(၈၂)ဒေဝပုတ္တ၊ နတ်သား။
တွံ၊ သင်နတ်သားသည်။
အနေကဝဏ္ဏံ၊ အညိုအရွှေအစရှိသောအထူးထူးသောအဆင်းတပါးသောဗိမာန်တို့ထက်အထူးထူးသောသဏ္ဌာန်ရှိသည်၏ အဖြစ်ကြောင့် တပါးမကများသောအဆင်းသဏ္ဌာန်ရှိထသော။
ဒရသောကနာသနံ၊ ချမ်းအေးသော သဘောနှစ်သက်ဖွယ်သောသဘောရှိသည်၏အဖြစ်ကြောင့် ပူပန်ခြင်းစိုးရိမ်ခြင်းကိုဖျောက်တတ်ထသော။
အနေကစိတ္တံ၊ တပါးမကများသောချူးပန်းချူးနွယ်အစရှိသောဆန်းကြယ်သောအရုပ်လည်းရှိထသော။
ဝိမာနံ၊ ဗိမာန်သို့။
အရုယှ၊ တက်၍။
အစ္ဆရာဂဏေန၊ နတ်သ္မီးအပေါင်းသည်။
ပရိဝါရိတော၊ ခြံရံအပ်သည်။
ဟုတွာ၊ ဖြစ်၍။
ဘူတပတိ၊ နိမ္မာနရတိနတ်တို့၏အရှင်ဖြစ်သော။
သုနိမ္မိတောဣဝ၊ သုနိမ္မိတအမည်ရှိသောနတ်မင်းကြီးကဲ့သို့။
ပမောဒတိ၊ မွေ့လျော်စံပျော်ရ၏။
ဒေဝပုတ္တ၊ နတ်သား။
တယာ၊ သင်နတ်သားနှင့်။
ယသေနစ၊ ကျေးဇူးသတင်းကျော်စောခြင်းအခြံအရံများခြင်းအစိုးရခြင်းဖြင့်လည်းကောင်း။
ပုညေနစ၊ ကောင်းမှုကုသိုလ်ကံ၏အကျိုးဖြင့်လည်းကောင်း။
ဣဒ္ဓိယာစ၊ တန်ခိုးအာနုဘော်ကြီးခြင်းစည်းစိမ်ချမ်းသာ၏ ပြည့်စုံခြင်းဖြင့်လည်းကောင်း။
သမသမော၊ တူသည်ဖြစ််၍ တူသောနတ်သည်။
နတ္ထိ၊ မရှိ။
ဥတ္တရိ၊ အလွန်မြတ်သောနတ်ကား။
ကုတောအတ္ထိ၊ အဘယ်မှာရှိလှည့်အံ့နည်း။
ဒေဝပုတ္တ၊ နတ်သား။
ဒေဝါ၊ နတ်တို့သည်။
သသိံ၊ လဆန်းပက္ခ၌ထင်သောလ၌။
အာဒရဇာတာ၊ ဖြစ်သောရိုသေခြင်း ရှိကုန်သည်ဖြစ်၍။
နမဿန္တိဣဝ၊ ရှိခိုးကုန်သကဲ့သို့။
တထာ၊ ထိုအတူ။
သဗ္ဗေဒေဝ၊ အလုံးစုံသာလျှင်ဖြစ်ကုန်သော။
တိဒသဂဏာ၊ တာဝတိံသာနတ်အပေါင်းတို့သည်။
သမေစ္စ၊ အပေါင်းရုံးကုန်၏။
ဘန္တံ၊ ထိုသင့်ကို။
နမဿန္တိ၊ ရှိခိုးကုန်၏။
တေ၊ သင်နတ်သား၏။
ဣမာအစ္ဆရာယောစ၊ ဤနတ်သမီးတို့သည်လည်း။
နစ္စန္တိ၊ ကမြူးကုန်၏။
ဂါယန္တီ၊ သီချင်းကိုလည်းသီကုန်၏။
ပမောဒယန္တိ၊ သင်၏ဝမ်းမြောက်ခြင်းကိုလည်း ဖြစ်စေကုန်၏။
ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်။
တွံ၊ သင်နတ်သားသည်။
ဇဝံဇလိတာ နုဘာဝေါ၊ ဤသို့ထွန်းပသော တန်ခိုးအာနုဘော်ရှိသည်။
အသိ၊ ဖြစ်သနည်း။
ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်။
ဝဏ္ဏောစ၊ အရောင်အဆင်းသည်လည်း။
သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သော အရပ်မျက်နှာတို့ကို။
ပဘာသတိ၊ ထွန်းပစေနိုင်သည်။
ဣတိ၊ ဤသို့။
ပုစ္ဆာမိ၊ မေး၏။
မောဂ္ဂလာနေန၊ အရှင်မဟာမောဂ္ဂလာန်သည်။
ပုစ္ဆိတော၊ မေးအပ်သော။
သောဒေဝပုတ္တော၊ ထိုနတ်သားသည်။
အတ္တမနော၊ နှစ်သက်ဝမ်းမြောက်ခြင်းတို့နှင့် စပ်သော စိတ်ရှိသည်။
ဟုတွာ၊ ဖြစ်၍။
ဣဒံဖလံ၊ ဤအကျိုးသည်။
ယဿကမ္မဿ၊ အကြင်ကုသိုလ်ကံ၏။
ဖလံ၊ အကျိုးသည်။
ဟောတိ၊ ဖြစ်၏။
တံကမ္မံ၊ ထိုကုသိုလ်ကံကို။
ပဉှံ၊ အမေးပြဿနာကို။
ပုဋ္ဌော၊ မေးအပ်သည်ရှိသော်။
ဝိယာကာသိ၊ ဖြေကြား၏။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။
အဟံ၊ အကျွန်ုပ်သည်။
ပုဗ္ဗေ၊ ရှေးဘဝ၌။
သုမေဓာနာမဿ၊ သုမေဓာအမည်ရှိသော။
ဇိနဿ၊ မြတ်စွာဘုရား၏။
သာဝကော၊ တပည့်သည်။
အဟုဝါသိံ၊ ဖြစ်ခဲ့ဖူး၏။
အဟံ၊ အကျွန်ုပ်သည်။
အနုနုဗောဓာ၊ သစ္စာလေးပါးတို့ကို လျောက်ပတ်စွာ မသိတတ်သော။
ပုထုဇ္ဇနော၊ ပုထုဇ္ဇာဉ်သည်။
အသ္မိ၊ ဖြစ်၏။
သောအဟံ၊ ထိုအကျွန်ုပ်သည်။
သုမေဓဿ၊ သုမေဓာအမည်ရှိသော။
ဘဂဝတော၊ မြတ်စွာဘုရား၏။
သာသနေ၊ သာသနာတော်၌။
သတ္တဝဿာနိ၊ ခုနစ်နှစ်ပတ်လုံး။
ပဗဇ္ဇိဿံ၊ ရဟန်းပြုခဲ့ဖူး၏။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။
အဟံ၊ အကျွန်ုပ်သည်။
တာဒိနာ၊ ဣဋ္ဌာရုံ ရူပါရုံတို့၌တပ်မက်ခြင်း အမျက်ထွက်ခြင်း မရှိသည်းခံတော်မူထသော။
ဩဃတိဏ္ဏဿ၊ ကာမောဃဘပေါဃဒိဋ္ဌောဃအဝိဇ္ဇောဃတည်းဟူသော ဩဃလေးသွယ် မြစ်ပင်လယ်တို့ကို ကူးမြောက်တော်မူပြီးထသော။
ပရိနိဗ္ဗုတဿ၊ ဝိပါက်ကမ္မဇရုပ် အကြွင်းမရှိသောအနုပါဒိသေသ နိဗ္ဗာန်ဖြင့်ပရိနိဗ္ဗာန်ပြုတော်မူပြီးထသော။
သတ္ထုနော၊ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ဆရာဖြစ်တော် မူထသော။
သုမေဓဿ၊ သုမေဓာအမည်ရှိသော။
ဇိနဿ၊ မြတ်စွာဘုရား၏။
ရတနစ္စယံ၊ ပတ္တမြားရွှေစင် အစရှိသော ရတနာတို့ဖြင့်မျှင့်၍စီရင်အပ်သော။
ဟေမဇာလေန၊ ရွှေကွန်ယက်ဖြင့်။
သဉ္ဆန္နံ၊ ထက်ဝန်းကျင်မှ ဖုံးလွှမ်းအပ်သော။
ထူပံ၊ စေတီတော်ကို။
ဝန္ဒိတွာ၊ ငါးပါးသောတည်ခြင်းရှိသော ရှိခိုးခြင်းဖြင့်ရှိခိုး၍။
ထူပသ္မိံ၊ စေတီတော်၌။
မနံ၊ စိတ်ကို။
ပသာဒယိံ၊ ကြည်ညိုခဲ့ဖူး၏။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။
တဒါ၊ ထိုအခါ၌။
မေ၊ အကျွန်ုပ်အား။
ဒါတုံ၊ ပေးလှူခြင်းငှါ။
ပရိဂ္ဂဟော၊ သိမ်းဆည်းအပ်သော။
ဒေယျဓမ္မော၊ လှူဖွယ်ဝတ္ထုသည်။
နစပနအတ္ထိ၊ မရှိ။
ဟသ္မာ၊ ထိုကြောင့်။
မေ၊ အကျွန်ုပ်အား။
ကတံ၊ ပြုအပ်သော။
ဒါနံ၊ ဒါနကုသိုလ်ကံသည်။
နအာသိ၊ မဖြစ်။
ပူဇနေယျဿ၊ ပူဇော်ခြင်းငှါထိုက်တော်မူသော။
ဘဂဝတော၊ မြတ်စွာဘုရား၏။
နံဓာတုံ၊ ထိုသရိရ ဓာတ်တော်ကို။
ပူဇေထ၊ ပူဇော်ကုန်သော။
ဧဝံ၊ ဤသို့ပူဇော်သည်ရှိသော်။
ဣတော၊ ဤလူ့ပြည်မှ။
သဂ္ဂံ၊ နတ်ပြည်သို့။
ဂမိဿထကိရ၊ သွားကုန်လိမ့်သတည်း။
ဣတိ၊ ဤသို့။
ပရေစခေါ၊ သူတပါးတို့ကိုသာလျှင်။
တတ္ထ၊ ထိုအလှူပေးခြင်း၌။
သမာဒပေသိံ၊ ဆောက်တည်စေခဲ့ဖူး၏။
ဘဒ္ဒန္တေ၊ အရှင်ကောင်း။
မယာ၊ အကျွန်ုပ်သည်။
ကုသလံ၊ အပြစ်မရှိသောကောင်းကျိုးကိုပေးခြင်းလက္ခဏာရှိသော။
တဒေဝကမ္မံ၊ ထိုဆိုာအပ်ခဲ့ပြီးသောကံကို သာလျှင်။
ကတံ၊ ပြုအပ်၏။
အတ္တနာ၊ မိမိသည်။
ဒိဗ္ဗံ၊ နတ်၌ဖြစ်သော။
သုခံ၊ ချမ်းသာခြင်း၏အကြောင်းဖြစ်သော။
ကမ္မဉ္စ၊ ကံ၏အကျိုးကိုလည်း။
အနုဘောမိ၊ ခံစားရ၏။
အဟံ၊ အကျွန်ုပ်သည်။
တိဒသဂဏဿ၊ တာဝတိံသာနတ်ရွာသုဂတိံဘုံ၌ ဖြစ်သောနတ်အပေါင်း၏။
မဇ္ဈေ၊ အလယ်၌။
မောဒါမိ၊ ဝမ်းမြောက်ရ၏။
တဿပုညဿစ၊ သုမေဓမြတ်စွာဘုရားကိုရည်၍ပြုအပ်သောထိုကုသိုလ်ကံ၏။
ဖလံ၊ အကျိုးသည်။
ခယမ္ပိ၊ ကုန်ခြင်းသို့လည်း။
နအဇ္ဈဂါ၊ မရောက်။
ဣတိ၊ ဤသို့။
ကထေသိ၊ ဆို၏။
အဋ္ဌမံ၊ ရှစ်ခုမြောက်သော။
အနေကဝဏ္ဏဝိမာနဝတ္ထု၊ အနေကဝဏ္ဏနတ်သား၏ ဗိမာန်လျှင်အကြောင်းရှိသောဝတ္ထုသည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။