မဟာနုဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော။
ဒေဝိီ၊ နတ်သ္မီး။
ဒိဝိယာ၊ နတ်၌ဖြစ်သောအာနုဘော် ရှိကုန်သော။
ကောဉ္စာစ၊ ကြိုးကြာတို့သည်လည်းကောင်း။
ဒိဝိယာ၊ နတ်၌ဖြစ်သောအာနုဘော်ရှိကုန်သော။
မယူရာစ၊ ရွှေဥဒေါင်းတို့သည်လည်းကောင်း။
ဒိဝိယာ၊ နတ်၌ဖြစ်သော အာနုဘော်ရှိကုန်သော။
ဟံဿစ၊ ရွှေဟင်းသာတို့သည်လည်းကောင်း။
ဒိဝိယာ၊ နတ်၌ဖြစ်သော အာနုဘော်ရှိကုန်သော။
ကောကိလာစ၊ ဥသြမည်းဥသြဖြူတို့သည်လည်းကောင်း။
ဝဂ္ဂုသရာ၊ သာယာနာပျော်ဖွယ်သော အသံကိုမည်တမ်းကုန်လျက်။
ဒေဝတာယ၊ နတ်သ္မီး၏။
အဘိရမတ္ထံ၊ အလွန်မွေ့လျော်စေခြင်းငှါ။
သမ္ပသန္တိ၊ ထက်ဝန်းကျင်မှ ပြန်သွားကုန်၏။
ပုပ္ဖါဘိကိဏ္ဏံ၊ အထူးထူးသောရတနာ ပန်းတို့ဖြင့်ပြွမ်းသော။
အနေကစိတ္တံ၊ တပါးမကများကုန်သော ဥယျာဥ်ပဒေသာပင် ရေကန်စသည်တို့ဖြင့် ဆန်းကြယ်သော။
နရနာရီတိသေဝိတံ၊ အခြံအရံဖြစ်ကုန်သော နတ်သားနတ်သ္မီး တို့ဖြင့်တင့်တယ်သော။
တေ၊ သင်၏။
ဣဒံဝိမာနံ၊ ဤဗိမာန်သည်။
ရမံ၊ မြင်မြင်သမျှသူနတ်လူအပေါင်းတို့၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာရှိ၏။
မဟာနုဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော။
ဒေဝီ၊ နတ်သ္မီး။
တွံ၊ သင်သည်။
အနေကရူပါ့၊ တပါးမကများသော အရုပ်အသွင်ကိုပြုတတ်သော။
ဣဒ္ဓိဝိကုဗ္ဗန္တီိ၊ တန်ခိုးဖန်ဆင်းလျက်။
တတ္ထ၊ ထိုဗိမာန်၌။
အစ္ဆထိ၊ နေ၏။
တေ၊ သင်၏။
ဣမာစအစ္ဆရာယော၊ ဤနတ်သ္မီးတို့သည်လည်း။
သမန္တတော၊ ထက်ဝန်းကျင်မှ။
နစ္စန္တိစ၊ ကလည်းကကုန်၏။
ဂါယန္တိစ၊ သိီလည်းသီကုန်၏။
ပမောဒယန္တိစ၊ ဝမ်းမြောက် ရွှင်လန်းခြင်းကို လည်းဖြစ်စေ ကုန်၏။
မဟာနုဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော။
ဒေဝီ၊ နတ်သ္မီး။
တွံ၊ သင်သည်။
ဒေဝိဒ္ဓိပတ္တာ၊ နတ်၌ဖြစ်သော ပြည့်စုံခြင်းအထူးသို့ရောက်သည်။
မဟာနုဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသည်။
အသိ၊ ဖြစ်၏။
မနုဿဘူတာ၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်။
တွံ၊ သင်သည်။
ကိံ ပုညံ့၊ အဘယ်သို့သောကုသိုလ်ကံကို
အာကာသိ၊ ပြုခဲ့ဖူးသနည်း။
ကေန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်။
တွံ၊ သင်သည်။
ဧဝံဇလိတာနုဘာဝါ၊ ဤသို့ထွန်းပသောတန်ခိုးအာနုဘော်ရှိသည်။
အသိ၊ ဖြစ်သနည်း။
ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်။
တေ၊ သင််၏။
ဝဏ္ဏောစ၊ အရောင်အဆင်းသည်လည်း။
သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သောအရပ်မျက်နှာတို့ကို။
ပဘာသတိ၊ ထွန်းပစေနှိုင်သနည်း။
ဣတိ၊ ဤသို့။
ပုစ္ဆာမိ၊ မေး၏။
မောဂ္ဂလာနေန၊ အရှင်မဟာမောဂ္ဂလာန်သည်။
ပုစ္ဆိတာ၊ မေးအပ်သည်ဖြစ်၍။
အတ္တမနာ၊ နှစ်သက်ဝမ်းမြောက်ခြင်းရှိသော။
သာဒေဝတာ၊ ထိုနတ်သ္မီးသည်။
ဣဒံဖလံ၊ ဤအကျိုးသည်။
ယဿကမ္မဿ၊ အကြင်ကုသိုလ်ကံ၏။
ဖလံ၊ အကျိုးသည်။
ဟောတိ၊ ဖြစ်၏။
တံကမ္မံ၊ ထိုကုသိုလ်ကံကို။
ပဉှံ၊ အမေးပြဿနာကို။
ပုဋ္ဌာ၊ မေးအပ်သည်ရှိသော်။
ဝိယာကာသိ၊ ဖြေကြား၏။
ကိံ ဝိယာကာသိ၊ အဘယ်သို့ဖြေကြားသနည်း။
မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော။
ဘိက္ခု၊ ရှင်ရဟန်း။
အဟံ၊ အကျွန်ုပ်သည်။
မနုဿေသု၊ လူတို့၌။
မနုဿဘူတာ၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်။
ပတိဗ္ဗတာ၊ လင်အားကျင့်ရာသောဝတ်နှင့်ပြည့်စုံသည်။
အဟောတိံ၊ ဖြစ်ပြီ။
အနညမာနာ၊ ကျွန်ုပ်၏လင်မှတပါးသောယောကျ်ား၌ တပ်မက်မောသောစိတ်မရှိသည်။
အဟောတိံ၊ ဖြစ်ပြီ။
မာတာ၊ အမိသည်။
ပုတ္တံ၊ သားကို။
အနုရက္ခမာနာဣဝ၊ အစဥ်စောက်ရှောက်သကဲ့သို့။
သာမိကံဝါ၊ လင်ကိုလည်းကောင်း။
သဗ္ဗေဝိ၊ အလုံးစုံလည်းဖြစ်ကုန်သော။
သတ္တေဝါ၊ သတ္တဝါတို့ကိုလည်းကောင်း။
အနုရက္ခမာနာ၊ အစဥ်စောက်ရှောက်လေ့ရှိသည်။
အဟောသိံ၊ ဖြစ်ပြီ။
ကုဒ္ဓါပိ၊ သူတပါးသည်ပြုအပ်သောမချမ်းသာသောအမှုကိုအကြောင်းပြု၍အမျက်ထွက်ငြားသော်လည်း။
အဟံ၊ အကျွန်ုပ်သည်။
ဖရုသံ၊ ကြမ်းကြုတ်သောစကားကို။
နအဝေါစံ၊ မပြောဆို။
ဧမာသဝဇ္ဇံ၊ မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းကို။
ပဟာယ၊ ပယ်စွန့်၍။
သစ္စေ၊ ဟုတ်မှန်သောစကား၌။
ဌိတာ၊ တည်သည်။
အဟောသိံ၊ ဖြစ်ပြီ။
ဒါနေ၊ အလှူပေးခြင်း၌။
ရတာ၊ အလွန်မွေ့လျော်သော နှလုံးရှိသည်။
အဟောသိံ၊ ဖြစ်ပြီ။
သင်္ဂဟိတတ္ထဘာဝါ၊ ကိုယ်ကိုကဲ့သို့ သင်္ဂဟဝတ္ထုတို့ဖြင့်သူတပါးတို့ကိုချီးမြောက်တတ်သောအလေ့ရှိသည်။
အဟောသိံ၊ ဖြစ်ပြီ။
ပသန္နစိတ္တာ၊ သဒ္ဓါကြည်ညိုသော စိတ်ရှိသည်ဖြစ်၍။
အန္နဉ္စ၊ ဆွမ်းကိုလည်းကောင်း။
ပါနဉ္စ၊ အဖျော်ကိုလည်းကောင်း။
သက္ကစ္စံ၊ ရိုသေစွာ။
အဒါသိံ၊ ပေးလှူခဲ့ဖူး၏။
ဝိပုလံ၊ ပြန့်ပြောကောင်းမြတ်သော။
ဒါနဉ္စ၊ အဝတ်သင်္ကန်းအစရှိသောလှူဖွယ်ဝတ္ထုကိုလည်း။
အဒါသိံ၊ ပေးလှူခဲ့ဖူး၏။
မဟာနုဘာဝ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော။
ဘိက္ခု၊ ရှင်ရဟန်း။
တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်။
မေ၊ အကျွန်ုပ်အား။
ဧတာဒိသော၊ ဤသို့သဘောရှိသော။
ဝဏ္ဏော၊ အရောင်အဆင်းသည်။
ဇာတော၊ ဖြစ်၏။
တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်။
မေ၊ အကျွန်ုပ်အား။
ဣဓ၊ ဤလောက၌။
လဗ္ဘမာနံ၊ ရအပ်သော။
သုစရိတဖလံ၊ သုစရိုက်ကုသိုလ်ကံ၏ အကျိုးသည်။
ဣဇ္ဈတိ၊ ပြည့်စုံ၏။
တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်။
မေ၊ အကျွန်ုပ်အား။
မနသောဝိယာ၊ စိတ်သည်ချစ်နှစ်သက်အပ်ကုန်သော။
ယေကေစိ၊ အလုံးစုံကုန်သော။
ဘောဂါစ၊ အသုံးအဆောင်တို့သည်လည်း။
ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။
ဣတိ၊ ဤသို့။
ဝိယာကာသိ၊ ဖြေကြား၏။
မဟာနုဘာဝ၊ ကြိိီးသောတန်ခိုးအာနုဘော်ရှိတော်မူသော။
ဘိက္ခု၊ ရှင်ရဟန်း။
တေ၊ သင်အား။
အဟံ၊ အကျွန်ုပ်သည်။
အက္ခာမိ၊ ဖြေကြား၏။
ကိံ အက္ခာမိ၊ အဘယ်သို့ဖြေကြားသနည်း
မနုဿဘူတာ၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်။
အဟံ၊ အကျွန်ုပ်သည်။
ယံပုညံ့၊ အကြင်ဆိုအပ်ခဲ့ပြီးသော ဒါနသီလစသော ကုသိုလ်ကံကို။
အာကာသိံ၊ ပြုခဲ့ဖူး၏။
တေန၊ ထိုသို့သောကုသိုလ်ကံကြောင့်။
သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သောအရပ်မျက်နှာတို့ကို။
ပဘာသတိ၊ ထွန်းပစေနှိုင်၏။
ဣတိ၊ ဤသို့။
အက္ခာမိ၊ ဖြေကြား၏။
ဧကာဒသမံ၊ တဆယ့်တခုမြောက်သော။
ပတိဗ္ဗတာဝိမာနဝတ္ထု၊ လင်အားကျင့်ရသောဝတ်နှင့်ပြည့်စုံခြင်းကြောင့် ဗိမာန်ထက်၌စံရသောပတိဗ္ဗတာဝိမာနဝတ္ထုသည်။
နိဋ္ဌိတံ၊ ပြီးပြီ။