ကာယာနုပဿနာ ပဋိကူလမနသိကာရပဗ္ဗ
၁၁၀။ ဘိက္ခဝေ၊ တို့။
ပုနစပရံ၊ လည်း။
ဘိက္ခု၊ သည်။
ပါဒတလာ၊ ခြေဖဝါးအပြင်မှ။
ဥဒ္ဓံ၊ အထက်ဆံဖျားတိုင်အောင်သော။
ကေသမတ္ထကာ၊ ဆံဖျားမှ။
အဓော၊ အောက်ခြေဖဝါးတိုင်အောင်သော။
တစပရိယန္တံ၊ (ဖီလာအားဖြင့်) အရေပါး အဆုံးရှိသော။
နာနပ္ပကာရဿ၊ အထူးထူး အပြားပြားသော။
အသုစိနော၊ မစင်ကြယ် ရွံရှာဖွယ်ဖြင့်။
ပူရံ၊ ပြည့်သော။
ဣမမေဝ ကာယံ၊ ဤကိုယ်ကိုပင်။
(ပစ္စဝေက္ခတိ ၌စပ်) ။ ။
"ဣမသ္မိံ ကာယေ၊ ဤကိုယ်၌။
ကေသာ၊ ဆံတို့သည်။
အတ္ထိ၊ ရှိကုန်၏ ။
(ဤနည်းတူ အတ္ထိကို ပုဒ်တိုင်းလိုက်၍စပ်) ။
လောမာ၊ မွေးညင်းတို့သည်။
နခါ၊ ခြေသည်း လက်သည်းတို့သည်။
ဒန္တာ၊ သွားတို့သည်။
တစော၊ အရေထူ အရေပါးသည်။
မံသံ၊ အသားသည်။
နှာရု၊ အကြောသည်။
အဋ္ဌိ၊ အရိုးသည်။
အဋ္ဌိိမိဉ္ဇံ၊ ရိုးတွင်းချင်ဆီသည်။
ဝက္ကံ၊ အညှို့သည်။
ဟဒယံ၊ နှလုံးသည်။
ယကနံ၊ အသည်းသည်။
ကိလောမကံ၊ အမြှေးသည်။
ပိဟကံ၊ အဖျဥ်းသည်။
ပပ္ဖါသံ၊ အဆုတ်သည်။
အန္တံ၊ အူမသည်။
အန္ထဂုဏံ၊ အူသိမ်သည်။
ဥဒရိယံ၊ အစာသစ်သည်။
ကရီသံ၊ အစာဟောင်းသည်။
ပိတ္တံ၊ သည်းခြေသည်။
သေမှံ၊ သလိပ်သည်။
ပုဗ္ဗော၊ ပြည်သည်။
လောဟိတံ၊ သွေးသည်။
သေဒေါ၊ ချွေးသည်။
မေဒေါ၊ အဆီခဲသည်။
အဿု၊ မျက်ရည်သည်။
ဝသာ၊ ဆီကြည်သည်။
ခေဠော၊ တံတွေးသည်။
သိင်္ဃဏိကာ၊ နှပ်သည်။
လသိကာ၊ အစေးသည်။
မုတ္တံ၊ ကျင်ငယ်သည်။
အတ္ထီတိ၊ ၏" ဟူ၍။
ပစ္စဝေက္ခတိ၊ ၏ ။
ဘိက္ခဝေ၊ တို့။
သေယျထာပိ၊ ဖြစ်သင့်ဖြစ်ရာ ဥပမာသော်ကား။
ဥဘတော မုခါ၊ နှစ်ဘက်ဝရှိသော။
နာနာဝိဟိတဿ၊ အထူးထူးမပြားပြားရှိသော။
ဓညဿ၊ စပါးဖြင့်။
ပူရာ၊ ပြည့်သော။
ပုတောဠိ၊ အိတ်သည်။
(အဿ)၊ ဖြစ်ရာ၏ ။
သေယျထိဒံ၊ အဘယ်စပါးတို့ဖြင့် ပြည့်သနည်း။
သာလီနံ၊ သလေး (ကောက်ကြီး) တို့ဖြင့်၎င်း။
ဝီဟီနံ၊ ကောက်လတ် (ကောက်ကြမ်း) တို့ဖြင့်၎င်း။
မုဂ္ဂါနံ၊ ပဲနောက်တို့ဖြင့်၎င်း။
မာသာနံ၊ မတ်ပဲတို့ဖြင့်၎င်း။
တိလာနံ၊ နှမ်းတို့ဖြင့်၎င်း။
တဏ္ဍုလာနံ၊ ဆန်တို့ဖြင့်၎င်း။
(ပူရာ၊ ပြည့်သတည်း) ။
တမေနံ၊ ထိုအိတ်ကို။
စက္ခုမာ၊ မျက်စိအမြင်ရှိသော။
ပုရိသော၊ ယောက်ျားသည်။
မုဉ္စတွာ၊ ဖြေ၍။
ပစ္စဝေက္ခေယျ၊ ဆင်ခြင်ရာ၏ ။
"ဣမေ၊ ဤသည်တို့ကား။
သာလီ၊ သလေး (ကောက်ကြီး) တို့တည်း။
ဣမေ၊ တို့ကား။
ဝီဟီ၊ ကောက်လတ် (ကောက်ကြမ်း) တို့တည်း။
ဣမေ၊ တို့ကား။
မုဂ္ဂါ၊ ပဲနောက်တို့တည်း။
ဣမေ၊ တို့ကား။
မာသာ၊ မတ်ပဲတို့တည်း။
ဣမေ၊ တို့ကား။
တိလာ၊ နှမ်းတို့တည်း။
ဣမေ၊ တို့ကား။
တဏ္ဍုလာတိ၊ ဆန်တို့တည်း" ဟူ၍။
ဘိက္ခဝေ၊ တို့။
ဧဝမေဝခေါ၊ ဤအတူသာလျှင်။
ဘိက္ခု၊ သည်။
ပ ။
ဝိဟရတိ၊ ၏ ။
ပဋိကူလမနသိကာရပဗ္ဗံ၊ ပဋိကူလမနသိကာရအပိုင်းသည်။
နိဋ္ဌိတံ၊ ပြီ။