Issues
Select Version
元亨寺·CBETA
中文
နိဿယ-2
မြန်မာဘာသာ
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

57. Napabbājetabbadvattiṃsavāro

Author: နိဿယ-2 @ IAPT

ဟတ္ထစ္ဆိန္နံ၊ ပြတ်သော လက်ရှိသူကို။ ပဗ္ဗာဇေန္တိ၊ ရှင် ဖြစ်စေကြကုန်၏။ ပေ။ ပါဒစ္ဆိန္နံ၊ ပြတ်သော ခြေရှိသူကို။ ပေ။ ဟတ္ထပါဒစ္ဆိန္နံ၊ ပြတ်သော လက်, ခြေရှိသူကို။ ပေ။ [ကဏ္ဏ၊ နားရွက်။ နာသာ၊ နှာခေါင်း။ အင်္ဂုလိ၊ လက်ချောင်း။ အဠ၊ လက်မ, ခြေမ။ ကဏ္ဍရ၊ အကြာကြီး။] ဖဏဟတ္ထကံ၊ လက်ဖားပျဉ်း, ခြေဖားပျဉ်းရှိသူကို။ [လက်ချောင်း ခြေချောင်းကလေးများ အားလုံးဖြစ်စေ, နှစ်ချောင်းစသည် ဖြစ်စေ ပူးနေသူတည်း။] ပေ။ ခုဇ္ဇံ၊ ကောက်သူကို။ [ဝါမန၊ ပုကွသူ။ ဂလဂဏ္ဍိ၊ လည်ပင်း၌ မြင်းဖုရှိသူ။ လက္ခဏာဟတ စသည်ကို ရှေ့၌ရေးခဲ့ပြီ။] သီပဒိံ၊ ခြေဒရွက်ဆွဲသူကို။ [ယခုအခါ ဆင်ခြေထောက်ရောဂါမျိုးရှိသူတည်း။] ပါပရောဂိံ၊ ဆေးကုမရ ဆိုးဝါးလှသော ရောဂါရှိသူကို။ ပေ။ ပရိသဒူသကံ၊ အရုပ်ဆိုးလှ ပရိသဒူသကပုဂ္ဂိုလ်ကို။ ပေ။ ကဏံ၊ ပဝတ္တိအားဖြင့် ကန်းသူကို။ [ကုဏီ၊ လက်ခြေကောက်သူ။ ခဉ္ဇ၊ ခြေခွင်သူ။ ပက္ခဟတ၊ ပျက်စီးသော ကိုယ်တစ်ပိုင်းရှိသူ (ကိုယ်တစ်ပိုင်း သေသူ= သွက္ချာပါဒစွဲသူ)။ ဆိန္နိရိယာပထ၊ ပြတ်သော ဣရိယာပုထ်ရှိသူ။ (ခြေဆွံ့သူ။) ဇရာဒုဗ္ဗလ၊ ဇရာကြောင့် အားမရှိသူ။ အန္ဓ၊ ပဋိသန္ဓေအားဖြင့် ကန်းသူ။ မူဂ၊ စကားမပီမသ ထစ်အသူ။ ဗဓိရ၊ နားပင်းသူ။ အန္ဓမူဂ၊ ကန်းလည်း ကန်း, ထစ်အလည်း ထစ်အသူ။ အန္ဒဗဓိရ၊ ကန်းလည်းကန်း, နားလည်း ပင်းသူ။ ပေ။ [ဤပုဂ္ဂိုလ်တို့၏ ရှင့်အဖြစ်ကို တားမြစ်အပ်သောကြောင့် ရဟန်းအဖြစ်ကိုလည်း တားမြစ်ပြီးဖြစ်၏။ ရှင်, ရဟန်း ပြုပေးလျှင် ရှင်, ရဟန်း ဖြစ်သော်လည်း ဥပဇ္ဈာယ် စသူတို့မှာ အပြစ်ရှိသည်။]