အထ ခေါ ဘဂဝါ။
ဝဿံ၊ မိုးလပတ်လုံး။
ဝုဋ္ဌောဝဿံ ဝုဋ္ဌော။ ။ [မယှံ ဘိက္ခဝေ ၊ပေ၊ သစ္ဆိကရောထ ဟူသော စကားတော်ကို ရဟန္တာဖြစ်ပြီးသော အရှင်ကောဏ္ဍည အမှူးရှိသော အရှင်တို့အား မိန့်တော်မူကြောင်းကို ဝိမတိအတိုင်း ဘာသာဋီကာ၌ ပြထားပြီ။] မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးနောက် ပထမဝါကို ဗာရာဏသီမြို့, ဣသိပတနမိဂဒါဝုန်တော၌ကပ်တော်မူ၏၊ (ထိုအချိန်၌ ဝါဆိုဖို့ရန် ပညတ်တော်မမူရသေးသောကြောင့်) ဝါကျွတ်ခါနီးဖြစ်သော ဝါတွင်း၌ပင် ခြောက်ကျိတ်တစ်ပါးသော ရဟန္တာအရှင်မြတ်တို့ကို သာသနာပြု စေလွှတ်တော်မူသည်ဟု ဗုဒ္ဓဝံသဋ္ဌကထာ၌ မိန့်၏၊ [ဓမ္မပဒဋ္ဌကထာ, ယမကဝဂ်, သာရိပုတ္တတ္ထေရဝတ္ထု၌ကား "ဝါကျွတ်မှပင် စေလွှတ်တော်မူ၏" ဟု မိန့်၏၊] ဤ "မယှံ ခေါ ဘိက္ခဝေ" စသော စကားတော်ကို မိန့်တော်မူရာ အချိန်ကား ဝါတွင်းသုံးလပတ်လုံးသီတင်းသုံးတော်မူပြီးဖြစ်သောကြောင့် "ဝဿံ ဝိဋ္ဌော" ဟု သင်္ဂါယနာတင်ထေရ်တို့ မိန့်တော်မူသည်။ ၊ နေတော်မူပြီးသည်။
တစ်နည်း။
ဝဿံ ဝုဋ္ဌော၊ ဝါကျွတ်တော်မူပြီးသည်။
(သမာနော၊ သော်။)
ဘိက္ခူ အာမန္တေသိ (ကိံ?)။
**"ဘိက္ခဝေ။
မယှံ၊ ၏။
ဝါ၊ သည်။
ယောနိသော၊ သင့်သောအကြောင်းအားဖြင့်။
မနသိ၊ စိတ်၌။
ကာရာ၊ ပြုတော်မူခြင်းကြောင့်။
တစ်နည်း။
မနသိကာရာ၊ နှလုံးသွင်းတော်မူခြင်းကြောင့်။
ယောနိသော၊ အားဖြင့်။
သမ္မပ္ပဓာနာ၊ ကောင်းစွာ အားထုတ်တော်မူခြင်းကြောင့်။
အနုတ္တရာ၊ မိမိထက်မြတ်သောတရား မရှိသော။
ဝါ၊ အမြတ်ဆုံးဖြစ်သော။
ဝိမုတ္တိ၊ အရဟတ္တဖိုလ်သို့။
အနုပ္ပတ္တာ၊ ရောက်တော်မူအပ်ပြီ။
ပေ။
သစ္ဆိကတာ၊ မျက်မှောက်ပြုတော်မူအပ်ပြီ။**
**ဘိက္ခဝေ။
တုမှေပိ။
ပေ။
အနုပါပုဏာထ၊ ရောက်ကြကုန်လော့။
ပေ။
သစ္ဆိကရောထ၊ ကုန်လော့။"**
ဣတိ (အာပန္တေသိ)။
[ဂါထာ၌ ဂါထာ၌ မှတ်ချက်။ ။ ပထမဂါထာ၌ "ဗဒ္ဓေါ မာရပါသေဟိ" ဟူသောရှေ့စကားကို ထောက်၍လည်းကောင်း, "မာရပါသေနာတိ ကိလေသမာရပါသေန" ဟူသော ဋီကာကို ထောက်၍လည်းကောင်း "မဟာဗန္ဓနဗဒ္ဓေါသိ" နေရာဝယ် "မာရပါသေန ဗဒ္ဓေါသိ" ဟု ရှိသင့်မည် ထင်၏၊ "မာရပါသေန- ကိလေသာမာရ်တည်းဟူသော ကျော့ကွင်းဖြင့်၊ ဗဒ္ဓေါ အသိ" ဟု ပေးပါ၊ သီဟိုဠ်မူ, ယိုးဒယားမူတို့၌မူကား "မာရဗန္ဓနဗဒ္ဓေါသိ" ဟု ရှိပါသည်၊ "မာရဗန္ဓနဗဒ္ဓေါ- ကိလေသာမာရ်ဟူသောအနှောင်အဖွဲ့ဖြင့် နှောင်ဖွဲ့အပ်သည်" ဟု ပေးပါ၊ ဒုတိယဂါထာ၌လည်း "မဟာဗန္ဓနမုတ္တောမှိ" နေရာဝယ် "မာရပါသေန မုတ္တောမှိ" ဟု ရှိသင့်မည် ထင်၏၊ "မာရပါသေန- မှ၊ မုတ္တော အမှိ" ဟု ပေးပါ၊ ဤ၌လည်း သီဟိုဠ်မူ, ယိုးဒယားမူတို့ဝယ် "မာရဗန္ဓနမုတ္တောမှိ" ဟုပင် ရှိပါသည်။ [ပါဠိတော်နှင့် တိုက်ဆိုင်ကြည့်ပါ။] **"(တေဟိ) မာရပါသေဟိ၊ ထိုကိလေသာမာရ်၏ ကျော့ကွင်းတို့ဖြင့်"** ဟု ပေးပါ။]