Issues
Select Version
နိဿယ-2
မြန်မာဘာသာ
元亨寺·CBETA
中文
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

2. Ajapālakathā

Author: နိဿယ-2 @ IAPT

အထ ခေါ၊ ၌။ (ရတနဃရဝယ် သီတင်းသုံး‌တော်မူပြီးရာ ထိုအခါ၌။) ဘဂဝါ၊ သည်။ သတ္တာဟဿ၊ ခုနစ်ရက်၏။ အစ္စယေန၊ လွန်ရာအခါ၌။ တမှာသမာဓိမှာ၊ ထိုအရဟတ္တဖိုလ်သမာဓိမှ။ ဝုဋ္ဌဟိတွာ၊ ထတော်မူ၍။ ဗောဓိရုက္ခု မူလာ၊ ဗောဓိပင်၏ အနီးအောက်မှ။ ယေန၊ အကြင် အရပ်၌။ အဇပါလနိဂြောဓော၊ အဇပါလညောင်ပင်သည်။ (အတ္ထိ။) တေန၊ အဇပါလညောင်ပင်ရှိရာ ထိုအရပ်သို့။ ဥပသင်္ကမိဗောဓိရုက္ခမူလာ ၊ပေ၊ ဥပသင်္ကမိ။ ။ဤသို့ ပါဠိတော်၌ ဗောဓိပင်အောက်ဝယ် ခုနစ်ရက် သီတင်းသုံးတော်မူပြီးနောက် အဇပါလပညောင်ပင်အောက်သို့ကြွတော်မူပုံကို ပြထား၏၊ သို့ရာတွင် အဋ္ဌကထာဝယ် ဗောဓိရုက္ခမူလတ္တာဟ (ပလ္လင်္ကသတ္တာဟ) အပြီးမှာ အနိမိသတ္တာဟ,ရတနစင်္ကမသတ္တာဟ ရတနဃရသတ္တာဟတို့ကိုပြတော်မူထား၏၊ ထို့ကြောင့် "အထ ခေါ- ရတနဃရဝယ် သီတင်းသုံးတော်မူပြီးရာထိုအခါ၌" ဟုအနက်ပေးပါသည်၊ အနိမိသသတ္တာဟ စသည်တို့လည်း ဗောဓိပင်၏ အနီး၌ပင် ဖြစ်သောကြောင့် "ဗောဓိရုက္ခမူလာ ယေန အဇပါလနိဂြောဓောတေနုပသင်္ကမိ" ဟု ပါဠိတော်၌ မိန့်သည်ဟု မှတ်ပါ။ [အကျယ်ကို အဋ္ဌကထာ၌ကြည့်ပါ။] ၊ ကြွတော်မူပြီ။ ဥပသင်္ကမိတွာ၊ ၍။ ပေ။ နိသီဒိ၊ ပြီ။
အထ ခေါ၊ ထိုင်နေတော်မူရာ ထိုအခါ၌။ အညတရော၊ တစ်ယောက်သော။ ဟုံဟုင်္ကဇာတိကော၊ **ဟုံဟုံ** ဟု ပြုတတ်သူ၏သဖြစ်ဟူသော သဘောရှိသော။ (ဟေးဟေး, ဖယ်ပေး ဖယ်ပေးဟု ပြုတတ်သူ၏ အဖြစ်ဟူသော သဘောရှိသော။) ဗြာဟ္မဏော၊ ဗြာဟ္မဏာသည်။ ယေန၊ အကြင်အရပ်၌။ ဘဂဝါ(အတ္ထိ)။ တေန၊ မြတ်စွာဘုရား ရှိတော်မူရာ ထိုအရပ်သို့။ ဥပသင်္ကမိ၊ သွားပြီ။
ဥပသင်္ကမိတွာ၊ ၍။ ဘဂဝတာ၊ နှင့်။ သဒ္ဓိံ၊ အတူ။ သမ္မောဒိ၊ ခမနီယ စသည်သဘော မေးမြန်းပြောလျက် ရောနှောမိပြီ။
သမ္မောဒနီယံ၊ ဝမ်းမြောက်သင့် ဝမ်းမြောက်ထိုက်သော။ **တစ်နည်း**- သမ္မောဒနီယံ၊ ဝမ်းမြောက်ခြင်းကို ဖြစ်‌စေတတ်သော။ သာရဏီယံ၊ အဆက်မပြတ် ဖြစ်‌စေထိုက်သော။ (အနက်အဓိပ္ပာယ်နှင့် စကားသုံး ကောင်းလှသဖြင့် ထပ်ကာ ထပ်ကာ ပြောထိုက်သော။) **တစ်နည်း**- သာရဏီယံ၊ မပြတ် မပြတ် အမှတ်ရထိုက်သော။ (ပြောပြီးနောက်လည်း မပြတ် မပြတ် မကြာ မကြာ အမှတ်ရထိုက်သော။) ကထံ၊ စကားကို။ ဝီတိသာရေတွာ၊ ပြီးဆုံးစေ၍။ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်စွာ။ ဝါ၊ သင့်တင့်လျောက်ပတ် တစ်ခုသောအရပ်အဖို့၌။ အဋ္ဌာသိ၊ တည်ပြီ။ ["သမ္မောဒိ" စသော ပုဒ်တို့၏ အဖွင့်ကို ပါရာဇိကဏ်ဘာသာဋီကာ, ပထမအုပ်, ဝေရဉ္ဇကဏ္ဍ၌ ပြထားပြီ။]
ဧကမန္တံ၊ စွာ။ ဝါ၊ ၌။ ဌိတော၊ တည်ပြီးသော။ ဗြာဟ္မဏော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ၊ ဤစကားကို။ အဝေါစ၊ လျှောက်ပြီ။ (ကိံ၊ အဘယ်သို့ လျှောက်သနည်း?။)
**"ဘော ဂေါတမ၊ အရှင်ဂေါတမ။ ကိတ္တာဝတာ၊ အဘယ်မျှအတိုင်းအရှည်ရှိသော အကြောင်းဖြင့်။ ဗြာဟ္မဏော၊ ဗြာဟ္မဏသည်။ ဟောတိ နုခေါ၊ ဖြစ်ပါလိမ့်မည်နည်း?။"** (နူတိ သံသယတ္ထေ နိပေါတော၊- ဋီကာ။) ဗြာဟ္မဏကာရကာ၊ ဗြာဟ္မဏ၏အဖြစ်ကို ပြုတတ်ကုန်သော။ ဓမ္မာ၊ တရားတို့သည်။ ကတမေ ပန၊ အဘယ်တို့ပါနည်း?။ ဣတိ၊ ဤသို့ လျှောက်ပြီ။
အထ ခေါ၊ လျှောက်ရာ ထိုအခါ၌။ ဘဂဝါ။ ဧတမတ္ထံ၊ ဤ (ဗြာဟ္မဏ၊ ရဟန္တာဟူသော) အနက်အဓိပ္ပာယ်ကို။ ဝိဒိတွာ။ ပေ။ ဣမံ ဥဒါနံ၊ ကို။ ဥဒါနေသိ။ (ကိံ?)
ယော ဗြာဟ္မဏော။ ပေ။ ကုဟိဉ္စိ လောကေတိ၊ ယော ဗြာဟ္မဏော။ ပေ။ ကုဟိဉ္စိ လောကေဟူ၍။ (ဥဒါနေသိ။) ယော ဗြာဟ္မဏောအာကာရဝါကျ၌ အနက်ပေးပုံ။ ။ အာကာရဝါကျ၌ ကိံသဒ္ဒါ ထည့်၍အထက်ပါအတိုင်းလည်းကောင်း, "ဣမံ ဥဒါနံ- ကို၊ ဥဒါနေသိ- ပြီ၊ (ကိံ- နည်း?၊) ယော ဗြာဟ္မဏော- သည်၊ ဗာဟိတပါပဓမ္မော- ၏၊ ပေ၊ ဗြာဟ္မဏဝါဒံ- ကို၊ ဝဒေယျ- ရာ၏၊ ဣတိ- သို့၊ (ဥဒါနေသိ- ပြီ၊)" ဟုလည်းကောင်း ပေးနိုင်၏၊ ["ဣတိသဒ္ဒါ,အာကာရဇောတက, နောက်၌ ပြမူ, ဝါစကပုစ္ဆာ, ကိံသဒ္ဒါကို, ရှေ့မှာ စွက်၍,အနက် သမ္ဗန်မြဲ" -နိယံ။]
တစ်နည်း- တာယံ ဝေလာယံ- ၌၊ ယော ဗြာဟ္မဏော၊ ပေ၊ ကုဟိဉ္စိ လောကေတိ- ဟူ၍၊ ဝါ- ဟူသော၊ ဣမံ ဥဒါနံ- ကို၊ ဥဒါနေသိ- ပြီ၊ ဤသို့လည်း အာကာရဝါကျကိုအတွင်းသို့ သွင်း၍ ပေးနိုင်ပါသည်၊ နောက်နောက် အာကာရဝါကျတို့၌လည်း ဤနည်းချည်းတည်း။
၊ အကြင် ဗြာဟ္မဏသည်။ ဗာဟိတပါပဓမ္မော၊ မျှောအပ်ပြီးသော မကောင်းမှုအကျင့် ရှိ၏။ နိဟုံဟုင်္ကော၊ ဟုံဟုံဟု ‌ပြုတတ်သော မာန, ကောဓ မရှိ။ နိက္ကသာဝေါ၊ ရာဂ စသောကိလေသာဖန်ရည် မရှိ။ ယတတ္တော၊ ဘာဝနာကို အားထုတ်ကြောင်းဝီရိယနှင့်ယှဉ်သော စိတ်ရှိ၏။ **တစ်နည်း**- ယတတ္တော၊ စောင့်စည်းအပ်ပြီးသော စိတ်ရှိ၏။ ဝေဒန္တဂူ၊ မဂ်ဉာဏ်လေးပါးဖြင့် နိဗ္ဗာန်တည်းဟူသောအဆုံးသို့ ရောက်ပြီးဖြစ်၏။ **တစ်နည်း**- ဝေဒန္တဂူ၊ မဂ်ဉာဏ်လေးပါး၏အဆုံးဖြစ်သော အရဟတ္တဖိုလ်သို့ ရောက်ပြီး‌ဖြစ်၏။ ဝုသိတဗြဟ္မစရိယော၊ ကျင့်သုံးအပ်ပြီးသော မဂ္ဂဗြဟ္မစရိယရှိ၏။ ယဿ၊ အကြင်ဗြဟ္မဏ၏ (သန္တာန်၌။) ‌လောကေ၊ သတ္တလောက၌။ ကုဟိဉ္စိ၊ တစ်စုံတစ်ခုသော အာရုံ၌။ ဥဿဒါ၊ ထောင်လွှား‌တက်ကြွတတ်သောရာဂ စသော တရားတို့သည်။ နတ္ထိ၊ မရှိကုန်။ သော၊ ထို ဗြာဟ္မဏသည်။ ဓမ္မေန၊ တရားသဖြင့်။ ဗြာဟ္မဝါဒံ၊ ငါ ဗြာဟ္မဏဟူသော ဝါဒကို။ ဝဒေယျ၊ ပြောဆိုနိုင်ရာ၏။ (ဤဂါထာ၏ အဖွင့်ကို ဘာသာဋီကာ၌ပြထားပြီ။)