ဒုတိယေ၊ နှစ်ခုမြောက်သော။
သူစိလောမဝတ္ထုသ္မိံ၊ သူစိလောမပြိတ္တာဝတ္ထု၌။
**သူစကော**တိ၊ သူစကောဟူသည်ကား။
ပေသုညကာရကော၊ ဂုံးတိုက်ချောပစ်တတ်သောယောက်ျားတည်း။
သော၊ ထိုဂုံးတိုက်ချောပစ်တတ်သောယောက်ျားသည်။
မနုဿေ၊ လူတို့ကို။
အညမညဉ္စ၊ အချင်းချင်းလည်း။
ဘိန္ဒိ၊ ဖျက်၏။
ရာဇကုလေစ၊ မင်းမျိုးတို့ကိုလည်း။
ဣမဿ၊ ဤသူ၏။
ဣဒံနာမ၊ ဤမည်သောအမှုသည်။
အတ္ထိ၊ ရှိ၏။
ဣမိနာ၊ ဤသူသည်။
ဣဒံ နာမ၊ ဤမည်သောအမှုကို။
ကတံ၊ ပြုအပ်၏။
ဣတိ၊ ဤသို့။
သူစေတွာ သူစေတွာ၊ ဂုံးချော၍ ဂုံးချော၍။
အနယဗျသနံ၊ စီးပွါးမရှိသောပျက်စီးခြင်းသို့။
ပါပေသိ ကိရ၊ ရောက်စေသတတ်။
တသ္မာ၊ ထိုကြောင့်။
တေန၊ ထိုဂုံးချောစားသောယောက်ျားသည်။
သူစေတွာ၊ ဂုံးချော၍။
မနုဿာ၊ လူတို့သည်။
ဘိန္နာယထာ၊ ပျက်ကုန်သကဲ့သို့။
တထာ၊ ထိုအတူလည်းကောင်း။
သူစီဟိ၊ အပ်တို့သည်။
ဘေဒနဒုက္ခံ၊ ဖောက်ထွင်းသောဆင်းရဲကို။
ပစ္စနုဘောတုံ၊ ခံစားရခြင်းငှါ။
ကမ္မမေဝ၊ မကောင်းမှုကံကိုသာလျှင်။
နိမိတ္တံကတွာ၊ အာရုံပြု၍။
သူစိလောမပေတော၊ အပ်အတိအမွေးရှိသောပြိတ္တာသည်။
ဇာတော၊ ဖြစ်၏။
နဝမံ၊ နဝမသုတ်တည်း။