လာဘသက္ကာရသံယုတ္တဿ၊ လာဘသက္ကာရသံယုတ်၏။
ပဌမေ၊ ပဌမသုတ်၌။
အတ္ထော၊ အနက်ကို။
ဧဝံ၊ ဤသို့ဆိုအပ်လတ္တံ့သောနည်းဖြင့်။
ဝေဒိတဗ္ဗော၊ သိအပ်၏။
**ဒါရုဏော**တိ၊ ဒါရုဏောဟူသည်ကား။
ထဒ္ဓေါ၊ ခက်ထန်၏။
**လာဘသက္ကာရသိလောကော**တိဧတ္ထ၊ လာဘသက္ကာရသိလောကောဟူသောဤပုဒ်၌။
လာဘောနာမ၊ လာဘ်မည်သည်ကား။
စတုပစ္စယလာဘော၊ ပစ္စည်းလေးပါးတို့ကို ရခြင်းတည်း။
**သက္ကာရော**တိ၊ သက္ကာရောဟူသည်ကား။
သုကတာနံ၊ ကောင်းစွာပြုအပ်ကုန်သော။
သုသင်္ခတာနံ၊ ကောင်းစွာပြုပြင်အပ်ကုန်သော။
တေသံယေဝ၊ ထိုပစ္စည်းလေးပါးတို့ကိုပင်လျှင်။
လာဘော၊ ရခြင်းတည်း။
**သိလောကော**တိ၊ သိလောကောဟူသည်ကား။
ဝဏ္ဏဃောသော၊ ကျေးဇူးသတင်းကိုချီးမွမ်းခြင်းတည်း။
**ကဋုကော**တိ၊ ကဋုကောဟူသည်ကား။
တိခိနော၊ ထက်၏။
**ဖရုသော**တိ၊ ဖရုသောဟူသည်ကား။
ခရော၊ ကြမ်းကြုတ်၏။
**အန္တရာယိကော**တိ၊ အန္တရာယိကောဟူသည်ကား။
အန္တရာယကရော၊ အန္တရာယ်ကိုပြုတတ်၏။
ပဌမံ၊ ပဌမသုတ်တည်း။