၄-ဘယဘေရဝသုတ်
၃၄။ ( ဧဝံ မေ သုတံ၊ ပ။
အာရာမေ၊ တိုင်အောင် ပေးမြဲ ) ။
အထခေါ၊ ထိုအခါ၌။
ဇာဏုဿောဏိ၊ ဇာဏုဿောဏိမည်သော။
ဗြာဟ္မဏော၊ ပုံဏားသည်။
ယေန၊ ၌။
ဘဂဝါ၊ သည်။
အတ္ထိ၊ ၏ ။
တေန၊ သို့။
ဥပသင်္ကမိ၊ ချဉ်းကပ်လေ၏ ။
ဥပသင်္ကမိတွာ၊ ၍။
ဘဂဝတာ၊ နှင့်။
သဒ္ဓိံ၊ တကွ။
သမ္မောဒိ၊ ဝမ်းမြောက်ပြီ။
သမ္မောဒနီယံ၊ ဝမ်းမြောက်ဖွယ်သော။
သာရဏီယံ၊ အောက်မေ့ဖွယ်သော။
ကထံ၊ စကားကို။
ဝီတိသာရေတွာ၊ ပြီးဆုံးစေ၍။
ဧကမန္တံ၊ တင့်အပ်လျောက်ပတ်သော အရပ်၌။
နိသီဒိ၊ ထိုင်နေပြီ။
ဧကမန္တံ၊ ၌။
နိသိန္နော၊ နေပြီးသော။
ဇာဏုဿောဏိ၊ သော။
ဗြာဟ္မဏော၊ သည်။
ဘဂဝန္တံ၊ ကို။
"ဘောဂေါတမ၊ အရှင်ဂေါတမ။
ယေ ဣမေ ကုလပုတ္တာ၊ အကြင်အမျိုးကောင်းသားတို့သည်။
ဘဝန္တံ ဂေါတမံ၊ အရှင်ဂေါတမကို။
ဥဒ္ဒိဿ၊ ရည်စူး၍။
သဒ္ဓါယ၊ သဒ္ဓါတရားဖြင့်။
ဝါ၊ ယုံကြည်၍။
( ယ၊ ကျေသည် ) ။
အဂါရသ္မာ၊ လူ့ဘောင်မှ ။
အနဂါရိယံ၊ ရဟန်းဘောင်သို့။
ပဗ္ဗဇိတာ၊ ဝင်ရောက်ကုန်၏ ။
ဘဝံ ဂေါတမော၊ သည်။
တေသံ၊ ထိုအမျိုးကောင်းသားတို့၏ ။
ပုဗ္ဗင်္ဂမော၊ ရှေ့သွားတည်း။
ဘဝံ ဂေါတမော၊ သည်။
တေသံ၊ တို့အား။
ဗဟုကာရော၊ များစွာကျေးဇူးရှိ၏ ။
ဘဝံ ဂေါတမော၊ သည်။
တေသံ၊ တို့ကို။
သမာဒပေတာ၊ သိက္ခာသုံးပါးကို ယူစေတတ်၏ ။
သာ ဇနတာစ၊ ထိုလူအပေါင်းသည်လည်း။
ဘောတော ဂေါတမဿ၊ ၏။
ဒိဋ္ဌာနုဂတိံ၊ မြင်ခြင်းဖြင့် အတုလိုက်ခြင်းသို့။
အာပဇ္ဇတီတိ၊ ရောက်၏" ဟူသော။
ဧတံ၊ ကို။
အဝေါစ၊ ပြီ။
ဗြာဟ္မဏ၊ ဏား။
ဧတံ၊ ဤစကားသည်။
ဧဝံ၊ မှန်ပေ၏ ။
ဗြာဟ္မဏ၊ ဏား။
ဧတံ၊ ဤစကားသည်။
ဧဝံ၊ မှန်ပေ၏ ။
ဗြာဟ္မဏ၊ ဏား။
ယေ တေ ကုလပုတ္တာ၊ တို့သည်။
မမံ၊ ငါ့ကို။
ဥဒ္ဒိဿ၊ ၍။
ပဗ္ဗဇိတာ၊ ကုန်၏ ။
အဟံ၊ သည်။ ပ။
သမာဒပေတာ၊ ၏ ။
သာ ဇနတာစ၊ သည်လည်း။
မမ၊ ၏ ။
ဒိဋ္ဌာနုဂတိံ၊ သို့။
အာပဇ္ဇတိ၊ ၏ ။
ဣတိ၊ ဤသို့ မိန့်တော်မူပြီ။
ဘော ဂေါတမ၊ မ။
အရညဝနပတ္ထာနိ၊ တော-တောအုပ်ဖြစ်ကုန်သော။
သေနာသနာနိ၊ ကျောင်းတို့သည်၎င်း။
ပန္တာနိ၊ အစွန်အဖျားဖြစ်ကုန်သော။
သေနာသနာနိ၊ တို့သည်၎င်း။ဤကား ဋ္ဌ-အလို ပေးအပ်သောအနက်။ ဋီ-အလိုမူ "အရညဝနပတ္ထာနိ၊ တောရကျောင်းတို့သည်၎င်း။ ပန္တာနိ၊ ကုန်သော။ သေနာသနာနိ၊ တို့သည်လည်း၎င်း" ဟုပေး။
" အရညာနိ စ ဝနပတ္ထာနိစ" ဟူသော ဋ္ဌ-အဖွင့်ဖြင့် အရညသေနာသန, ဝနပတ္ထ သေနာသန ၂-မျိုးကိုပြ၏ ။အရညသေနာသန ဟူသည် တောရအင်္ဂါနှင့်ပြည့်စုံသော ကျောင်းတည်း။ ဝနပတ္ထသေနာသနဟူသည်ကား ပါရိသေသနည်းအရ ပရိယန္တသေနာသနမှတပါး မနုဿာနုပစာရဌာန ဖြစ်သော ဒူရ, ဝနသဏ္ဍ, ဘိံ သနက, သလောမဟံသ သေနာသနတည်း။
အရညဖြင့် တောရရုံဖြစ်သောကျောင်း, ဝနပတ္ထဖြင့် ဒူရဖြစ်သောကျောင်း, ပန္တဖြင့် အတိဒူရဖြစ်သောကျောင်းကို ပြ၏ဟူလို။
ပဋ္ဌန္တိ ဧတ္ထာတိ ပတ္ထံ၊ ဝနေသု ပတ္ထံ ဝနပတ္ထံ။ တောတို့၌ တည်ရာ ( ကျောင်း ) ကိုယူ။ ထို့ကြောင့် ဝနပတ္ထသည် ကျောင်းဟော။ ဝနပတ္ထသဒ္ဒါ၏ တောအုပ်အနက်ကို နစ်စေလို၍ အရည-ကိုမိန့်။ ထို့ကြောင့် ဋီ-အလို "အရညဝနပတ္ထာနိ၊ တောရကျောင်းတို့သည်" ဟုပေး။ ဒူရဘိသမ္ဘဝါနိ၊ ဝင်ရောက်နေနိုင်ခဲကုန်၏ ။ ( ဟိ အနက်မဲ့ ) ။ ပဝိဝေကံ၊ ကိုယ်၏ကင်းဆိတ်ခြင်းသည်။ ဒုက္ကရံ၊ ပြုနိုင်ခဲ၏ ။ ဧကတ္တေ၊ တစ်ယောက်တည်း၏ အဖြစ်၌။ ဒုရဘိရမံ၊ မွေ့လျော်နိုင်ခဲ၏ ။ ဝနာနိ၊ တောတို့သည်။ သမာဓိံ၊ သမာဓိကို။ အလဘမာနဿ၊ မရသော။ ဘိက္ခုနော၊ ၏ ။ မနော၊ စိတ်ကို။ ဟရန္တိမညေ၊ ဖယ်ရှားကုန်ယောင်တကား။ ဣတိ၊ ဤသို့။ ဇာဏုဿောဏိက၊ လျှောက်ထား၏။ ( ဧဝမေတံ၊ စသည်ကား ရှေးနှင့်တူပြီ ) ။ ဣတိ၊ ဤသို့ ဘုရားမိန့်တော်မူ၏ ။ ( ဣတိ၊ ကျေ ) ။
" အရညာနိ စ ဝနပတ္ထာနိစ" ဟူသော ဋ္ဌ-အဖွင့်ဖြင့် အရညသေနာသန, ဝနပတ္ထ သေနာသန ၂-မျိုးကိုပြ၏ ။အရညသေနာသန ဟူသည် တောရအင်္ဂါနှင့်ပြည့်စုံသော ကျောင်းတည်း။ ဝနပတ္ထသေနာသနဟူသည်ကား ပါရိသေသနည်းအရ ပရိယန္တသေနာသနမှတပါး မနုဿာနုပစာရဌာန ဖြစ်သော ဒူရ, ဝနသဏ္ဍ, ဘိံ သနက, သလောမဟံသ သေနာသနတည်း။
အရညဖြင့် တောရရုံဖြစ်သောကျောင်း, ဝနပတ္ထဖြင့် ဒူရဖြစ်သောကျောင်း, ပန္တဖြင့် အတိဒူရဖြစ်သောကျောင်းကို ပြ၏ဟူလို။
ပဋ္ဌန္တိ ဧတ္ထာတိ ပတ္ထံ၊ ဝနေသု ပတ္ထံ ဝနပတ္ထံ။ တောတို့၌ တည်ရာ ( ကျောင်း ) ကိုယူ။ ထို့ကြောင့် ဝနပတ္ထသည် ကျောင်းဟော။ ဝနပတ္ထသဒ္ဒါ၏ တောအုပ်အနက်ကို နစ်စေလို၍ အရည-ကိုမိန့်။ ထို့ကြောင့် ဋီ-အလို "အရညဝနပတ္ထာနိ၊ တောရကျောင်းတို့သည်" ဟုပေး။ ဒူရဘိသမ္ဘဝါနိ၊ ဝင်ရောက်နေနိုင်ခဲကုန်၏ ။ ( ဟိ အနက်မဲ့ ) ။ ပဝိဝေကံ၊ ကိုယ်၏ကင်းဆိတ်ခြင်းသည်။ ဒုက္ကရံ၊ ပြုနိုင်ခဲ၏ ။ ဧကတ္တေ၊ တစ်ယောက်တည်း၏ အဖြစ်၌။ ဒုရဘိရမံ၊ မွေ့လျော်နိုင်ခဲ၏ ။ ဝနာနိ၊ တောတို့သည်။ သမာဓိံ၊ သမာဓိကို။ အလဘမာနဿ၊ မရသော။ ဘိက္ခုနော၊ ၏ ။ မနော၊ စိတ်ကို။ ဟရန္တိမညေ၊ ဖယ်ရှားကုန်ယောင်တကား။ ဣတိ၊ ဤသို့။ ဇာဏုဿောဏိက၊ လျှောက်ထား၏။ ( ဧဝမေတံ၊ စသည်ကား ရှေးနှင့်တူပြီ ) ။ ဣတိ၊ ဤသို့ ဘုရားမိန့်တော်မူ၏ ။ ( ဣတိ၊ ကျေ ) ။
၃၅။ ဗြာဟ္မဏ၊ ဏား။
သမ္ဗောဓာ၊ သစ္စာလေးပါးကို သိသည်မှ။
ပုဗ္ဗေဝ၊ ရှေး၌ သာလျှင်။
အနဘိသမ္ဗုဒ္ဓဿ၊ သစ္စာလေးပါးကို မသိသေးသော။
ဗောဓိသတ္တဿေဝ၊ ဘုရားအလောင်းသည်သာလျှင်။
သတော၊ ဖြစ်စဥ်။
မယှံပိ၊ ငါဘုရား၏လည်း။
"အရညဝနပတ္ထာနိ၊ တို့သည်၎င်း။ ပ။
ဟရန္တိ မညေတိ၊ တကား" ဟူသော။
ဧတံ၊ ဤအကြံသည်။
အဟောသိ၊ ဖြစ်ပြီ။
ဗြာဟ္မဏ၊ ဏား။
တဿမယှံ၊ ထိုငါဘုရား၏။
(ဧတံ၊ ၌စပ် )
"ကေစိ၊ အချို့ကုန်သော။
ယေ သမဏာဝါ၊ အကြင်ရဟန်းတို့သည်၎င်း။
ယေဗြာဟ္မဏာဝါ၊ တို့သည်၎င်း။
အပရိသုဒ္ဓကာယကမ္မန္တာ၊ မစင်ကြယ်သော ကိုယ်အမှုရှိကုန်လျက်။
အရညဝနပတ္ထာနိ၊ တို့ကို၎င်း။
ပန္တာနိ၊ ကုန်သော။
သေနာသနာနိ၊ တို့ကို၎င်း။
ပဋိသေဝန္တိ၊ မှီဝဲကုန်၏ ။
ဘောန္တော၊ အရှင်ဖြစ်ကုန်သော။
တေ သမဏဗြာဟ္မဏာ၊ ထိုရဟန်း ပုံဏားတို့သည်။
အပရိသုဒ္ဓကာယကမ္မန္တသန္ဒောသဟေတု၊ မစင်ကြယ်သော ကိုယ်အမှုဟူသော မိမိအပြစ်ကြောင့်။
ဟဝေ၊ စင်စစ်။
အကုသလံ၊ မကောင်း ( ဆိုးဝါး ) သော။
ဘယဘေရဝံ၊ ကြောက်တတ်သောစိတ်, ကြောက်မက်ဖွယ်အာရုံကို။
အဝှါယန္တိ၊ ခေါ်ကုန်၏ ။
အဟံ၊ သည်။
အပရိသုဒ္ဓကာယကမ္မန္တော၊ ဖြစ်လျက်။
အရညဝနပတ္ထာနိ၊ တို့ကို၎င်း။
ပန္တာနိ၊ ကုန်သော။
သေနာသနာနိ၊ တို့ကို၎င်း။
နခေါ ပဋိသေဝါမိ၊ မမှီဝဲ။
အဟံ၊ သည်။
ပရိသုဒ္ဓကာယကမ္မန္တော၊ သည်။
အသ္မိ၊ ၏ ။
ယေအရိယာ၊ အကြင်အရိယာတို့သည်။
( တိ ဝေါ အနက်မဲ့ ) ။
ပရိသုဒ္ဓကာယကမ္မန္တာ၊ ဖြစ်၍။
အရညဝနပတ္ထာနိ၊ တို့ကို၎င်း။
ပန္တာနိ၊ ကုန်သော။
သေနာသနာနိ၊ တို့ကို၎င်း။
ပဋိသေဝန္တိ၊ ကုန်၏ ။
အဟံ၊ သည်။
တေသံ၊ ထိုအရိယာတို့တွင်။
အညတရောတိ၊ တစ်ယောက်အပါအဝင်တည်း" ဟူသော။
ဧတံ၊ သည်။
အဟောသိ၊ ပြီ။
ဗြာဟ္မဏ၊ ဏား။
အဟံ၊ သည်။
ဧတံ ပရိသုဒ္ဓကာယကမ္မတံ၊ ထိုစင်ကြယ်သော ကိုယ်အမှုရှိသည်၏ အဖြစ်ကို။
အတ္တနိ၊ မိမိ၌။
သမ္ပဿမာနော၊ ကောင်းစွာ မြင်သည်ဖြစ်၍။
အရညေ၊ ၌။
ဝိဟာရာယ၊ နေခြင်းငှါ။
ဘိယျော၊ လွန်စွာ။
ပလ္လောမံ၊ ကျသော အမွေးရှိသည်၏ အဖြစ်သို့
ပလ္လောမန္တိ ပန္နလောမတံ၊ ခေမံ၊ သောတ္ထိဘာဝန္တိ အတ္ထော။ (အဋ္ဌကထာ )။
အာပါဒိံ၊ ရောက်ပြီ။ ။ (၁)
၃၆။
အပရိသုဒ္ဓဝစီကမ္မန္တာ၊ မစင်ကြယ်သော နှုတ်အမှုရှိကုန်လျက်။ ပ။
အပရိသုဒ္ဓမနောကမ္မန္တာ၊ မစင်ကြယ်သော စိတ်အမှုရှိကုန်လျက်။ ပ။
အပရိသုဒ္ဓါဇီဝါ၊ မစင်ကြယ်သော အသက်မွေးမှုရှိကုန်လျက်။
(ကြွင်းမထူး) ။ ။ (၂-၃-၄)
ဗြာဟ္မဏ၊ ဏား။
တဿမယှံ၊ ထိုငါဘုရား၏ ။
"ကေစိ၊ ကုန်သော။
ယေ သမဏာဝါ၊ တို့သည်၎င်း။
ယေ ဗြာမဏာဝါ၊ တို့သည်၎င်း။
အဘိဇ္ဈာလူ၊ များသော အဘိဇ္ဈာ ရှိကုန်လျက်။
ကာမေသု တိဗ္ဗသာရာဂါ၊ ဝတ္ထုအာရုံ ကာမဂုဏ်တို့၌ ထက်မျက်ပြင်းပြသော တပ်စွမ်းခြင်းရှိကုန်လျက်
အဘိဇ္ဈာလု။ ပ။ ဟေတု-သု သမာသ်နေသည်ကို ထောက်၍ ကာမေသုနှင့် တိဗ္ဗသာရာဂါကို သမာသ်အဖြစ်ဖြင့် ပေးလိုက်သည်။။
အရညဝနပတ္ထာနိ၊ တို့ကို၎င်း။
ပန္တာနိ၊ ကုန်သော။
သေနာသနာနိ၊ တို့ကို၎င်း။
ပဋိသေဝန္တိ၊ ကုန်၏ ။
ဘောန္တော၊ အရှင်ဖြစ်သော။
တေ သမဏဗြာဟ္မဏာ၊ တို့သည်။
အဘိဇ္ဈာလု ကာမေသု တိဗ္ဗသာရာဂသန္ဒောသဟေတု၊ များသော အဘိဇ္ဈာရှိသူ ဝတ္ထုအာရုံကာမဂုဏ်တို့၌ ထက်မျက်ပြင်းပြသော တပ်စွမ်းခြင်းရှိသူတို့၏ အဖြစ်ဟူသော မိမိ အပြစ်ကြောင့်
ဤ၌-သံဝိဇ္ဇမာနော ဒေါသော သန္ဒောသော၊ သောယေဝ ဟေတု သန္ဒောသဟေတု၊ အဘိဇ္ဈာလူစကာမေသု တိဗ္ဗသာဂါစ အဘိဇ္ဈာလု။ပ။ သာရာဂါ၊ တေသံ သန္ဒောသဟေတု အဘိဇ္ဈာလု။ပ။ သန္ဒောသ ဟေတု-ဟု ကြံ၍လည်း ပေးနိုင်သည်။ အဋ္ဌကထာ။ အပရိသုဒ္ဓကာယကမ္မန္တသန္ဒောသဟေတု ပုဒ်၏ အဖွင့်ထောက်၍ အဘိဇ္ဈာလု-ကာမေသု။ပ။ သာရာဂပုဒ်တို့နောင် ဘာဝလောပဘာဝပ္ပဓာနကြံ၍ သန္ဒောသဟေတုနှင့် အရတူပေးလိုက်သည်။။
ဟဝေ၊ စင်စစ်။
အကုသလံ၊ မကောင်းသော။
ဘယဘေရဝံ၊ ကို။
အဝှါယန္တိ၊ ခေါ်ကုန်၏ ။
အဟံ၊ သည်။
အဘိဇ္ဈာလု၊ ဖြစ်၍။ ပ။
န ခေါ ပန ပဋိသေဝါမိ၊ မမှီဝဲသည်သာ။
အဟံ၊ သည်။
အနဘိဇ္ဈာလု၊ များသော အဘိဇ္ဈာရှိသူ မဟုတ်သည်။
အသ္မိ၊ ဖြစ်၏ ။
(ကြွင်းမထူးတော့ပြီ) ။ ။ (၅)
၃၈။
ဗျာပန္နစိတ္တာ၊ ဖောက်ပြန်ခြင်းသို့ ရောက်သော စိတ်ရှိကုန်လျက်။
ပဒုဋ္ဌမနသင်္ကပ္ပါ၊ ဒေါသသည် ဖျက်ဆီးအပ်သော စိတ်အကြံရှိကုန်လျက်
ဝိသသံသဋ္ဌမုတ္ထံဝိယ ဒေါသေန ပဒူသိဘစိတ္တသင်္ကပ္ပါ။ ။ ဋီကာ။ ။ ပဒုဋ္ဌ-ကတ္တုဝါစက မဟုတ်၊ ကမ္မဝါစက။ ထို့ကြောင့် ဖျက်ဆီးတတ်သော စိတ်အကြံရှိကုန်လျက်-ဟု မပေးသင့်။။ ပ။
ဗျာပန္နစိတ္တပဒုဋ္ဌမနသင်္ကပ္ပသန္ဒောသဟေတု၊ ဖောက်ပြန်ခြင်းသို့ ရောက်သော စိတ်, ဖျက်ဆီးအပ်ပြီးသောစိတ် အကြံဟု ဆိုအပ်သော မိမိအပြစ်ကြောင့်။ ပ။
အဟံ၊ သည်။
မေတ္တာစိတ္တော၊ မေတ္တာစိတ်ရှိသူသည်။
အသ္မိ၊ ၏ ။
(ကြွင်း ရှေးကို မှီး၍ပေး) ။ ။ (၆)
၃၉။
ထီနမိဒ္ဓပရိယုဋ္ဌိတာ၊ ထီနမိဒ္ဓတို့သည် လွှမ်းမိုးနှိပ်စက်အပ်ကုန်လျက်။ ပ။
ထီနမိဒ္ဓပရိယုဋ္ဌာနသန္ဒောသဟေတု၊ ထီနမိဒ္ဓ လွှမ်းမိုးနှိပ်စက်ခြင်းဟုဆိုအပ်သော မိမိအပြစ်ကြောင့်။ ပ။
ဝိဂတထီနမိဒ္ဓေါ၊ ကင်းသော ထီနမိဒ္ဓရှိသူသည်။
(ကြွင်း ရှေးကို မှီး၍ ပေးလေ) ။ ။ (၇)
၄၀။
ဥဒ္ဓတာ၊ ပျံ့လွင့်ကုန်လျက်။
အဝူပသန္တစိတ္တာ၊ မငြိမ်းအေးသော စိတ်ရှိကုန်လျက်။ ပ။
ဥဒ္ဓတအဝူပသန္တစိတ္တသန္ဒောသဟေတု၊ ပျံ့လွင့်မငြိမ်းအေးသော စိတ်ဟူသော မိမိအပြစ်ကြောင့်။ ပ။
ဝူပသန္တစိတ္တော၊ ငြိမ်းအေးသော စိတ်ရှိသူသည်။
(ကြွင်း ရှေးကို မှီး၍ ပေးလေ) ။ ။ (၈)
၄၁။
ကင်္ခီ၊ ယုံမှားခြင်းရှိကုန်လျက်။
ဝိစိကိစ္ဆီ၊ မဆုံးဖြတ်နိုင်သော သဘောရှိကုန်လျက်။ ပ။
ကင်္ခီဝိစိကိစ္ဆိသန္ဒောသဟေတု၊ ယုံမှားခြင်းရှိသူ မဆုံးဖြတ်နိုင်သူတို့၏ အဖြစ်ဟူသော မိမိအပြစ်ကြောင့်။ ပ။
တိဏ္ဏဝိစိကိစ္ဆော၊ ကူးမြောက်အပ်ပြီးသော မဆုံးဖြတ်နိုင်ခြင်းရှိသူသည်။
(ကြွင်း ရှေးကို မှီး၍ ပေးလေ) ။ ။ (၉)
၄၂။
အတ္တုက္ကံသကာ၊ မိမိကို မြှောက်ပင့်ကုန်လျက်။
ပရဝမ္ဘီ၊ သူတစ်ပါးကို ရှုတ်ချကုန်လျက်။ ပ။
အတ္တုက္ကံသနပရဝမ္ဘနသန္ဒောသဟေတု၊ မိမိကို မြှောက်ပင့်ခြင်း သူတပါးကို ရှုတ်ချခြင်းဟု ဆိုအပ်သော မိမိအပြစ်ဟူသော အကြောင်းကြောင့်။ ပ။
အနတ္တုက္ကံသကော၊ မိမိကို မမြှောက်ပင့်သူသည်။
အပရဝမ္ဘီ၊ သူတပါးကို မရှုတ်ချသူသည်။
( ကြွင်း ရှေးကို မှီး၍ ပေးလေ ) ။ ။ (၁၀)
၄၃။
ဆမ္ဘီ၊ ကိုယ်ခက်တရော် ရှိကုန်လျက်။
ဘီရုကဇာတိကာ၊ ကြောက်ရွံ့သော သဘောရှိကုန်လျက်။ ပ။
ဆမ္ဘိဘီရုကဇာဘိကသန္ဒောသဟေတု၊ ကိုယ်ခက်တရော် ဖြစ်ခြင်းရှိသူ ကြောက်ရွံ့ခြင်း သဘောရှိသူတို့၏ အဖြစ်ဟူသော မိမိအပြစ်ကြောင့်။ ပ။
ဝိဂတလောမဟံသော၊ ကင်းပြီးသော အမွေး ရွှင်ပျ ကြက်သီးထခြင်း ရှိသူသည်။
(ကြွင်း ရှေးကို မှီး၍ ပေးလေ) ။ ။ (၁၁)
၄၄။
လာဘသက္ကာရသိလောကံ၊ လာဘ်ပူဇော် အကျော်အစောကို။
နိကာမယမာနာ၊ အလိုရှိကုန်လျက်။ ပ။
လာဘသက္ကာရသိလောကနိကာမနသန္ဒောသဟေတု၊ လာဘ်ပူဇော်အကျော်အစောကို အလိုရှိခြင်းဟု ဆိုအပ်သော မိမိအပြစ်ကြောင့်။ ပ။
အပ္ပိစ္ဆော၊ နည်းသော အလိုရမ္မက်ရှိသူသည်။
(ကြွင်း ရှေးကို မှီး၍ ပေးလေ) ။ ။ (၁၂)
၄၅။
ကုသီတာ၊ ပျင်းရိကုန်လျက်။
(ကုစ္ဆိတံ+ သီဒန္တီတိ ကုသီတာ-ဋီကာ) ။
ဟီနဝီရိယာ၊ လုံ့လဝီရိယမှ ကင်းကုန်လျက်။ ပ။
ကုသီတဟီနဝီရိယသန္ဒောသဟေတု၊ ပျင်းရိသူ ဝီရိယမှ ကင်းသူတို့၏ အဖြစ်ဟူသော မိမိအပြစ်ကြောင့်။ ပ။
အာရဒ္ဓဝီရိယော၊ အားထုတ်အပ်သော လုံ့လရှိသူသည်။
(ကြွင်း ရှေးနည်းကို မှီး၍ ပေးလေ) ။ ။ (၁၃)
၄၆။
မုဋ္ဌဿတီ၊ မေ့ပျောက်သော သတိရှိကုန်လျက်။
အသမ္ပဇာနာ၊ ဆင်ခြင်တတ်သူတို့ မဟုတ်ကုန်ဘဲလျက်။
(ဤ၂-ပုဒ်နှင့် စပ်၍ ဋီကာ အဖွင့် စိတ်ဝင်စားဖွယ် ကောင်း၏၊ ရှုလေ) ။ ပ။
မုဋ္ဌဿတိအသမ္ပဇာနသန္ဒောသဟေတု၊ မေ့ပျောက်သော သတိရှိသူ ကင်းမဲ့သော ဆင်ခြင်ဉာဏ်ရှိသူတို့၏အဖြစ်ဟူသော မိမိအပြစ်ကြောင့်။ ပ။
ဥပဋ္ဌိတဿတိ၊ ထင်သောသတိရှိသူသည်။
(ကြွင်းရှေးနည်း မှီး၍ ပေး) ။ ။ (၁၄)
၄၇။
အသမာဟိတာ၊ တည်ကြည်သူတို့ မဟုတ်ကုန်ဘဲလျက်။
ဝိဗ္ဘန္တစိတ္တာ၊ (အထူးထူးသော အာရုံ၌) ချာချာလည်သော စိတ်ရှိကုန်လျက်
ဤ၌ နာနာရမ္မဏေသု ပရိဗ္ဘမတိ ဧကာရမ္မဏေ ဝိပ္ဖန္ဒတိ-ဟု အဋ္ဌကထာ ဖွင့်ခြင်းနှင့်စပ်၍ စာပိုဒ်၄၀-နှင့်၄၇-ပါဠိတော်ချင်း ညှိ၍၎င်း၊ ဋီကာ ရှင်းပြပုံကို၎င်း ရှုလေ။။
အသမာဟိတဝိဗ္ဘန္တစိတ္တသန္ဒေါသဟေတု၊ မတည်ကြည်သောစိတ်ရှိသူ အထူးထူးသော အာရုံတို့၌ ချာချာလည်သော စိတ်ရှိသူတို့၏ အဖြစ်ဟူသော မိမိအပြစ်ကြောင့်။ ပ။
သမာဓိသမ္ပန္နော၊ သမာဓိနှင့် ပြည့်စုံသူသည်။
(ကြွင်းရှေးနည်းကို မှီး၍ ပေး) ။ ။ (၁၅)
၄၈။
ဒုပ္ပညာ၊ ပညာမရှိကုန်ဘဲလျက်။
ဧဋ္ဌမူဂါ၊ တံတွေးယိုသော ခံတွင်းရှိကုန်လျက်။
(အပြစ်ရှိသော ခံတွင်းရှိကုန်လျက်-ဟု ဋီကာ အလိုပေး) ။ ပ။
ဒုပ္ပညဧဠမူဂသန္ဒောသဟေတု၊ ပညာမဲ့သူ တံတွင်းယိုသော ခံတွင်းရှိသူတို့၏ အဖြစ်ဟူသော မိမိအပြစ်ကြောင့်။ ပ။
ပညာသမ္ပန္နော၊ ပညာနှင့်ပြည့်စုံသူသည်။ ပ။
ပညာသမ္ပဒံ၊ ပညာနှင့်ပြည့်စုံခြင်းကို။
(ကြွင်းရှေးနည်းကိုမှီး၍ပေးလေ) ။ ။ (၁၆)
သောဠသပရိယာယံ၊ တဆယ်ခြောက်ပါးသောအလှည့်သည်။
နိဋ္ဌိတံ၊ ပြီးပြီ။
၄၉။ ဗြာဟ္မာဏ၊ ဏား။
တဿမယှံ၊ ၏ ။
"အဟံ၊ သည်။
ပက္ခဿ၊ လဆန်းလဆုတ်၏။
စာတုဒ္ဒသီစ၊ တဆယ့်လေးရက်မြောက်လည်း ဖြစ်ကုန်သော။
ပဉ္စဒသီစ၊ တဆယ့်ငါးရက်မြောက်လည်း ဖြစ်ကုန်သော။
အဋ္ဌမီစ၊ ရှစ်ရက်မြောက်လည်း ဖြစ်ကုန်သော။
ယာတာရတ္တိ၊ အကြင်ညဉ့်နေ့တို့ကို။
အဘိညာတာ၊ အမှတ်အားဖြင့် သိအပ်ကုန်၏။
အဘိလက္ခိတာ၊ မှတ်သားအပ်ကုန်၏။
တထာရူပါသု၊ ထိုသို့သဘောရှိကုန််သော။
ရတ္တီသု၊ ညဥ့်နေ့တို့၌။
ယာတိတာနိ အာရာမစေတိယာနိ၊ အကြင်ပူဇော်အပ်သော အရံတို့သည်။
ယာနိတာနိ ဝနစေတိယာနိ၊ အကြင်ပူဇော်အပ်သော တောတို့သည်။
ယာနိတာနိ ရုက္ခစေတိယာနိ၊ အကြင်ပူဇော်အပ်သော သစ်ပင်တို့သည်။
ဘိံ သနကာနိ၊ ကြောက်မက်ဖွယ်ကို ဖြစ်စေတတ်ကုန်၏။
သလောမဟံသာနိ၊ ကြက်သီးမွေးညင်းထခြင်းနှင့်တကွ ဖြစ်ကုန်၏။
တထာရူပေသု၊ ကုန်သော။
သေနာသနေသု၊ ကျောင်းအိပ်ရာနေရာအရပ်တို့၌။
အဟံ၊ သည်။
ဘယဘေရဝံ၊ ကြောက်ဖွယ် အလွန်ကြောက်မက်ဖွယ်အာရုံကို
ဤ၌ ပဿေယျံ ကြိယာကို ထောက်၍ ဘာယတိ ဧတသ္မာတိ ဘယံ၊ အတိဝိယ သပ္ပဋိဘယံ ဘေရဝံ-ဟု ဋီကာ-ဆိုသည်၊ ရှေ့နှင့်မတူ။။
အပ္ပေဝနာမပဿေယျံ၊ မြင်ငြားအံ့လည်း မသိ။
(အပိနာမ၊ စင်စစ်။
ပဿေယျံဧဝ၊ မြင်နိုင်ရာသည်သာတည်း။ ဤကား အဋ္ဌကထာအလိုတည်း) ။
ဣတိ၊ ဤသို့ နှလုံးသွင်း၍။
ဝိဟရေယျံ၊ နေရမူကား။
ယန္နူနာတိ၊ ကောင်းလေစွ" ဟူသော။
ဧတံ၊ ဤအကြံသည်။
အဟောသိ၊ ဖြစ်ပြီ။
ဗြာဟ္မဏ၊ ဏား။
သောအဟံ၊ သည်။
အပရေနသမယေန၊ တပါးသော အခါ၌။ ပ။
ဝိဟရာမိ၊ နေတော်မူ၏။
ဗြာဟ္မဏ၊ ဏား။
တတ္ထစ၊ ထိုအရပ်တို့၌လည်း။
ဝိဟရတော၊ နေသော။
မေ၊ ငါ၏ (အထံသို့) ။
မဂေါဝါ၊ သားကောင်သည် မူလည်း။
အာဂစ္ဆတိ၊ လာ၏။
မောရောဝါ၊ ဥဒေါင်းသည် မူလည်း။
ကဋ္ဌံ၊ ထင်းခြောက်ကို။
ပါတေတိ၊ ချ၏ ။
ဝါတောဝါ၊ လေသည် မူလည်း။
ပဏ္ဏကသဋံ၊ သစ်ရွက်မှိုက်ကို။
ဧရေတိ၊ တိုက်ခတ်၏ ။
ဗြာဟ္မဏ၊ ဏား။
ဣတိဧတံ၊ သည်။
အဟောသိ၊ ပြီ။
တဿမယှံ၊ ၏ ။
ယံ ဘယဘေရဝံ၊ အကြင်ကြောက်မက်ဖွယ်အာရုံ-အလွန်ကြောက်မက်ဖွယ်အာရုံသည်။
အာဂစ္ဆတိ၊ လာ၏ ။
တံ ဘယဘေရဝံ၊ သည်။
ဧတံနူန၊ ဤအာရုံလေသော။
ဗြာဟ္မဏ၊ ဏား။
တဿမယှံ၊ ၏ ။
"အဟံ၊ သည်။
အညဒတ္ထု၊ စင်စစ်။
ဘယပဋိကင်္ခီ၊ ဘေးကို အလိုရှိသည်ဖြစ်၍။
ဝိဟရာမိ ကိံ နုခေါ၊ နေရအံ့နည်း။
ယတာဘူတဿ၊ အကြင်ကြင်ဣရိယာပုထ်အားဖြင့် ဖြစ်သော။
မေ၊ ငါ၏ (အထံသို့) ။
ယထာဘူတံ၊ အကြင်သို့သော အခြင်းအရာအားဖြင့် ဖြစ်သော။
တံ ဘယဘေရဝံ၊ သည်။
အာဂစ္ဆတိ၊ ၏။
တထာဘူတော၊ ထိုထိုဣရိယာပုထ်အားဖြင့်သာလျှင် ဖြစ်သော။
အဟံ၊ ငါသည်။
တထာဘူတံ၊ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သော။
တံဘယဘေရဝံ၊ ကို။
ပဋိဝိနေယျံ၊ ဖျောက်ရမူကား။
ယန္နူနာတိ၊ ကောင်းလေစွ" ဟူသော။
ဧတံ၊ သည်။
အဟောသိ၊ ပြီ။
ဗြာဟ္မဏ၊ ဏား။
စင်္ကမန္တဿ၊ စင်္ကြံသွားသော။
တဿ မယှံ၊ ထိုငါ၏ (ထံသို့) ။
တံ ဘယဘေရဝံ၊ သည်။
အာဂစ္ဆတိ၊ ၏။
ဗြာဟ္မဏ၊ ဏား။
သော အဟံ၊ သည်။
ယာဝ၊ အကြင်မျှလောက်။
စင်္ကမန္တောဝ၊ စင်္ကြံ သွားလျက်သာလျှင်။
တံဘယဘေရဝံ၊ ကို။
ပဋိဝိနေမိ၊ ပယ်ဖျောက်၏ ။
တာဝ၊ လောက်။
နေဝ တိဋ္ဌာမိ၊ မရပ်။
န နိသီဒါမိ၊ မထိုင်။
န နိပဇ္ဇာမိ၊ မလျောင်း။
(ဌိတောဝ၊ ရပ်လျက်သာလျှင်။
နိသိန္နောဝ၊ ထိုင်လျက်သာလျှင်။
နိပန္နောဝ၊ လျောင်းလျက်သာလျှင်။
ဤသုံးပုဒ်သာလျှင်ထူးသည်။ အကြွင်း တူပြီ) ။
၅၀။ ဗြာဟ္မဏ၊ ဏား။
ဧကေ၊ အချို့ကုန်သော။
ယေ သမဏဗြာဟ္မဏာ၊ တို့သည်။
ရတ္တိံ ယေဝသမာနံ၊ ညဉ့်ဖြစ်လျက်ကိုပင်။
ဒိဝါတိ၊ နေ့ဟူ၍။
သဉ္ဇာနန္တိ၊ မှတ်ထင်ကုန်၏ ။
ဒိဝါယေဝ သမာနံ၊ နေ့ဖြစ်လျက်ကိုပင်။
ရတ္တီတိ၊ ညဉ့်ဟူ၍။
သဉ္ဇာနန္တိ၊ ကုန်၏ ။
တေသမဏဗြာဟ္မဏာ၊ တို့သည်။
သန္တိ၊ ရှိကုန်၏ ။
အဟံ၊ ငါသည်။
ဣဒံ၊ ဤသို့မှတ်ထင်ခြင်းကို။
တေသံ သမဏဗြာဟ္မဏာနံ၊ တို့၏ ။
သမ္မောဟဝိဟာရသ္မိံ၊ တွေတွေဝေဝေနေခြင်းတွင်။
(အညတရံ၊ တပါးဟူ၍) ။
ဝဒါမိ၊ ဟောတော်မူ၏။
(တနည်း။
ဣဒံ၊ သည်။
တေသံ သမဏဗြာဟ္မဏာနံ၊ တို့၏ ။
သမ္မောဟဝိဟာရသ္မိံ၊ တွေတွေဝေဝေနေခြင်းတည်း။
ဣတိ၊ သို့။
အဟံ၊ ငါသည်။
ဝဒါမိ၊ ဟောတော်မူ၏) ။
ဗြာဟ္မဏ၊ ဏား။
အဟံ၊ သည်။ ပ။
သဉ္ဇာနာမိ၊ ၏ ။
ဗြာဟ္မဏ၊ ဏား။
"အသမ္မောဟဓမ္မော၊ တွေဝေခြင်းသဘောမရှိသော။
သတ္တော၊ သတ္တဝါသည်။
ဗဟုဇနဟိတာယ၊ လူအများ၏ စီးပွါးအကျိုးငှါ။
ဗဟုဇနသုခါယ၊ လူအများ၏ချမ်းသာ အကျိုးငှါ။
လောကာနုကမ္ပာယ၊ လူအများကို အစဉ်စောင့်ရှောက်ခြင်းငှါ။
ဒေဝမနုဿာနံ၊ နတ်လူတို့၏ ။
အတ္ထာယ၊ အကျိုးငှါ။
ဟိတာယ၊ စီးပွါးအလို့ငှါ။
သုခါယ၊ ချမ်းသာခြင်းငှါ။
လောကေ၊ လောက၌။
ဥပ္ပန္နောတိ၊ ဖြစ်ပြီ" ဟူသော။
ယံတံ၊ အကြင်စကားကို။
သမ္မာ၊ ကောင်းစွာ။
ဝဒမာနော၊ ဆိုသောသူသည်။
ဝဒေယျ၊ ဆိုရာ၏ ။
"အသမ္မောဟဓမ္မော၊ သော။
သတ္တော၊ သည်။ ပ။
ဥပ္ပန္နောတိ၊ ပြီ" ဟူသော။
တံ၊ ထိုစကားကို။
သမ္မာ၊ စွာ။
ဝဒမာနော၊ သည်။
မမေဝ၊ ငါဘုရားကိုသာလျှင်။
ဝဒေယျ၊ ရာ၏ ။
၅၁။ ဗြာဟ္မဏ၊ ဏား။
မေ၊ ငါသည်။
ဝီရိယံ၊ လုံ့လကို။
အာရဒ္ဓံ၊ အားထုတ်အပ်ပြီ။
ဝါ၊ အားထုတ်အပ်သောကြောင့်။
အသလ္လီနံ၊ မတွံ့ဆုတ်သည်။
အဟောသိ၊ ဖြစ်ပြီ။
သတိ၊ သတိသည်။
ဥပဋ္ဌိတာ၊ ထင်ပြီ။
ဝါ၊ ထင်သောကြောင့်။
အသမ္မုဋ္ဌာ၊ မမေ့ပျောက်ပြီ။
ကာယော၊ ကာယ (၂-ပါး) သည်လည်း။
ပဿဒ္ဓေါ၊ ငြိမ်းချမ်းပြီ။
ဝါ၊ ငြိမ်းချမ်းသောကြောင့်။
အသာရဒ္ဓေါ၊ ပူပန်ခြင်း မရှိပြီ။
စိတ္တံ၊ စိတ်သည်။
ဝါ၊ ကို။
သမာဟိတံ၊ ကောင်းစွာ ထားအပ်ပြီ။
ဝါ၊ ကောင်းစွာထားအပ်သောကြောင့်။
ဧကဂ္ဂံ၊ တခုတည်းသော အာရုံရှိသည်။
ဝါ၊ တည်ကြည်သည်။
အဟောသိ၊ ပြီ။
ဗြာဟ္မဏ၊ ဏား။
သော အဟံ၊ သည်။
ကာမေဟိ၊ ဝတ္ထုကာမ ကိလေသာကာမှ။
ဝိဝိစ္စေဝ၊ ကင်းဆိတ်၍သာလျှင်။
အကုသလေဟိ၊ အကုသိုလ် ဖြစ်ကုန်သော။
ဓမ္မေဟိ၊ တရားတို့မှ။
ဝိဝိစ္စဧဝ၊ ၍ သာလျှင်။
သဝိတက္ကံ၊ ဝိတက်နှင့်တကွသော။
သဝိစာရံ၊ ဝိစာရနှင့်တကွသော။
ဝိဝေကဇံ၊ နီဝရဏတို့မှ ကင်းခြင်းကြောင့်ဖြစ်သော။
ပီတိသုခံ၊ သော။
ပီတိသုခံ၊ ပီတိသုခရှိသော။
ပဌမံဈာနံ၊ ပဌမဈာန်ကို။
ဥပသမ္ပဇ္ဇ၊ ပြည့်စုံစေ၍။
ဝိဟာသိံ၊ နေပြီ။
ဝိတက္ကဝိစာရာနံ၊ ဝိတက်ဝိစာရတို့၏။
ဝူပသမာ၊ ငြိမ်းခြင်းကြောင့်။
အဇ္ဈတ္တံ၊ မိမိသန္တာန်၌။
စေတသော၊ စိတ်ကို။
သမ္ပသာဒနံ၊ ကြည်စေတတ်သော။
စေတသော၊ စိတ်၏ ။
ဧကောဒိဘာဝံ၊ မြတ်သော သမာဓိကို ဖြစ်စေတတ်သော။
အဝိတက္ကံ၊ ဝိတက်လည်း မရှိသော။
အဝိစာရံ၊ ဝိစာရလည်းမရှိသော။
သမာဓိဇံ၊ ပဌမဈာန်သမာဓိကြောင့် ဖြစ်သော။
ပီတိသုခံ၊ သော။
ဒုတိယံ ဈာနံ၊ ဒုတိယဈာန်ကို။
ဥပသမ္ပဇ္ဇ၊ ၍။
ဝိဟာသိံ၊ ပြီ။
ပီတိယာ၊ ပီတိကို။
ဝိရာဂါစ၊ စက်ဆုပ်ခြင်းကြောင့်လည်း။
( စ-ဖြင့် ဝိတက္ကဝိစာရာနံ ဝူပသမာ-ကို ပြန်၍ဆည်း) ။
ဥပေက္ခကောစ၊ လျစ်လျူရှုသည်ဖြစ်၍၎င်း။
သတောစ၊ သတိရှိသည်ဖြစ်၍၎င်း။
သမ္ပဇာနောစ၊ ဆင်ခြင်တတ်သော ပညာရှိသည်ဖြစ်၍၎င်း။
ဝိဟာသိံ၊ ပြီ။
သုခဉ္စ၊ (ကာယိကစေတသိက) သုခနှစ်ပါးကိုလည်း။
ကာယေန၊ နာမကာယဖြင့်။
ပဋိသံဝေဒေသိံ၊ ခံစားပြီ။
ယံ၊ အကြင် (တတိယဈာန်ဟူသော) အကြောင်းကြောင့်။
တံ၊ ထိုတတိယဈာန်ရှင် ပုဂ္ဂိုလ်ကို။
အရိယာ၊ (ဘုရားစသော) အရိယာပုဂ္ဂိုလ်တို့သည်။
အာစိက္ခန္တိ၊ ချီးမွမ်းပြောကြားကုန်၏။
"ဥပေက္ခကော၊ (တတိယဈာန်ချမ်းသာကိုပင်) လျစ်လျူရှုပေသူ။
သတိမာ၊ သတိရှိပေသူ။
သုခဝိဟာရီတိ၊ ချမ်းသာစွာနေလေ့ရှိပေသူ" ဟူ၍။
တံ တတိယံစျာနံ၊ ထိုတတိယဈာန်ကို။
ဥပသမ္ပဇ္ဇ၊ ၍။
ဝိဟာသိံ၊ ပြီ။
သုခဿစ၊ ကာယိကသုခကိုလည်း။
ပဟာနာ၊ ပယ်ခြင်းကြောင့်။
ဒုက္ခဿစ၊ ကာယိကဒုက္ခကိုလည်း။
ပဟာနာ၊ ကြောင့်။
ပုဗ္ဗေဝ၊ ရှေး၌သာလျှင်။
(စတုတ္ထဈာန် ဥပစာခဏကိုယူ) ။
သောမနဿ ဒေါမနဿာနံ၊ သောမနဿဝေဒနာ (စေတသိကသုခ) ဒေါမနဿဝေဒနာ (စေတသိကဒုက္ခ) တို့၏။
အတ္ထင်္ဂမာ၊ ချုပ်ခြင်းကြောင့်။
အဒုက္ခမသုခံ၊ ဒုက္ခလည်းမရှိ သုခလည်းမရှိသော။
ဥပေက္ခာသတိပါရိသုဒ္ဓိံ၊ ဥပေက္ခာသည် ဖြစ်စေအပ်သော သတိ၏ စင်ကြယ်ခြင်းရှိသော။
စတုတ္ထံဈာနံ၊ စတုတ္ထဈာန်ကို။
ဥပသမ္ပဇ္ဇ၊ ၍။
ဝိံဟာသိံ၊ ပြီ။
၅၂။ သော၊ ထိုငါဘုရားသည်။
ဧဝံ၊ ဤသို့။
သမာဟိတေ၊ တည်ကြည်လတ်သော်။
ပရိသုဒ္ဓေ၊ စင်ကြယ်လတ်သော။
ပရိယောဒါတေ၊ ဖြူစင်လတ်သော်။
အနင်္ဂဏေ၊ ကိလေသာမရှိလတ်သော်။
ဝိဂတူပက္ကိလေသေ၊ ကင်းပြီးသော ညစ်ညူးကြောင်း ကိလေသာ ရှိလတ်သော်။
မုဒုဘူတေ၊ နူးညံ့စွာ ဖြစ်လတ်သော်။
ကမ္မနိယေ၊ အမှု၌ ခံ့လတ်သော်။
ဌိတေ၊ တည်လတ်သော်။
အာနေဉ္ဇပ္ပတ္တေ၊ မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော်။
ပုဗ္ဗေနိဝါသာနုဿတိဉာဏာယ၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၏ အကျိုးငှါ။
စိတ္တံ၊ စိတ်ကို။
အဘိနိန္နာမေသိံ၊ ညွှတ်စေပြီ။
သော၊ ထိုငါဘုရားသည်။
အနေကဝိဟိတံ၊ များသော အပြားရှိသော။
ပုဗ္ဗေနိဝါသံ၊ ရှေး၌နေဘူးသော ခန္ဓာအစဥ်ကို။
အနုဿရာမိ၊ အစဥ်လျှောက်၍ အောက်မေ့၏ ။
သေယျထာ၊ အဘယ်မည်သော။
ဣံဒံ၊ ဤရှေး၌နေဘူးသောခန္ဓာအစဥ်ကို။
အနုဿရာမိ၊ နည်း။
ဧကမ္ပိ ဇာတိံ၊ တဘဝကို၎င်း။
ဒွေပိ ဇာတိယော၊ နှစ်ဘဝတို့ကို၎င်း။
တိဿောပိ ဇာတိယော၊ သုံးဘဝတို့ကို၎င်း။
စတဿောပိ ဇာတိယော၊ လေးဘဝတို့ကို၎င်း။
ပဉ္စပိ ဇာတိယော၊ ငါးဘဝတို့ကို၎င်း။
ဒသပိ ဇာတိယော၊ ဆယ်ဘဝတို့ကို၎င်း။
ဝီသမ္ပိ ဇာတိယော၊ နှစ်ဆယ်သော ဘဝတို့ကို၎င်း။
တိံသမ္ပိ ဇာတိယော၊ သုံးဆယ်သော ဘဝတို့ကို၎င်း။
စတ္တာလီသမ္ပိ ဇာတိယော၊ လေးဆယ်သော ဘဝတို့ကို၎င်း။
ပညာသမ္ပိ ဇာတိယော၊ ငါးဆယ်သော ဘဝတို့ကို၎င်း။
ဇာတိသတမ္ပိ၊ ဘဝအရာကို၎င်း။
ဇာတိသဟဿမ္ပိ၊ ဘဝအထောင်ကို၎င်း။
ဇာတိသတသဟဿမ္ပိ၊ ဘဝအသိန်းကို၎င်း။
အနေကေပိ၊ များစွာလည်းဖြစ်ကုန်သော။
သံဝဋ္ဋကပ္ပေ၊ သံဝဋ္ဋကပ်တို့ကို၎င်း။
အနေကေပိ၊ ကုန်သော။
ဝိဝဋ္ဋကပ္ပေ၊ ဝိဝဋ္ဋကပ်တို့ကို၎င်း။
အနေကေပိ၊ ကုန်သော။
သံဝဋ္ဋ ဝိဝဋ္ဋကပ္ပေ၊ သံဝဋ္ဋ ဝိဝဋ္ဋကပ်တို့ကို၎င်း။
(အနုဿရာမိ)၊ ၏ ။
"အမုတြ၊ ထိုမည်သော ဘဝ၌။
ဧဝံ နာမော၊ ဤသို့သော အမည်ရှိသည်။
ဧဝံ ဂေါတ္တော၊ ဤသို့သော အနွယ်ရှိသည်။
ဧဝံ ဝဏ္ဏော၊ ဤသို့သော အဆင်းရှိသည်။
ဧဝမာဟာရော၊ ဤသို့သော အစာအာဟာရရှိသည်။
ဧဝံ သုခဒုက္ခပ္ပဋိသံဝေဒီ၊ ဤသို့သော ချမ်းသာ ဆင်းရဲကို ခံစားလေ့ရှိသည်။
ဧဝမာယုပရိယန္တော၊ ဤသို့သော အသက်အပိုင်းရှိသည်။
အာသိံ၊ ဖြစ်ဘူးပြီ။
သော၊ ထိုငါသည်။
တတော၊ ထိုဘဝမှ။
စုတော၊ စုတေသော်။
အမုတြ၊ ထိုဘဝ၌။
ဥဒပါဒိံ၊ ဖြစ်ပြီ။
တတြပိ၊ ထိုဘဝ၌လည်း။
ဧဝံနာမော၊ သည်။ ပ။
အာသိံ၊ ပြီ။
သော၊ သည်။
တတော၊ ထိုဘဝမှ။
စုတော၊ သော်။
ဣဓ၊ ဤဘဝ၌။
ဥပပန္နောတိ၊ ဖြစ်ပြီ" ဟူ၍ ။
(အနုဿရာမိ၊ ၏ ။)
ဣတိ၊ ဤသို့။
သာကာရံ၊ အဆင်းစသော အခြင်းအရာနှင့်တကွသော။
သဥဒ္ဒေသံ၊ အမည်အနွယ်ဟူသော ညွှန်ပြဖွယ်နှင့်တကွသော။
အနေကဝိဟိတံ၊ သော။
ပုဗ္ဗေနိဝါသံ၊ ကို။
အနုဿရာမိ၊ ၏ ။
ဗြာဟ္မဏ၊ ဏား။
မေ၊ ငါသည်။
ရတ္တိယာ၊ ညဉ့်၏ ။
ပဌမေယာမေ၊ ပထမယာမ်၌။
ပဌမာ၊ ရှေးဦးစွာသော။
အယံဝိဇ္ဇာ၊ ဤပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို။
အဓိဂတာ၊ ရအပ်ပြီ။
အပ္ပမတ္တဿ၊ မမေ့လျော့သည်ဖြစ်၍။
အာတာပိနော၊ ကိလေသာကို လောင်ကျွမ်းစေတတ်သော လုံ့လရှိသည်ဖြစ်၍။
ပဟိတတ္တဿ၊ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍။
ဝိဟရတော ယထာ၊ နေသူ၏ (သန္တာန်၌) ကဲ့သို့။
အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။
ဝိဟတာ၊ ပျောက်ပြီ။
ဝိဇ္ဇာ၊ ဝိဇ္ဇာသည်။
ဥပ္ပန္နာ၊ ဖြစ်ပြီ။
တမော၊ အမိုက်မှောင်သည်။
ဝိဟတော၊ ပျောက်ပြီ။
အာလောကော၊ အလင်းရောင်သည်။
ဥပ္ပန္နော၊ ဖြစ်ပြီ။
၅၃။ သော၊ သည်။ ပ။
သတ္တာနံစုတူပပါတဉာဏာယ၊ သတ္တစုတူပပါတဉာဏ်၏ အကျိုးငှါ။
စိတ္တံ၊ ကို။
အဘိနိန္နာမေသိံ၊ ပြီ။
သော၊ သည်။
ဝိသုဒ္ဓေန၊ အထူးသဖြင့် စင်ကြယ်သော။
အတိက္ကန္တမာနုသကေန၊ လူတို့၏ မျက်စိအမြင်ကို လွန်သော။
ဒိဗ္ဗေန စက္ခုနာ၊ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်။
စဝမာနေ၊ စုတေဆဲ ဖြစ်ကုန်သော။
ဥပပဇ္ဇမာနေ၊ ပဋိသန္ဓေ နေဆဲ ဖြစ်ကုန်သော။
သတ္တေ၊ သတ္တဝါတို့ကို။
ပဿာမိ၊ မြင်၏ ။
ဟီနေ၊ ယုတ်ကုန်သော။
ပဏီတေ၊ မြတ်ကုန်သော။
သတ္တေ၊ တို့ကို။
ပဿာမိ၊ ၏ ။
သုဝဏ္ဏေ၊ အဆင်းလှကုန်သော။
ဒုဗ္ဗဏ္ဏေ၊ အဆင်းမလှကုန်သော။
သတ္တေ၊ တို့ကို။
ပဿမိ၊ ၏ ။
သုဂတေ၊ ကောင်းသော ဂတိသို့ လားကုန်သော။
ဝါ၊ ကြွယ်ဝကုန်သော။
ဒုဂ္ဂတေ၊ မကောင်းသော ဂတိသို့ လားကုန်သော။
ဝါ၊ ဆင်းရဲကုန်သော။
သတ္တေ၊ တို့ကို ။
ပဿာမိ၊ ၏ ။
(သတ္တေ ပဿာမိကို ၄-ဒုကလုံး၌ ယှဥ်ပေးသည်) ။
ယထာကမ္မူပဂေ၊ အကြင် အကြင်ကံကြောင့် ကပ်ရောက်ကုန်သော။
သတ္တေ၊ တို့ကို။
( ပဇာနာမိ၊ ၌စပ်) ။
"ဘောန္တော၊ အရှင် ဖြစ်ကုန်သော။
ဣမေ သတ္တာ၊ ဤသတ္တဝါတို့သည်။
ဝတ၊ စင်စစ်။
ကာယဒုစ္စရိတေန၊ ကာယဒုစရိုက်နှင့်။
(ကိုယ်ဖြင့် မကောင်းစွာပြုကျင့်အပ်သော အမှုနှင့်) ။
သမန္နာဂတာ၊ ပြည့်စုံကုန်၏ ။
ဝစီဒုစ္စရိတေန၊ ဝစီဒုစရိုက်နှင့်။
(နှုတ်ဖြင့် မကောင်းစွာ ပြုကျင့်အပ်သော အမှုနှင့်) ။
သမန္နာဂတာ၊ ကုန်၏ ။
မနောဒုစ္စရိတေန၊ မနောဒုစရိုက်နှင့်။
(စိတ်ဖြင့် မကောင်းစွာ ကျင့်ကြံအပ်သော အမှုနှင့်) ။
သမန္နာဂတာ၊ ကုန်၏ ။
အရိယာနံ၊ ဘုရားစသော အရိယာပုဂ္ဂိုလ်တို့ကို။
ဥပဝါဒကာ၊ စွပ်စွဲတတ်ကုန်၏ ။
မိစ္ဆာဒိဋ္ဌိကာ၊ ဖောက်ပြန်သော အယူရှိကုန်၏ ။
မိစ္ဆာဒိဋ္ဌိကမ္မသမာဒါနာ၊ ဖောက်ပြန်သော အယူဖြင့် ဆောက်တည်အပ်သော အမှုရှိကုန်၏ ။
တေ၊ ထိုသတ္တဝါတို့သည်။
ကာယဿ၊ ခန္ဓာကိုယ်၏ ။
ဘေဒါ၊ ပျက်ခြင်းကြောင့်။
ဝါ၊ ပျက်ခြင်းဟု ဆိုအပ်သော။
မရဏာ၊ သေသည်မှ။
ပရံ၊ အထက်၌။
အပါယံ၊ ချမ်းသာကင်းရာ ဖြစ်သော။
(ကောင်းမှု ကင်းရာ ဖြစ်သော) ။
ဒုဂ္ဂတိံ၊ ဆင်းရဲ၏ လည်းလျောင်းရာ ဖြစ်သော။
ဝါ၊ မကောင်းမှုကို ပြုသော သူတို့၏ လားရောက်ရာ ဖြစ်သော။
ဝိနိပါတံ၊ အလိုအာသာ ကင်းလျက် ကျရောက်ရာ ဖြစ်သော။
နိရယံ ဥပ၊ ငရဲ၌။
ပန္နာ၊ ဖြစ်ကုန်၏ ။
ဝါပန၊ ထိုမှတပါး။
ဘောန္တော၊ ကုန်သော။
ဣမေ သတ္တာ၊ တို့သည်။
ကာယသုစရိတေန၊ ကာယသုစရိုက်နှင့်။
(ကိုယ်ဖြင့် ကောင်းစွာ ပြုကျင့်အပ်သော အမှုနှင့်) ။
သမန္နာဂတာ၊ ကုန်၏ ။
ဝစီသုစရိတေန၊ ဝစီသုစရိုက်နှင့်။
(နှုတ်ဖြင့် ကောင်းစွာ ပြုကျင့်အပ်သော အမှုနှင့်) ။
သမန္နာဂတာ၊ ကုန်၏ ။
မနောသုစရိတေန၊ မနောသုစရိုက်နှင့်။ (စိတ်ဖြင့်ကောင်းစွာ ကျင့်ကြံအပ်သော အမှုနှင့်) ။
သမန္နာဂတာ၊ ကုန်၏ ။
အရိယာနံ၊ တို့ကို။
အနုပဝါဒကာ၊ မစွပ်စွဲတတ်ကုန်။
သမ္မာဒိဋ္ဌိကာ၊ မှန်ကန်သော အယူရှိကုန်၏ ။
သမ္မာဒိဋ္ဌိကမ္မသမာဒါနာ၊ မှန်ကန်သော အယူဖြင့် ဆောက်တည်အပ်သော အမှုရှိကုန်၏ ။
တေ၊ တို့သည် ။
ကာယဿ၊ ၏ ။
ဘေဒါ၊ ကြောင့်။
ဝါ၊ သော။
မရဏာ၊ မှ။
ပရံ၊ ၌။
သုဂတိံ၊ ချမ်းသာ၏ လည်းလျောင်းရာ ဖြစ်သော။
(ကောင်းသော လားရာဖြစ်သော) ။
သဂ္ဂံလောကံဥပ၊ နတ်ပြည်လောက၌။
ပန္နာတိ၊ ကုန်၏" ဟူ၍။
ပဇာနာမိ၊ ၏ ။
ဣတိ၊ ဤသို့။ ပ။
ပဇာနာမိ၊ ၏ ။
ဗြာဟ္မဏ၊ ဏား။
မေ၊ သည်။
ရတ္တိယာ၊ ၏။
မဇ္ဈိမေယာမေ၊ မဇ္ဈိမယာမ်၌။
ဒုတိယာ၊ နှစ်ခုမြောက်သော။
အယံဝိဇ္ဇာ၊ ဤဒိဗ္ဗစက္ခုဉာဏ်ကို။
အဓိဂတာ၊ ပြီ။ ပ။
အာလောကော၊ သည်။
ဥပ္ပန္နော၊ ပြီ။
၅၄။ သော၊ သည်။ ပ။
အာသဝါနံ ခယဉာဏာယ၊ အာသဝက္ခယဉာဏ််၏အကျိုးငှါ။
စိတ္တံ၊ ကို။
အဘိနိန္နာမေသိံ၊ ပြီ။
သော၊ သည်။
ဣဒံ၊ ဤတေဘူမက တရားအပေါင်းသည်။
ဒုက္ခံ၊ ဆင်းရဲတည်း။
ဣတိ၊ ဤသို့။
ယထာဘူတံ၊ စွာ။
အဗ္ဘညာသိံ၊ သိပြီ။
အယံ၊ ဤလောဘသည်။
ဒုက္ခသမုဒယော၊ ဆင်းရဲအပေါင်း၏ အကြောင်းတည်း။
ဣတိ၊ ဤသို့။
ယထာဘူတံ၊ စွာ။
အဗ္ဘညာသိံ၊ ပြီ။
အယံ၊ ဤနိဗ္ဗာန်သည်။
ဒုက္ခနိရောဓော၊ ဆင်းရဲအပေါင်း၏ ချုပ်ရာတည်း။
ဣတိ၊ ဤသို့။ ပ။
အယံ၊ ဤသမ္မာဒိဋ္ဌိစသည်သည်။
ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ၊ ဆင်းရဲတကာတို့၏ ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်တည်း။
ဣတိ၊ ဤသို့။ ပ။
ဣမေ၊ ဤလောဘ ဒိဋ္ဌိ မောဟတို့သည်။
အာသဝါ၊ ယိုစီးတတ်သော အာသဝတို့တည်း။
ဣတိ၊ ဤသို့။ ပ။
အယံ၊ ဤလောဘသည်။
အာသဝသမုဒယော၊ ယိုစီးတတ်သော အာသဝတို့၏ အကြောင်းတည်း။
ဣတိ၊ သို့။ ပ။
အယံ၊ ဤနိဗ္ဗာန်သည်။
အာသဝနိရောဓော၊ ယိုစီးတတ်သော အာသဝတို့၏ ချုပ်ရာတည်း။
ဣတိ၊ သို့။ ပ။
အယံ၊ ဤသမ္မာဒိဋ္ဌိစသည်သည်။
အာသဝနိရောဓဂါမိနီ ပဋိပဒါ၊ ယိုစီးတတ်သော အာသဝတို့၏ ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ဖြစ်သောအကျင့်တည်း။
ဣတိ၊ သို့။ ပ။
ဧဝံ၊ ဤသို့။
ဇာနတော၊ သိသော။
ဧဝံ၊ ဤသို့။
ပဿတော၊ မြင်သော။
တဿ မေ၊ ထိုငါဘုရား၏။
စိတ္တံ၊ စိတ်သည်။
ကာမာသဝါပိ၊ ကာမာသဝမှလည်း။
ဝိမုစ္စိတ္ထ၊ လွတ်ပြီ။ ပ။
ဘဝါသဝါပိ၊ ဘဝါသဝမှလည်း။ ပ။
အဝိဇ္ဇာသဝါပိ၊ အဝိဇ္ဇာသဝမှလည်း။
ဝိမုစ္စိတ္ထ၊ လွတ်ပြီ။
ဝိမုတ္တသ္မိံ၊ ကိလေသာ အာသဝတို့မှ လွတ်ပြီးသော်။
(မေ၊ ငါ၏ ။
စိတ္တံ၊ သည်။ )
ဝိမုတ္တံ၊ အာသဝတို့မှ လွတ်ပြီ။
ဣတိ၊ သို့။
ဉာဏံ၊ သိသောဉာဏ်သည်။
အဟောသိ၊ ဖြစ်ပြီ။
ဇာတိ၊ ပဋိသန္ဓေသည်။
ခီဏာ၊ ကုန်ပြီ။
ဗြဟ္မစရိယံ၊ မဂ်ဟူသော မြတ်သောအကျင့်ကို။
ဝုသိတံ၊ ကျင့်သုံးအပ်ပြီ။
ကရဏီယံ၊ ပြုဖွယ်ကိစ္စကို ။
ကတံ၊ ပြုအပ်ပြီ။
ဣတ္ထတ္တာယာ၊ ဤတဆယ့်ခြောက်ချက် မဂ်ကိစ္စ အလို့ငှါ။
အပရံ၊ တပါးသော ကျင့်ဖွယ်ကိစ္စသည်။
(တနည်း။
ဣတ္ထတ္တာယ၊ ဤဘဝမှ။
အပရံ၊ တပါးသော ဘဝသည်။ )
န၊ မရှိ။
ဣတိ၊ ဤသို့။
အဗ္ဘညာသိံ၊ ပြီ။
ဗြာဟ္မဏ၊ ဏား။
မေ၊ သည်။
ရတ္တိယာ၊ ၏ ။
ပစ္ဆိမေယာမေ၊ ပစ္ဆိမယာမ်၌။
တတိယာ၊ သုံးခုမြောက်သော။
အယံဝိဇ္ဇာ၊ ဤအာသဝက္ခယဉာဏ်ကို။
အဓိကတာ၊ ပြီ။ ပ။
ဥပ္ပန္နော၊ ပြီ။
၅၅။ ဗြာဟ္မဏ၊ ဏား။
သိယာ၊ ရံခါ။
တေ၊ သင်၏ ။
"အဇ္ဇာပိ၊ ယခုအခါ၌လည််း။
သမဏော၊ ဂေါတမော၊ ရဟန်းဂေါတမသည်။
အဝီတရာဂေါ၊ မကင်းသေးသောရာဂရှိ၏ ။
အဝီတရောသော၊ ရှိ၏ ။
အဝီတမောဟော၊ ရှိ၏ ။
တသ္မာ၊ ထိုကြောင့်။
အရညဝနပတ္တာနိ၊ တို့ကို၎င်း။
ပန္တာနိ၊ ကုန်သော။
သေနာသနာနိ၊ တို့ကို၎င်း။
ပဋိသေဝတိ နူနာတိ၊ တကား" ဟူသော။
ဧဝံ၊ ဤအကြံသည်။
အဿ၊ ၏ ။
ဗြာဟ္မဏ၊ ဏား။
ဧတံ၊ ဤစကားကို။
ဧဝံ၊ ဤသို့ သင်ကြံသည့်အတိုင်း။
န ဒဋ္ဌဗ္ဗံ၊ မမှတ်အပ်။
ဗြာဟ္မဏ၊ ဏား။
အဟံ၊ သည်။
အတ္တနော၊ မိမိ၏ ။
ဒိဋ္ဌဓမ္မသုခဝိဟာရံ၊ မျက်မှောက်၌ ချမ်းသာစွာ နေခြင်းကို။
သမ္ပဿမာနောစ၊ ကောင်းစွာ မြင်သည်ဖြစ်၍၎င်း။
ပစ္ဆိမံ၊ နောက်၌ဖြစ်သော။
ဇနတံ၊ လူအပေါင်းကို။
အနုကမ္ပမာနောစ၊ အစဉ်စောင့်ရှောက်သည် ဖြစ်၍၎င်း။
(ဣတိ၊ ဤသို့။ )
ဒွေ၊ နှစ်ပါးသော။
အတ္ထဝသေ၊ အကြောင်းတို့ကို။
သမ္ပဿမာနော၊ မြော်မြင်သည်ဖြစ်၍။
အရညဝနပတ္ထာနိ၊ တို့ကို၎င်း။
ပန္တာနိ၊ ကုန်သော။
သေနာသနာနိ၊ တို့ကို၎င်း။
ပဋိသေဝါမိ၊ ၏ ။
ဣတိ၊ ဤသို့မိန့်တော်မူ၏ ။
၅၆။ အရဟတာ၊ ကိလေသာတို့မှ ကင်းဝေးတော်မူသော။
သမ္မာသမ္ဗုဒ္ဓေန ယထာ၊ မြတ်စွာဘုရားသည်ကဲ့သို့။
ဘောတာ ဂေါတမေန၊ အရှင်ဂေါတမသည်။
ပစ္ဆိမာ၊ နောက်၌ဖြစ်သော။
အယံ ဇနတာ၊ ဤလူအပေါင်းကို။
ဝတ၊ စင်စစ်။
အနုကမ္ပိတရူပါ၊ သဘောအားဖြင့် အစဉ်စောင့်ရှောက်တော်မူအပ်ပါပေ၏ ။
ဘောဂေါတမ၊ မ။
အဘိက္ကန္တံ၊ အလွန်နှစ်သက်အပ်ပေစွ။
ဘောဂေါတမ၊ မ။
နိက္ကုဇ္ဇိတံ၊ မှောက်ထားအပ်သော ဝတ္ထုကို။
ဥက္ကုဇ္ဇေယျ သေယှထာပိဝါ၊ လှန်ထားရာသကဲ့သို့၎င်း။
ပဋိစ္ဆန္နံ၊ ဖုံးလွှမ်းအပ်သော ဝတ္ထုကို။
ဝိဝရေယျ သေယျထာပိဝါ၊ ဖွင့်ပြရာသကဲ့သို့၎င်း။
မူဠှဿ၊ ခရီး၌ တွေဝေသောသူအား။
မဂ္ဂံ၊ လမ်းကို။
အာစိက္ခေယျသေယျထာပိဝါ၊ ပြောကြားရာသကဲ့သို့၎င်း။
အန္ဓကာရေ၊ အမိုက်မှောင်၌။
တေလပဇ္ဇောတံ၊ ဆီမီးရောင်ကို။
ဓာရေယျ သေယျထာပိ၊ ညှိထွန်းရာသကဲ့သို့၎င်း။
"စက္ကုမန္တော၊ မျက်စိရှိသော သူတို့သည်။
ရူပါနိ၊ အဆင်းတို့ကို။
ဒက္ခန္တီတိ၊ မြင်နိုင်ကုန်လတ္တံ့" ဟု နှလုံးသွင်း၍။
ဧဝမေဝံ၊ သာလျှင်။
ဘောတာ ဂေါတမေန၊ သည်။
အနေကပရိယာယေန၊ များစွာသော အကြောင်းအားဖြင့်။
ဓမ္မော၊ ကို။
ပကာသိတော၊ ပြတော်မူအပ်ပြီ။
ဧသောအဟံ၊ ဤတပည့်တော်သည်။
ဘဝန္တံ ဂေါတမံ၊ ကို၎င်း။
ဓမ္မဉ္စ၊ ကို၎င်း။
ဘိက္ခုသင်္ဃဉ္စ၊ ကို၎င်း။
သရဏံ၊ ကိုးကွယ်ရာဟူ၍။
ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏ ။
ဘဝံ ဂေါတမော၊ သည်။
မံ၊ ကို။
အဇ္ဇတဂ္ဂေ၊ ယနေ့ကို အစပြု၍။
ပါဏုပေတံ၊ အသက်ထက်ဆုံး။
သရဏံဂတံ၊ ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်သော။
ဥပသကံ၊ ဟူ၍။
ဓာရေတု၊ မှတ်တော်မူပါလော့။
(အသိအမှတ်ပြုတော်မူပါ) ။
ဣတိ၊ ဤသို့ လျှောက်ထားပြီ။
စတုတ္ထံ၊ လေးခုမြောက်သော။
ဘယဘေရဝသုတ္တံ၊ သည်။
နိဋ္ဌိတံ၊ ပြီ။