Issues
Select Version
元亨寺·CBETA
中文
နိဿယ-2
မြန်မာဘာသာ
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

16. Saddhivihārikavattakathā

Author: နိဿယ-2 @ IAPT

**"ဥပဇ္ဈာယော ဘိက္ခဝေ သဒ္ဓိဝိဟာရိကမှိ ပုတ္တစိတ္တံဥပဋ္ဌပေဿတိ"**၊ ဟူသော စကားတော်နှင့် စပ်၍ ဥပဇ္ဈာယ်ကသဒ္ဓိဝိဟာရိကတပည့် အပေါ်၌ ပြုထိုက်သောဝတ်ကိုလည်းပြတော်မူလိုသောကြောင့် **"ဥပဇ္ဈာယေန ဘိက္ခဝေ"**၊ စသော စကားတော်ကို မိန့်တော်မူသည်။ ဘိက္ခဝေ။ ဥပဇ္ဈာယေန၊ သည်။ (အပြစ်ငယ် အပြစ်ကြီး အသီးသီးကိုအနီးချဉ်းကပ် ကြည့်ရှုသွန်သင်တတ်သော ဥပဇ္ဈာယ်သည်။) သဒ္ဓိဝိဟာရိကမှိ၊ ဥပဇ္ဈာယ်ယူ အတူနေ တပည့်အပေါ်၌။ ပေ။၊ သမ္မာဝတ္တနာ၊ တည်း။
ဘိက္ခဝေ။ ဥပဇ္ဈာယေန၊ သည်။ သဒ္ဓိဝိဟာရိကော၊ ကို။ ဥဒ္ဒေသေန ဥဒ္ဒေသန။ ။ စာအုပ် မရှိသေးသော ရှေးခေတ်က စာချသောအခါဆရာက ပါဠိတော်ကို ရွတ်ပြရ၏၊ ထိုသို့ ရွတ်ပြ၍ တပည့်ကို ထိုအတိုင်း လိုက်ဆိုစေရ၏၊ ထို့ကြောင့် ပါဠိတော်ကို ရွတ်ပြခြင်းကိုပင် "ပါဠိတော်ကို ပို့ချခြင်း(သင်ယူခြင်း) ဟု ခေါ်ရ၏။ ၊ ရွတ်ပြအပ်သော ပါဠိတော်ဖြင့်လည်းကောင်း။ (ပါဠိတော်ကို သင်ပေးခြင်းဖြင့် လည်းကောင်း။) ပရိပုစ္ဆာယ ပရိပုစ္ဆာယ။ ။ ပါဠိတော်ကို သင်ယူပြီးသောအခါ ထို ပါဠိတော်၏အနက်, အဓိပ္ပာယ်ကို ဆရာ့အထံ၌ အဖန်ဖန် မေးရ၏၊ ဆရာက အနက်, အဓိပ္ပာယ်ကို (အဋ္ဌကထာကို) ပြောပြရ၏၊ ထို့ကြောင့် အကြောင်းဖြစ်သော မေးခြင်း (ပရိပုစ္ဆာ) ၏အမည်ကို အကျိုးဖြစ်သော အနက်, အဓိပ္ပာယ် (အဋ္ဌကထာ) ၌ တင်စား၍ အကျိုးဖြစ်သော အနက်, အဓိပ္ပာယ် (အဋ္ဌှကထာ) ကို ကာရဏူပစာရအားဖြင့် "ပရိပုစ္ဆာ" ဟုခေါ်ရသည်။ [ပဋိသမ္ဘိဒါဝိဘင်္ဂ, မူလဋီကာ- ၁၉၃၊ အနုဋီကာ- ၁၉၄။] ၊ အနက်အဓိပ္ပာယ်ကို အဖန်ဖန် မေးခြင်းဖြင့်လည်းကောင်း။ (အဋ္ဌကထာကို သင်ပေးခြင်းဖြင့်လည်းကောင်း။) ဩဝါဒေန၊ အပြစ် မပေါ်မိဆုံးမခြင်းဖြင့်လည်းကောင်း။ အနုသာသနိယာ၊ အပြစ် ပေါ်လျှင် သွန်သင်ခြင်းဖြင့်လည်းကောင်း။ တစ်နည်း။ ဩဝါဒေန၊ ရှေးဦးစွာ ဆုံးမခြင်းဖြင့်လည်းကောင်း။ အနုသာသနိယာ၊ အဖန်ဖန် သွန်သင်ခြင်းဖြင့်လည်းကောင်း။ သင်္ဂဟေတဗ္ဗာ၊ သိမ်းသွင်းထိုက်၏။ အနုဂ္ဂဟေတဗ္ဗော၊ ချီးမြှောက်ထိုက်၏။
ဤမှ နောက်၌ "သစေ ဥပဇ္ဈာယဿ ပတ္တော ဟောတိ" စသော ဝါကျတို့ဝယ် အနက် လွယ်ပြီ။ **"ပတ္တော၊ သည်။ ဥပ္ပဇ္ဇေထ နုခေါ၊ ဖြစ်ရာပါအံ့နည်း?။ ဝါ၊ ရရာပါအံ့နည်း?။"** ဟုပေး။ စာအုပ်တို့၌ "ဥပ္ပဇ္ဇိယေထ" ဟု တွေ့ရ၏။ ပဒဓာတ်ကအကမ္မကဖြစ်သောကြောင့်လည်းကောင်း, အကယ်၍ ကမ္မရုပ်ရှိစေကာမူ "ဥပ္ပဇ္ဇိယေထ" ဟု မပြီးနိုင်သောကြောင့် လည်းကောင်းဒိဝါဒိ ယပစ္စည်း, ကတ္တားဟော, သတ္တမီ ဧထဝိဘတ်ဖြင့် "ဥပ္ပဇ္ဇေထ" ဟုသာ ရှိပါစေ။ ဥပဇ္ဈာယဝတ္တကထာ၌ကား "စီဝရံဓောဝိယေထ ကရိယေထ" စသည်ဖြင့် သကမ္မက ဖြစ်သောကြောင့် ကမ္မရုပ်သာ ရှိခဲ့ရပါသည်။ ထို့နောက် သဒ္ဓိဝိဟာရိကတပည့် နေမကောင်းသောအခါ နံနက် စောစောထ၍ "ဒန်ပူပေးမှု, မျက်နှာသစ်ရေ ပေးမှု" စသော ဝတ်များကို ပြန်၍ ပြုရပုံကိုဟောတော်မူသည်။ (ဂိလာနဖြစ်သော သဒ္ဓိဝိဟာရိက ရွာသို့ ဝင်သောအခါ)
**"ဧတ္တာဝတာ၊ ဤမျှ အတိုင်းအရှည်ရှိသော အချိန်ဖြင့်။ နိဝတ္တိဿတိ၊ ပြန်နစ်လိမ့်မည်။ (ပြန်လာလိမ့်မည်။) ဣတိ၊ ဤသို့ စောင့်မျှော်၍။ အာသနံ ပညပေတဗ္ဗံ"** သာထူး၏။ [ပစ္ဆာသမဏ အဖြစ်ဖြင့်ကား သဒ္ဓိဝိဟာရိကနောက်သို့ မလိုက်ကောင်းပါ။]
"သစေ သဒ္ဓိဝိဟာရိကဿ အနဘိရတိ ဥပ္ပန္နာ ဟောတိ။ ဥပဇ္ဈာယေနဝူပကာသေတဗ္ဗော" စသော ဝတ်တို့ကား ဂိလာန ဟုတ်သည်ဖြစ်စေ, မဟုတ်သည်ဖြစ်စေ ကျင့်ရမည့် ဝတ်တို့တည်း။ ပေ။
ဧဝံ၊ သို့။ ဓောဝေယျာသိ၊ ဖွပ်လျှော်လော့။ ဣတိ၊ သို့။ အာစိက္ခိတဗ္ဗံ၊ ပြောပြရာ၏။ ပေ။ အာဂမေတဗ္ဗံ။ ဣတိ (အာမန္တေသိ)။