Issues
Select Version
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Dukanipātapāḷi

(7) 2. Sukhavaggo

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ သုခါနိ၊ သုခတို့သည်။ ဣမာနိ ဒွေ၊ ဤနှစ်မျိုးတို့တည်း။ ။ပ။၊
ဂိဟိသုခဉ္စ၊ လူတို့၏ သုခလည်းကောင်း။ ဝါ၊ လူတို့၏ အလိုရှိသမျှ အားလုံး ပြီးစီးခြင်းကြောင့် ဖြစ်သော သုခလည်းကောင်း။ ပဗ္ဗဇိတသုခဉ္စ၊ ရဟန်းတို့၏ သုခလည်းကောင်းတည်း။ ဝါ၊ ရဟန်းတို့အတွက် ရဟန်းအကျင့်သိက္ခာကြောင့် ဖြစ်သော ကိုယ်စိတ်ငြိမ်းချမ်းမှု သုခလည်းကောင်းတည်း။
ဘိက္ခဝေ၊ တို့။ သုခါနိ၊ တို့သည်။ ဣမာနိ ဒွေ၊ တည်း။
ဘိက္ခဝေ၊ တို့။ ဒွိန္နံ၊ နှစ်မျိုးကုန်သော။ ဣမေသံ သုခါနံ၊ ဤသုခတို့တွင်။ ယဒိဒံ ပဗ္ဗဇိတသုခံ၊ အကြင်ရဟန်းသုခသည်။ (အတ္ထိ၊ ရှိ၏)။ ဧတံ၊ ဤ ရဟန်းသုခသည်။ အဂ္ဂံ၊ အမြတ်ဆုံး သုခပေးတည်း။ ။ပ။၊
ကာမသုခဉ္စ၊ ကာမဂုဏ်ငါးပါးတို့ကို အာရုံပြု၍ ဖြစ်သော သုခလည်းကောင်း။ ဝါ၊ တဏှာဖြင့် လိုလားအပ်သမျှ တေဘူမက တရားအားလုံးကို အာရုံပြု၍ ဖြစ်သော သုခလည်းကောင်း။ နေက္ခမ္မသုခဉ္စ၊ အိမ်အနှောင်အဖွဲ့မှ ထွက်မြောက်သော ရဟန်းအဖြစ်ကို အာရုံပြု၍ ဖြစ်သော သုခလည်းကောင်းတည်း။ ဝါ၊ ဝဋ်ဒုက္ခမှ ထွက်မြောက်သော နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်သော သုခလည်းကောင်းတည်း။ ။ပ။၊
ဥပဓိသုခဉ္စ၊ ဥပါဒါနက္ခန္ဓာ ငါးပါးဟူသော ဥပဓိ၌ မှီတည်နေသော တေဘူမက သုခလည်းကောင်း။ နိရုပဓိသုခဉ္စ၊ ဥပဓိသုခ၏ ဆန့်ကျင်ဘက် လောကုတ္တရာ သုခလည်းကောင်းတည်း။ ။ပ။၊
သာသဝသုခဉ္စ၊ မိမိကိုအာရုံပြုသော အာသဝတို့နှင့် တကွဖြစ်သော ဝဋ္ဋသုခလည်းကောင်း။ ဝါ၊ အာသဝတို့၏ အာရုံအကြောင်းဖြစ်သော ဝဋ္ဋသုခလည်းကောင်း။ [ဝဋ်ဆင်းရဲ၌ ပါဝင်သော သုခသည် ဝဋ္ဋသုခမည်၏။] အနာသဝသုခဉ္စ၊ မိမိကို အာရုံပြုသော အာသဝ မရှိသော ဝိဝဋ္ဋသုခ လည်းကောင်းတည်း။ ဝါ၊ အာသဝတို့၏ အာရုံအကြောင်း မဟုတ်သော ဝိဝဋ္ဋသုခလည်းကောင်းတည်း။ [ဝိဝဋ္ဋသုခ၊ ဝဋ်ဒုက္ခမှ ကင်းလွတ်သော နိဗ္ဗာန်ကို အာရုံပြုသော သုခ။] ။ပ။၊
သာမိသံ၊ ကိလေသာ အာမိသနှင့် တကွဖြစ်သော။ သုခဉ္စ၊ ဝဋ္ဋဂါမိ သုခလည်းကောင်း။ ဝါ၊ ဝဋ်ဆင်းရဲသို့ လားရောက်စေတတ်သော သုခလည်းကောင်း။ နိရာမိသံ၊ ကိလေသာ အာမိသ မရှိသော။ သုခဉ္စ၊ မဂ်ဖိုလ််နှင့် ယှဉ်သော သုခလည်းကောင်းတည်း။ ။ပ။၊
အရိယ သုခဉ္စ၊ အရိယာတို့၏ သုခလည်းကောင်း။ ဝါ၊ ဖြူစင်မြင့်မြတ်သော သုခလည်းကောင်း။ အနရိယသုခဉ္စ၊ အရိယာမဟုတ်သူ ပုထုဇဉ် တို့၏ သုခလည်းကောင်းတည်း။ ဝါ၊ မည်းညစ် ယုတ်နိမ့်သော သုခ လည်းကောင်းတည်း။ ။ပ။၊
ကာယိကံ၊ ကိုယ်၌ဖြစ်သော။ သုခဉ္စ၊ (ကာယဝိညာဏ် စိတ်နှင့်ယှဉ်သော) သုခလည်းကောင်း။ စေတသိကံ၊ စိတ်၌ဖြစ်သော။ သုခဉ္စ၊ (လောကီလောကုတ္တရာ) သုခလည်းကောင်းတည်း။ ။ပ။၊
သပ္ပိတိကံ၊ ပီတိနှင့် တကွဖြစ်သော။ သုခဉ္စ၊ ပထမဈာန်၊ ဒုတိယဈာန်သုခလည်းကောင်း။ နိမ္မိတိကံ၊ ပီတိမရှိသော။ သုခဉ္စ၊ တတိယဈာန်, စတုတ္ထဈာန် သုခလည်းကောင်းတည်း။ ။ပ။၊
သာတသုခဉ္စ၊ (အောက်ဈာန်သုံးပါး၌ရှိသော) ချိုသာ ကောင်းမြတ်သော သုခလည်းကောင်း။ ဥပေက္ခာသုခဉ္စ၊ ဥပေက္ခာဝေဒနာ ဟူသော စတုတ္ထဈာန် သုခလည်းကောင်းတည်း။ ။ပ။၊
သမာဓိသုခဉ္စ၊ ဥပစာရသမာဓိ, အပ္ပနာ သမာဓိနှင့် ယှဉ်သော သုခလည်းကောင်း။ အသမာဓိ သုခဉ္စ၊ ဥပစာရ သမာဓိ, အပ္ပနာ သမာဓိနှင့် မယှဉ်သော သုခလည်းကောင်းတည်း။ ။ပ။၊
သပ္ပီတိကာရမ္မဏံ၊ ပီတိနှင့် တကွ ဖြစ်သော အောက်ဈာန်နှစ်ပါး ဟူသော အာရုံရှိသော။ သုခဉ္စ၊ သုခလည်းကောင်း။ [ထိုဈာန်နှစ်ပါးကို အာရုံပြု ဆင်ခြင်စဉ်အခါ ဖြစ်ပေါ်လာသော သုခတည်း။] နိပ္ပီတိကာရမ္မဏံ၊ ပီတိမရှိသော အထက်ဈာန်နှစ်ပါးဟူသော အာရုံရှိသော။ သုခဉ္စ၊ သုခလည်းကောင်းတည်း။ ။ပ။၊
သာတာတရမ္မဏံ၊ ချိုသာကောင်းမြတ်သော အောက်ဈာန်သုံးပါးဟူသော အာရုံရှိသော။ သုခဉ္စ၊ လည်းကောင်း။ ဥပေက္ခာရမ္မဏံ၊ ဥပေက္ခာဝေဒနာ ရှိသော စတုတ္ထဈာန် ဟူသော အာရုံရှိသော။ သုခဉ္စ၊ လည်းကောင်းတည်း။ ။ပ။၊
ရူပါရမ္မဏံ၊ ရူပါဝစရ စတုတ္ထဈာန် ဟူသော အာရုံရှိသော။ ဝါ၊ ဖောက်ပြန်တတ်သော ရုပ်အားလုံးဟူသော အာရုံရှိသော။ သုခဉ္စ၊ လည်းကောင်း။ [ရူပ (ရူပဇ္ဈာန)၊ ရူပါဝစရ စတုတ္ထဈာန်ဟူသော ။ (တနည်း) ရူပ၊ ရုပ်တရားဟူသော + အာရမ္မဏ၊ အာရုံ (ရှိသော)။] အရူပါရမ္မဏံ၊ အရူပါဝစရ ဈာန်ဟူသော အာရုံရှိသော။ ဝါ၊ နာမ်တရားဟူသော အာရုံရှိသော။ သုခဉ္စ၊ လည်းကောင်းတည်း။ ။ပ။၊