Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
译文
中文
Translation
language.en-US
Speech Text
English
(SN) Nidānavagga-aṭṭhakathā
(SN) Nidānavagga-aṭṭhakathā

3. Tiṃsamattasuttavaṇṇanā

Author: miuthi-မိုးထိ @ IAPT

တတိယေ၊ တတိယသုတ်၌။ **ပါဝေယျကာ**တိ၊ ပါဝေယျကာဟူသည်ကား။ ပါဝေယျဒေသဝါသိနော၊ ပါဝေယျအရပ်၌နေကုန်သော။ ဣမေဘိက္ခူ၊ ဤရဟန်းတို့သည်။
**သဗ္ဗေ အာရညိကာ**တိအာဒီသု၊ သဗ္ဗေ အာရညိကာဤသို့အစရှိသောပါဠိဝါကျတို့၌။ ဓုတင်္ဂသမာဒါနဝသေန၊ ဓုတင်ကိုဆောက်တည်ခြင်း၏ အစွမ်းဖြင့်။ တေသံ၊ ထိုပါဝေယျအရပ်၌ နေကုန်သောပဿေနဒီမင်းနှင့်တဘသားချင်းဖြစ်ကုန်သောမင်း ညီနောင်ရဟန်းသုံးကျိပ်တို့၏။ အာရညိကာဒိဘာဝေါ၊ အာရညိကအစရှိသည်၏အဖြစ်ကို။ ဝေဒိတဗ္ဗော၊ သိအပ်၏။
**သဗ္ဗေ သသံယောဇနာ**တိ၊ သဗ္ဗေ သသံယောဇနာဟူသည်ကား။ သဗ္ဗေ၊ အလုံးစုံသုံးကျိပ်ကုန်သော ရဟန်းတို့သည်။ သဗန္ဓနာ၊ သံယောဇဉ်ဟူသောအနှောင်အဖွဲ့ရှိကုန်၏။ ကေစိ၊ အချို့သောရဟန်းတို့သည်။ သောတာပန္နာ၊ သောတာပန် ဖြစ်ကုန်၏။ ကေစိ၊ အချို့သောရဟန်းတို့သည်။ သကဒါဂါမိနော၊ သကဒါဂါမ်ဖြစ်ကြကုန်၏။ ကေစိ၊ အချို့သောရဟန်းတို့သည်။ အနာဂါမိနော၊ အနာဂါမ်ဖြစ်ကုန်၏။
ဟိ၊ ဆိုသင့်စွ။ တေသု၊ ထိုတဘသားချင်းမင်းညီနောင်ရဟန်းသုံးကျိပ်တို့တွင်။ ပုထုဇ္ဇနောဝါ၊ ပုထုဇဉ်ရဟန်းဟူ၍ လည်းကောင်း။ ခီဏာသဝေါဝါ၊ အာသဝေါကုန်စင်သောရဟန်းဟူ၍လည်းကောင်း။ နတ္ထိ၊ မရှိ။
**ဂုန္နန္တိ**အာဒီသု၊ ဂုန္နံဤသို့အစရှိသော ပါဠိဝါကျတို့၌။ သေတကာဠာဒိဝဏ္ဏေသု၊ ဖြူသောအဆင်း မည်းသောအဆင်း စသည်အဆင်းရှိကုန်သောကာလတို့တွင်။ ဧကေကဝဏ္ဏကာလော၊ တပါးတပါးသော အဆင်းရှိသော ကာလကို။ ဂဟေတဗ္ဗော၊ ယူအပ်၏။
**ပါရိပန္ထကာ**တိ၊ ပါရိပန္ထကာဟူသည်ကား။ ပရိပန္ထေ၊ ခရီးလမ်း၌။ တိဋ္ဌနကာ၊ စောင့်သောအားဖြင့်တည်ကုန်သော။ ပန္ထဃာတစောရာ၊ ခရီးသွားတို့ကို လုယက်ဖျက်ဆီးတတ်သော ခိုးသူတို့တည်း။
**ပါရဒါရိကာ**တိ၊ ပါရဒါရိကာ ဟူသည်ကား။ ပရဒါရစာရိတ္တံ၊ သူတပါးတို့မယား၌ကျူးလွန်သော အကျင့်သို့။ အာပဇ္ဇနကာ၊ ရောက်ကုန်သောသူတို့တည်း။
တတိယံ၊ တတိယသုတ်တည်း။