၆-အာကင်္ခေယျသုတ်
၆၄။ (ဧဝံ မေ သုတံ။ ပ။
ပစ္စဿောသုံ၊ ပေးမြဲ) ။
ဘဂဝါ၊ သည်။
ဘိက္ခဝေ၊ တို့။
တုမှေ၊ သင်တို့သည်။
သမ္ပန္နသီလာ၊ ပြည့်စုံသော သီလရှိကုန်သည်ဖြစ်၍။
သမ္ပန္နပါတိမောက္ခာ၊ ပြည့်စုံသော ပါတိမောက္ခသံဝရသီလရှိကုန်သည်ဖြစ်၍။
ဝိဟရထ၊ ကုန်လော့။
ပါတိမောက္ခသံဝရသံဝုတာ၊ စောင့်ရှောက်အပ်သော ပါတိမောက္ခသံဝရသီလ ရှိကုန်သည် ဖြစ်၍။
အာစာရဂေါစရသမ္ပန္နာ၊ အကျင့်ကျက်စားရာနှင့် ပြည့်စုံကုန်သည်ဖြစ်၍။
ဝိဟရထ၊ ကုန်လော့။
အဏုမတ္တေသု၊ အနည်းငယ် အတိုင်းအရှည်ရှိကုန်သော။
ဝဇ္ဇေသု၊ အပြစ်တို့၌ ( အကုသိုလ်တရားတို့၌ ) ။
ဘယဒဿာဝိနော၊ ဘေးဟု ရှုလေ့ရှိကုန်သည်ဖြစ်၍။
သိက္ခာပဒေတု၊ သိက္ခာပုဒ်တို့၌။
သမာဒါယ၊ ဆောက်တည်၍။
သိက္ခထ၊ ကျင့်ကုန်လော့။
၆၅။ဘိက္ခဝေ၊ တို့။
ဘိက္ခု၊ သည်။
"အဟံ၊ ငါသည်။
သဗြဟ္မစာရီနံ၊ သီတင်းသုံးဖော်တို့၏ ။
ပိယောစ၊ ချစ်အပ်သောသူသည်၎င်း။
မနာပေါစ၊ စိတ်နှလုံးကိုပွားစေတတ်သော သူသည်၎င်း။
ဂရုစ၊ အလေးပြုအပ်သော သူသည်၎င်း။
ဘာဝနီယောစ၊ ချီးမွမ်းအပ်သော သူသည်၎င်း။
အဿန္တိ၊ ဖြစ်လို၏" ဟူ၍။
စေ အာကင်္ခယျ၊ အကယ်၍ အလိုရှိငြားအံ့။
သီလေသု၊ ( စတုပါရိသုဒ္ဓိ) သီလတို့၌။
ပရိပူရကာရီဧဝ၊ ဖြည့်ကျင့်ခြင်းကို ပြုလေ့ရှိသည်သာလျှင်။
အဿ၊ ဖြစ်ရာ၏ ။ ( ဋီကာနှင့် အညီ ဧဝကို အဋ္ဌာနပယုဂ်-ကြံ၍ပေးသည် ) ။
အဇ္ဈတ္တံ၊ မိမိ၏ ။
စေတောသမထံ အနု၊ စိတ်၏တည်ကြည်ခြင်း၌။
ယုတ္တော၊ ယှဥ်သည်။စေတောသမထမနုယုတ္တော-၌ စေတောသမထံ-ကို စိတ္တသမထေ-ဟူ၍၎င်း။ ဘုမ္မတ္ထေပနေတံ သမထန္တိဥပယောဂ-ဝစနံ-ဟူ၍၎င်း ဖွင့်ဆိုအပ်သောကြောင့် စေတောသမထံကို ၌-ဟု ပေးရမည်။ သို့သော် တတိယာ သတ္တမီနဉ္စသုတ်ဖြင့် သတ္တမျတ္ထဝယ် ဒုတိယာသက်ခြင်းကြောင့် သတ္တမျတ္ထ(ဘုမ္မတ္ထ)ပေးရသလော၊ ဘာကြောင့် ဘုမ္မတ္ထပေးရသနည်း-ဟု စိစစ်ဘွယ်လို၏ ။ အဓိသီဌာသာနံ ကမ္မံ (ပါ-၁-၄-၄၆) အဘိနိဝသဿစ(၁-၄-၄၇) သုတ်တို့၏ အရာဌာနနှင့် တပ္ပါနတဒါစာရဥပနွဇ္ဈာဝသဘောဂအရာဌာနတို့၌ တတိယာသတ္တမီနဉ္စ-ဖြင့် ဒုတိယာ စီရင်နိုင်ခွင့်ရှိ၏ ။ ထိုမှ အလွတ်ဖြစ်သော ဤစေတောသမထံ-ပုဒ်မျိုးကို ၎င်းသုတ်ဖြင့် စီရင်နိုင်ခွင့်မရှိ။
သို့ဖြစ်၍ ဘယ်သုတ်ဖြင့် သက်သနည်းဟု မေးဘွယ်ရှိ၏။ အနုယုတ္တော-ကို အနုဖြုတ်၍ ယုတ္တော-ဟုဖွင့်ရကား အနုသည် ယုတ္တောမှ ယုဇဓာတ်ကို အထူးပြုသော အနု-မဟုတ်ကြောင်း ထင်ရှား၏ ။ဓာတ်ကို အထူးမပြုလျှင် ဓာတွတ္ထံ ဥပေစ္စ သဇ္ဇတီတိ-ဟူသော ဝစနတ္ထ အရ ဥပသာရမဟုတ်၊ ဓာတ်ကို အထူးပြုသော ဥပသာရမဟုတ်လျှင် ယုဇဓာတ်လည်း ယှဉ်ခြင်းအနက်မှတပါး အားထုတ်ခြင်းမဟောနိုင်၊ ယှဉ်ခြင်းအနက်သာဟောအံ့၊ အကမ္မဓာတ်ဖြစ်ရကား၊ ၎င်းယုဇဓာတ်ကိုငဲ့၍ စေတောသမထံ-ကို ကမ္မတ္ထေ ဒုတိယာ-ဖြင့် လည်း မစီရင်နိုင်တော့ပေ။
အနု ပရိ အဓိ အဘိ-စသည်တို့သည် ဥပသာရနှင့် ကမ္မပ္ပဝစနီယ အမည်တခုခု ရရှိရပေမည်။ အမည်နှစ်ခု တပြိုင်နက်မရကောင်း။ ဤ၌ ပြဆိုအပ်ခဲ့သည့်အတိုင်း ဥပသာရအမည် မရနိုင်သောကြောင့် ကမ္မပ္ပဝစနီယသာ ဖြစ်ရမည်။ ကမ္မပ္ပဝစနယ လက္ခဏာကို ကြိယာ ဇောတကောနာယံ-ဂါထာဖြင့် စစ်လေ။ ထိုကိုရည်၍ အနူတိ ဣမိနာ ဥပသဂ္ဂေန ယောဂေ သိဒ္ဓံ-ဟု ဖွင့်ဆိုသည်။ ဤ၌ ဥပ္ပသဂ္ဂေ-ဟူသော စကားသည် မဉ္စံ ဝါ ပီဌံ ဝါ အဘိနိသီဒေယျ-ပုဒ်အဖွင့် ကင်္ခါ အဋ္ဌကထာ၌ကဲ့သို့ ဘူတပုဗ္ဗဂတိကနည်းဖြင့် သုံးသည် ဟုမှတ်။ ဥပသာရဖြစ်၍ ဥပသဂ္ဂေန-ဟု ဖွင့်သည်မဟုတ်။ ကမ္မပ္ပဝစနီယသာ။ ထိုကြောင့် ကမ္မပ္ပဝစနီယယုတ္တေသုတ်၊ သို့မဟုတအနုနာ-ဟူသော မောဂ္ဂလ္လာန်သုတ်တို့ဖြင့် ကမ္မပ္ပဝစနီယ အနု အယှဉ် စေတောသမထံ-ကို ဒုတိယာသက်၊ သမ္ဗန္ဓဇောတက ဖြစ်သည့်အားလျော်စွာ အနုကို ယုတ္တောနှင့် မတွဲမူ၍ စေတောသမထံ-နှင့် တွဲ၍ စေတောသမထ မနု၊၌-ဟုပေးလေ။
စာပိုဒ် ၆၃-၌ ဇာဂရိယံ-ကို ဇာဂရေ-ဟု သတ္တမျန္တဖြင့် ဖွင့်ခြင်းသည်လည်း ဤသဘောပင်တည်း။ အနနုယုတ္တာ-ကိုကား အနု-ဖြုတ်၍ ယုတ္တာ-ဟု မဖွင့်ခြင်းသည် အနု အနက်ရှိ၍ မဟုတ်။ န အနု ယုတ္တ ဟု သုံးပုဒ်တွဲ၍ ထားရာဝယ် အလယ် အနု ကို ဖြုတ်ချင်သော်လည်းဖြုတ်ပစ်လိုက်က အယုတ္တာ-ဟု ဖွင့်ရမည်။ အယုတ္တာ ဟု ဖွင့်လျှင်အသိခက်သွားနိုင်သည်။ ထိုကြောင့် အနု မဖြုတ်ဘဲ ထားသည်။ စင်စစ် ဓာတွတ္ထဝိသေသက ဥပသာရ ကြံ၍ အနနုယုတ္တာ ဟု ဖွင့်သည်မဟုတ်၊ စေတောသမထမနုယုတ္တော-နှင့် အတူဟုသတ်မှတ်၊ စာပိုဒ်၄၂၃-၌ ဇာဂရိယ မနုယုတ္တာတိ။ပ။ ဇာဂရိယမှိ ယုတ္တာ ပယုတ္တာ-ဟု ဖွင့်သည်ကို ထောက်လျှင် အနုဖြုတ်ဖွင့်က အသိခက်မည်စိုး၍ အနုဖြုတ် မဖွင့်ခြင်း သိသာ၏၊ ဤစေသော သမထနယုတ္တော-နှင့် ဇာဂရိယအနနုယုတ္တာ-တို့၌ သတ္တမျန္တဖြင့် ဖွင့်ဆိုသော်လည်း စာပိုဒ် ၁၅၅-၌ ဥက္ကုဋိကပဓာနမနုယုတ္တောတိ ဥက္ကုဋိကဝီရိယံ အနုယုတ္တော။ မဇ္ဈိမပဏ္ဏာသ စာပိုဒ် ၁၆၀-၌ ဒိဋ္ဌဓမ္မသုခဝိဟာရန္တိ ဖလသမာပတ္တိ ဝိဟာရံ အနုယုတ္တော၊ သံယုတ် စာပိုဒ် ၃၆-၌ ပမာဒ မနုယုဉ္ဇန္တီတိ ယေ ပမာဒံ ကရောန္တိ နိဗ္ဗတ္တေန္တိ၊ တေ တံ အနုယုဉ္ဇန္တိ နာမ-ဟု သတ္တမျန္တဖြင့်မဖွင့်၊ ဒုတိယန္တဖြင့်သာ ဖွင့်သည်။ အနုယုတ္တာ-ကိုလည်း အနုမဖြုတ်ဘဲ ဖွင့်ဆိုသည်။ ယင်းသို့ ဖွင့်သော အရာဌာန၌-ကမ္မတ္ထေ ဒုတိယာ၊ ကမ္မပ္ပဝစနီယယုတ္တေ၊ ၂-သုတ်လုံးဖြင့် စီရင်။ ၂-နည်းပေးနိုင်သည်ဟု မှတ်။ အနုသည် ယုဇဓာတ် အထူးပြုခိုက် ယုဇနလည်း အားထုတ်ခြင်း အနက်ထွက်၍ သကမ္မကကြိယာ ဖြစ်သည့်ပြင် ၎င်း၏ယှဉ်ရာ စပ်ရာပုဒ်လည်း ကံအနက် ထွက်၏ ။ အနုလည်း ဥပဿရအမည်ရ၏ ။ အနုသည် ယုဇကို အထူးမပြုခိုက် ယုဇလည်း ယှဉ်ခြင်း အနက်ထွက်၍ အကမ္မကကြိယာဖြစ်သည့်ပြင် အနုလည်း ဥပသာရမဟုတ်သော ကမ္မပ္ပဝစနီယအမည်ရသောကြောင့် ၎င်း၏ ရှေ့ရှိ ဥက္ကုဋိကပဓာန-စသော ပုဒ်တို့ကိုလည်း ကမ္မတ္ထဝယ် ဒုတိယာ မသက်နိုင်တော့ဘဲ့ကမ္မပ္ပဝစနီယယုတ္တေ-ဖြင့် စီရင်ရတော့၏ ။
အနွာပုဗ္ဗအကမ္မက ကြိယာဖြင့် ပြီးသော အနုယုတ္တော-စသည်တို့၏ ရှေ့၌ရှိသော ဒုတိယန္ထ ပုဒ်တို့ကို ကမ္မပ္ပဝစနီယသာ လိုလားသောအခါ၌ ရှေ့ပုဒ်ကို ဝိဘတ္တျန္တ ပြောင်းလွှဲ၍ အနုကိုလည်း ဖြုတ်ဖွင့်လေ့ရှိသည်။ အနွာဒိကို ဥပသာရ, ကမ္မပ္ပဝစနီယ ၂-မျိုး လာသောအခါဝယ် ရှေ့ပုဒ်ကိုလည်း ဒုတိယန္တအတိုင်း ဝိဘတ္တျန္တမပြောင်းလွှဲဘဲ ထား၍ အနုကိုလည်း ဖြုတ်ပစ်လေ့မရှိပေ။
အနနုယုတ္တော-ကဲ့သို့ အနွာဒိအပြင် နပဋိသေဓ ပါဝင်သော အခါဝယ် ကမ္မပ္ပဝစနီယ အယှဉ်ဟုပင် ကြံစေကာမူ အသိခက်မည်စိုး၍ ရှေ့ပုဒ်ကို ဝိဘတ္တျန္တ ပြောင်းသော်လည်း အနုကို ဖြုတ်ပစ်လေ့မရှိ။ ၎င်းပြင် အနွာဒိတို့ ဥပသာရ အမည်မရဘဲ ကမ္မပ္ပဝစနီယ အမည်ရတိုင်း ၎င်းအနွာဒိတို့နှင့် တွဲနေသော ဓာတ်မှန်သမျှ အကမ္မက ကြိယာသာရှိသည်။ သကမ္မကကြိယာ နေရိုးမရှိသည်ကိုလည်းသတိမူရာသတည်း။ အနု-အဘိ-စသော အနွာဒိတို့၏ ရှေ့ရှိ စေတော သမထံ-စသော ပုဒ်တို့နှင့်စပ်၍ ဆိုင်ရာ အဋ္ဌကထာ ဋီကာတို့လည်း တနေရာနှင့် တနေရာဖွင့်ပုံချင်း ကွဲပြားသောကြောင့် ကို-ဟု ကမ္မတ္ထယောဇနာရမည်လော၊ ဒုတိယန္တပင် ဖြစ်သော်လည်း ၌၊၏-ဟု ဘုမ္မတ္ထ သာမျတ္ထပင် ယောဇနာရမည်လော၊ အနွာဒိနှင့် တွဲနေသော အနုယုတ္တော၊ အဘိနိသီဒေယျ၊ သမုဒါစရန္တိ-စသော ကြိယာပဒတို့ကို အနွာဒိ၏ အနက် ဖျောက်၍ ပေးရမည်လော-ဟု အမျိုးမျိုးတွေးတောဘွယ်ရာ ရှိသော်လည်း ပြဆိုပြီး နယူပဒေသကို နယဂ္ဂါဟယူ၍ လွယ်ကူစွာ ဆုံးဖြတ်စေနိုင်ရာ၏ ။သဂါထာဝဂ္ဂ သံယုတ် စာပိုဒ် ၃၄၊ အကိဉ္စနံ နာနုပတန္တိ ဒုက္ခာ (ပါဠိ) ။ နာနုပတန္တိ ဒုက္ခာတိ ဝဋ္ဋဒုက္ခာ ပနတဿ ဥပရိ န ပတန္တိဖြင့်လည်း နှိုင်းယှဉ်စဉ်းစားလေ။ အနိရာကတဇ္ဈာနော၊ မတားမြစ်အပ်သော စျာန်ရှိသည်။ (အဋ္ဌာကထာ၌ အနီဟဋဇ္ဈာနော အဝိနာသိတဇ္ဈာနောဝါ-ဟု ဖွင့်သည်ကား ဘာဝတ္ထ) ။ ဝိပဿနာယ၊ အနုပဿနာ ခုနစ်ပါးနှင့်။ သမန္နာဂတော၊ ပြည့်စုံသည်။ သုညာဂါရာနံ၊ ဆိတ်ငြိမ်ရာကျောင်းတို့ကို ။ (နိဿယောပစာရ) ။ ဗြူဟေတာ၊ ပွါးစေတတ်သည်။ အဿ၊ ဖြစ်ရာ၏ ။ ။(၁)

စီဝရ ပိဏ္ဍပါတ သေနာသန ဂိလာနပ္ပစ္စယ ဘေသဇ္ဇ ပရိက္ခာရာနံ၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးပစ္စည်း ပရိက္ခရာတို့ကို။
လာဘီ၊ ရလေ့ရှိသည်။
အဿံ၊ ဖြစ်လို၏ ။ ။
(အကြွင်းတူပြီ) ။ (၂)
အဟံ၊ သည်။
ယေသံ၊ အကြင် နတ်လူတို့၏ ။
စီဝရ ပိဏ္ဍပါတ သေနာသန ဂိလာနပ္ပစ္စယ ဘေသဇ္ဇ ပရိက္ခာရံ၊ ကို။
ပရိဘုဉ္ဇာမိ၊ သုံးဆောင်၏ ။
တေသံ၊ ထိုနတ်လူတို့၏ ။
တေ ကာရာ၊ ထိုပြုအပ်သော ပစ္စည်းအလှူတို့သည်။
မဟပ္ဖလာ၊ များသော လောကီချမ်းသာ အကျိုးရှိကုန်သည်။
မဟာနိသံသာ၊ များသော လောကုတ္တရာ ချမ်းသာ အကျိုးရှိကုန်သည်။
အဿု၊ ဖြစ်ကုန်ရာ၏ ။
(အဋ္ဌကထာနှင့်အညီ မဟပ္ဖလာနှင့် မဟာနိသံသာ ကွဲပြားအောင် ပေးလိုက်သည်) ။ ။
(အကြွင်းတူပြီ) ။ (၃)
ပေတာ၊ တမလွန်ဘဝသို့ ရောက်ကုန်သော။
ကာလင်္ကတာ၊ သေကုန်သော။
ယေဉာတီ၊ အကြင်ဆွေမျိုးတို့သည်၎င်း။
ယေသာလောဟိတာ၊ အကြင်သားခြင်းတို့သည်၎င်း။
ပသန္နစိတ္တာ၊ ကြည်ညိုသော စိတ်ရှိကုန်သည်ဖြစ်၍။
မံ၊ ငါ့ကို။
အနုဿရန္တိ၊ အဖန်ဖန်အောက်မေ့ကုန်၏ ။
တေသံ၊ ထိုဆွေမျိုးတို့၏ ။
တံ၊ ထိုကြည်ညိုသောစိတ်ဖြင့် အောက်မေ့ခြင်းသည်။
မဟပ္ဖလံ၊ သည်။
မဟာနိသံသံ၊ သည်။
အဿံ၊ ရာ၏ ။ ။
(အကြွင်းတူပြီ) ။ (၄)
၆၆။
အရတိ-ရတိသဟော၊ (သာသနာတော်၌) မမွေ့လျော်ခြင်း, (ကာမဂုဏ်၌) မွေ့လျော်ခြင်းကို လွှမ်းမိုးနိုင်သည်။
အဿံ၊ ဖြစ်လို၏ ။
အရတိ၊ မမွေ့လျော်ခြင်းသည်။
မံ၊ ငါ့ကို။
န စ သဟေယျ၊ မလွှမ်းမိုးနိုင်ရာ။
ဥပ္ပန္နံ၊ ဖြစ်ပေါ်သော။
အရတိံ၊ ကို။
အဘိဘုယျ အဘိဘုယျ၊ လွှမ်းမိုး၍ လွှမ်းမိုး၍။
ဝိဟရေယျံ၊ နေလို၏ ။ ။ (၅)
ဘယဘေရဝသဟော၊ ကြောက်တတ်သောစိတ်, ကြေက်မက်ဖွယ် အာရုံတို့ကို လွှမ်းမိုးနိုင်သည်။
အဿံ၊ ဖြစ်လို၏ ။
ဘယဘေရဝံ၊ သည်။
မံ၊ ကို။
န စ သဟေယျ၊ မလွှမ်းမိုးနိုင်ရာ။
ဥပ္ပန္နံ၊ သော။
ဘယဘေရဝံ၊ ကို
ဘာယတီတိ ဘယံ၊ စိတ္တုတြာသဘယ-ရ၏ ။ ဘာယန္တိ ဧတသ္မာတိ ဘယံ၊ ဘာယန္တိ ဧတသ္မတိ ဘေရဝံ၊ အာရမ္မဏဘယ-ရ၏ ။ ထိုကြောင့် အဋ္ဌကထာ၌ ဘယံ စိတ္တုတြာသောပိ အာရမ္မဏမ္ပိ ဘေရဝံ အာရမ္မဏမေဝ-ဟု မိန့်ပြီ။။
အဘိဘုယျ အဘိဘုယျ၊ ၍။
ဝိဟရေယျံ၊ လို၏ ။
(ကြွင်းလွယ်ပြီ) ။ ။ (၆)
အာဘိစေတသိကာနံ၊ အလွန် စင်ကြယ်သော စိတ်၌ ဖြစ်ကုန်သော။
ဒိဋ္ဌမ္မေသုခဝိဟာရာနံ၊ မျက်မှောက်၌ ချမ်းသာစွာ နေကြောင်း ဖြစ်ကုန်သော။
စတုန္နံ၊ လေးပါးကုန်သော။
ဈာနာနံ၊ ဈာန်တို့ကို။
နိကာမလာဘီ၊ အလိုရှိတိုင်း ရလေ့ရှိသည်။
အကိစ္ဆလာဘီ၊ မငြိုမငြင် ရလေ့ရှိသည်။
အကသိရလာဘီ၊ အနပ္ပကမ်း ရလေ့ရှိသည်။
အဿံ၊ ဖြစ်လို၏ ။ ။
(ကြွင်းတူပြီ) ။ ။ (၇)
ရူပေ၊ ရူပစျာန်တို့ကို။
အတိက္ကမ္မ၊ လွန်ခြင်းကြောင့်။
သန္တာ၊ ငြိမ်သက်ကုန်သော။
ဝိမေက္ခာ၊ နီဝရဏတို့မှ လွတ်ကုန်သော။
ဝါ၊ အာရုံ၌ ညွတ်ကုန်သော။
ယေတေအာရုပ္ပါ၊ အကြင် အာရုပ္ပစျာန်တို့သည်။
သန္တိ၊ ကုန်၏ ။
တေ၊ ထိုအာရုပ္ပစျာန်တို့ကို။
ကာယေန၊ နာမကာယဖြင့်။
ဖုသိတွာ၊ ရောက်၍။
ဝိဟရေယျံ၊ နေလို၏ ။ ။
(ကြွင်းတူပြီ) ။ ။ (၈)
၆၇။
တိဏ္ဏံ၊ သုံးပါးကုန်သော။
သံယောဇနာနံ၊ သံယောဇဉ်တို့၏ ။
ပရိက္ခယာ၊ ကုန်ခြင်းကြောင့်။
အဝိနိပါတဓမ္မော၊ အလို အာသာ ကင်းလျက် အပါယ်လေးပါး၌ ကျခြင်းသဘောမရှိသော။
နိယတော၊ မဂ္ဂနိယမအားဖြင့် မြဲသော။
သမ္ဗောဓိပရာယနော၊ အထက်မဂ်သုံးပါးလျှင် လည်းလျောင်းရာရှိသော။
သောတာပန္နော၊ သောတာပန်သည်။
အဿံ၊ ဖြစ်လို၏ ။
(အကြွင်းတူပြီ) ။ ။ (၉)
တိဏ္ဏံ၊ ကုန်သော။
သံယောဇနာနံ၊ တို့၏ ။
ပရိက္ခယာ၊ ကြောင့်။
ရာဂ ဒေါသ မောဟာနံ၊ ရာဂ ဒေါသ မောဟတို့၏ ။
တနုတ္တာ၊ ခေါင်းပါးသည်၏ အဖြစ်ကြောင့်။
သကဒါဂါမီ၊ သကဒါဂါမီသည်။
အဿံ၊ ဖြစ်အံ့။
သကိဒေဝ၊ တစ်ကြိမ်သာလျှင်။
ဣမံ လောကံ၊ ဤလူ့ပြည်သို့။
အာဂန္တွာ၊ လာ၍။
ဒုက္ခဿ၊ ဝဋ်ဆင်းရဲ၏ ။
အန္တံ၊ အဆုံးအပိုင်းအခြားကို။
ကရေယျံ၊ ပြုလို၏ ။ ။
(ကြွင်းတူပြီ) ။ ။ (၁၀)
ပဉ္စန္နံ၊ ငါးပါးကုန်သော။
သြရမ္ဘာဂိယာနံ၊ အောက်ကာမဘုံသို့ ချဉ်းကပ်တတ်ကုန်သော
သြရမ္ဘာဂိယာနီတိ သြရံ ဘဇနကာနိ ကာမဘဝေ ဥပပတ္တိပစ္စယာနိ-ဟူသော အလဂဒ္ဒူပမသုတ် အဋ္ဌကထာ စာပိုဒ် ၂၄၅-နှင့် အညီပေးသည်။ ဟေဋ္ဌာဘာဂဿ ဟိတာ၊ တေသံ-ဟု ဋီကာ-ဤနေရာ၌ ဖွင့်သည်အလို အောက်အဖို့ ကာမဘုံ၏ အစီးအပွါးဖြစ်ကုန်သော ဟု ပေးလေ။။
သံယောဇနာနံ၊ တို့၏ ။
ပရိက္ခယာ၊ ကြောင့်။
တတ္ထ၊ ထိုဗြဟ္မာပြည်၌။
ပရိနိဗ္ဗာယီ၊ ပရိနိဗ္ဗာန်ပြုသော။
တသ္မာ လောကာ၊ ထိုဗြဟ္မာပြည်မှ။
အနာဝတ္တိဓမ္မော၊ မဆုတ်နစ်ခြင်းသဘောရှိသော။
သြပပါတိကော၊ အနာဂါမ်ဥပပ် ပဋိသန္ဓေနေသူသည်။
အဿံ၊ ဖြစ်လို၏ ။ ။
(ကြွင်းတူပြီ) ။ ။ (၁၁)
၆၈။ ဘိက္ခဝေ၊ တို့။
ဘိက္ခု၊ သည်။
အနေကဝိဟိတံ၊ များသော အပြားရှိသော
အနေကဝိဟိတန္တိ အနေကဝိဓံ-ဟူသော ပါရာဇိကဏ် စာပိုဒ် ၁၂-ပဌမဝိကပ်နှင့် အညီ ပေးအပ်သော အနက်တည်း။ အနေကေဟိ ဝါ ပကာရေဟိ ပဝတ္တိတံ သံဝဏ္ဏိတန္တိ အတ္ထော-ဟူသော ဒုတိယ ဝိကပ်အလို ဝိပုဗ္ဗ၊ ဓာဓာတ်၊ ကရောတျတ္ထ ဖြစ်သောကြောင့် များစွာသော အပြားတို့ဖြင့် ပြုစီရင်အပ်သော-ဟု ပေးလေ။။
ဣဒ္ဓိဝိဓံ၊ ဣဒ္ဓိဝိဓ အဘိညာဥ်ကို။
ပစ္စနုဘဝေယျံ၊ ခံစားလို၏ ။
ဧကောပိဟုတွာ၊ တစ်ယောက်ထည်း ဖြစ်လျက်လည်း။
ဗဟုဓာ၊ များသော အပြားရှိသည်။
အဿံ၊ ဖြစ်လို၏ ။
ဗဟုဓာပိဟုတွာ၊ များသော အပြားရှိလျက်လည်း၊
ဧကော အဿံ၊ တစ်ယောက်ထည်း ဖြစ်လို၏ ။
အာဝိဘာဝံ၊ မျက်မှောက်၌၎င်း။
တိရောဘာဝံ၊ မျက်ကွယ်၌၎င်း။
တိရောကုဋ္ဋံ၊ နံရံခြားရာ၌၎င်း။
တိရောပါကာရံ၊ တံတိုင်းခြားရာ၌၎င်း။
တိရောပဗ္ဗတံ၊ တောင်ခြားရာ၌၎င်း။
အာကာသေ သေယျထာပိ၊ ကောင်းကင်၌ကဲ့သို့။
အသဇ္ဇမာနော၊ မကပ်ငြိမူ၍။
ဂစ္ဆေယျံ၊ သွားနိုင်လို၏ ။
ပထဝိယာပိ၊ မြေ၌၎င်း။
ဥဒကေသေယျထာပိ၊ ရေ၌ကဲ့သို့။
ဥမ္မုဇ္ဇနိမုဇ္ဇံ၊ ပေါ်ခြင်း ငုပ်ခြင်းကို။
ကရေယျံ၊ ပြုနိုင်လို၏ ။
အဘိဇ္ဇမာနေ၊ (အဓိဋ္ဌာန်ကြောင့်) မကွဲမပျက်သော
ဥဒကေပိ အဘိဇ္ဇမာနော-ဟု မူဟောင်း၌ ပဌမန္တဖြင့် ရှိ၏ ။ ၎င်းအလို-ဥဒကေပိ၊ ၌လည်း။ အဘိဇ္ဇမာနော၊ မကွဲမပျက်စေမူ၍။ ဝါ၊ မခွဲမူ၍။ ပထဝိယံ သေယျထာပိ၊ မြေ၌ ကဲ့သို့။ ဂစ္ဆေယျံ၊ သွားနိုင်လို၏ ဟူ၍ အဘိဇ္ဇမာနောကို ဂစ္ဆေယျံ ၌ ကြိယာဝိသေသန စပ်၍ ပေးရမည်။ ယင်းသို့ ပေးသော် အဘိဇ္ဇမာနော ကံပုဒ်သည် ဥဒကံ-မှ တပါး အခြားမရှိနိုင်ရကား ဥဒကေ-ဟူသော အာဓာရနှင့် ထပ်နေပြန်၏ ။ စဥ်းစားဘွယ်။ ဝိသုဒ္ဓိမဂ် အဋ္ဌကထာအလို ဥဒကေ၏ နာမဝိသေသန အဖြစ်ဖြင့် အဘိဇ္ဇမာနေ-ဟု သတ္တမျန္တပင် ရှိရမည်။။
ဥဒကေပိ၊ ရေ၌လည်း။
ပထဝိယံ သေယျထာပိ၊ မြေ၌ကဲ့သို့၊။
ဂစ္ဆေယျံ၊ သွားနိုင်လို၏ ။
အာကာသေပိ၊ ကောင်းကင်၌လည်း။
ပက္ခီ၊ အတောင်ရှိသော။
သကုဏော သေယျထာပိ၊ ငှက်ကဲ့သို့။
ပလ္လင်္ကေန၊ ထက်ဝယ်ဖွဲ့ခွေသဖြင့်။
ကမေယျံ၊ သွားနိုင်လို၏ ။
ဧဝံမဟိဒ္ဓိကေ၊ ဤသို့ကြီးသော တန်ခိုးရှိကုန်သော။
ဧဝံမဟာနုဘာဝေ၊ ဤသို့ကြီးသော အာနုဘော် ရှိကုန်သော။
ဣမေပိ စန္ဒိမ သူရိယေ၊ ဤလနေတို့ကိုလည်း။
ပါဏိနာ၊ လက်ဖြင့်။
ပရာမသေယျံ၊ သုံးသပ်နိုင်လို၏ ။
ပရိမဇ္ဇေယျံ၊ ဆုပ်နယ်နိုင်လို၏ ။
ယာဝဗြဟ္မလောကမ္ပိ၊ ဗြဟ္မာပြည်တိုင်အောင်လည်း။
ကာယေန၊ ကိုယ်ဖြင့်။
ဝသံ၊ အလိုအတိုင်း။
ဝတ္တေယျံ၊ ဖြစ်စေနိုင်လို၏ ။ ။
(အကြွင်းတူပြီ) ။ ။ (၁၂)
အတိက္ကန္တမာနုသိကာယ၊ လူတို့၏ သောတပသာဒကို လွန်သော။
ဝိသုဒ္ဓါယ၊ အထူးသဖြင့် စင်ကြယ်သော။
ဒိဗ္ဗာယ၊ နတ်၌ ဖြစ်သော။
သောတဓာတုယာ၊ သောတဓာတ်ဖြင့်။
ဒိဗ္ဗေစ၊ နတ်၌လည်း ဖြစ်ကုန်သော။
မာနုသေစ၊ လူ၌လည်း ဖြစ်ကုန်သော။
ဥဘော၊ နှစ်ပါးကုန်သော။
သဒ္ဒေ၊ အသံတို့ကို။
သုဏေယျံ၊ ကြားနိုင်လို၏ ။
ယေ၊ အကြင် အသံတို့သည်။
ဒူရေ၊ ဝေးကုန်၏ ။
ယေစ၊ အကြင်အသံတို့သည်လည်း။
သန္တိကေ၊ နီးကုန်၏
နဘံ စ ဒူရေ ပထဝီစ ဒူရေ-ဟူသော တိကင်္ဂုတ္တရ ရောဟိတဿဝဂ်၌ ကဲ့သို့ တုလျက် လိင်္ဂတ် အသတွ ဝါစကအဖြစ်ဖြင့် ပေးလိုက်သည်။ ဒိဗ္ဗမာနုသဖြင့် သပဒေသပရိယာဒါန ဥဘောသဒ္ဒ၊ ဒူရသန္တိကဖြင့် နိပ္ပဒေသပရိယာဒါန ဥဘောသဒ္ဒ၊ ဤသို့ ဥဘောသရုပ် ၂-မျိုး ထင်ရှားအောင် ဝိသုဒ္ဓိမဂ် စာပိုဒ် ၄၀၀-အဖွင့်နှင့် အညီပေးသည်။။
ဥဘော၊ ကုန်သော။
တေသဒ္ဒေ၊ ထိုအသံတို့ကို။
သုဏေယျံ၊ ကြားနိုင်လို၏ ။ ။
(အကြွင်းလွယ်ပြီ) ။ ။ (၁၃)
စေတသာ၊ မိမိစိတ်ဖြင့်။
ပရသတ္တာနံ၊ တပါးသော သတ္တဝါတို့၏။
ပရပုဂ္ဂလာနံ၊ တပါးသော ပုဂ္ဂိုလ်တို့၏
ပရသတ္တာနံ၊ မြတ်သော သတ္တဝါတို့၏ ။ ပရပုဂ္ဂလာနံ၊ ယုတ်သော ပုဂ္ဂိုလ်သတ္တဝါတို့၏-ဟူ၍ မဟာသီဟနာဒ စာပိုဒ် ၁၄၈-ပဌမဝိကပ်အလို ပေးနိုင်သည်။ သို့သော် ဤအရာဌာန၌ မသင့်။။
စေတော၊ စိတ်ကို။
ပရိစ္စ၊ ပိုင်းခြား၍။
ပဇာနေယျံ၊ အပြားအားဖြင့် သိနိုင်လို၏ ။
သရာဂံဝါ၊ တပ်စွန်းခြင်း ရှိသည်လည်း ဖြစ်သော။
စိတ္တံ၊ လောဘမူ စိတ်ကို။
သရာဂံ၊ သော။
စိတ္တန္တိ၊ စိတ်ဟူ၍။
ပဇာနေယျံ၊ ၏ ။
ဝီတရာဂံဝါ၊ တပ်စွန်းခြင်း ကင်းသည်လည်း ဖြစ်သော။
စိတ္တံ၊ ကုသိုလ် အဗျာကတ စိတ်ကို။ ပ။
သဒေါသံဝါ၊ အမျက်ထွက်ခြင်းရှိသည်လည်း ဖြစ်သော။
စိတ္တံ၊ ဒေါသမူစိတ်ကို။ ပ။
ဝီတဒေါသံ၊ အမျက်ကင်းသည်လည်း ဖြစ်သော။
စိတ္တံ၊ ကုသိုလ် အဗျာကတစိတ်ကို။ ပ။
သမောဟံဝါ၊ တွေဝေခြင်း ရှိသည်လည်း ဖြစ်သော။
စိတ္တံ၊ မောဟမူစိတ်ကို။ ပ။
ဝီတမောဟံ၊ တွေဝေခြင်း ကင်းသည်လည်း ဖြစ်သော။
စိတ္တံ၊ ကုသိုလ်အဗျာကတစိတ်ကို။ ပ။
သံခိတ္တံဝါ၊ တွန့်တိုသည်လည်းဖြစ်သော။
စိတ္တံ၊ ထိနမိဒ္ဓနှင့် ယှဉ်သော စိတ်ကို။ ပ။
ဝိက္ခိတ္တံဝါ၊ ပျံ့လွင့်သည်လည်းဖြစ်သော။
စိတ္တံ၊ ဥဒ္ဓစ္စသဟဂုတ်စိတ်ကို။ ပ။
မဟဂ္ဂတံဝါ၊ မြတ်သည်၏ အဖြစ်သို့ ရောက်သည်လည်း ဖြစ်သော။
စိတ္တံ၊ ရူပ အရူပစိတ်ကို။ ပ။
အမဟဂ္ဂတံဝါ၊ မဟဂ္ဂုတ်လည်းမဟုတ်သော။
စိတ္တံ၊ ကာမစိတ် လောကုတ္တရာစိတ်ကို။ ပ။
သဥတ္တရံဝါ၊ မိမိထက် လွန်မြတ်သော တရားရှိသည်လည်း ဖြစ်သော။
စိတ္တံ၊ လောကီစိတ်ကို။ ပ။
အနုတ္တရံဝါ၊ မိမိထက် လွန်မြတ်သော တရားမရှိသည်လည်း ဖြစ်သော။
စိတ္တံ၊ လောကုတ္တရာစိတ်ကို။ ပ။
သမာဟိတံဝါ၊ တည်ကြည်သည်လည်း ဖြစ်သော။
စိတ္တံ၊ ဥပစာ အပ္ပနာ အဖြစ်သို့ ရောက်သော စိတ်ကို။ ပ။
အသမာဟိတံဝါ၊ မတည်ကြည်သည်လည်း ဖြစ်သော။
စိတ္တံ၊ ဥပစာ အပ္ပနာ အဖြစ်သို့ မရောက်သော စိတ်ကို။ ပ။
ဝိမုတ္တံဝါ၊ ကိလေသာတို့မှ လွတ်သည်လည်း ဖြစ်သော။
စိတ္တံ၊ ကုသိုလ်စိတ် ဖိုလ်စိတ်ကို။ ပ။
အဝိမုတ္တံဝါ၊ ကိလေသာတို့မှ မလွတ်သည်လည်း ဖြစ်သော။
စိတ္တံ၊ ကုသိုလ်စိတ် ဖိုလ်စိတ်တို့မှ ကြွင်းသောစိတ်ကို ပ။
အဝိမုတ္တံဝါ၊ ကိလေသာတို့မှ မလွတ်သည်လည်း ဖြစ်သော။
စိတ္တံ၊ ကုသိုလ်စိတ် ဖိုလ်စိတ်တို့မှ ကြွင်းသောစိတ်ကို။
အဝိမုတ္တံ၊ သော။
စိတ္တန္တိ၊ ဟူ၍။
ပဇာနေယျံ၊ ၏ ။ ။
(ကြွင်းတူပြီ) ။ ။ (၁၄)
(အပိုဒ်ဆုံး နံပါတ် ၁၅-ကို ဘယဘေရဝသုတ် စာပိုဒ် ၅၂-ကို မှီ၍ နံပါတ် ၁၆-ကို ဘယယေရဝသုတ် စာပိုဒ် ၅၃-ကို မှီ၍ သမ္ဗန်လေ) ။
၆၉။
အာသဝါနံ၊ တို့၏ ။
ခယာ၊ ကုန်ခြင်းကြောင့်။
အနာသဝံ၊ အာသဝေါ တရားမရှိသော။
စေတောဝိမုတ္တိံ၊ အရဟတ္တဖိုလ်နှင့် ယှဉ်သော ရာဂမှ လွတ်သော သမာဓိကို။
ပညာဝိမုတ္တိံ၊ အရဟတ္တဖိုလ်ပညာနှင့် ယှဉ်သော အဝိဇ္ဇာမှ လွတ်သော ပညာကို။
ဒိဋ္ဌေဝဓမ္မေ၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌ပင်လျှင်။
သယံအဘိညာယ၊ မိမိပညာဖြင့်သာလျှင်။
သစ္ဆိကတွာ၊ မျက်မှောက်ပြု၍။
ဥပသမ္ပဇ္ဇ၊ ရောက်၍။
ဝိဟရေယျံ၊ နေနိုင်လို၏ ။ ။
(ကြွင်းတူပြီ) ။ ။ (၁၇)
ဘိက္ခဝေ၊ တို့။ ပ။
သိက္ခထာတိ၊ ကုန်လော့"ဟူသော။
ဧတံ၊ ကို။
အဝေါစ၊ ပြီ။
(စာပိုဒ် ၆၄-ဧတဒဝေါစ-၌ ပြန်စပ်) ။
ဣတိ၊ သို့။
ယံတံ၊ အကင်သမ္ပန္နသီလာ-စသော စကားကို။
ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
ဧတံ၊ ဤသမ္ပန္နသီလ-စသော စကားကို။
ပဋိစ္စ၊ စွဲ၍။
ဣဒံ၊ ဤအာကင်္ခေယျ-စသော စကားကို။
(၆၅-ပိုဒ် စ၍ ဆိုသော စကားယူ) ။
ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
ဣတိ၊ အပြီးတည်း။
ဆဋ္ဌံ၊ ခြောက်ခုမြောက်သော။
အာကင်္ခေယျသုတ္တံ၊ သည်။
နိဋ္ဌိတံ၊ ပြီ။