ပဉ္စမေ၊ ပဉ္စမသုတ်၌။
**မဟာပထဝိယာ**တိ၊ မဟာပထဝိယာဟူသည်ကား။
စက္ကဝါဠဗ္ဘန္တရာယ၊ စကြာဝဠာတော်၏ အတွင်း၌ တည်သော။
မဟာပထဝိယာ၊ မြေကြီးမှ။
ဥဒ္ဓရိတွာ၊ ထုတ်၍။
**ကောလဋ္ဌိမတ္တိယော**တိ၊ ကောလဋ္ဌိမတ္တိယောဟူသည်ကား။
ဗဒရဋ္ဌိပ္ပမာဏာ၊ ဇီးစေ့ခန့်မျှပမာဏရှိသော။
**ဂုဠိကာ**တိ၊ ဂုဠိကာဟူသည်ကား။
မတ္တိကဂုဠိကာ၊ မြေညက်ခဲတို့ကို။
**ဥပနိက္ခိပေယျာ**တိ၊ ဥပနိက္ခိပေယျဟူသည်ကား။
ဧကသ္မိံ ဌာနေ၊ တခုသောအရာ၌။
ဌပေယျ၊ ထားရာ၏။
ပဉ္စမံ၊ ပဉ္စမသုတ်တည်း။
ဆဋ္ဌာဒီသု၊ ဆဋ္ဌသုတ်အစရှိသည်တို့၌။
ဝုတ္တနယေနေဝ၊ ပဌမသုတ်အစရှိသည်တို့၌ ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင်။
အတ္ထော၊ အနက်ကို။
ဝေဒိတဗ္ဗော၊ သိအပ်၏။
ဆဋ္ဌာဒီနိ၊ ဆဋ္ဌသုတ်အစရှိသည်တို့တည်း။
ပန၊ ထူးသည်ကိုဆိုအံ့။
ပရိယောသာနေ၊ အဘိသမယ သံယုတ်၏အဆုံး၌။
**အညတိတ္ထိယသမဏဗြာဟ္မဏပရိဗ္ဗာဇကာနံ အဓိဂမော**တိ၊ အညတိတ္ထိယသမဏဗြာဟ္မဏပရိဗ္ဗာဇကာနံ အဓိဂမောဟူသည်ကား။
ဗာဟိရကာနံ၊ သာသနာတော်မှအပ ဖြစ်ကုန်သောတိတ္ထိတို့၏။
သဗ္ဗောပိ၊ အလုံးစုံလည်းဖြစ်သော။
ဂုဏာဓိဂမော၊ ရအပ်သော ဈာန်အဘိညာဉ်နှင့်တကွဖြစ်သောကျေးဇူးသည်။
ပဌမမဂ္ဂေန၊ ပဌမမဂ်ဖြင့်။
အဓိဂတဂုဏာနံ၊ ရအပ်သောကျေးဇူးတို့၏။
သတဘာဂမ္ပိ၊ တရာသောအဘို့သို့လည်းကောင်း။
သဟဿဘာဂမ္ပိ၊ တထောင်သောအဘို့သို့လည်းကောင်း။
သတသဟဿဘာဂမ္ပိ၊ တသိန်းသောအဘို့သို့လည်းကောင်း။
န ဥပဂစ္ဆတိ၊ မရောက်။
ဣတိ၊ ဤသည်လျှင်ဧကာဒသမသုတ်အဖွင့်အပြီးတည်း။
ဧကာဒသမံ၊ ဧကာဒသမသုတ်တည်း။
ပဌမံ၊ ရှေးဦးစွာသော။
အဘိသမယသံယုတ္တံ၊ အဘိသမယသံယုတ်တည်း။
အဘိသမယသံယုတ္တံ၊ အဘိသမယသံယုတ်သည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။