိ၏။
တုဝံ၊ သင်သည်။ ကိံဒုက္ခိတော၊ အဘယ်သို့သောဆင်းရဲဒုက္ခသို့ရောက်သည်ဖြစ်၍။ ဝနမဇ္ဈေ၊ တော၏အလယ်၌။ ဗာဟုံ၊ လက်မောင်းကို။ ပဂ္ဂယှ၊ ချီးမြှောက်၍။ ကန္ဒသိ၊ ငိုမြည်တမ်းဘိသနည်း။ ဣတိ၊ ဤသို့။ အဇ္ဈဘာသိ၊ ရွတ်ဆို၏။ ဗြာဟ္မဏ၊ ပုဏ္ဏား။
မမ၊ ငါ့အား။ သောဝဏ္ဏမယော၊ ရွှေဖြင့်ပြီးသော။ ပဘဿရော၊ ပြိုးပြိုးပြက်ထွက်သော အရောင်ရှိသော။ ရထပဉ္စရော၊ ရထားလှည်းချိုင့်သည်။ ဥပပန္နော၊ ဖြစ်၏။ တဿ၊ ထိုလှည်းချိုင့်၏။
စက္ကယုဂံ၊ လှည်းဘီးအစုံကို။ အဟံ၊ ငါသည်။ နဝိန္ဒာမိ၊ မရ။ ဗြာဟ္မဏ၊ ပုဏ္ဏား။ အဟံ၊ ငါသည်။ တေနန္ဒက္ခေန၊ ထိုသို့လှည်းဘီးအစုံကိုမရခြင်းတည်းဟူသောဆင်းရဲကြောင့်။ ဇိဝိတံ၊ အသက်ကို။ ဇဟာမိ၊ စွန့်ရလတ္တံ့။ ဣတိ၊ ဤသို့။ အာဟ၊ ဆို၏။
ဘဒ္ဒမာဏဝ၊ ကောင်းမြတ်သောအဆင်းသဏ္ဌာန်ရှိသောလုလင်။ တွံ၊ သင်သည်။ သောဝဏ္ဏမသံ၊ ရွှေဖြင့်ပြီးသောလှည်းဘီးအစုံကို။ ဣစ္ဆသိ၊ အလိုရှိသလော။ မဏိမယံ၊ ပတ္တမြားဖြင်ပြီးသောလှည်းဘီးအစုံကို။ ဣစ္ဆာသိ၊ အလိုရှိသလော။ အထ၊ ထိုမှတပါး။ ရူပိယမယံ၊ ငွေစင်ဖြင့်ပြီးသော လှည်းဘီးအစုံကို။ ဣစ္ဆာသိ၊ အလိုရှိသလော။
ဘဒ္ဒမာဏဝ၊ ကောင်းမြတ်သောအဆင်းသဏ္ဌာန်ရှိသောလုလင်။ တဝ၊ သင်၏။ ရုစိံ၊ အလိုကို။ မေ၊ ငါ့အား။ အာစိက္ခထ၊ ကြားလတ်လော။ တေ၊ သင်အား။ စက္ကယုဂံ၊ လှည်းဘီးအစုံကို။ ပဋိပါဒယာမိ၊ ပြည့်စုံအောင်ပြု၍ပေးအံ့။ ဣတိ၊ ဤသို့။ အာဟ၊ ဆို၏။
သောမာဏာဝေါ၊ ထိုလုလင်သည်။ တဿ၊ ထိုပုဏ္ဏားအား။ ပါဝဒိ၊ ဆို၏။ ကိံပါဝဒိ၊ အဘယ်သို့ဆိုသနည်း။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ဧတ္ထ၊ ဤလောက၌။ ဥဘယာ၊ နှစ်ပါးကုန်သော။ စန္ဒိမသူရိယာ၊ လနေတို့သည်။ ဒိဿရေ၊ ထင်ကုန်၏။
တေနစက္ကယုဂေန၊ ထိုနေလဟုဆိုအပ်သောလှည်းဘီးအစုံဖြင့်။ သောဝဏ္ဏမယော၊ ရွှေဖြင့်ပြီးသော။ မမ၊ ငါ၏။ ရထော၊ ရထားသည်လည်း။ သောဘိတ၊ တင့်တယ်ရာ၏။ ဣတိ၊ ဤသို့။ ပါဝဒိ၊ ဆို၏။
မာဏဝ၊ လုလင်။ တွံ၊ သင်သည်။ ဗာလောခေါ၊ မိုက်သည်သာလျှင်။ အသိ၊ ဖြစ်၏။ ယောတွံ၊ အကြင်သင်သည်။ အပတ္ထိယံ၊ တောင်းတ၍မရအပ်သောဝတ္ထုကို။ ပတ္ထယတိ၊ တောင့်တဘိ၏။
မာဏဝ၊ လုလင်။ ဟိယသ္မာ၊ အကြင့်ကြောင့်။ တွံ၊ သင်သည်။ စန္ဒိမသူရိယံ၊ နေလနှစ်ပါးတို့၏အပေါင်းကို။ နလစ္ဆသိ၊ မရလတ္တံ့။ တသ္မာ၊ ထို့ကြောင့်။ တုဝံ၊ သင်သည်။ မရိဿသိ၊ သေလတ္တံ့။ ဣတိ၊ ဤသို့။ မညာမိ၊ ငါအောက်မေ့၏။
ဗြာဟ္မဏ၊ ပုဏ္ဏား။ ဥဘယတ္ထ၊ နေလနှစ်ပါးတို့၌။ ဝဏ္ဏဓာတု၊ ချမ်းအေးသည်အဖြစ်နှင့်တူသောနှစ်သက်ဖွယ်သောအဆင်းအရောင်တူသည်၏ အဖြစ်ဖြင့်တူသောအဆင်းအရောင်သည်။ ဒိဿတိ၊ ထင်၏။ ပီတိယာ၊ လှည့်လည်ရာဖြစ်သောလရီး၌။ တေသံ၊ ထိုနေလနှစ်ပါးတို့၏။ ဂမနာဂမံနမ္ပိ၊ သွားခြင်းလာခြင်းသည်လည်း။ ဒိဿတိ၊ ထင်၏။
ပေတော၊ ဝိညာဉ်ကင်သည်ဖြစ်၍။ အလင်္ကထောပန၊ သေလွန်သောသူသည်ကား။ နဒိဿတိ၊ မထင်။ ဣဓ၊ ဤတောအရပ်၌။ ကန္ဒတံကန္ဒန္တာနံ၊ ငိုမြည်တမ်းကုန်သော သင်နှင့်ငါနှစ်ယောက်တို့တွင်။ ကော၊ အဘယ်မည်သောသူသည်။ ဗာလျတရာန၊ အထူးသဖြင့်မိုက်သနည်း။
မာဏဝ၊ လုလင်။ တွံ၊ သင်သည်။ သစ္စံခေါ၊ မှန်သောစကားကိုသာလျှင်။ ဝဒသိ၊ ဆိုပေ၏။ ဣဓ၊ ဤသုသာန်ရှိရာအရပ်၌။ ကန္ဒတံ၊ ငိုမြည်တမ်းကုန်သောသင့်နှင့်ငါနှစ်ယောက်တို့တွင်။ အဟမေဝ၊ ငါသည်ပင်လျှင်။ ဗာလျတရော၊ တင့်တယ်သော လွန်၍မိုက်ချေ၏။
မဏဝ၊ လုလင်။ အဟံ၊ ငါသည်။ စန္ဒံ၊ လဗိမာန်ကို။ ပတ္ထယန္တော၊ တောင့်တလျက်။ ရုဒရုဒန္တော၊ ငိုမြည်တမ်းသော။ ဒါရကောဝိယ၊ သူငယ်ကဲ့သို့။ ပေတံ၊ ဝိညာဉ်ကင်းသည်ဖြစ်၍။ ကာလင်္ကတံ၊ သေလွန်သောသူကို။ အဘိပတ္တယိံ၊ တောင့်တ၏။ ဣတိ၊ ဤသို့။ အာဟ၊ ဆို၏။
မဏဝ၊ လုလင်။ ပုရိသော၊ ယောကျ်ားသည်။ ဃတသိတ္တံဝရေ၊ ထောပတ်ဖြင့်သွန်းလောင်းအပ်သည်သာလျှင်ဖြစ်သော။ ပါဝကံ၊ မီးကို။
ဝါရိနာ၊ ရေဖြင့်။ ဩသိဉ္စိဝိယ၊ သွန်းလောင်းဘိသကဲ့သို့။ တွံ၊ သင်သည်။ အာဒိတ္တံ၊ စိုးရိမ်ခြင်းတည်းဟူသော မီးဖြင့်တောက်လောင်သည်ဖြစ်၍။ သန္တံသမာနံ၊ ဖြစ်သော။ မံ၊ ငါ့ကို။ သဗ္ဗံ၊ အလုံးစုံသော။ ဒရံ၊ ပူပန်ခြင်းကို။ နိဗ္ဗာပယေဝတ၊ ငြိမ်းစေပြီးတကား။
တွံ၊ သင်သည်။ မေ၊ ငါ၏။ ဟဒယနိဿိတံ၊ နှလုံး၌မှီသောဒေါသမူစိတ်၌။ သောကံ၊ စိုးရိမ်ပူပန် ခြင်းတည်းဟူသော။ သလ္လံ၊ ငြောင့်တံသင်းကို။ အဗ္ဗုဠံဝတ၊ နှုတ်ပေးပြီး‌တကား။
မာဏဝ၊ လုလင်။ ယောတွံ၊ အကြင်သင်သည်။ သောကပရေတဿ၊ စိုးရိမ်ခြင်းသည်နှိပ်စက် အပ်သော။ မေ၊ ငါ့အား။ ပုတ္တသေဝကံ၊ သားကြောင့်စိုးရိမ်ခြင်းကို။ အနုပါဒိ၊ ပယ်ဖျောက်၏။ တသ္မာ၊ ထို့ကြောင့်။
မာဏဝ၊ လုလင်။ သွာဟံသောအဟံ၊ ထိုငါသည်။ အဗ္ဗုဠသလ္လော၊ နှုတ်အပ်ပြီးသောငြောင့်တံသင်းရှိသည်။ အသ္မိံ၊ ဖြစ်၏။ နိဗ္ဗုတော၊ ပူပန်ခြင်းမရှိသည်။ ဟုတွာ၊ ဖြစ်၍။ သီတိဘူတော၊ ငြိမ်းအေးခြင်းသို့ရောက်သည်။ အသ္မိ၊ ဖြစ်၏။
မာဏဝ၊ လုလင်။ တဝ၊ သင်၏။ ဝစနံ၊ တရားစကားကို။ သုတွာန၊ ကြားနာရသောကြောင့်။ အဟံ၊ ငါသည်။ နသောစာမိ၊ မစိုးရိမ်။ နရောဒါမိ၊ မငို။
မာဏဝ၊ လုလင်။ တွံ၊ သင်သည်။ ဒေဝတာ၊ ဝေဿဝဏ် အစရှိသောထင်ရှားသောစတုမဟာရာဇ်နတ်သည်။ အသိနု၊ ဖြစ်သလော့။ ဂန္ဓဗ္ဗော၊ ဂန္ဓဗ္ဗ နတ်မျိုးသည်မူလည်း။ အသိနု၊ ဖြစ်သလော့။ အဒု၊ ထိုသို့မဟုတ်မူ။ ပုရိန္ဒဒေါ၊ ရှေးဘဝ၌အလှူကိုပေးတတ်သော။ သက္ကော၊ သိကြားမင်းသည်။ အသိနု၊ ဖြစ်သလော။
တွံ၊ သင်သည်။ ကောဝါ၊ အဘယ်မည်သောသူနည်း။ ကဿဝါ၊ အဘယ်မည်သောသူ၏မူလည်း။ ပုတ္တော၊ သားနည်း။ မယံ၊ ငါတို့သည်။ တံ၊ သင့်ကို။ ကထံကေနကာရဏေန၊ အဘယ်သို့သောအကြောင်းဖြင့်။ ဇာနေမု၊ သိရကုန်အံ့နည်း။ ဣတိ၊ ဤသို့။ အတာသိ၊ ဆို၏။
ဗြာဟ္မဏ၊ ပုဏ္ဏား။ တဝ၊ သင်၏။ ပုတ္တံ၊ သားဖြစ်သော မဋ္ဌကုဏ္ဍသီကို။ အာဠဟနေ၊ သုသာန်၌။ သယံ၊ မိမိကိုယ်တိုင်။ ဒဟိတွာ၊ ဖုတ်ကြည်သင်္ဂြိဟ်၍။ တွံ၊ သင်သည်။ ယဉ္စပုတ္တံ၊ အကြင်သားမဋ္ဌကုဏ္ဍသီကိုလည်း။ ဥဒ္ဓိဿ၊ ရည်၍။ ကန္ဒသိ၊ ငိုမြည်တမ်း၏။ ယဉ္စပုတ္တံ၊ အကြင်သားမဋ္ဌကုဏ္ဍသီကိုလည်း။ ဥဒ္ဓိဿ၊ ရည်၍။ ရောဒသိ၊ မျက်ရည်ကိုဖြစ်စေ၏။ သော၊ ထိုမဋ္ဌကုဏ္ဍသီသည်။ အဟမေဝ၊ ငါသည်သာလျှင်တည်း။
ဗြာဟ္မဏ၊ ပုဏ္ဏား။ သွညဟံ၊ ထိုငါသည်။ ကုသလံ၊ အပြစ်မရှိသောကောင်းကျိုးကို ပေးခြင်းလက္ခဏာရှိသော။ ကမ္မံ၊ ကံကို။ ကရိတွာ၊ ပြုခြင်းကြောင့်။ တိဒသာနံ၊ တာဝတိံသာနတ်တို့၏။ သဟဗျတံ၊ အပေါင်းအဖော်အဖြစ်သို့။ ပတ္တော၊ ရောက်၏။ ဣတိ၊ ဤသို့။ ကထေတိ၊ ဆို၏.
မာဏဝ၊ လုလင်။ သကေ၊ မိမိဥစ္စာဖြစ်သော။ အဂါရေ၊ အိမ်၌။ ဒေန္တဿ၊ ပေးလှူသော။ တဝ၊ သင်သည်။ အပ္ပံ၊ အနည်းငယ်သော။ ဒါနံဝါ၊ အလှူကိုလည်းကောင်း။ ဗာဟုံဝါ၊ များစွာသောအလှူကိုလည်းကောင်း။ မယံ၊ ငါတို့သည်။ နအဒ္ဒသာမ၊ မမြင်ကုန်။
ဥပဝသန္တဿ၊ သုံးသော။ တဝ၊ သင်၏။ တာဒိသံ၊ ထိုသို့သဘောရှိသော။ ဥပေါသထကမ္မဉ္စ၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်။ တွံ၊ သင်သည်။ ဒေဝလောကံ၊ နတ်ပြည်သို့။ ဂတော၊ ထားသည်။ အသိ၊ ဖြစ်သနည်း။ ဣတိ၊ ဤသို့။ အာဟ၊ ဆို၏။
ဗြာဟ္မဏ၊ ပုဏ္ဏား။ ပုရေ၊ ရှေးဘဝ၌။ သကေနိဝေသနေ၊ မိမိဥစ္စာဖြစ်သောအိမ်၌။ အဟံ၊ ငါသည်။ အာဗာဓိကော၊ အနာနှင့်ပြည့်စုံသော။ ဒုက္ခိတော၊ ထိုသို့အနာနှင့်ပြည့်စုံသည်၏ အဖြစ်ကြောင့်ဆင်းရဲခြင်းသို့ရောက်သော။ အာတုရရုပေါ၊ ဒုက္ခဝေဒနာသည်အလွန်ထိုးကျင့်အပ်သောကိုယ်ရှိသော။ ဂိသနော၊ သူနာသည်။ အမှိ၊ ဖြစ်၏။
ဗြာဟ္မဏ၊ ပုဏ္ဏား။ အဟံ၊ ငါသည်။ တဒါ၊ ထိုအခါ၌။ ဝိဂတရဇံ၊ ကင်းပြီးသောရာဂအစရှိသော မြူရှိတော်မူထသော။ ဝိတိဏ္ဏကင်္ခံ၊ လွန်မြောက်ပြီးသောဝိစိကိစ္ဆာရှိတော်မူထသော။ သုဂတံ၊ ကောင်းသောစကားကိုဆိုမူတတ်သော။ အနောမပညံ၊ မဟုတ်သောပညာလည်းရှိတော်မူထသော။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ အဒက္ခိံ၊ မြင်ခဲ့ဖူး၏။
ဗြာဟ္မဏ၊ ပုဏ္ဏား။ သွာဟံ၊ ထိုငါသည်။ တထာဂတဿ၊ မြတ်စွာဘုရားအား။ ပမောဒိတမာနော၊ ဝမ်းမြောက်ခြင်းနှင့်ယှဉ်သောစိတ်ရှိသည်။ ဟုတွာ၊ ဖြစ်၍။ အဉ္စလိံ၊ လက်အုပ်ကို။ အကရိံ၊ ချီခဲ့ဖူး၏။
ဗြာဟ္မဏ၊ ပုဏ္ဏား။ အဟံ၊ ငါသည်။ ကုသလံ၊ အပြစ်မရှိသည်ဖြစ်၍ကောင်းကျိုးကိုပေးခြင်းလက္ခဏာရှိသော။ တံကမ္မံ၊ ထိုကံကို။ ကရိတွာန၊ ပြုခြင်းကြောင့်။ တိဒသာနံ၊ တာဝတိံသာနတ်တို့၏။ သဟဗျတံ၊ အပေါင်းအဖေါ်၏အဖြစ်သို့။ ဂတော၊ ရောက်၏။
ဘော၊ အချင်းတို့။ အစ္ဆရိယံဝတ၊ အံ့ဖွယ်ရှိပေစွတကား။ အဗ္ဘုတံဝတ၊ မဖြစ်စဖူးအထူးဖြစ်လာ၏တကား။ အဉ္ဇလိကမ္မဿ၊ လက်အုပ်ချီခြင်းမျှ၏လည်း။ အယံဝိပါကော၊ ဤအကျိုးသည်။ ဟောတိ၊ ဖြစ်သေး၏။
ဘော၊ အချင်းတို့။ အဟမ္ပိ၊ ငါသည်လည်း။ မုဒိတမနော၊ ဝမ်းမြောက်သောနှလုံးရှိသည်။ ပသန္နစိတ္တော၊ ကြည်ညိုသောစိတ်ရှိသည်။ ဟုတွာ၊ ဖြစ်၍။ အဇ္ဇေဝ၊ ယနေ့၌ပင်လျှင်။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ သရဏံသရဏံဣတိ၊ ကိုးကွယ်ရာဟူ၍။ ဝဇာမိ၊ ဆည်းကပ်အံ့။ ဣတိ၊ ဤသို့။ အာဟ၊ ဆို၏။
ဗြာဟ္မဏ၊ ပုဏ္ဏား။ တွံ၊ သင်သည်။ ပသန္နစိတ္တော၊ ဘုရားသည်သမ္မာသမ္ဓုဒ္ဓဂုဏ်နှင့်ပြည့်စုံတော်မူ၏တရားသည်သွက္ခတစသောဂုဏ်နှင့်ပြည့်စုံ၏၊သံဃာတော်သည်သုပ္ပဋိပန္နစသောဂုဏ်နှင့်ပြည့်စုံ၏ဟု ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍။ အဇ္ဇေဝ၊ ယနေ့၌ပင်လျှင်။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဝဇာဟိ၊ ဆည်းကပ်လေလော့။ ဓမ္မဉ္စ၊ တရားတော်ကိုလည်း။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ပဇာဟိ၊ ဆည်းကပ်လေလော့။ သံဃဉ္စ၊ သံဃာတော်ကိုလည်း။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ပဇာဟိ၊ ဆည်းကပ်လေလော့။ တထေဝ၊ ရတနာသုံးပါးတို့နှင့်ကြည်ညိုသည်နှင့်အတူသာလျှင်။ သပန္နစိတ္တော၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍။
သိက္ခာယ၊ အဓိသီလသိက္ခာ၏။ ပဒါနိ၊ အဖို့ဖြစ်ကုန်သော။ ပဉ္စ၊ ငါးပါးကုန်သောသိက္ခာပုဒ်တို့ကို။ အက္ခဏ္ဍဖုလ္လာနိ၊ မပျက်မညစ်ညူသည်၏အဖြစ်တို့ကို။ ကတွာ၊ ပြု၍။ သမာဒိယဿု၊ ဆောက်တည်၍ကျင့်ထလော။
ပါဏာတိပါတာ၊ သူ၏အသက်ကိုသတ်ခြင်းမှ။ ခိပ္ပံ၊ လျှင်စွာ။ ဝိရမဿု၊ ကြဉ်ရှောင်လေလော။ လောကေ၊ လောက၌။ အဒိန္နံ၊ အရှင်သည်ကိုယ်နှုတ်တို့ဖြင့်မပေးအပ်သောသူတပါး၏ဥစ္စာကို။ ပရိဇ္ဇေယဿု၊ ခိုးယူခြင်းမှကြဉ်ရှောင်လေလော။
အမဇ္ဇာပါ၊ သေအရက်စသောယစ်မျိုးကိုမသောက်မစားသည်။ ဟောတိ၊ ဖြစ်လေလော။ မုသာစ၊ မဟုတ်မမှန်သောစကားကိုလည်း။ မာတဏာဟိ၊ မဆိုလေလင့်။ သကေနဒါရေနစ၊ မိမိမယားဖြင့်လည်း။ တုဋ္ဌော၊ ရောင့်ရဲသည်လည်း။ ဟောတိ၊ ဖြစ်လေလော။ ဣတိ၊ ဤသို့။ အာဟ၊ ဆိုဆုံးမ၏။
ယက္ခ၊ နတ်သား။ တွံ၊ သင်သည်။ မေ၊ ငါ၏။ အတ္ထကာမော၊ အကျိုးကိုအလိုရှိသည်။ အသိ၊ ဖြစ်ပေ၏။ ဟိတကာမောစ၊ အစီးအပွားကိုအလိုရှိသည်လည်း။ အသိ၊ ဖြစ်ပေ၏။
ဒေဝတေ၊ နတ်သား။ ကုယှံ၊ သင်၏။ ဝစနံ၊ စကားကို။ အဟံ၊ ငါသည်။ ကရောမိံ၊ လိုက်နာ၏။ တွမ္ပိ၊ သင်သည်လည်း။ မမ၊ ငါ၏။ အာစရိယော၊ ဆရာသည်။ အသိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ အာဟ၊ ဆို၏။
ယက္ခ၊ နတ်သား။ အဟံ၊ ငါသည်။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဥပေမိ၊ ဆည်းကပ်၏။ အနုတ္တရံ၊ အတုမရှိသော။ ဓမ္မဉ္စာပိ၊ တရားကိုလည်း။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဥပေမိ၊ ဆည်းကပ်၏။
နရဒေဝဿ၊ မြတ်စွာဘုရား၏။ သံဃဉ္စ၊ သံဃာတောကိုလည်း။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။
ပါဏတိပါတာ၊ သူ၏အသက်ကိုသတ်ခြင်းမှ။ ခိပ္ပံ၊ လျှင်စွာ။ ဝိရမာမိ၊ ကြဉ်ရှောင်ပါ၏။ လောကေ၊ လောက၌။ အဒိန္နံ၊ အရှင်သည်ကိုယ်နှုတ်တို့ဖြင့်မပေးအပ်သောသူတပါး၏ဥစ္စာကို။ ပရိဝဇ္ဇယာမိ၊ ခိုးယူခြင်းမှကြဉ်ရှောင်ပါ၏။
အမဇ္ဇပေါ၊ သေအရက်စသောယစ်မျိုးကိုမသောက်စားသည်။ ဟောမိ၊ ဖြစ်ပါ၏။ မုသာစ၊ မဟုတ်မမှန်သော စကားကိုလည်း။ နောဘဏာမိ၊ မဆိုပါ။ သကေနဒါရေနစ၊ မိမိမယားဖြင့်လည်း။ တုဋ္ဌော၊ ရောင့်ရဲသည်။ ဟောမိ၊ ဖြစ်ပါ၏။ ဣတိ၊ ဤသို့။ အာဟ၊ ဆို၍။
နဝမံ၊ ကိုးခုမြောက်သော။ မဋ္ဌကုဏ္ဍလီဝိမာနဝတ္ထု၊ မဋ္ဌကုဏ္ဍလီနတ်သား၏ဗိမာန်လျှင်အကြောင်းရှိသောဝတ္ထုသည်။ နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။