Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Dukanipātapāḷi

(9) 4. Dhammavaggo

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ ဓမ္မာ၊ တရားသဘောတို့သည်။ ဣမေ ဒွေ၊ ဤနှစ်ပါးတို့တည်း။ ။ပ။၊
စေတော ဝိမုတ္တိစ၊ ကိလေသာတို့မှ လွတ်မြောက်သော လေးပါးသော ဖိုလ်စိတ် သမာဓိလည်းကောင်း။ [ဖိုလ်လေးပါးတို့၌ ပါဝင်သော သမာဓိဟု ဆိုလို၏။ ပညာဝိမုတ္တိလည်း ထို့အတူပင်တည်း။] ပညာဝိမုတ္တိစ၊ ကိလေသာတို့မှ လွတ်မြောက်သော လေးပါးသော ဖိုလ်ပညာ လည်းကောင်းတည်း။ ။ပ။၊
ပဂ္ဂါဟောစ၊ ယှဉ်ဘက်တရားတို့ကို မြှောက်ပင့်အားပေးတတ်သော ဝီရိယလည်းကောင်း။ အဝိက္ခပေါစ၊ မပျံ့လွင့်တတ်သော သမာဓိလည်းကောင်း။ ဝါ၊ စိတ်ကို အာရုံအမျိုးမျိုးတို့၌ မပစ်လွှင့်တတ်သော သမာဓိလည်းကောင်း။ ဝါ၊ ပျံ့လွင့်သော ဥဒ္ဓစ္စ၏ ဆန့်ကျင်ဘက် သမာဓိလည်းကောင်းတည်း။ ။ပ။၊
နာမဉ္စ၊ အာရုံသို့ ညွတ်တတ်သော နာမ်ခန္ဓာလေးပါးလည်းကောင်း။ ရူပဉ္စ၊ ဖောက်ပြန်တတ်သော ရုပ်ခန္ဓာလည်းကောင်းတည်း။ ။ပ။၊
ဝိဇ္ဇာ စ၊ နိဗ္ဗာန်ကို သိမြင်တတ်သော ဖိုလ်ညာဏ်လည်းကောင်း။ ဝိမုတ္တိစ၊ ဖိုလ်ဉာဏ်နှင့် ယှဉ်ဘက်ဖြစ်သောလွတ်မြောက်သော တရားအပေါင်းလည်းကောင်းတည်း။ ။ပ။၊
ဘဝဒိဋ္ဌိ စ၊ (အသက်ရှင် အတ္တကောင်နှင့် လောကသည်) မပြတ်မစဲ အမြဲတည်ရှိ၏ဟု ယူဆသော သဿတဒိဋ္ဌိလည်းကောင်း။ [ခန္ဓာငါးပါးကိုပင် အတ္တဟုလည်းကောင်း, လောကဟုလည်းကောင်း ယူဆကြသည်။ ဘဝတိ အတ္ထိ သဗ္ဗကာလံ တိဋ္ဌတီတိ ဘဝေါ၊ ဘဝေါတိ ပဝတ္တာ ဒိဋ္ဌီ ဘဝဒိဋ္ဌိ။] ဝိဘဝဒိဋ္ဌီစ၊ (အသက်ရှင်အတ္တကောင်နှင့် လောကသည်) အတည်မမြဲ ပြတ်စဲ၏ဟု ယူဆသော ဥစ္ဆေဒဒိဋ္ဌိ လည်းကောင်းတည်း။ [ဝိဘဝတိ ဝီနဿတိ ဥစ္ဆိဇ္ဇတီတိ ဝိဘဝေါ စသည်ပြု။] အဟိရိကစသည်ကို စာပိုဒ် ၇ နှင့် ၈ ကြည့်။ ။ပ။၊
ဒေါဝစဿတာစ၊ ဆိုဆုံးမခက်သူ လူရိုင်းစိုင်း ၏ မလေးစားမှု အပြုအမှူ စေတနာရှိသည်၏ အဖြစ်လည်းကောင်း။ ဒေါဝစဿတာ။ ။ ဒုက္ခံ ဝဇော ဧတဿ္မိံ ပုဂ္ဂလေတိ ဒုဗ္ဗစော - ခက်ခဲသော ဆိုဆုံးမ စကားရှိသူ (ဆန့်ကျင်ဘက် ကန့်လန့်ပြောတတ်သူ၊ ရိုင်းစိုင်း ကြိမ်းကြုတ်သူ) ဒုဗ္ဗစဿ ကမ္မံ (မလေးစားမှု ရိုင်းစိုင်းမှု အပြုအမူစေတနာ) ဒေါဝစဿံ၊ တဿ ဘာဝေါ (အတ္ထိဘာဝေါ) ဒေါဝစဿတာ၊ တာပစ္စည်း ဆင့်ထားသော်လည်း တရားကိုယ်အားဖြင့် ဒေါဝစဿ၏ အရဖြစ်သော ယခင်စေတနာကိုပင် ရယူ၏။ ထို့ကြောင့် သက္ကနိပါတ် အင်္ဂုတ္တိုရ်ဋီကာ (တ၊နှာ၊ ၁၀၀) ၌ တာပစ္စည်းအနက် မရှိနည်းကိုလည်း ပြထားသည်။ ဤဋ္ဌဋီတို့၏ ဝစနတ္ထနှင့် န ပုလ္လိင် မနာဂိုဏ်း ဝစောသဒ္ဒါနှင့် လျော်ညီစွာ န ပုလ္လိင် ဖြင့်ပင် ရှိသော ဒုက္ခံဟူသော ပဌမန္တ ပုဒ်သည် ကြိယာဝိသေသန မဖြစ်နိုင်၊ ဝစော၏ နာမဝိသေသနသာ ဖြစ်နိုင်၏။ သုန္ဒရံ မနော သုမနောနှင့် နှိုင်းယှဉ် ကြည့်ပါ။ ပါပမိတ္တတာစ၊ (သဒ္ဓါတရားမရှိသူစသော) ယုတ်မာသော မိတ်ဆွေရှိသူ၏ အဖြစ်လည်းကောင်းတည်း။ ။ပ။၊
သောဝစဿတာ စ၊ ဆိုဆုံးမလွယ်ကူသူ လူလိမ္မာ၏ ယဉ်ကျေးလေးစားမှု အပြုအမူ စေတနာရှိသည်အဖြစ်လည်းကောင်း။ ကလျာဏမိတ္တတာ စ၊ (သဒ္ဓါတရားရှိသူစသော) ကောင်းသော မိတ်ဆွေရှိသူ၏ အဖြစ်လည်းကောင်းတည်း။ ။ပ။၊
ဓာတုကုသလတာ စ၊ ဓာတ် ၁၈ ပါးတို့၌ ခွဲခြားသိမြင် ကျွမ်းကျင် သူ၏ အဖြစ်လည်းကောင်း။ မနသိကာရကုသလတာစ၊ (လက္ခဏ, ရသ စသည်, အနိစ္စစသည်အားဖြင့်) ဓာတ် ၁၈ ပါးတို့ကို နှလုံးသွင်း၍ ကျွမ်းကျင်သူ၏ အဖြစ်လည်းကောင်းတည်း။ ။ပ။၊
အာပတ္တိ ကုသလတာ စ၊ (အာပတ်သင့်ခြင်း၏ အကြောင်းရင်းဝတ္ထုနှင့်တကွ) အာပတ် (၅) မျိုး (၇) မျိုးတို့၌ ခွဲခြားသိမြင် ကျွမ်းကျင်သူ၏ အဖြစ်လည်းကောင်း။ [ပါရာဇိက, သံဃာဒိသေသ်, ပါစိတ်, ပါဋိဒေသနီယ, ဒုက္ကဋ်ဟု အာပတ်ငါးမျိုး ထုလ္လစ္စယနှင့် ဒုဗ္ဘာသီတထည့်၍ ခုနစ်မျိုးတည်း။] အာပတ္တိဝုဋ္ဌာနကုသလတာ စ၊ အာပတ်မှ ထမြောက်မှု၌ ခွဲခြားသိမြင် ကျွမ်းကျင်သူ၏ အဖြစ်လည်းကောင်းတည်း။ (အာပတ်မှ ထမြောက် စင်ကြယ်ခြင်း၏ အကြောင်းအရင်းဖြစ်သော ဒေသနာပြောကြားခြင်းကိစ္စ, အဗ္ဘာန ကမ္မဝါစာ, တိဏဝတ္ထာရကကမ္မဝါစာတို့နှင့် တကွ အာပတ်မှ ထမြောက်ခြင်းကိစ္စ၌ ခွဲခြားသိမြင့် ကျွမ်းကျင်သူ၏ အဖြစ်လည်းကောင်းတည်း)။ ။ပ။၊