Issues
Select Version
နိဿယ
မြန်မာဘာသာ
Vimānavatthupāḷi
Vimānavatthupāḷi

2. Revatīvimānavatthu

Author: နိဿယ @ IAPT

(၅၂) စိရံ၊ ကြာမြင့်စွာ။ ပဝါသိံ၊ ကွေကွင်းခြင်းရှိသော။ ဒူရတော၊ အဝေးမှ။ ဧသာတ္ထိံ၊ ချမ်းသာစွာ။ အာဂတံ၊ ရောက်လာသော။ ပုရိသံ၊ ယောကျ်ားကို။
ဉာကီစ၊ အဆွေအမျိုးတို့သည်လည်းကောင်း။ မိတ္တာစ၊ အဆွေခင်ပွန်းတို့သည်လည်းကောင်း။ သုဟဇ္ဇာစ၊ ချစ်ကျွမ်းဝင်သောသူတို့သည်လည်းကောင်း။ အာဂတံ၊ ရောက်လာသည်ကို။ အဘိနန္ဒန္တိယထာ၊ နှစ်သက်ကုန်သကဲ့သို့။
တထေဝ၊ ထိုအတူသာလျှင်။ ကတပုညံပိ၊ ပြုအပ်သောကောင်းမှုသည်လည်း။ အသ္မာထောကာ၊ ဤပစ္စုပ္ပန်လောကသို့။ ဂတံ၊ ရောက်နိုင်၏။ ဝိယံ၊ ချစ်လှစွာသော။ အာဂတံ၊ ရောက်လာသော။
ဥာတီဝ၊ အဆွေအမျိုးကဲ့သို့။ ပုညာနိ၊ ကောင်းမှုတို့သည်။ ပဋိဂ္ဂဏှန္တိ၊ ခံယူကုန်၏။
သုပါပဓမ္မေ၊ ရဟန်းသံဃာအရိယာတို့ကို ဆဲရေးခြင်းဘေးဖြင့်ချီးခြောက်ဆိုမြည်ခြင်းအစရှိသည်ဖြင့် အလွန်ယုတ်မာသောအကျင့်ရှိသော။ အဒါနုတဒ္ဓါရေ၊ သင်၏ဝင်ခြင်းငှါမပိတ်အပ်သော အပါယ်တံခါးလည်းရှိသော။ အဒါနသီလေ၊ တစုံတယောက်သောသူအားတစုံတခုသော ဝတ္ထုကိုမျှပေးလှူလေ့လည်းမရှိသော။ ရေဝတေ၊ ရေဝတီ။ ဥဋ္ဌေဟိ၊ ထလော့။
ဒုဂ္ဂဟေန၊ ဆင်းရဲနှင့်။ သမပ္ပိသာ၊ ပြည့်စုံကုန်သည်ဖြစ်၍။ ယတ္ထ၊ အကြင်အရပ်၌။ ထုဏန္တိ၊ ညည်းတွားကုန်၏။ တတ္ထ၊ ထိုငရဲသို့။ တံ၊ သင့်ကို။ မယံ၊ ငါတို့သည်။ နေဿာမ၊ ဆောင်ကုန်အံ့။
ဣစ္စေဝံဣတိဧဝံ၊ ဤသို့ဥဋ္ဌေဟိရေဝတေအစရှိသည်ဖြင့်။ ဝတွာန၊ ဆိုကုန်၏။ ယမဿ၊ ယမမင်း၏။ ဒူတာဒူတသဒိသာ၊ တမန်နှင့်တူကုန်သော။ လောဟိတက္ခာ၊ ချင်းချင်းနီးသောမျက်စိရှိကုန်သော။ ဗြဟန္တာ၊ ကြီးသောကကိုယ်ရှိကုန်သော။ တေဒွေယက္ခာ၊ ထိုဘီလူးနှစ်ယောက်တို့သည်။
ရေဝတိံ၊ ရေဝတီကို။ ပစ္စေကဗာဟာသု၊ တယောက်တဖက်စီလက်မောင်းတို့၌။ ဂဟေတွာ၊ ကိုင်ဆွဲ၍။ ဒေဝဂဏဿ၊ တာဝတိံသာနတ်အပေါင်း၏။ သန္တိကေ၊ အထံသို့။ ပက္ကမယုံ၊ ဆောင်ကုန်၏။ တာတာ၊ အမောင်တို့။
အာဒိစ္စဝဏ္ဏံ၊ နေ၏အရောင်ကဲ့သို့ပြောင်ပြောင်ထွန်းပသောအဆင်းရှိသော။ ရုစိယံ၊ နှလုံးမွေ့လျော်ပျော်ဖွယ်ရှိသော။ ပဘဿရံ၊ ပြိုးပြိုးပြက်ထွက်သောအရောင်ရှိသော။ သုတံ၊ ဆိုအပ်ခဲ့ပြီးသော အကြောင်းတို့ဖြင့် တင့်တယ်လျောက်ပတ်သော။ ကဉ္ဇနဇာလစ္ဆန္နံ၊ ရွှေကွန်ယက်ဖြင့် ဖုံးလွှမ်းအပ်သော။ ဗျမှံ၊ ဗိမာန်သည်။ အတ္ထိ၊ ရှိ၏။
အာကိဏ္ဏဇနံ၊ နတ်သားနတ်သ္မီးဖြင့်ပြွမ်းသော။ သူရိယဿ၊ နေ၏။ ရံသိရိဝ၊ အရောင်ကဲ့သို့။ ဇောတမာနံ၊ တပြောင်ပြောင်ထွန်းပသော။ ဧတံဝိမာနံ၊ ထိုဗိမာန်သည်။ ကဿ၊ အဘယ်သူ၏။ ဝိမာနံ၊ ဗိမာန်ပေနည်း။
ဧတ္ထ၊ ဤဗိမာန်၌။ စန္ဒနသာရလိတ္တာ၊ အနှစ်ဖြစ်သောစန္ဒကူးနံ့သာဖြင့်လိမ်းကျံအပ်သော ကိုယ်ရှိသော။ နာရီဂဏနာ၊ နတ်သ္မီးအပေါင်းတို့သည်။ ဥဘတောဝိမာနံ၊ ဗိမာန်၏အတွင်း အပနှစ်ပါးစုံကို။ ဥပသောဘယန္တိ၊ တင့်တယ်စေကုန်၏။
တံ၊ ထိုဗိမာန်သည်။ သူရိယသမာနဝဏ္ဏ့၊ နေ၏အဆင်းအရောင်ကဲ့သို့ပြောင်ပြောင်ထွန်းပသောအဆင်းရှိသည်။ ဟုတွာ၊ ဖြစ်၍။ ဒိဿတိ၊ ထင်၏။ ကော၊ အဘယ်သူသည်။ သဂ္ဂပတ္တော၊ နတ်ပြည်သို့ရောက်သည်ဖြစ်၍။ ဝိမာနေ၊ ဗိမာန်၌။ မောဒတိ၊ မွေ့လျော်စံပျော်ရနည်း။ ဣတိ၊ ဤသို့။ ပုစ္ဆိ၊ မေး၏။
ရေဝတီ၊ ရေဝတီ။ ဗာရာဏသီယံ၊ ဗာရာဏသီပြည်၌။ အမစ္ဆရီ၊ မပေးမလှူရက်မိမိဥစ္စာကိုဖုံးကွယ်လျိုရှက်ခြင်းလက္ခဏာရှိသော။ မစ္ဆေရ၊ မှားကင်းသော။ ဒါနပတိ၊ အလှူ၏အရှင်ဖြစ်သော။ ဝဒညူ၊ အလှူခံတို့၏အခြင်းအရာ ကိုသိတတ်သောသဘောရှိသော။ နန္ဒိယောနာမ၊ နန္ဒိယအမည်ရှိသော။ ဥပါသကော၊ ဥပါသကာသည်။ အာသိ၊ ဖြစ်ခဲ့ပြီ။
အာကိဏ္ဏဇာနံ၊ နတ်သားနတ်သ္မီးတို့ဖြင့်ပြွမ်းသော။ သူရိယဿ၊ နေ၏။ ရံသီဣဝ၊ အရောင်ကဲ့သို့။ ဇောတမာနံ၊ တပြောင်ပြောင်ထွန်းပသော။ ဧတံဝိမာနံ၊ ဤဗိမာန်သည်။ တဿ၊ ထိုနန္ဒိယအမည်ရှိသောဥပါသကာ၏။ ဝိမာနံ၊ ဗိမာန်တည်း။ ဧတ္ထ၊ ဤဗိမာန်၌။
စန္ဒနသာရလိတ္တာ၊ အနှစ်ဖြစ်သောစန္ဒကူးနံ့သာဖြင့်လိမ်းကျံအပ်သောကိုယ်ရှိကုန်သော။ နာရီဂဏာ၊ နတ်သမီးအပေါင်းတို့သည်။ ဥဘတောဝိမာနံ၊ ဗိမာန်၏အတွင်းအပနှစ်ပါးစုံကို။ ဥပသောဘယန္တိ၊ တင့်တယ်စေကုန်၏။
သူရိယသမာနဝဏ္ဏံ၊ နေ၏အဆင်းအရောင်ကဲ့သို့ပြောင်ပြောင်ထွန်းပသောအဆင်းရှိသည်။ ဟုတွာ၊ ဖြစ်၍။ ဒိဿတိ၊ ထင်၏။ သော၊ ထိုနန္ဒိယအမည်ရှိသော ဥပါသကာသည်။ သဂ္ဂပတ္တော၊ တာဝတိံသာနတ်ပြည်သို့ရောက်သည်ဖြစ်၍။ ဝိမာနံ၊ ဗိမာန်၌။ မောဒတိ၊ မွေ့လျော်စံပျော်ရ၏။
တာတာ၊ အမောင်တို့။ အဟံ၊ အကျွန်ုပ်သည်။ နန္ဒိယဿ၊ နန္ဒိယအမည်ရှိသော ဥပါသကာ၏။ ဘရိယာ၊ မယားဖြစ်သော။ သဗ္ဗကုလဿ၊ အလုံးစုံသောအိမ်ဥစ္စာစည်းစိမ်ကို။ ဣဿရာ၊ အစိုးရသော။ အဂါရိနီ၊ အိမ်ရှင်မသည်။
အမှိ၊ ဖြစ်၏။ ဒါနိဣဒါနိပိ၊ ယခုအခါ၌လည်း။ အဟံ၊ အကျွန်ုပ်သည်။ သတ္တု၊ ထင်ဖြစ်ဖူးသောနန္ဒိယနတ်သား၏။ ဝိမာနေ၊ ဗိမာန်၌။ ရမိဿာမိ၊ မွေ့လျော်စံပျော်အံ့။ နိရယံ၊ ငရဲကို။ ဒဿနာယ၊ ရှုခြင်းငှာ။ နပတ္ထယေ၊ မတောင်းတ။
သုပါပဓမ္မေ၊ အလွန်ယုတ်မာသောအကျင့်ရှိသော။ ရေဝတီ၊ ရေဝတီ။ ဧသောနိရယော၊ ဤငရဲသည်။ တေ၊ သင်၏။ နိရယော၊ ငရဲပင်တည်း။ တယာ၊ သင်သည်။ ဇီဝလောကေ၊ သတ္တလောက၌။ ပုညံ၊ ကောင်းမှုကို။ အကတံစ၊ မပြုအပ်ခဲ့သည် သာလျှင်တည်း။
ဟိ၊ ထိုစကားသင့်စွ။ မစ္ဆရိ၊ မပေးမလှူရဲ့မိမိစည်းစိမ်ဥစ္စာကိုဝှက်ခြင်း လက္ခဏာရှိသောမစ္ဆေရနှင့်ပြည့်စုံသော။ ရောသကော၊ သူတပါးတို့ကိုချုပ်ချယ်တတ်သောအလေ့ရှိသော။ ပါပခမ္မော၊ လောဘအစရှိသော ကုသိုလ်တရားနှင့်ပြည့်စုံသော။ သာဒိသော၊ သင်ကဲ့သို့သောသူသည်။ သဂ္ဂုပဂါနံ၊ နတ်ပြည်သို့လာကုန်သောနတ်တို့၏။ သဟဗျတံ၊ အပေါင်းအဖော်၏အဖြစ်ကို။ နလဘတိ၊ မရ။
တာတာ၊ အမောင်တို့။ ကိံနု၊ အဘယ်သို့နည်း။ ဧတ္ထ၊ ဤငရဲ၌။ ဂူထဉ္စ၊ ကျင်ကြီးသည်လည်းကောင်း။ မုတ္တဉ္စ၊ ကျင်ငယ်သည်လည်းကောင်း။ အသုစိံ၊ မစင်ကြယ်စက်ဆုပ်ဖွယ်ဝတ္ထုသည်။ ပဋိဒိဿတိ၊ ထင်၏။
ကိံ၊ အဘယ်ကြောင့်။ ဣဒံ၊ ဤငရဲသည်။ ဒုဂ္ဂန္ဓံ၊ မကောင်းသောအနံ့ရှိသော။ မိဠံ၊ ကျင်ကြီးအဘိရှိသည်။ အာသိံ၊ ဖြစ်သနည်း။ ကိံ၊ အဘယ်ကြောင့်။ ဧတံ၊ ထိုငရဲသည်။ ဥပဝါယတိ၊ မကောင်းသော အနံ့ဖြင့်လှိုင်သနည်း။
ဂမ္ဘီရော၊ နတ်စွာသော။ သတပေါရိသော၊ အသူသရာရှိသော။ ဧသဧသောနိရယော၊ ဤငရဲသည်။ သံသဝကောနာမ၊ သံသဝကငရဲမည်၏။
ရေဂတေ၊ ရေဝတီ။ ယတ္ထ၊ အကြင်ငရဲ၌။ ပဿသဟဿာနိ၊ အနှစ်တထောင်တို့ပတ်လုံး။ တုဝံ၊ သင်သည်။ ပစ္စသိ၊ ခံရလတ္တံ့။
တာတာ၊ အမောင်တို့။ ကိံနု၊ အဘယ်သို့နည်း။ မယာ၊ အကျွန်ုပ်သည်။ ကာယေန၊ ကိုယ်ဖြင့်။ ဒုက္ကဋံ၊ သုအသက်ကိုသတ်ခြင်းအစရှိသောကာယဒုစရိုက်ကို။ ကတံ၊ ပြုအပ်သလော။ ဝါစာယ၊ နှုတ်ဖြင့်။ ဒုက္ကဋံ၊ မဟုတ်မမှန်ပြောဆိုခြင်းအစရှိသောဝစီဒုစရိုက်ကို။ ကထံ၊ ပြုအပ်သလော။ မနသာ၊ စိတ်ဖြင့်။ ဒုက္ကဋံ၊ သူတပါး၏စည်းစိမ်ကိုမိမိသို့ရှေ့ရှုကြံခြင်းအစရှိသော မနောဒုစရိုက်ကို။ ကတံ၊ ပြုအပ်သလော။
ကေန၊ အဘယ်မကောင်းမှုအကုသိုလ် ကံကြောင့်။ မယာ၊ အကျွန်ုပ်သည်။ ဂမ္ဘီရော၊ နက်စွာသော။ သတပေါရိသော၊ အသူတရာရှိသော။ သံသဝကော၊ သံဝကအမည်ရှိသော။ နိရယော၊ ငရဲကို။ လဒ္ဓေါ၊ ရအပ်သနည်း။ ရေဝတေ၊ ရေဝတီ။ တွံ၊ သင်သည်။
သမဏေစ၊ ရဟန်းတို့ကိုလည်းကောင်း။ ဗြာဟ္မဏေစာပိ၊ မကောင်းမှုတို့ကိုအပပြုကုန်ပြီးသောသူတော်ကောင်းတို့ကိုလည်းကောင်း။ အညေ၊ တပါးကုန်သော။ ဝနိဗ္ဗကေစ၊ ကျေးဇူးကိုချီးမွမ်းပြောဆို၍ တောင်းစားတတ်ကုန်သော သူတို့ကိုလည်းကောင်း။
မုသာဝါဒေန၊ မဟုတ်မမှန်သောစကားဖြင့်။ ဝဉ္စေသိ၊ လှည့်ပတ်တတ်၏။ တံပါပံ၊ ထိုမကောင်းမှုအကုသိုလ်ကံကို။ တယာ၊ သင်သည်။ ပကတံ၊ ပြုအပ်၏။
တေန၊ ထိုမကောင်းမှုအကုသိုလ်ကံကြောင့်။ တယာ၊ သင်သည်။ ဂမ္ဘီရောန၊ နက်စွာသော။ သတပေါရိသော၊ အသူတရာရှိသော။ သံသဝကော၊ သံသဝကအမည်ရှိသော။ နိရယော၊ ငရဲကို။ လဒ္ဓေါ၊ ရအပ်၏။
တတ္ထ၊ ထိုသံသဝကငရဲ၌။ တုဝံ၊ သင်သည်။ ဝဿသဟဿာနိ၊ အနှစ်တထောင်တို့ ပတ်လုံး။ ပစ္စသိ၊ ခံရလတ္တံ့။ ရေဝတေ၊ ရေဝတီ။
တုယှံ၊ သင်၏။ ဟတ္ထေဝိ၊ လက်တို့ကိုလည်း။ ဆိန္ဒန္တိ၊ ဖြတ်ကုန်လတ္တံ့။ ကဏ္ဏေပိ၊ နားတို့ကိုလည်း။ ဆိန္ဒန္တိ၊ ဖြတ်ကုန်လတ္တံ့။ အထော၊ ထိုမြို့။ နာသမ္ပိ၊ နှာခေါင်းကိုလည်း။ ဆိန္ဒန္တိ၊ ခဖြတ်ကုန်လတ္တံ့။ အထောဝိ၊ ထိုမှတပါးလည်း။
ကာကောလဂဏာ၊ ကြီးလင်းတအစရှိကုန်သောငှက်အပေါင်းတို့သည်။ သမေစ္စ၊ ပေါင်းရုံကုန်၍။ သင်္ဂမ္မ၊ အညီအညွတ်လာလတ်ကုန်၍။ ဝိဖန္ဒမာနံ၊ တုန်လှုပ်သော။ တံ၊ သင့်ကို။ ခါဒန္တိ၊ ခဲကုန်လတ္တံ့။ ဣတိ၊ ဤသို့။ အာဟံသု၊ ဆိုကုန်၏။
တာတာ၊ အမောင်တို့။ သာဓုခေါအာယာစာမိ၊ တောင်းပန်ပါ၏။ တုမှေ၊ သင်တို့သည်။ မံ၊ အကျွန်ုပ်ကို။ မနုဿလောကံ၊ လူ့ပြည်သို့။ ပဋိနေထ၊ တဖန်ပို့ဆောင်ပါကုန်လော့။ သတ္တာ၊ သတ္တဝါတို့သည်။
အဟံ၊ အကျွန်ုပ်သည်။ ဒါနေနစ၊ အလှူပေးခြင်းလည်းကောင်း။ သမစရိယာယစ၊ ကိုယ်နှုတ်နှလုံးတို့ဖြင့်ညီညွတ်သော ကုသိုလ်တရားကိုကျင့်ခြင်းဖြင့် လည်းကောင်း။ သံယမေနစ၊ သီလသီတင်းကိုစောင့်စည်းခြင်းဖြင့်လည်းကောင်း။ ဒမေနစ၊ စက္ခုစသော ဣန္ဒြေခြောက်ပါးတို့ကို ပိတ်ထားဆုံးမခြင်းဖြင့်လည်းကောင်း။
ယံ၊ အကြင်အလှူပေးခြင်းစသောကုသိုလ်ကံကို။ ကတွာ၊ ပြု၍။ သုခိတာ၊ ချမ်းသာခြင်းသို့ရောက်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၍။ ပစ္ဆာ၊ နောက်ကာလ၌။ နစအနုဘပ္ပရေ၊ အဖန်တလဲလဲပူပန်ခြင်းလည်းမရှိကုန်။ ဗဟုံ၊ များစွာ။ ကုသလံ၊ ကုသိုလ်ကံကို။ ကာယာမိ၊ ပြုပါလော့အံ့။ ရေဝတေ၊ ရေဝတီ။
တုဝံ၊ သင်သည်။ ပုရေ၊ ရှေးကာလ၌။ ပမဇ္ဇိတွာ၊ ဒါနသီလစသောကုသိုလ်ကံ၌ မေ့လျော့၍။ ဣဒါနိ၊ ယခုငရဲသို့ရောက်ရာ အခါ၌။ ပရိဒေဝသိ၊ ငိုကြွေးမြည်တမ်း၏။
ရေဝတေ၊ ရေဝတီ။ သယံ၊ မိမိသည်။ ကတာနံ၊ ပြုအပ်ကုန်သော။ ကမ္မာနံ၊ ကံတို့၏။ ဝိပါကံ၊ အကျိုးကို။ တွံယေဝ၊ သင်သည်ပင်လျှင်။ အနုဘောဿသိ၊ ခံစားရလတ္တံ့။ တာတာ၊ အမောင်တို့။
ကော၊ အဘယ်မည်သောနတ်သည်။ ဒေဝသောကတော၊ နတ်ပြည်မှ။ မနုဿလောကံ၊ လူ့ပြည်သို့။ ဂန္တွာ၊ ရောက်လာ၍။ မယာ၊ အကျွန်ုပ်သည်။ ပုဋ္ဌော၊ မေးအပ်သည်ရှိသော်။ ဧဝံ၊ ဤသို့။ မံ၊ အကျွန်ုပ်ကို။ ဝဒေယျ၊ ဆိုပါအံနည်း။
ရေဝတေ၊ ရေဝတီ။ တွံ၊ သင်သည်။ အနိက္ခိတ္ထဒဏ္ဍေသု၊ ပယ်အပ်သော ဒဏ်ရှိကုန်သော။ သမဏ ဗြဟ္မာဏေသု၊ ရဟန်းပုဏ္ဏားတို့၌။ ဒါနံ၊ အလှူကို။ ဒဒါဟိ၊ ပေးလှူလော့။ အစ္ဆာဒနံ၊ အာရုံကိုလည်းကောင်း။ သေယျံ၊ အိပ်ရာနေရာအခင်းကိုလည်းကောင်း။ အထ၊ ထိုမှတပါး။ အန္ဒပါနံ၊ ဆွမ်းအဖျော်ကို လည်းကောင်း။ ဒဒါဟိ၊ ပေးလှူလော့။
ရေဝတေ၊ ရေဝတီ။ မစ္ဆရီ၊ မပေးမလှူရက်မိမိဥစ္စာကို ဖုံးကွယ်လျိုဝှက်ခြင်းလက္ခဏာရှိသော မစ္ဆေရနှင့်ပြည့်စုံသော။ ရောသကော၊ သူတပါးကိုချုပ်ချယ်တတ်သော။ ပါပဓမ္မော၊ လောဘအစရှိကုန်သောအကုသိုလ်တရားတို့နှင့်ပြည့်စုံသော။ သတ္တော၊ သတ္တဝါသည်။ သဂ္ဂုပဝါနံ၊ နတ်ပြည်သို့လားကုန်သောနတ်တို့၏။ သဟဗျတံ၊ အပေါင်းအဖော်၏အဖြစ်ကို။ နဟိလဘတိ၊ မရသည် သာလျှင်တည်း။
တာတာ၊ အမောင်တို့။ နနု၊ အကြံရှိ၏။ သာဟံ၊ ထိုအကျွန်ုပ်သည်။ ဣတော၊ ဤငရဲမှ။ ဂန္တွာ၊ စုတေ၍။ မာနုသံ၊ လူြပြည်၌ ဖြစ်သော။ ယောနိံ၊ ပဋိသန္ဓေကို။ လဒ္ဓါန၊ ရသည်ရှိသော်။
ဝဒညူ၊ အလှူခံတို့၏ကာယဝစီပယောဂကိုသိသည်။ သီလသမ္ပန္နာ၊ စာရိတ္တသီလ ဝါရိတ္တသီလနှင့်ပြည့်စုံသည်။ ဟုတွာ၊ ဖြစ်၍။ ဗဟုံ၊ များစွာ။ ကုသလံ၊ ကုသိုလ်ကို။ ကဟာမိ၊ ပြုပါလော့အံ့။
ဒါနေန၊ အလှူပေးခြင်းဖြင့် လည်းကောင်း။ သမစရိယာယစ၊ ကိုယ်နှုတ်နှလုံးတို့ဖြင့်ညီညွတ်သောကုသိုလ်တရားကိုဆောက်တည်၍ စောင့်စည်းခြင်းဖြင့် လည်းကောင်း။ သံယမေနစ၊ သီလသီတင်းကိုဆောက်တည်၍ စောင့်စည်းခြင်းဖြင့် လည်းကောင်း။ ဒမေနစ၊ စက္ခုစသောဣန္ဒြေတို့ကိုဆုံးမခြင်းဖြင့်လည်းကောင်း။
အာရာမာနိစ၊ သစ်သီးအရံပန်အရံတို့ကိုလည်း။ ရောပိဿံ၊ စိုက်ပျိုးပါတော့အံ့။ ဒုဂ္ဂေ၊ ရေညွန်ရှိ၍ကူးခပ်ခက်သောအရပ်၌။ သင်္က မနာနိစ၊ တံထားတို့ကိုလည်း။
အဟံ၊ အကျွန်ုပ်သည်။ ဝိပ္ပသန္နေန၊ အထူးသဖြင့်ကြည်ညိုသော။ စေတသာ၊ စိတ်ဖြင့်။ ကရိဿံ၊ ဆောက်လုပ်ပါတော့အံ့။ ပပဉ္စ၊ ရေတွင်းရေကန်ကိုလည်းကောင်း။ ဥဒပါနဉ္စ၊ ရေအိုးစင်ကိုလည်းကောင်း။ ကရိဿံ၊ ပြုပါတောအံ့။
ပက္ခဿ၊ လ္ဆန်းပက္ခလလ္ဆုတ်ပက္ခ၏။ စာသုဒ္ဒသိံစ၊ တဆဲ့လေးရက်တို့၏ပြည့်ကြောင်းဖြစ်သောနေ့၌လည်းကောင်း။ ပဉ္စဒသိံစ၊ တဆဲ့ငါးရက်တို့၏ပြည့်ကြောင်းဖြစ်သောနေ့၌၎င်း။ ပက္ခဿ၊ ပက္ခနှစ်ပါး၏။ ယာအဋ္ဌမိံ၊ အကြင်ရှစ်ရက်တို့၏ပြည့်ကြောင်းဖြစ်သောနေ့သည်။ အတ္ထိ၊ ရှိ၏။
တဿံအဋ္ဌမိယဉ္စ၊ ထိုရှစ်ခက်တို့၏ပြည့်ကြောင်းဖြစ်သောနေ့၌၎င်း။ ပါဋိဟာရိယပက္ခဉ္စ၊ နှစ်တိုင်းနှစ်တိုင်းအဖန်တလဲလဲဆောင်အပ်ဖြစ်အပ်သောကြောင့်ပါဋိဟာရိယမည်သောနေ့တိုင်းအမြဲစောင့်ရှောက်အပ်သော ဥပုသ်ကို၎င်း။ အဋ္ဌင်္ဂသုသမာဂတံ၊ ပါဏာတိပါတမှကြဉ်ခြင်းအစရှိကုန်သောအင်္ဂါရှစ်ပါးတို့နှင့် ပြည့်စုံသော။
ဥပေါသထံ၊ ဥပုသ်ကိုလည်းကောင်း။ ဥပဝါသိဿံ၊ ကျင့်သုံးပါတော့အံ့။ သဒါ၊ အခါခပ်သိမ်းကုန်သောဥပုသ်နေ့တို့၌။ သီလေသု၊ ဥပုသ်၏အစွမ်းအားဖြင့်ပြီးစေအပ်ကုန်သောသီလတို့၌။ သံဝုတော၊ ဖြစ်ပါတော့အံ့။
ဒါနေန၊ အလှူပေးခြင်းဖြင့်။ နစပမဇ္ဇိဿ၊ မမေ့မလျော့သည်သာ ဖြစ်ပါတော့အံ့။ မယာ၊ အကျွန်ုပ်သည်။ ဣဒံ၊ ဤငရဲကို။ သာမံ၊ ကိုယ်တိုင်။ ဒိဋ္ဌံ၊ မြင်အပ်ပြပြီ။
ဣစ္စေဓဣတိဧဝံ၊ ဤသို့။ ဝိပ္ပသပန္တီ၊ မြည်တမ်းသော။ ဖန္ဒမာနံ၊ တုန်လှုပ်သော သဘောရှိသော။ တတောတတော၊ ထိုထိုသို့သောအရပ်မှ။
ရေဝတိံ၊ ရေဝတီကို။ နိရယပါတာ၊ ငရဲထိန်းတို့သည်။ ဥဒ္ဓံပါဒံ၊ အထက်သို့ခြေမိုးမျှော်။ အဝံသိရံ၊ အောက်သို့ဥက္ခေါင်းဆောင်ထိုး။ ဂသေတွာ၊ တိုင်ကုန်၍။ ဃောရေ၊ ကြောက်လန့်ဖွယ်ရှိသော။ နိရယေ၊ ငရဲ၌။ ခိပိံသု၊ ပစ်လိုက်ကြကုန်၏။
အဟံ၊ ငါသည်။ ပုရေ၊ ရှေးကာလ၌။ မစ္ဆရိနီ၊ မပေးလှူရက်မိမိဥစ္စာကိုဖုံးကွယ်လျိုဝှက်ခြင်းလက္ခဏာရှိသောမစ္ဆေရနှင့်ပြည့်စုံသည်။ အဟောသိံ၊ ဖြစ်၏။ သမဏဗြာဟ္မဏာနံ၊ ရဟန်းသူတော်ကောင်းတို့ကို။ ပရိဘာသိကာ၊ ဆဲရေးမေ့လျော့တတ်သည်လည်း။ အဟောသိံ၊ ဖြစ်၏။
အဟံ၊ ငါသည်။ သာမိကဉ္စ၊ လင်ဖြစ်သောနန္ဒိယကိုလည်း။ ဝိတထေန၊ မဟုတ်မမှန်သဖြင့်။ ဝဉ္စယိတွာ၊ လှည့်ပတ်ခြင်းကြောင့်။ ဃောရရူပေ၊ ကြောက်လန့်ဖွယ်သော သဘောရှိသော။ နိရယေ၊ ငရဲ၌။ ဂစ္ဆာမိ၊ သွားရ၏။
ဒုတိယံ၊ နှစ်ခုမြောက်သော။ ရေဝတီပတိနန္ဒိယဿ၊ ရေဝတီ၏လင်ဖြစ်သောနန္ဒိယဥပါသကာ၏။ ဝိမာနဝတ္ထု၊ ဗိမာန်လျှင်အကြောင်းရှိသောဝတ္ထုသည်။ နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။