ဥဘတောဗျဉ္ဇနကော၊ ဥဘတောဗျည်းသည်။
(နှစ်ပါးစုံသောကံကြောင့် အင်္ဂါဇာတ် ရှိသူသည်။)
ပေ။
သော၊ ထို ဥဘတောဗျည်းသည်။
ကရောတိပိ၊ မိမိကလည်း မေထုန်မှုကို ပြု၏။
ကာရောပေတိပိ၊ သူတစ်ပါးကိုလည်း မေထုန်မှုကို ပြုစေ၏။
ပေ။
အမှာ။ ။ ပဏ္ဍကဝတ္ထုမှစ၍ ဤ ဝတ္ထုတိုင်အောင် ဝတ္ထုတို့၌ လာသော "ပဏ်- ထေ-ပက်- ဆန်, ပဉ္စာနံ, ဒူသံ- ဥဘောဗျည်း" ဟူသောတစ်ကျိပ်တစ်ယောက်သော ပုဂ္ဂိုလ်တို့၏ ရှင့် အဖြစ်, ရဟန်းအဖြစ်ကို "အနုပသမ္ပန္နော န ဥပသမ္ပာဒေတဗ္ဗော, ဥပသမ္ပန္နောနာသေတဗ္ဗော" ဟူသော စကားတော်ဖြင့် အကြွင်းမဲ့ တားမြစ်တော်မူအပ်၏၊ ဤ ပုဂ္ဂိုလ်တို့ကို "အဘဗ္ဗပုဂ္ဂိုလ်" ဟုလည်းကောင်း, "ဝဇ္ဇနီယပုဂ္ဂိုလ်" ဟုလည်းကောင်း ခေါ်၏။