အထ ခေါ၊ ၌။
(တရားဟောတော်မူအံ့ဟု ဆုံးဖြတ်တော်မူပြီးရာ ထိုအခါ၌။)
ပေ။
အဟောသိ (ကိံ?)။
အဟံ၊ သည်။
ကဿ၊ အဘယ်သူအား။
ပဌမံ၊ ရှေးဦးစွာ။
ဓမ္မံ၊ တရားကို။
**တစ်နည်း**- ပဌမံ ဓမ္မံ၊ တရားဦးကို။
ဒေသေယျံ နုခေါ၊ ဟောရပါအံ့နည်း?။
ကော၊ အဘယ်သူသည်။
ဣမံ ဓမ္မံ၊ ကို။
ခိပ္ပမေဝ၊ လျင်စွာသာလျှင်။
အာဇာနိဿတိ၊ သိနိုင်လိမ့်မည်နည်း?။
(သိနိုင်ပါ့မလဲ)။
ဣတိ၊ ဤသို့ အကြံတော်ဖြစ်ပြီ။
အထ ခေါ။
ပေ။
ဧတံ၊ ဤ အကြံတော်သည်။
အဟောသိ၊ ဖြစ်ပြန်ပြီ။
[ဧတံ၊ ဤ အဆုံးအဖြတ်တော်သည်။
အဟောသိ၊ ဖြစ်ပြီ။
ဤသို့လည်း ပေးပါ။]
(ကိံ?)
**"ကာလာမော၊ အနွယ်အားဖြင့် ကာလာမမည်သော။
အယံ အာဠာရော၊ ဤ အာဠာရရသေ့သည်။
ပဏ္ဍိတော၊ ကြောင်းကျိုးမြင်သိ, ပင်ကိုဉာဏ် ရှိ၏။
ဗျတ္တော၊ ထက်မြက်၏။
မေဓာဝီ၊ အကြောင်းအားလျော်စွာ တစ်ခဏချင်းဖြစ်ပေါ်လာသော ပညာရှိ၏။
ဒီဃရတ္တံ၊ လုံး။
အပ္ပရဇက္ခဇာတိကော၊ ပညာမျက်စိ၌နည်းသော ရာဂ, ဒေါသ, မောဟမြူ ရှိသူ၏ အဖြစ်ဟူသော သဘောရှိ၏။
(ပညာမျက်စိ၌ ရာဂ, ဒေါသ, မောဟမြူ နည်းသောသဘောရှိ၏။)
အဟံကာလာမဿ။
ပေ။
ယန္နူန**
ယန္နူန။ ။ ဤပုဒ်၏အဖွင့်ကို ပါရာဇိကဏ်ဘာသာဋီကာ ဒုတိယအုပ်, စာမျက်နှာ (၁၈၇) ၌ ပြထားပြီ၊ ရှေးနိဿယ၌ တစ်ချို့နေရာဝယ် "ယန္နူန- အကယ်၍၊ ပေ၊ ဒေသေယျံ- ဟောတော်မူရပါမူကား၊ သာဓု ဝတ- ကောင်းလေစွ၊" ဤသို့ သာဓုဝတ" ကို ထည့်၍ ပေးထားသည်း။**
**ဒေသေယျံ၊ အကယ်၍ ဟောတော်မူရပါမူကားကောင်းလေစွ။
သော၊ ထို အာဠာရ ရသေ့သည်။
ပေ။
အာဇာနိဿတိ၊ သိလိမ့်မည်။"**
ဣတိ၊ ဤသို့ အကြံတော်ဖြစ်ပြီ။
ဝါ၊ ဤသို့ ဆုံးဖြတ်တော်မူပြီ။
အထ ခေါ၊ ၌။
အန္တရဟိတာ၊ ကွယ်ပျောက်သော။
(ကိုယ်ထင်မပြသော။)
ဒေဝတာ၊ နတ်သည်။
ဘဂဝတော၊ အား။
အာရောစေသိ၊ လျှောက်ပြီ။
(ကိံ?)။
**"ဘန္တေ, ကာလာမော။
အာဠာရော၊ သည်။
သတ္တာဟကာလင်္ကတော၊ ကွယ်လွန်ပြီးသော အာဠာရ ရသေ့၏ ခုနစ်ရက် ရှိပါပြီ"**
(ကွယ်လွန်ပြီး၍ ခုနစ်ရက် ရှိပါပြီ။)
ဣတိ၊ ဤသို့ လျှောက်ပြီ။
ဘဂဝတောပိ၊ ၏လည်း။
ဉာဏံ၊ သဗ္ဗညုတဉာဏ်တော်သည်။
ဥဒပါဒိ၊ ထင်ရှားဖြစ်ပြီ။
(ကိံ?)။
**"ကာလာမော။
အာဠာရော၊ သည်။
သတ္တာဟကာလင်္ကတော၊ ရှိပြီ"**
ဣတိ၊ ဤသို့ ဉာဏ်တော်အား ထင်ရှားဖြစ်ပြီ။
(သိတော်မူပြီ။)
အထ။
ပေ။
**"အာဠာရော၊ သည်။
မဟာဇာနိယော၊ ကြီးစွာသောဆုံးရှုံးခြင်း ရှိလေစွ။
ဟိ၊ မှန်၏။
သော၊ ထို အာဠာရ ရသေ့သည်။
ပေ။
သစေသုဏေယျ၊ အကယ်၍ နားရအံ့။
(ဧဝံ သုဏန္တေ၊ ဤသို့ နာရလသော်။)
ခိပ္ပမေဝ။
အာဇာနေယျ၊ သိနိုင်ရာ၏"**
ဣတိ၊ ပြီ။
ပေ။
**"ရာမပုတ္တော၊ ရာမ၍သားဖြစ်သော။
အယံ ဥဒကော၊ ဤ ဥဒကရသေ့သည်။
ပေ။
အာဇာနိဿတိ"** ။
ပေ။
**"အဘိဒေါသကာလင်္ကတော၊ ညဉ့်ဦးယံ ကွယ်လွန်ပါပြီ"**
("ကွယ်လွန်ပြီးသော ဥဒကရသေ့၏ ညဉ့်ဦးယံ ရှိပါပြီ" ဟု သဒ္ဒတ္ထပေးပါ။)
ပေ။
[ဤ ပုဒ်အဖွင့်ကို ဘာသာဋီကာ၌ ပြထားပြီ။]
အထ ခေါ။
ပေ။
**"ပဉ္စဝဂ္ဂိယာ၊ ငါးယောက်အစု၌ ဖြစ်ကုန်သော။
ဝါ၊ ပဉ္စဝဂ္ဂီတို့မည်သော။
ဘိက္ခူ၊ ရသေ့တို့သည်။
မေ၊ အား။
ဗဟုကာရာ၊ များသောလျော်သော ကျေးဇူးကို ပြုတတ်ကုန်၏။**
[ရှေးနိဿယ၌ **"မေ၊ အား။
ဗဟုကာရာ၊ များသော ကျေးဇူးရှိကုန်၏"** ဟု ပေး၏။]
ယေ၊ ယင်း ပဉ္စဝဂ္ဂီရသေ့တို့သည်။
ပဓာနပဟိတတ္တံ၊ ကမ္မဋ္ဌာန်းအကျိုးငှာ စေလွှတ်အပ်သော ကိုယ်ခန္ဓာရှိသော။
မံ၊ ကို။
ဥပဋ္ဌိဟိံသု၊ ပြုစုကြကုန်ပြီ။
အဟံ၊ သည်။
ပဉ္စဝဂ္ဂိယာနံ။
ပေ။
ယံန္နူနဒေသေယျံ၊ စွ"**
ဣတိ၊ ဤသို့ အကြံတော်ဖြစ်ပြီ။
ပေ။
အဟောသိ၊ ဖြစ်ပြန်ပြီ။
(ကိံ?)။
**"ဧတရဟိ၊ ယခုအခါ၌။
ပဉ္စဝဂ္ဂိယာ။
ဘိက္ခူ၊ တို့သည်။
ကဟံ၊ အဘယ်အရပ်၌။
ဝိဟရန္တိ နုခေါ၊ နေကြပါကုန်လိမ့်မည်နည်း?"**
ဣတိ၊ ပြီ။
ဘဂဝါ၊ သည်။
ဒိဗ္ဗေန၊ နတ်၌ဖြစ်သော ပသာဒစက္ခုနှင့်တူသော။
ဝိသုဒ္ဓေန၊ တစ်ဆယ့်တစ်ပါးသော ဥပက္ကိလေသတို့မှ စင်ကြယ်သော။
အတိက္ကန္တမာနုသကေန၊ လူတို့၏ ဥစ္စာဖြစ်သော မြင်လောက်ရာ ရူပါရုံကို လွန်သော။
ဝါ၊ ဘူတို့၏ဥစ္စာဖြစ်သော ပသာဒစက္ခုကို လွန်သော။
စက္ခနာ၊ အဘိညာဉ်စက္ခူဖြင့်။
ပဉ္စဝဂ္ဂိယေ၊ ကုန်သော။
ဘိက္ခူ၊ တို့ကို။
ဗာရာဏသိယံ၊ ဗာရာဏသီမြို့၌။
ဝါ၊ ၏ အနီးဖြစ်သော။
ဣသိပတနေ၊ ဣသိပတနမည်သော။
(ဣသိမည်တော်မူသော ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့၏ ကောင်းကင်မှ ဆင်းသက်ရာ, ကောင်းကင်သို့ ပျံတက်ရာဖြစ်သော။)
မိဂဒါယေ၊ မိဂဒါဝုန်တော၌။
(သားကောင်းတို့အား ဘေးမဲ့ ပေးရာတော၌။)
ဝိဟရန္တေ၊ နေကြသည်တို့ကို။
အဒ္ဒသာ၊ မြင်တော်မူပြီ။
အထ ခေါ၊ မြင်တော်မူရာ ထိုအခါ၌။
ဘဂဝါ။
ဥရုဝေလာယံ၊ ၌။
ယထာဘိရန္တံ၊ ကျွတ်ထိုက်ကြသား ဝေနေများကို ထောက်ထားရှုမျှော် အလိုတော်အတိုင်း။
ဝိဟရိတွာ၊ သီးတင်းသုံးတော်မူပြီး၍။
ယေန၊ အကြင် အရပ်၌။
ဗာရာဏသီ( အတ္ထိ)။
တေန၊ ဗာရာဏသီမြို့ရှိရာ ထိုအရပ်သို့။
စာရိကံ၊ ဒေသစာရီကို။
ပက္ကမိ၊ ကြွတော်မူပြီ။
["ဒိဗ္ဗေန စက္ခုနာ" စသော ပုဒ်တို့၏ အဖွင့်ကို ပါရာဇိကဏ်ဘာသာဋီကာ, ဒုတိယအုပ်, ဝေရဉ္ဇကဏ္ဍ၌ ပြခဲ့ပြီ။]
ဥပကော၊ **ဥပက** မည်သော။
အာဇီဝကော၊ အာဇီဝကသည်။
[ "တက္ကတွန်း" ဟု ရှေးက အနက်ပေးတော်မူကြ၏။]
ဘဂဝန္တံ၊ ကို။
ဂယံ၊ ဂယာရွာ၏။
အန္တရာ စ၊ အကြား၌လည်းကောင်း။
ဗောဓိံ၊ ဗောဓိပင်၏။
အန္တရာ စ၊ ၌လည်းကောင်း။
အဒ္ဓါနမဂ္ဂပ္ပဋိပန္နံ၊ ရှည်သောခရီးကို ကြွတော်မူနေသည်ကို။
အဒ္ဒသာ၊ မြင်ပြီ။
ဒိသွာန၊ မြင်ခြင်းကြောင့်။
ဘဂဝန္တံ၊ ကို။
ဧတံ၊ ဤ စကားကို။
အဝေါစ၊ ပြောပြီ။
(ကိံ?)။
**"အာဝုသော၊ ငါ့ရှင်။**
**တေ၊ အသင်၏။**
**ဣန္ဒြိယာနိ၊ ဣန္ဒြေတို့သည်။**
**ဝိပ္ပသန္နာနိ၊ အထူးသဖြင့် ကြည်လင်ပါပေကုန်၏။**
**ဆဝိဝဏ္ဏော၊ အရေ၏ အဆင်းသည်။**
**ပရိသုဒ္ဓေါ၊ ထက်ဝန်းကျင် စင်ကြယ်ပါပေ၏။**
**ပရိယောဒါတော၊ ထက်ဝန်းကျင် ဖြူစင်ပါပေ၏။**
အာဝုသော။
**တွံ၊ သည်။**
**ကံ၊ အဘယ်ပုဂ္ဂိုလ်ကို။**
**ဥဒ္ဒိဿ၊ ရည်မှန်း၍။**
**ပဗ္ဗဇိတော၊ ရဟန်းအဖြစ်သို့ ကပ်ရောက်ခဲ့သည်။**
**ဝါ၊ ရဟန်းပြုခဲ့သည်။**
**အသိ၊ ဖြစ်ပါသနည်း?။**
**တေ၊ ၏။**
**သတ္ထာ၊ ဆရာသည်။**
**ကော ဝါ၊ အဘယ်သူပါနည်း?။**
**တွံ၊ သည်။**
**ကဿ ဝါ၊ အဘယ်သူ၏လည်း။**
**ဓမ္မံ၊ ကို။**
**ရောစေသိ၊ နှစ်သက်ပါသနည်း?"**
ဣတိ၊ ဤသို့ပြောပြီ။
(မေးပြီ။)
ဧဝံ၊ သို့။
ဝုတ္တေ၊ ပြောအပ်သော်။
(မေးအပ်သော်။)
ဘဂဝါ။
ဥပကံ။
အာဇီဝကံ၊ ကို။
ဂါထာဟိ၊ ဂါထာတို့ဖြင့်။
အဇ္ဈဘာသိ၊ (သိစေလိုအပ်သော အနက်ကို) ရည်ရွယ်၍မိန့်တော်မူပြီ။
(ကိံ?)။
"(ဥပက- ဥပက၊)
**အဟံ၊ သည်။**
**သဗ္ဗာဘိဘူ၊ အလုံးစုံသောတေဘူမကတရားကို လွှမ်းမိုးတော်မူနိုင်သည်။**
**သဗ္ဗဝိဒူ၊ အလုံးစုံသောစတုဘူမက တရားကို သိတော်မူပြီးသည်။**
**အသ္မိ၊ ဖြစ်၏။**
**သဗ္ဗေသု၊ ကုန်သော။**
**ဓမ္မေသု၊ တေဘူမကတရားတို့၌။**
**အနုပလိတ္တော၊ ကိလေသာသည် လိမ်းကျံတော်မမူအပ်သည်။**
**ဝါ၊ ငြိကပ်တော်မမူသည်။**
(အသ္မိ၊)
**သဗ္ဗဉ္ဇဟော၊ အလုံးစုံသော တေဘူမကတရားကို စွန့်လွှတ်တော်မူပြီးသည်။**
**တဏှာက္ခယေ၊ တဏှာ၏ကုန်ရာဖြစ်သော နိဗ္ဗာန်၌။**
**ဝိမုတ္တော၊ အာရုံပြုသော အားဖြင့် လွတ်လွတ်ကျွတ်ကျွတ် သက်ဝင်တော်မူပြီးသည်။**
(အသ္မိ၊)
သယံ၊ ကိုယ်တော်တိုင်။
အဘိညာယ၊ အလုံးစုံသော စတုဘူမကတရားကို သိ၍။
ဝါ၊ သိခြင်းကြောင့်။
ကံ၊ အဘယ်သူ့ကို။
ဥဒ္ဒိသေယျံ၊ ဤသူကား ငါ့ဆရာဟု ညွှန်ပြရတော့အံ့နည်း?။
မေ၊ ၏။
(ငါ့မှာ)။
အာစရိယော၊ လောကုတ်တရာတရား အရာ၌ဆရာသည်။
န အတ္ထိ၊ ရှိတော်မမူ။
မေ၊ ၏။
ဝါ၊ နှင့်။
သဒိသော၊ တန်းတူသော ပုဂ္ဂိုလ်သည်။
န ဝိဇ္ဇတိ၊ ရှိတော်မမူ။
သဒေဝကသ္မိံ၊ နတ်နှင့်တကွဖြစ်သော။
လောကေ၊ ၌။
မေ၊ ၏။
ဝါ၊ မှာ။
ပဋိပုဂ္ဂလော၊ ဆန့်ကျင်ဘက်ဟူ တုဖက်ဖြစ်သော ပုဂ္ဂိုလ်သည်။
နတ္ထိ၊ ရှိတော်မမူ။
[မယှံ သီလာဒီဟိ ဂုဏေဟိ ပဋိနိဓိဘူတော ပုဂ္ဂလော နာမ နတ္ထိ၊- ဋီကာ။]
**ဟိ၊ မှန်၏။**
**အဟံ၊ သည်။**
**လောကေ၊ ၌။**
**အရဟာ၊ ရဟန္တတည်း။**
**အဟံ၊ သည်။**
**အနုတ္တရော၊ အတုမရှိမြတ်သော။**
**ဝါ၊ အမြတ်ဆုံးဖြစ်သော။**
**သတ္တာ၊ ဆရာတည်း။**
(အဟံ)။
**ဧကော၊ တစ်ဆူတည်းသော။**
**သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မသမ္ဗုဒ္ဓသည်။**
**အမှိ၊ ဖြစ်တော်မူ၏။**
**သီတိဘူတော၊ ကိလေသာ အပူဝေးသဖြင့် အေးမြသည်ဖြစ်၍ ဖြစ်တော်မူသည်။**
**နိဗ္ဗုတော၊ ကိလေသာအပူသိမ်းသဖြင့် ငြိမ်းအေးတော်မူပြီးသည်။
အသ္မိ။**
**ဓမ္မစက္ကံ၊ ဓမ္မစကြာ တရားတော်ကို။**
**ပဝတ္တေတုံ၊ ဖြစ်စေခြင်းငှာ။**
**ဝါ၊ ဟောတော်မူခြင်းငှာ။**
**ကာသီနံ၊ ကာသီဟု အမည်ရသော ဇနပုဒ်၏။**
**ဝါ၊ ကာသိတိုင်း၏။**
**ပုရံ၊ ဗာရာဏသီမြို့သို့။**
**ဂစ္ဆာမိ၊ သွားတော်မူအံ့။**
**အန္ဓီဘူတသ္မိံ၊ အကန်ဖြစ်၍ဖြစ်သော။**
**လောကသ္မိံ၊ ၌။**
**အမတဒုန္ဒုဘိံ၊ အမြိုက်စည်ကြီးကို။**
**အာဟဉ္ဆံ၊ ရိုက်တီးဆော်ရွမ်းတော်မူအံ့"** ဣတိ(အဇ္ဈဘာသိ)။
[ဤဂါထာတို့၏ အဖွင့်ကို ဋီကာ၌ ကြည့်ပါ။ ဓမ္မစက္ကပုဒ်၏ သဒ္ဒတ္ထကို ပါရာဇိကဏ်ဘာသာဋီကာ နိဒါနကထာ အစ၌လည်းကောင်း, "အာဟဉ္ဆိံ" ရုပ်ပြီးပုံကို မောဂ္ဂလ္လာန်နိဿယ၊ တျာဒိ (၆၇) သုတ်၌လည်းကောင်း ကြည့်ပါ။]
"အာဝုသော။
**တွံ၊ သည်။**
**ယထာ၊ အကြင် အခြင်းအရာအားဖြင့်။**
**ပဋိဇာနာသိ၊ ဝန်ခံ၏။**
**တထာ၊ ထိုအခြင်းအရာအားဖြင့်။**
**အနန္တဇိနော၊ အနန္တဇိနသည်။**
(အဆုံးမရှိအောင်နိုင်သူသည်။)
(**ဘဝိတုံ၊ ဖြစ်ခြင်းငှာ။**)
**အရဟသိ၊ ထိုက်တန်ပါပေ၏"**
**ဣတိ၊ ဤသို့ ပြောပြီ။**
[အနန္တဇိန အမည်တော်ရပုံကို ဝိမတိ၌ အမျိုးမျိုး ဖွင့်ထားသေး၏။]
**"ဥပက၊ က။**
**ယေ၊ အကြင်ပုဂ္ဂိုလ်တို့သည်။**
**အာသဝက္ခယံ၊ အာသဝေါတရားတို့၏ ကုန်ရာနိဗ္ဗာန်သို့။**
**ပတ္တာ၊ ရောက်ကုန်ပြီ။**
(**တေ၊ ထိုပုဂ္ဂိုလ်တို့သည်။**)
**မာဒိသာ၊ ငါကဲ့သို့ ရှုအပ်ကုန်သော။**
**ဇိနာ၊ ဇိနတို့သည်။**
(ငါးမာရ်အောင်မြင် ဘုရားရှင်တို့သည်။)
ဟောန္တိ။
(**ဥပက၊ ဥပက။**
**ယသ္မာ၊ ကြောင့်။**)
**မေ၊ သည်။**
**ပါပကာ၊ ယုတ်မာကုန်သော။**
**ဝါ၊ မိမိကိန်းရာ သတ္တဝါကို အပါယ်လေးရွာသို့ ကျရောက်စေတတ်ကုန်သော။**
**ဓမ္မာ၊ တရားတို့ကို။**
**ဇိတာ၊ အောင်အပ်ကုန်ပြီ။**
**တသ္မာ၊ ကြောင့်။**
**အဟံ၊ သည်။**
**ဇိနော၊ ဇိနမည်တော်မူ၏။"**
(ငါးမာရ်အောင်မြင်ဘုရားရှင်တည်း။)
ဣတိ၊ ဤသို့ မိန့်တော်မူပြီ။
ဧဝံ၊ သို့။
ဝုတ္တေ၊ မိန့်တော်မူအပ်သော်။
ဥပကော။
အာဇီဝကော၊ သည်။
**"အာဝုသော၊ ငါ့ရှင်။
ပိ၊ ဤသို့လည်း။**
(ဒီလိုဆိုတာလည်း။)
**ဟုပေယျ၊ ဖြစ်နိုင်လောက်ပါပေ၏"** ။
ဣတိ၊ သို့။
ဝတွာ၊ ပြော၍။
သီသံ၊ ဦးခေါင်းကို။
ဩကမ္ပေတွာ၊ လှုပ်စေ၍။
တစ်နည်း။
သီသံ ဩကမ္ပေတွာ၊ ခေါင်းညိတ်၍။
ဥမ္မဂ္ဂံ၊ လမ်းမဟုတ်သောခရီးကို။
(လမ်းဘေးကို။)
ဂဟေတွာ၊ ယူ၍။
ပက္ကမိ၊ ဖဲသွားပြီ။
[ "ဟုပေယျပါဝုသော" ကို "ဟုပေယျ+ ပိ+ အာဝုသော" ဟု ပုဒ်ဖြတ်, ရုပ်ပြီးပုံကို ဘာသာဋီကာ၌ ပြထားပြီ။]
အထ ခေါ၊ ၌။
(ဥပက၏ ဖဲသွားပြီးရာ ထိုအခါ၌။)
ဘဂဝါ။
အနုပုဗ္ဗေန၊ အစဉ်အားဖြင့်။
စာရိကံ၊ လှည့်လည်တော်မူခြင်းကို။
(ဒေသစာရီကို။)
စရမာနော၊ လှည့်လည်တော်မူလသော်။
ယေန၊ အကြင်အရပ်၌။
ဗာရာဏသီ
ယေန ဗာရာဏသီ စသည်။ ။ယေန ဗာရာဏသီ ဣသိပတနံ မိဂဒါယောယေန ပဉ္စဝဂ္ဂိယာ ဘိက္ခူ၊ တေနုပသင်္ကမိ၊ ဤသို့ တစ်ရံတစ်ခါ အနိယမဝါကျ နှစ်ဝါကျ, နိယမဝါကျ တစ်ဝါကျ ရှိတတ်၏၊ ထိုသို့ ရှိရာ၌ ပါဌ်ရှိအတိုင်း အနက်ပေး၍ "တေနုပသင်္ကမိ" ၌ တ သဒ္ဒါဖြင့် အနိယမ နှစ်ဝါကျလုံးကို ပြန်၍စွဲပါ၊ ပဝါရဏက္ခန္ဓကပုဒ်စဉ်(၂၀၉)၌ "ယေန သာဝတ္ထိ ဇေတဝနံ အနာထပိဏ္ဍိကဿ အာရာမော၊ ယေနဘဂဝါ၊ တေနုပသင်္ကမိ" ဟုလည်းကောင်း, ဘေသဇ္ဇက္ခန္ဓက ပုဒ်စဉ်(၂၇၅) ၌ "ယေနရာဇဂဟံ ဝေဠုဝနံ ကလန္ဒကနိဝါပေါ၊ ယေန ဘဂဝါ၊ တေနုပသင်္ကမိ" ဟုလည်းကောင်းတွေ့ရလိမ့်မည်။
၊ ဗာရာဏသီမြို့သည်လည်းကောင်း။
ဣသိပတနံ၊ ဣသိပတန မည်သော။
မိဂဒါယော၊ မိဂဒါဝုန်တောသည်လည်းကောင်း။
(အတ္ထိ)။
ယေန၊ ၌။
ပဉ္စဝဂ္ဂိယာ၊ ကုန်သော။
ဘိက္ခူ၊ တို့သည်။
(သန္တိ)။
တေန၊ ထို ဗာရာဏသီမြို့ ဣသိပတနမိဂဒါဝုန်သော ပဉ္စဝဂ္ဂီရသေ့တို့ရှိရာ ထို အရပ်သို့။
ဥပသင်္ကမိ၊ ကြွတော်မူပြီ။
ပဉ္စဝဂ္ဂိယာ။
ဘိက္ခူ၊ တို့သည်။
ဘဂဝန္တံ၊ ကို။
ဒူရတောဝ၊ အဝေး၌ပင်။
(အဝေးကပင်။)
အာဂစ္ဆန္တံ၊ ကြွလာတော်မူသည်ကို။
အဒ္ဒသံသု၊ မြင်ကြကုန်ပြီ။
ဒိသွာန၊ ကြောင့်။
အညမညံ၊ အချင်းချင်း။
ကတိကံ၊ ကတိကဝတ်ကို။
သဏ္ဌပေသုံ၊ ကောင်းစွာ တည်စေကြကုန်ပြီ။
(ကိံ၊ အဘယ်သို့ တည်စေကြကုန်သနည်း?။)
**"အာဝုသော၊ ငါ့ရှင်တို့။**
**အယံ သမဏော ဂေါတမော၊ ဤ ရဟန်းဂေါတမသည်။**
**အာဂစ္ဆတိ၊ ကာနေ၏။**
**ဗာဟုလ္လိကော၊ ပစ္စည်းတို့၏ ပေါများကုန်သည်၏အဖြစ်အကျိုးငှာ ကျင့်နေ၏။**
**ပဓာန ဝိဗ္ဘန္တော၊ ကမ္မဋ္ဌာန်း အားထုတ်ကြောင်းအကျင့်မှ မရပ်မတည် ပြန်လည်ခဲ့ပြီ။**
(ကမ္မဋ္ဌာန်းမှ လျှောကျခဲ့ပြီ။)
**ဗာဟုလ္လာယ၊ ပစ္စည်းတို့၏ များကုန်သည်၏ အဖြစ်ဟူသော အကျိုးငှာ။**
**အာဝတ္တော၊ ပြန်လည်းခဲ့ပြီ။**
[ဟိုဟိုဒီဒီ လှည့်လည် သွားလာနေခြင်းကို မဆိုလို။ "ဟီနာယာဝတ္တိတွာ" ၌ကဲ့သို့ပြန်၍ ဆုတ်လာခဲ့ခြင်းမျိုးကို ဆိုလိုသည်။]ဆက်ဦးအံံ့။ ။ ယေန ဗာရာဏသီ စသည်ဖြင့် ရှိရခြင်းမှာလည်း "ဗာရာဏသိယံဣသိပတနေ မိဂဒါယေ" ဟုလည်းကောင်း, "သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေအနာထပိဏ္ဍိကဿ အာရာမေ" ဟုလည်းကောင်း, "ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေကလန္ဒကနိဝါပေ" ဟုလည်းကောင်း ရှိသော ဝါကျတစ်ခုလုံးကို "ယေန ဗာရာဏသိဣသိပတနံ မိဂဒါယော" စသည်ဖြင့် အနိယမဝါကျ ပြုလုပ်ထားခြင်းကြောင့် ဖြစ်သည်၊ ယေန- ၌၊ ဗာရာဏသီ- သည်လည်းကောင်း၊ ဣသိပတနံ- သော၊ မိဂဒါယော- သည်လည်းကောင်း၊ (အတ္ထိ)၊ တေန- ဗာရာဏသီမြို့ ဣသိပတနမိဂဒါဝုန်တောရှိရာထိုအရပ်သို့လည်းကောင်း၊ ယေန ဝါ ပဉ္စဝဂ္ဂိယာ ဘိက္ခူ(သန္တိ)၊ တေန- ပဉ္စဝဂ္ဂီရသေ့တို့ရှိရာ ထိုအရပ်သို့လည်းကောင်း၊ ဥပသင်္ကမိ၊ ဤသို့လည်း နိယမဝါကျ အပိုထည့်၍ ဆရာမြတ်တို့ အနက်ပေးတော်မူကြသည်။
သော၊ ထိုရဟန်း **ဂေါတမ** ကို။
နေဝအဘိဝါဒေတဗ္ဗော၊ ရှိမခိုးထိုက်။
(ရှိမခိုးကြစတမ်း။)
န ပစ္စုဋ္ဌာတဗ္ဗော၊ ခရီးဦးမကြိုဆိုထိုက်။
(ခရီးဦး မကြိုကြစတမ်း။)
အဿ၊ ထိုရဟန်း **ဂေါတမ** ၏။
ပတ္တစီဝရံ၊ သပိတ်, သင်္ကန်းကို။
န ပဋိဂ္ဂဟေတဗ္ဗံ၊ လှမ်းမယူထိုက်။
(လှမ်းမယူကြစတမ်း။)
အပိ စ၊ သို့သော်လည်း။
(သို့ရာတွင်။)
အာသနံ၊ နေရာကို။
ဌပေတဗ္ဗံ၊ ထားထိုက်၏။
(ထားကြတာပေါ့။)
သော၊ ထိုရဟန်း **ဂေါတမ** သည်။
(နိသိီဒိတုံ၊ ထိုင်ခြင်းငှာ။)
သစေ အာကင်္ခိဿတိ၊ အကယ်၍ အလိုရှိအံ့။
(ဧဝံသတိ၊ ဤသို့အလိုရှိလသော်။)
နိသီဒိဿတိ၊ ထိုင်လိမ့်မည်။
ဣတိ၊ ဤသို့ တည်စေကြကုန်ပြီ။
ယထာ ယထာ၊ အကြင်အကြင် အခြင်းအရာအားဖြင့်။
ဘဂဝါ ပဉ္စဝဂ္ဂိယေဘိဘ္ခူ၊ တို့သို့။
ဥပသင်္ကမတိ၊ ကြွတော်မူ၏။
တထာ တထာ၊ ထိုထိုအခြင်းအရာအားဖြင့်။
ပဉ္စဝဂ္ဂိယာဘိက္ခူ။
သကာယ၊ မိမိဥစ္စာဖြစ်သော။
ကတိယာယ၊ ကတိကဝတ်၌။
သဏ္ဌာတုံ၊ ကောင်းစွာတည်ခြင်းငှာ။
နာသက္ခိံသု၊ မစွမ်းနိုင်ကြကုန်။
အသဏ္ဌဟန္တာ၊ ကောင်းစွာမတည်နိုင်ကုန်သည်။
(ဟုတွာ)။
ဘဂဝန္တံ၊ ကို။
ပစ္စုဂ္ဂန္တွာ၊ ခရီးဦး ကြိုဆို၍။
ဧကော၊ တစ်ပါးသည်။
(တစ်ပါးက၊)
ဘဂဝတော၊ ၏။
ပတ္တစီဝရံ၊ သပိတ်သင်္ကန်းတော်ကို။
ပဋိဂ္ဂဟေသိ၊ လှမ်းယူပြီ။
ဧကော။
အာသနံ၊ နေရာကို။
ပညပေသိ၊ ခင်းပြီ။
ဧကော။
ပါဒေါဒကံ၊ ခြေဆေးရေကိုလည်းကောင်း။
ဧကော။
ပါဌပီဌံ၊ ခြေဆေးအင်းပျဉ်ကိုလည်းကောင်း။
(ခြေဆေးခုံငယ်ကိုလည်းကောင်း။)
ဧကော။
ပါဒကထလိကံ၊ ခြေပွတ်အိုးခြမ်းကိုလည်းကောင်း။
ဥပနိက္ခိပိ၊ အနီး၌ချထားပြီ။
ဘဂဝါ။
ပညတ္တေ၊ ခင်းထားအပ်သော။
အာသနေ၊ နေရာ၌။
နိသီဒိ၊ ထိုင်တော်မူပြီ။
နိသဇ္ဇ၊ ထိုင်တော်မူပြီး၍။
ပါဒေ၊ ခြေတော်တို့ကို။
ပက္ခာလေသိ၊ ဆေးတော်မူပြီ။
အပိဿု၊ သို့သော်လည်း။
(ကတိကဝတ်၌ မတည်နိုင်ကြဘဲသပိတ်, သင်္ကန်းကို လှမ်းယူမှုစသည်ကို ပြုကြပါသော်လည်း။)
ဘဂဝန္တံ၊ ကို။
နာမေန စ၊ (**ဂေါတမ** ဟူသော) နာမည်အားဖြင့်လည်းကောင်း။
အာဝုသောဝါဒေန စ၊ အာဝုသောဟု ပြောဆိုသုံးနှုန်းခြင်းအားဖြင့်လည်းကောင်း။
သမုဒါစရန္တိ၊ ပြောဆိုသုံးနှုန်းကြကုန်၏။
ဧဝံ၊ သို့။
ဝုတ္တေ၊ ပြောဆိုအပ်သော်။
ပေ။
အဝေါစ (ကိံ?)?
**"ဘိက္ခဝေ၊ ဘိက္ခုတို့။**
**တထာဂတံ၊ ငါဘုရားကို။**
**နာမေန စ၊ အားဖြင့်လည်းကောင်း။**
**အာဝုသောဝါဒေန စ၊ အားဖြင့်လည်းကောင်း။**
**မာ သမုဒါစရထ၊ မပြောဆို (မသုံးနှုန်း) ကြကုန်နှင့်။**
ဘိက္ခဝေ (အဟံ)။
**အရဟံ၊ သော။**
**သမ္မာသမ္ဗုဒ္ဓေါ၊ မဖောက်မပြန် အမှန်ကိုယ်တိုင်အလုံးစုံသော တရားတို့ကို သိတော်မူပြီးသော။**
**တထာဂတော၊ ဘုရားရှင်တည်း။**
(ဘုရားဖြစ်ပြီ။)
ဘိက္ခဝေ။
**သောတံ၊ နားကို။**
**ဩဒဟထ၊ ရှေးရှုထားကြကုန်လော့။**
တစ်နည်း။
**သောတံ ဩဒဟထ၊ နားထောင်ကြကုန်လော့။**
**အမတံ၊ အမြိုက်နိဗ္ဗာန်ကို။**
**အဓိဂတံ၊ သိအပ် ရအပ်ပြီ။**
**အဟံ၊ သည်။**
**အနုသာသာမိ၊ သွန်သင်တော်မူအံ့။**
အဟံ။
**ဓမ္မံ၊ ကို။**
**ဒေသေမိ၊ အံ့။**
**ယထာနုသိဋ္ဌံ၊ အကြင်အကြင် သွန်သင်အပ်သည့်အတိုင်း။**
**ပဋိပဇ္ဇမာနာ၊ ကျင့်ကုန်လသော်။**
**န စိရဿေဝ၊ မကြာမီပင်။**
**ယဿ၊ အကြင် အရဟတ္တဖိုလ်၏။**
**အတ္ထာယ၊ အကျိုးငှာ။**
**ကုလပုတ္တာ၊ အမျိုးကောင်းသားတို့သည်။**
**သမ္မဒေဝ၊ ကောင်းစွာသာလျှင်။**
**အဂါရသ္မာ၊ အိမ်မှ။**
(အိမ်ရာတည်ထောင် လူ့ဘောင်မှ။)
(**နိက္ခမိတွာ၊ ထွက်၍။**)
**အနဂါရိယံ၊ အိမ်၌နေခြင်း၏ စီးပွားဖြစ်သော လယ်ထွန်, ကုန်ပေး, နွားမွေးမှုမရှိရာ ရဟန်းဘောင်သို့။**
**ပဗ္ဗဇန္တိ၊ ကပ်ရောက်ကြကုန်၏။**
[ပဗ္ဗဇန္တီတိဥပဂစ္ဆန္တိ၊- ဝိမတိ၊]
**အနုတ္တရံ၊ မိမိထက် မြတ်သောတရား မရှိသော။**
**ဝါ၊ အမြတ်ဆုံးဖြစ်သော။**
**ဗြဟ္မစရိယပရိယောသာနံ၊ မဂ္ဂဗြဟ္မစရိယ၏ အဆုံးဖြစ်သော။**
**တံ၊ ထို အရဟတ္တဖိုလ်ကို။**
(အဘိညာယ စသည်၌စပ်။)
**ဝါ၊ သို့။**
(ဥပသမ္ပဇ္ဇ၊ ရောက်၍၊- ၌စပ်၊)
**ဒိဋ္ဌေဝ ဓမ္မေ၊ မျက်မှောက်ထင်ထင် ရှုမြင်အပ်သော သဘောတူသောပစ္စက္ခအတ္တဘော၌ပင်။**
**သယံ၊ ကိုယ်တိုင်။**
**အဘိညာ၊ ထူးသော အရဟတ္တမဂ်ဉာဏ်ကြောင့် သိ၍။**
**ဝါ၊ ထူးသော ပစ္စဝေက္ခဏာဉာဏ်ဖြင့် သိ၍။**
**သစ္ဆိကတွာ၊ မျက်မှောက်ပြု၍။**
**ဥပသမ္ပဇ္ဇ၊ ရောက်၍။**
**ဝါ၊ ပြီးစေ၍။**
**ဝိဟရိဿထ၊ နေနိုင်ကြလိမ့်မည်"** ။
ဣတိ၊ ဤသို့ မိန့်တော်မူပြီ။
[အဘိညာ၏ ကံပုဒ်သည် တံ၏ အရဖြစ်သောအရဟတ္တဖိုလ်ဖြစ်၍ ဤသို့ ပေးရသည်။ **"သော သဒေဝကံ လောကံ၊ ပေ၊ ပဝေဒေတိ"** ဟု ရှိရာ၌မူ **"အဘိညာ၊ ထူးသော သဗ္ဗညုတဉာဏ်တော်ဖြင့် သိ၍"** ဟု ပေးပါ။]
ဧဝံ၊ သို့။
ဝုတ္တေ၊ မိန့်တော်မူအပ်သော်။
ပေ။
အဝေါစုံ(ကိံ?)။
**"အာဝုသောဂေါတမ၊ ငါ့ရှင် ဂေါတမ။**
**တွံ၊ သည်။**
**တာယပိ ဣရိယာယ၊ ထို ဒုက္ကရကိုကျင့်ခြင်းဟူသော အမူအရာအားဖြင့်လည်း။**
**တာယ(ပိ) ပဋိပဒါယ၊ ထိုဒုက္ကရကိုကျင့်ခြင်းအားဖြင့်လည်း။**
**မနုဿဓမ္မာ၊ လူတို့၏ ကုသလကမ္မပထတရားထက်။**
**ဥတ္တရိ၊ လွန်မြတ်သော။**
**အလမရိယဉာဏဒဿနဝိသေသံ၊ အရိယာအကျိုးငှာ စွမ်းနိုင်သော အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ် အမြင်အထူးကို။**
**နေဝဇ္ဈဂါ (နေဝ+ အဇ္ဈဂါ)၊ မရရှိခဲ့။**
**ဧတရဟိ၊ ယခုအခါ၌။**
**တွံ၊ သည်။**
**ဗာဟုလ္လိကော၊ သည်။**
**ပဓာနဝိဗ္ဘန္တော၊ သည်။**
**ဝါ၊ သည်။**
**ဗာဟုလ္လာယ၊ ငှာ။**
**အာဝတ္တော၊ သည်။**
(**ဟုတွာ၊ ၍။
ဝါ၊ ဖြစ်ပါမှ။**)
**မနုဿဓမ္မာ၊ ထက်။**
**ဥတ္တရိ၊ သော။**
**အလမရိယဉာဏဒဿနဝိသေသံ၊ ကို။**
**ကိံ ပန၊ အဘယ့်ကြောင့်။**
**အဓိဓမိဿသိ၊ ရလိမ့်မည်နည်း?။**
တစ်နည်း။
**ကိံ ပန အဓိဂမိဿသိ၊ အဘယ်မှာ ရလိမ့်မည်နည်း?"**
ဣတိ၊ ဤသို့ ပြောကြကုန်ပြီ။
[ဤဝါကျတို့၏ အဖွင့်ကို ဘာသာဋီကာ၌ ပြခဲ့ပြီ။]
ဧဝံ။
ပေ။
အဝေါစ (ကိံ?)။
**"ဘိက္ခဝေ၊ တို့။**
**တထာဂတော၊ သည်။**
**ဗာဟုလ္လိကော၊ သည်။**
**န၊ မဟုတ်။**
ဘိက္ခဝေ တထာဂတော။
**ပဓာနဝိဗ္ဘန္တော၊ သည်။**
**ဝါ၊ သည်။**
**န၊ မဟုတ်။**
**ဗာဟုလ္လာယ၊ ငှာ။**
**အာဝတ္တော၊ သည်။**
**န၊ မဟုတ်"** ။
ပေ။
**"ဘိက္ခဝေ၊ ဘိက္ခုတို့။**
**တုမှေ၊ တို့သည်။**
(အဘိဇာနာထနော၌ စပ်။)
**မေ၊ ငါသည်။**
(ဘာသိတံ၌စပ်။)
**ဣတော၊ ဤ နေ့မှ။**
**ပုဗ္ဗေ၊ ရှေး၌။**
**ဧဝရှုပံ၊ ဤသို့ သဘောရှိသော။**
**ဧတံ၊ ဤစကားကို။**
(ဤစကားမျိုးကို။)
**ဘာသိတံ၊ ပြောဆိုအပ်ဖူး၏ဟူ၍။**
**အဘိဇာနာထနော၊ သိကြကုန်သလော?။"**
ဣတိ၊ ဤသို့ မိန့်တော်မူပြီ။
[ဤဝါကျကို အဖွင့်ကိုဘာသာဋီကာ၌ ကြည့်ပါ။ **"ဘာသိတမေတံ"** နေရာ၌ **"ပဘာဝိတမေတံ"** ဟု မူကွဲရှိ၏၊ ထိုအလို **"ပဘာဝိတံ၊ ထင်ရှားပြအပ်ဖူး၏ဟူ၍"** ဟုပေးပါ။]
**"ဘန္တေ၊ မြတ်စွာဘုရား။
ဧတံ၊ ဤစကားမျိုးကို။
နောဟိ၊ မသိကြပါကုန်။"**
တစ်နည်း။
**ဧတံ၊ ဤသို့ သိခြင်းသည်။
နောဟိ၊ မဖြစ်ပါ။"**
ဣတိ၊ ဤသို့ ပြောကြကုန်ပြီ။
**"အရဟံ။ ပေ။ ဝိရိဿထ။"** ဣတိ၊ ဤသို့ မိန့်တော်မူပြီ။
ဘဂဝါ ပဉ္စဝဂ္ဂိယေ။
ဘိက္ခူ၊ တို့ကို။
သညာပေတုံ၊ သိစေခြင်းငှာ။
(ကိုယ်တော်မြတ်၏ သမ္မာသမ္ဗုဒ္ဓအဖြစ်ကို သိစေခြင်းငှာ။)
အသက္ခိ၊ စွမ်းနိုင်တော်မူပြီ။
ပေ။
ဘဂဝန္တံ၊ ကို။
(မြတ်စွာဘုရား၏ စကားတော်ကို။)
သုဿူသိံသု၊ နားထောင်ခြင်းငှာအလိုရှိကြကုန်ပြီ။
(နားထောင်လိုကြကုန်ပြီ။)
သောတံ၊ ကို။
ဩဒဟိံ သု၊ ရှေးရှုထားကြကုန်ပြီ။
တစ်နည်း။
သောတံ ဩဒဟိံသု၊ နားစိုက်ကြကုန်ပြီ။
အညာ၊ အရဟတ္တဖိုလ်အကျိုးငှာ။
စိတ္တံ၊ ကို။
ဥပဋ္ဌာပေသုံ၊ ဖြစ်စေကြကုန်ပြီ။
[အညာ စိတ္တံဥပဋ္ဌာပေသုန္တိ အညာယ အရဟတ္တပ္ပတ္တိယာ စိတ္တံ ဥပဋ္ဌာပေသုံ, အ ဘိနီဟရိံသု၊- သာရတ္ထ၊ ဝဇိရဗုဒ္ဓိ၌ကား **"အညာတိ အညာယ၊ ဇာနိတုန္တိ အတ္ထော"** ဟု ဖွင့်၏။ထိုအလို့ **"အညာ၊ သိခြင်းငှာ"** ဟု ပေးပါ။ သုတ္တန်အဋ္ဌကထာတို့၌လည်း ဝဇိရဗုဒ္ဓိအတိုင်း ဖွင့်လေ့ရှိကြသည်။]
အထ ။ပေ။ ဘိက္ခူ၊ တို့ကို။
အာမန္တေသိ၊ မိန့်တော်မူပြီ။
(ကိံ?)။
[ဓမ္မစက္ကပဝတ္တနသုတ်တော်၏ အဖွင့်ကို ဋီကာတို့၌ ကြည့်ပါ။]
ဘိက္ခဝေ၊ ဘိက္ခုတို့။
ဒွေ၊ နှစ်မျိုးကုန်သော။
ဣမေ အန္တာ၊ ဤ အဖို့အစုတို့ကို။
ပဗ္ဗဇိတေန၊ ရသေ့ ရဟန်းအဖြစ်သို့ ကပ်ရောက်ခဲ့သူသည်။
(ရသေ့ ရဟန်းဖြစ်သူသည်။)
န သေဝိတဗ္ဗာ၊ မမှီဝဲထိုက်ကုန်။
ဒွေ၊ နှစ်မျိုးတို့ဟူသည်။
ကတမေ၊ အဘယ်တို့နည်း?။
ဟီနော၊ ယုတ်ညံ့သော။
ဂမ္မော၊ ရွာ၌ဖြစ်သော။
ဝါ၊ ရွာ၌နေသူလူတို့၏ဥစ္စာဖြစ်သော။
[ဂါမေ+ ဘဝေါ ဂမ္မော၊ ဏျပစ္စည်း။ ဂါ၌ အာကို ရဿပြု။]
ပေါထုဇ္ဇနိကော၊ ပုထုဇဥ် လူအပေါင်းသည် လေ့ကျက်အပ်သော။
အနရိယော၊ ကိလေသာတို့မှ မဝေးကွာသဖြင့် မသန့်ရှင်း မစင်ကြယ်သော။
ဝါ၊ အရိယာတို့၏ဥစ္စာမဟုတ်သော။
အနတ္ထသံဟိတော၊ စီးပွားနှင့် မစပ်ယှဥ်သော။
ကာမေသု၊ ဝတ္ထုအာရုံ ကာမဂုဏ်တို့၌။
ယော စာယံ(ယော စ+ အယံ) ကာမသုခလ္လိကာနုယောဂေါအမှာ။ ။ "ကာမသုခလ္လိကာနုယောဂေါ" ဝယ် ပထမနည်း၌ ကာမသုခလ္လိကအရ ကိလေသကာမနှင့်ယှဥ်သော သုခကို (သုခဝေဒနာကို ရ၏၊ ဒုတိယနည်း၌ဝတ္ထုကာမတို့၌ သုခဖြင့် ကပ်ငြိတတ်သော ကိလေသကာမတို့ ရ၏၊ ဤနေရာ၌ ဤသို့ ဋီကာများ ဖွင့်ကြသော်လည်း ဝေရဉ္ဇကဏ္ဍ, ကာမသုခလ္လိကာနုယောဂဝိဝဇ္ဇနုပါယနိဒဿနံပုဒ်၌ကား တစ်မျိုး ဖွင့်ခဲ့ကြ၏၊ ထိုသို့ အဖွင့်နှစ်မျိုး မတူခြင်းမှာ ဝေရဉ္ဇကဏ္ဍ၌ "ကာမေသု" ပုဒ်မပါဘဲ "ကာမသုခလ္လိကာနုယောဂ" ဟု ရှိခဲ့၍ ဤ၌ "ကာမေသုကာမသုခလ္လိကာနုယောဂေါ" ဟု ရှိခြင်းကြောင့်တည်း၊ ဋီကာတို့ ဖွင့်သည့်အတိုင်းပင်ဝေရဉ္ဇကဏ္ဍဘာသာဋီကာ၌ ဝိဂ္ဂဟ ပြုခဲ့ပါသည်။ ၊ အကြင်ကဲ့သို့သော ဤ ကိလေသကာမနှင့် ယှဉ်သော ချမ်းသာကိုအဖန်ဖန် အားထုတ်ခြင်းလည်းကောင်း။
(သာရတ္ထအလို။)
ယော စာယံ ကာမသုခလ္လိကာနုယောဂေါ၊ အကြင်ကဲ့သို့သော ဤ အာမိသသုခဖြင့် ငြိကပ်တတ်သောကိလေသကာမတို့ အဖန်ဖန် အားထုတ်ခြင်းလည်းကောင်း။
(ဝိမတိ နောက်နည်းအလို။)
ဒုက္ခော၊ ဆင်းရဲကြောင်းဖြစ်သော။
အနရိယော၊ သော။
အနတ္ထသံဟိတော၊ သော။
ယော စာယံ(ယော စ+ အယံ) အတ္တကိလမထာနုယောဂေါ၊ အကြင်ကဲ့သို့သော ဤ ခန္ဓာကိုယ်၏ ပင်ပန်းကြောင်း အကျင့်ကို အဖန်ဖန် အားထုတ်ခြင်းလည်းကောင်းတည်း။
ဘိက္ခဝေ၊ တို့။
ဥတော၊ နှစ်မျိုးကုန်သော။
ဧတေ အန္တေ၊ ဤအဖို့အစုတို့သို့။
အနုပဂမ္မ၊ မကပ်ရောက်မူ၍။
တထာဂတေန၊ ဘုရားရှင်သည်။
အဘိသမ္ဗုဒ္ဓါ၊ ထိုးထွင်း၍ သိတော်မူအပ်ပြီးသော။
မဇ္ဈိမာ၊ အလယ်၌ဖြစ်သော။
(ကာမသုခလ္လိကာနုယောဂအကျင့်, အတ္တကိလမထာနုယောဂအကျင့် နှစ်မျိုး၏ အလယ်၌ဖြစ်သော။)
ပဋိပဒါ၊ အကျင့်သည်။
တစ်နည်း။
မဇ္ဈိမာပဋိပဒါ၊ မဇ္ဈိမပဋိပတ် အကျင့်မြတ်သည်။
စက္ခုကရဏီ၊ ပညာမျက်စိကို ပြုနိုင်၏။
ဉာဏကရဏီ၊ အသိဉာဏ်ကို ပြုနိုင်၏။
ဥပသမာယ၊ ကိလေသာတို့၏ ငြိမ်းအေးခြင်းငှာ။
ဝါ၊ သဥပါဒိသေသ နိဗ္ဗာန်အကျိုးငှာ။
အဘိညာယ၊ သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းငှာ။
သမ္ဗောဓာယ၊ သစ္စလေးပါးကို ကောင်းစွာ သိခြင်းငှာ။
နိဗ္ဗာနာယ၊ နိဗ္ဗာန် အကျိုးငှာ။
ဝါ၊ အနုပါဒိသေသနိဗ္ဗာန် အကျိုးငှာ။
သံဝတ္တတိ၊ ဖြစ်၏။
ဘိက္ခဝေ။
တထာဂတေန၊ သည်။
အဘိသမ္ဗုဒ္ဓါ၊ သော။
မဇ္ဈိမာ၊ သော။
(ယာ) ပဋိပဒါ၊ သည်။
တစ်နည်း။
ယာ မဇ္ဈမာ ပဋိပဒါ၊ အကြင် မဇ္ဈမပဋိပတ် အကျင့်မြတ်သည်။
စက္ခုကရဏီ၊ ၏။
ပေ။
နိဗ္ဗာနာယ၊ ငှာ။
သံဝတ္တတိ၊ ၏။
သာ၊ ထို မဇ္ဈိမပဋိပတ် အကျင့်မြတ်ဟူသည်။
ကတမာ စ၊ အဘယ်နည်း?။
အရိယော၊ ကိလေသာတို့မှ ဝေးကွာသော။
(ကိလေသာတို့မှ ဝေးကွာသဖြင့်ဖြူစင်သန့်ရှင်းသော။)
အဋ္ဌင်္ဂိကော၊ ရှစ်ပါးသော အင်္ဂါရှိသော။
အယမေဝ မဂ္ဂေါ၊ ဤမဂ်သာတည်း။
သေယျထိဒံ၊ ထိုအရိယအဋ္ဌင်္ဂိကမဂ်ဟူသည် အဘယ်နည်း?။
[အရိယပုဒ်, မဂ္ဂပုဒ်တို့၏ အနက်အမျိုးမျိုးကို ဋီကာကြည့်၍ ပေးပါ။ **"သေယျထိဒံ၊ ထို ရှစ်ပါးသော အင်္ဂါတို့ဟူသည် အဘယ်နည်း?** ဟုလည်း ဋီကာ၌ တစ်နည်းစွဲသေး၏။]
သမ္မာဒိဋ္ဌိ၊ ကောင်းစွာ သိမြင်တတ်သော သဘောတရားလည်းကောင်း။
သမ္မာသင်္ကပ္ပေါ၊ ကောင်းစွာ ကြံစည်တတ်သော သဘောတရားလည်းကောင်း။
သမ္မဝါစာ၊ ကောင်းစွာ ပြောဆိုကြောင်း သဘောတရားလည်းကောင်း။
သမ္မာကမ္မန္တော၊ ကောင်းစွာပြုလုပ်ကြောင်း သဘောတရားလည်းကောင်း။
သမ္မာအာဇီဝေါ၊ ကောင်းစွာ အသက်မွေးကြောင်း သဘောတရားလည်းကောင်း။
သမ္မာဝါယာမော၊ ကောင်းစွာ အားထုတ်တတ်သော သဘောတရားလည်းကောင်း။
သမ္မာသတိ၊ ကောင်းစွာ အမှတ်ရတတ်သော သဘောတရားလည်းကောင်း။
သမ္မာသမာဓိ၊ ကောင်းစွာ စိတ်ကိုထားကြောင်း သဘောတရားလည်းကောင်းတည်း။
[သမ္မဝါစာစသော ဝိရတိသုံးပါးနှင့် သမ္မာသမာဓိကို ကရဏသာဓနလည်းကောင်း, ကြွင်းပုဒ်တို့ကို ကတ္တုသာဓနလည်းကောင်း ဋီကာ ဝိဂ္ဂဟ ပြု၏။]
ဘိက္ခဝေ၊ တို့။
တထာဂတေန။
ပေ။
(ယာ) ပဋိပဒါ၊ သည်။
စက္ခုကရဏီ၊ ၏။
ပေ။
သံဝတ္တတိ၊ သာ- ထို မဇ္ဈိမပဋိပတ် အကျင့်မြတ်ဟူသည်။
အယံ ခေါ၊ ဤသည်ပင်တည်း။
ဝါ၊ ဤ အရိယအဋ္ဌင်္ဂိကမဂ်ပင်တည်း။
ဘိက္ခဝေ၊ တို့။
ဣဒံ ခေါ ပန၊ ဤ မိန့်တော်မူအပ်လတ္တံ့သည်ကား။
(ဤ မိန့်တော်မူအပ်လတ္တံ့သော တရားကား။)
ဒုက္ခံ၊ ဒုက္ခဖြစ်သော။
ဝါ၊ စက်ဆုပ်အပ်စွာ အချီးနှီးသာဖြစ်သော။
အရိယသစ္စံ၊ အရိယသစ္စာတည်း။
ဝါ၊ အရိယာတို့သည်ထိုးထွင်း၍ သိအပ်သော အမှန်တရားတည်း။
ဇာတိပိ၊ ပဋိသန္ဓေနေရခြင်းသည်လည်း။
ဒုက္ခာ
အမှာ။ ။[ဒုက္ခ စသည်တို့၏ ဝစနတ္ထကို ဋီကာ၌ ကြည့်ပါ၊] "အနေကေသံဒုက္ခာနံ ဝတ္ထုဘာဝတော" စသော ဋီကာကို ကြည့်၍ "ဒုက္ခာ- ဆင်းရဲခြင်းတည်း" ဟုအနက်မပေးဘဲ "ဆင်းရဲကြောင်းတည်း" ဟု ပေးပါသည်၊ အကျယ်ကို ဋီကာ၌ကြည့်ပါ၊] "ယမ္ပိစ္ဆံ န လဘတိ" စသော ဝါကျ၌ကား ဤဋီကာတို့ ဖွင့်ပုံဖြင့် အနက် မထင်ရှားသောကြောင့် သစ္စဝိဂင်္ဂဋ္ဌကထာ, သုတ္တန္တဘာဇနီယ၊ ဒုက္ခသစ္စနိဒ္ဒေသ၊ ဣစ္ဆာနိဒ္ဒေသကို ကြည့်၍ အနက်ပေးထားပါသည်။
၊ ဆင်းရဲကြောင်းပေတည်း။
ဇရာပိ၊ ရွတ်တွယိုယွင်း အိုရခြင်းသည်လည်း။
ဒုက္ခာ၊ တည်း။
ဗျာဓိပိ၊ မကျန်းမမာ ဖျားနာရခြင်းသည်လည်း။
ဒက္ခော၊ တည်း။
မရဏမ္ပိ၊ စုတိမနေ သေရခြင်းသည်လည်း။
ဒုက္ခံ၊ တည်း။
အပ္ပိယေဟိ၊ မချစ်မနှစ်သက်အပ်သော သတ္တဝါသင်္ခါရတို့နှင့်။
သမ္ပယောဂေါ၊ အတူတကွပေါင်းဆုံရခြင်းသည်လည်း။
ဒုက္ခော၊ တည်း။
ပိယေဟိ၊ ချစ်နှစ်သက်အပ်သောသတ္တဝါသင်္ခါရတို့နှင့်။
ဝိပ္ပယောဂေါ၊ ကွေကွင်းရခြင်းသည်လည်း။
ဒုက္ခော၊ တည်း။
ယမ္ပိ
တစ်နည်း အနက်ပေး။ ။ သစ္စဝိဘင်္ဂမူလဋီကာ, ဣစ္ဆာနိဒ္ဒေသ၌မူ ယမ္ပိစ္ဆံန လဘတိကို တစ်မျိုး ဖွင့်ထားသေး၏၊ ထိုအလို "ယမ္ပိစ္ဆံ (ယံပိ+ ဣစ္ဆံ)- အကြင်အလိုကိုလည်း၊ န လဘတိ- မရ၊ တမ္ပိ- ထိုမရအပ်သော အလိုသည်လည်း၊ ဒုက္ခံ- တည်း၊ တစ်နည်း၊ ဣစ္ဆံ- အလိုရှိအပ်သော အရာကို၊ ယံ န လဘတိ- အကြင် မရ၊ တမ္ပိ- ထို အလိုရှိသော အရာကို မရခြင်းသည်လည်း၊ ဒုက္ခံ- ဆင်းရဲကြောင်းပေတည်း" ဟုပေးပါ။
(ယေန ဓမ္မေနပိ)၊ အကြင် လောဘတရားဖြင့်လည်း။
ဣစ္ဆံ (ဣစ္စန္တော)၊ မရနိုင်သောအရာကို အလိုရှိသူသည်။
ဝါ၊ အလိုရှိပါလျက်။
န လဘတိ၊ မရ။
တမ္ပိ၊ ထိုမရနိုင်သောအရာကို အလိုရှိကြောင်း လောဘတရားသည်လည်း။
ဒုက္ခံ၊ တည်း။
သံခိတ္တေန၊ အကျဥ်းချုပ်အားဖြင့်။
ပဉ္စ၊ ငါးပါးကုန်သော။
ဥပါဒါနက္ခန္ဓာ၊ ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာတို့သည်။
ဒုက္ခာ၊ ဆင်းရဲကြောင်းတို့ပေတည်း။
ဘိက္ခဝေ၊ တို့။
ဣဒံ ခေါ ပန၊ ဤ မိန့်တော်မူအပ်လတ္တံ့သော တရားသည်ကား။
ဒုက္ခသမုဒယော၊ ကံ စသော ကြွင်းသောအကြောင်းနှင့် ပေါင်းမိလသောဒုက္ခ၏ ဖြစ်ကြောင်းဖြစ်သော။
အရိယသစ္စံ၊ တည်း။
ဝါ၊ တည်း။
ယာယံ(ယာ+ အယံ)တဏှာ၊ အကြင်ကဲ့သို့သော ဤ တဏှာသည်။
ပေါနောဘဝိကာ၊ တစ်ဖန်ဘဝကိုပြုခြင်းအလေ့ ရှိ၏။
(ဘဝအသစ်ကို ပြုလေ့ရှိ၏။)
နန္ဒိရာဂသဟဂတာ
နန္ဒိရာဂသဟဂတာ။ ။ ဤ ပုဒ်ကို ဝိမတိ အဖွင့်ကို ကြည့်၍ အနက်ပေးပါသည်၊ သာရတ္ထ အလိုမူ "နန္ဒိရာဂသဟဂတာ- နှစ်သက်ခြင်း, တပ်မက်ခြင်းနှင့်တကွဖြစ်၏" ဟု ပေးပါ၊ တဏှာသည် ဖြစ်တိုင်းဖြစ်တိုင်း နှစ်သက်ခြင်း, တပ်မက်ခြင်းသဘော ပါလာသည်ဟု ဆိုလိုသည်၊ ဤ အဓိပ္ပာယ်ကို ရည်ရွယ်၍ "ဣဒံ ဝုတ္တံဟောတိ- နန္ဒနတော စ ရဉ္ဇနတော စ နန္ဒိရာဂဘာဝံ သဗ္ဗာသု အဝတ္ထာသု (အလုံးစုံသော အခိုက်အတန့်တို့၌) အပစ္စက္ခာယဝုတ္တိယာ(မစွန့်ဘဲ ဖြစ်ခြင်းကြောင့်) နန္ဒိရာဂသဟဂတာ" ဟု သာရတ္ထဖွင့်သည်။ [သစ္စဝိဘင်္ဂဋ္ဌကထာ၌ တစ်နည်း ဖွင့်သေးသည်။]
၊ ရူပါရုံစသည်တို့၌ နှစ်သက်တတ်, တပ်မက်တတ်သည်၏အဖြစ်နှင့်တကွ ဖြစ်၏။
တတြတတြ၊ ထိုသို့ဘဝ၌။
ဝါ၊ ထိုထို အာရုံ၌။
အဘိနန္ဒိနီ၊ အလွန်နှစ်သက်တတ်၏။
သေယျထိဒံ၊ ထို တဏှာဟူသည် အဘယ်နည်း?။
ကာမတဏှာ
ကာမတဏှာ စသည်။ ။ သာရတ္ထဋီကာကို ကြည့်၍ အနက်ပေးပါသည်၊ ဘစ္စဝိဘင်္ဂဋ္ဌကထာ, သမုဒယသစ္စနိဒ္ဒေသ၌ကား တစ်မျိုး ဖွင့်ထား၏၊ ထိုအလို "ကာမတဏှာ- ငါးဖြာအာရုံ ကာမဂုဏ်၌ တပ်မက်တတ်သော တဏှာလည်းကောင်း၊ ဘဝတဏှာ- ကာမ, ရူပ, အရူပဟု သုံးမျိုးသော ဘဝ၌ တပ်မက်တတ်သော တဏှာလည်းကောင်း၊ ဝိဘဝတဏှာ- ဘဝကင်းပြတ်ခြင်း၌ တပ်မက်တတ်သော တဏှာလည်းကောင်း" ဟု အနက်ပေးပါ။
၊ ငါးဖြာအာရုံကာမဂုဏ်၌ နှစ်သက်တတ်သော တဏှာလည်းကောင်း။
ဘဝတဏှာ၊ ထို ရူပစသော အာရုံသည် မြဲ၏ဟုဖြစ်သော သဿတဒိဋ္ဌိနှင့်တကွဖြစ်သော တဏှာလည်းကောင်း။
ဝိဘဝတဏှာ၊ ထို ရူပ စသော အာရုံသည် ပြတ်၏ဟုဖြစ်သောဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တဏှာလည်းကောင်းတည်း။
ဘိက္ခဝေ၊ တို့။
ဣဒံ ခေါ ပန၊ ဤ မိန့်တော်မူအပ်လတ္တံ့သော တရားသည်ကား။
ဒုက္ခနိရောဓော
အမှာ။ ။ ဒုက္ခနိရောဓ ပုဒ်၏အနက်ကို ဋီကာ၌ သုံးနည်းဖွင့်ထား၏၊ ထိုတွင် လွယ်ကူသော တတိယနည်းအတိုင်း အနက်ပေးပါသည်၊ အသေသဝိရာဂနိရောဓော၏ အဖွင့်ကို ဋီကာ၌ ကြည့်ပါ၊ "အတ္ထတော ပန သဗ္ဗာနေဝ ဧတာနိနိဗ္ဗာနဿ ဝေဝစနာနိ" ဟု မိန့်သောကြောင့် နိဗ္ဗာန်ရအောင် အနက်ပေးပါသည်။["နိဗ္ဗနံ အာဂမ္မ တဏှာ စဇီယတိ" စသည်ဖြင့် သစ္စဝိဘင်္ဂဋ္ဌကထာ၌ ဝိဂ္ဂဟ ပြု၏။]
၊ ဒုက္ခ၏ ချုပ်ရာဖြစ်သော။
ဝါ၊ ဒုက္ခ၏ ချုပ်ကြောင်းဖြစ်သော။
အရိယသစ္စံ၊ တည်း။
ဝါ၊ တည်း။
တဿာယေဝ တဏှာယ၊ ထို တဏှာသုံးမျိုး၏ပင်။
ယော အသေသဝိရာဂနိရောဓော၊ အကြင် အရဟတ္တမဂ်ဖြင့် အကြွင်းအကျန် မရှိအောင် ချုပ်ရာနိဗ္ဗာန်သည်။
(ယော)
စာဂေါ၊ အကြင် စွန့်အပ်ရာနိဗ္ဗာန်သည်။
(ယော)
ပဋိနိဿဂ္ဂေါ၊ အကြင် လွှတ်အပ်ရာ နိဗ္ဗာန်သည်။
(ယာ)
မုတ္တိ၊ အကြင် လွတ်ရာ နိဗ္ဗာန်သည်။
(ယော)
အနာလယော၊ အကြင် ကပ်ငြိခြင်းမရှိရာ နိဗ္ဗာန်သည်။
(အတ္ထိ)။
(ဣဒံ၊ ဤ နိဗ္ဗာန်သည်။
ဒုက္ခနိရောဓော၊ သော။
အရိယသစ္စံ၊ တည်း။
ဝါ၊ တည်း။)
ဘိက္ခဝေ၊ တို့။
ဣဒံ ခေါ ပန၊ သည်ကား။
ဒုက္ခနိရောဓဂါမိနီ၊ ဒုက္ခ၏ ချုပ်ရာနိဗ္ဗာန်သိို့ အာရုံပြုသောအားဖြင့် သွားတတ်သော။
ပဋိပဒါ၊ အကျင့်ဖြစ်သော။
အရိယသစ္စံ၊ တည်း။
ဝါ၊ တည်း။
အယမေဝ။
ပေ။
သမ္မာသမာဓိ။
(ရှေးအတိုင်းအနက်ပေးပါ။)
ဘိက္ခဝေ **"ဣဒံ (ဓမ္မဇာတံ)၊ ဤ တရားသည်။
ဒုက္ခံ၊ ဒုက္ခဖြစ်သော။
ဝါ၊ သော။
အရိယသစ္စံ၊ တည်း။
ဝါ၊ တည်း။"**
ဣတိ၊ ဤသို့။
မေ၊ ငါ၏။
(စက္ခုံစသည်၌ စပ်။)
ဝါ၊ သည်။
ပုဗ္ဗေ၊ ရှေး၌။
အနနုဿုတေသု၊ တစ်ဆင့်စကားမကြားအပ်ဖူးကုန်သော။
ဓမ္မေသု၊ သစ္စာလေးပါး တရားတို့၌။
စက္ခု၊ ဉာဏ်စက္ခုသည်။
ဥဒပါဒိ၊ ထင်ရှားဖြစ်ပြီ။
ဉာဏံ၊ သိတတ်သောဉာဏ်သည်။
ဥဒပါဒိ။
ပညာ၊ အပြားအားဖြင့် သိတတ်သော ပညာသည်။
ဥဒပါဒိ၊ ထင်ရှားဖြစ်ပြီ။
ဝိဇ္ဇာ၊ ထိုးထွင်း၍ သိတတ်သော ဉာဏ်ဝိဇ္ဇာသည်။
ဥဒပါဒိ။
အာလောကော၊ (မောဟအမိုက်မှောင်ကို ပယ်ဖျောက်တတ်သော) ဉာဏ်အရောင် အလင်းသည်။
ဥဒပါဒိ။
ဘိက္ခဝေ။
ဒုက္ခံ၊ သော။
တံ ဣဒံ အရိယသစ္စံ၊ ထိုကဲ့သို့ သောဤအရိယသစ္စာကို။
ပရိညေယျံ၊ ပိုင်းခြား၍ သိထိုက်၏။
ဣတိ၊ သို့။
ပေ။
ဥဒပါဒိ။
ဘိက္ခဝေ။
ဒုက္ခံ၊ သော။
တံ ဣဒံ အရိယသစ္စံ၊ ကို။
ပရိညာတံ၊ ပိုင်းခြား၍ သိအပ်ပြီ။
ဣတိ၊ သို့။
ပေ။
ဥဒပါဒိ။
ဘိက္ခဝေ၊ တို့။
**"ဣဒံ (ဓမ္မဇာတံ)၊ သည်။
ဒုက္ခသမုဒယော၊ သော။
အရိယသစ္စံ၊ တည်း။"**
ဣတိ၊ သို့။
ပေ။
ဒုက္ခသမုဒယော၊ သော။
တံ ဣဒံအရိယသစ္စံ၊ ကို။
ပဟာတဗ္ဗံ၊ ပယ်ထိုက်၏။
ပေ။
ပဟီနံ၊ ပယ်အပ်ပြီ။
(ပယ်ပြီးပြီ)
ပေ။
ဥဒပါဒိ။
[နောက်နောက် ဝါကျတို့၌ ဤနည်းမှီ၍ အပြည့်အစုံပေးပါ။]
သစ္ဆိကာတဗ္ဗံ၊ မျက်မှောက်ပြုထိုက်၏။
ပေ။
သစ္ဆိကတံ၊ မျက်မှောက်ပြုအပ်ပြီ။
ပေ။
ဘာဝေတဗ္ဗံ၊ မိမိသန္တာန်၌ ဖြစ်စေထိုက်၏။
(ပွားစေထိုက်၏)။
ပေ။
ဘာဝိတံ၊ မိမိသန္တာန်၌ ဖြစ်စေအပ်ပြီ။
(ပွားစေအပ်ပြီ)။
ပေ။
ဥဒပါဒိ။
ဘိက္ခဝေ၊ တို့။
ယာဝကီဝဉ္စ၊ အကြင်မျှလောက် ကာလပတ်လုံးလည်း။
မေ၊ ငါ၏။
(ဉာဏဒဿနံ၌ စပ်။)
စတူသု၊ လေးပါးကုန်သော။
ဣမေသုအရိယသစ္စေသု၊ တို့၌။
ဧဝံ၊ ဤသို့။
(ဤဆိုအပ်ပြီးသော နည်းဖြင့်။)
တိပရိဝဋံ၊ သစ္စဉာဏ်,ကိစ္စဉာဏ်, ကထဉာဏ်အားဖြင့် သုံးပါးသော ပြန်လည်ခြင်းရှိသော။
ဒွါဒသာကာရံ၊ (သစ္စာတစ်မျိုး တစ်မျိုး၌ သစ္စဉာဏ် စသောအားဖြင့်) တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော။
ယထာဘူတံ၊ မဖောက်မပြန် ဟုတ်မှန်သော။
ဉာဏဒဿနံ၊ ဉာဏ်အမြင်သည်း။
သုဝိသုဒ္ဓံ၊ အလွန် သန့်ရှင်းစင်ကြယ်သည်။
န အဟောသိ၊ မဖြစ်သေး။
ဘိက္ခဝေ၊ တို့။
တာဝ၊ ထိုမျှာလောက် ကာလပတ်လုံး။
(ဉာဏ်အမြင် အလွန်မသန့်ရှင်း မစင်ကြယ်သေးသမျှ ကာလပတ်လုံး၊)
အဟံ၊ သည်။
သဒေဝကေ၊ အောက် နတ်ပြည်ငါးထပ်ရှိ နတ်တို့နှင့်လည်း တကွဖြစ်သော။
သမာရကေ၊ မာရနတ်၏ တည်နေရာ ဝသဝတ္တီနတ်ပြည်ရှိ နတ်အပေါင်းနှင့်လည်းတကွဖြစ်သော။
သဗြဟ္မကေ၊ ဗြဟ္မာနှစ်ဆယ်နှင့်လည်း တကွဖြစ်သော။
လောကေ၊ ဩကာသလောက၌လည်းကောင်း။
သဿမဏဗြာဟ္မဏိယာ၊ သာသနာတော်၏ဆန့်ကျင်ဘက်ဖြစ်သော သမဏ, မကောင်းမှုတို့ကို ငြိမ်းစေပြီးသောသမဏ, မကောင်းမှုတို့ကို မျှောပြီးသော ဗြဟ္မဏတို့နှင့်လည်း တကွဖြစ်သော။
သဒေဝမနုဿယ၊ သမ္မုတိနတ်ဟူသော မင်း, ကြွင်းသော သူတို့နှင့်လည်း တကွဖြစ်သော။
ပဇာယ၊ သတ္တဝါ အပေါင်း၌လည်းကောင်း။
အနုတ္တရံ၊ မိမိထက်လွန်မြတ်သော တရားမရှိသော။
ဝါ၊ အမြတ်ဆုံးဖြစ်သော။
သမ္မာသမ္ဗောဓိံ၊ မဖောက်မပြန် အမှန်ကိုယ်တိုင် သိစွမ်းနိုင်သော အရဟတ္တမဂ်ဉာဏ်ကို။
ဝါ၊ ချီးမွမ်းအပ်ကောင်းမြတ်သော အရဟတ္တ မဂ်ဉာဏ်ကို။
အဘိသမ္ဗုဒ္ဓေါ၊ ထိုးထွင်း၍ သိပြီ။
ဣတိ၊ သို့။
နေဝ ပစ္စညာသိံ၊ ဝန်ခံတော်မမူခဲ့။
["သဒေဝကေ" စသောပုဒ်တို့၏အဖွင့်ကို ပါရာဇိကဏ် ဝေရဉ္ဇကဏ္ဍ ဘာသာဋီကာ၌ ပြထားပြီ။ "သမ္မာသမ္ဗောဓိံ" အရ အရဟတ္တမဂ်ကို ဋီကာ၌ ပြ၏။]
ဘိက္ခဝေ။
ယတော စ ခေါ၊ (ဗောဓိပင်၏ အနီးအောက်ဝယ် ထိုင်နေတော်မူရာ) အကြင်အခါမှစ၍။
[ယတော စ ခေါတိ ယတော ဗောဓိမူလေ နိသိန္နကာလတော ပဋ္ဌာယ၊- ဝိမတိ။]
မေ၊ ၏။
စတူသု။
ဣမေသု အရိယသစ္စေသု၊ တို့၌။
ဧဝံ၊ သို့။
တိပရိဝဋ္ဋံ။
ပေ။
ဉာဏဒဿနံ၊ သည်။
သုဝိသုဒ္ဓံ၊ သည်။
အဟောသိ၊ ဖြစ်တော်မူပြီ။
ဘိက္ခဝေ။
အထ၊ ဉာဏ်အမြင် အလွန်သန့်ရှင်းစင်ကြယ်ရာ ထိုအခါမှနောက်၌။
[အထာဟံတိ တတော ပရံ အဟံ၊- ဝိမတိ။]
အဟံ၊ သည်။
သဒေဝကေ။
ပေ။
ပဇာယ၊ ၌လည်းကောင်း။
အနုတ္တရံ။
သမ္မာသမ္ဗောဓိံ၊ ကို။
အဘိသမ္ဗုဒ္ဓေါ၊ ပြီ။
ဣတိ၊ သို့။
ပစ္စညာသိံ၊ ဝန်ခံတော်မူခဲ့ပြီ။
မေ၊ ၏။
ဒဿနံ၊ သိမြင်တတ်သော။
ဉာဏဉ္စ၊ ပစ္စဝေက္ခဏာဉာဏ်သည်လည်း။
ဥဒပါဒိ၊ ပြီ။
(ကိံ?)
မေ၊ ၏။
ဝိမုတ္တိ၊ အရဟတ္တဖိုလ်ကို။
အကုပ္ပာ၊ ဆန့်ကျင်ဘက်တရားတို့သည် မဖျက်ဆီးအပ် မဖျက်ဆီးနိုင်။
အယံ၊ ဤ ပဋိသန္ဓေ တည်နေရခြင်းသည်။
အန္တိမာ၊ အဆုံး၌ဖြစ်သော။
(နောက်ဆုံးဖြစ်သော။)
ဇာတိ၊ ပဋိသန္ဓေ တည်နေရခြင်းတည်း။
ဒါနိ၊ ယခုအခါ၌။
ပုနဗ္ဘဝေါ၊ တစ်ဖန် ဘဝသည်။
(ဘဝအသစ်သည်၊)
နတ္ထိ၊ တော့။
ဣတိ (ဥဒပါဒိ), ဣတိ (အာမန္တေသိ)။
[အာမန္တေသိသို့ ပြန်လှည့်ဖို့ရာ ဣတိတစ်လုံး အကျေကြံပါ။]
ဣဒံ၊ ဤ စကားတော်ကို။
("ဒေါမေ ဘိက္ခဝေ အန္တာ" အစ, "နတ္တိ ဒါနိ ပုနဗ္ဘဝေါ" အဆုံးရှိသော ဤစကားတော်ကို၊)
ဘဂဝါ အဝေါစ။
ပဉ္စဝဂ္ဂိယာ၊ ကုန်သော။
ဘိက္ခူ၊ တို့သည်။
အတ္တမနာ၊ မိမိစိတ် ရှိကုန်သည်။
(ဟုတွာ)။
ဘဂဝတော၊ ၏။
ဘာသိတံ၊ ဟောတော်မူအပ်သော တရားတော်ကို။
(ဓမ္မစက္က ပဝတ္တန သုတ်တော်ကို။)
အဘိနန္ဒုံ။
ဧဝမေတံ ဘဂဝါ, ဧဝမေတံ သုဂတ ဟုကောင်းချီးပြုလျက် နှစသက်ဝမ်းမြောက်ကြကုန်ပြီ။
[အဘိနန္ဒ သဒ္ဒါ၏ အနုမောဒနာအနက်။]
တစ်နည်း။
အဘိနန္ဒုံ
အဘိနန္ဒုန္တိ။ ။ "အဘိနန္ဒုန္တိ" ဟု ဣတိသဒ္ဒါ ပါသည်မှာ ပိုဟန်တူ၏၊ သို့ရာတွင် သဒ္ဒါကျမ်းတို့၌ ပရော ဝါ သရောသုတ်ဝယ် ဤပုံစံ ပါနေပြီ၊ သို့ဖြစ်၍ "ဣတိ- ဓမ္မစက္ကပဝတ္တနသုတ်တော် အပြီးတည်း" ဟု အနက်ပေးပါ။
၊ အလွန်နှစ်သက် ရွှင်အားတတ်လျက် လက်ခံကြကုန်ပြီ။
[အဘိနန္ဒသဒ္ဒါ၏ သမ္ပဋိစ္ဆန အနက်။]
ဣမသ္မဉ္စ ပန ဝေယျာကရဏသ္မိံ၊ ဤ ဂါထာမဖက် သက်သက်သောဓမ္မစက္ကပဝတ္တန သုတ်တော်ကို။
ဘညမာနေ၊ ဟောတော်မူအပ်သော်။
အာယသ္မတောကောဏ္ဍညဿ၊ **အရှင်ကောဏ္ဍည** ၏။
ဝိရဇံ၊ ကင်းသော အပါယဂမနီယရာဂစသော မြုရှိသော။
ဝါ၊ အပါယဂမနီယရာဂ စသော မြူမှကင်းသော။
ဝီတမလံ၊ ကင်းသော ဒိဋ္ဌိ, ဝိစိစ္ဆာဟူသော အညစ်ကြေးရှိသော။
စမ္မစက္ခု၊ သစ္စာလေးပါးတရားတို့၌ဖြစ်သော သောတာပတ္တိဉာဏ်မျက်စိသည်။
ဥဒပါဒိ (ကိံ?)။
**"ယံကိဉ္စိ၊ အကြင် အမှတ်မရှိ အလုံးစုံသော တရားသည်။
သမုဒယဓမ္မံ၊ ဖြစ်ခြင်းသဘောရှိ၏။
သဗ္ဗံ၊ အလုံးစုံသော။
တံ၊ ထို တရားဟူသမျှသည်။
နိရောဓဓမ္မံ၊ ချုပ်ပျက်ခြင်းသဘော ရှိ၏။"**
ဣတိ (ဥဒပါဒိ)။
["ဝိရဇံ" စသော ပုဒ်တို့၏အနက်အမျိုးမျိုးကို ဤ သာရတ္ထဖွင့်သည့်အတိုင်း သီလက္ခန်ဘာသာဋီကာ သာမညဖလသုတ် ပြဠိတော်နိဿယ အဆုံးနား၌ ရေးခဲ့ပြီ။]
ဘဂဝတာ၊ သည်။
ဓမ္မစက္ကေ၊ ဓမ္မစကြာကို။
ပဝတ္တိတေ၊ ဖြစ်စေတော်မူအပ်ပြီးသော်။
ဝါ၊ ဟောတော်မူအပ်ပြီးသော်။
ဘုမ္မာ၊ မြေ၌ဖြစ်ကုန်သော။
ဝါ၊ မြေနှင့် ဆက်စပ် အရပ်ရပ်၌ နေကြကုန်သော။
ဒေဝါ၊ နတ်တို့သည်။
သဒ္ဒံ၊ ကြွေးကြော်သံကို။
အနုဿာဝေသုံ၊ တစ်ဆင့်ကြားသိစေကြကုန်ပြီ။
(ကြွေးကြော်ကြကုန်ပြီ။)
(ကိံ?)။
**"ဘဂဝတာ၊ သည်။
ဗာရာဏသိယံ၊ ၌။
ဝါ၊ ၏ အနီးဖြစ်သော။
ဣသိပတနေ မိဂဒါယေ၊ ၌။
သမဏေန ဝါ၊ သမဏ မည်သူသည်လည်းကောင်း။
ဗြဟ္မဏေန ဝါ၊ ဗြာဟ္မဏ မည်သူသည်လည်းကောင်း။
ဒေဝေန ဝါ၊ နတ်သည်လည်းကောင်း။
မာရေန ဝါ၊ မာရ်နတ်သည်လည်းကောင်း။
ဗြဟ္မနာ ဝါ၊ ဗြဟ္မာသည်လည်းကောင်း။
လောကသ္မိံ၊ ၌။
ကေနစိ ဝါ၊ တစ်စုံတစ်ယောက်သည်လည်းကောင်း။
အပဋိဝတ္တိယံ၊ ဆန့်ကျင်ဘက် မဖြစ်စေအပ် မဖြစ်စေနိုင်သော။
ဝါ၊ ဆန့်ကျင်ဘက် မဟောပြအပ် မဟောပြနိုင်သော။
အနုတ္တရံ၊ မိမိထက် မြတ်သောတရား မရှိသော။
ဝါ၊ အမြတ်ဆုံးဖြစ်သော။
ဧတံ ဓမ္မစက္ကံ၊ ဤဓမ္မစကြာကို။
ပဝတ္တိတံ၊ ဖြစ်စေတော်မူအပ်ပြီ။
ဝါ၊ ဟောပြတော်မူအပ်ပြီ။"**
ဣတိ၊ ဤသို့ တစ်ဆင့်ကြားသိစေကုန်ပြီ။
ဝါ၊ ကြွေးကြော်ကြကုန်ပြီ။
["အနုတ္တရ" ဟူရာ၌ ထိုအချိန်ဝယ်သမဏဗြာဟ္မဏတို့ ဟောအပ်ပြီးသော တရားတို့တွင် "အမြတ်ဆုံး" ဟု ယူပါ။ ဘုရားရှင် ဟောတော်မူအပ်သော တရားတော်တို့တွင်ကား ဓမ္မစကြာ တရားတော်နှင့်အလားတူတရားများ ရှိပါသည်။]
ဘုမ္မာနံ၊ ကုန်သော။
ဒေဝါနံ၊ တို့၏။
သဒ္ဒံ၊ ကြွေးကြော်သံကို။
သုတွာ၊ ကြားရ၍။
စာတုမဟာရာဇိကာ၊ စာတုမဟာရာဇ်ဘုံ၌ နေကုန်သော။
ဒေဝါ သဒ္ဒမနုဿာဝေတုံ။
ပေ။
[နောက်၌ **"တာဝတိံသာ၌ နေကုန်သော။ ပေ။ ပရနိမ္ပိတဝသဝတ္တီ၊ ပရနိမ္မိတဝသဝတ္တီဘုံ၌ နေကုန်သော"** ဟု ဆိုပါ။]
ဗြဟ္မကာယိကာ၊ ဗြဟ္မာအပေါင်း၌ ဖြစ်ကုန်သော။
ဒေဝါ၊ ဗြဟ္မာတို့သည်။
ပေ။
ဣတိဟ၊ ဤသို့လျှင်။
တေန ခဏေန
တေန ခဏေန စသည်။ ။ တေန ခဏေန- ထိုခဏမှာပင်၊ တေနလယေန- ထိုလယဟု ခေါ်သော အချိန်အတွင်းမှာပင်၊ တေန မုဟုတ္တေန- ထိုတစ်မုဟုတ်ခေါ်သော အချိန်အတွင်းမှာပင်ဟု ဆိုလိုသည်။
၊ ထို ခဏ၌။
တေန လယေန၊ ထိုလယ၌။
တေန မုဟုတ္တေန၊ ထိုမုဟုတ်၌။
ယာဝဗြဟ္မလောကာ၊ ဗြဟ္မာ့ဘုံတိုင်အောင်။
သဒ္ဒေါ၊ ကြွေးကြော်သံသည်။
အဗ္ဘုဂ္ဂစ္ဆိ၊ လွှမ်းခြုံ၍ တက်ပြီ။
အယဉ္စ ဒသသဟဿိလောကဓာတု၊ ဤတစ်သောင်း အတိုင်းအရှည်ရှိသော လောကဓာတ်သည်လည်း။
သံကမ္ပိ၊ အထက်အထက်သို့ တက်ကာတက်ကာ ပြင်းစွာတုန်လှုပ်ပြီ။
သမ္ပကမ္ပိ၊ အထက်အောက် နိမ့်တုံမြင့်တုံ အပြားအားဖြင့် ပြင်းစွာတုန်လှုပ်ပြီ။
သံပဝေဓိ၊ အရပ်လေးမျက်နှာ ယိမ်းထိုး၍ အမျိုးမျိုးအပြားအားဖြင့် ပြင်းစွာတုန်လှုပ်ပြီ။
["သံကမ္ပိ" စသည်တို့၏အဖွင့်ကို ပါရာဇိကဏ်ဘာသာဋီကာ ပထမအုပ် ပထမသင်္ဂါယနာအခန်း၌ ပြထားပြီ။]
အပ္ပမာဏော၊ အတိုင်းအရှည် မရှိသော။
ဥဠာရော၊ မွန်မြတ်သော။
ဩဘာသော စ၊ တစ်သောင်းလောကဓာတ်, လွှမ်းခြုံပတ်သည့်, အလင်းဓာတ်သည်လည်း။
ဒေဝါနံ၊ နတ်ဗြဟ္မာတို့၏။
ဒေဝါနုဘာဝံ၊ နတ်ဗြဟ္မာတို့၏ အာနုဘော်ကို။
အတိက္ကမ္မ၊ ကျော်လွန်၍။
ပါတုရဟောသိ၊ ထင်ရှားဖြစ်ပြီ။
[ဩဘာသောတိ သဗ္ဗညုတညာဏာနုဘာဝေနပဝတ္တော စိတ္တပစ္စယဥတုသမုဋ္ဌာနော ဒသသဿိလောကဓာတုံ ဖရိတွာ ဌိတောဩဘာသော၊- ဝိမတိ။]
အထ ခေါ၊ ၌။
ဘဂဝါ ဣမံ ဥဒါနံ။
ဥဒါနေသိ၊ ကျူးရင့်တော်မူပြီ။
(ကိံ?)။
**"ဘော၊ အို...ရဟန်းတို့။
ကောဏ္ဍညော၊ ကောဏ္ဍညသည်။
အညာ ဝတ၊ သစ္စာလေးပါးကို ထိုးထွင်း၍ သိပေပြီတကား။
ပေ။
အညာသိ ဝတ၊ ကား"**
ဣတိ၊ ပြီ။
ဣတိ ဟိ၊ ဤ ဥဒါန်းစကားတော်ကြောင့်သာလျှင်။
အာယသ္မတောကောဏ္ဍညဿ၊ **အရှင်ကောဏ္ဍည** ၏။
**"အညာသိကောဏ္ဍညော"** တွေ၊ **အညာသိကောဏ္ဍည** ဟူ၍သာ။
ဣဒံ နာမံ၊ ဤ အမည်သည်။
အဟောသိ။
အထ ခေါ၊ ၌။
အာယသ္မာ အညာသိကောဏ္ဍညော၊ **အရှင်အညာသိကောဏ္ဍည** သည်။
ဒိဋ္ဌဓမ္မော၊ မြင်အပ်ပြီးသော သစ္စာလေးပါးတရား ရှိသည်။
ပတ္တဓမ္မော၊ ရောက်အပ်ပြီးသော သစ္စာလေးပါး တရားရှိသည်။
ဝိဒိတဓမ္မော၊ သိအပ်ပြီးသော သစ္စာလေးပါး တရားရှိသည်။
ပရိယောဂါဠှာဓမ္မော၊ ထက်ဝန်းကျင်သက်ဝင်အပ်ပြီးသော သစ္စာလေးပါး တရားရှိသည်။
တိဏ္ဏဝိစိကိစ္ဆော၊ လွန်မြောက်အပ်ပြီးသော ဝိစိကိစ္ဆာရှိသည်။
ဝိဂတကထံကထော၊ ကင်းသော အဘယ်သို့ ဖြစ်ပါလိမ့်မည်နည်း?ဟု ပြောဆိုကြောင်း ဝိစိကိစ္ဆာရှိသည်။
(ကင်းသော သို့လောသို့လော တွေးသော ယုံမှားခြင်းရှိသည်။)
သတ္ထုသာသနေ၊ မြတ်စွာဘုရား၏သာသနာတော်၌။
ဝေသာရဇ္ဇပ္ပတ္တော၊ ကင်းသော ကြောက်ရွံ့ခြင်းရှိသူ၏ အဖြစ်သို့ရောက်သည်။
ဝါ၊ ကြောက်ရွံ့ခြင်းကင်း, ရဲတင်းသူ၏ အဖြစ်သို့ ရောက်သည်။
အပရပ္ပစ္စယော၊ မိမိမှတစ်ပါး အခြားသူဟူသော ယုံကြည်ထိုက်သူ မရှိသည်။
(မိမိမှတစ်ပါး အခြားသူဟူသော ယုံကြည်စရာ မလိုသည်။)
(ဟုတွာ)။
ဘဂဝန္တံ၊ ကို။
ဧတဒဝေါစ(ကိံ?)။
[ဝိဂတကထံကထော၏ အဖွင့်ကို သီလက္ခန်ဘာသာဋီကာ, တတိယအုပ်, နီဝရဏပ္ပဟာနကထာ, အကထံကထီ ပုဒ်အဖွင့်၌ ပြထားပြီ။]
ဘန္တေ။
အဟံ၊ သည်။
ဘဂဝတော၊ ၏။
သန္တိကေ၊ အထံတော်၌။
ပဗ္ဗဇ္ဇံ၊ ရှင်အဖြစ်ကို။
လဘေယျံ၊ ရလိုပါ၏။
ဝါ၊ ရပါရစေ။
ဥပသမ္ပဒံ၊ အထက်တန်းကျသော ပြည့်စုံခြင်းကို။
ဝါ၊ မြင့်မြတ်သော ရဟန်းအဖြစ်ကို။
လဘေယျံ၊ စေ။
ဣတိ၊ ဤသို့ လျှောက်ပြီ။
[လောကိယသမ္ပဒါ ဟိ ဥပရိဘူတာ သေဋ္ဌဘူတာ+ သမ္မဒါတိဥပသမ္ပဒါ၊- ဝိမတိ။]
ဘိက္ခု၊ ဘိက္ခု။
ဧဟိ၊ လာလော့။
ဓမ္မော၊ ကို။
သွာက္ခာတော၊ ကောင်းစွာ ဟောတော်မူအပ်ပြီ။
သမ္မာ၊ ကောင်းစွာ။
ဒုက္ခဿ၊ တေဘူမကဝဋ်ဒုက္ခ၏။
အန္တကိရိယာယ၊ အဆုံးကို ပြုခြင်းငှာ။
ဗြဟ္မစရိယံ၊ အထက်မဂ်သုံးပါးဟူသော မြတ်သော အကျင့်ကို။
စရ၊ ကျင့်လော့။
ဣတိ၊ သို့။
ဘဂဝါ အဝေါစ။
သာဝ၊ ထို **"ဧဟိ ဘိက္ခု"** ဟူသော စကားတော်သည်သာ။
တဿ အာယသ္မတော၊ ထို **အရှင်အညာသိကောဏ္ဍည** ၏။
ဥပသမ္ပဒါ၊ မြင့်မြတ်သော ရဟန်းအဖြစ်သည်။
အဟောသိ။
["ဧဟိ ဘိက္ခု" စသော ဝါကျနှင့် စပ်၍ မှတ်ဖွယ်ကို ဝိမတိ၌ကြည့်ပါ။]
အထ ခေါ၊ ၌။
(အရှင်အညာသိကောဏ္ဍည ၏ ဧဟိ ဘိက္ခု ဖြစ်ပြီးရာထိုအခါမှ နောက်၌၊)
ဘဂဝါ။
တဒဝသေဿေ၊ ထို **အရှင်အညာသိကောဏ္ဍည** မှကြွင်းကုန်သော။
ဘိက္ခူ၊ တို့ကို။
ဓမ္မိယာ၊ တရားရှိသော။
(တရား၌ ယှဥ်သော။)
ကထာယ၊ စကားဖြင့်။
ဩဝဒိ၊ ဆုံးမတော်မူပြီ။
အနုသာသိ၊ သွန်သင်တော်မူပြီ။
အထ ခေါ၊ ၌။
(ဆုံးမသွန်သင်တော်မူရာ ထိုအခါ၌။)
အာယသ္မတော ဝပ္ပဿစ၊ **အရှင်ဝပ္ပ** ၏လည်းကောင်း။
(ဓမ္မစက္ခုံ၌ စပ်။)
ဝါ၊ ကိုလည်းကောင်း။
(ဩဝဒိယမာနာနံ စသည်၌ စပ်။)
အာယသ္မတော ဘဒ္ဒိယဿ စ၊ ၏လည်းကောင်း။
ဝါ၊ ကိုလည်းကောင်း။
ဘဂဝတာ၊ သည် ဓမ္မိယာ။
ကထာယ၊ ဖြင့်။
ဩဝဒိယမာနာနံ၊ ဆုံးမအပ်ကုန်လတ်သော်။
အနုဿာသိယမာနာနံ၊ သွန်သင်အပ်ကုန်လတ်သော်။
ဝိရဇံ။
ပေ။
နိရောဓဓမ္မန္တိ။
[ရှေးအတိုင်း ဆိုပါ။]
တေ၊ ထို **အရှင်ဝပ္ပ, အရှင်ဘဒ္ဒိယ** တို့သည်။
ဒိဋ္ဌဓမ္မာ၊ မြင်အပ်ပြီးသော သစ္စာလေးပါးတရား ရှိကုန်သည်။
ပေ။
အဝေါစုံ။
(ကိံ?)။
**"ဘန္တေ။
မယံ၊ တို့သည်။
ပေ။
လဘေယျာမ၊ ရလိုပါကုန်၏။
ဝါ၊ ရကြပါရစေ"**
ဣတိ၊ ဤသို့ လျှောက်ကုန်ပြီ။
**"ဘိက္ခဝေါ၊ ဘိက္ခုတို့။
ဧထ၊ လာကြကုန်လော့။
ပေ။
စရထ၊ ကုန်လော့။"**
ဣတိ ဘဂဝါ အဝေါစ။
သာဝ၊ ထို **"ဧထ ဘိက္ခဝေါ"** ဟူသော စကားတော်သည်ပင်။
တေသံ အာယသ္မန္တာနံ၊ ထို **အရှင်ဝပ္ပ, အရှင်ဘဒ္ဒိယ** တို့၏။
ဥပသမ္ပဒါ အဟောသိ။
အထ ခေါ၊ ၌။
(အရှင်ဝပ္ပ နှင့် အရှင်ဘဒ္ဒိယ တို့ ဧဟိဘိက္ခု ဖြစ်ပြီးရာ ထိုအခါမှနောက်၌။)
ဘဂဝါ။
တဒဝသေသေ၊ ထို **အရှင်အညာသိကောဏ္ဍည, အရှင်ဝပ္ပ, အရှင်ဘဒ္ဒိယ** တို့မှ ကြွင်းသော။
ဘိက္ခူ၊ တို့ကို။
နီဟာရဘတ္တော၊ ဆောင်အပ်သောဆွမ်းရှိတော်မူသည်။
(ဟုတွာ၊ ၍။)
[ဆွမ်းခံကြွတော်မမူဘဲ **အရှင်ကောဏ္ဍည** စသောရဟန်းတို့ ဆောင်းပေးအပ်သော ဆွမ်းရှိတော်မူသည်၊ ဟူလို။
နီဟာရဘတ္တောတိနီဟဋဘတ္တော၊- ဋီကာ။]
ဓမ္မိယာ။
ပေ။
အနုသာသိ။
ယံ၊ အကြင် ဆွမ်းကို။
တယော၊ သုံးပါးကုန်သော။
ဘိက္ခူ၊ တို့သည်။
(အရှင်ကောဏ္ဍည, အရှင်ဝပ္ပ, အရှင်ဘဒ္ဒိယ ရဟန်းတို့သည်။)
ပိဏ္ဍာယ၊ ဆွမ်းအလို့ငှာ။
စရိတွာ၊ လှည့်လည်၍။
အာဟရန္တိ၊ ဆောင်ကုန်၏။
တေန၊ ထို ဆွမ်းဖြင့်။
ဆဗ္ဗဂ္ဂေါ၊ ခြောက်ပါးသော အစုသည်။
(ဘုရားရှင်နှင့်တကွ ခြောက်ပါးသော အစုသည်။)
ယာပေတိ၊ ရှည်သောကာလသို့ရောက်စေ၏။
ဝါ၊ မျှတ၏။
[ဤဝါကျတို့ဖြင့် "နီဟဋဘတ္တော။ ပေ။ အနုသာသိ" ကို ထပ်၍ ဖွင့်သည်။ "အထ ခေါ အာယသ္မတော မဟာနာမဿ စ" စသောဝါကျတို့ အနက်လွယ်ပြီ။]အမှာ။ ။ ပါဠိတော် အလိုအားဖြင့် အရှင်ဝပ္ပ နှင့် အရှင်ဘဒ္ဒိယ တို့သည်တစ်နေ့တည်း၌ အတူလည်းကောင်း, အရှင်မဟာနာမ နှင့် အရှင်အဿဇိ တို့သည်တစ်နေ့တည်း၌ အတူလည်းကောင်း သောတာပတ္တိဖိုလ်၌ တည်တော်မူကြသည်ဟုထင်ရသော်လည်း အဋ္ဌကထာ၌ကား "ဝါဆိုလပြည့်နေ့၌ အရှင်ကောဏ္ဍည, လပြည့်ကျော်တစ်ရက်နေ့၌ အရှင်ဝပ္ပ, နှစ်ရက်နေ့၌ အရှင်ဘဒ္ဒိယ, သုံးရက်နေ့၌ အရှင်မဟာနာမ, လေးရက်နေ့၌ အရှင်အဿဇိ ဤသို့ အစဥ်အတိုင်း သောတာပတ္တိဖိုလ်၌ တည်တော်မူကြသည်လို့ မှတ်ပါ" ဟု မိန့်သည်၊ ဝါဆိုလပြည့်ကျော် ငါးရက်နေ့၌ အနတ္တလက္ခဏသုတ်တော်ကို နာယူ၍ ငါးပါးလုံး ရဟန္တာ ဖြစ်တော်မူကြသည်။
အထ ခေါ။
ပေ။
အာမန္တေသိ (ကိံ?)။
ဘိက္ခဝေ။
ရူပံ၊ ရုပ်သည်။
အနတ္တာ၊ အတ္တမဟုတ်။
ဘိက္ခဝေ။
ဣဒံ ရူပံ၊ ဤရုပ်သည်။
အတ္တာ၊ အတ္တသည်။
စ အဘဝိဿ၊ အကယ်၍ ဖြစ်အံ့။
["စေ" နှင့် အနက်တူသော "စ" နိပါတ်။]
(ဧဝံသတိ)။
ဣဒံ ရူပံ၊ သည်။
အာဗာဓာယ၊ အနာရောဂါအကျိုးငှာ။
(မကျန်းမမာ ဖျားနာခြင်းငှာ။)
န သံဝတ္တေယျ၊ မဖြစ်ရာ။
ရူပေ၊ ရုပ်၌။
မေ၊ ငါ၏။
ရူပံ၊ သည်။
**"ဧဝံ၊ ဤသို့။
(သည်ပုံသည်နည်း။)
ဟောတု၊ ဖြစ်ပါစေ။
မေ၊ ၏။
ရူပံ၊ သည်။
ဧဝံ၊ သို့။
မာ အဟောသိ၊ မဖြစ်ပါစေနှင့်"**
ဣတိ၊ ဤသို့ တောင့်တခြင်းကို။
လဗ္ဘေထ စ၊ ရလည်း ရအပ်ရာ၏။
စ ခေါ၊ အနွယကား။
ဝါ၊ စင်စစ်ကား။
ဘိက္ခဝေ။
ယသ္မာ၊ အကြင်ကြောင့်။
ရူပံ၊ သည်။
အနတ္တာ၊ အတ္တမဟုတ်။
တသ္မာ၊ ကြောင့်။
ရူပံ၊ သည်။
အာဗာဓာယ၊ ငှာ။
သံဝတ္တတိ၊ ၏။
ရူပေ၊ ၌။
**"မေ၊ ၏။
ရူပံ၊ သည်။
ဧဝံ၊ သို့။
ဟောတု၊ စေ။
မေ၊ ၏။
ရူပံ။
ဧဝံ။
မာ အဟောသိ၊ စေနှင့်"** ။
ဣတိ၊ ဤသို့ တောင့်တခြင်းကို။
န စ လဗ္ဘတိ၊ ရလည်း မရအပ်။
[နောက်ဝါကျများ၌ ဤသို့ အပြည့်အစုံ ပေးပါ။
**"ဝေဒနာ၊ ဝေဒနာသည်။
ဣဒံ (အယံ) ဝေဒနာ၊ ဤ ဝေဒနာသည်။
သညာ၊ သည်။
ဣဒံ(အယံ) သညာ၊ သည်။
သင်္ခါရာ၊ သင်္ခါရတို့သည်။
အနတ္တာ၊ အတ္တမဟုတ်ကုန်။
ဣဒံ(ဣမေ) သင်္ခါရာ၊ တို့သည်။
ဝိညာဏံ၊ ဝိညာဉ်သည်။
ဣဒံ ဝိညာဏံ၊ သည်"** ဟု အနက်ပေးပါ၊- လွယ်ပြီ။]
ဘိက္ခဝေ၊ တို့။
တံ၊ ထို မိန့်တော်မူအပ်လတ္တံ့သော စကားကို။
ကိံမညထ၊ အဘယ်သို့ မှတ်ထင်ကြကုန်သနည်း?။
ရူပံ၊ သည်။
နိစ္စံ ဝါ၊ နိစ္စလော?။
(မြဲသလော?၊)
အနိစ္စံ ဝါ၊ အနိစ္စလော?။
(မမြဲဘူးလော?။)
ဣတိ၊ ဤသို့ မေးတော်မူပြီ။
ဘန္တေ၊ မြတ််စွာဘုရား။
အနိစ္စံ၊ အနိစ္စပါတည်း။
(ဣတိ၊ ဤသို့ လျှောက်ကြကုန်ပြီ။)
ယံ ပန၊ အကြင် ရုပ်သည်ကား။
အနိစ္စံ၊ အနိစ္စဖြစ်၏။
တံ၊ ထို အနိစ္စဖြစ်သော ရုပ်သည်။
ဒုက္ခံ ဝါ၊ ဒုက္ခလော?။
သုခံ ဝါ၊ သုခလော?။
ဣတိ၊ ဤသို့မေးတော်မူပြီ။
ဘန္တေ။
ဒုက္ခံ၊ ပါတည်း။
(ဣတိ၊ ဤသို့ လျှောက်ကြကုန်ပြီ။)
ယံ ပန၊ အကြင် ရုပ်သည်ကား။
အနိစ္စံ၊ အနိစ္စဖြစ်၏။
ဒုက္ခံ၊ ဒုက္ခဖြစ်၏။
ဝိပရိဏာမဓမ္မံ၊ ဇရာ, မရဏအားဖြင့် ဖောက်ပြန်ခြင်းသဘော ရှိ၏။
တံ၊ အနိစ္စ, ဒုက္ခ, ဝိပရိဏာမဓမ္မဖြစ်သော ထို ရုပ်ကို။
(သမနုဿိတုံ၌ စပ်။)
**"ဧတံ
မတံ မမံ။ ။ စာအုပ်တို့၌ "မမ" ဟု တွေ့ရ၏၊ သို့သော် အောက်ပါအဖွင့်ကို ထောက်၍ "မမံ" သည်သာ ပါဌ်မှန်ဖြစ်သည်၊ [မမ+ သန္တကန္တိ ကတွာ "မမံ" တိ၊- ဒီဃနိကာယ်, သတိပဋ္ဌာနသုတ်ဋီကာ၊] "မမ+ ဣဒံ မမံ" ဟု ပြု၊ ဒိဿန္တညေပိ ပစ္စယာသုတ်ဖြင့် အမှသဒ္ဒါနောင် ဣဒံအနက်၌ ဏပစ္စည်း၊ တဒမိနာဒီနာသုတ်ဖြင့်အမှကို "မမ" ပြု, ဏ်အနုဗန်ချေ၊ မ- ကို နောက် အ- သို့ ကပ်၍ "မမ" ဖြစ်သောအခါနာမ်ငဲ့, သိသက်၍ အံပြုလျှင် "မမံ" ဟု ဖြစ်သည်။ [မောဂ္ဂလ္လာန်နိဿယသစ်, ဏာဒိကဏ္ဍ ၃၃- သုတ်။]
၊ ဤ ရုပ်သည်။
မမံ၊ ငါ၏ ဥစ္စာတည်း။
ဧသော၊ ဤ ရုပ်သည်။
အဟံ၊ ငါသည်။
အသ္မိ၊ ဖြစ်၏။
ဧသော၊ သည်။
မေ၊ ၏။
အတ္တာ၊ အတ္တတည်း။"**
ဣတိ၊ သို့။
သမနုပဿိတုံ၊ တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် အဖန်ဖန် ရှုခြင်းငှာ။
ကလ္လံ နု၊ သင့်လျော်သလော။
(ဣတိ၊ ဤသို့ မေးတော်မူပြီ။)
ဘန္တေ၊ ရား။
ဧတံ၊ ဤသို့ ရှုခြင်းသည်။
နောဟိ၊ မသင့်လျော်ပါ။
(ဣတိ၊ ဤသို့ လျှောက်ကြကုန်ပြီ။)
[နောက်နောက်ဝါကျတို့၌ဤသို့ အပြည့်အစုံ ပေးပါ။
**"သင်္ခါရာ၊ တို့သည်။
အနိစ္စာ ဝါ၊ အနိစ္စတို့လော။
ယံ၊ အကြင် သင်္ခါရအစုသည်။
အနိစ္စံ၊ အနိစ္စဖြစ်၏"** စသည် ဆိုပါ။]
ဘိက္ခဝေ။
တသ္မာ၊ ကြောင့်။
(ထိုသို့ ခန္ဓာငါးပါး၏ အနိစ္စ, ဒုက္ခ, အနတ္တ၏ အဖြစ်ကြောင့်။)
အတီတာနာဂတပစ္စုပ္ပန္နံ၊ အတိတ်, အနာဂတ်, ပစ္စုပ္ပန်ဖြစ်သော။
အဇ္ဈတ္တံ ဝါ၊ အဇ္ဈတ္တမူလည်းဖြစ်သော။
(မိမိသန္တာန် ဖြစ်သည်မူလည်းဖြစ်သော။)
ဗဟိဒ္ဓါ ဝါ၊ ဗဟိဒ္ဓမူလည်းဖြစ်သော။
(သူတစ်ပါးသန္တာန်၌ ဖြစ်သည်မူလည်းဖြစ်သော။)
ဩဠာရိကံ ဝါ၊ ဩဠာရိကမူလည်းဖြစ်သော။
(ပေါ်လွင်ထင်ရှားသည်မူလည်းဖြစ်သော။)
သုခုမံ ဝါ၊ သုခုမမူလည်းဖြစ်သော။
(သိမ်မွေ့နူးညံ့သည်မူလည်းဖြစ်သော။)
ဟီနံ ဝါ၊ ဟီနမူလည်းဖြစ်သော။
(ဟုတ်နိမ့်သည်မူလည်းဖြစ်သော။)
ပဏီတံ ဝါ၊ ပဏီတမူလည်းဖြစ်သော။
(မွန်မြတ်သည်မူလည်းဖြစ်သော။)
ယံကိဉ္စိ၊ အကြင် အမှတ်မရှိ အလုံးစုံသော။
ရူပံ၊ ရုပ်သည်လည်းကောင်း။
ဒူရေ၊ ဒူရမူလည်း ဖြစ်သော။
(ဝေးသည်မူလည်းဖြစ်သော။)
သန္တိကေ ဝါ၊ သန္တိကမူလည်းဖြစ်သော။
(နီးသည်မူလည်းဖြစ်သော။)
ယံ၊ အကြင် ရုပ်သည်လည်းကောင်း။
(အတ္ထိ)။
[သျာမမူ၌ "ယံ ဒုရေ ဝါ သန္တိကေ ဝါ" ဟု ရှိ၏။]
သဗ္ဗံ
သဗ္ဗံ ရူပံ။ ။ စာအုပ်တို့၌ "သန္တိကေ ဝါ" ၏ နောက်ဝယ် "သဗ္ဗံ ရူပံ" ဟုရှိ၏၊ သို့သော် အောက်ပါဋီကာကို ထောက်လျှင် "သဗ္ဗံ ရူပံ" ၏ နေရာဝယ် "တံသဗ္ဗံ" ဟု ရှိသင့်မည် ထင်ပါသည်၊ "သဗ္ဗံ- သော၊ တံ ဧတံ ("ဧဝမေတံ"** မှ "ဧတံ" ကိုယူသည်၊) ထိုကဲ့သို့ အတိတ်စသောအားဖြင့် ညွှန်ပြအပ်သော ဤရုပ်ကို (ဒဋ္ဌဗ္ဗံ၌စပ်၊) ဟု ပေးပါ။[တံ သဗ္ဗန္တိ တံ အတီတာဒီဟိ ပဒေဟိ ဝိသုံ နိဒ္ဒိဋ္ဌံ သဗ္ဗံ ရူပံ၊- ဋီကာ။]
၊ သော။
ဧတံ ရူပံ၊ ဤရုပ်ကို။
(ဒဋ္ဌဗ္ဗံ၌ စပ်။)
["ဧဝမေတံ ယထာဘူတံ" မှ "ဧတံ" ကို ယူ၍ အနက်ပေးသည်။]
ဧတံ၊ ဤ ရုပ်သည်။
မမ၊ ငါ၏ ဥစ္စာသည်။
န၊ မဟုတ်။
ဧသော၊ ဤရုပ်သည်။
အဟံ၊ ငါသည်။
န အသ္မိ၊ မဟုတ်။
ဧသော၊ သည်။
မေ၊ ၏။
အတ္တာ၊ အတ္တသည်။
န၊ မဟုတ်။
ဣတိ ဧဝံ၊ သို့။
ယထာဘူတံ၊ အကြင်အကြင်ထင်ရှားရှိသည့်အတိုင်း။
(မဖောက်မပြန် ဟုတ်မှန်စွာ။)
သမ္မာ၊ ကောင်းစွာ။
ပညာယ၊ ဝိပဿနာပညာ, မဂ်ပညာဖြင့်။
ဒဋ္ဌဗ္ဗံ၊ ရှုမှတ်ထိုက်၏။
(ရှုမှတ်ပါလော့။)
["ယာကာစိ ဝေဒနာ" စသော ဝါကျတို့၌ ဤသို့ အပြည့်အစုံ ပေးပါ။
**"သဗ္ဗာ၊ အလုံးစုံသော။
ဧတံ (ဧသာ) ဝေဒနာ၊ ဤ ဝေဒနာကို။
ပေ။
သဗ္ဗေ၊ ကုန်သော။
ဧတံ(ဧတေ) သင်္ခါရာ၊ တို့ကို"** စသည် ဆိုပါ။
ဧဝမေတံ ယထာဘူတံမှ ဧတံကို ယူ၍ လိင်အား လျော်စွာ ပြင်ပေးပါသည်။
လွယ်ပြီ။ ]
ဘိက္ခဝေ၊ တို့။
ဧဝံ၊ ဤသို့။
ပဿံ၊ ရှုသော။
သုတဝါ၊ ကြားနာအပ်, သိအပ်ပြီးသော အာဂမ, အဓိဂမ ရှိသော။
အရိယသာဝကော၊ အရိယသာဝကသည်။
(အရိယာ ဖြစ်တော်မူသော ဘုရားရှင်၏ သာဝကသည်။)
ရူပသ္မိမ္ပိ၊ ရုပ်၌လည်း။)
နိဗ္ဗန္ဒတိ၊ ငြီးငွေ့၏။
(ငြီးငွေ့ကြောင်း ဝုဋ္ဌာနဂါမိနီဝိပဿနာဉာဏ်ကို ရ၏။)
ဝေဒနာယပိ၊ ဝေဒနာ၌လည်း။
နိဗ္ဗန္ဒတိ။
ပေ။
နိဗ္ဗန္ဒံ၊ ငြီးငွေ့လသော်။
ဝိရဇ္ဇတိ၊ မတပ်မက်, မနှစ်သက်တော့။
(မတပ်မက်, မနှစ်သက်ကြောင်း မဂ်ဉာဏ်ကို ရ၏၊ ဟူလို။)
ဝိရာဂါ၊ မတပ်မက်, မနှစ်သက်ခြင်းကြောင့်။
ဝိမုစ္စတိ၊ အာသဝေါတို့မှ လွတ်မြောက်၏။
[အာသဝေါတို့မှ လွတ်မြောက်ကြောင်း ဖိုလ်ဉာဏ်ကို ရ၏၊ ဟူလို။]
ဝိမုတ္တသ္မိံ၊ အာသဝေါတို့မှ လွတ်မြောက်ပြီးလသော်။
(မေ၊ ငါ၏။
စိတ္တံ၊ သည်။)
ဝိမုတ္တံ၊ အာသဝေါတို့မှ လွတ်မြောက်ပြီ။
ဣတိ၊ ဤသို့။
ဉာဏံ၊ သိတတ်သော ပစ္စဝေက္ခဏာဉာဏ်သည်။
ဟောတိ၊ ဖြစ်၏။
[ထို ပစ္စဝေက္ခဏဉာဏ်၏ဖြစ်ရာ အာရုံကို ပြလို၍ ခီဏာ ဇာတိ အစရှိသောစကားကို မိန့်တော်မူသည်။]
**"ဇာတိ၊ ပဋိသန္ဓေ တည်နေရခြင်းသည်။
ခီဏာ၊ ကုန်ပြီ။
ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ဟူသော မဂ္ဂဗြဟ္မစရိယကို။
ဝုသိတံ၊ ကျင့်သုံးအပ်ပြီ။
ကရဏီယံ၊ ပြုသင့်ပြုထိုက်သော တစ်ဆယ့်ခြောက်ပါးသောမဂ်ကိစ္စကိို။
ကတံ၊ ပြုအပ်ပြီ။
ဣတ္ထတ္တာယ၊ တစ်ဆင့်ခြောက်ပါး ဤသို့ပြားသောမဂ်ကိစ္စတို့၏ ဖြစ်ကြောင်းဖြစ်ရာ နောက်ထပ်မဂ်ကိစ္စ အကျိုးငှာ။
အပရံ၊ တစ်ပါးသော မဂ်ကို ဖြစ်စေဖွယ် ကိစ္စသည်။
န၊ မရှိတော့။
ဣတိ၊ သို့။
ပဇာနာတိ၊ ခွဲခွဲခြားခြား အပြားအားဖြင့် သိ၏။"**
ဣတိ (အာမန္တေသိ)။
["ဣတ္ထတ္တာယ" ၌ဤဋီကာတို့ ဖွင့်သည့်အတိုင်း အနက်အမျိုးမျိုးကို သီလက္ခန်ပါဠိတော်နိဿယသာမညဖလသုတ် အာသဝက္ခယဉာဏကထာ၌ ရေးခဲ့ပြီ။]
ဘဂဝါ၊ သည်။
ဣဒံ၊ ဤစကားတော်ကို။
(ရူပံ ဘိက္ခဝေ အနတ္တာအစ, နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတိ အဆုံးရှိိသော စကားတော်ကို။)
အဝေါစ၊ ပြီ။
ပဉ္စဝဂ္ဂိယာ။
ပေ။
ဘာသိတံ၊ ဟောတော်မူအပ်သော တရားတော်ကို။
(အနတ္တလက္ခဏသုတ်တော်ကို။)
အဘိနန္ဒုံ၊ ကုန်ပြီ။
ဣတိ၊ ဤ အနတ္တလက္ခဏသုတ်တော်အပြီးတည်း။
ဣမသ္မိံ ဝေယျာကရဏသ္မိံ၊ ကို။
ဘညမာနေ၊ အပ်သော်။
ပဉ္စဝဂ္ဂိယာနံ။
ဘိက္ခူနံ၊ တို့၏။
(စိတ္တာနိ၌ စပ်။)
အနုပါဒါယ၊ တစ်စုံတစ်ခုသော သင်္ခတတရားကိုတဏှာ, ဒိဋ္ဌိတို့ဖြင့် ငါ, ငါ့ဥစ္စာဟု မယူမူ၍။
အာသဝေဟိ၊ အာသဝေါတို့မှ။
စိတ္တာနိ၊ တို့သည်။
ဝိမုစိံသု၊ လွတ်ကုန်ပြီ။
["အနုပါဒါယ အာသဝေဟိ ဝိမုစ္စိံသု" ၌ သာရတ္ထဝယ် ဝေရဉ္ဇကဏ္ဍဋ္ဌကထာအတိုင်း ဖွင့်ပြထား၏။ ဤ၌ကား ဝေရဉ္ဇကဏ္ဍဝယ် ဝိမတိ တစ်နည်း ဖွင့်ပြခဲ့သည့်အတိုင်း အနက်ပေးထားပါသည်။ အကျယ်ကို ပါရာဇိကဏ်ဘာသာဋီကာ, ဒုတိယအုပ်, ဝေရဉ္ဇကဏ္ဍ၌ ကြည့်ပါ။]
တေန ခေါ ပန သမယေန၊ ၌။
လောကေ၊ လူ့လောက၌။
ဆ၊ ခြောက်ပါးကုန်သော။
အရဟန္တော၊ ရဟန္တာပုဂ္ဂိုလ်တို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
[ဘုရားရှင်နှင့်ပဉ္စဝဂ္ဂီ ငါးဦးပေါင်းလျှင် ခြောက်ပါးဖြစ်သည်။]
အမှာ။ ။ ဤ အနတ္တလက္ခဏသုတ်တော်သည် အနက် အဓိပ္ပာယ်လွန်စွာ သိမ်မွေ့ လေးနက်လှ၏၊ ဋီကာ၌ "ရုပ်နာမ်တို့၏ အနိစ္စ စသည် ဖြစ်ပုံ၊ အတိတ်, အနာဂတ်, ပစ္စုပ္ပန်ဖြစ်ပုံ၊ အဇ္ဈတ္တ, ဗဟိဒ္ဓဖြစ်ပုံ" စသည်တို့ကို ကျယ်ဝန်းစွာဖွင့်ပြထား၏၊ ထို့ကြောင့် ဋီကာကို ကြည့်၍ မိမိသန္တာန်ဝယ် အနိစ္စ, ဒုက္ခ, အနတ္တကို ထင်မြင်အောင် ရှုနိုင်သော ဝိပဿနာဉာဏ် ဖြစ်အောင် ကြိုးစားနိုင်ကြပါစေသတည်း။