ဝိသာလက္ခိ၊ ကြီးကျယ်သောမျက်စိရှိသော။
ဒေဝီ၊ နတ်သ္မီး။
ကာနာမ၊ အဘယ်အမည်ရှိသော။
တွံ၊ သင်သည်။
ရမ္မေ၊ နှလုံးမွေ့လျော်ပျော်ဖွယ်ရှိသော။
စိတ္တလတာဝနေ၊ စိတ္တလကာအမည်ရှိသောဥယှဉ်တော၌။
နာရီဂဏပုရက္ခိတာ၊ နတ်သ္မီးအပေါင်းအခြံအရံအပ်သည်ဖြစ်၍။
သမန္တာ၊ ထက်ဝန်းကျင်မှ။
အနုပရိယာသိ၊ လှည့်လည်သနည်း။
ဒေဝတာ၊ နတ်သ္မီး။
ယဒါ၊ အကြင်အခါ၌။
တာဝတိံသာ၊ တာဝတိံသာဘုံ၌ဖြစ်ကုန်သော။
ဒေဝါ၊ နတ်တို့သည်။
ဣမံဝနံ၊ ဤဥယျာဉ်တောသို့။
ပဝီသန္တိ၊ ဝင်ကုန်၏။
ဣဒံ၊ ဣစိတ္တလတာ ဥယျာဉ်တောသို့။
အာဂတာ၊ လာရောက်ကုန်သော။
သယောဂ္ဂါ၊ ဆင်ယာဉ်မြင်းယာဉ်စသော ယာဉ်တိုနှင့် တကွကုန်သော။
သရထော၊ လှည်းရထားနှင့်တကွကုန်သော။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
ဒေဝါ၊ တာဝတိံသာနတ်တို့သည်။
စိတြာ၊ ဆန်းကြယ်ပြောက်ကျားသော ကိုယ်ရှိကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဣဓ၊ ဤအရပ်သို့။
ပတ္တာယ၊ ရောက်ခြင်းငှာ။
ဥယျာနေ၊ စိတ္တာသကာဥယျာဉ်၌။
ဝိစရန္တိယာ၊ သွားလာလှည့်ပတ်သော။
တုယှဉ္စ၊ သင်၏သာလျှင်။
ကာယေ၊ ကိုယ်၌။
စိတ္တံ၊ ဆန်းကြယ်ပြောက်ကျား ခြင်းသည်။
နဒိဿတိ၊ မထင်။
ဒေဝတာ၊ နတ်သ္မီး။
ကေန၊ အဘယ်သို့သော ကုသိုလ်ကံကြောင့်။
တဝ၊ သင်၏။
ရူပံ၊ ကိုယ်အဆင်းသည်။
ဧဒိသံ၊ ဤသို့သဘောရှိသောစိတ္တလတာ ဥယျာဉ်၏ အရောင်သည် မနှိပ်နှင်းအပ်သော အဖြစ်ရှိသည်။
ဟုတွာ၊ ဖြစ်၍။
တိဋ္ဌတိ၊ တည်သနည်း။
ဣဒံဖလံ၊ ဤအကျိုးသည်။
ကိဿကမ္မဿ၊ အဘယ်သို့သော ကုသိုလ်ကံ၏။
ဖလံ၊ အကျိုးနည်း။
ပုစ္ဆိတာ၊ ငါမေးအပ်သော။
ဒေဝိန္ဒ၊ နတ်တို့ကိုအစိုးရသောသိကြားမင်း။
ယေနကမ္မေန၊ အကြင်ကုသိုလ်ကံကြောင့်။
မယှံ၊ ကျွန်တော်မ၏။
ရူပဉ္စ၊ အရုပ်အဆင်းသည်လည်းကောင်း။
ဂတိစ၊ နတ်၏ဂတိသည်လည်းကောင်း။
ဒေဝိန္ဒ၊ နတ်တို့ကိုအစိုးရသောသိကြားမင်း။
တွံ၊ သင်သည်။
မေ၊ ငါ့အား။
အာစိက္ခ၊ ဖြေကြားလော့။
ပုရိန္ဒဒ၊ ရှေး၌အလှူကိုပေးတတ်သော။
ဣဒ္ဓိစ၊ နတ်၏ တန်ခိုးသည်လည်းကောင်း။
အာနုဘာပေါစ၊ အာနုဘော်သည်လည်းကောင်း။
ဧဒိသော၊ ဤသို့သဘောရှိသည်။
ဟောတိ၊ ဖြစ်၏။
တံကမ္မံ၊ ထိုကံကို။
သုဏောဟိ၊ နာတော်မူလော့။
ပုရိန္ဒဒ၊ ရှေးအယူကိုပေးတတ်သော။
အဟံ၊ အကျွန်ုပ်သည်။
ပုရေ၊ ရှေးဘဝ၌။
ရမ္မေ၊ နှလုံးမွေ့လျော်ပျော်ဖွယ်ရှိသော။
ရာဇဂဟေ၊ မန္ဓာတု မင်းမဟာ ဂေါဝိန္ဒစသော သူမြတ်တို့သည် သိမ်းယူအပ်သောကြောင့်ရာဇဂြိုဟ် အမည်တွင်သောပြည်၌။
သုနန္ဒာနာမ၊ သုနန္ဒအမည်ရှိသော။
ဥပါသိကာ၊ ရတနာသုံးပါးတို့ကို ဆည်းကပ်တတ်သော မိန်းမသည်။
အဟောသိံ၊ ဖြစ်ခဲ့ဖူး၏။
သဒ္ဓါသီလေန၊ ရတနာသုံးပါးတို့၏ ဂုဏ်ကံကံ၏အကျိုးကိုယုံကြည်ခြင်းသီတင်းကိုဆောက်တည်၍ ကျင့်ခြင်းနှင့်။
သမ္ပန္နာ၊ ပြည့်စုံသည်။
သဒါ၊ အခါခပ်သိမ်း။
သံဝိဘာဂရတာ၊ စားရာမှတချို့ကိုခွဲဝေ၍ပေးလှူခြင်း၌မွေ့လျော်သောနှလုံးရှိသည်။
အဟောသိံ၊ ဖြစ်ခဲ့ဖူး၏။
အစ္ဆာဒနဉ္စ၊ အဝတ်အရုံကိုလည်းကောင်း။
တတ္တဉ္စ၊ ဆွမ်းကိုလည်းကောင်း။
သေနာသနဉ္စ၊ အိပ်ရာနေရာအခင်းကိုလည်းကောင်း။
ပဒီပိယဉ္စ၊ ဆီမိီးတန်ဆောင်ကို လည်းကောင်း။
အဒါသိံ၊ ပေးလှူခဲ့ဖူး၏။
ပုရိန္ဒဒ၊ ရှေး၌အလှူကို ပေးတတ်သော။
ဒေဝိန္ဒ၊ နတ်တို့ကို အစိုးရသောသိကြားမင်း။
အဟံ၊ ကျွန်တော်မသည်။
ပုရေ၊ ရှေးဘဝ၌။
ဥဇုဘူတေသု၊ ဖြောင့်မတ်သောအဖြစ်သို့ ရောက်ကုန်သော။
ဘိက္ခူသု၊ ရဟန်းတို့၌။
ဝိပ္ပသန္နေန၊ အထူးသဖြင့်ကြည်ညိုသော။
စေတသာ၊ စိတ်ဖြင့်။
ပက္ခဿ၊ လ္ဆန်းပက္ခလ္ဆုတ်ပက္ခ၏။
စတုဒ္ဒသိံစ၊ တဆဲ့လေးရက်တို့၏ပြည့်ကြောင်းဖြစ်သောနေ့၌လည်းကောင်း။
ပဉ္စဒသိံစ၊ တဆဲ့ငါးရက်တို့၏ပြည့်ကြောင်းဖြစ်သောနေ့၌လည်းကောင်း။
ပက္ခဿ၊ ပက္ခနှစ်ပါး၏။
ယာအဋ္ဌမိံ၊ အကြင်ရှစ်ရက်တို့၏ ပြည့်ကြောင်းဖြစ်သောနေ့သည်။
အတ္ထိ၊ ရှိ၏။
တဿံအဋ္ဌမိယဉ္စ၊ ထိုရှစ်ရက်တို့၏ပြည့်ကြောင်းဖြစ်သောနေ့၌လည်းကောင်း။
ပါဋိဟာရိယပက္ခဉ္စ၊ နှစ်တိုင်းနှစ်တိုင်းအဖန်တလဲလဲအောင်အပ်ဖြစ်အပ်သောကြောင့် ပါဋိဟာရိအမည်သောနေ့တိုင်းအမြဲစောင့်အပ်သောဥပုသ်ကို လည်းကောင်း။
အဋ္ဌင်္ဂသုသမာဂတံ၊ ပါဏာတိပါတစသည်မှကြဉ်ရှောင်ခြင်းအစရှိသော အင်္ဂါရှစ်ပါးတို့နှင့်ပြည့်စုံသော။
ဥပေါသထံ၊ ဥပုသ်ကိုလည်းကောင်း။
ဥပဝသိဿံ၊ သုံးခဲ့ဖူး၏။
သဒါ၊ အခါခပ်သိမ်းကုန်သောဥပုသ်နေ့တို့၌။
သီလေသု၊ ဥပုသ်၏အစွမ်းအားဖြင့်ပြီးစေအပ်ကုန်သောသီလတို့၌။
သံဝုတာ၊ ကိုယ်နှုတ်နှလုံးသုံးပါးလုံးတို့ဖြင့်စောင့်သုံးပိတ်ပင်သည်။
အဟောသိံ၊ ဖြစ်ခဲ့ဖူး၏။
ပါဏာတိပါတာ၊ သူ၏အသက်ကိုသတ်ခြင်းမှ။
ပဋိဝိရတော၊ ကြဉ်သည်။
အဟောသိံ၊ ဖြစ်ခဲ့ဖူး၏။
မုသာဝါဒါစ၊ မဟုတ်မမှန်သောစကားကိုပြောဆိုခြင်းမှလည်း။
သညတာ၊ စောင့်စည်းသည်။
အဟောသိံ၊ ဖြစ်ခဲ့ဖူး၏။
ထေယျာစ၊ သုဥစ္စာကိုခိုးယူသောသူ၏အဖြစ်မှလည်းကောင်း။
အတိစာရာစ၊ ထင်ကိုလွန်ကျူး၍တပါးသောယာကျ်ားတို့နှင့် မေထုန်အကျင့်ကို ကျင့်ခြင်းမှလည်းကောင်း။
မဇ္ဇပါနာစ၊ သေအရက်စသော ယစ်မျိုးကိုသောက်စားခြင်းမှ လည်းကောင်း။
အာရကာ၊ ဝေစွာကြဉ်ရှောင်သည်။
အဟောသိံ၊ ဖြစ်ခဲ့ဖူး၏။
ပဉ္စသိက္ခာပဒေ၊ ငါးပါးသောသိက္ခာပုဒ် တည်းဟူသောအဖို့၌။
ရထာ၊ မွေ့လျော်သောနှလုံးရှိသည်။
အရိယသစ္စာနံ၊ လေးပါးကုန်သော အရိယသစ္စာတို့၌။
ကောဝိဒါ၊ ပိုင်းခြား၍သိခြင်းပယ်ခြင်း မျက်မှောက်ပြုခြင်း ပွါးစေခြင်း၏ အစွမ်းဖြင့်လိမ္မာသည်။
အဟောသိံ၊ ဖြစ်ခဲ့ဖူး၏။
စက္ခုမတော၊ ငါးပါးသောမျက်စိရှိတော်မူသော။
ယသာသိနော၊ ကျေးဇူးသတင်းကျော်စာခြင်းအခြံအရံ များခြင်းလည်း ရှိတော်မူထသော။
ဂေါတမဿ၊ ဂေါတမ မြတ်စွာဘုရား၏။
ဥပါသိကာ၊ ဥပါသိကာမသည်။
အဟောသိံ၊ ဖြစ်ခဲ့ဖူး၏။
ပုရိန္ဒဒ၊ ရှေး၌ အလှူကိုပေးတတ်သော။
ဒေဝိန္ဒ၊ နတ်တို့ကိုအစိုးရသောသိကြားမင်း။
ပုရေ၊ ရှေးဘဝ၌။
တဿမေ၊ ထိုကျွန်တော်မ၏။
ဥပတိကုလံ၊ မိဘတို့၏အိမ်သည်။
အာသိ၊ ရှိသည်ဖြစ်၏။
တတော၊ ထိုမိဘတို့၏အိမ်မှ။
သဒါ၊ အခါခပ်သိမ်း၌။
မာလံ၊ ပန်းကို။
အဘိဟရတိ၊ ရှေးရှုဆောင်ခဲ့၏။
အဘိဟရတိ၊ ရှေးရှုဆောင်ခဲ့၏။
တံ၊ ထိုအကျွန်ုပ်ကို ပန်ဆင်စိမ့်သောငှာ ဆောင်အပ်သော ပန်းကိုလည်ကောင်း။
အညဉ္စ၊ တပါးသောနံ့သာစသော ပူဇော်ဖွယ်ဝတ္ထုကိုလည်းကောင်း။
သဗ္ဗမေဝ၊ အလုံးစုံကိုပင်လျှင်။
ဘဂဝတော၊ မြတ်စွာဘုရား၏။
ထူပေ၊ ဝေတီတော်၌။
ထူပေ၊ ဝေတီတော်၌။
အဘိရောပယိံ၊ ပူဇော်သောအားဖြင့်ထင်ခဲ့ဖူး၏။
ဥပေါသထေစ၊ ဥပုသ်နေ့၌မူကား။
အဟံ၊ ကျွန်တော်မသည်။
ဂန္တွာ၊ စေတီရှိရာသို့ကိုယ်တိုင်သွား၍။
ပသန္နာ၊ ယုံကြည်သောစိတ်ရှိသည်။
ဟုတွာ၊ ဖြစ်၍။
ထူပသ္မိံ၊ စေတီတော်၌။
အဘိရောပေသိံ၊ ထင်ခဲ့ဖူး၏။
သကေဟိ၊ မိမိဥစ္စာဖြစ်ကုန်သော။
ပါဏီတိ၊ လက်တို့ဖြင့်။
ပုရိန္ဒဒ၊ ရှေး၌ အလှူကိုပေးတတ်သော။
ဒေဝိန္ဒ၊ နတ်တို့ကိုအစိုးရသောသိကြားမင်း။
အဟံ၊ အကျွန်ုပ်သည်။
ထေနကမ္မေန၊ ထိုကုသိုလ်ကံကြောင့်။
မယှံ၊ ကျွန်တော်မ၏။
ရူပဉ္စ၊ အရုပ်အဆင်းသည်လည်းကောင်း။
ဂတိစ၊ နတ်၏အဖြစ်သည်လည်းကောင်း။
ဣဒ္ဓိစ၊ နတ်၏တန်ခိုးသည်လည်းကောင်း။
အာနုဘာဝေါစ၊ အာနုဘော်သည်လည်းကောင်း။
မာလံ၊ ပန်းကို။
ယံအဘိရောပယိံ၊ အကြင်စေတီ၌ထင်ခဲ့ဖူး၏။
အဟံ၊ အကျွန်ုပ်သည်။
ပုရေ၊ ရှေးဘဝ၌။
သီသဝသီ၊ သီလရှိသောမိန်းမသည်။
အာသိံ၊ ဖြစ်ခဲ့ဖူး၏။
တံ၊ ထိုသီလသည်။
နတာဝဝိပစ္စတိ၊ အကျိုးမပေးသော။
အဟဉ္စပန၊ ငါသည်ကား။
တံ၊ ထိုအကျွန်ုပ်ကို ပန်ဆင်စိမ့်သောငှာ ဆောင်အပ်သော ပန်းကိုလည်ကောင်း။
အညဉ္စ၊ တပါးသောနံ့သာစသော ပူဇော်ဖွယ်ဝတ္ထုကိုလည်းကောင်း။
ဧဒိသော၊ ဤသို့သဘောရှိသည်။
ဟောတိ၊ ဖြစ်၏။
ပုရိန္ဒဒ၊ ရှေး၌အလှူကိုပေးတတ်သော။
ဒေဝီန္ဒ၊ နတ်တို့ကိုအစိုးရသောသိကြားမင်း။
ကထံ၊ အဘယ်သို့သောအကြောင်းကြောင့်။
သကဒါဂါမိနီ၊ သကဒါဂံမိန်းမသည်။
သိယံ၊ ဖြစ်ရပါအံ့နည်း။
ဣတိ၊ ဤသို့။
မေ၊ အကျွန်တော်မ၏။
ပတ္ထနာ၊ တောင့်တခြင်းသည်။
အဟောသိ၊ ဖြစ်၏။
နဝမံ၊ ကိုးခုမြောက်သော။
ဝိသာလက္ခိဝိမာနဝတ္ထု၊ ကျယ်သောမျက်စိရှိသော နတ်သ္မီး၏ အဆင်းရူပလျှင်အကြောင်းရှိသောဝတ္ထုသည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။