Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Dukanipātapāḷi

(15) 5. Samāpattivaggo

Author: sāsanāre-သာသနာရေး @ IAPT

သမာပတ္တိကုသလတာ စ၊ သမာပတ် ဝင်စားခြင်း၌ ကျွမ်းကျင်သူ၏ အဖြစ်လည်းကောင်း။ [ရှေ့ပိုင်း၌ ပရိကမ္မဘာဝနာ ဖြစ်၏။ နောက်ပိုင်း၌ ဘဝင်ဖြစ်၏။အလယ်၌ သမာပတ်ဖြစ်၏ဟု ပရိကမ္မဘာဝနာ နှင့်တကွ ပ္ပနာဈာန် သမာပတ်ကို ခွဲခြားသိမြင်သော ပညာတည်း။] သမာပတ္တိဝုဋ္ဌာနကုသလတာ စ၊ (သတ်မှတ်ထားသည့် အချိန်နာရီအတွင်း) သမာပတ်မှ ထခြင်း၌ ကျွမ်းကျင်သူ၏ အဖြစ်လည်းကောင်းတည်း။ ။ပ။၊
အဇ္ဇဝဉ္စ၊ ဖြောင့်မတ်သူ၏ အဖြစ်လည်းကောင်း။ ပဒ္ဒဝဉ္စ၊ နူးညံ့သူ၏ အဖြစ်လည်းကောင်းတည်း။ ။ပ။၊
ခန္တိစ၊ သည်းခံခြင်းလည်းကောင်း။ သောရစ္စဉ္စ၊ တင့်တယ်သော သုစရိတ်အမှု၌ မွေ့လျော်သူ၏ အဖြစ်လည်းကောင်းတည်း။ [ရမတီတိ ရတော၊ သောဘနေ ရတော သူရတော၊ ["သူ"ဟု ဦဒီဃဖြင့် ရှိသင့်ပုံကို သက္က နိပါတ်စာပိုဒ် (၅၂) ခတ္တိယသုတ်၌ ရေးထားပြီ။] သုရတဿ ဘာဝေါ သောရစ္စံ။] ဝါ၊ မကောင်းမှုမှ ကောင်းစွာ ရှောင်ကြဉ်သူ၏ အဖြစ်လည်းကောင်းတည်း။ [ပါပတော ဩရမတိ ဝိရ၎င်းတိတိ ဩရတော၊ အဝ+ရမု+တ။ သုဋ္ဌု ဩရတော သောရတော၊ သောရတဿ ဘာဝေါ သောရစ္စံ။] ။ပ။၊
သာခလျဉ္စ၊ နူးညံ့သိမ်မွေ့သော စာကားရှိသူ၏ အဖြစ်လည်းကောင်း။ ပဋိသန္ထာရောစ၊ အာမိသ, ဓမ္မ, နှစ်ဌာနဖြင့်, လောကဝတ်ပြု, ချီးမြှောက်မှု လည်းကောင်းတည်း။ (အာမိသ ဓမ္မာ, ဤနှစ်ဖြာဖြင့်, သူငါနှစ်ပါး, ခြားနား ပေါက်ပျက်, ကွာဟချက်ကို, ဆက်စပ်ဖုံးကာ, ပျူငှာ ဝတ်ပြု, ချီးမြှောက်မှု လည်းကောင်းတည်း)။ ။ပ။၊
အဝိဟိံ သာစ၊ သတ္တဝါတို့ကို မညှဉ်းဆဲကြောင်း ကရုဏာလည်းကောင်း။ [(၁) အပ္ပနာသို့ ရောက်သော ကရုဏာ (၂) ၎င်း၏ ရှေ့အဖို့၌ဖြစ်သော ကရုဏာ၊ ဤနှစ်မျိုးလုံး ဋီကာ၌ ယဓပါ။ အဋ္ဌကထာ၌ကား (၂) ကိုသာ ပြထား၏။] သော စေယျဉ္စ၊ သီလစင်ကြယ်သူ၏ အဖြစ်လည်းကောင်း။ [သီလပင်တည်း။] ဝါ၊ စင်ကြယ်သူ၏ ဖြစ်ကြောင်း မေတ္တာလည်းကောင်းတည်း။ [ဋီကာ၌ သောစဗျံဟု ပါဌ်ရှိ၏။] ။ပ။၊
ဣန္ဒြိယေသု၊ ဣန္ဒြေခြောက်ပါးတို့၌။ဣန္ဒြိယေသု အဂုတတဒွါရတာဝ။ ။ အဂုတ္တဒွါရတာတိ ဝုတ္တေ ကေသု ဒွါရေသူတိ န ပညာယတီတိ" ဣန္ဒြိယေသူ"တိ ဝုတ္တံ။ ဓမ္မသင်္ဂဏီ မူလဋီကာ (၅၇)။ အဂုတ္တဒွါရ- မပိတ်သီးအပ်သော ဒွါရဟု ဆိုရုံမျှဖြင့် မည်သည့်ဒွါရ (အပေါက်) တို့၌ မပိတ်သီးသည်ဟု မသိသော မထင်ရှားသောကြောင့် "ဣန္ဒြိယေသု" ဟု ဟောတော်မူ၏။ စက္ခုန္ဒြေ အစရှိသော ဒွါရ ခြောက်ပေါက်တို့၌ မပိတ်ဆီးဟူလို၊ ဤစကားဖြင့် "အဂုတ္တဒွါရတာ" မှ ဒွါရနှင့် ဣန္ဒြိယသုပုဒ်တို့အရ စက္ခုန္ဒြေ (သက္ခုပသာဒ) အစရှိသော ဒွါရခြောက်ပါး ကိုချည်း ယူရကြောင်း သိသာ၏။ ဝိသုဒ္ဓိမဂ်( ပ -၂၁) အဋ္ဌသာလိနီ (၄၂၈။ ၄၂၉) တို့၌ အဓိပ္ပါယ်အကျယ် ဖွင့်ပုံကို ကြည့်လျှင်လည်း ထိုဒွါရနှင့် ဣန္ဒြိယ ပုဒ်တို့ အနက်တူကြောင်း သိသာ၏။
မူလပဏ္ဏာသဋ္ဌ (ပ-၁၅၇) နှင့်ထို၏ ဋီကာ (ပ - ၂၅၃) တို့၌ကား ဒွါရအရ စက္ခုဒွါရ စသော ထို ဒွါရခြောက်ပါးကို မယူဘဲ ကမ္မဒွါရ (ကာယ ကမ္မဒွါရ စသည်) ကို ယူပြီးလျှင် ဣန္ဒြေိယေသုပုဒ်၌လည်း သတ္တမီဝိဘတ်ကို အာစာရနက်ကိုသာ မက နိမိတ်အနက်ဟောကြောင်းကိုပါ ဖွင့်ထား၏။
အဂုတ္တဒွါရတာဝ၊ မပိတ်ဆီးအပ်သော ဒွါရရှိသူ၏ အဖြစ်လည်းကောင်း။ ဘောဇနေ၊ ဘောဇဉ်၌။ အမတ္တညုတာ စ၊ (ခံယူခြင်း, သုံးဆောင်ခြင်းနှင့် စပ်၍) အတိုင်းအတာကို မသိသူ၏ အဖြစ်လည်းကောင်း။ ။ပ။၊
ဂုတ္တဒွါရတာစ၊ ပိတ်သီးအပ်သော ဒွါရရှိသူ၏ အဖြစ်လည်းကောင်း။ ။ပ။၊ မတ္တညုတာ စ၊ အတိုင်းအတာကို သိသူ၏ အဖြစ်လည်းကောင်းတည်း။ ။ပ။၊
ပဋိသင်္ခါနဗလဉ္စ၊ စဉ်းစားဆင်ခြင် သိမြင်သော ဉာဏ်ပညာ ဟူသော (မလှုပ်မယိုင် ခိုင်မြဲသော) စွမ်းအားလည်းကောင်း။ ဘာဝနာဗလဉ္စ၊ ကုသိုလ်တရားတို့ကို ဖြစ်ပွားစေခြင်းဟူသော စွမ်းအားလည်းကောင်း။ (ဝီရိယတရား အကြီးအကဲထား၍ ဗောဓိပက္ခိယ တရား, ဗောဇ္ဈင်တရားတို့ကို ဖြစ်ပွားစေခြင်းဟူသော ခိုင်မြဲသော စွမ်းအားလည်းကောင်း။ ဝါ၊ ဝိရိယ တရားအကြီးအကဲထား၍ ဖြစ်ပွားစေအပ်သော ဗောဓိပက္ခိတရား, ဗောဇ္ဈင်တရားဟူသော ခိုင်မြဲသော စွမ်းအားလည်းကောင်း)။ ။ပ။၊ [သမထဒုက်ကို ဤဒုကနိပါတ် စာပိုဒ် ၃၂ သုတ်, သတိဗလံကို ဧကကနိပါတ် စာပိုဒ် ၄၀၇ ၌ကြည့်။]
သီလဝိပတ္တိစ၊ သီလပျက်စီးခြင်းလည်းကောင်း။ ဒိဋ္ဌိဝိပတ္တိ စ၊ အယူပျက်စီးခြင်းလည်းကောင်း။ ဝါ၊ သမ္မာဒိဋ္ဌိကို ဖျက်ဆီးတတ်သော ဖောက်ပြန်ပျက်စီးသော မိဏ္ဆာအယူလည်းကောင်းတည်း။ ။ပ။၊
သီလသမ္ပဒါစ၊ သီလပြည့်စုံခြင်းလည်းကောင်း။ ဒိဋ္ဌိသမ္ပဒါစ၊ အမြင်မှန် ဉာဏ်ပညာ၏ ပြည့်စုံ ခြင်းလည်းကောင်းတည်း။ ဝါ၊ ပြည့်စုံသော အမြင်မှန် ဉာဏ်ပညာလည်းကောင်းတည်း။ [၎င်းပညာငါးမျိုးကို အဋ္ဌကထာ၌ကြည့်။] ။ပ။၊
သီလဝီသုဒ္ဓိစ၊ သီလ စင်ကြယ်ခြင်းလည်းကောင်း။ (စိတ္တဝိသုဒ္ဓိ စသော အထက်ဝိသုဒ္ဓိသို့ ရောက်စေနိုင်လောက်အောင် သီလစင်ကြယ်ခြင်း လည်းကောင်း)။ ဒိဋ္ဌိဝိသုဒ္ဓိစ၊ ဉာဏ်အမြင်စင်ကြယ်ခြင်း လည်းကောင်းတည်း။ (ဉာဏဒဿန ဝိသုဒ္ဓိနှင့် ပရမတ္ထဝိသုဒ္ဓိဖြစ်သော နိဗ္ဗာန်သို့ ရောက်စေနိုင်သော ကမ္မဿကတာသမ္မာဒိဋ္ဌိစသော ဉာဏ်အမြင်ငါးမျိုးစင်ကြယ်ခြင်း လည်းကောင်းတည်း။ ဝါ၊ ပရမတ္ထ ဝိသုဒ္ဓိနိဗ္ဗာန်သို့ ရောက်စေနိုင်သော လေးပါးသော မဂ်ဉာဏ်အမြင် စင်ကြယ်ခြင်းလည်းကောင်းတည်း)။ [ဤသုတ်ဋီကာစာမူ မသန့်ရှင်၊ ဒီ၊ ဝါတိကဝဂ်ဋီကာ၊ ၁၈၂ သန့်ရှင်း၏။] ။ပ။၊
ဒိဋ္ဌိဝိသုဒ္ဓိ စ၊ လည်းကောင်း။ ယထာဒိဋ္ဌိဿ၊ ဝီရိယအား သင့်လျော်သော ကောင်းသော ဉာဏ်အမြင်ရှိသော ပုဂ္ဂိုလ်၏။ [ယထာ အနုရူပါ ဒိဋ္ဌိ ယဿာတိ ယထာဒိဋ္ဌိ။] ဝါ၊ ဖြစ်စေအပ်ပြီးသော အပြားရှိသော ဉာဏ်အမြင်ရှိသူ၏။ ဝါ၊ ဖြစ်စေထိုက်သော ဝီရိယအား လျော်သော ဉာဏ်အမြင်ရှိသူ၏။ ဝါ၊ ဉာဏ်အမြင်အားလျော်စွာဖြစ်သော ပြုလုပ်အားထုတ်ခြင်းရှိသူ၏။ [ဤ အနောက်အနက်များမှာ နိက္ခေပကဏ္ဍ မူလဋီကာ( ၅၇) မှ ယူထားသော ဤသုတ်ဋီကာ အဖွင့် များတည်း။] ပဓာနံ စ၊ သောတာပတ္တိမဂ်နှင့်ယှဉ်သော ဝီရိယလည်းကောင်းတည်း။ ။ပ။၊
ကုသလေသု၊ ကုသိုလ်ဖြစ်ကုန်သော။ ဓမ္မေသု၊ တရားတို့၌။ အသန္တုဋ္ဌိတာစ၊ (အရဟတ္တမဂ်သို့ မရောက်မချင်း) အပြည့်အစုံ ရောင့်ရဲကျေနပ်မှု မရှိသူ၏ အဖြစ်လည်းကောင်း။ ပဓာနသ္မိံ၊ ကုသိုလ်တရားပွားများ အားထုတ်ခြင်း၌။ အပ္ပဋိဝါနိတာစ၊ (အရဟတ္တမဂ် မရောက်မချင်း) နောက်တွန့်ဆုတ်ခြင်း မရှိသူ၏ အဖြစ်လည်းကောင်တည်း။ ။ပ။၊
မုဋ္ဌဿစ္စဉ္စ၊ ကင်းလွတ်ပျောက်ပျက်သော သတိရှိသူ၏ အဖြစ်လည်းကောင်း။ အသမ္ပဇညဉ္စ၊ ကောင်းစွာမသိ ဉာဏ်မရှိသူ၏ အဖြစ်လည်းကောင်းတည်း။ ။ပ။၊
သတိ စ၊ ကုသိုလ်တရား၌ အမှတ်ရသော သဘောလည်းကောင်း။ သမ္ပညေဉ္စ၊ ကောင်းစွာ သိသူ၏ အဖြစ်လည်းကောင်းတည်း။ ။ပ။၊
ပဉ္စမော၊ ငါးခုမြောက်သော။ သမာပတ္တိဝဂ္ဂေါ၊ ဝဂ်တည်း။
တတိယော၊ သုံးခုမြောက်သော။ ပဏ္ဏာသကော၊ သုတ်ငါးဆယ်အပေါင်းအစုသည်။ သမတ္တော၊ ပြီးပြီ။