ဘိက္ခဝေ၊ တို့။
ဒုပ္ပဇဟာ၊ ခက်ခဲသဖြင့် ပယ်စွန့်အပ်ကုန်သော။
ဝါ၊ ပယ်စွန့်နိုင်ခဲကုန်သော။
အာသာ၊ ခင်တွယ်တပ်မက် ငဲ့ကွက်တတ်သော တဏှာတို့သည်။
ဣမာ ဒွေ၊ ဤနှစ်မျိုးတို့တည်း။
ဒွေ၊ နှစ်မျိုးတို့ဟူသည်။
ကတမာ၊ အဘယ်တို့နည်း။
လာဘာသာစ၊ ပစ္စည်းလာဘ်၌ ခင်တွယ် သော တဏှာလည်းကောင်း။
ဇီဝိတာသာစ၊ အသက်၌ ခင်တွယ်သော တဏှာလည်းကောင်းတည်း။
ဘိက္ခဝေ၊ တို့။
ဒုပ္ပဇဟာ၊ ကုန်သော။
အာသာ၊ တို့သည်။
ဣမာ ဒွေ၊ တို့တည်း။
ဣတိ၊ ဤသို့။
(အဝေါစ၊ မိန့်တော်မူပြီ)။
ဘိက္ခဝေ၊ တို့။
လောကသ္မိံ၊ သတ္တလောက၌။
ဒုလ္လဘာ၊ ခက်ခဲသဖြင့် ရအပ်ကုန်သော။
ဝါ၊ ရနိုင်ခဲကုန်သော။
ပုဂ္ဂလာ၊ ပုဂ္ဂိုလ်တို့သည်။
။ပ။၊
ယော၊ အကြင် ပုဂ္ဂိုလ်သည်။
ပုဗ္ဗကာရီ၊ ရှေးဦးစွာ ကျေးဇူးပြုတတ်၏။
(သော စ၊ ထို ပုဂ္ဂိုလ်လည်းကောင်း)။
ယော၊ သည်။
ကတညူ၊ သူတပါးပြုခဲ့ဖူးသော ကျေးဇူးကို သိတတ်၏။
ကတဝေဒီ၊ သူတပါးပြုခဲ့ဖူးသော ကျေးဇူးကို ထင်ရှားပြုတတ် ဆပ်ပေးတတ်၏။
(သောစ၊ လည်းကောင်းတည်း)။
။ပ။၊
တိတ္တော စ၊ လောကုတ္တရာ တရားကိုးပါး တို့ဖြင့် ရောင့်ရဲကုံလုံပြည့်စုံသော ပုဂ္ဂိုလ်လည်းကောင်း။
[ပစ္စေကဗုဒ္ဓါနှင့် မြတ်စွာဘုရား၏ တပည့်ရဟန္တာ ပုဂ္ဂိုလ်တို့တည်း။]
တပ္ပေတာစ၊ လောကုတ္တရာ တရားကိုးပါးတို့ဖြင့် သူတပါးကို ရောင့်ရဲကုံလုံ ပြည့်စုံစေသော ပုဂ္ဂိုလ်လည်းကောင်းတည်း။
[မြတ်စွာဘုရားတည်း။]
ဒုတ္တပ္ပတာ၊ (ဒါယကာတို့က) ခက်ခဲသဖြင့် ကျေနပ်နှစ်သိမ့်စေအပ်ကုန်သော။
ဝါ၊ ကျေနပ်နှစ်သိမ့်စေခြင်းငှာ မလွယ်ကူကုန်သော။
ပုဂ္ဂလာ။ပ။၊
ယော၊ အကြင် ပုဂ္ဂိုလ်သည်။
လဒ္ဓံ လဒ္ဓံ၊ ရအပ်တိုင်း ရအပ်တိုင်းသော ပစ္စည်းကို။
နိက္ခိပတိ၊ မသုံးစွဲဘဲ သိမ်းဆည်းထား၏။
(သော စ၊ ထို ပုဂ္ဂိုလ်လည်းကောင်း)။
ယော၊ သည်။
လဒ္ဓံ လဒ္ဓံ၊ ကို။
ဝိဿဇ္ဇေတိ၊ သူတပါးတို့အား အကုန်လုံး ပေးစွန့်လိုက်၏။
(သောစ၊ လည်းကောင်းတည်း)။
။ပ။၊
သုတပ္ပယာ၊ လွယ်ကူသဖြင့် ကျေနပ်နှစ်သိမ့် စေအပ်ကုန်သော။
။ပ။၊
ရာဂဿ၊ ရာဂ၏။
ဥပ္ပါဒါယ၊ ဖြစ်ခြင်းငှာ။
ပစ္စယာ၊ အကြောင်းတို့သည်။
ဣမေ ဒွေ ။ပေ။၊
သုဘနိမိတ္တဉ္စ၊ ရာဂ၏ အကြောင်းဖြစ်သော တင့်တယ်သော အာရုံလည်းကောင်း။
[ဧကက စာပိုဒ် ၁၁ ကြည့်။]
အယောနိသော၊ ကုသိုလ်ဖြစ်ခြင်း၏ အကြောင်းမဟုတ်သော အားဖြင့်။
မနသိကာရောစ၊ နှလုံးသွင်းခြင်း လည်းကောင်းတည်း။
။ပ။၊
ပဋိဃနိမိတ္တဉ္စ၊ ဒေါသ၏ အကြောင်းဖြစ်သော အနိဋ္ဌာရုံ လည်းကောင်း။
။ပ။၊
မိစ္ဆာဒိဋ္ဌိယာ၊ မှားယွင်းသော အယူ၏။
။ပ။၊
ပရတော၊ မိစ္ဆာအယူရှိသူ အခြားသူထံမှ။
ဃောသော စ၊ သူယုတ်မာတရားသံ နာခံရခြင်း လည်းကောင်း။
။ပ။၊
သမ္မာဒိဋ္ဌိယာ၊ မှန်ကန်သော အယူ၏။
။ပ။၊
ပရတော၊ သမ္မာအယူရှိသူ အခြားသူထံမှ။
ဃောသော စ၊ သူတော်ကောင်း တရားသံ နာခံရခြင်း လည်းကောင်း။
။ပ။၊
အာပတ္တိယော၊ အာပတ်တို့သည်။
။ပ။၊
လဟုကာ၊ အပေါ့စား အသေးစားဖြစ်သော။
အာပတ္တိစ၊ အာပတ်လည်းကောင်း။
ဂရုဏာ၊ ကြီးလေးသော။
အာပတ္တိစ၊ လည်းကောင်းတည်း။
[ဧကကစာပိုဒ် ၆၂ ကြည့်။]
။ပ။၊
ဒုဋ္ဌုလ္လာ၊ ရုန့်ရင်းကြမ်းတမ်းသော။
။ပ။၊
သာဝသေသာ၊ သီလသိက္ခာ အကြွင်းအကျန်ရှိသော ။
။ပ။၊
အနဝသေသာ၊ သီလ သိက္ခာ အကြွင်းအကျန် မရှိတော့သော။
။ပ။၊