ဒသမေ၊ ဒသမသုတ်၌။
ဒွေပိ၊ နှစ်ပါးလည်းဖြစ်ကုန်သော။
နယာ၊ နဝမသုတ်၌ ဟောအပ်သောနည်း,ဒသမသုတ်၌ ဟောအပ်သောနည်းတို့ကို။
ဧကတော၊ တကွနတ်။
ဘဂဝတာ၊ မြတ်စွာဘုရားသည်။
ဝုတ္တာ၊ ဟောတော်မူအပ်ကုန်၏။
ဣဒမေဝ၊ ဤသို့ နဝမသုတ်၌ ဟောတော်မူအပ်သောနည်း၏ ဒသမသုတ်တွင်ဟောတော်မူအပ်သောနည်းမှ အတွင်းဝင်သောအဖြစ်သည်သာလျှင်။
ပုရိမေန၊ ရှေးဖြစ်သော နဝမသုတ်နှင့်။
နာနတ္တံ၊ ဒသမသုတ်၏ ထူးသောအဖြစ်ကို။
ဝေဒိတဗ္ဗံ၊ သိအပ်၏။
သေသံ၊ ဆိုအပ်ပြီးမှကြွင်းသော အနက်သဘောသည်။
တာဒိသမေဝ၊ ထိုနဝမသုတ်၌ ဆိုအပ်ပြီးသော အနက်သဘောနှင့် တူသည်သာလျှင်တည်း။
ဣတိ၊ ဤသည်လျှင်အပြီးတည်း။
ဒသမံ၊ ဆယ်ခုမြောက်သုတ်သည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။
ပဉ္စမော၊ ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော။
ဂဟပတိဝဂ္ဂေါ၊ ဂဟပတိဝဂ်သည်။
နိဋ္ဌိတော၊ ပြီးခြင်းသို့ရောက်ပြီ။