Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
(SN)Mahāvaggo
(SN)Mahāvaggo

2. Brāhmaṇasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

သာဝတ္ထိနိဒါနံ၊ တည်း။
ဘိက္ခဝေ၊ တို့။ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့သည်။ ဥဒယဂါမိနိံ နာမ၊ (မိမိအယူဝါဒ၌) ကြီးပါးခြင်းသို့ ရောက်စေတတ်သော။ ဥဒယဂါမိနိန္တိ အတ္တနော သမယ ဝုဍ္ဎိဂါမိနိံ။ဋ္ဌ။ ဥဒယဂါမိနိန္တိ အာရမ္ဘတော ပဋ္ဌာယ သမ္ပတ္တိအာဝဟံ။ဋီ။ ဋီ အလို-ဥဒယဂါမိနိံ၊ အကျင့်ကိုအားထုတ်သည်မူ စ၍ စည်းစိမ်တိုးအောင် ဆောင်တတ်သောဟု ပေး။ ပဋိပဒံ၊ အကျင့်ကို။ ပညပေန္တိ၊ ပညပ်ကြကုန်၏။
တေ၊ ထိုပုဏ္ဏားတို့သည်။ သာဝကံ၊ တပည့်ကို။
“အမ္ဘော ပုရိသ၊ အမောင် ယောက်ျား။ တွံ၊ သင်သည်။ ဧဟိ၊ လာလော့။ ကာလဿေဝ၊ နံနက်စောစောကသာလျှင်။ ဥဋ္ဌာယ၊ ထ၍။ ပါစီနမုခေါ၊ အရှေ့အရပ်သို့ ရှေးရှူ ရှိသည်ဖြစ်၍။ ယာဟိ၊ သွားလော့။
သောတွံ၊ ထိုသင်သည်။ သောတ္တံ့၊ ထုံးအိုင်ကို။ မာ ပရိဝဇ္ဇေဟိ၊ ရှောင်မသွားပါလင့်။ ပပါတံ၊ ကမ်းပါးကို။ မာ ပရိဝဇ္ဇေဟိ၊ လင့်။ ခါဏုံ၊ သစ်ငုတ်ကို။ မာ ပရိဝဟိ၊ လင့်။ ကဏ္ဋာဋ္ဌာနံ၊ ဆူးရှိရာ အရပ်ကို။ မာ ပရိဝဇ္ဇေဟိ၊ လင့်။ စန္ဒနိယံ၊ တံစီးတွင်း (တစီးအိုင်) ကို။ မာ ပရိဝဇ္ဇေဟိ၊ လင့်။ ဩဠိဂလ္လံ၊ ရွှံ့ညွန်တွင်း ( ရွှံ့ညွန်အိုင်) ကို။ စန္ဒနိကန္တိ ဥစ္ဆိဋ္ဌောဒကဂဗ္ဘမလာဒီနံ ဆဍ္ဍနဋ္ဌာနံ၊ ဩဠိဂလ္လန္တိ သကဒ္ဒမာဒီနံ သန္ဒနောကာသံ၊ တံဇဏ္ဏုမတ္တမ္ပိ အသုစိဘရိတံ‌ ဟောတိ။ မ-ဋ္ဌ ၁-၈၃။ လုပ်ဆေးရေ, ကိုယ်ဝန်အညစ်အကြေးစသည် သွန်ရာအရပ် တံစီးတွင်း တံစီးအိုင်သည် စန္ဒနိကမည်၏။(ဤ၌ ကကို ယပြု၍ စန္ဒနိယံဟုဆိုသည်။) ရွှံညွန့်နှင့်တကွဖြစ်သော အညစ်အကြေး အပြစ်အခဲတို့ကို စွန့်ထားရာအရပ်ကို ရွှံ့အိုင် ညွန်အိုင် ရွှံတွင်း ညွန့်တွင်းသည် ဩဠိဂလ္လမည်၏ဟု အထူးခွဲ။ အဘိဓာန်၌ ပရိယာယ်တူဆို၏။ မာ ပရိဝဇ္ဇေဟိ၊ လင့်။
ယတ္တ၊ အကြင်အရပ်၌။ ပပတေယျာသိ၊ လဲကျရာ၏။ တတ္ထေဝ၊ ထိုအရပ်၌သာလျှင်။ မရဏံ၊ သေခြင်းကို။ အာဂမေယျာသိ၊ မျှော်လင့်တောင့်တ အလိုရှိလော့။ မရဏံ အာဂမေယျာသီတိ မရဏံ ဣစ္ဆေယျာသိ၊ ပတ္တေယျာသိ ဝါ။ ဋ္ဌ။
အမ္ဘောပုရိသ၊ အမောင်ယောက်ျား။ ဧဝံ၊ ဤသို့ကျင့်သည်ရှိသော်။ တွံ၊ သင်သည်။ ကာယဿ၊ ကိုယ်ခန္ဓာ၏။ ဘေဒါ၊ ပျက်စီးခြင်းကြောင့်။ ဝါ၊ ပျက်စီးခြင်း တည်းဟူသော။ မရဏာ၊ သေလွန်သည်မှ။ ပရံ၊ အထက်၌။ သုဂတိ၊ ကောင်းမှုပြုသူ ထို၏လားရောက်ရာဖြစ်သော။ ဝါ၊ ချမ်းသာ၏ လည်းလျောင်းရာဖြစ်သော။ သဂ္ဂံ၊ ရူပါရုံစသည် တို့ဖြင့် သာလွန် ကောင်းမြတ်သော။ လောကံ၊ နတ်ပြည်လောကသို့။ ဥပပဇ္ဇိဿသီတိ၊ ကပ်ရောက်ရပေလတ္တံ့”ဟူ၍။ ဧဝံ၊ ဤသို့။ သမာဒပေန္တိ၊ ဆောက်တည်စေကြကုန်၏။(တိုက်တွန်းကြ ကုန်၏ ဟူလို။)
ဘိက္ခဝေ၊ ရဟန်းတို့။ ဗြာဟ္မဏာနံ၊ ပုဏ္ဏားတို့၏။ တံ ခေါ ပနေတံ၊ ထိုဆောက်တည်စေခြင်း သည်။ ဗာလဂမနံ၊ သူမိုက်တို့၏သွားရာဖြစ်သော ဆောက်တည်စေခြင်းတည်း။ (ဧတံ အနက်မဲ့ကြံ၊ ဗာလဂမနမေဝ ဟုရှိလျှင် ပိုကောင်း၏။ ဗာလဂပနမေဝ၊ သူမိုက်တို့၏ သွားရာဖြစ်သော ဆောက်တည်စေခြင်းသာတည်းဟု သမ္ဗန်၊ နောက်ပုဒ်လည်း ဤနည်း။) မူဠှဂမနံ၊ တွေဝေသူတို့၏ သွားရာဖြစ်သော ဆောက်တည်စေခြင်းတည်း။ နိဗ္ဗိဒါယ၊ ဝဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်းငှါ။ န သံဝတ္တတိ၊ မဖြစ်။ ဝိရာဂါယ၊ ဝဋ်ဆင်းရဲ၌ တပ်ခြင်း ကင်းခြင်းငှါ။ န သံဝတ္တတိ၊ မဖြစ်။ နိရောဓာယ၊ ဝဋ်ဆင်းရဲ၏ ချုပ်ခြင်းငှါ။ န သံဝတ္တတိ၊ မဖြစ်။ ဥပသမာယ၊ ကိလေသာငြိမ်းခြင်းငှါ။ န သံဝတ္တတိ၊ မဖြစ်။ အဘိညာယ၊ ထူးသောဉာဏ်ဖြင့်သိခြင်းငှါ။ န သံဝတ္တတိ၊ မဖြစ်။ သမ္ဗောဓာယ၊ သစ္စာ ၄-ပါးကို သိခြင်းငှါ။ န သံဝတ္တတိ၊ မဖြစ်။ နိဗ္ဗာနာယ၊ ခန္ဓာဇာတ်သိမ်း အေးငြိမ်းခြင်းငှါ။ န သံဝတ္တတိ၊ မဖြစ်။
ဘိက္ခဝေ၊ တို့။ အဟဉ္စ ခေါ၊ ငါဘုရားသည်ကား။ အရိယဿ၊ ငါဘုရား၏။ ဝိနယေ၊ ဆုံးမရာ သာသနာ၌။ ယာ၊ အကြင်အကျင့်သည်။ ဧကန္တနိဗ္ဗိဒါယ၊ စင်စစ် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်းငှါ။ ဝိရာဂါယ၊ ငှါ။ နိရောဓာယ၊ ငှါ။ ဥပသမာယ၊ ငှါ။ အဘိညာယ၊ ငှါ။ သမ္ဗောဓာယ၊ ငှါ။ နိဗ္ဗာနာယ၊ ငှါ။ သံဝတ္ထတိ၊ ၏။ ဥဒယဂါမိနိံ၊ ဉာဏ်တိုးပွါးခြင်းသို့ ရောက်စေတတ်သော။ တံ ပဋိပဒံ၊ ထိုအကျင့်ကို။ ပညပေမိ၊ ပညပ်တော်မူ၏။
ဘိက္ခဝေ၊ တို့။ ဥဒယဂါမိနီ၊ သော။ သာ ပဋိပဒါ၊ ထိုအကျင့်သည်။
ယာ၊ အကြင်အကျင့်သည်။ သံဝတ္တတိ၊ ၏။ ဥဒယဂါမိနီ၊ သော။ သာ ပဋိပဒါ၊ ထိုအကျင့်သည်။
ကတမာ စ၊ အဘယ်နည်း။ (ဣဓ ဘိက္ခဝေ စသည်ကား ပေးမြဲ ပေးလေ။)
ဘိက္ခဝေ၊ တို့။ ယာ၊ အကြင်အကျင့်သည်။ ဧကန္တနိဗ္ဗိဒါယ၊ ငှါ။ ပ။ နိဗ္ဗာနာယ၊ ငှါ။ သံဝတ္တတိ၊ ၏။ ဥဒယဂါမိနီ၊ သော။ သာ ပဋိပဒါ၊ ထိုအကျင့်သည်။ အယံ ခေါ၊ ဤသည်ပင်တည်း။ ဣတိ၊ ဤသို့မိန့်တော်မူ၏။
ဒုတိယံ၊ နှစ်ခုမြောက်သောသုတ်တည်း။