ဘိက္ခဝေ၊ တို့။
ဗာလာ၊ နားမလည်သူ လူဖျင်းတို့သည်။
။ပ။၊
ယော၊ အကြင် ပုဂ္ဂိုလ်သည်။
အနာဂတံ၊ မိမိထံသို့ မရောက်လာသေးသော။
ဝါ၊ မိမိမဆောင်ရွက်သင့်သော။
ဘာရံ၊ တာဝန်ကို။
ဝဟတိ၊ ဆောင်ရွက်၏။
(သောစ၊ ထို ပုဂ္ဂိုလ်လည်းကောင်း)။
ယော၊ အကြင် ပုဂ္ဂိုလ်သည်။
အာဂတံ၊ မိမိထံသို့ ရောက်လာသော။
ဝါ၊ မိမိဆောင်ရွက်သင့်သော။
ဘာရံ၊ ကို။
န ဝဟတိ၊ မဆောင်ရွက်။
(သော စ၊ ထို ပုဂ္ဂိုလ်လည်းကောင်းတည်း)။
။ပ။၊
ပဏ္ဍိတာ၊ ပညာရှိတို့သည်။
။ပ။၊
အကပ္ပိယေ၊ မအပ်စပ်သော ခြင်္သေ့အသားစသည်၌။
ကပ္ပိယသညီ၊ အပ်စပ်၏ ဟု အမှတ်ရှိ၏။
(သောစ၊ လည်းကောင်း)။
။ပ။၊
ကပ္ပိယေ၊ အပ်စပ်သော မိကျောင်းသား စသည်၌။
အကပ္ပိယသညီ၊ မအပ်စပ်ဟု အမှတ်ရှိ၏။
။ပ။၊
အနာပတ္တိယာ၊ အာပတ်မဟုတ်သည်၌။
အာပတ္တိသညီ၊ အာပတ်ဟု အမှတ်ရှိ၏။
။ပ။၊
အာပတ္တိယာ၊ အာပတ်၌။
အနာပတ္တိသညီ၊ အာပတ် မဟုတ်ဟု အမှတ်ရှိ၏။
။ပ။၊
အဓမ္မေ၊ ကုသိုလ်တရား၏ ဆန့်ကျင်ဘက် အကုသိုလ်တရား၌။
ဓမ္မသညီ၊ ကုသိုလ်တရားဟု အမှတ်ရှိ၏။
။ပ။၊
ဓမ္မေ၊ ကုသိုလ်တရား၌။
အဓမ္မသညီ၊ ကုသိုလ်တရား၏ ဆန့်ကျင်ဘက် အကုသိုလ် တရားဟု အမှတ်ရှိ၏ ။
။ပ။၊
အဝိနယေ၊ ရာဂစသည်ကို ပယ်ရှားကြောင်း မဟုတ်သော အကုသိုလ်တရား၌။
ဝိနယသညီ၊ ရာဂစသည်ကို ပယ်ရှားကြောင်း ကုသိုလ်တရားဟု အမှတ်ရှိ၏။
။ပ။၊
ဝိနယေ၊ ရာဂစသည်ကို ပယ်ရှားကြောင်း ကုသိုလ်တရား၌။
အဝိနယသညီ၊ ရာဂစသည်ကို ပယ်ရှားကြောင်း မဟုတ်သော အကုသိုလ်တရားဟု အမှတ်ရှိ၏။
။ပ။၊
ဘိက္ခဝေ၊ တို့။
ဒွိန္နံ၊ နှစ်ဦးသော ပုဂ္ဂိုလ်တို့မှာ။
အာသဝါ၊ ကိလေသာ အာသဝတို့သည်။
ဝဍ္ဎန္တိ၊ တိုးပွားနေကုန်၏။
ကတမေသံ ဒွိန္နံ၊ အဘယ်နှစ်ဦးသော ပုဂ္ဂိုလ်တို့မှာ။
(အာသဝါ၊ တို့သည်။
ဝဍ္ဎန္တိ၊ နည်း)။
ယော၊ အကြင် ပုဂ္ဂိုလ်သည်။
န ကုက္ကုစ္စာယိတဗ္ဗံ၊ ယုံမှားတွေးတောမှု ကုက္ကုစ္စ မပြုသင့် သည်ကို။န ကုက္ကုစ္စာယိတဗ္ဗံ ကုက္ကုစ္စာယတိ။ ။ ပုဂ္ဂလပညတ်ဋ္ဌ (၅၅) နှင့် ဤသုတ်ဋီကာ အဖွင့်ကို ထည့်သွင်း၍ အနက်ပေးသည်။ (တနည်း) န ကုက္ကုစ္စာယိတဗ္ဗံ- ကုက္ကုစ္စ မပြုသင့်သော သံဃာပိုင်လယ်ယာစသည် မစီမံခြင်းကို၊ [မစီမံကောင်း၍ မစီမံခြင်းကို] ကုက္ကုစ္စာယတိ- ကုက္ကုစ္စပြု၏ ။ပ။ ကုက္ကုစ္စာယိတဗ္ဗံ- ကုက္ကုစ္စ ပြုသင့်သော သံဃာပိုင် လယ်ယာ စသည် စီမံခြင်းကို။န ကုက္ကုစ္စာယတိ- ကုက္ကုစ္စမပြု။
ပစ္စည်းလေးပါးသုံးစွဲဖို့အတွက် အပ်စပ်သော နည်းဖြင့် သံဃာအားလှူဒါန်းထားသော လယ်ယာ, တဖက်ဆည်ကန်စသည်နှင့် ထိုလယ်ယာတွက် ပစ္စည်းမှ ရရှိသော ရွှေငွေ စသည်တို့၌ "ဤရေကန်ထဲမှ ရေကို ဤလယ်ထဲသွင်းပြီးထွန်ကြ၊ စပါးစိုက်ကြ၊ အဲဒီရွှေငွေဖြင့် သင်္ကန်းဝယ်ခဲ့" စသည်ဖြင့် သံဃာပိုင် ပစ္စည်းများကို ရဟန်းများ မစီမံကောင်း၊ ထိုကိစ္စမှာ ကုက္ကုစ္စာယိတဗ္ဗတည်း။ ဝါ၊ ယုံမှားသံသယ မဖြစ်နိုင်လောက်သော ဝက်သားစသည်ကို။ ကုက္ကုစ္စာယတိ၊ ယုံမှားတွေးတောမှု ကုက္ကုစ္စပြု၏။ ဝါ၊ ဝံသားလေလော စသည်ဖြင့် တွေးတောကာ မစားဘဲနေ၏။ (တဿစ၊ ထို ပုဂ္ဂိုလ်မှာလည်းကောင်း)။ ယော၊ သည်။ ကုက္ကုစ္စာယိတဗ္ဗံ၊ ယုံမှားတွေးတောမှု ကုက္ကုစ္စ ပြုသင့်သည်ကို။ ဝါ၊ ယုံမှား သံသယ ဖြစ်သင့်သော ဝံသား သစ်သား စသည်ကို။ န ကုက္ကုစ္စာယတိ၊ ယုံမှား တွေးတောမှု ကုက္ကုစ္စမပြု၊။ ဝါ၊ ဝက်သးလေလော စသည်ဖြင့် မတွေးတောဘဲ စားလိုက်၏။ [ဝက်သားဘဲဖြစ်ဖြစ်, ဝံသားဘဲဖြစ်ဖြစ်, ဖြစ်ချင်ရာ ဖြစ်ဟု ဆိုကာ စားချထိုက်၏ ဟူလို။] (တဿစ၊ မှာလည်းကောင်း။ အာသဝါ၊ တို့သည်။ ဝဍ္ဎန္တိ၊ ၏)။

ဣမေသံ ဒွိန္နံ၊ ဤနှစ်ဦးသော ပုဂ္ဂိုလ်တို့မှာ။
အာသဝါ ဝဍ္ဎန္တိ၊
။ပ။၊
န ကုက္ကုစ္စာယိတဗ္ဗံ၊ ယုံမှားတွေးတောမှု ကုက္ကုစ္စ မပြုသင့်သည်ကို။
န ကုက္ကုစ္စာယတိ၊ ယုံမှားတွေးတော်မှု ကုက္ကုစ္စမပြု။
။ပ။၊
ဒုတိယော၊ နှစ်ခုမြောက်သော။
ပဏ္ဏာသကော၊ သုတ်ငါးဆယ် အပေါင်းသည်။
သမတ္တော၊ ပြီးပြီ။