Issues
Select Version
元亨寺·CBETA
中文
နိဿယ-2
မြန်မာဘာသာ
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

28. Aṅgulimālacoravatthu

Author: နိဿယ-2 @ IAPT

တေန ခေါ။ ပေ။ အင်္ဂုလိမာလော၊ **အင်္ဂုလိမာလ** မည်သော။ စောရော၊ သူပုန်သည်။ ဘိက္ခူသု ပဗ္ဗဇိတော ဟောတိ။
မနုဿာ။ ပဿိတွာ၊ (**အရှင်အင်္ဂုလိမာလ** ကို) မြင်၍။ ဥဗ္ဗိဇ္ဇန္တိပိ၊ တစ်ချို့လည်း ထိတ်ကြကုန်၏။ (ကိုယ်တုန်လှုပ်ကြကုန်၏။) ဥတ္တသန္တိပိ၊ တစ်ချို့လည်း လန့်ကြကုန်၏။ ပလာယန္တိပိ၊ တစ်ချို့လည်း ထွက်ပြေးကြကုန်၏။ အညေနပိ၊ **အရှင်အင်္ဂုလိမာလ** ရှိရာ လမ်းမှအခြားသော လမ်းဖြင့်လည်း။ ဂစ္ဆန္တိ၊ ကုန်၏။ တစ်နည်း။ အညေနပိ ဂစ္ဆန္တိ၊ လမ်းလွှဲ၍လည်း သွားကြကုန်၏။ အညေနပိ၊ **အရှင်အင်္ဂုလိမာလ** ရှိရာဘက်မှအခြားသောဘက်ဖြင့်လည်း။ မုခံ၊ မျက်နှာကို။ ကရောန္တိ၊ ပြုကြကုန်၏။ တစ်နည်း။ အညေနပိ မုခံ ကရောန္တိ၊ မျက်နှာလည်း လွှဲ၍ နေကြကုန်၏။ [ပြေးလည်းမပြေးသာ, လမ်းလွှဲ၍လည်း မသွားသာသောကြောင့် မျက်နှာလွှဲ၍ နေကြကုန်၏။] ဒွါရမ္ပိ၊ တံခါးကိုလည်း။ ထကေန္တိ၊ ပိတ်ကြကုန်၏။ [အိမ်ထဲ နေသူတို့က တံခါးပိတ်ထားကြ၏။]
မနုဿာ။ ပေ။
**"ဓဇဗန္ဓံ၊ အလံကို ဖွဲ့ချည်ခြင်းရှိသူနှင့် တူသော။ ဝါ၊ အလံ စိုက်ထားသကဲ့သို့ ထင်ရှားသော။ စောရံ၊ တောပုန်း ဓားပြ သူပုန်ကို။ ပဗ္ဗာဇေဿန္တိ။"** ပေ။