(၂၂) ဒေတတာ၊ နတ်သ္မီး။
နီသာစ၊ ညိုသောအဆင်းတို့သည်လည်းကောင်း။
ပီတာစ၊ ရွှေသောအဆင်းတို့သည်လည်းကောင်း။
ကာဠာစ၊ မည်းသောအဆင်း တို့သည်လည်းကောင်း။
မဉ္စိဋ္ဌာစ၊ မောင်သောအဆင်းတို့သည်လည်းကောင်း။
လောဟိတာစ၊ နီသောအဆင်း တို့သည်လည်းကောင်း။
အထ၊ ထိုမှတပါး။
ဩဒါကာစ၊ ဖြူသောအဆင်းတို့သည်လည်းကောင်း။
ဣတိ၊ ဤသို့။
ဥစ္စာတနံဝဏ္ဏာနံ၊ အထူးထူးအပြားပြား အဆင်းရှိကုန်သော။
ကိဉ္စက္ခပရိဝါရိတာ၊ ဝတ်ဆံဝတ်မှု့တို့ဖြင့်ခြံရံအပ်ကုန်သော။
မန္ဒာရပါနံ၊ မန္ဒာရဝအမည်ရှိကုန်သော။
ပုပ္ဖာနံဝါ၊ ပန်းတို့၏။
မာလာ၊ ပန်းကုန်းကို။
တွံ၊ သင်နတ်သ္မီးသည်။
မုဒ္ဓနိ၊ ထိပ်ထက်၌။
ဓာရေဟိ၊ ဆောင်၏။
သုမေဓသေ၊ ကောင်းသောပညာရှိသောနတ်သ္မီး။
ဣမေရုက္ခာ၊ ဤသို့သောအဆင်းသဏ္ဌာန်တို့နှင့်စပ်ယှဉ်ကုန်သောသစ်ပင်တို့သည်။
အညေသုကာရေသု၊ တပါးကုန်သောနတ်ပြည်တို့၌။
နသန္တိ၊ မရှိကုန်။
ကေန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်။
တွံ၊ သင်နတ်သ္မီးသည်။
တာဝတိံသံကာယံ၊ တာဝတိံသာနတ်ပြည်၌။
ဥပပန္နာ၊ ပဋိသန္ဓေအားဖြင့်ဖြစ်၍။
ယသဿိနီ၊ အခြံအရံနှင့်ပြည့်စုံသည်။
အသိ၊ ဖြစ်သနည်း။
ဒေဝတာ၊ နတ်သ္မီး။
ဣဒံဖလံ၊ ဤအကျိုးသည်။
ကိဿကမ္မာသ၊ အဘယ်သို့သောကုသိုလ်၏။
ဖလံ၊ အကျိုးနည်း။
ပုစ္ဆိတာ၊ ငါမေးတော်မူအပ်သော။
တွံ၊ သင်နတ်သ္မီးသည်။
မေ၊ ငါဘုရားအား။
အာစိက္ခ၊ ဖြေကြားလော့။
ဘန္တေ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား။
ပုဗ္ဗေ၊ ရှေး၌။
ကိမိလာယံ၊ ကိမိလအမည်ရှိသောမြို့၌။
ဘဒ္ဒိတ္ထိယာ၊ ဘဒ္ဒိတ္ထိအမည်ရှိသော။
ဥပါသိကာတိ၊ ဒါယိကာမဟူ၍။
မံ၊ အကျွန်ုပ်ကို။
မနုဿာ၊ ကိမိတပြည်သူလူအပေါင်းတို့သည်။
အညာသုံ၊ သိကုန်၏။
အဟံ၊ အကျွန်ုပ်သည်။
သဒ္ဓါသီလေန၊ ရတနာသုံးပါးတို့၏ဂုဏ် ကံကံ၏အကျိုးကို ယုံကြည်ခြင်းသီလသီတင်းကိုဆောက်တည်၍ကျင့်ခြင်းနှင့်။
သမ္ပန္နာ၊ ပြည့်စုံသည်။
သဒါ၊ အခါခပ်သိမ်း။
သံဝိဘာဂရထာ၊ စားရာတို့တွင်အချို့ကိုခွဲဝေ၍ပေးကမ်းလှူဒါန်းခြင်း၌မွေ့လျော်ပျော်ပါးသောနှလုံးရှိသည်လည်း။
အဟောသိ၊ ဖြစ်ခဲ့ဖူး၏။
ဘန္တေ၊ ဘုန်းတော်ကြီးသောမြတ်စွာဘုရား။
အဟံ၊ အကျွန်ုပ်သည်။
အစ္ဆာဒနဉ္စ၊ အဝတ်အရုံက်ုလည်းကောင်း။
တတ္ထဉ္စ၊ ဆွမ်းကိုလည်း။
သေနာသနဉ္စ၊ အိပ်ရာနေရာကိုလည်းကောင်း။
ပဒီပိယဉ္စ၊ ဆီမီးစာ အစရှိသောဆီမီး၏ အဆောက်အဦးကိုလည်းကောင်း။
ဥဇုဘူကေသု၊ ဖြောင့်မတ်သောအဖြစ်သို့ရောက်ကုန်သော။
ဘိက္ခူသု၊ ရဟန်းတို့၌။
ဝိသေန္နေန၊ အထူးသဖြင့်ကြည်ညိုခြင်းရှိသော။
စေထသာ၊ စိတ်ဖြင့်။
အဒါသိံ၊ ပေးလှူခဲ့ဖူး၏။
ပက္ခဿ၊ လ္ဆန်းပက္ခ လ္ဆုတ်ပက္ခ၏။
စတုဒ္ဒသိံစ၊ တဆဲ့ လေးရက်တို့၏ပြည့်ကြောင်းဖြစ်သော နေ့၌လည်းကောင်း။
ပဉ္စသိံစ၊ တဆဲ့ ငါးရက်တို့၏ပြည့်ကြောင်းဖြစ်သော နေ့၌လည်းကောင်း။
ပက္ခဿ၊ ဆိုအပ်ပြီးခဲ့သောပက္ခနှစ်ပါး၏။
ယာအဋ္ဌမီ၊ အကြင်ရှစ်ရက်တို့၏ ပြည့်ကြောင်း ဖြစ်သောနေ့သည်။
အတ္ထိိ၊ ရှိ၏။
တဿံအဋ္ဌမီယဉ္စ၊ ထိုရှစ်ရက်တို့၏ ပြည့်ကြောင်းဖြစ်သောနေ့၌လည်းကောင်း။
ပါဋိဟာရိယပက္ခဉ္စ၊ နှစ်တိုင်းသောအဖန်တလဲလဲဆောင်အပ်ဖြစ်သောကြောင့်ပဋိဟာရိယမည်သော နေ့တိုင်းအမြဲစောင့်ရှောက်အပ်သောဥပုသ်ကို လည်းကောင်း။
အဋ္ဌင်္ဂသုသမာဂတံ၊ အင်္ဂါရှစ်ပါးတို့နှင့်ပြည့်စုံသော။
ဥပေါသထံ၊ ဥပုသ်သီလကိုလည်းကောင်း။
ဥပဝသိဿံ၊ သုံးခဲ့ဖူး၏။
သဒါ၊ ခပ်သိမ်းကုန်သောဥပုသ်နေ့တို့၌။
သီလေသီလေသု၊ ဥပုသ်သီလအစွမ်းတို့ဖြင့် ပြီးစေအပ်ကုန်သောသီလတို့၌။
သံဝုတာ၊ ကိုယ်နှုတ်နှလုံးသုံးပါးလုံးတို့ဖြင့်စောက်စည်းသည်။
အဟောသိံ၊ ဖြစ်ခဲ့ဖူး၏။
ပါဏာတိပါတာ၊ သူ၏အသက်ကိုသတ်ခြင်းမှ။
ဝိရတာ၊ ကြဉ်ရှောင်သည်။
အဟောသိံ၊ ဖြစ်ခဲ့ဖူး၏။
မုသာဝါဒါစ၊ မဟုတ်မမှန်သောစကားကိုပြောဆိုခြင်းမှလည်း။
သညတာ၊ စောစည်းပိတ်ပင်သည်။
အဟောသိံ၊ ဖြစ်ခဲ့ဖူး၏။
ထေယျာစ၊ ခိုးတတ်သော သူ၏အဖြစ်မှ လည်းကောင်း။
အတိစာရာစ၊ လင်ကိုလွန်ကျူး၍ ယောကျ်ားတပါးတို့နှင့်မေထုန်အကျင့်ကိုကျင့်ခြင်းမှ လည်းကောင်း။
မဇ္ဇပါနာစ၊ သေအရက် စသောယစ်မျိုးတို့ကိုသောက်ခြင်းမှ လည်းကောင်း။
အာရကာ၊ ဝေးစွာကြဉ်ရှောင်သည်။
အဟောသိံ၊ ဖြစ်ခဲ့ဖူး၏။
ပဉ္စသက္ခာပဒေ၊ ငါးပါးသော သိက္ခာပုဒ််၌။
ရတာ၊ မွေ့လျော်သောနှလုံးရှိသည်။
အရိယသစ္စာနံ၊ လေးပါးကုန်သော အရိယာသစ္စာတို့၌။
ကောဝိဒါ၊ ပရိညာပဟာနသစ္ဆိကိရိယ ဘာဝနာတို့၏အစွမ်းဖြင့်လိမ္မာသည်လည်း။
အဟောသိံ၊ ဖြစ်ခဲ့ဖူး၏။
ဘန္တေ၊ ဘုန်းတော်ကြီးသောမြတ်စွာဘုရား။
အဟံ၊ အကျွန်ုပ်သည်။
စက္ခုမတော၊ ငါးပါးသောပညာမျက်စိရှိတော်မူသော။
ဘဂဝတော၊ မြတ်စွာဘုရား၏။
ဥပါသိကာ၊ ရတနာသုံးပါးတို့ကိုကွယ်ရာဟုဆည်းကတ်တတ်သည်။
အပ္ပမာဒဝိဟာရိနီ၊ ကုသိုလ်တရားတို့ကိုဖြည့်ကျင့်ခြင်းနှင့်သတိမကင်းသည်ဖြစ်၍နေလေ့ရှိသည်လည်း။
အဟောသိံ၊ ဖြစ်ခဲ့ဖူး၏။
အဟံ၊ အကျွန်ုပ်သည်။
ကတာဝကာသာ၊ ပြုစေတတ်သော သုစရိုက် ကုသိုလ်ကံတည်းဟူသော အခွင့်ရှိသည်။
ကတကုသလာ၊ ပြုအပ်ပြီးသောသုစရိုက်ကုသိုလ်ကံ လည်းရှိသည်။
ဟုတွာ၊ ဖြစ်၍။
သယံပဘာ၊ မိမိအလိိုလိုအရောင်အဝါဖြင့်ထွန်းပလျက်။
နန္ဒနံ၊ နန္ဒနအမည်ရှိသောတာဝတိံသာနတ််ပြည်၌။
အနုစရာမိ၊ သွားလာကျင်လည်ရ၏။
ဘန္တေ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား။
အဟံ၊ အကျွန်ုပ်သည်။
ပရမဟိတာနကပ္မကေ၊ အလွန်လျှင် ပစ္စုပ္ပန်မျက်မှောက်၌ ဖြစ်သောအစီးအပွားစသောအကျိုးစီးပွားဖြင့် ချီးမြှောက်တတ်ကုန်သော။
ဘိက္ခူစ၊ ရဟန်းတို့ကို လည်းကောင်း။
တပဿိယုဂံ၊ ကိလေသာတို့ကိုပူပန်စေတတ်သော မြတ်သောအကျင့်ရှိသော သာဝကတို့၏ အစုံဖြစ်သော။
မဟာမုနိံစ၊ ရဟန်းမြတ်ကိုလည်းကောင်း။
အဘောဇယိံ၊ မြတ်သောဆွမ်းဘောဇဉ်ဖြင့်လုပ်ကျွေးခဲ့ဖူး၏။
အဟံ၊ အကျွန်ုပ်သည်။
ကတာဝကသာ၊ ပြုစေအပ်သောသုစရိုက်ကုသိုလ်ကံလည်းရှိသည်။
ဟုတွာ၊ ဖြစ်၍။
သယံပတာ၊ မိမိ၏အရောင်အဝါဖြင့် ထွန်းပလျက်။
နန္ဒနံ၊ နန္ဒနအမည်ရှိသော တာဝတိံသာနတ်ပြည်၌။
အနုဝိစရာမိ၊ သွားလာကျင်လည်ရ၏။
ဘန္တေ၊ ဘုန်းတော်ကြီးသောမြတ်စွာဘုရား။
အဟံ၊ အကျွန်ုပ်သည်။
အပရိမိတံ၊ အတိုင်းအရှည်မရှိများစွာသော။
သုခဝါဟံ၊ စည်းပွါးချမ်းသာကို ပြီးစေတတ်သော။
အဋ္ဌင်္ဂိတံ၊ ပါဏာတိပါတမှ ကြဉ်ရှောင်ခြင်းစသောအင်္ဂါရှစ်ပါးတို့နှင့်ပြည့်စုံသော။
ဥပေါသထံ၊ ဥပုသ်ကို။
သထတံ၊ အခါခပ်သိမ်း။
ဥပဝါသိံ၊ သုံးခဲ့ဖူး၏။
အဟံ၊ အကျွန်ုပ်သည်။
ကထာဝကသာ၊ ပြုစေအပ်သောသုစရိုက်ကုသိုလ်ကံအခွင့်ရှိသည်။
ဟုတွာ၊ ဖြစ်၍။
သယံပဘာ၊ မိမိအရောင်အဝါဖြင့်ထွန်းပလျက်။
နန္ဒနံ၊ နန္ဒနအမည်ရှိသောတာဝတိံ သာနတ်ပြည်၌။
အနုဝိစရာမိ၊ သွားလာကျင်လည်ရ၏။
ဣတိ၊ ဤသို့လျှင်အပြီးတည်း။
ပဉ္စမံ၊ ငါးခုမြောက်သော။
ဘဒ္ဒိတ္ထိဝိမာနံဝတ္ထု၊ ဘဒ္ဒိတ္ထိအမည်ရှိသောနတ်သ္မီး၏ဗိမာန်လျှင်အကြောင်းရှိသောဝတ္ထုသည်။
နိဋ္ဌိတံ၊ ပြီးပြီ။