တေန ခေါ ပန သမယေန၊ ၌။
ဘိက္ခူ၊ တို့သည်။
အနုပဇ္ဈာယကာ၊ ဥပစ္ဈာယ် မရှိကုန်သည်။
အနာစရိယကာ၊ ဆရာ မရှိကုန်သည်။
အနောဝဒိယမာနာ၊ မဆုံးမအပ်ကုန်သည်။
(အဆုံးအမ မခံရကုန်သည်။)
အနနုသာသိယမာနာ၊ မသွန်သင်အပ်ကုန်သည်။
(သွန်သင်လမ်းပြ မခံရကုန်သည်။
ဟုတွာ။)
ဒုန္နိဝတ္ထာ၊ မကောင်းသဖြင့် ဝတ်အပ်သော သင်းပိုင်ရှိကုန်သည်။
ဒုပ္ပာရုတာ၊ မကောင်းသဖြင့်ရမ်းအပ်, ရုံအပ်သော ဧကသီ ရှိကုန်သည်။
အနာကပ္ပသမ္ပန္နာ၊ ရဟန်းတို့၏သွားပုံ စသော အမူအရာနှင့် မပြည့်စုံကုန်သည်။
(ဟုတွာ)။
ပိဏ္ဍာယ စရန္တိ။
မနုဿာနံ၊ တို့၏။
ဝါ၊ တို့သည်။
ဘုဉ္ဇမာနာနံ၊ စားနေကုန်စဉ်။
ဥပရိဘောဇနေပိ၊ ဘောဇဉ်၏ အထက်၌လည်း။
(ထမင်းပွဲ၏ အထက်၌လည်း။)
ဥတ္တိဋ္ဌပတ္တံ၊ ဆွမ်းခံဖို့ရာ ယူလာအပ်သော သပိတ်ကို။
ဝါ၊ စားကြွင်း ရှိသည်ဟု လူတို့ ထင်မှတ်အပ်သော သပိတ်ကို။
ဥပနာမေန္တိ၊ ကပ်၍ ညွှတ်စေကြကုန်၏။
တစ်နည်း။
ဥပရိဘောဇနေပိ၊ ၌လည်း။
ဥတ္တိဋ္ဌ၊ ဆွမ်းကို ရည်မှတ် ရပ်ပြီး၍။
ပတ္တံ၊ ကို။
ဥပနာမေန္တိ။
[နောက်နောက် ဝါကျတို့၌ နည်းတူပေးပါ။]
ဥပရိခါဒနီယေပိ၊ ခဲဖွယ်၏ အထက်၌လည်း။
ပေ။
ဥပရိသာယနီယေပိ၊ သာယာဖွယ်(လျက်ဖွယ်) ၏ အထက်၌လည်း။
ပေ။
ဥပရိပါနိယေပိ၊ သောက်ဖွယ်၏ အထက်၌လည်း။
ပေ။
သာမံ၊ ကိုယ်တိုင်။
သူပမ္ပိ၊ ဟင်းကိုလည်းကောင်း။
ဩဒနမ္ပိ၊ ဆွမ်းကိုလည်းကောင်း။
ဝိညာပေတွာ၊ မိမိအလိုရှိကြောင်းကို သိစေ၍။
(တောင်း၍။)
ဘုဉ္ဇန္တိ၊ စားကုန်၏။
ဘတ္တဂ္ဂေပိ၊ ဆွမ်းစားကျောင်း၌လည်း။
ဥစ္စာသဒ္ဒါ၊ အထက်သို့ မြင့်တက်သော အသံရှိကုန်သည်။
မဟာသဒ္ဒါ၊ ဘေးသို့ ကျယ်ပြန့်သောအသံရှိကုန်သည်။
(ဟုတွာ)။
ဝိဟရန္တိ။
မနုဿာဥဇ္ဈာယန္တိ။
ပေ။
(ကိံ?)၊
**"ကထံ ဟိ
ကထံ ဟိ နာမ။ ။ ကထံ ဟိ နာမနှင့် ယှဉ်ရာ၌ အတိတ်အနက်ဝယ်အနာဂတ်ဝိဘတ် သက်ရပုံကို ပါရာဇိကဏ်ဘာသာဋီကာ, ဒုတိယအုပ်, စာမျက်နှာ(၁၄၅) ၌လည်းကောင်း, ကြိယာပုဒ်ကို နာမသဒ္ဒါနှင့် တွဲ၍ အနက်ပေးပုံကို စာမျက်နှာ(၂၇၅)၌လည်းကောင်း ပြထားပြီ၊ မြန်မာများကလည်း ဤသို့ ကဲ့ရဲ့ရာဝယ် အတိတ်ပင်ဖြစ်သော်လည်း အနာဂတ် စကားလုံးဖြင့် သုံးကြ၏၊ ဥပမာ- "သူတို့ ဘာပြုလို့အချိန်မတော် သွားကြပါလိမ့်?, သူ ငါမသိဘဲ ဘာပြုလို့ စားပါလိမ့်" စသည်တည်း၊ ထို "လိမ့်" ဟူသော စကားသည် အတိတ်၌ သုံးထားအပ်သော စကားတည်း။
၊ အဘယ့်ကြောင့်။
သကျပုတ္တိယာ။
သမဏော၊ တို့သည်။
ပေ။
စရိဿန္တိ နာမ၊ လှည့်လည်ကြကုန် သနည်း?။
မနုဿာနံ။
ပေ။
ဥပနာမေဿန္တိ နာမ၊ ညွှတ်စေကြကုန်သနည်း။
သာမံ။
ပေ။
ဘုဉ္ဇိဿန္တိနာမ၊ စားကြရကုန်သနည်း။
ဘတ္တဂ္ဂေပိ။
ပေ။
ဝိဟရိဿန္တိ နာမ၊ နေကြရကုန်သနည်း?။
ဗြာဟ္မဏဘောဇနေ၊ ဗြာဟ္မဏတို့ကို ထမင်းကျွေးရာ အရပ်၌။
ဗြဟ္မဏာသေယျထာပိ၊ ဗြာဟ္မဏာတို့ကဲ့သို့ပါတကား။"**
ဣတိ၊ ဤသို့ ကဲ့ရဲ့ ရှုံချအပြစ်ကိုကျယ်ပြန့်စေကြကုန်၏။
ဘိက္ခူ၊ တို့သည်။
ဥဇ္ဈာယန္တာနံ၊ ကုန်သော။
ပေ။
တေသံ မနုဿာနံ၊ တို့၏။
(ဝစနံ၊ ကို။)
အဿောသုံ။
ယေ တေ ဘိက္ခူ၊ အကြင် ရဟန်းတို့သည်။
အပ္ပိစ္ဆာ၊ ပစ္စည်းလေးပါးတို့၌ နည်းသော အလိုရှိကုန်၏။
ဝါ၊ အလိုမရှိကုန်။
သန္တုဋ္ဌာ၊ ပစ္စည်းလေးပါးတို့၌ နှစ်သက်ရောင့်ရဲကုန်၏။
လဇ္ဇိနော၊ မကောင်းမှုမှ ရှက်ခြင်းရှိကုန်၏။
ကုက္ကုစ္စကာ၊ ဝိနယကုက္ကုစ္စ ရှိကုန်၏။
သိက္ခာကာမာ၊ သိက္ခာသုံးပါးကိုလိုလားကုန်၏။
တေ၊ ထို ရဟန်းတို့သည်။
ဥဇ္ဈာယန္တိ။
ပေ။
ကထံ ဟိ၊ ကြောင့်။
ပေ။
ဝိဟရိဿန္တိ နာမ၊ ကုန်သနည်း?။
ဣတိ၊ ကုန်၏။
ပေ။
အာရောစေသုံ၊ လျှောက်ကြကုန်ပြီ။
အထ ခေါ၊ ၌။
ဘဂဝါ၊ သည်။
ဧတသ္မိံ နိဒါနေ၊ ဤ အကြောင်းကြောင့်။
ဧတသ္မိံ ပကရဏေ၊ ဤ အရာကြောင့်။
(ရဟန်းတို့၏ ဒုန္နိဝတ္ထ, ဒုပ္ပာရုတ, အနာကပ္ပသမ္ပန္န ဖြစ်လျက် ဆွမ်းခံလှည့်လည်ခြင်းစသော ဤ အကြောင်းအရာကြောင့်။)
ဘိက္ခူသံဃံ၊ ရဟန်းအပေါင်းကို။
သန္နိပါတာပေတွာ၊ အတူတကွ ပေါင်းဆုံကျရောက်စေပြီး၍။
ဝါ၊ စည်းဝေးစေပြီး၍။
ဘိက္ခူ၊ တို့ကို။
ပဋိပုစ္ဆိ၊ မေးတော်မူပြီ။
(ကိံ?)။
**"ဘိက္ခဝေ၊ ဘိက္ခုတို့။
ဘိက္ခူ၊ တို့သည်။
ဒုန္နိဝတ္ထာ။
ပေ။
စရန္တိ ကိရ၊ လှည့်လည်ကုန်သတဲ့ဟု ကြားရသည်ကား။
သစ္စံ၊ မှန်သလော။
မနုဿာနံ။
ပေ။
ဥပနာမေန္တိ ကိရ၊ ညွတ်စေကြကုန်သတဲ့ဟု ကြားရသည်ကား။
သစ္စံ၊ လော?။
သာမံ။
ပေ။
ဘုဉ္ဇန္တိ ကိရ၊ စားကြကုန်သတဲ့ဟု ကြားရသည်ကား။
သစ္စံ၊ လော?။
ဘတ္တဂ္ဂေပိ။
ပေ။
ဝိဟရန္တိ ကိရ၊ နေကြကုန်သတဲ့ဟု ကြားရသည်ကား သစ္စံ- လော?။"**
ဣတိ၊ ဤသို့ မေးတော်မူပြီ။
**"ဘဂဝါ၊ မြတ်စွာဘုရား။
သစ္စံ၊ မှန်ပါ၏။"**
ဣတိ၊ ဤသို့ လျှောက်ကုန်ပြီ။
ဗုဒ္ဓေါ၊ သော။
ဘဂဝါ၊ သည်။
ဝိဂရဟိ၊ ကဲ့ရဲ့တော်မူပြီ။
(ကိံ?)။
**"ဘိက္ခဝေ၊ တို့။
မောဃပုရိသာနံ၊ ဈာန် မဂ် ဖိုလ် မမှီး အချည်းနှီးသော ယောက်ျားဖြစ်ကုန်သော။
တေသံ၊ ထို ရဟန်းတို့၏။
(ကမ္မံ၊ အလုပ်သည်။)
အနနုစ္ဆဝိကံ၊ ရဟန်းအဖြစ်ကို ပြုတတ်သော ဟိရီ ဩတ္တပ္ပ အစရှိသောတရား, မဂ် ဖိုလ် နိဗ္ဗာန်သာသနာတော်တို့၏ အရိပ်အရောင်ဖြစ်သော သုန္ဒရတာဂုဏ်သို့ အစဉ်မလိုက်။
ဝါ၊ မလျောက်ပတ်။
(အနနုစ္ဆဝိကတ္တာ၊ ကြောင့်။)
အနနုလောမိကံ၊ ရဟန်းအဖြစ်ကိုပြုတတ်သော ဟိရီဩတ်တပ္ပအစရှိသောတရား, မဂ် ဖိုလ် နိဗ္ဗာန် သာသနာတော်တို့အား လျော်စွာ မဖြစ်။
ဝါ၊ မလျော်။
(အနနုလောမိကတ္တာ၊ ကြောင့်။)
အပ္ပဋိရူပံ၊ ရဟန်းအဖြစ်ကို ပြုတတ်သော ဟိရီ ဩတ္တပ္ပ အစရှိသောတရား, မဂ် ဖိုလ်နိဗ္ဗာန် သာသနာတော်နှင့် တူသောသဘောမရှိ။
ဝါ၊ မသင့်တော်။
(အပ္ပဋိရူပတ္တာ၊ ကြောင့်။)
အဿာမဏကံ၊ ရဟန်းတို့၏ အလုပ်မဟုတ်။
(အဿာမဏကတ္တာ၊ ကြောင့်။)
အကပ္ပိယံ၊ ရဟန်းတို့အား မအပ်။
(အကပ္ပိယတ္တာ၊ ကြောင့်။)
အကရဏီယံ၊ ရဟန်းတို့သည် မပြုသင့် မပြုထိုက်။**
[အနနုစ္ဆဝိကံ စသော ပုဒ်တို့၏ အဖွင့်ကိုသုဒိန္နကဏ္ဍ အဋ္ဌကထာ၌ ပြခဲ့ပြီ။]
**ဘိက္ခဝေ၊ တို့။
ကထံ ဟိ၊ ကြောင့်။
တေမောဃပုရိသာ၊ တို့သည်။
ပေ။
ဝိဟရိဿန္တိ နာမ၊ ကုန်သနည်း?။**
**ဘိက္ခဝေ၊ တို့။
ဧတံ၊ ဤ အလုပ်သည်။
အပ္ပသန္နာနံ၊ သာသနာတော်၌ မကြည်ညိုသေးသူတို့၏။
ပဿဒါယ ဝါ၊ ကြည်ညိုခြင်းငှာလည်းကောင်း။
ပသန္နာနံ၊ သာသနာတော်၌ကြည်ညိုပြီးသူတို့၏။
ဘိယျောဘာဝါယ ဝါ၊ ကြည်ညိုခြင်း၏ လွန်စွာဖြစ်ခြင်ငှာလည်းကောင်း။
ဝါ၊ အကြည်ညို တိုးပွားခြင်းငှာလည်းကောင်း။
န၊ မဖြစ်။**
ဘိက္ခဝေ။
အထ ခေါ၊ စင်စစ်ကား။
ဧတံ၊ ဤ အလုပ်သည်။
အပ္ပသန္နာနံ၊ တို့၏။
အပ္ပဿာဒါယစ၊ မကြည်ည်ိုခြင်းငှာလည်းကောင်း။
ပသန္နာနံ၊ ကုန်သော။
ဧကစ္စာနံ၊ အချို့သောပုထုဇဉ်တို့၏။
အညထတ္တာယ စ၊ ကြည်ညိုခြင်းမှ တစ်ပါးသော အပြား၏ဖြစ်ကြောင်းဖြစ်ရာ ဝိပ္ပဋိသာရအကျိုးငှာလည်းကောင်း။
(ဟေတိ)။"
ဣတိ၊ ဤသို့ကဲ့ရဲ့တော်မူပြီ။
အမှာ။ ။ ယခုပြမည့် အဓိပ္ပာယ်များကို ပါရာဇိကဏဘာသာဋီကာ, သုဒိန္နကဏ္ဍမှ လျော်သလို ယူထားပါသည်၊ ဝစနတ္ထကို ထို၌ ကြည့်ပါ၊ "ဒုဗ္ဘရတာ" စသည်၌ "ဒုဗ္ဘရ" အရ ပုဂ္ဂိုလ်ကို ရသော်လည်း ကိုယ်နှင့်စိတ်ကို အရကောက်ရပုံကို ထို၌ ပြခဲ့ပြီ။
အထ၊ ထိုမှ နောက်၌။
ဘဂဝါ။
တေ ဘိက္ခူ၊ တို့ကို။
အနေကပရိယာယေန၊ တစ်ပါးမက များစွာသော အကြေင်းဖြင့်။
ဝါ၊ ပရိယာယ် အမျိုးမျိုးဖြင့်။
ဒုဗ္ဘရတာယ
ဒုဗ္ဘရတာယ, ဒုပ္ပောသတာယ။ ။ သူ၏ စားဝတ်နေရေး တာဝန်ကိုဆောင်နေရသည်မှာ လွန်စွာ ကြီးလေးသောကြောင့် ခဲယဉ်းသဖြင့် ဆောင်ရွက် မွေးမြူအပ်သော ကိုယ်စိတ် နှစ်ပါးကို "ဒုဗ္ဘရ, ဒုပ္ပောသ" ဟု ခေါ်၏၊ ထို ဒုဗ္ဘရ, ဒုပ္ပောသ၏ဖြစ်ကြောင်းဖြစ်ရာ (ဒုဗ္ဘ- ရတာ) ဟူသည် အစားအသောက် စသည်၌ ဇီဇာကြောင်ခြင်း(ကြေး(ဂျီး)များခြင်း) တည်း၊ ထို ဇီဇာကြောင်ခြင်း၏ အကြောင်းရင်းမှာ အသံဝရတည်း၊ ထို့ကြောင့် "ဒုဗ္ဘရတာ" အရ ဇီဇာကြောင်ခြင်းကို မုချ၊ အသံဝရကို ဖလူပစာရအားဖြင့် ကောက်ပါ။
၊ မိမိသည်လည်းကောင်း, ဒါယကာတို့သည်လည်းကောင်းခဲယဉ်းသဖြင့် ဆောင်ရွက်အပ်သော ကိုယ်စိတ်နှစ်ပါး၏ ဖြစ်ကြောင်းဖြစ်ရာအသဝံဝရအသံဝရ။ ။ သံဝရ၏ ဆန့်ကျင်ဘက်တရားကို "အသံဝရ" ဟု ခေါ်၏၊ ထို သံဝရကား ပါတိမောက္ခသံဝရသီလကို စောင့်ထိန်းခြင်း, ဣန္ဒြိယသံဝရသီလဖြင့်သတိထားခြင်း, အအေး အပူ- အကောင်း မကောင်းကို သည်းခံခြင်း (ခန္တိ), ကာမဝိတက် စသည်ကို ပယ်နိုင်အောင် ကြိုးစားခြင်း (ဝီရိယ), တဏှာ ဒိဋ္ဌိ ဒုစ္စရိတအဝိဇ္ဇာတို့ကို ဖြတ်တတ်သောဉာဏ်ဟု ငါးမျိုးရှိ၏၊ ထို ငါးမျိုး၏ မရှိခြင်း (မဖြစ်ခြင်း)ကို "အသံဝရ" ဟု ခေါ်၏၊ ဤ အသံဝရကြောင့်ပင် ယခုအခါ သာသနာတော်ကြီးဆုတ်ယုတ်နေပါသည်။
ဆောင်ရွက်, မွေးမြူနိုင်ခဲပုံ။ ။ မိမိကိုယ်, မိမိစိတ်ကို တရားဖြင့် ထိန်းသိမ်းစောင့်ရှောက်မှု, သည်းခံမှု- သံဝရ မရှိသူသည် အချဉ်ရလျှင် အချိုရှာတတ်၏၊ အိမ်တစ်အိမ်မှ ရအပ်သော ဆွမ်းနှင့် ဟင်းကို အခြား တစ်နေရာ ရောက်လျှင် သွန်ပစ်တတ်၏၊ ဤ နည်းအားဖြင့် သူစိတ်တိုင်းကျ မရနိုင်သောကြောင့် မကျေမနပ်နှင့် အငတ်ခံရတတ်၏၊ ဤကား မိမိကို မိမိ ဆောင်ရွက်, မွေးမြူဖို့ ခဲယဉ်းပုံတည်း၊ တချို့ကိုယ်တော်ကား ဒကာ, ဒကာမတို့က ဆွမ်းကောင်း, ဟင်းကောင်း လောင်း လှူသော်လည်း မျက်နှာ ကြည်ကြည်လင်လင် မရှိ၊ မျက်မှောင်ကုတ်လျက် မကျေနပ်သောအမူအရာကို ပြတတ်၏၊ ထို အလှူရှင်တို့၏ မျက်မှောက်မှာပင် (သဒ္ဓါ ပျက်ချင်ပျက်ပစေဟူသော စိတ်ထားဖြင့်) လူ, သာမဏေတို့အား ပေးလိုက်တတ်၏၊ ထိုကိုယ်တော်သည် ဒါယကာ, ဒါယိကာမတို့ အကိုးကွယ်ခက်, တာဝန်ဆောင်ဖို့ ခက်သော "ဒုဗ္ဘရ, ဒုပ္ပေါသ" တည်း။ ၏လည်းကောင်း။ ဒုပ္ပေါသတာယ၊ မိမိသည်လည်းကောင်း, ဒါယကာတို့သည်လည်းကောင်း, ခဲယဉ်းသဖြင့် မွေးမြူအပ်သော ကိုယ်စိတ် နှစ်ပါး၏ဖြစ်ကြောင်းဖြစ်ရာ အသံဝရ၏လည်းကောင်း။ မဟိစ္ဆတာယ မဟိစ္ဆတာယ, အသန္တုဋ္ဌိတာယ။ ။ ပစ္စည်းလေးပါးတို့၌ များသော အလိုရှိသော, မကျေနပ် မရောင့်ရဲနိုင်သော ကိုယ်စိတ်နှစ်ပါးသည် "မဟိစ္ဆ, အသန္တုဋ္ဌိ" မည်၏၊ ထို၏ ဖြစ်ကြောင်းဖြစ်သော အတိလောဘသည်လည်းကောင်း, ထို၏ အကြောင်းအရင်းဖြစ်သော အသံဝရသည်လည်းကောင်း, "မဟိစ္ဆတာ, အသန္တုဋ္ဌိတာ" မည်၏၊ အသံဝရဟူသည်လည်း လောဘကို မထိန်းသိမ်းနိုင်အောင် သီလပျက်မှု စသည်များတည်း။ ၊ ပစ္စည်းလေးပါးတို့၌ များသော အလိုရှိသော ကိုယ်စိတ်နှစ်ပါး၏ ဖြစ်ကြောင်းဖြစ်ရာ အသံဝရ၏လည်းကောင်း။ အသန္တုဋ္ဌိတာယ၊ ပစ္စည်းလေးပါးတို့၌ နှစ်သက် ရောင့်ရဲခြင်းမရှိသော ကိုယ်စိတ် နှစ်ပါး၏ ဖြစ်ကြောင်းဖြစ်ရာ အသံဝရ၏လည်းကောင်း။ သင်္ဂဏိကာယ သင်္ဂဏိကာယ။ ။ "ယင်္ဂဏိကာ" ဟူသည် အပေါင်းအဖော်တို့နှင့်ပျော်ပျော်ပါးပါး ရောရောနှောနှော နေခြင်းဟူသော ဂဏသင်္ဂဏိကာ၊ တစ်ပါးတည်းနေစေကာမူ ကာမ, ဗျာပါဒ, ဝိဟိံ သာ- ဝိတက်တို့ကို ကြံစည်၍ နေခြင်းဟူသောကိလေသသင်္ဂဏိကာတည်း၊ [ဤ သင်္ဂဏိကာဖြင့် ကာယဝိဝေက, စိတ္တဝိဝေက မရှိခြင်းကိုပြတော်မူသည်] ဤ၌ကား အသံဝရကို ဖလူပစာရအားဖြင့် ယူပါ။ ၊ အပေါင်းအဖော် ကိလေသာတို့နှင့် ပေါင်းသင်းနေထိုင်ခြင်း၏လည်းကောင်း။ ဝါ၊ ပေါင်းသင်း နေထိုင်ကြောင်း အသံဝရ၏လည်းကောင်း။ ကောသဇ္ဇဿ **ကောသဇ္ဇဿ**။ ။ ကာမဝိတက် စသည်တို့၏ အလိုသို့ လိုက်လျက် ဝီရိယကင်း၍ ညံ့ဖျင်း ပေါ့လျော့သော ပမာဒတရားဖြင့် နေသူကို **"ကုသီတ- ကုသိုလ်ကိစ္စ၌စက်ဆုပ်အပ်စွာ ဆုတ်နစ်သူ၊ ပျင်းရိသူ"** ဟု ခေါ်၏၊ [ကာမစ္ဆန္ဒဗျာပါဒဝိဟိံ သာဝိတက္ကဝသိတာယ ကုသီတံ၊- ဓမ္မပဒဋ္ဌကထာ, ယမကဝဂ်, မဟာကာဠတ္ထေရဝတ္ထု၊] ထို ကုသီတ(ကုသီဒ) ၏ ဖြစ်ကြောင်း အကုသိုလ်စိတ္တုပ္ပာဒ်ကိုလည်းကောင်း, ထို၏ အကြောင်းအရင်းဖြစ်သော အသံဝရကိုလည်းကောင်း **"ကောသဇ္ဇ"** ဟု ခေါ်သည်။ ၊ ပျင်းရိသော ကိုယ်စိတ် နှစ်ပါး၏လည်းကောင်း။ ဝါ၊ ကိုယ်စိတ်နှစ်ပါး၏ဖြစ်ကြောင်းဖြစ်ရာ အသံဝရ၏လည်းကောင်း။ အဝဏ္ဏံ၊ ဂုဏ်၏ဆန့်ကျင်ဘက်အပြစ်ကို။ ဘာသိတွာ၊ မိန့်တော်မူပြီး၍။ အနေကပရိယာယေန၊ ဖြင့်။ သုဘရတာယ သုဘရတာယ စသည်။ ။ "သုဘရ" စသည် ဖြစ်ပုံကို "ဒုဗ္ဘရ" စသည်၏ပြောင်းပြန်အားဖြင့် သိပါ၊ "သုဘရတာ" စသော ပုဒ်တို့၏အရာ သံဝရကို ဖလူပစာရအားဖြင့် ကောက်ပါ၊ "အပ္ပိစ္ဆဿ" စသည်၌ ဘာဝပစ္စည်း မပါသော်လည်း သံဝရကိုအရကောက်ရသောကြောင့် အထက်ပါအတိုင်း အနက်ပေးပါသည်၊ သို့မဟုတ်ကရဏသာဓ် ကြံ၍သော်လည်း "အပ္ပိစ္ဆဿ- ပစ္စည်းလေးပါးတို့၌ အလိုမရှိကြောင်းသံဝရ၏၊" ဤသို့ စသည်ဖြင့် အနက်ပေးပါ။ မိမိသည်လည်းကောင်း, ဒါယကာတို့သည်လည်းကောင်းလွယ်ကူစွာ ဆောင်ရွက်အပ်သော ကိုယ်စိတ်နှစ်ပါး၏ ဖြစ်ကြောင်းဖြစ်ရာ သံဝရ၏လည်းကောင်း။ သုပေါသတာယ၊ မိမိသည်လည်းကောင်း, ဒါယကာ တို့သည်လည်းကောင်း, လွယ်ကူစွာ မွေးမြူအပ်သော ကိုယ်စိတ်နှစ်ပါး၏ ဖြစ်ကြောင်းဖြစ်ရာသံဝရ၏လည်းကောင်း။ အပ္ပိစ္ဆဿ၊ ပစ္စည်းလေးပါးတို့၌ အလိုမရှိသောကိုယ်စိတ်နှစ်ပါး၏လည်းကောင်း။ ဝါ၊ ကိုယ်စိတ်နှစ်ပါး၏ ဖြစ်ကြောင်းဖြစ်ရာသံဝရ၏လည်းကောင်း။ သန္တုဋ္ဌဿ၊ ပစ္စည်းလေးပါးတို့၌ နှစ်သက်ရောင့်ရဲသောကိုယ်စိတ်နှစ်ပါး၏လည်းကောာင်း။ ဝါ၊ ၏လည်းကောင်း။ သလ္လေခဿ သလ္လေခဿ, ဓုတဿ။ ။ ကိလေသာတို့ကို နည်းပါးအောင် ခြစ်ပစ်တတ်သော ကိုယ်စိတ်နှစ်ပါးကို "သလ္လေခဿ" ဟုလည်းကောင်း, နည်းပါးအောင်သာမက အကြွင်းအကျန် မရှိအောင် လှုပ်ခါချတတ်သော ကိုယ်စိတ်နှစ်ပါးကို "ဓုတဿ" ဟုလည်းကောင်း ခေါ်၏၊ ထို၏ ဖြစ်ကြောင်းဖြစ်သော သံဝရကို ဖလူပစာရအားဖြင့်ကောက်ပါ။ ၊ ကိလေသာတို့ကို နည်းပါးအောင်ခြစ်ပစ်တတ်သော ကိုယ်စိတ်နှစ်ပါး၏လည်းကောင်း။ ဝါ၊ ၏လည်းကောင်း။ ဓုတဿ၊ ကိလေသာတို့ကို အကြွင်းမဲ့ ခါချတတ်သော ကိုယ်စိတ်နှစ်ပါး၏လည်းကောင်း။ ဝါ၊ ၏လည်းကောင်း။ ပါသာဒိကဿ ပါသာဒိကဿ။ ။ ပါသာဒိက၏ ဆန့်ကျင်ဘက် အပါသာဒိကသည်ကာယဝါစာ အပါသာဒိက, စိတ္တအပါသာဒိကဟု နှစ်မျိုးရှိ၏၊ ထိုတွင် ကာယဒုစရိုက်, ဝစီဒုစရိုက်များသည် ကာယဝါစာအပါသာဒိကတည်း၊ ကာမဝိတက်စသော အကုသလဝိတက် သုံးပါးသည် စိတ္တအပါသာဒိကတည်း၊ ထို့ကြောင့် ကာယဒုစရိုက်, ဝစီဒုစရိုက်မဖြစ်အောင် အကုသလဝိတက် သုံးပါး၏ ဆန့်ကျင်ဘက်ဖြစ်သော နေက္ခမ္မ, အဗျာပါဒ, အဝိဟိံ သာဝိတက် ဖြစ်အောင် ကြိုးစားနေသော ကိုယ်နှင့် စိတ်ကို "ပါသာဒိက- ကြည်ညိုခြင်းကို ဖြစ်စေတတ်သော ကိုယ် စိတ်" ဟု မှတ်ပါ။ [သံဝရကို ဖလူပစာရအားဖြင့် ကောက်။] ၊ ကြည်ညိုခြင်းကို ဖြစ်စေတတ်သော ကိုယ်စိတ် နှစ်ပါး၏လည်းကောင်း။ ဝါ၊ ၏လည်းကောင်း။ အပစယဿ အပစယဿ, ဝီရိယာရမ္ဘဿ။ ။ ကိလေသာတို့ကို ဖျက်ဆီးကြောင်းနိဗ္ဗာန်အကျိုးငှာ ကြိုးစားနေသော ကိုယ်နှင့် စိတ်ကို "အပစယဿ" ဟုလည်းကောင်း, ဝီရိယာရမ္ဘဝတ္ထု ရှစ်ပါးနှင့်အညီ ကြိုးစားနေသော ကိုယ်နှင့်စိတ်ကို "ဝီရိယာရမ္ဘဿ" ဟုလည်းကောင်း ခေါ်၏။ [ဝီရိယာရမ္ဘ ဝတ္ထုရှစ်ပါးကို အဋ္ဌက အင်္ဂုတ္တရ, ဒုတိယ- ပဏ်, ၈- ဝဂ်, ၁၀- သုတ်၌ ကြည့်ပါ။] ၊ ကိလေသာတို့ကို ဖျက်ဆီးတတ်သောကိုယ်စိတ် နှစ်ပါး၏လည်းကောင်း။ ဝါ၊ ၏လည်းကောင်း။ ဝီရိယာရမ္ဘဿ၊ ဝီရိယကိုအားထုတ်သော ကိုယ်စိတ် နှစ်ပါး၏လည်းကောင်း။ ဝါ၊ ကိုယ်စိတ် နှစ်ပါး၏ဖြစ်ကြောင်းဖြစ်ရာ သံဝရ၏လည်းကောင်း။ ဝဏ္ဏံ၊ ဂုဏ်ကို။ ဘာသိတွာ၊ မိန့်တော်မူပြီး၍။ ဘိက္ခူနံ၊ တို့အား။ တဒနုစ္ဆဝိကံ၊ ထို ပညတ်တော်မူအပ်လတ္တံ့သောသိက္ခပုဒ်အား လျောက်ပတ်သော။ [ကံကို ပညတ်တော်မူရာ၌ "ထို ပညတ်တော်မူအပ်လတ္တံ့သော ကံအား လျောက်ပတ်သော" ဟု ဆိုပါ။] တစ်နည်း။ တဒမုစ္ဆဝိကံ၊ ထို ဟောတော်မူအပ်ပြီးသော သံဝရအား လျော်သော။ ဓမ္မိံ၊ တရားရှိသော။ ကထံ၊ စကားကို။ ကတွာ၊ ၍။ ဘိက္ခူ၊ တို့ကို။ အာမန္တေသိ၊ မိန့်တော်မူပြီ။ (ကိံ?)။ [ဤအမေး၏ အဖြေသည် သဒ္ဓိဝိဟာရိကဝတ် အဆုံးမှ ပြီးဆုံးလိမ့်မည်။]
ဆောင်ရွက်, မွေးမြူနိုင်ခဲပုံ။ ။ မိမိကိုယ်, မိမိစိတ်ကို တရားဖြင့် ထိန်းသိမ်းစောင့်ရှောက်မှု, သည်းခံမှု- သံဝရ မရှိသူသည် အချဉ်ရလျှင် အချိုရှာတတ်၏၊ အိမ်တစ်အိမ်မှ ရအပ်သော ဆွမ်းနှင့် ဟင်းကို အခြား တစ်နေရာ ရောက်လျှင် သွန်ပစ်တတ်၏၊ ဤ နည်းအားဖြင့် သူစိတ်တိုင်းကျ မရနိုင်သောကြောင့် မကျေမနပ်နှင့် အငတ်ခံရတတ်၏၊ ဤကား မိမိကို မိမိ ဆောင်ရွက်, မွေးမြူဖို့ ခဲယဉ်းပုံတည်း၊ တချို့ကိုယ်တော်ကား ဒကာ, ဒကာမတို့က ဆွမ်းကောင်း, ဟင်းကောင်း လောင်း လှူသော်လည်း မျက်နှာ ကြည်ကြည်လင်လင် မရှိ၊ မျက်မှောင်ကုတ်လျက် မကျေနပ်သောအမူအရာကို ပြတတ်၏၊ ထို အလှူရှင်တို့၏ မျက်မှောက်မှာပင် (သဒ္ဓါ ပျက်ချင်ပျက်ပစေဟူသော စိတ်ထားဖြင့်) လူ, သာမဏေတို့အား ပေးလိုက်တတ်၏၊ ထိုကိုယ်တော်သည် ဒါယကာ, ဒါယိကာမတို့ အကိုးကွယ်ခက်, တာဝန်ဆောင်ဖို့ ခက်သော "ဒုဗ္ဘရ, ဒုပ္ပေါသ" တည်း။ ၏လည်းကောင်း။ ဒုပ္ပေါသတာယ၊ မိမိသည်လည်းကောင်း, ဒါယကာတို့သည်လည်းကောင်း, ခဲယဉ်းသဖြင့် မွေးမြူအပ်သော ကိုယ်စိတ် နှစ်ပါး၏ဖြစ်ကြောင်းဖြစ်ရာ အသံဝရ၏လည်းကောင်း။ မဟိစ္ဆတာယ မဟိစ္ဆတာယ, အသန္တုဋ္ဌိတာယ။ ။ ပစ္စည်းလေးပါးတို့၌ များသော အလိုရှိသော, မကျေနပ် မရောင့်ရဲနိုင်သော ကိုယ်စိတ်နှစ်ပါးသည် "မဟိစ္ဆ, အသန္တုဋ္ဌိ" မည်၏၊ ထို၏ ဖြစ်ကြောင်းဖြစ်သော အတိလောဘသည်လည်းကောင်း, ထို၏ အကြောင်းအရင်းဖြစ်သော အသံဝရသည်လည်းကောင်း, "မဟိစ္ဆတာ, အသန္တုဋ္ဌိတာ" မည်၏၊ အသံဝရဟူသည်လည်း လောဘကို မထိန်းသိမ်းနိုင်အောင် သီလပျက်မှု စသည်များတည်း။ ၊ ပစ္စည်းလေးပါးတို့၌ များသော အလိုရှိသော ကိုယ်စိတ်နှစ်ပါး၏ ဖြစ်ကြောင်းဖြစ်ရာ အသံဝရ၏လည်းကောင်း။ အသန္တုဋ္ဌိတာယ၊ ပစ္စည်းလေးပါးတို့၌ နှစ်သက် ရောင့်ရဲခြင်းမရှိသော ကိုယ်စိတ် နှစ်ပါး၏ ဖြစ်ကြောင်းဖြစ်ရာ အသံဝရ၏လည်းကောင်း။ သင်္ဂဏိကာယ သင်္ဂဏိကာယ။ ။ "ယင်္ဂဏိကာ" ဟူသည် အပေါင်းအဖော်တို့နှင့်ပျော်ပျော်ပါးပါး ရောရောနှောနှော နေခြင်းဟူသော ဂဏသင်္ဂဏိကာ၊ တစ်ပါးတည်းနေစေကာမူ ကာမ, ဗျာပါဒ, ဝိဟိံ သာ- ဝိတက်တို့ကို ကြံစည်၍ နေခြင်းဟူသောကိလေသသင်္ဂဏိကာတည်း၊ [ဤ သင်္ဂဏိကာဖြင့် ကာယဝိဝေက, စိတ္တဝိဝေက မရှိခြင်းကိုပြတော်မူသည်] ဤ၌ကား အသံဝရကို ဖလူပစာရအားဖြင့် ယူပါ။ ၊ အပေါင်းအဖော် ကိလေသာတို့နှင့် ပေါင်းသင်းနေထိုင်ခြင်း၏လည်းကောင်း။ ဝါ၊ ပေါင်းသင်း နေထိုင်ကြောင်း အသံဝရ၏လည်းကောင်း။ ကောသဇ္ဇဿ **ကောသဇ္ဇဿ**။ ။ ကာမဝိတက် စသည်တို့၏ အလိုသို့ လိုက်လျက် ဝီရိယကင်း၍ ညံ့ဖျင်း ပေါ့လျော့သော ပမာဒတရားဖြင့် နေသူကို **"ကုသီတ- ကုသိုလ်ကိစ္စ၌စက်ဆုပ်အပ်စွာ ဆုတ်နစ်သူ၊ ပျင်းရိသူ"** ဟု ခေါ်၏၊ [ကာမစ္ဆန္ဒဗျာပါဒဝိဟိံ သာဝိတက္ကဝသိတာယ ကုသီတံ၊- ဓမ္မပဒဋ္ဌကထာ, ယမကဝဂ်, မဟာကာဠတ္ထေရဝတ္ထု၊] ထို ကုသီတ(ကုသီဒ) ၏ ဖြစ်ကြောင်း အကုသိုလ်စိတ္တုပ္ပာဒ်ကိုလည်းကောင်း, ထို၏ အကြောင်းအရင်းဖြစ်သော အသံဝရကိုလည်းကောင်း **"ကောသဇ္ဇ"** ဟု ခေါ်သည်။ ၊ ပျင်းရိသော ကိုယ်စိတ် နှစ်ပါး၏လည်းကောင်း။ ဝါ၊ ကိုယ်စိတ်နှစ်ပါး၏ဖြစ်ကြောင်းဖြစ်ရာ အသံဝရ၏လည်းကောင်း။ အဝဏ္ဏံ၊ ဂုဏ်၏ဆန့်ကျင်ဘက်အပြစ်ကို။ ဘာသိတွာ၊ မိန့်တော်မူပြီး၍။ အနေကပရိယာယေန၊ ဖြင့်။ သုဘရတာယ သုဘရတာယ စသည်။ ။ "သုဘရ" စသည် ဖြစ်ပုံကို "ဒုဗ္ဘရ" စသည်၏ပြောင်းပြန်အားဖြင့် သိပါ၊ "သုဘရတာ" စသော ပုဒ်တို့၏အရာ သံဝရကို ဖလူပစာရအားဖြင့် ကောက်ပါ၊ "အပ္ပိစ္ဆဿ" စသည်၌ ဘာဝပစ္စည်း မပါသော်လည်း သံဝရကိုအရကောက်ရသောကြောင့် အထက်ပါအတိုင်း အနက်ပေးပါသည်၊ သို့မဟုတ်ကရဏသာဓ် ကြံ၍သော်လည်း "အပ္ပိစ္ဆဿ- ပစ္စည်းလေးပါးတို့၌ အလိုမရှိကြောင်းသံဝရ၏၊" ဤသို့ စသည်ဖြင့် အနက်ပေးပါ။ မိမိသည်လည်းကောင်း, ဒါယကာတို့သည်လည်းကောင်းလွယ်ကူစွာ ဆောင်ရွက်အပ်သော ကိုယ်စိတ်နှစ်ပါး၏ ဖြစ်ကြောင်းဖြစ်ရာ သံဝရ၏လည်းကောင်း။ သုပေါသတာယ၊ မိမိသည်လည်းကောင်း, ဒါယကာ တို့သည်လည်းကောင်း, လွယ်ကူစွာ မွေးမြူအပ်သော ကိုယ်စိတ်နှစ်ပါး၏ ဖြစ်ကြောင်းဖြစ်ရာသံဝရ၏လည်းကောင်း။ အပ္ပိစ္ဆဿ၊ ပစ္စည်းလေးပါးတို့၌ အလိုမရှိသောကိုယ်စိတ်နှစ်ပါး၏လည်းကောင်း။ ဝါ၊ ကိုယ်စိတ်နှစ်ပါး၏ ဖြစ်ကြောင်းဖြစ်ရာသံဝရ၏လည်းကောင်း။ သန္တုဋ္ဌဿ၊ ပစ္စည်းလေးပါးတို့၌ နှစ်သက်ရောင့်ရဲသောကိုယ်စိတ်နှစ်ပါး၏လည်းကောာင်း။ ဝါ၊ ၏လည်းကောင်း။ သလ္လေခဿ သလ္လေခဿ, ဓုတဿ။ ။ ကိလေသာတို့ကို နည်းပါးအောင် ခြစ်ပစ်တတ်သော ကိုယ်စိတ်နှစ်ပါးကို "သလ္လေခဿ" ဟုလည်းကောင်း, နည်းပါးအောင်သာမက အကြွင်းအကျန် မရှိအောင် လှုပ်ခါချတတ်သော ကိုယ်စိတ်နှစ်ပါးကို "ဓုတဿ" ဟုလည်းကောင်း ခေါ်၏၊ ထို၏ ဖြစ်ကြောင်းဖြစ်သော သံဝရကို ဖလူပစာရအားဖြင့်ကောက်ပါ။ ၊ ကိလေသာတို့ကို နည်းပါးအောင်ခြစ်ပစ်တတ်သော ကိုယ်စိတ်နှစ်ပါး၏လည်းကောင်း။ ဝါ၊ ၏လည်းကောင်း။ ဓုတဿ၊ ကိလေသာတို့ကို အကြွင်းမဲ့ ခါချတတ်သော ကိုယ်စိတ်နှစ်ပါး၏လည်းကောင်း။ ဝါ၊ ၏လည်းကောင်း။ ပါသာဒိကဿ ပါသာဒိကဿ။ ။ ပါသာဒိက၏ ဆန့်ကျင်ဘက် အပါသာဒိကသည်ကာယဝါစာ အပါသာဒိက, စိတ္တအပါသာဒိကဟု နှစ်မျိုးရှိ၏၊ ထိုတွင် ကာယဒုစရိုက်, ဝစီဒုစရိုက်များသည် ကာယဝါစာအပါသာဒိကတည်း၊ ကာမဝိတက်စသော အကုသလဝိတက် သုံးပါးသည် စိတ္တအပါသာဒိကတည်း၊ ထို့ကြောင့် ကာယဒုစရိုက်, ဝစီဒုစရိုက်မဖြစ်အောင် အကုသလဝိတက် သုံးပါး၏ ဆန့်ကျင်ဘက်ဖြစ်သော နေက္ခမ္မ, အဗျာပါဒ, အဝိဟိံ သာဝိတက် ဖြစ်အောင် ကြိုးစားနေသော ကိုယ်နှင့် စိတ်ကို "ပါသာဒိက- ကြည်ညိုခြင်းကို ဖြစ်စေတတ်သော ကိုယ် စိတ်" ဟု မှတ်ပါ။ [သံဝရကို ဖလူပစာရအားဖြင့် ကောက်။] ၊ ကြည်ညိုခြင်းကို ဖြစ်စေတတ်သော ကိုယ်စိတ် နှစ်ပါး၏လည်းကောင်း။ ဝါ၊ ၏လည်းကောင်း။ အပစယဿ အပစယဿ, ဝီရိယာရမ္ဘဿ။ ။ ကိလေသာတို့ကို ဖျက်ဆီးကြောင်းနိဗ္ဗာန်အကျိုးငှာ ကြိုးစားနေသော ကိုယ်နှင့် စိတ်ကို "အပစယဿ" ဟုလည်းကောင်း, ဝီရိယာရမ္ဘဝတ္ထု ရှစ်ပါးနှင့်အညီ ကြိုးစားနေသော ကိုယ်နှင့်စိတ်ကို "ဝီရိယာရမ္ဘဿ" ဟုလည်းကောင်း ခေါ်၏။ [ဝီရိယာရမ္ဘ ဝတ္ထုရှစ်ပါးကို အဋ္ဌက အင်္ဂုတ္တရ, ဒုတိယ- ပဏ်, ၈- ဝဂ်, ၁၀- သုတ်၌ ကြည့်ပါ။] ၊ ကိလေသာတို့ကို ဖျက်ဆီးတတ်သောကိုယ်စိတ် နှစ်ပါး၏လည်းကောင်း။ ဝါ၊ ၏လည်းကောင်း။ ဝီရိယာရမ္ဘဿ၊ ဝီရိယကိုအားထုတ်သော ကိုယ်စိတ် နှစ်ပါး၏လည်းကောင်း။ ဝါ၊ ကိုယ်စိတ် နှစ်ပါး၏ဖြစ်ကြောင်းဖြစ်ရာ သံဝရ၏လည်းကောင်း။ ဝဏ္ဏံ၊ ဂုဏ်ကို။ ဘာသိတွာ၊ မိန့်တော်မူပြီး၍။ ဘိက္ခူနံ၊ တို့အား။ တဒနုစ္ဆဝိကံ၊ ထို ပညတ်တော်မူအပ်လတ္တံ့သောသိက္ခပုဒ်အား လျောက်ပတ်သော။ [ကံကို ပညတ်တော်မူရာ၌ "ထို ပညတ်တော်မူအပ်လတ္တံ့သော ကံအား လျောက်ပတ်သော" ဟု ဆိုပါ။] တစ်နည်း။ တဒမုစ္ဆဝိကံ၊ ထို ဟောတော်မူအပ်ပြီးသော သံဝရအား လျော်သော။ ဓမ္မိံ၊ တရားရှိသော။ ကထံ၊ စကားကို။ ကတွာ၊ ၍။ ဘိက္ခူ၊ တို့ကို။ အာမန္တေသိ၊ မိန့်တော်မူပြီ။ (ကိံ?)။ [ဤအမေး၏ အဖြေသည် သဒ္ဓိဝိဟာရိကဝတ် အဆုံးမှ ပြီးဆုံးလိမ့်မည်။]
ဘိက္ခဝေ၊ တို့။
ဥပဇ္ဈာယံ၊ ဥပဇ္ဈာယ်ကို။
(ဥပဇ္ဈာယ်၏ အဖြစ်ကို။)
(ဂဟေတုံ၊ စိတ်ဖြင့် မှတ်ယူခြင်းငှာ။)
အနုဇာနာမိ၊ ခွင့်ပြုတော်မူ၏။
[ဤဝါကျ၌မှတ်ဖွယ်ကို ဘာသာဋီကာ၌ ပြထားပြီ။]
ဘိက္ခဝေ၊ တို့။
ဥပဇ္ဈာယော၊ သည်။
သဒ္ဓိဝိဟာရိကမှိ၊ ဥပဇ္ဈာယ်ယူ, အတူနေတပည့် အပေါ်၌။
ပုတ္တစိတ္တံ၊ သား၌ဖြစ်သော စိတ်ကို။
ဥပဋ္ဌပေဿတိ၊ ကပ်၍ တည်စေလိမ့်မည်။
(ဖြစ်စေလိမ့်မည်။)
သဒ္ဓိဝိဟာရိကော၊ သည်။
ဥပဇ္ဈာယမှိ၊ ၌။
ပိတုစိတ္တံ၊ အဖ၌ဖြစ်သော စိတ်ကို။
ဥပဋ္ဌပေဿတိ၊ မည်။
ဧဝံ၊ သို့။
(ဤနည်းအားဖြင့်။)
တေ၊ ထို ဥပဇ္ဈာယ်နှင့်သဒ္ဓိဝိဟာရိကတို့သည်။
အညမညံ၊ အချင်းချင်း။
ဘဂါရဝါ
သဂါရဝါ စသည်။ ။ ဤပုဒ်တို့၏ အဖွင့်ကို ဘာသာဋီကာ၌ ပြထားပြီ၊ "ပတိဿော" ပုဒ်ကို ဋီကာ၌ ပတိ ပုဗ္ဗ+ သု ဓာတ်+ အ ပစ္စည်းဖြင့် "ပတိဿဝနံပတိဿော" ဟု ပြု၍ "သပ္ပတိဿာ- ရှေးရှုနားထောင်ခြင်းနှင့်တကွ ဖြစ်ကုန်သည်၊" ဟု ဖွင့်သေး၏၊ ထိုအနက်သည် တပည့်ဖြစ်သူတို့ အတွက်သာ ရသောကြောင့် "အညမညံ" ဟု ဟောတော်မူအပ်သော ဤနေရာနှင့် မလျော်ပါ။
၊ ရိုသေလေးစားခြင်းနှင့်တကွ ဖြစ်ကုန်သည်။
(တပည့်က ရိုသေလေးစားခြင်း, ဆရာက ဂရုစိုက်ခြင်းနှင့်တကွ ဖြစ်ကုန်သည်။
သပ္ပတိဿာ၊ မှီခိုအားထား ကိုးစားခြင်းနှင့်တကွဖြစ်ကုန်သည်။
တစ်နည်း။
သပ္ပတိဿာ၊ မှီခိုအားထားအပ်သူနှင့်တကွ ဖြစ်ကုန်သည်။
(မှီခိုအပ်သော ဆရာ, အားထာအပ်သော တပည့်နှင့်တကွ ဖြစ်ကုန်သည်။)
သဘာဂဝုတ္တိကာ၊ သဘောတူသော အသက်မွေးမှု ရှိကုန်သည်။
(ဟုတွာ)။
ဝိဟရန္တာ၊ နေကုန်လတ်သော်။
ဣမသ္မိံ ဓမ္မဝိနယေ၊ တရားသဖြင့် ဆုံးမရာ ဤသာသနာတော်၌။
ဝုဒ္ဓိံ၊ (သီလ, သမာဓိ, ပညာအားဖြင့်) ကြီးပွား ခြင်းသို့။
ဝိရုဠိံ၊ စည်ပင်ခြင်းသို့။
ဝေပုလ္လံ၊ ပြန့်ပြောကုန်သည်၏ အဖြစ်သို့။
အာပဇ္ဇိဿန္တိ၊ ရောက်ကုန်လိမ့်မည်။
ဘိက္ခဝေ ဧဝဉ္စ ပန၊ ဤသို့လျှင်။
ဥပဇ္ဈာယော၊ ကို။
ဂဟေတဗ္ဗော၊ ယူထိုက်၏။
ဧကံသံ။
ဥတ္တရာသင်္ဂံ၊ ကို။
ကရိတွာ၊ ၍။
တစ်နည်း။
ဧကံသံ ဥတ္တရာသင်္ဂံ။
ကရိတွာ၊ လက်ကန်တော့တင်၍။
ပါဒေ၊ ခြေတို့ကို။
ဝန္ဒိတွာ၊ ရှိခိုး၍။
ဥက္ကုဋိကံ၊ ဆောင့်ကြောင့်။
နိသီဒိတွာ၊ ထိုင်၍။
အဉ္ဇလိံ၊ လက်အုပ်ကို။
ပဂ္ဂဟေတွာ၊ ချီးမြှောက်၍။
ဧဝံ၊ သို့။
ဝစနီယော၊ ဆိုထိုက်သည်။
အဿ၊ ဖြစ်၏။
(ကိံ၊ အဘယ်သို့ ဆိုထိုက်သနည်း?။)
**"ဥပဇ္ဈာယော မေ။
ပေ။
ဟောဟီ"** တိ၊ ဟူ၍။
(ဝစနီယော အဿ။)
[ဘန္တေ၊ အရှင်ဘုရာ။
မေ၊ တပည့်တော်၏။
ဥပဇ္ဈာယော၊ အပြစ်ငယ် အပြစ်ကြီး, အသီးသီးကို, အနီးချဉ်ကပ်, ကြည့်ရှုသွန်သင်တတ်သော ဥပဇ္ဈာယ်သည်။
ဟောတိ၊ ဖြစ်တော်မူပါ။]
**"သာဟု၊ ကောင်း၏။"**
ဣတိ ဝါ၊ ဤသို့သော်လည်းကောင်း။
**"လဟု၊ ပေါ့ပါ၏။"**
[ငါ့မှာ သင်၏ ဥပဇ္ဈာယ်ဖြစ်ဖို့ အရေး၌ ဝန်မလေးပါ။
တာဝန်ပေါ့ပါ၏၊- ဟူလို။]
ဣတိ ဝါ၊ သော်လည်းကောင်း။
**"ဩပါယိကံ၊ နည်းလမ်း၌ ယှဉ်ပါ၏။"**
[သင်၏ ဥပဇ္ဈာယ်ယူခြင်းသည် နည်းလမ်းကျပါ၏။
နည်းလမ်းကျမှုကြောင့် သင်ဟာ ယနေ့မှ စ၍ ငါ၏တာဝန် ဖြစ်နေ၏၊- ဟူလို၊]
ဣတိ ဝါ၊ သော်လည်းကောင်း။
**"ပတိရူပံ၊ သင့်လျော်ပါ၏။"**
[သင်၏ ဥပဇ္ဈာယ်ယူခြင်းသည် သင့်လျော်ပါ၏၊- ဟူလို။]
ဣတိ ဝါ၊ သော်လည်းကောင်း။
**"ပါသာဒိကေန၊ ကြည်ညိုခြင်းကို ဆောင်နိုင်သော ကိုယ်, နှုတ်, စိတ် အမူအရာဖြင့်။
သမ္ပာဒေဟိ၊ သီလ, သမာဓိ, ပညာ သုံးပါးသော သိက္ခာကို ပြီးစီးစေလော့။"**
ဣတိ ဝါ၊ သော်လည်းကောင်း။
ကာယေန၊ ကိုယ်ဖြင့်။
ဝိညာပေတိ၊ သိစေအံ့။
ဝါစာယ၊ နှုတ်ဖြင့်။
ဝိညာပေတိ၊ အံ့။
ကာယေန၊ ဖြင့်လည်းကောင်း။
ဝါစာယ၊ ဖြင့်လည်းကောင်း။
ဝိညာပေတိ၊ အံ့။
(ဧဝံသတိ)။
ဥပဇ္ဈာယော၊ သည်။
ဝါ၊ ကို။
ဂဟိတော၊ ယူအပ်သည်။
(ယူအပ်ရာရောက်သည်။)
ဟောတိ။
ကာယေန။
န ဝိညာပေတိ၊ အံ့။
ပေ။
ဂဟိတော န ဟောတိ။
ဘိက္ခဝေ။
သဒ္ဓိဝိဟာရိကေန၊ သည်။
ဥပဇ္ဈာယမှိ၊ ဥပဇ္ဈာယ်(အပေါ်) ၌။
သမ္မာ၊ စွာ။
ဝတ္တိတဗ္ဗံ၊ ကျင့်ရာ၏။
(ကျင့်ရမည်။)
တတြ၊ ထို **"သမ္မာ ဝတ္တိတဗ္ဗံ"** ဟူသော စကားရပ်၌။
အယံ၊ ဤ မိန့်တော်မူအပ်လတ္တံ့ကား။
သမ္မာဝတ္တနာ၊ ကောင်းစွာ ကျင့်ပုံတည်း။
(ကျင့်နည်းတည်း။)
ကာလဿေဝ၊ စောစော၌ပင်။
(အရုဏ်မတက်မီပင်။)
ဝုဋ္ဌာယ၊ ထ၍။
ဥပါဟနာ၊ ဖိနပ်တို့ကို။
ဩမုဉ္စိတွာ၊ ချွတ်၍။
ဧကံသံ။
ပေ။
ဒန္တကဋ္ဌံ၊ ဒန်ပူ(တံပူ)ကို။
ဒါတဗ္ဗံ၊ ပေးထိုက်၏။
(ကပ်ထိုက်၏။)
မုခေါဒကံ၊ မျက်နှာသစ်ရေကို။
ပေ။
အာသနံ၊ နေရာကို။
ပညပေတဗ္ဗံ၊ ခင်းထိုက်၏။
ယာဂု၊ ယာဂုသည်။
သစေဟောတိ။
(ဧဝံသတိ)။
ဘာဇနံ၊ ခွက်ကို။
ဓောဝိတွာ၊ ဆေး၍။
ယာဂု၊ ကို။
ဥပနာမေတဗ္ဗာ၊ (ဥပဇ္ဈာယ်၏) အနီးသို့ ညွှတ်စေထိုက်၏။
ဝါ၊ ကပ်ထိုက်၏။
ယာဂုံ၊ ကို။
ပီတဿ၊ သောက်ပြီးသော ဥပဇ္ဈာယ်အား။
ဥဒကံ ဒတွာ ဘာဇနံ။
ပဋိဂ္ဂဟေတွာ၊ ပြန်ယူ၍။
နီစံ၊ နိမ့်သည်ကို။
ကတွာ၊ ၍။
[ရိုသေသောအားဖြင့်ကိုယ်ကို မတ်မတ်ကြီး မထားဘဲ နှိမ့်၍၊- ဟူလို။]
သာဓုကံ၊ ကောင်းမွန်စွာ။
အပ္ပဋိဃံသန္တေန၊ မထိမခိုက်ဘဲ။
ဓောဝိတွာ။
ပဋိသာမေတဗ္ဗံ၊ သိုမှီး သိမ်းဆည်းထိုက်၏။
ဥပဇ္ဈာယမှိ၊ သည်။
ဝုဋ္ဌိတေ၊ ထပြီးလတ်သော်။
အာသနံ၊ ကို။
ဥဒ္ဓရိတဗ္ဗံ၊ ရုပ်သိမ်းထိုက်၏။
သော ဒေသော၊ ထို အရပ်သည်။
(ဥပဇ္ဈာယ်နေရာ ထို အရပ်သည်။)
ဥက္လာပေါ၊ စွန့်ပစ်ထိုက်သော အမှိုက်အပေါင်းရှိသည်။
(အမှိုက်ရှုပ်နေသည်။)
သစေ ဟောတိ။
(ဧဝံသတိ။)
သော ဒေသော၊ ကို။
သမ္မဇ္ဇိတဗ္ဗော၊ တံမြက်လှည်းထိုက်၏။
ဥပဇ္ဈာယော ဂါမံ။
ပဝိသိတုကာမော၊ ဝင်ခြင်းငှာ အလိုရှိသည်။
သစေ ဟောတိ။
(ဧဝံသတိ)။
နိဝါသနံ၊ ရွာဝတ်သင်းပိုင်ကို။
ဒါတဗ္ဗံ။
ပဋိနိဝါသနံ၊ ကျောင်းဝတ်သင်းပိုင်းကို။
ပဋိဂ္ဂဟေတဗ္ဗံ၊ ယူထိုက်၏။
ကာယဗန္ဓနံ၊ ခါးပန်ကြိုးကို။
ပေ။
သဂုဏံ၊ အထပ်နှင့်တကွ ဖြစ်သည်ကို။
ကတွာ၊ ၍။
တစ်နည်း။
သဂုဏံ ကတွာ၊ ထပ်၍။
သံဃာဋိယော၊ ဧကသီနှင့် သင်္ကန်းကြီးတို့ကို။
ဒါတဗ္ဗာ၊ ပေးထိုက်ကုန်၏။
ဓောဝိတွာ။
သောဒကော၊ ရေနှင့်တကွဖြစ်သော။
ပတ္တော၊ ကို။
ဒါတဗ္ဗော။
[ဆွမ်းခံခါနီး၌သပိတ်ကို ရေဆေးပြီးနောက် မသုတ်ပါနှင့်, ရေဆေးပြီးသားအတိုင်း ပေးပါ၊- ဟူလို။]
ဥပဇ္ဈာယော။
ပစ္ဆာသမဏံ၊ နောက်ပါရဟန်းကို။
သစေ အာကင်္ခတိ၊ အကယ်၍ အလိုရှိအံ့။
(ဧဝံသတိ။)
တိမဏ္ဍလံ၊ ပုဆစ်ဒူးဝန်းနှစ်ဖက်, ချက်ဟူသောအဝန်းသုံးပါးကို။
ပဋိစ္ဆာဒေန္တေန၊ ဖုံးအုပ်လျက်။
ပရိမဏ္ဍလံ၊ ထက်ဝန်းကျင် ဝန်းဝိုင်းစွာ။
နိဝါသေတွာ၊ သင်းပိုင်ကို ဝတ်၍။
ကာယဗန္ဓနံ၊ ကို။
ဗန္ဓိတွာ၊ ဖွဲ့၍။
သဂုဏံကတွာ။
သံဃာဋိယော၊ တို့ကို။
ပါရုပိတွာ၊ ရုံ၍။
[ဤ စကားတော်ကို ထောက်၍ရှေးခေတ်က ဧကသီနှင့် နှစ်ထပ်သင်္ကန်းကြီးကို ထပ်၍ ရုံကြောင်းကို သိရ၏။]
ဂဏ္ဌိကံ၊ အနားပတ်သီးကို။
ပဋိမုဉ္စိတွာ၊ စွပ်၍။
(တပ်၍။)
ဓောဝိတွာ ပတ္တံ။
ဂဟေတွာ၊ ယူ၍။
ဥပဇ္ဈာယဿ၊ ၏။
ပစ္ဆာသမဏေန၊ သည်။
ဟောတဗ္ဗံ၊ ဖြစ်ရာ၏။
အတိဒူရေ၊ အလွန်ဝေးသော အရပ်၌။
(အလွန်ဝေးသော အရပ်က။)
န ဂန္တဗ္ဗံ၊ မသွားရာ။
အစ္စာသန္နေ၊ အလွန်နီးသော အရပ်၌။
ပေ။
ပတ္တပရိယာပန္နံ၊ သပိတ်၌အကျုံးဝင်သော ခဲဖွယ် ဘောဇဉ်ကို။
ပဋိဂ္ဂဟေတဗ္ဗံ၊ ခံယူထိုက်၏။
[ဥပဇ္ဈာယ်၏သပိတ်ထဲက ပြည့်နေသော ခဲဖွယ်ဘောဇဉ်ကို မိမိ သပိတ်ထဲသို့ ပြောင်းထည့်ပါ၊- ဟူလို။
အဋ္ဌကထာ၌ ခဲဖွယ်ဘောဇဉ်ဖြင့် ပြည့်နေသော ဥပဇ္ဈာယ်၏ သပိတ်နှင့်မိမိ သပိတ်ကို လဲလှယ်၍ ယူပါဟု မိန့်သေး၏။]
ဥပဇ္ဈာယဿ၊ သည်။
ဘဏမာနဿ၊ စကားပြောစဉ်။
အန္တရန္တရာ၊ အကြား အကြား၌။
ကထာ၊ စကားကို။
န ဩပါတေတဗ္ဗာ၊ မကျစေထိုက်။
[ဥပဇ္ဈာယ်၏စကား မဆုံးမီ ဝင်မပြောပါနှင့်၊- ဟူလို။]
ဥပဇ္ဈာယော၊ ကို။
အာပတ္တိသာမန္တာ၊ အာပတ်၏ အနီး၌။
ဘဏမာနော၊ ပြောလတ်သော်။
နိဝါရေတဗ္ဗော၊ တားမြစ်ထိုက်၏။
နိဝတ္တန္တေန၊ ဆွမ်းခံရွာမှ ပြန်လာသောသဒ္ဓိဝိဟာရိကသည်။
ပဌမတရံ၊ ရှေးဦးစွာ။
အာသနံ ပညပေတဗ္ဗံ။
ပါဒေါဒကံ၊ ခြေဆေးရေကိုလည်းကောင်း။
ပါဒပီဌံ၊ ခြေဆေးအင်းပျဉ်ကိုလည်းကောင်း။
ပါဒကထလိကံ၊ ခြေပွတ်အိုးခြမ်းကိုလည်းကောင်း။
ဥပနိက္ခိပိတဗ္ဗံ၊ အနီး၌ ချထားထိုက်၏။
ပစ္စုဂ္ဂန္တွာ၊ ခရီးဦး ကြိုဆို၍။
ပတ္တစီဝရံ၊ ကို။
ပဋိဂ္ဂဟေတဗ္ဗံ၊ လှမ်းယူထိုက်၏။
ပေ။
စီဝရံ၊ သည်။
သိန္နံ၊ ချွေးစိုသည်။
သစေ ဟောတိ။
(ဧဝံသတိ)။
မုဟုတ္တံ၊ တစ်မုဟုတ်မျှ။
ဥဏှေ၊ နေပူ၌။
ဩတာပေတဗ္ဗံ၊ ပူစေထိုက်၏။
(လှန်းထိုက်၏။)
စီဝရံ၊ ကို။
န စ နိဒဟိတဗ္ဗံ၊ ကြာမြင့်စွာလည်း မထားရာ။
စီဝရံ၊ ကို။
သင်္ဃရိတဗ္ဗံ၊ ခေါက်ထိုက်၏။
စီဝရံ၊ သင်္ဃရန္တေန= ခေါက်သော သဒ္ဓိဝိဟာရိကသည်။
**"မဇ္ဈေ၊ သင်္ကန်း၏အလယ်၌။
ဘင်္ဂါ၊ ချိုးအပ်သော အရာသည်။
(ခေါက်ချိုးရာသည်။)
မာ အဟောသိ၊ မဖြစ်ပါစေနှင့်။"**
ဣတိ၊ ဤသို့ နှလုံးသွင်း၍။
ကဏ္ဏံ၊ သင်္ကန်းအနားကို။
စတုရင်္ဂုလံ၊ လက်လေးသစ် ပမာဏရှိအောင်။
ဥဿာရေတွာ၊ အထက်သို့ တက်စေ၍။
(ပိုလွန်သည်ကို ပြု၍။)
စီဝရံ သင်္ဃရိတဗ္ဗံ။
ဩဘောဂေ၊ သင်္ကန်း၏ အခွေအတွင်း၌။
ကာယဗန္ဓနံ၊ ကို။
ကာတဗ္ဗံ၊ ပြုထိုက်၏။
(ထားရာ၏။)
[ကဏ္ဏံစတုရင်္ဂုလံ ဥဿာရေတွာ၏ အဓိပ္ပာယ်ကို ဘာသာဋီကာ၌ ပြထားပြီ။]
ပိဏ္ဍပါတော၊ ဆွမ်းသည်။
သစေဟောတိ။
ဥပဇ္ဈာယောစ၊ သည်လည်း။
ဘုဉ္ဇိတုကာမော၊ စားခြင်ငှာ အလိုရှိသည်။
သစေ ဟောတိ (ဧဝံသတိ)။
ဥဒကံ၊ ကို။
(လက်ဆေးဖို့ရာ ရေကို။)
ဒတွာ။
ပိဏ္ဍပါတော၊ ကို။
ဥပနာမေတဗ္ဗော၊ အနီးသို့ ညွတ်စေထိုက်၏။
(ကပ်ထိုက်၏။)
ဥပဇ္ဈာယော၊ ကို။
ပါနီယေန၊ သောက်ရေဖြင့်။
ပုစ္ဆိတဗ္ဗော၊ မေးထိုက်၏။
(ပန်လျှောက်ထိုက်၏။)
ဘုတ္တာဝိဿ၊ ဆွမ်းစားပြီးသော ဥပဇ္ဈာယ်အား။
ပေ။
သာဓုကံ။
အပ္ပဋိဃံသန္တေန၊ ပွတ်မထိုက်ဘဲ။
(မထိမခိုက်ဘဲ။)
ဓောဝိတွာ။
ဝေါဒကံ(ဝိ+ ဥဒကံ)၊ ရေ မရှိသည်ကို။
ကတွာ။
ပေ။
ဥဏှေ။
ပတ္တော၊ ကို။
န စ နိဒဟိတဗ္ဗော၊ ကြာမြင့်စွာလည်း မထားထိုက်။
ပတ္တစီဝရံ၊ ကို။
နိက္ခိပိတဗ္ဗံ၊ ထားထိုက်၏။
ပတ္တံ။
နိက္ခိပန္တေန၊ ထားသောသဒ္ဓိဝိဟာရိကသည်။
ဧကေန၊ တစ်ဖက်သော။
ဟတ္ထေန၊ လက်ဖြင့်။
ပတ္တံ ဂဟေတွာဧကေန။
ဟတ္ထေန၊ ဖြင့်။
ဟေဋ္ဌာမဉ္ဇံ ဝါ၊ ညောင်စောင်း(ခုတင်) ၏ အောက်ကိုသော်လည်းကောင်း။
ဟေဋ္ဌာပီဌံ ဝါ၊ အင်းပျဉ်(ထိုင်ခုံ) ၏ အောက်ကိုသော်လည်းကောင်း။
ပရာမသိတွာ၊ သုံးသပ်၍။
(စမ်းပြီး၍။)
ပတ္တော နိက္ခိပိတဗ္ဗော။
အနန္တရဟိတာယ၊ အကြား၌ ထားအပ်သော အခင်းမရှိသော။
[သပိတ်နှင့် မြေကြီး စသည်တို့၏ အကြားဝယ် ထားအပ်သောကြောင့် အခင်းကို " အန္တရဟိတ" ဟု ခေါ်၏။]
ဘူမိယာ၊ ၌။
ပတ္တော၊ ကို။
န စ နိက္ခိပိတဗ္ဗော၊ မထားထိုက်။
စီဝရံ။
နိက္ခိပန္တေန၊ သည်။
ပေ။
ဟတ္ထေန။
စီဝရဝံသံ ဝါ၊ သင်္ကန်းတန်းဝါး ကိုသော်လည်းကောင်း။
စီဝရရဇ္ဇုံ ဝါ၊ သင်္ကန်းတန်း ကြိုးကိုသော်လည်းကောင်း။
ပမဇ္ဇိတွာ၊ ပွတ်တိုက်၍။
(ဖုံးမရှိအောင် ပွတ်တိုက်၍။)
ပါရတော၊ ထိုဘက်၌။
အန္တံ၊ သင်္ကန်း အဖျားကို။
ဩရတော၊ ဤဘက်၌။
ဘောဂံ၊ သင်္ကန်းအခွေကို။
ကတွာ စီဝရံ နိက္ခိပိတဗ္ဗံ။
[ပါရတော အန္တံ စသော ဤ ဝါကျ၏ အဓိပ္ပာယ်ကို ဘာသာဋီကာ၌ ပြထားပြီ။]
ဥပဇ္ဈာယမှိ၊ သည်။
ဝုဋ္ဌိတေ၊ (ဆွမ်းစားရာ အရပ်မှ) ထပြီးလတ်သော်။
ပေ။
ပါဒကထလိကံ။
ဝုဋ္ဌိတေ၊ (ဆွမ််းစားရာ အရပ်မှ) ထပြီးလတ်သော်။
ပေ။
ပါဒကထလိကံ။
ပဋိသာမေတဗ္ဗံ၊ သိမ်းဆည်းထိုက်၏။
ပေ။
သမ္မဇ္ဇိတဗ္ဗော။
ဥပဇ္ဈာယော၊ သည်။
နဟာယိတုကာမော၊ ရေချိုးခြင်းငှာ အလိုရှိသည်။
သစေ ဟောတိ(ဧဝံသတိ)။
နဟာနံ၊ ချိုးကြောင်းရေကို။
(ချိုးရေကို။)
ပဋိယာဒေတဗ္ဗံ၊ စီမံထိုက်၏။
သီတေန၊ ရေအေးဖြင့်။
အတ္ထော၊ အလိုရှိသည်။
သစေ ဟောတိ(ဧဝံသတိ) သီတံ ပဋိယာဒေတဗ္ဗံ။
ဥဏှေန၊ ရေပူဖြင့်။
ပေ။
ဥပဇ္ဈာယော။
ဇန္တာဃရံ၊ ဇရုံးအိမ်သို့။
ပဝိသိတုကာမော သစေ ဟောတိ(ဧဝံသတိ)။
စုဏ္ဏံ၊ ရေချိုး ဆပ်ပြာမှုန့်ကို။
သန္နေတဗ္ဗံ၊ စုပေါင်း ဆောင်ထိုက်၏။
(အခဲ ပြုထိုက်၏။)
မတ္တိကာ၊ မြေညက်ကို။
တေမေတဗ္ဗာ၊ ရေဖြင့် စိုစေထိုက်၏။
ဇန္တာဃရပီဌံ၊ ဇရုံးအိမ်၌ ထားထိုက်သော အင်းပျဉ်(ထိုင်ခုံ) ကို။
အာဒါယ။
ဥပဇ္ဈာယဿ၊ ၏။
ပိဋ္ဌိတော ပိဋ္ဌိတော၊ ၌။
(နောက်က နောက်က။)
ဂန္တွာ၊ လိုက်သွား၍။
ဇန္တာဃရပီဌံ ဒတွာ စီဝရံ ပဋိဂ္ဂဟေတွာ။
ဧကမန္တံ၊ ၌။
နိက္ခိပိတဗ္ဗံ။
စုဏ္ဏံ ဒါတဗ္ဗံ။
ပေ။
သစေ ဥဿဟတိ၊ အကယ်၍ စွမ်းနိုင်အံ့။
(ဧဝံသတိ)။
ဇန္တာဃရံ၊ သို့။
ပဝိသိတဗ္ဗံ၊ ဝင်ထိုက်၏။
ဇန္တာဃရံ။
ပဝိသန္တေန၊ ဝင်သောသဒ္ဓိဝိဟာရိကသည်။
မတ္တိကာယ၊ ဖြင့်။
မုခံ၊ မျက်နှာကို။
မက္ခေတွာ၊ သုတ်လိမ်း၍။
[မျက်နှာကို မီးမပူအောင် မြေညက်ဖြင့် သုတ်လိမ်း၍။]
ပုရတော စ၊ ရှေ့မှလည်းကောင်း။
ပစ္ဆတော စ၊ နောက်မှလည်းကောင်း။
ပဋိစ္ဆာဒေတွာ၊ ဖုံးလွှမ်း၍။
ဇန္တာဃရံပဝိသိတဗ္ဗံ။
[ခါးအရပ်၏ ရှေ့ပိုင်းနှင့် နောက်ပိုင်းကို လုံခြုံသော ရေသနုပ်ကိုဝတ်၍ ဝင်ပါ၊- ဟူလို။]
ထေရေ၊ ထေရ်ဖြစ်ကုန်သော။
ဘိက္ခူ၊ တို့သို့။
အနုပခဇ္ဇ၊ အနီးသို့ ကပ်ဝင်၍။
(တိုးဝှေ့၍)
န နိသီဒိတဗ္ဗံ၊ မထိုင်ရာ။
နဝါ၊ သီတင်းငယ်ဖြစ်ကုန်သော။
ဘိက္ခူ၊ တို့ကို။
အာသနေန၊ ဖြင့်။
န ပဋိဗာဟိတဗ္ဗာ၊ မတားမြစ်ထိုက်ကုန်။
ဇန္တာဃရေ၊ ၌။
ဥပဇ္ဈာယဿ၊ ၏။
(အပေါ်၌)။
ပရိကမ္မံ၊ (မီးကျီးထည့်ပေးခြင်း စသော) အဖန်ဖန် ပြုထိုက်သော အမှုကို။
ကာတဗ္ဗံ။
ဇန္တာဃရာ၊ မှ။
နိက္ခမန္တေန၊ ထွက်လာသော သဒ္ဓိဝိဟာရိကသည်။
ဇန္တာဃရပီဌံ အာဒါယပုရတော စ ပစ္ဆတော စ ပဋိစ္ဆာဒေတွာ။
ဇန္တာဃရာ၊ မှ။
နိက္ခိပိတဗ္ဗံ၊ ထွက်ရာ၏။
[ရေသနုပ်ကို ဝတ်၍ ထွက်လာပါ။ အချီးနှီး အဝတ်မပါဘဲ ထွက်မလာပါနှင့်၊- ဟူလို။ ဇန္တာဃရဝယ် နေစဉ်၌ကား အကွယ်အကာ ရှိသောကြောင့် ရေသနုပ်မပါဘဲ နေကောင်းပါ၏။]
ဥဒကေပိ၊ ၌လည်း။
(ရေချိုးရာ၌လည်း။)
ဥပဇ္ဈာယဿ၊ ၏ (အပေါ်၌)။
ပရိကမ္မံ၊ ကြေးတွန်းမှု စသော ပရိကံကို။
ကာတဗ္ဗံ။
နဟာတေန၊ ရေချိုးပြီးသောသဒ္ဓိဝိဟာရိကလည်း။
ပဌမတရံ၊ စွာ။
ဥတ္တရိတွာ၊ ရေမှ တက်ပြီး၍။
အတ္တနော၊ ၏။
ဂတ္တံ၊ ကိုယ်ကို။
ဝေါဒကံ ကတွာ။
နိဝါသေတွာ၊ သင်းပိုင်ကို ဝတ်၍။
[ဇန္တာဃရသို့ ဝင်စဉ်က ရေသနုပ်ဖြင့် ဝင်ရသောကြောင့် ယခု သင်းပိုင်ကိုဝတ်ရသည်။]
ဥပဇ္ဈာယဿ၊ ၏။
ဂတ္တတော၊ မှ။
ဥဒကံ။
ပမဇ္ဇိတဗ္ဗံ၊ ပွတ်တိုက်ထိုက်၏။
(သုတ်ပစ်ရာ၏။)
နိဝါသနံ ဒါတဗ္ဗံ။
သံဃာဋိ ဒါတဗ္ဗော။
ပေ။
ဥပဇ္ဈာယော၊ ကို။
ပါနီယေန၊ ဖြင့်။
ပုစ္ဆိတဗ္ဗော၊ မေးလျှောက်ထိုက်၏။
[ဇန္တာဃရဝယ် နေခိုက် မီးပူကြောင့် ရေငတ်တတ်၏။ ထို့ကြောင့် "သောက်ရေလိုပါသလား?" ဟု လျှောက်ရမည်။]
ဥဒ္ဒိသာပေတုကာမော၊ ပါဠိကို ရွတ်ပြစေခြင်းငှာ အလိုရှိသည်။
သစေဟောတိ (ဧဝံသတိ)။
ဥဒ္ဒိသိတဗ္ဗော၊ ပါဠိကို ရွတ်ပြထိုက်၏။
ပရိပုစ္ဆိတုကာမော
ပရိပုစ္တိတုကာမော။ ။ "ပရိပုစ္ဆာပေတုကာမော" ဟု ရှိလျှင် "ဥဒ္ဒိသာပေတုကာမော" နှင့် လျော်၏၊ သဒ္ဓိဝိဟာရိကသည် ဥပဇ္ဈာယ်က ပါဠိတော်ကို ရွတ်ပြစေလိုလျှင်ပါဠိတော်ကို ရွတ်ပြရမည်၊ ထို ပါဠိတော်၏ အနက် အဓိပ္ပာယ် (အဋ္ဌကထာ) ကိုမေးစေလိုလျှင် အနက် အဓိပ္ပာယ်ကို ဥပဇ္ဈာယ်အား မေးရမည်ဟု ဆိုလိုသည်၊ "အနက်အဓိပ္ပာယ် အသင် သိရဲ့လား၊ မသိလျှင် မေးပါ" စသည်ဖြင့် ဥပဇ္ဈာယ်က ခွင့်ပြုပေးခြင်းကိုပင် "ပရိပုစ္ဆာပေတုကာမော- မေးစေလိုသည်" ဟု မှတ်ပါ။
၊ အနက်အဓိပ္ပာယ်ကို (အဋ္ဌကထာကို) အဖန်ဖန် မေးခြင်းငှာ အလိုရှိသည်။
သစေ ဟောတိ (ဧဝံသတိ)။
ပရိပုစ္ဆိတဗ္ဗော၊ အနက် အဓိပ္ပာယ်ကို (အဋ္ဌကထာကို) အဖန်ဖန် မေးထိုက်၏။
ယသ္မိံ ဝိဟာရေ၊ ၌။
ဥပဇ္ဈာယော ဝိဟရတိ။
သော ဝိဟာရော၊ သည်။
ဥက္လာပေါ သစေဟောတိ။
သစေ ဥဿဟတိ၊ အံ့။
(ဧဝံသတိ)။
သောဓေတဗ္ဗော၊ သုတ်သင် ရှင်းလင်းထိုက်၏။
ဝိဟာရံ။
သောဓေန္တေန၊ သုတ်သင် ရှင်းလင်းသော သဒ္ဓိဝိဟာရိကသည်။
ပဌမံ ပတ္တစီဝရံ။
နီဟရိတွာ၊ ထုတ်ဆောင်၍။
ဧကမန္တံ၊ ၌။
နိက္ခိပိတဗ္ဗံ၊ ချထားထိုက်၏။
နိသီဒနပစ္စတ္ထရဏံ၊ နိသီဒိုင်, အိပ်ရာခင်းကို။
ပေ။
ဘိသိဗိမ္ဗောဟနံ၊ ဘုံလျှို, ခေါင်းအုံးကို။
ပေ။
မဉ္စော၊ ကို။
နီစံ၊ နိမ့်သည်ကို။
ကတွာ သာဓုကံ။
အပ္ပဋိဃံသန္တေန
အပ္ပဋိဃံသန္တေန, အသံဃဋ္ဋေန္တေန။ ။ ညောင်စောင်း (ခုတင်) စသည်ကိုကျောင်းထဲမှ ထုတ်သောအခါ (နီစံ ကတွာ) အမြင့်ကြီး မမ- ဘဲ ခပ်နိမ့်နိမ့် မ- ယူ၍(အပ္ပဋိဃံသန္တေန) မြေကြိး, အင်္ဂတေအခင်း, ကြမ်းအခင်းများကို မပွတ်မတိုက်ဘဲ(ဒရွတ်မဆွဲဘဲ) လည်းကောင်း, (အသံဃဋ္ဋေန္တေန) တံခါးရွက်, တံခါးပေါင်များကိုမထိခိုက်စေဘဲလည်းကောင်း ကောင်းမွန်စွာ ထုတ်ပါဟု မိန့်တော်မူသည်။
၊ မပွတ်မတိုက်ဘဲ။
ကဝါဋပီဌံ၊ တံခါးရွက်, တံခါးပေါင်ကို။
အသံဃဋ္ဋေန္တေန၊ မထိခိုက်စေဘဲ။
ပေ။
နိက္ခိပိတဗ္ဗော။
ပီဌံ၊ ကို။
ပေ။
မဉ္စပဋိပါဒကာ၊ ညောင်စောင်း (ခုတင်) ၏ အခြေခံတို့ကို။
ပေ။
ခေဠမလ္လကော၊ ထွေးခံကို။
အပဿေန ဖလကံ၊ မှီအပ်ရာ ပျဉ်ချပ်ကို။
ဝါ၊ မှီစရာ ပျဉ်ချပ်ကို။
ပေ။
ဘူမတ္ထရဏံ၊ မြေအခင်းကို။
(မြေ, တည်ရာ ကြမ်းပြင် စသည်တို့၌ ခင်းထိုက်သော အခင်းကို။)
ယထာ ပညတ္တံ၊ အကြင် အကြင် ခင်းထားအပ်သော အရပ်ကို။
သလ္လက္ခေတွာ၊ မှတ်သား၍။
ပေ။
နိက္ခိပိတဗ္ဗံ။
ဝိဟာရေ၊ ၌။
သန္တာနကံ၊ (အဆက်မပြတ် ချဲ့ဖြန့်အပ်သော) ပင့်ကူချည်မျှင်သည်။
သစေ ဟောတိ (ဧဝံသတိ)။
ဥလ္လောကာ၊ အထက်မျက်နှာကြက်မှ။
ပဌမံ၊ စွာ။
ဩဟာရေတဗ္ဗံ၊ ဖယ်ရှား၏။
[မျက်နှာကြက်မှ စ၍ ရှင်းပါ၊- ဟူလို။]
အာလောကသန္ဓိကဏ္ဏဘာဂါ၊ လေသောက်ပြတင်း တံခါးရွက်အဖို့, အခန်း၏အထောင့်အဖို့တို့ကို။
ပမဇ္ဇိတဗ္ဗာ၊ ပွတ်တိုက်ထိုက်ကုန်၏။
ဂေရုကပရိကမ္မကတာ၊ ပြုအပ်ပြီးသော ဂွေ့နီပရိကံရှိသော။
(ဂွေ့နီမှုန့်တို့ဖြင့် အပြေအပြစ် ပြုအပ်သော။)
ဘိတ္တိ၊ နံရံသည်။
ကဏ္ဏကိတာ၊ မှိုဖြင့် ရောပြွမ်းအပ်သည်။
(မှိုတက်သည်။)
သစေဟောတိ(ဧဝံသတိ)။
စောဠကံ၊ အဝတ်ကြမ်းကို။
တေမေတွာ၊ ရေဖြင့် စိုစေ၍။
(ရေဆွတ်၍။)
ပီဠေတွာ၊ ရေကို ညှစ်၏။
ပမဇ္ဇိတဗ္ဗာ၊ ပွတ်တိုက်ထိုက်၏။
ကာဠဝဏ္ဏကတာ၊ ပြုအပ်သော မည်းနက်သော အဆင်းရှိသော။
(မည်းနက်သောအဆင်းရှိအောင် ပြုအပ်သော။)
ပေ။
အကတာ၊ ဂွေ့နီပရိကံဖြင့် မပြုအပ်, ကာဠဝဏ္ဏဖြစ်အောင် မပြုအပ်သော။
ဘူမိ သစေ (ဟောတိ) (ဧဝံသတိ)။
ဥဒကေန။
ပရိပ္ဖောသိတွာ၊ ဖျန်း၍။
သမ္မဇ္ဇိတဗ္ဗံ၊ တံမြက်လှည်းထိုက်၏။
(ကိံ၊ အဘယ်သို့နှလုံးသွင်း၍ ရေဖြင့် ဖျန်းကာ တံမြက်လှည်းထိုက်သနည်း?။)
**"ဝိဟာရော၊ ကို။
ရဇေန၊ မြူမှုန်သည်။
ဝါ၊ ဖုံသည်။
မာ ဥဟညိ၊ မနှိပ်စက်အပ်ပါစေနှင့်။"**
ဣတိ၊ ဤသို့ နှလုံးသွင်း၍ ရေဖြင့် ဖျန်းကာ တံမြက်လှည်းထိုက်၏။
သင်္ကာရံ၊ အမှိုက်ကို။
ဝိစိနိတွာ၊ စုရုံး၍။
ဧကမန္တံ၊ ၌။
ဆဍ္ဍေတဗ္ဗံ၊ စွန့်ပစ်ထိုက်၏။
ဘူမတ္ထရဏံ၊ ကို။
ဩတာပေတွာ၊ နေ၌ ပူစေ၍။
(နေလှန်း၍။)
သောဓေတွာ၊ သုတ်သင် ရှင်းလင်း၍။
ပပ္ဖောဋေတွာ၊ ခါ၍။
အတိဟရိတွာ၊ တစ်ဖန် ဆောင်၍။
ယထာ ပညတ္တံ၊ အကြင် အကြင် ခင်းထားအပ်သော အရပ်၌။
ပညပေတဗ္ဗံ၊ ခင်းထိုက်၏။
မဉ္စပဋိပါဒကာ၊ တို့ကို။
ပေ။
ယထာ ဌာနေ၊ အကြင် အကြင်ထားအပ်တိုင်းသော နေရာ၌။
ဌပေတဗ္ဗာ၊ ထားထိုက်ကုန်၏။
[ကြွင်း ဝါကျတို့၌ အနက်ထူး မရှိ။ ယထာ ပညတ္တံ ပည့ပေတဗ္ဗံ၏ အဓိပ္ပာယ်ကို အဋ္ဌကထာမှာကြည့်ပါ။]
ပုရတ္ထိမာ၊ အရှေ့အရပ်မှ။
သရဇာ၊ မြူမှုန်နှင့် တကွဖြစ်ကုန်သော။
ဝါတာ၊ လေတို့သည်။
သစေ ဝါယန္တိ၊ အကယ်၍ လာကုန်အံ့။
(ဧဝံသတိ၊ ဤသို့လာကုန်လတ်သော်။)
ပုရတ္ထိမာ၊ အရှေ့အရပ်၌။
(အရှေ့အရပ်က။)
ဝါတပါနာ၊ လေသောက်ပြတင်းတို့ကို။
ထကေတဗ္ဗာ၊ ပိတ်ထိုက်ကုန်၏။
တစ်နည်း။
ပုရတ္ထိမာ၊ အရှေ့အရပ်၌ ဖြစ်ကုန်သော။
သရဇာ၊ ကုန်သော။
ဝါတာ သစေ ဝါယန္တိ(ဧဝံသတိ)။
ပုရတ္ထိမာ၊ ကုန်သော။
ဝါတပါနာ၊ တို့ကို။
ထကေတဗ္ဗာ။
[ဤသို့ ပေးရပုံကို ဘာသာဋီကာ ဤ ဝါကျ အဖွင့်၌ ပြထားပြီ။ နောက်နောက် ဝါကျတို့၌နည်းတူ ပေးပါ။]
ပစ္ဆိမာ၊ အနောက်အရပ်မှ။
ပေ။
ဥတ္တရာ၊ မြောက်အရပ်မှ။
ပေ။
ဒက္ခိဏာ၊ တောင်အရပ်မှ။
ပေ။
သီတကာလော၊ အအေး၏ အခါသည်။
(အေးရာအခါသည်။)
သစေ ဟောတိ(ဧဝံသတိ)။
ဒိဝါ၊ နေ့အခါ၌။
ဝါတပါနာ၊ တို့ကို။
ဝိဝရိတဗ္ဗာ၊ ဖွင့်ထိုက်ကုန်၏။
[နေရောင်ခြည်ဝင်၍ အပူဓာတ်ရအောင် ဖွင့်ပါ၊- ဟူလို။]
ရတ္တိံ၊ ညဉ့်၌။
ထကေတဗ္ဗာ။
ဥဏှကာလော၊ အပူ၏ အခါသည်။
(ပူရာအခါသည်။)
သစေ။
ပေ။
ရတ္တိံ၊ ၌။
ဝိဝရိတဗ္ဗာ၊ ကုန်၏။
[နေပူ မဝင်အောင်နေပူဝင်သောဘက်က တံခါးများကို ပိတ်၍ ညဉ့်အခါမှ အအေးဓာတ်ဝင်အောင်ဖွင့်ပါ၊- ဟူလို။]
ပရိဝေဏံ၊ ပရိဝုဏ်သည်။
(ကျောင်းဝင်းသည်။)
ဥက္လာပံ သစေ ဟောတိ(ဧဝံသတိ)။
ပရိဝေဏံ၊ ကို။
သမ္မဇ္ဇိတဗ္ဗံ၊ ထိုက်၏။
ကောဋ္ဌကော၊ တံခါးမုခ်သည်။
ပေ။
ဥပဋ္ဌာနသာလာ၊ ဆည်းကပ်ရာ ဇရပ်သည်။
(ဆည်းကပ်ရာ တန်ဆောင်းဝန်းသည်။)
ပေ။
အဂ္ဂိသာလာ၊ မီးတင်းကုပ်သည်။
(မီးဖိုချောင်သည်။)
ပေ။
ဝစ္စကုဋိ၊ ကျင်ကြီးအိမ်သည်။
ပေ။
ပါနီယံ၊ သောက်ရေသည်။
သစေ န ဟောတိ (ဧဝံသတိ)။
ပါနီယံ၊ ကို။
ဥပဋ္ဌပေတဗ္ဗံ၊ တည်ထားထိုက်၏။
ပရိဘောဇနီယံ၊ သုံးရေသည်။
ပေ။
အာစမနကုမ္ဘိယာ၊ သန့်သက်ရေအိုး၌။
ပေ။
အာသိဉ္စိတဗ္ဗံ၊ သွန်းလောင်းထိုက်၏။
(လောင်းထည့်ရမည်။)
ဥပစ္ဈာယဿ၊ ဥပစ္ဈာယ်၏။
ဝါ၊ မှာ။
အနဘိရတိ၊ မမွေ့လျော်ခြင်းသည်။
ဥပန္နာ၊ ဖြစ်နေသည်။
သစေ ဟောတိ (ဧဝံသတိ)။
သဒ္ဓိဝိဟာရိကေန၊ သည်။
ဝူပကာသေတဗ္ဗော၊ (ကိုယ်တိုင်သော်လည်း) အခြားအရပ်သို့ ပင့်ဆောင်ထိုက်၏။
ဝူပကာသာပေတဗ္ဗော၊ (သူတစ်ပါးကိုသော်လည်။)
အခြားအရပ်သို့ ပင့်ဆောင်စေထိုက်၏။
[ဤ ပုဒ်တို့၏ သဒ္ဒတ္ထကို ဘာသာဋီကာ၌ ပြထားပြီ။]
အဿ၊ ထိုဥပဇ္ဈာယ်၏ အတွက်။
ဓမ္မကထာ ဝါ၊ တရားနှင့်စပ်သော စကားကိုမူလည်း။
ကာတဗ္ဗာ၊ ပြုထိုက်၏။
(ဥပဇ္ဈာယ်မှာ ကုက္ကစ္စဖြစ်လျှင်)
ဝိနောဒေတဗ္ဗံ၊ ပယ်ဖျောက်ထိုက်၏။
ပေ။
(ဒိဋ္ဌိဂတာ၊ မိစ္ဆာအယူဖြစ်လျှင်)
ဝိဝေစေတဗ္ဗံ၊ ကိုယ်တိုင်သော်လည်း ကင်းဆိတ်စေထိုက်၏။
(စွန့်လွှတ်စေထိုက်၏။)
ဝိဝေစာပေတဗ္ဗံ၊ သူတစ်ပါးကိုသော်လည်း ကင်းဆိတ်ပါစေဟု စေခိုင်းထိုက်၏။
(ကင်းအောင် ပြုပေးပါဟုလျှောက်ထိုက်၏။)
ပေ။
ဥပဇ္ဈာယော။
ဂရုဓမ္မံ၊ ကြီးလေးသော သံဃာဒိသေသ်အာပတ်သိို့။
အဇ္ဈာပန္နော၊ ရောက်သည်။
(ဟုတွာ)။
ပရိဝါသာရဟော၊ ပရိဝါသ်ကို ထိုက်သည်။
(ပရိဝါသ် နေထိုက်သည်။)
သစေ ဟောတိ (ဧဝံသတိ)။
သဒ္ဓိဝိဟာရိကေန၊ သည်။
ဥဿုက္ကံ၊ အားထုတ်သူ၏ အဖြစ်ကို။
(ကြောင့်ကြကို။)
ကာတဗ္ဗံ၊ ပြုထိုက်၏။
(ကိံ?)။
**"ကိန္တိ၊ အဘယ်သို့လျှင်။
သံဃော ဥပဇ္ဈာယဿ၊ အား။
ပရိဝါသံ၊ ကို ဒဒေယျ နု ခေါ- ပေးရာပါအံ့နည်း?။"**
ဣတိ၊ ဤသို့။
(ဥဿုက္ကံကာတဗ္ဗံ။)
ပေ။
မူလာယ၊ အရင်းသို့။
ပဋိကဿနာရဟော၊ ငင်ခြင်းကို ထိုက်သည်။
ပေ။
မူလာယ၊ သို့။
ပရိကဿေယျ နု ခေါ၊ ငင်ရာပါအံ့နည်း?။
ပေ။
မာနတ္တာရဟော၊ မာနတ်ကို ထိုက်သည်။
ပေ။
အဗ္ဘာနာရဟော၊ အဗ္ဘာန်ကိုထိုက်သည်။
(အဗ္ဘာန် သွင်းထိုက်သည်။)
ပေ။
အဗ္ဘေယျ နု ခေါ၊ သွင်းခေါ်ရာပါအံ့နည်း?။
ပေ။
သံဃော။
ဥပဇ္ဈာယဿ၊ ၏ (အပေါ်၌)။
ကမ္မံ၊ ကံကို။
တဇ္ဇနီယံ ဝါ၊ တဇ္ဇနီယကံကိုသော်လည်းကောင်း။
နိယဿံ ဝါ၊ ကိုသော်လည်းကောင်း။
ပဗ္ဗာဇနီယံ ဝါ၊ လည်းကောင်း။
ပဋိသာရဏီယံ ဝါ၊ လည်းကောင်း။
ဥက္ခေပနီယံ ဝါ၊ ဥက္ခေပနီယကံကိုသော်လည်းကောင်း။
ကတ္တုကာမော၊ ပြုခြင်းငှာ အလိုရှိသည်။
ပေ။
န ကရေယျ နု ခေါ၊ မပြုရာပါအံ့နည်း?။
လဟုကာယ ဝါ၊ ပေါ့သောကံသို့သော်လည်း။
ပရိဏာမေယျ နု ခေါ၊ ညွတ်စေရာပါအံ့နည်း?။
(ပြောင်းလွှဲရာပါအံ့နည်း။)
ဣတိ (ဥဿုက္ကံ ကာတဗ္ဗံ။)
အဿ၊ ထို ဥပဇ္ဈာယ်၏ (အပေါ်၌)။
သံဃေန၊ သည်။
ကမ္မံ၊ သည်။
ဝါ၊ ကို။
တဇ္ဇနီယံ ဝါ၊ သည်သော်လည်းကောင်း။
ဝါ၊ ကိုသော်လည်းကောင်း။
ပေ။
ဥက္ခေပနီယံ ဝါ။
ကတံ ဝါ၊ ပြုအပ်ပြီးသည်မူလည်း။
သစေ ဟောတိ။
ပေ။
သမ္မာ၊ စွာ။
ဝတ္တေယျံ နု ခေါ၊ ကျင့်ရာပါအံ့နည်း?။
လောမံ၊ မာနတည်းဟူသော အမွေးကို။
ပါတေယျ (နု ခေါ)၊ ကျစေရာပါအံ့နည်း?။
(ချရာပါအံ့နည်း?။)
နေတ္ထာရံ၊ ကံမှ ထွက်မြောက်ကြောင်းအကျင့်ကို။
ဝတ္တေယျ(နု ခေါ)၊ နည်း?။
သံဃော၊ သည်။
တံ ကမ္မံ။
ပဋိပ္ပဿမ္ဘေယျ(နု ခေါ)၊ ငြိမ်းစေရာပါအံ့ နည်း?။
ဣတိ (ဥဿုက္ကံ ကာတဗ္ဗံ။)
["နေတ္ထာရံ" ၏အဖွင့်ကို ပါရာဇိကဏ်ဘာသာဋီကာ, စတုတ္ထအုပ်, စာမျက်နှာ - ၁၈၉ ၌ပြခဲ့ပြီ။ စူဠဝဂ္ဂ, ကမ္မက္ခန္ဓကဋ္ဌကထာ, တဇ္ဇနီယကမ္မကထာ၌ တစ်နည်း ဖွင့်သေး၏။]
ဥပဇ္ဈာယဿ၊ ၏။
စီဝရံ၊ သည်။
ဝါ၊ ကို။
ဓောဝိတဗ္ဗံ၊ ဖွတ်လျော်ထိုက်သည်။
သစေ ဟောတိ (ဧဝံသတိ)။
သဒ္ဓိဝိဟာရိကေန၊ သည်။
ဓောဝိတဗ္ဗံ၊ ၏။
စီဝရံ၊ ကို။
ဓောဝိယေထ နု ခေါ၊ ဖွတ်လျော်အပ်ရာပါအံ့နည်း?။
ပေ။
ကာတဗ္ဗံ၊ ချုပ်ဆိုးမှုကို ပြုထိုက်သည်။
ပေ။
ကရိယေထ နု ခေါ၊ ချုပ်ဆိုးမှုကို ပြုအပ်ရာပါအံ့နည်း?။
ပေ။
ရဇနံ၊ ဆိုးရည်သည်။
ဝါ၊ ကို။
ပစိတဗ္ဗံ၊ ကျိုထိုက်သည်။
ပေ။
ပစိယေထ နု ခေါ၊ ကျိုအပ်ရာပါအံ့နည်း။
ပေ။
ရဇိတဗ္ဗံ၊ ဆိုးထိုက်သည်။
ပေ။
ရဇိယေထ နု ခေါ၊ ဆိုအပ်ရာပါအံ့နည်း?။
ပေ။
စီဝရံ၊ ကို။
ရဇန္တေန၊ ဆိုးသောသဒ္ဓိဝိဟာရိကသည်။
သာဓုကံ။
သမ္ပရိဝတ္တကံ သမ္ပရိဝတ္တကံ၊ ထက်ဝန်းကျင် လှည့်၍လှည့်၍။
(အတွင်းဘက်က ဆိုးလိုက် အပြင်ဘက်က ဆိုးလိုက်အားဖြင့် ပြန်လှန်၍ပြန်လှန်၍။)
ရဇိတဗ္ဗံ၊ ၏။
ထေဝေ၊ ဆိုးရည်ပေါက်သည်။
အစ္ဆိန္နေ စ၊ မပြတ်စဲသေးမီလည်း။
န ပက္ကမိတဗ္ဗံ၊ မဖဲသွားရာ။
[ဆိုးရည်ပေါက် ကျနေသေးလျှင်သုတ်ပေးဖို့ရန် (သို့မဟုတ်) ထပ်၍ ညှစ်ဖို့ရန် မသွားသေးဘဲ စောင့်နေပါ၊- ဟူလို။]
ဥပဇ္ဈာယံ၊ ကို။
အနာပုစ္ဆာ၊ မပန်ပြောမူ၍။
ဧကစ္စဿ၊ အချို့သော ဝိသဘာဂပုဂ္ဂိုလ်အား။
ပတ္တော၊ ကို။
န ဒါတဗ္ဗော၊ မပေးထိုက်။
ပေ။
ဧကစ္စဿ၊ ၏။
ပတ္တော။
န ပဋိဂ္ဂဟေတဗ္ဗော၊ မယူထိုက်။
ပေ။
ပရိက္ခာရော၊ ပရိက္ခရာကို။
[သင်္ကန်းနှင့် သပိတ်မှ ကြွင်းသမျှကို "ပရိက္ခရာ" ဟု ယူပါ။]
ပေ။
ကေသာ၊ ဆံပင်တို့ကို။
န ဆေဒေတဗ္ဗာ၊ မပြတ်စေထိုက်ကုန်။
(မဖြတ်ထိုက်, ရိတ်မပေးထိုက်ကုန်။)
ဧကစ္စေန၊ သည်။
ဝါ၊ ကို။
ကေသာ၊ တို့ကို။
နဆေဒါပေတဗ္ဗာ၊ ပြတ်ပါစေဟု မစေခိုင်းထိုက်ကုန်။
(အဖြတ်မခိုင်းထိုက်, အရိတ်မခိုင်းထိုက်ကုန်။)
ဧကစ္စဿ၊ ၏။
ပရိကမ္မံ၊ ကြေးတွန်းမှု စသော ပရိကံကို။
ပေ။
ဝေယျာဝစ္စော၊ ဝေယျာဝစ္စကို။
["ဝေယျာဝစ္စံ" ဟု နပုလ္လိင်ဖြင့် မူကွဲရှိ၏။ ထို မူကွဲက သာ၍ ကောင်း၏။ ရူပသိဒ္ဓိ, ဘာဝတဒ္ဓိတ်ခန်း၌လည်း နပုလ္လိင်ဖြင့်ပင်ရှိ၏။]
ဧကစ္စဿ၊ ၏။
ပစ္ဆာသမဏေန၊ သည်။
န ဟောတဗ္ဗံ၊ မဖြစ်ရာ။
ဧကစ္စော၊ ကို။
ပစ္ဆာသမဏော၊ ကို။
န အာဒါတဗ္ဗော၊ မခေါ်ယူထိုက်။
ဧကစ္စဿ၊ ၏။
(အတွက်)။
ပိဏ္ဍပါတော၊ ကို။
န နီဟရိတဗ္ဗော၊ မဆောင်ယူထိုက်။
ဧကစ္စေန၊ သည်။
ဝါ၊ ကို။
ပိဏ္ဍပါတော၊ ကို။
န နီဟရာပေတဗ္ဗော၊ မဆောင်ယူစေထိုက်။
ဥပဇ္ဈာယံ အနာပုစ္ဆာ။
ဂါမော၊ သို့။
န ပဝိသိတဗ္ဗော၊ မဝင်ထိုက်။
သုသာနံ၊ သုသာန်သို့။
န ဂန္တဗ္ဗံ၊ ထိုက်။
ဒိသာ၊ အရပ်မျက်နှာတို့သို့။
န ပက္ကမိတဗ္ဗာ၊ မဖဲသွားထိုက်ကုန်။
ဥပဇ္ဈာယော။
ဂိလာနော၊ မကျန်းမမာသည်။
သစေ ဟောတိ (ဧဝံသတိ)။
ယာဝဇီဝံ၊ အသက်၏အပိုင်းအခြားအတိုင်း။
(အသက်ထက်ဆုံး။)
ဥပဋ္ဌာတဗ္ဗော၊ ပြုစုလုပ်ကျွေးထိုက်၏။
အဿ၊ ထို ဥပဇ္ဈာယ်၏။
ဝုဋ္ဌာနံ၊ ရောဂါမှ ထခြင်းကို။
အာဂမေတဗ္ဗံ၊ ဆိုင်းငံ့ထိုက်၏။
[အခြား အရပ်သို့ မသွားဘဲ စောင့်၍ ပြုစု လုပ်ကျွေးပါ၊- ဟူလို။]
ဣတိ (အာမန္တေသိ)။