(ဘန္တေ၊ အရှင်ဘုရား။
ဣဒံ သုတ္တံ၊ ဤဝဇ္ဇသုတ်ကို)
ဧဝံ၊ ဤသို့။
ဝါ၊ ဤယခုလျှောက်ထားမည့်အတိုင်း။
မေ၊ တပည့်တော်သည်။
သုတံ၊ (မြတ်စွာဘုရားအထံတော်မှ) နာယူ မှတ်ထား အပ်ပါပြီ။
(ကတံ၊ အဘယ်သို့။
သုတံ၊ ဟူမူ၊)
[ဧကကနိပါတ် ပဌမသုတ်ကြည့်ပါ]။
ပ။
ဘဂဝါ၊ သည်။
ဧတံ၊ ကို။
အဝေါစ၊ ပြီ။
(ကိန္တိ၊ သို့။
အဝေါစ၊ မူ။)
ဘိက္ခဝေ၊ ရဟန်းတို့။
ဝဇ္ဇာနိ၊ အပြစ်တို့သည်။
ဣမာနိ ဒွေ၊ ဤနှစ်မျိုးတို့တည်း။
ဒွေ၊ နှစ်မျိုးတို့ဟူသည်။
ကတမာန်၊ အဘယ်တို့နည်းဟူမူ။
ဒိဋ္ဌိဓမ္မိကံ၊ ယခုတွေကြုံနေရသော အတ္တဘော၌ဖြစ်သော အကျိုးဟူသော။
ဝါ၊ ယခုမျောက်မှောက်ဘဝ၌ဖြစ်သော အကျိုးဟူသော။
ဝဇ္ဇံစ၊ အပြစ်လည်းကောင်း။
သမ္ပရာယိကံ၊ နောက်ထပ် လားရောက်အပ်သောအနာဂတ်အတ္တဘော၌ဖြစ်သော အကျိုးဟူသော။
ဝါ၊ တမလွန်ဘဝ၌ဖြစ်သောအကျိုးဟူသော။
ဝဇ္ဇံ စ၊ အဖြစ်လည်းကောင်းတည်း။
ဘိက္ခဝေ၊ တို့။
ဒိဋ္ဌဓမ္မကံ၊ လော။
ဝဇ္ဇံ၊ အပြစ်ဟူသည်။
ကတမဉ္စ၊ အဘယ်နည်း။
ဘိက္ခဝေ၊ တို့။
ဣဓ၊ ဤလောက၌။
အာဂုစာရိံ၊ ပြစ်မှုကျူးလွန်သော။
စောရံ၊ သူခိုးကို။
ရာဇာနော၊ မင်းတို့သည်။
ဂဟေတွာ၊ ဖမ်းချုပ်ကြကုန်၍။
ဝိဝိဓာ၊ အမျိုးမျိုးကုန်သော။
ကမ္မကာရဏာ၊ ညှင်းပန်း နှိပ်စက်ခြင်းအမှုတို့ကို။
ကာရေန္တေ၊ ပြုလုပ်စေသည်တို့ကို။
ဝါ၊ ပြုလုပ်ခိုင်းနေသည်တို့ကို။
ဧကစ္စော၊ အချို့သောသူသည်။
ပဿတိ၊ မြင်ရ၏။
[အဓိပ္ပါယ်ပေါ်လွင်မှုကိုအဓိကထား၍ ရာဇာနောပုဒ်ကို ဂဟေတွာ၏ ကတ္တားအနေအားဖြင့် အနက်ပြန်ဆိုခြင်းဖြစ်။ သဒ္ဒါစည်းကမ်းကို အဓိကထား၍ အနက်ပေးလိုလျှင်ကား "ဘိက္ခဝေ၊ တို့။
ဣဓ၊ ၌။
ရာဇာနော၊ မင်းတို့ကို။
(ပဿတိ၌စပ်) အာဂုစာရိံ၊ သော။
စောရံ၊ ကို။
ဂဟေတွာ၊ ၍။
ဝိဝိဓာ၊ ကုန်သော။
ကမ္မကာရဏာ၊ တိုကို။
ကာရေန္တေ၊ တို့ကို။
ဧကစ္စော၊ သည်။
ပဿတိ၊ ၏။"
ဟုဆိုပါ။
ရာဇာနောကားပဿတိ၏ ပကတိကံတည်း။
ကာရေန္တေကား ဝိကတိကံတည်း။]
ကသာဟိပိ၊ နှင်းတံတို့ဖြင့်လည်း။
တာဠေန္တေ၊ ရိုက်နှက်နေသည်တို့ကိုလည်းကောင်း။
ဝေတ္တေဟိပိ၊ ကြိမ်လုံးတို့ဖြင့်လည်း။
တာဠေန္တေ၊ လည်းကောင်း။
အဒ္ဓဒဏ္ဍကေဟိပိ၊ လေးတောင်ထက်ဝက် နှစ်တောင်ရှိသော တုတ်တို့ဖြင့်လည်း[အဒ္ဓ= ထက်ဝက်+ ဒဏ္ဍက- တုတ်]
ဝါ၊ ဆောက်ပုတ်တို့ဖြင့်လည်း။
ပ။
ဟတ္ထမ္ပိ၊ လက်ကိုလည်း။
ဆိန္ဒန္တေ၊ ဖြတ်နေသည်တို့ကိုလည်းကောင်း။
ပါဒမ္ပိ၊ ခြေကိုလည်း။
ပ။
ဟတ္ထပါဒမ္ပိ၊ လက်ခြေကိုလည်း။
ပ။
ကဏ္ဏမ္ပိ၊ နားရွက်ကိုလည်း။
ပ။
နာသမ္ပိ၊ နှခေါင်းကိုလည်း။
ပ။
ကဏ္ဏနာသမ္ပိ၊ နားရွက် နှာခေါင်းကိုလည်း။
ဆိန္ဒန္တေ၊ လည်းကောင်း။
ဗိလင်္ဂထာလိကမ္ပိ၊ ပုန်းရည်အိုးနှင့်တူအောင် ညှဉ်းပန်းနှိပ်စက်ခြင်းကိုလည်း [အကျဉ်းချုပ်သဒ္ဒါ နက်မျှသာတည်း။
ဗိလင်္ဂဿ၊ ပုန်းရည်၏+ ထာလီ= ထာလိကာ- အိုး။
ဗိလင်္ဂိထာလိကာ ဝိယာတိ ဗိလင်္ဂထာလိကာ။ အကျယ်တဝင့်အနက်ပေးလိုလျှင်ကား- "ဗိလင်္ဂထာလိကမ္ပိ၊ ဉီးခေါင်းခွံကို အပေါက်ဖေါက်ကာသံပူခဲရဲရဲကို ထည့်သွင်း၍ ပုန်းရည်အိုးမှ ပုန်းရည်ဆူပွက် လျှံတက်သကဲ့သို့ဉီးနှောက်ဆူပွက် လျှံတက်လာအောင် ညှဉ်းပန်းနှိပ်စက်ခြင်းလည်း" ဟုဆိုပါ]
ကရောန္တေ၊ ပြုလုပ်နေသည်တို့ကိုလည်းကောင်း။
သင်္ခမုဏ္ဍိကမ္ပိ
သင်္ခမုဏ္ဍိကာ။ ။ မုဏ္ဍနံ မုဏ္ဍိကာ- ဉီးပြည်းခြင်း၊ ခေါင်းတုံးခြင်း၊ ခေါင်းရိတ်ခြင်း၊ မုဏ္ဍဓာတ်၊ ဏျပစ္စည်း၊ ဣလာ၊ ယကို ကပြု၊ (တစ်နည်း) မုဏ္ဍနံ မုဏ္ဍော ၊ မုဏ္ဍော ဧဝ မုဏ္ဍိကာ- ခေါင်းတုံးခြင်း။ မုဏ္ဍပုဒ်၊ တဒ္ဓိတ်ဣကပစ္စည်းကြံ။ "စရဏံ စာရိကာ၊ စရဏံ ဝါ စာရော၊ စာရော ဧဝစာရိကာ" ဟူသော သီလက္ခန် အမ္ဗဋ္ဌသုတ်ဋ္ဋီကာ (နှာ- ၂၈၆)ဝိဂြိုလ်နှင့် အလားတူကြံခြင်းဖြစ်၏။ ထို့နောက် "သင်္ခံ ဝိယ မုဏ္ဍိကာ သင်္ခမုဏ္ဍိကာ- ခရုသင်းနှင့်တူအောင် ဉီးပြည်းခေါင်းတုံးခြင်း" ဟူ၍ အကျဉ်းချုပ်ဝိဂြိုဟ်အနက်ဆိုလေ။ သင်္ခံ ဝိယ မုဏ္ဍကရဏံ ကမ္မကာရဏံ။ ဋ္ဋီကာ။
၊ ခရုသင်းအတူ ဖွေးဖွေးဖြးအောင် ဉီးပြည်းခေါင်းတုံးခြင်းကိုလည်း။
[သင်္ခမုဏ္ဍိကမ္ပိ၊ အထက် နှုတ်ခမ်း နားရင်းနှစ်ဘက်နှင့် လည်ချိုင့်တိုင်အောင် နယ်ပယ်ကန့်သတ်ရစ်ပတ်ကာ အရေကိုဖြတ်တောက်ပြီးလျှင် ဆံပင်အားလုံး သိမ်းကျုံးပေါင်းစု၍ တုတ်ဖြင့်ရစ်ပတ်ကာ ဆွဲဆောင့်သဖြင့် ဆံပင်နှင့်တကွ ဉီးခေါင်းခွံ အရေကြွတက် ကျွတ်ပါလာစေပြီးနောက် ခရုသင်းအတူ ဖွေးဖွေးဖြူအောင် ကြမ်းတမ်းသော ကျောက်ခဲတို့ဖြင့် ပွတ်တိုက်ဆေးကြောလျက် ဉီးပြည်းခေါင်းတုံးခြင်းကိုလည်း" ဟု အကျယ်ဖွင့် အနက်ဆိုပါ။]
ကရောန္တေ၊ ပြုလုပ်နေသည်တို့ကိုလည်းကောင်း။
ရာဟုမုခမ္ပိ
ရာဟုမုခါ။ ။ ရာဟုမုခေ ဂတော ရာဟုမုခဂတော- ရာဟုခံတွင်း၌ရောက်နေသော နေလုံး၊ ရာဟုမုခဂတော ဝိယာတိ ရာဟုမုခါ- ရာဟုခံတွင်း၌ရောက်နေသော နေလုံးနှင့်တကွ(တူအောင်) ညှင်းဆဲခြင်း (အကျဉ်းချုပ်ဝိဂြိုဟ်အနက်)။ ဂတပုဒ်အကျေကြံ။ "ရာဟုမုခတသူရိယသဒိသကမ္မကာရဏံ" ဟူသော ဋ္ဋီကာအဖွင့်အတိုင်း ဝိဂြိုဟ်ပြုသည်။ "ရာဟုနေနာ ဝိယ မုခံ ယဿာတိ ရာဟုမုခေါ" ဟုလည်း ဝိဂြိုဟ်ပြုတော်မူကြ၏။
၊ ပါးစပ်ကို သံငုတ်ဖြင့်ဖွင့်ထောက်ကာ ဟထားစေ၍ ရာဟုခံတွင်း၌ရောက်နေသော နေလုံးနှင့်တူအောင် အာခေါင်ခံတွင်း၌ မီးထွန်းခြင်းကိုလည်း။
ဝါ၊ နားရင်းနှစ်ဖက်မှစ၍ ပါးစပ်ကို ဆောက်ဖြင့်ထွင်းကာ ကျယ်စွာချဲ့၍ရာဟုခံတွင်း၌ ရောက်နေသော နေလုံးနှင့်တူအောင် အရောင်အဆင်း နီးခြင်းခြင်းသွေးတို့ဖြင် ခံတွင်းကို ပြည့်စေခြင်းကိုလည်း။
ကရောန္တေ၊ လည်းကောင်း။
ဇောတိမာလိကမ္ပိ
ဇောတိမာလိကာ။ ။ ဇောတိ ဧဝမာလာ ဇောတိမာလာ- မီးသည်ပင်လျှင် ပန်း(မီးပန်း)၊ ဇောတိမာလာ ယဿ အတ္ထီတိ ဇောတိမာလိကာ- မီးပန်းရှိသော ညှဉ်းဆဲခြင်း၊ ဝါ- မီးပန်းရှိအောင် ညှဉ်းဆဲခြင်း၊ ဇာတိမာလိကန္တိဇောတိမာလာဝန္တံ ကမ္မကာရဏံ။ ဋ္ဋီကာ။
၊ ဆီစိမ်အဝတ်တို့ဖြင့် တကိုယ်လုံးရစ်ပတ်၍ မီးရှို့ခြင်းဖြင့် မီးပန်းရှိအောင် ညှဉ်းပန်းခြင်းကိုလည်း။
ပ။
ဟတ္ထပဇ္ဇောတိကမ္ပိ
ဟတ္ထဟဇ္ဇောတိကာ။ ။ ပဇ္ဇောတနံ ပဇ္ဇောတိကာ- အရောင်တောက်စေခြင်း။ ပ+ ဇုတ+ ဏျ+ ဣလာ၊ ယကိုကပြု။ (တစ်နည်း) "ပဇ္ဇောတနံ ပဇ္ဇောတော၊ ပဇ္ဇေတော ဧဝ ပဇ္ဇောတိကာ" ဟု ပဇ္ဇေတပုဒ် တဒ္ဓိတ်ဣကပစ္စည်းသော်လည်းကြံပါ၊ ဟတ္ထဿ ပဇ္ဇောတိကာ တ္ထပဇ္ဇောတိကာ- လက်ကိုအရောင်တောက်စေခြင်း (အရောင်တောက်မီးရှိို့ခြင်း)။ ဟတ္ထပဇ္ဇောတိကန္တိ ဟတ္ထဿပဇ္ဇောတနကမ္မကာရဏံ။ ဋ္ဋီကာ။
၊ ဆီစိမ်အဝတ်တို့ဖြင့် လက်ကိုရစ်ပတ်ကာ မီးတိုင်ပမာ အရောင်အဝါလင်းအောင်မီးရှို့ခြင်းကိုလည်း။
ဤနေရာ၌ ညှင်းဆဲခြင်းအနက်ဟောဖြစ်သော ကာရဏပုဒ်၏ ဣတ္ထိလိင်သို့လိုက်၍ ဗိလင်္ဂထာလိကာ, သင်္ခမုဏ္ဍိကာ- စသည်ဖြင့် ဣတ္ထိလိင်ရုပ်ရှိရသည်။ ဤသုတ်အဋ္ဌကထာဋ္ဋီကာတို့၌မူ ဒတိယာဝိဘတျန္တဖြင့်ရှိသော ပါဠိတော်အတိုင်း ဒုတိယာဝိဘတ်ဖြင့်ချည်းရှိသည်။
ပ။
ဧရကပတ္တိကမ္ပိဧရကပတ္တိကာ။ ။ အရွက်ဟူသောအနက်ကို ဟောသော ပတ္တသဒ္ဒါဖြင့် "ဧရကပတ္တိကာ" ဟူ၍လည်း စာမူတွေ့ရ၏။ ထိုအတိုင်းကောင်းသည်ဟုယူဆ၏။ ဧရကဿ ပတ္တ့ ဧရကပတ္တံ- ပြိန်းမြက်ပင်၏ အရွက် (ပြိန်းရွက်)။ ဧရကပတ္တံ ဝိယာတိ ဧရကပတ္တံ (စမ္မပတ္တံ)- ပြိန်းရွက်နှင့်တူသော အရေလွှာ၊ ဧရကပတ္တဿ ဥပ္ပါဋ္ဋနံ ဧရကပတ္တဥပ္ပါဋ္ဋနံ- (ပြိန်းရွက်ပမာ အရေလွှာကို ဆွဲခွါခြင်း) ဟု ဆိုလိုလျက် ဥပ္ပါဋ္ဋနပုဒ်ကို ချေ၍ "ဧရမပတ္တ" ဟုပင်ရှိရ၏။ အာပူပိကော၌ "အပူပခါဒန" မှခါဒနပုဒ်ချေထားသည်နှင့်တူ၏။ ထို့နောက် "ဧရကပတ္တံ ဧဝ ဧရကပတ္တိကာ" ဟူ၍ ဣကပစ္စည်း အနက်မရှိကြံပါ။ ဧရကပတ္တဒိသေ သရီရတော စမ္မပတ္တေ ဥပ္ပါဋ္ဋနကမ္မကာရဏံ။ ဋ္ဋီကာ။ ၊ ပြိန်းရွက်ပမာ ကိုယ်အရေလွှာကို ဆွဲခွါခြင်းကိုလည်း။
["လည်းပင်းအောက်မှစ၍ ခြေမျက်စိ တိုင်အောင် ပြိန်းရွက်ပမာကိုယ်အရေလွှာကို ဆွဲခွာပြီးနောက် ကြိုးဖြင့်ချည်ကာ ဆွဲငင်သွားခြင်းဖြင့် မိမိအရေလွှာကိုနင်းမိတိုင်း လဲကျစေခြင်းကိုလည်း" ဟုအကျယ်ဆိုလို၀က ဆိုပါ]။
ပ။
စီရကဝါသိကမ္ပိ
စီရကဝါသိကာ။ ။ စီရက- အဝတ်၊ ဤ၌မူ ခန္ဓာကိုယ်မှ ဆွဲခွါထားသော အရေတို့ကို စီရက (အဝတ်) ဟု ဆိုလိုသည်။ ဝါသာပနံ ဝါသိကာ၊ စီရကေဟိ ဝါသိကာ စီရကဝါသိကာ- အရေဟူသော အဝတ်တို့ဖြင့် (အဝတ်တို့ကို) ဝတ်စေခြင်း၊ စီရကဝါသိကကမ္မကာရဏန္တိ သရီရတော ဥပ္ပါဋ္ဋိတဝတ္ထစီရကေဟိ နိဝါသာပနကမ္မကာရဏံ။
ခန္ဓာကိုယ်မှ ဆွဲခွါထားအပ်သော အရေတည်းဟူသော အဝတ်တို့ကို ဝတ်စေခြင်းကိုလည်း။
ပ။
ဧဏေယျကမ္ပိ
ဧဏေယျကာ။ ။ "ဧဏေယျော ဧဏီမိဂေါစ" ဟူသော အဘိဓာန်ဂါထာ(၆၁၈) နှင့်အညီ ဧဏီမည်သော သားကောင်ကို ဧဏေယျဟုခေါ်၏။ ဧဏေယျော ဝိယာတိ ဧဏေယျကာ- ဧဏီသားကောင်နှင့်တူသော ညှဉ်းဆဲခြင်း။
၊ ဧဏီသားကောင်ပမာ လေးဖက်ထောက် ဝပ်တွားစေပြီးနောက် ပတ်ပတ်လည် မီးဖြင့်ရံလျက် ဖုတ်မြှိုက်လောင်ကျွမ်းစေခြင်းကိုလည်း။
["တစ်ထောင်နှစ်ဖက် ဒူးနှစ်ဖက်တို့၌ စွပ်ထားအပ်သော သံကွင်းအတွင်းဝယ် သံချွန်တို့ကို သွင်းလျှိုစိုက်နှက်ခြင်းဖြင့် ဧဏီသားကောင်ပမာ လေးဖက်ထောက်.... ကျွမ်းစေခြင်းကိုလည်း" ဟု အကျယ်ဆိုပါ]။
ပ။
ဗဠိသမံသိကမ္ပိဗဠိသမံသိကာ။ ။ မံသဿ ဥပ္ပါဋ္ဋနံ မံသုပ္ပါဋ္ဋနံ- အသားကိုဆွဲချိတ်ခွါယူခြင်း၊ (အသားကိုသာမက အရေ အကြောတို့ကိုပါ ဆွဲချိတ်ခွါယူခြင်း)။ ဗဠိသေဟိ (သံချိတ်တို့ဖြင့်) မံသုပ္ပါဋ္ဋနံ ဗဠိသမံသုပ္ပါဋ္ဋနံ- ဟုဆိုလိုလျက် ဥပ္ပါဋ္ဋနပုဒ်ကိုချေ၊ ဗဠိသမံသံ ဗဠိသမံသိကာ- အချွန်နှစ်ခုရှိသောသံချိတ်တို့ဖြင့် အရေ, အသား, အကြောတို့ကို ဆွဲချိတ်ခွါယူခြင်း၊ (တစ်နည်း) ဗဠိသေဟိ ဥပ္ပါဋ္ဋိတံ မံသံ ဗဠိသမံသံ၊ တံ ဧတိဿာ အတ္ထီတိ ဗဠိသမံသိကာ- သံချိတ်တို့ဖြင့် ဆွဲချိတ်ခွါယူအပ်သော အရေ, အသား, အကြောရှိသောညှဉ်းဆဲခြင်း၊ ဗဠိသမံသိကန္တိ ဗလိသေဟိ မံသုပ္ပါဋ္ဋနကမ္မကာရဏံ။ ဋ္ဋီကာ။ ဗလိသမံသိကာ- ဟု လငယ်ဖြင့်လည်းပါဌ်ရှိ၏။ ၊ အချွန်နှစ်ခုရှိသောသံချိတ်တို့ဖြင့် အရေအသားအကြောတို့ကို ဆွဲချိတ်ခွာယူခြင်းကိုလည်း။
ပ။
ကဟာပဏိကမ္ပိ
ကဟာပဏိကာ။ ။ ကဟာပဏသော (ကဟာပဏမတ္တသော) ဆိန္ဒနံ ကဟာပဏံ၀- တစ်ကျပ်သားစီ, တစ်ကျပ်သားစီ ခုတ်စင်းခြင်း။ ကဟာပဏသော- ၌ သောပစ္စည်းကို ဝိစ္ဆာအနက်၌သက်။ ကဟာပဏဆိန္ဒနံ- ၌ ဆိန္ဒနပုဒ်ကိုလည်းချေ။ ကဟာပဏံ ဧဝ ကဟာပဏိကာ- တစ်ကျပ်သားချင်းခုတ်စင်းချခြင်း။ ကဟာပဏိကန္တိ ကဟာပဏမတ္တသော ဆိန္ဒနကမ္မကာရဏံ။ ဋ္ဋီကာ။
၊ ခန္ဓာကိုယ်တစ်ခုလုံးကိုထက်စွာသော ဓားတို့ဖြင့် တစ်ကျပ်သားချင်း ခုတ်စဉ်းချခြင်းကိုလည်း။
ပ။
ခါရာပတိစ္ဆိကမ္ပိခါရာပတိစ္ဆိကာ။ ။ ပတိစ္ဆိကာ၌ "ပတိ+ ဣသု+ ဏျ" ဟုခွဲ၊ သမ္ပဋ္ဋိစ္ဆနပုဒ်နှင့် ဓာတ်ချင်းတူ၏။ တစ္ဆေတွာ ခါရပက္ခိပနံ ခါရာပဋ္ဋိစ္ဆကံ (ဝိဘင်းမူလဋ္ဋီ၊ ၆၂) တစ္ဆေတွာ ခါရာဝသေစနကမ္မကာရဏံ (ဤသုတ်ဋ္ဋီကာ)ခါရာပတိစ္ဆိကန္တိ သတ္တိဟိ ပသရိတွာ ခါရာဟိ ပတိစ္ဆိကံ ကရောထ (ဇာတ်အဋ္ဌကထာ၊ ဆ၊ ၂၁၊ တေမိယဇာတ်) ဟို့ကို ထောက်၍ ဣသုဓာတ်ကိုပက်ဖျန်းသွန်းလောင်းခြင်းအနက်ဟောကြံ၊ ဤသုတ်၌ ဝစနတ္ထကိုလည်း- ပတိစ္ဆနံပတိစ္ဆိကာ ခါရဟိ ပတိစ္ဆိကာ ခါရာပတိစ္ဆိကာ (အငန်ရည်တို့ဖြင့် ပက်ဖျန်းလောင်းချခြင်း) ဟုပြု။ ၊ ခန္ဓာကိုယ် ထိုထိုနေရာတို့၌ လက်နက်တို့ဖြင့် ရိုက်နက်ခုတ်မွှမ်း၍ အရေအသား အကြောတို့ကို ဘီးကြမ်းဖြင့် ပွတ်ခြစ်ကာ ဆားငန်ရေဖြင့်လောင်းချခြင်းကိုလည်း။
ပ။
ပလိဃပရိဝတ္တိကမ္ပိ
ပလိဃပရိဝတ္တိကာ။ ။ ပလိဃ- တံခါးကျည်။ ပရိဝတ္တနံ ပရိဝတ္တိကာ၊ ပလိဃဿ ဝိယ ပရိဝတ္တိကာ ပလိဃပရိဝတ္တိကာ- တံခါးကျည်ပမာချာချာလည်စေခြင်း (ချာချာလည်အောင်ဆွဲလှည့်ခြင်း)။
၊ တံခါးကျည်ပမာ ချာချာလည်အောင် ခြေထောက်ကို ဆွဲလှည့်ခြင်းကိုလည်း။
["စောင်းလျက်အပ်စေ၍ သံချွန်ကို မြေကြီးထဲသို့နစ်ဝင်အောင် နားပေါက်တွင်းမှ ထိုးစိုက်ရိုက်သွင်းကာ တံခါးကျည်ပမာချာချာလည်အောင် ခြေထောက်ကို ဆွဲလှည့်ခြင်းကိုလည်း" ဟု အကျယ်ဆို။
ပလာလပီဌကမ္ပိ
ကလာလပီဌကာ။ ။ ပလာလပီဌံ ဝိယာတိ ပလာလပီဌကာ(ပလာလပီဌိကာ)- ကောက်ရိုးအင်းပျဉ်းနှင့်တူအောင် ညှဉ်းဆဲခြင်း။ (ခန္ဓာကိုယ်ကိုခေါက်လိပ်ခြင်းတည်း)။ ပလာလပီဌကန္တိ ပလာလပီဌဿ ဝိယ သရီရဿ သံဝေလ္လနကမ္မကာရဏံ။ ဋ္ဋီကာ။
၊ ကောက်ရိုးအင်းပျဉ်းပမာ ခန္ဓာကိုယ်ကိုခေါက်လိပ်ခြင်းလည်း။
[အရေတို့ကို မစုတ်ပြတ်စေဘဲ ကျောက်တုံးဖြင့် အရိုးတို့ကို ကျေမွအောင်ထုရိုက်ပြီးနောက် ဆံပင်မှ ဆွဲမြှောက်၍ အရိုးတို့ကို ခါချလိုက်သဖြင့် အသားစုချည်း ကျန်သောအခါ ကောက်ရိုးထုံးကဲ့သို့ ထိုအသားစုကို ဆံပင်တို့ဖြင့်ရစ်ပတ်ခေါက်လိပ်ခြင်းကိုလည်း]
ကရောန္တေ၊ ပြုလုပ်နေသည်တို့ကိုလည်းကောင်း။
တတ္တေန၊ ပူလောင်လှစွာသော။
တေလေနပိ၊ ဆီးဖြင့်လည်း။
ဩသိဉ္စန္တေ၊ သွန်းလောင်းချသည်တို့ကိုလည်းကောင်း။
သုနခေဟိပိ၊ (နှစ်ရက်သုံးရက် အစာမကျွေးဘဲ ထားအပ်သော)ခွေးငတ်တို့ကိုလည်း။
ခါဒါပေန္တေ၊ ကိုက်ဝါးခဲစားစေသည်တို့ကို လည်းကောင်း။
ဇီဝန္တမ္ပိ၊ အရှင်လတ်လတ်ပင်လျှင်လည်း။
သူလေ၊ တံကျင်၌။
ဥတ္တာသေန္တေ၊ သွင်းလျှိုနေသည်တို့ကိုလည်းကောင်း။
အသိနာပိ၊ သန်လျင်ဖြင့်လည်း။
သိသံ၊ ဉီးခေါင်းကို။
ဆိန္ဒန္တေ၊ ဖြတ်နေသည် တို့ကိုလည်းကောင်း။
ပဿတိ၊ မြင်၏။
တဿ၊ ထိုသူမှာ။
(သူခိုးကိုဖမ်း၍ ညှဉ်းဆဲနေသည်ကို မြင်နေရသောထိုသူမှာ)
ဧဝံ၊ ဤသို့တွေးတော ကြောက်ရွှံ့ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
(ကိန္တ အဘယ်သို့ တွေးတော ကြောက်ရွှံ့ခြင်းသည်။
ဟောတိ၊ ဖြစ်သနည်းဟူမူ)
ယထာရူပါနံ၊ အကြင်သို့ သဘောရှိကုန်သော။
ပါပကာနံ၊ ယုတ်မာကုန်သော။
ကမ္မာနံ
ကမ္မာနံ ဟေတု။ ။ ကမ္မာနံဟူသော ဆဋ္ဌ ၂န္တ ပုဒ်သည် ဟေတုဟူသော ပဌမန္တပုဒ်နှင့် (ဝိဘတ်မတူဘဲ) အရကောက် အနက်တူသော တုလျာဓိကရဏဝိသေသနတည်း၊ ၎င်း၌ ဆဋ္ဌီဝိဘတ်သည် သာမီအနက်ကို မဟော (ဆဋ္ဌီဟေတွတ္ထေဟိ- ဟူသော မောဂ္ဂလ္လာန် ၂၊ ၂၂သုတ်နှင့်အညီ) ဟိတ်အနက်ကိုဟော၏။ ဥဒရဿ ကာရဏာ- ကဲ့သို့တည်း။ အကယ်၍ သာမီအနက်ဟော ယူလျှင်ကား အဘေဒဘေဒူပစာရ ကြံရလိမ့်မည်။
၊ ပြစ်မှုတို့၏။
ဝါ၊ ပြစ်မှုတို့တည်းဟူသော။
ဟေတု၊ အကြောင်းကြောင့်။
အာဂုစာရိံ၊ သော။
စောရံ၊ ကို။
ရာဇာနော။
ပ။
ကာရေန္တိ၊ ပြုလုပ်စေကြကုန်၏။
ပ။
တာဠေန္တိ၊ ရိုက်နှက်ကြကုန်၏။
ပ။
ဆိန္ဒန္တိ၊ ခုတ်ဖြတ်ကြကုန်၏။
ပ။
ကရောန္တိ၊ ပြုလုပ်ကြကုန်၏။
ပ။
ဩသိဉ္စန္တိ၊ သွန်လောင်းကြကုန်၏။
ပ။
ခါဒါပေန္တိ၊ ကိုက်ဝါးခဲစားစေကြကုန်၏။
ပ။
ဥတ္တာသေန္တိ၊ သွင်းလျှိုကုန်၏။
ပ။
[အဟဉ္စေဝ၊ အဟံ+ စေ+ ဧဝ။ ဧဝ နင့် ခေါပန အနက်မရှိ]
အဟံ၊ ငါသည်။
ဧဝရူပံ၊ ဤသို့သဘောရှိသော။
ပါပကမ္မံ၊ ယုတ်မာသော အမှုကို။
စေ ကရေယျံ၊ အကယ်၍ပြုငြားအံ့။
(ဧဝံ သတိ၊ ဤသို့ပြုသည်ရှိသော်)
မံပိ၊ ငါ့ကိုလည်း။
ပ။
ဧဝရူပါ၊ ကုန်သော။
ပ။
ကာရေယျုံ၊ ပြုလုပ်စေကုန်ရာ၏။
ပ။
တာဠေယျုံ၊ ရိုက်နှက်ကြကုန်ရာ၏။
ပ။
ဆိန္ဒေယျုံ၊ ဖြတ်ကုန်ရာ၏။
ဣတိ၊ ဤသို့ တွေးတောကြောက်ရွံ့ခြင်းသည်။
(ဟောတိ၊ ဖြစ်၏)
သော၊ ထိုသူသည် (သူခိုးဖမ်း၍ အမျိုးမျိုးညှဉ်းဆဲနေသည်ကိုမြင်ရသဖြင့် တွေးတောကြောက်ရွံ့နေသော ထိုသူသည်)
ဒိဋ္ဌဓမ္မိကဿ၊ သော။
ဝဇ္ဇဿ၊ အပြစ်မှ။
ဘီတော၊ ကြောက်သည်။
(ဟုတွာ၊ ဖြစ်၍)
ပရေသံ၊ သူတစ်ပါးတို့၏။
ပါဘတံ၊ ပစ္စည်းဥစ္စာကို။
ဝိလုမ္ပန္တော၊ လုယက်ခိုးဝှက်လျက်။
နစရတိ၊ မလှည့်လည်။
ဘိက္ခဝေ၊ တို့။
ဣဒံ၊ ဤအပြစ်ကို။
(ဤအမျိုးမျိုးညှဉ်းပန်းခံရခြင်းဟူသော အပြစ်ကို)
ဒိဋ္ဌိဓမ္မကံ၊ သော။
ဝဇ္ဇံ၊ အပြစ်ဟူ၍။
ဝုစ္စတိ၊ အခေါ်ဆိုအပ်၏။
ဘိက္ခဝေ၊ တို့။
သမ္ပရာယိကံ၊ သော။
ဝဇ္ဇံ၊ အပြစ်ဟူသည်။
ကတမဉ္စ၊ နည်း။
ဘိက္ခဝေ၊ တို့။
ဣဓ၊ ၌။
ဧကစ္စော၊ သည်။
ဣတိ၊ ဤသို့။
ပဋ္ဋိသဉ္စိက္ခတိ၊ ဆင်ခြင်စဉ်းစား၏။
(ကိန္တိ၊ အဘယ်သို့။
ပဋ္ဋိသဉ္စိက္ခတိ၊ ဆင်ခြင်စဉ်းစားသနည်းဟူမူ။)
အဘိသမ္ပရာယံ၊ နောက်ထပ်လားရောက်ရမည့် ဘဝ၌။
ဝါ၊ နောင်တမလွန်ဘဝ၌။
ကာယဒုစ္စရိတဿ၊ ကာယဒုစ္စရိတ် အကုသိုလ်၏။
ဝါ၊ ၏။
[ဧကကနိပါတ်၊ စာပိုဒ် ၂၈၄- သုတ် စသည်ကြည့်]
ပါပကော၊ ယုတ်ညံ့ဆိုးဝါးသော။
ဒုက္ခော၊ ဒုက္ခဖြစ်သော။
ဝိပါကော၊ အကျိုးဝိပါက်သည်။
(ဟောတိ၊ ဖြစ်၏။)
အဘိသမ္ပရာယံ၊ ၌။
ဝစီဒုစ္စရိတဿ၊ ၏။
ပ။
ဝိပါကော၊ သည်။
(ဟောတိ) အဘိသမ္ပိရာယံ၊ ၌။
မနောဒုစ္စရိတဿ၊ ၏။
ဝါ၊ ၏။
ပ။
အဟံ၊ ငါသည်။
ကာယေန၊ ကိုယ်ဖြင့်။
ဝါ၊ ကာယဒွါရဖြင့်။
ဝါ၊ ကာယဝိညတ်ဖြင့်။
ဒုစ္စရိတံ၊ ဒုစရိုက်အကုသိုလ်ကို။
ဝါ၊ မကောင်းသဖြင့် ပြုကျင့်အပ်သော အကုသိုလ်ကံကို။
စေ စရေယျံ၊ အကယ်၍ ပြုကျင့်ငြားအံ့။
ဝါစာယ၊ နှုတ်ဖြင့်။
ဝါ၊ ဝစီဒွါရဖြင့်။
ဝါ၊ ဝစီဝိညတ်ဖြင့်။
ဒုစ္စရိတံ၊ ကို။
ဝါ၊ ကို။
စေ စရေယျံ၊ အံ့။
မနသာ၊ စိတ်ဖြင့်။
ဝါ၊ မနောဒွါရဖြင့်။
ပ။
စေ စရေယျံ၊ အံ့။
(ဧဝံ သတိ၊ ဤသို့ပြုကျင့်သည်ရှိသော်)
[ယာဟံ၊ ယံ+ အဟံ]
ယံ (ယေနကာရဏေန)၊ အကြင်အကြောင်းကြောင့်။
အဟံ၊ ငါသည်။
ကာယဿ၊ ၏။
[ဧကကနိပါတ် စာပိုဒ် ၄၃- ကြည့်]။
ပ။
နိရယံ၊ သို့။
န ဥပပဇ္ဇေယျံ၊ မလားရောက်နိုင်ရာ။
ကိဉ္စ၊ အဘယ်မည်သော။
တံ (ကာရဏံ)၊ ထိုမလားရောက်နိုင်ခြင်းဟူသော အကြောင်းသည်။
(ဘဝေယျ၊ ဖြစ်နိုင်ပါမည်နည်း။
န ဘဝတိဧဝ၊ ဧကန်စင်စစ် မဖြစ်နိုင်သည်သာတည်း)
ဣတိ၊ ဤသို့။
(ပဋ္ဋိသဉ္စိက္ခတိ၊ ဆင်ခြင်းစဉ်းစား၏။)
[ပြန်စပ်]
သော၊ ထိုသူသည် (ထိုဆင်ခြင်စဉ်းစားသောသူသည်)
သမ္ပရာယိကဿ၊ သော။
ဝဇ္ဇဿ၊ မှ။
ဘီတော၊ သည်။
(ဟုတွာ၊ ၍)
ကာယဒုစ္စရိတံ၊ ကာယဒုစရိုက် အကုသိုလ်ကို။
ဝါ၊ ကို။
ပဟာယ၊ ပယ်ရှား၍။
ကာယသုစရိတံ၊ ကာယသုစရိုက်ကုသိုလ်ကို။
ဝါ၊ ကို။
[ဧကကနိပါတ်စာပိုဒ် ၂၈၇- စသည်ကြည့်]
ဘာဝေတိ၊ ဖြစ်ပွားစေ၏။
ပ။
ဝစီသုစရိတံ၊ ဝစီသုစရိုက်ကုသိုလ်ကို။
ဝါ၊ ကို။
ပ။
မနောသုစရိတံ၊ မနောသုစရိုက်ကုသိုလ်ကို။
ဘာဝေတိ၊ ၏။
သုဒ္ဓံ၊ စင်ကြယ်အောင်။
အတ္တာနံ၊ မိမိကိုယ်စိတ်ကို။
ပရိဟရတိ၊ သုတ်သင်စောင့်ရှောက်၏။
ဘိက္ခဝေ၊ တို့။
ဣဒံ၊ ဤအပြစ်ကို။
(သေပြီးနောက် ငရဲ၌ဖြစ်ရခြင်းဟူသောဤအပြစ်ကို)
သမ္ပရာယိကံ၊ သော။
ဝဇ္ဇံ၊ ၍။
ဝုစ္စတိ၊ ၏။
ဘိက္ခဝေ၊ တို့။
ဝဇ္ဇာနိ၊ အပြစ်တို့ဟူသည်။
ဣမာနိ ဒွေ၊ ဤနှစ်မျိုးတို့ပေတည်း။
ဘိက္ခဝေ၊ တို့။
တသ္မာ၊ ထို့ကြောင့်။
(ထိုသို့ ဤနှစ်မျိုးတို့ အပြစ်စင်စစ်ဧကန်ဖြစ်ကြခြင်းကြောင့်)
ဣဟ၊ ၌။
[ဧကကနိပါတ်စာပိုဒ် ၇၇- ကြည့်။]
(ဝေါ၊ တို့သည်)
ဧဝံ၊ ၍။
သိက္ခိတဗ္ဗံ၊ မည်။
(ကိန္တိ၊ ၍။
သိက္ခိတဗ္ဗံ၊ မူ။
မယံ၊ ငါတို့သည်။)
ဒိဋ္ဌိဓမ္မိကဿ၊ သော။
ဝဇ္ဇဿ၊ မှ။
ဘာယိဿာမ၊ ကြောက်ကုန်အံ့။
ပ။
ဝဇ္ဇဘီရုနော၊ အပြစ်မှ ကြောက်ကုန်သည်။
ဝဇ္ဇဘယဒဿာဝိနော၊ အပြစ်ကို ဘေးဟုရှုလေ့ရှိကုန်သည်။
ဘဝိဿာမ၊ ဖြစ်ကုန်အံ့။
ဣတိ၊ ဤသို့နှလုံးသွင်း၍။
(သိက္ခိတဗ္ဗံ၊ မည်)
ဘိက္ခဝေ၊ တို့။
ဧဝံဟိ၊ လျှင်။
ဝေါ၊ သင်တို့သည်။
သိက္ခိတဗ္ဗံ၊ မည်။
ဘိက္ခဝေ၊ တို့။
ယံ (ယေန ကာရဏေန)၊ အကြင်အကြောင်းကြောင့်။
သဗ္ဗဝဇ္ဇေဟိ၊ အားလုံးသော အပြစ်တို့မှ။
ပရိမုစ္စိဿတိ၊ (အရဟတ္တမဂ်ဖိုလ်တို့ကြောင့်)
လွတ်မြောက်လတ္တံ့။
ဧတံ (ကာရဏံ)၊ ဤလွတ်မြောက်ခြင်းဟူသောအကြောင်းကို။
ဝဇ္ဇဘီရုနော၊ အပြစ်မှကြောက်သောသူသည်။
[ဆဋ္ဌီ သဝိဘတ်]
ဝဇ္ဇဘယဒဿာဝိနော၊ ရှိသူသည်။
ပါဋ္ဋိကင်္ခံ၊ အလိုရှိထိုက်၏။
[တစ်နည်း- ဧတံ (ကာရဏံ)၊ ဤလွတ်မြောက်ခြင်းဟူသောကြောင်းသည်။
ဝဇ္ဇဘီရုနော၊ သူ၏။
ဝဇ္ဇဘယဒဿာဝိနော၊ ရှိသူ၏။
ပါဋ္ဋိကင်္ခံ၊ မလွဲဧကန်ဖြစ်မည့် အကြောင်းပေတည်း။]
ဣတိ၊ ဤသို့။
(အဝေါစ၊ မိန့်တော်မူပြီ။)
ပဌမံ၊ ပဌမသုတ်တည်း။
ဘိက္ခဝေ၊ ရဟန်းတို့။
လောကသ္မိံ၊ သတ္တလောက၌။
ဒုရဘိသမ္ဘဝါနိ၊ ခက်ခဲစွာဖြစ်စေအပ်ကုန်သော။
ဝါ၊ ဖြစ်စေနိုင်, ပြုလုပ်နိုင်ခဲ့ကုန်သော။
ပဓာနာနိ၊ ဝီရိယတို့သည်။
ဣမာနိ ဒွေ၊ ဤနှစ်မျိုးတို့ပေတည်း။
ဒွေ၊ နှစ်မျိုးတို့ဟူသည်။
ကတမာနိ၊ အဘယ်တို့နည်းဟူမူ။
အဂါရံ၊ အိမ်၌။
အဇ္ဈာဝသတံ၊ နေကြကုန်သော။
ဂိဟီနံ၊ လူတို့၏။
စီဝရ.... နတ္ထံစီဝရ.... နတ္ထံ။ ။ သေနာသန- အိပ်ရာနေရာကျောင်း။ ထို့နောက် "ဂိလာန+ ပစ္စယ+ ဘေသဇ္ဇ+ ပရိက္ခာရ" ဟု ပုဒ်လေးပုဒ် သမာသ်တွဲစပ်ထားသော်လည်း "ဆေး" ဟူသော အနက်သာ လိုရင်းပဓာန ဖြစ်၏။ တစ်ပုဒ်ချင်းခွဲ၍အနက်ပေးသောအခါ၌ကာ "ဂိလာနဿ- လူမမာ၏ရောဂါ၏+ ပဋ္ဋိပက္ခဘာဝေန အယတိ ပဝတ္တတီတိ ပစ္စယော- ဆန့်ကျင်ဘက်အဖြစ်ဖြင့်ဖြစ်သော+ ပရိက္ခာရ- အသက်၏ အကာအကွယ် (ပရိဝါရ) လည်းဖြစ်၍ အသက်ရှည်ခြင်း၏ အကြောင်းအဆောက်အဉီးပစ္စည်း (သမ္ဘာရ) လည်းဖြစ်သော+ ဘေသဇ္ဇ- ဆေး" ဟု စကား ရှည်လျား၏။ ထိုအချိန်က ပြောရိုးပြောစဉ် အများသုံးစကားဖြင့် ဟောတော်မူခြင်းဖြစ်သည်။ ဤနေရာ၌ ပရိက္ခာရသဒ္ဒါသည် ပရိဝါရအနက်, သမ္ဘာရအနက်တို့ကိုဟော၏။ [ဝိသုဒ္ဓိမဂ်၊ ပ- ၃၃]အနု+ ပ+ ဒါရ- လှူဒါန်းခြင်း။ ၊ သင်္ကန်း, ဆွမ်း, အိပ်ရာနေရာကျောင်း, လူမမာ၏ရောဂါအတွက် ဆန့်ကျင်ဘက်ဖြစ်၍ အသက်၏အကာအကွယ်နှင့် အကြောင်းအဆောက်အဉီးဖြစ်သောဆေးတို့ကို လှူဒါန်းခြင်းငှာ။
[သင်္ကန်း, ဆွမ်း, ကျောင်း, ဆေးဟူသော ပစ္စည်းလေးပါးတို့ကို လှူဒါန်းခြင်းငှာဟုဆိုလို၏။]
ယဉ္စ ပဓာနံ၊ အကြင်ဝီရိယသည်လည်းကောင်း။
အဂါရသ္မာ၊ အိမ်မှ။
(နိက္ခမိတွာ၊ ထွက်ခွာ၍။)
အနဂါရိယံအနဂါရိယံ ပဗ္ဗဇိတာနံ။ ။ အနဂါရိယ- န+ အဂါရိယ။ အဂါရေဝါသော အဂါရံ (အိမ်၌နေခြင်း) အဂါရဝါသ၌ ဝါသပုဒ်ကိုချေ၍ အဂါရဟုဖြစ်၏။ ထို့နောက် အဂါရဿ ဟိတံ (ဝဍ္ဎိအာဝဟံ) အဂါရိယံ ဟု ဝစနတ္ထပြု၍"အိမ်၌နေထိုင်မှု လူ့အဆင့်အတန်း မြင့်မားကြီးပွားရေးကို ဆောင်နိုင်သောလုပ်ငန်းကိစ္စ (လယ်လုပ်ခြင်း, နွားမွေးခြင်းစသည်) ကို အဂါရိယဟု ခေါ်၏။ နတ္ထိ အဂါရိယံ ဧတ္ထာတိ အနဂါရိယာ (ထိုအဂါရိယ မရှိရာရဟန်းအဖြစ်)။ ဤ၌ ထိုအဂါရိယ မရှိရာ ရဟန်း၏ ဖြစ်ကြောင်းဖြစ်သော(က) ရဟန်းအမျိုးဇာတ် (ရဟန်းဘဝ) ကိုလည်းကောင်း, (ခ) သီလ သမာဓိ ပညာဟူသော အကျင့်သိက္ခာကိုလည်းကောင်း အနဂါရိယဟု ယူရ၏။ ၊ ရဟန်းအဖြစ်သို့။
(အိမ်၌နေထိုင်မှုလူအဆင့်အတန်း မြင့်မားကြီးပွားရေးကို ဆောင်နိုင်သော လယ်လုပ် နွားမွေးကုန်သွယ်ရေးမရှိရာ ရဟန်းအဖြစ်သို့။)
ပဗ္ဗဇိတာနံ၊ ဝင်ရောက်ကြကုန်သောရဟန်းတို့၏။ထိုတွင် (က) အနက်ယူခိုက်၌ "အနဂါရိယံ- အိမ်၌ နေထိုင်မှု လူ့အဆင့်အတန်း မြင့်မားကြီးပွားရေးကို ဆောင်နိုင်သော လယ်လုပ်နွားမွေးကုန်သွယ်ရေးမရှိရာ ရဟန်းအဖြစ် (ရဟန်းဘဝ) သို့။ ပဗ္ဗဇိတာနံ- ဝင်ရောက်ကြကုန်သော ရဟန်းတို့၏" ဟုအနက်ဆို၍ (ခ) အနက်ကိုယူခိုက်၌ "အနဂါရိယံ- အိမ်၌ နေထိုင်မူ.... သွယ်ရေးမရှိရာ ရဟန်းအဖြစ် တည်းဟူသော သီလသမာဓိ ပညာ အကျင့်သိက္ခာကို၊ပဗ္ဗဇိတာနံ- ကျင့်ကြကုန်သောရဟန်းတို့၏" ဟု အနက်ဆိုပါ။ သဗ္ဗူပဓိပဋ္ဋိနိဿဂ္ဂတ္ထံသဗ္ဗူပဓိပဋ္ဋိနိဿဂ္ဂတ္ထံ။ ။ "သဗ္ဗူပဓိ- သဗ္ဗ+ ဥပဓိ" ဟုပုဒ်ဖြတ်။ဒုက္ခ၏ တည်ရာဖြစ်သော (၁) ခန္ဓာငါးပါး၊ (၂) ကိလေသာ၊ (၃) အဘိသင်္ခါရဟု ခေါ်ဆိုအပ်သော လောကီကုသိုလ်, အကုသိုလ် စေတနာ-၂၉- ပါး၊ (၄) ကာမဂုဏ်ငါးပါး၊ ဤလေးမျိုးကို ဥပဓိဟုခေါ်၏။ [ဥပဓိ- ဒုက္ခ၏တည်ရာ] ထိုဂဏန်းစဉ်အတိုင်း (၁) ခန္ဓူပဓိ၊ (၂) ကိလေသူပဓိ၊ (၃) အဘိသင်္ခါရူပဓိ၊ (၄) ကာမူပဓိ- ဟူ၍ ဥပဓိ လေးပါးကိုမှတ်ပါ။ ၊ အားလုံးသော ဥပဓိတို့ကို စွန့်လွှတ်ပယ်ရှားရာ နိဗ္ဗာန်အကျိုးငှာ။
ယဉ္စ ပဓာနံ၊ အကြင် ဝီရိယသည်လည်းကောင်း။
(အကြင်ဝိပဿနာ, မဂ်နှင့်ယှဉ်သော ဝီရိယသည်လည်းကောင်း)
(အတ္ထိ၊ ရှိ၏။
ဣမာနိ၊ ဤသည်တို့ပင်တည်း။)
ဘိက္ခဝေ၊ တို့။
လောကသ္မိံ၊ ၌။
ဒုရဘိသမ္ဘဝါနိ၊ ကုန်သော။
ပဓာနာနိ၊ တို့သည်။
ဣမာနိ ဒွေ၊ တည်း။
ဘိက္ခဝေ၊ တို့။
ဒွိန္နံ၊ နှစ်မျိုးကုန်သော။
ဣမေသံ ပဓာနာနံ၊ ဤဝီရိယတို့တွင်။
သဗ္ဗူပဓိပဋ္ဋိနိဿဂ္ဂတ္ထံ၊ ငှာ။
ယဒိဒံ ပဓာနံ၊ အကြင်ဝီရိယသည်။
(အတ္ထိ၊ ရှိ၏။)
ဧတံ (ပဓာနံ)၊ ဤဝီရိယသည်။
အဂ္ဂံ၊ အမြတ်ဆုံးပေတည်း။
ဘိက္ခဝေ၊ တို့။
တသ္မာ၊ ထို့ကြောင့်။
(ထိုသို့ဤနှစ်ပါးသော ဝီရိယတို့၏ခက်ခဲစွာ ဖြစ်စေအပ်ကုန်သည် အဖြစ်ကြောင့်)
ဣဟ၊ ၌။
(ဝေါ၊ သင်တို့သည်)
ဧဝံ၊ ၍။
သိက္ခိတဗ္ဗံ၊ မည်။
(ကိန္တိ၊ ၍။
သိက္ခိတဗ္ဗံ၊ မူ။
မယံ၊ ငါတို့သည်။)
သဗ္ဗူပဓိပဋ္ဋိနိဿဂ္ဂတ္ထံ၊ ငှာ။
ပဓာနံ၊ ကို။
ပဒဟိဿာမ၊ အားထုတ်ကြကုန်အံ့။
ဣတိ၊ ၍။
(သိက္ခိတဗ္ဗံ၊ မည်။)
ဘိက္ခဝေ၊ တို့။
ဧဝံ ဟိ၊ လျှင်။
ဝေါ၊ သင်တို့သည်။
သိက္ခိတဗ္ဗံ၊ မည်။
ဣတိ၊ ဤသို့။
(အဝေါစ၊ မိန့်တော်မူပြီ။)
ဒုတိယံ၊ နှစ်ခုမြောက်သုတ်တည်း။
ဘိက္ခဝေ၊ တို့။
တပနီယာ
တပနီယာ။ ။ (ဣဓ စေဝ သမ္ပရာယေ ဏ) တပန္တိ ဝိဗာစေန္တိဝိဟေဌေန္တီတိ တပနီယာ- (ဤယခုမျက်မှောက်ဘဝနှင့် နောင်တမလွန်ဘဝ၌) ညှဉ်းပန်းနှိပ်စက်တတ်သော တရားများ (ဒုစ္စရိတ်အကုသိုလ်ကိုပြုပြီးခြင်းသဘောနှင့်သုစရိတ်ကုသိုလ်ကို မပြုရသေးခြင်းသဘောတရားများ)။ တပဓာတ်, ကတ္တားဟော အနီယပစ္စည်းတို့ဖြင့် တပနီယ- ဟုရုပ်ပြီး၏။
၊ (မျက်မှောက်,တမလွန်၊ နှစ်တန်သောဘဝ၌) နှိပ်စက်တတ်ကုန်သော။
ဝါ၊ ညှဉ်းပန်းနှိပ်စက်တတ်သော ဒုက္ခ၏အစီးအပွားဖြစ်ကုန်သော။
ဝါ၊ ညှဉ်းပန်းနှိပ်စက်ကြောင်းဖြစ်သော နောင်တ တစ်ဖန်ပူပန်မှု၏ အစီးအပွားဖြစ်ကုန်သော။
ဓမ္မာ၊ တရားတို့လည်။
ဣမေ ဒွေ၊ ဤနှစ်မျိုးတို့တည်း။
ဒွေ၊ နှစ်မျိုးတို့ဟူသည်။
ကတမေ၊ အဘယ်တို့နည်း။
ဘိက္ခဝေတို့။
ဣဓ၊ ဤလောက၌။
ဧကစ္စဿ၊ အချို့သောသူသည်။
ကာယဒုစ္စရိတံ၊ ကို။
ဝါ၊ သည်။
ကတံ၊ ပြုအပ်ပြီးသည်။
ဟောတိ၊ ဖြစ်၏။
ကာယသုစရိတံ၊ ကို။
ဝါ၊ သည်။
အကတံ၊ မပြုအပ်သေးသည်။
ဟောတိ၊ ၏။
ပ။
သော၊ ထိုသူသည်။
မေ၊ ငါသည်။
ကာယဒုစ္စရိတံ၊ ကို။
ကတံ၊ ပြုအပ်ပြီးလေပြီ။
ဣတိ၊ ဤသို့။
တပ္ပတိ၊ နောင်တ တစ်ဖန်ပူပန်၏။
မေ၊ ငါသည်။
ကာယသုစရိတံ၊ ကို။
အကတံ မပြုအပ်သေး။
ဣတိ၊ သို့။
တပ္ပတိ၊ ၏။
ပ။
ဘိက္ခဝေ၊ တို့။
တပနီယာ၊ ကုန်သော။
ဓမ္မာ၊ တို့သည်။
ဣမေ ဒွေ၊ တည်း။
ဣတိ (အဝေါစ)။
အတပနီယာ၊ (မျက်.... ဘဝ၌) မနှိပ်စက်တတ်ကုန်သော။
ဓမ္မာ။
ပ။
န တပ္ပတိ၊ နောင်တ တစ်ဖန် မပူပန်။
ပ။
စတုတ္ထံ၊ လေးခုမြောက်သုတ်တည်း။
ဘိက္ခဝေ၊ တို့။
ကုသလေသု၊ ကုသိုလ်ဖြစ်ကုန်သော။
ဓမ္မေသု၊ တရားတို့၌။
ယာ အသန္တုဋ္ဌိတာ၊ (အရဟတ္တမဂ်ကို မရသေးသမျှ) အကြင် ရောင့်ရဲတင်းတိမ်ခြင်း မရှိသည် အဖြစ်သည်။(တစ်နည်း) "တပနံ ဝါ ဒုက္ခံ" ဟသော ဋ္ဋီကာနှင့်အညီ တပဓာတ်, ယုပစ္စည်းဖြင့်ပြီးသော တပနသဒ္ဒါသည် ညှဉ်းပန်းနှိပ်စက်တတ်သော ဒုက္ခဟူသောအနက်ကိုဟော၏။ တပနဿ ဒုက္ခဿ ဟိတာတိ တပနီယာ- ညှဉ်းပန်းနှိပ်စက်တတ်သော ဒုက္ခ၏ စီးပွားဖြစ်သောတရားများ၊ (မျက်မှောက်, တမလွန်၊ နှစ်တန်သောဘဝ၌ ဒုက္ခကိုဖြစ်စေခြင်း, ထိုဒုက္ခကိုအားပေးအားမြှောက် အထောက်အကူပြုခြင်းအားဖြင့် ဒုက္ခ၏စီးပွားဖြစ်သောတရားများဟုဆိုလို၏)
(တစ်နည်း) တပန္တိ တေနာတိ တပနံ- ညှဉ်းပန်းနှိပ်စက်ကြောင်းဖြစ်သောနောင်တ တစ်ဖန်ပူပန်ခြင်းသဘော၊ တပနဿ ဟိတာတိ တပနီယာ- ထိုပူပန်ခြင်း၏ စီးပွားဖြစ်သောတရားများ ( ပူပန်ခြင်းကိုဖြစ်စေတတ်သောကြောင့် ပူပန်ခြင်း၏စီးပွားဟု ဆိုလို၏)။ ဤဒုတိယနည်းနှင့် တတိယနည်းတို့၌ သဒ္ဒနီတိ၊ တဒ္ဓိတ်- ၇၇၅- သုတ်မှ ဒဿနီယာပုဒ်ကဲ့သို့ "တပန+ ဤယ- တပနီယ" ဟုဒီဃဖြင့်သော်လည်းကောင်း သုတ္တန္တိက ဒုကမာတိကာ မူလဋ္ဋီကာ မဓုဋ္ဋီကာအတိုင်း "တပန+ ဣယ- တပနိယ" ဟု ဣရဿဖြင့်သော်လည်းကောင်းရှိနိုင်၏။ (အတ္ထိ၊ ရှိ၏။ တာယ အသန္တုဋ္ဌိုတာယစ၊ ထို ကုသိုလ်တရားတို့၌ ရောင့်ရဲတင်းတိမ်ခြင်း မရှိသည်အဖြစ်၏ လည်းကောင်း။) ပဓာနသ္မိံ၊ လုံ့လဝီရိယ၌။ ယာ အပ္ပဋ္ဋိဝါနိတာအပ္ပဋ္ဋိဝါနိတာ။ ။ ဝီရိယပ္ပဝါဟေ- ဝီရိယအယဉ်သည်၊ ဝတ္တမာနေ- ဖြစ်လသော်၊ အန္တရာဧဝ- အလုပ်ကိစ္စမပြီးပြတ်ပီ အကြားကာလ၌သာလျှင်၊ ပဋ္ဋိဂမနံ နိဝတ္တနံ ပဋ္ဋိဝါနံ- နောက်သို့တွန်းဆုတ်ခြင်း၊ ပဋ္ဋိဝါနံ အဿ အတ္ထီတိပဋ္ဋိဝါနီ- နောက်သို့တွန့်ဆုတ်ခြင်းရှိသောသူ၊ နပဋ္ဋိဝါနီ၊ အပ္ပဋ္ဋိဝါနိနောဘာဝေါ အပ္ပဋ္ဋိဝါနိတာ- နောက်သို့တွန်းဆုတ်ခြင်းမရှိသူ၏အဖြစ်၊ အနောသက္ကနာ- နောက်သို့မတွန့်ဆုတ်ခြင်း၊ဋ္ဋီကာအဖွင့်။ ၊ (အလုပ်ကိစ္စ မပြီးပြတ်မီအတွင်း၌) အကြင်နောက်သို့ တွန့်ဆုတ်ခြင်း မရှိသည်အဖြစ်သည် (အတ္ထိ၊ ၏။ တာယ အပ္ပဋ္ဋိဝါနိတာယ စ၊ ထို့နောက်သို့ တွန့်ဆုတ်ခြင်း မရှိသည်အဖြစ်၏လည်းကောင်း။ ဣတိ၊ ဤသို့။) ဒွိန္နံ၊ နှစ်ပါးကုန်သော။ ဓမ္မာနံ၊ တရားတို့၏။ (ဂုဏံ၊ ဂုဏ်ကို၊) အဟံ၊ ငါသည်။ ဥပညာသိံ၊ (နီးနီးစပ်စပ်) ကပ်ရောက်၍သိတော်မူပြီ။
(တစ်နည်း) တပန္တိ တေနာတိ တပနံ- ညှဉ်းပန်းနှိပ်စက်ကြောင်းဖြစ်သောနောင်တ တစ်ဖန်ပူပန်ခြင်းသဘော၊ တပနဿ ဟိတာတိ တပနီယာ- ထိုပူပန်ခြင်း၏ စီးပွားဖြစ်သောတရားများ ( ပူပန်ခြင်းကိုဖြစ်စေတတ်သောကြောင့် ပူပန်ခြင်း၏စီးပွားဟု ဆိုလို၏)။ ဤဒုတိယနည်းနှင့် တတိယနည်းတို့၌ သဒ္ဒနီတိ၊ တဒ္ဓိတ်- ၇၇၅- သုတ်မှ ဒဿနီယာပုဒ်ကဲ့သို့ "တပန+ ဤယ- တပနီယ" ဟုဒီဃဖြင့်သော်လည်းကောင်း သုတ္တန္တိက ဒုကမာတိကာ မူလဋ္ဋီကာ မဓုဋ္ဋီကာအတိုင်း "တပန+ ဣယ- တပနိယ" ဟု ဣရဿဖြင့်သော်လည်းကောင်းရှိနိုင်၏။ (အတ္ထိ၊ ရှိ၏။ တာယ အသန္တုဋ္ဌိုတာယစ၊ ထို ကုသိုလ်တရားတို့၌ ရောင့်ရဲတင်းတိမ်ခြင်း မရှိသည်အဖြစ်၏ လည်းကောင်း။) ပဓာနသ္မိံ၊ လုံ့လဝီရိယ၌။ ယာ အပ္ပဋ္ဋိဝါနိတာအပ္ပဋ္ဋိဝါနိတာ။ ။ ဝီရိယပ္ပဝါဟေ- ဝီရိယအယဉ်သည်၊ ဝတ္တမာနေ- ဖြစ်လသော်၊ အန္တရာဧဝ- အလုပ်ကိစ္စမပြီးပြတ်ပီ အကြားကာလ၌သာလျှင်၊ ပဋ္ဋိဂမနံ နိဝတ္တနံ ပဋ္ဋိဝါနံ- နောက်သို့တွန်းဆုတ်ခြင်း၊ ပဋ္ဋိဝါနံ အဿ အတ္ထီတိပဋ္ဋိဝါနီ- နောက်သို့တွန့်ဆုတ်ခြင်းရှိသောသူ၊ နပဋ္ဋိဝါနီ၊ အပ္ပဋ္ဋိဝါနိနောဘာဝေါ အပ္ပဋ္ဋိဝါနိတာ- နောက်သို့တွန်းဆုတ်ခြင်းမရှိသူ၏အဖြစ်၊ အနောသက္ကနာ- နောက်သို့မတွန့်ဆုတ်ခြင်း၊ဋ္ဋီကာအဖွင့်။ ၊ (အလုပ်ကိစ္စ မပြီးပြတ်မီအတွင်း၌) အကြင်နောက်သို့ တွန့်ဆုတ်ခြင်း မရှိသည်အဖြစ်သည် (အတ္ထိ၊ ၏။ တာယ အပ္ပဋ္ဋိဝါနိတာယ စ၊ ထို့နောက်သို့ တွန့်ဆုတ်ခြင်း မရှိသည်အဖြစ်၏လည်းကောင်း။ ဣတိ၊ ဤသို့။) ဒွိန္နံ၊ နှစ်ပါးကုန်သော။ ဓမ္မာနံ၊ တရားတို့၏။ (ဂုဏံ၊ ဂုဏ်ကို၊) အဟံ၊ ငါသည်။ ဥပညာသိံ၊ (နီးနီးစပ်စပ်) ကပ်ရောက်၍သိတော်မူပြီ။
ဘိက္ခဝေ၊ တို့။
အဟံ၊ ငါသည်။
[သုဒ့ အနက်မှရှိ]
အပ္ပဋ္ဋိဝါနီ၊ နောက်သို့ တွန့်ဆုတ်ခြင်းမရှိဘဲ။
(ပဓာနံ၊ ဝီရိယကို။)
ပဒဟာမိ၊ (သဗ္ဗညုတဉာဏ်တော်ကို တောင့်တကာ)
ကြိုးစား အားထုတ်တော်မူ၏။
(ကိန္တိ၊ အဘယ်သို့ နှလုံးသွင်း၍။
ပဒဟာမိ၊ ကြိုးစားအားထုတ်တော်မူသနည်းဟူမူ။)
သရီရေ၊ ခန္ဓာကိုယ်၌။
တစော စ၊ အရေသည်လည်းကောင်း။
နှာရု စ၊ အကြောသည်လည်းကောင်း။
အဋ္ဌိ စ၊ အရိုးသည်လည်းကောင်း။
ကာမံ အဝသိဿတု၊ အကယ်၍ပင် ကြွင်းကျန်တော့စေကာမူ။
မံသလောဟိတံ၊ အသားအသွေးသည်။
ကာမံ ဥပသုဿတု၊ အကယ်၍ပင် ခြောက်ခန်းသွားစေကာမူ။
ယံ တံ(ဂုဏဇာတံ)၊ အကြင်ဂုဏ်ထူးသို့။
ပုရိသထာမေန၊ ယောက်ျား၏ ဉာဏ်စွမ်းအားဖြင့်။
ပုရိသဝီရိယေန၊ ယောက်ျား၏ဉာဏ် ဝီရိယဖြင့်။
ပုရိသပရက္ကမေန၊ ယောက်ျား၏ ဉာဏ်လုံ့လဖြင့်။
ပတ္တဗ္ဗံ၊ ရောက်အပ် ရောက်နိုင်၏။
တံ(ဂုဏဇာတံ)၊ ထိုဂုဏ်ထူးသို့။
အပါပုဏိတွာ၊ မရောက်သေးမူ၍။
ဝီရိယဿ၊ လုံ့လ၏။
သဏ္ဌာနံ၊ ရပ်တန့်ဆုတ်နစ်ခြင်းသည်။
န ဘဝိဿတိ၊ မဖြစ်လတ္တံ့။
ဣတိ၊ ဤသို့နှလုံးသွင်း၍(ပဒဟာမိ- အားထုတ်တော်မူ၏၊)
[နောက်ပြန်စပ်သည်]
ဘိက္ခဝေ၊ တို့။
တဿ မယှံ၊ ထိုငါသည်။
သမ္ဗောဓိ၊ မဂ်ဉာဏ်လေးရပ် သဗ္ဗညုတဉာဏ်တော်မြတ်ကို။
အပ္ပမာဒါဓိဝတာ၊ မမေ့လျော့ မပေါ့ဆခြင်းဖြင့် ရအပ်ပြီ။
အနုတ္တရော၊ မိမိထက် ထူးချွန်လွန်မြတ်သော တရားမရှိသော။
ဝါ၊ အမြတ်ဆုံးဖြစ်သော။
ယောဂက္ခေမော၊ ယောဂလေးဖြာ, ဘေးကုန်ရာအရဟတ္တဖိုလ် နိဗ္ဗာန်ကို။
အပ္ပမာဒါဓိဝတော၊ ပြီ။
ဘိက္ခဝေ၊ တို့။
တုမှေ၊ သင်တို့သည်။
အပ္ပဋ္ဋိဝါနံ၊ နောက်တွန့်ဆုတ်ခြင်းမရှိသော ဝီရိယကို [ပဓာနံကိုငဲ့သည်။တုမှေနှင့် အရတူ ဝိဘက်တူအောင် အပ္ပဋ္ဋိဝါနီ, အပ္ပဋ္ဋိဝါနိနော, အပ္ပဋ္ဋိဝါနာ- ဟုလည်း တမျိုးမျိုးရှိနိုင်သည်သာ။ "စေပိ" ၌ ပိကို ဧဝံ သတိပိ- ဟု တွေ့လတ္တံ့]
စေပဒဟေယျာထ၊ အကယ်၍ ကြိုးစားအားထုတ်ကုန်အံ့။
(ကိန္တိ၊ ၍။
ပဒဟေယျာထ၊ အားထုတ်ကြရမည်နည်းဟူမူ။)
သရီရေ၊ ၌။
တစော စ၊ ၎င်း။
ပ။
န ဘဝိဿတိ၊ တ္တံ့။
ဣတိ၊ ဤသို့နှလုံးသွင်း၍။
(စေ ပဒစေယျာထ၊ အံ့။
ဧဝံ သတိပိ၊ ဤသို့အားထုတ်သည်ဖြစ်လျှင်လည်း။)
ဘိက္ခဝေ၊ တို့။
တုမှေပိ၊ သင်တို့သည်လည်း။
နစိရဿေဝ၊ မကြာမြင့်မီသာလျှင်။
[ဥပသမ္ပဇ္ဇ ဝိဟရိဿထတို့၌ လှမ်းစပ်]
သဿ၊ အကြင်အရဟတ္တဖိုလ်၏။
ဝါ၊ အကြင် အရဟတ္တဖိုလ် ဟူသော။
အတ္ထာယ၊ အကျိုးငှာ။
ကုလပုတ္တာ၊ (အကျင့်သီလရှိသော)အမျိုးကောင်းသားတို့သည်။
သမ္မဒေဝသမ္မဒေဝ။ ။ပ။ ပဗ္ဗဇန္တိ။ ။ "သမ္မဒေဝါတိ ဟေတုနာဝ ကာရဏေနေဝ" ဟူ၍ သီလက္ခန် အဋ္ဌကထာ မဟာသီဟနာဒသုတ်(၂၂၉)စသည်ဖွင့်၏၊ထိုအဖွင့်နှင့်အညီ အနက်ပြဆိုထား၏၊ "သမ္မဝေ- အကြောင်းမှန် နည်းလမ်းမှန်အားဖြင့် သာလျှင်၊ အနဂါရိယံ- ရဟန်းအဖြစ်သို့၊ ပဗ္ဗဇန္တိ- ဝင်ရောက်ကြ (ကျင့်ကြံအားထုတ်ကြ) ကုန်၏" ဟူသော ပါဠိတော်၌ ဇာတိဇရာမရဏ အစရှိသောဘေးဒုက္ခတို့ကြောင့် သံဝေဂဖြစ်ပွား၍ မြတ်စွာဘုရား ဟောကြား ဆုံးမတော်မူသည်းအတိုင်း ရဟန်းတရား သိက္ခာများကို ကျင့်ကြံပွါးများ အားထုတ်ကြသည်ကို ရည်ရွယ်၍ "သမ္မဒေဝ" ဟု ဟောတော်မူသည်။ ဩတိဏ္ဏောမှိ ဇာတိယာတိ အာဒိနာ နယေန ဟိ သံဝေဂပုဗ္ဗိကံ ယထာနုသိဋ္ဌံ ပဗ္ဗဇ္ဇွံ သန္ဓာယ ဣဓ "သမ္မဒေဝါ" တိ ဝုတ္တံ၊ ဟေတုနာတိ ဥာယေန(နယေန)။ ၎င်းဋ္ဋီကာ၊ ၃၅၉။ ၊ အကြောင်းမှန် နည်းလမ်းမှန်အားဖြင့်သာလျှင်။
(ဇာတိ ဇရာ မရဏအစရှိသောဘေးဒုက္ခတို့ကြောင့် သံဝေဂဖြစ်ပွား၍ မြတ်စွာဘုရားဟောကြား ဆုံးမတော်မူအပ်သည့်အတိုင်း ရဟန်းတရား သိက္ခာများကို ကျင့်ကြံပွားများ အားထုတ်လိုခြင်းဟူသော အကြောင်းမှန် နည်းလမ်းမှန် အားဖြင့်သာလျှင်)သံယုတ်အဋ္ဌကထာ ဋ္ဋီကာ။ ။ ကြွေးမြီနှိပ်စက်ခြင်း, ဘေးအန္တရာယ်နှိပ်စက်ခြင်း, အသက်မွေးမှုခက်ခဲခြင်းဟူသော အကြောင်းများကြောင့် ရဟန်းပြုသည် မဟုတ်ဘဲ ပင်ကိုယ်သဘောရိုး ယုံကြည်ချက်သဒ္ဓါတရားဖြင့် ရဟန်းပြုမှသာ သမ္မဒေဝ (အကြောင်းမှန် နည်းလမ်းမှန်အားဖြင့်) ရဟန်းပြုသည်ဟုဆိုရ၏။ တနည်းအားဖြင့်ကား နဂိုမူလရဟန်း ပြုချိန်တုန်းက မည်သည့်အကြောင်း, မည်သည့် ရည်ရွယ်ချက်ဖြင့် ရဟန်းပြုခဲ့သည်ဖြစ်စေ ရဟန်းပြုပြီးနောက် မဂ်ဖိုလ်နိဗ္ဗာန်ဟူသော လောကုတ္တရာ တရားအားလျော်သော သီလသမထ ဝိပဿနာအကျင့် (အနုလောမပဋ္ဋိပဒါ)ကို ကျင့်ကြံအားထုတ်ကြလျှင်ကား အကြောင်းမှန် နည်းလမ်းမှန်အားဖြင့် ရဟန်းပြုကြသည်ဟု ဆိုနိုင်ပါ၏။ အဂါရသ္မာ၊ မှ (နိက္ခမိတွာ- ထွက်ခွာကြ၍။)
အနဂါရိယံ၊ သို့။
ဝါ၊ ကို။
ပဗ္ဗဇန္တိ၊ ဝင်ရောက်ကြကုန်၏။
ဝါ၊ ကျင့်ကြကုန်၏။
အနုတ္တရံ၊ သော။
ဝါ၊ သော။
ဗြဟ္မစရိယပရိယောသာနံ၊ မဂ္ဂဗြဟ္မစရိယ၏ အဆုံးစွန်ဖြစ်သော။
တံ၊ ထိုအရဟတ္တဖိုလ်ကို။
ဝါ၊ သို့။
ဒိဋ္ဌေဝ ဓမ္မေ၊ ယခုတွေ့ကြုံနေရသော အတ္တဘော၌ပင်လျှင်။
ဝါ၊ ယခုဘဝ၌ပင်လျှင်။
သယံ၊ ကိုယ်တိုင်သာလျှင်။
အဘိညာ(အဘိညာယ)၊ ထူးမြတ်သော ပစ္စဝေက္ခဏာဉာဏ်ဖြင့်။
သစ္ဆိကတွာ၊ မျက်မှောက်ပြုကြကုန်၏။
ဥပသမ္ပဇ္ဇ၊ ရောက်ကြကုန်၍။
ဝါ၊ ရကြကုန်၏။
ဝိဟရိဿထ၊ နေကြရကုန်လတ္တံ့။
ဘိက္ခဝေ၊ တို့။
တသ္မာ၊ ထို့ကြောင့်။
(ထိုသို့တွန့်ဆုတ်ခြင်းမရှိသောဝီရိယမည်သည်မှာ ကျေးဇူးများ၍ မြတ်သောအရဟတ္တဖိုလ်အကျိုးကို ပြီးစေနိုင်သည်အဖြစ်ကြောင့်)
ဣဟ၊ ၌။
(ဝေါ၊ တို့သည်)
ဧဝံ၊ ၍။
သိက္ခိတဗ္ဗံ၊ မည် (ကိန္တိ- ၍၊ သိက္ခိတဗ္ဗံ- မူ၊)
သရီရေ။
၌။
တစောစ၊ လည်းကောင်း။
ပ။
န ဘဝိဿတိ၊ တ္တံ့။
ဣတိ၊ ဤသို့ နှလုံးသွင်း၍။
(မယံ၊ ငါတို့သည်။)
အပ္ပဋ္ဋိဝါနံ၊ နောက်တွန့်ဆုတ်ခြင်းမရှိဘဲ။
(ပဓာနံ၊ ဝီရိယကို။)
ပဒဟိဿာမ၊ အားထုတ်ကုန်အံ့။
ဣတိ၊ ၍။
သိက္ခိတဗ္ဗံ၊ မည်။
ဘိက္ခဝေ၊ တို့။
ဧဝံဟိ၊ လျှင်။
ဝေါ သိက္ခိတဗ္ဗံ ဣတိ (အဝေါစ)
မဉ္စမံ၊ ငါးခုမြောက်သုတ်တည်း။
ဘိက္ခဝေ၊ တို့။
ဓမ္မာ၊ သဘောတရားတို့သည်။
ဣမေ ဒွေ၊ တည်း။
ပ။
သံယောဇနိယေသု၊ သံယောဇဉ်ဆယ်ပါးတို့၏ အကြောင်းတရားစီးပွားဖြစ်ကုန်သော။
ဓမ္မေသု၊ တေဘူမကတရားတို့၌။
ယာ အဿာဒါနုပဿိတာ၊ အကြင်သာယာဖွယ် အနေအားဖြင့် ရှုလေ့ရှိသည် အဖြစ်သည်။
(အတ္ထိိ၊ ရှိ၏။ သာ အဿာ ဒါနုပဿိတာ စ- ထိုသာယာ.... အဖြစ်လည်းကောင်း၊)သမ္မဒေဝါတိ န ဣဏဋ္ဋာ န ဘယဋ္ဋာ န ဇီဝိတပကတာ ဟုတွာ၊ ယထာဝါ တထာဝါ ပဗ္ဗဇိတာပိ ယေ အနုလောမပဋ္ဋိပဒံ ပူရေန္တိ၊ တေသမ္မဒေဝ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇန္တိ နာမ။ သဂါထာဝဂ္ဂသံယုတ်အဋ္ဌကထာ(သံယုတ်ဋ္ဌ၊ ပ- ၁၈၇။ ဗြဟ္မဒေဝသုတ်အဖွင့်)။
သမ္မဒေဝါတိ ဉာယေနေဝ၊ သော ပန ယဒိ အာဂမနတော ပဋ္ဌာယလဗ္ဘတိ၊ ဝတ္တဗ္ဗမေဝ နတ္တိ၊ အထ ပဋ္ဋိပဒါရမ္ဘတော ပဋ္ဌာယ လဗ္ဘတိ၊ ဧဝမ္ပိဝဋ္ဋတေဝါတိ ဒဿေတုံ "ယထာဝါ တထာဝါ" တိ အာဒိ ဝုတ္တံ။ ၎င်းဋ္ဋီကာ၊ ပ- သံယောဇနိယေသု၊ ကုန်သော။ ဓမ္မေသု၊ တို့၌။ ယာ နိဗ္ဗိဒါနုပဿိတာ၊ အကြင်ငြီးငွေ့ခြင်းသဘောအားဖြင့်ရှုလေ့ရှိသည် အဖြစ်သည် (အတ္ထိ၊ ၏။ သာ နိဗ္ဗိဒါနုပဿိတာစ၊ ထိုငြီးငွေ့....ဖြစ်လည်းကောင်းတည်း။)
သမ္မဒေဝါတိ ဉာယေနေဝ၊ သော ပန ယဒိ အာဂမနတော ပဋ္ဌာယလဗ္ဘတိ၊ ဝတ္တဗ္ဗမေဝ နတ္တိ၊ အထ ပဋ္ဋိပဒါရမ္ဘတော ပဋ္ဌာယ လဗ္ဘတိ၊ ဧဝမ္ပိဝဋ္ဋတေဝါတိ ဒဿေတုံ "ယထာဝါ တထာဝါ" တိ အာဒိ ဝုတ္တံ။ ၎င်းဋ္ဋီကာ၊ ပ- သံယောဇနိယေသု၊ ကုန်သော။ ဓမ္မေသု၊ တို့၌။ ယာ နိဗ္ဗိဒါနုပဿိတာ၊ အကြင်ငြီးငွေ့ခြင်းသဘောအားဖြင့်ရှုလေ့ရှိသည် အဖြစ်သည် (အတ္ထိ၊ ၏။ သာ နိဗ္ဗိဒါနုပဿိတာစ၊ ထိုငြီးငွေ့....ဖြစ်လည်းကောင်းတည်း။)
ဘိက္ခဝေ၊ တို့။
သံယောဇနိယေသု၊ ကုန်သော။
ဓမ္မေသု၊ တို့၌။
အဿာဒါနုပဿီ၊ သာယာဖွယ်အနေအားဖြင့် ရှုလျက်။
ဝိဟရန္တော၊ နေသောသူသည်။
ရာဂံ၊ ရာဂကို။
န ပဇဟတိ၊ မပယ်စွန့်။
ဒေါသံ၊ ကို။
ပ။
ရာဂံ၊ ကို။
အပ္ပဟာယ၊ မပယ်စွန့်၍။
ဝါ၊ မပယ်စွန့်ခြင်းကြောင့်။
ပ။
မောဟံ၊ ကို။
အပ္ပဟာယ၊ ၍။
ဝါ၊ ကြောင့်။
ဇာတိယာ၊ သဝဖန်ခါ ခန္ဓာအသစ် ထပ်တလဲလဲဖြစ်ခြင်းမှလည်းကောင်း။
ဇရာယ၊ ခန္ဓာဟောင်းမြင်းရင့်ရော်ခြင်းမှ လည်းကောင်း။
မရဏေန၊ ခန္ဓာပျက်ယွင်း သေလွန်ခြင်းမှလည်းကောင်း။
သောကေဟိ၊ ဝမ်းနည်းပူဆွေးခြင်းတို့မှ လည်းကောင်း။
ပရိဒေဝေဟိ၊ ငိုကြွေးမြည်တမ်းခြင်းတို့မှလည်းကောင်း။
ဒုက္ခေဟိ၊ ကိုယ်ဆင်းရဲခြင်းတို့မှ လည်းကောင်း။
ဒေါမနဿေဟိ၊ စိတ်ဆင်းရဲခြင်းတို့မှ လည်းကောင်း။
ဥပါယာသေဟိ၊ ပြင်းစွာ ပင်ပန်းခြင်းတို့မှ လည်းကောင်း။
န ပရိမုစ္စတိ၊ မလွတ်မြောက်နိုင်။
ဒုက္ခသ္မာ၊ ဝဋ္ဋ်ဒုက္ခအားလုံးမှ။
န ပရိမုစ္စတိ၊ နိုင်။
ဣတိ၊ ဤသို့။
ဝဒါမိ၊ ငါမိန့်ဆို၏။
ပ။
နိဗ္ဗိဒါနုပဿီ၊ ငြီးငွေ့ခြင်းသဘောအားဖြင့် ရှုလျက်။
ပ။
ပဇဟတိ၊ (မဂ်ဖြင့်) ပယ်စွန့်၏။
ပ။
ပရိမုစ္စတိ၊ လွတ်မြောက်၏။
ပ။
ဘိက္ခဝေ၊ တို့။
ဓမ္မာ၊ တရားသဘောတို့သည်။
ဣမေ ဒွေ၊ တည်း။
ပ။
ဆဋ္ဌံ၊ ခြောက်ခုမြောက်သုတ်တည်း။
ဘိိက္ခဝေ၊ ရဟန်းတို့။
ကဏှာကဏှာ, သုက္ကာ။ ။ "ကဏှာ ဂါဝီ- မည်းနက်သော နွားမ" ဟုဆိုရာ၌ မည်းနက်သော အရောင်အဆင်းရှိ၍ ကဏှာဟုခေါ်ရ၏။ သို့သော်ဤ၌ကား အဟိရိက အနောတ္တပ္ပမည်သော အကုသိုလ်တရားတို့ကို ကဏှာဟုခေါ်ဆိုရာ၌ ယင်သို့မည်းနက်သော အရောင်ရှိသောကြောင့် ခေါ်ဆိုသည်မဟုတ်၊ ကဏှာဘိဇာတိနိဗ္ဗတ္တိဟေတုတော- မည်းညစ်ယုတ်ညံ့သော အမျိုးဇာတ်၌ဖြစ်ခြင်း၏ အကြောင်းဖြစ်သောကြောင့် (ဝါ- ထိုအမျိုးဇာတ်သို့ ပို့ဆောင်တတ်သောကြောင့်) ထိုအကုသိုလ်တရားတို့ကို ကဏှာဟု ခေါ်ဆိုရသည်။ ထိုစကားရပ်၌(၁)အပါယ်ဒုဂ္ဂတိဘဝနှင့် (၂)မနုဿဒေါဘဂ္ဂိယဟုခေါ်သော ဘုန်းကံမဲ့မွဲလူဆင်းရဲ လူနုံချာဘဝတို့ကို ကဏှာဘိဇာတိ (မည်းညစ်ယုတ်ညံ့သောအမျိုးဇာတ်) ဟုခေါ်၏။ ပါဠိတော်မှ ကဏှာသဒ္ဒါသည်လည်း နဂိုမူလတုန်းက ထိုကဏှာဘိဇာတိအနက်ကို ဟော၏။ သို့သော် ဤသုတ်၌ကား အကျိုးဖြစ်သောကဏှာဘိဇာတိ၏ ကဏှဟူသော နာမည်ကို အကြောင်းဖြစ်သော အဟိရိကအနောတ္တပ္ပအကုသိုလ်တရားတို့၌ မှည့်ခေါ်တင်စား၍ ဖလူပစာရအားဖြင့် ထိုအကုသိုလ်တရားတို့ကို ကဏှာဟုဟောတော်မူသည်။ ၊ (ပင်ကိုယ် သဘောအားဖြင့်) မည်းညစ်ကုန်သော။
ဝါ၊ မည်းညစ်သောအပါယ်ဘဝနှင့် နိမ့်ကျဘုန်းမွဲ လူဆင်းရဲဘဝ၏ အကြောင်းဖြစ်ကုန်သော။
ဓမ္မာ၊ တရားတို့သည်။
ဣမေ ဒွေ၊ တို့တည်း။
ပ။
အဟိရိကဉ္စ၊ မကောင်းမှုကို မစက်ဆုပ်သည်အဖြစ် လည်းကောင်း။
(မကောင်းမှုကို မစက်ဆုပ်သော ပုဂ္ဂိုလ်, စိတ်, သမ္ပယုတ်တရားအပေါင်း၏ဖြစ်ကြောင်း စေတသိက်လည်းကောင်း)
အနောတ္တပ္ပဉ္စ၊ မကောင်းမှုကြောင့်မကြောင်လန့်သည်အဖြစ် လည်းကောင်း။
(မကောင်းမှုကြောင့် မကြောက်လန့်သော ပုဂ္ဂိုလ်, စိတ် သမ္ပယုတ်တရားအပေါင်း၏ ဖြစ်ကြောင်းစေတသိက်လည်းကောင်းတည်း)
ဘိက္ခဝေ၊ တို့။
ကဏှာ၊ ကုန်သော။
ဓမ္မာ၊ တို့သည်။
ဣမေဒွေ၊ တို့တည်း။
ပ။
သတ္တမံ။
သုက္ကာ၊ (ပင်ကိုသဘောအားဖြင့်) ဖြူစင်ကုန်သော။
ဝါ၊ ဖြူစင်ဘုန်းရှိ သုဂတိ ဘဝ၏ အကြောင်းဖြစ်ကုန်သော။
ပ။
ဟိရီစ၊ မကောင်းမှုကို စက်ဆုပ်တတ်သော တရားလည်းကောင်း။
ဩတ္တပ္ပဉ္စ၊ မကောင်းမှုကြောင့် ကြောက်လန့်တတ်သော တရားလည်းကောင်းတည်း။
ပ။
အဋ္ဌမံ။နောက်တနည်းအဖွင့်။ ။ တနည်းအားဖြင့် အကုသိုလ်တရား အားလုံးတို့သည် အပ္ပဘဿရဘာဝရဏတော- စိတ်ကိုမတောက်မပြောင် မဲမှောင်မည်းညစ်အောင်ပြုတတ်သောကြောင့် ပင်ကိုမူလသဘောအားဖြင့်ပင် မည်းညစ်သော တရားများဖြစ်၏။ ထို့ကြောင့် အကုသိုလ်တရားတို့ကို ကဏှာဟုဟောတော်မူသည်၊ နိဿယခန်း၌ ဤဒုတိယနည်းကို ရှေးဉီးစွာ အနက်ပြန်ဆိုထားသည်။
ထို့အပြင် ကုသိုလ်တရားတို့သည် သုက္ကာဘိဇာတိ(ဖြူစင်ဘုန်းရှိသုဂတိဘဝ)၏ အကြောင်းဖြစ်သောကြောင့်(ဝါ- ထိုသုက္ကာဘိဇာတိသို့ ပို့ဆောင်တတ်သောကြောင့်) ဖလူပစာရအားဖြင့် သုက္ကအမည်ရပုံနှင့် စိတ်ကို ဖြူစင်တောက်ပြောင်အောင် ပြုတတ်သောကြောင့် ပင်ကိုမူလ သဘောအားဖြင့်ပင်သုက္ကအမည်ရပုံကိုလည်းသိပါလေ။
ထို့အပြင် ကုသိုလ်တရားတို့သည် သုက္ကာဘိဇာတိ(ဖြူစင်ဘုန်းရှိသုဂတိဘဝ)၏ အကြောင်းဖြစ်သောကြောင့်(ဝါ- ထိုသုက္ကာဘိဇာတိသို့ ပို့ဆောင်တတ်သောကြောင့်) ဖလူပစာရအားဖြင့် သုက္ကအမည်ရပုံနှင့် စိတ်ကို ဖြူစင်တောက်ပြောင်အောင် ပြုတတ်သောကြောင့် ပင်ကိုမူလ သဘောအားဖြင့်ပင်သုက္ကအမည်ရပုံကိုလည်းသိပါလေ။
ဘိက္ခဝေ၊ တို့။
ဒွေ၊ နှစ်ပါးကုန်သော။
သုက္ကာ၊ ဖြူစင်ကုန်သော။
ဣမေ ဓမ္မာ၊ ဤတရားတို့သည်။
လောကံ၊ သတ္တလောကကို။
ပါလေန္တိ၊ စောင့်ရှောက်ကုန်၏။
ပ။
ဘိက္ခဝေ၊ တို့။
ဒွေ၊ ကုန်သော။
သုက္ကာ၊ ကုန်သော။
ဣမေ ဓမ္မာ၊ တို့သည်။
လောကံ၊ ကို။
န ပါလေယျုံ၊ မစောင့်ရှောက်ကုန်အံ့။
ဣဓ၊ ဤလောက၌။
မာတာတိဝါ၊ အမိဟူ၍လည်းကောင်း။
မာတုစ္ဆာတိ ဝါ၊ မိကြီး မိထွေးဟူ၍ လည်းကောင်း။
[အမိ၏ အမ ညီမတည်း]
မာတုလာနီတိဝါ၊ ဉီးကြီး ဉီးလေး၏ မယားဟူ၍ လည်းကောင်း။
အာစရိယဘရိယာတိ ဝါ၊ ဆရာ၏ မယားဟူ၍ လည်းကောင်း။
ဂရူနံ၊ လေးစားထိုက်သော ဘကြီး ဘထွေးစသည်တို့၏။
ဒါရာတိ ဝါ၊ မယားဟူ၍ လည်းကောင်း။
န ပညာယေထ၊ (အလေးဂရု စိတ်၌ပြုသောအားဖြင့်) မထင်ရှားလေတော့ရာ။
ဝါ၊ မသိအပ်နိုင်တော့ရာ။
အဇေဠကာ ယထာ၊ ဆိတ်, သိုးတို့ ကဲ့သို့လည်းကောင်း။
[အဇ+ ဧဠက]
ကုက္ကုဋ္ဋ သူကရာ ယထာ၊ ကြက်, ဝက် တို့ကဲ့သို့ လည်းကောင်း။
သောဏသိင်္ဂါလာ ယထာ၊ အိမ်ခွေး, တောခွေးတို့ကဲ့သို့ လည်းကောင်း။
လောကော၊ လူအပေါင်းသည်။
သမ္ဘေဒံ၊ ရောယှက်ဆက်ဆံခြင်းသို့။
ဝါ၊ စည်းကမ်းဖောက်ဖျက်ခြင်းသို့။
အဂမိဿ၊ ရောက်ခဲ့လေရာပြီ။
ဘိက္ခဝေ၊ တို့။
စ၊ ထိုသို့မဟုတ်မူ၍။
ယသ္မာ၊ အကြင့်ကြောင့်။
ပ။
ပါလေန္တိ၊ ကုန်၏။
တသ္မာ၊ ထို့ကြောင့်။
မာတာတိဝါ၊ ဟူ၍လည်းကောင်း။
ပ။
ဒါရာတိ ဝါ၊ ၍လည်းကောင်း။
ပညာယတိ၊ ထင်ရှား၏။
ဝါ၊ သိအပ်သိနိုင်၏။
ဣတိ (အဝေါစ) နဝမံ။
ဘိက္ခဝေ၊ တို့။
ဝဿူပနာယိကာ၊ မိုးလပတ်လုံး သီတင်းသုံးမှီတင်းကပ်ရောက်ခြင်းတို့သည်။
ဝါ၊ ဝါကပ်ခြင်းတို့သည်။
ဣမာ ဒွေ၊ ဤနှစ်ပါးတို့တည်း။
[ဝဿံ အာဝါသော ဝဿာဝါသော၊ မိုးလပတ်လုံး နေထိုင်ခြင်း။
ဥပနယနံ ဥပဂမနံ ဥပနာယော။ ဝဿာဝါသဿ ဥပနာယော ဝဿူပနာယော။ အာဝါသပုဒ်ကျေ၏။ သော ဧဝ ဝဿူပနာယိကာ- မိုးလပတ်လုံးနေခြင်းသို့ကပ်ရောက်ခြင်း]
ပုရိမိကာ စ၊ ရှေ့၌ဖြစ်သော ဝါကပ်ခြင်းလည်းကောင်း။
ဝါ၊ ပုရိမဝါကပ်ခြင်းလည်းကောင်း။
ပစ္ဆိမိကာ စ၊ နောက်၌ဖြစ်သော ဝါကပ်ခြင်းလည်းကောင်းတည်း။
ဝါ၊ ပစ္ဆိမဝါကပ်ခြင်းလည်းကောင်းတည်း။
ပ။
ဣတိ (အဝေါစ) ဒသမံ၊ ဆယ်ခုမြောက်သုတ်တည်း။
ပဌမော၊ ရှေးဉီးစွာသော။
ကမ္မကရဏဝဂ္ဂေါ၊ ကမ္မကရဏဝဂ်တည်း။
တဿ၊ ထိုကမ္မကရဏဝဂ်၏။
ဥဒ္ဒါနံ၊ ဥဒ္ဒါန်းကား။
ဝါ၊ ဆိုအပ်ခဲ့ပြီးသောသုတ်တို့ကို နောက်ကာလ၌ မမေ့ပျောက်အောင် စောင့်ရှောက်တတ်သော ခေါင်းစဉ်ကား။
[ဥဒ္ဓံ၊ အထက်(နောက်ကာလ)၌။
ဒါတိ ရက္ခတီတိ ဥဒ္ဒါနံ]
ဝဇ္ဇာ၊ ဝဇ္ဇသုတ်လည်းကောင်း။
ပဓာနာ၊ ပဓာနသုတ်လည်းကောင်း။
ဒွေ၊ နှစ်ပါးကုန်သော။
တပနီယာ၊ တပနီယသုတ်, အတပနီီယသုတ်တို့ လည်းကောင်း။
ပဉ္စမံ၊ ငါးခုမြောက်သော။
ဥပညာတေန၊ ဥပညာတသုတ် လည်းကောင်း။
သံယောဇနဉ္စ၊ သံယောဇနသုတ်လည်းကောင်း။
ကဏှဉ္စ၊ ကဏှသုတ်လည်းကောင်း။
သုက္ကဉ္စ၊ သုက္ကသုတ်လည်းကောင်း။
စရိယာ၊ စရိယသုတ်လည်းကောင်း။
ဝဿူပနာယိကာ၊ ဝဿူပနာယိကာသုတ် လည်းကောင်းတည်း။
ဝဂ္ဂေါ၊ ကမ္မကရဏဝဂ်တည်း။
[ပြခဲ့သော သုတ်တို့၏ ရှေ့နောက်အစဉ်ကို ပါဠိကျက်သူတို့ မမေ့ပျောက်နိုင်အောင်ဖြစ်သလို စီစဉ်ထားသော ခေါင်းစဉ်ဂါထာမျှသာ ဖြစ်၏။ ထို့ကြောင့် ဤဥဒ္ဒါန်းဂါထာကို အနက်ပေးရာ၌ ဝိဘတ်ကို ဂရုစိုက်စရာ မလိုပါ။ သိပ်လည်းအကျိုးမများလှသောကြောင့် နောက်ဝဂ်များ၌ အနက်ပေးပြတော့မည် မဟုတ်]